ဗုဒ္ဓဝင် အမေးအဖြေများ

@lifeofbuddhaqanda


ဗုဒ္ဓဝင် အမေးအဖြေများ

27 Sep, 14:58


မာရ်စစ်သည် ဆယ်ပါး

၁။ ကာမ -
ကာမဂုဏ်ငါးပါး၌ တပ်နှစ်သက်မှု ရာဂ။

၂။ အရတိ -
ကောင်းမှု၌ မမွေ့လျော်ခြင်း။

၃။ ခုပ္ပိပါသ -
ဆာလောင်မွတ်သိပ်တတ်ခြင်း။

၄။ တဏှာ -
စားသောက်ဖွယ်ကို ရှာမှီးခြင်း တပ်နှစ်သက်ခြင်း။

၅။ ထိန မိဒ္ဓ -
စိတ် စေတသိက်တို့ ထိုင်းမှိုင်းခြင်း။

၆။ ဘီရု -
ကြောက်လန့်ခြင်း။

၇။ ဝိစိကိစ္ဆာ -
ရတနာသုံးပါး စသည်၌ ယုံမှားသံသယ ဖြစ်ခြင်း။

၈။ မက္ခ ထမ္ဘ -
ကျေးဇူးမဲ့ကို ပြုတတ်ခြင်း ခက်ထန်ခြင်း။

၉။ လာဘသက္ကာရ သိလောကမိစ္ဆာလဒ္ဓ -
မတရားသဖြင့် ရအပ်သောလာဘ် ကျော်စောမှု အပူဇော်ခံရမှုများ။

၁၀။ အတ္တုက္ကံသန ပရဝမ္ဘန -
ကိုယ့်ကိုယ်ကို မြှောက်ပင့်၍ သူတပါးကို နှိမ့်ချတတ်သော သဘောထား ယုတ်မာမှု။
.
မြတ်စွာဘုရားသည် မာရ်စစ်သည် ၁၀-ပါးကို အောင်တော်မူ၏။
(သုတ္တံနိပါတ်ပါဠိတော် မဟာဝဂ် ဝဓာနသုတ်)

2,837

subscribers

6

photos

2

videos