A Truth News သတင်းမှန်

@aatruthnews


စစ်ခွေးများကို နှာနုရိုက်၍
ဝါးစိမ်းကြောဖြင့် ငရဲပို့သည်

A Truth News သတင်းမှန်

21 Jan, 00:26


၂၀၂၄ အောက်တိုဘာလ ၂၂ ရက်

ပန်ဝါမြို့သိမ်းတိုက်ပွဲပြီးနောက် သိမ်းဆည်းရရှိခဲ့သော လက်နက်ကြီးငယ် ၅၀၀ကျော်နှင့်ခဲယမ်းများ၏ ဗီဒီယိုရုပ်သံဖိုင် နှင့် ၁၀၀၃ စစ်ခွေးကျွန် BGFနယ်ခြားစောင့်ဌာနချုပ် တပ်စခန်းကို သိမ်းဆည်းရရှိခဲ့သည့် ဗီဒီယိုရုပ်သံဖိုင်ကို ရှုစားနိုင်ပါသည်။
https://t.me/AATruthNews/13048?single

A Truth News သတင်းမှန်

21 Jan, 00:26


ယောဗျူဟာတပ်ရင်းအတွက် NUGမှ လက်နက်တပ်ဆင်ပေး

၂၀၂၄ အောက်တိုဘာလ ၂၂ရက်

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ယောဒေမှာ အမှတ် (၁၃၊ ၁၅၊ ၁၆၊ ၁၇၊ ၁၈) တပ်ရင်း ၅ ရင်းပါဝင်တဲ့ ဗျူဟာဖွဲ့စည်းခဲ့လေ့ကျင့်ခဲ့ကြပြီး ယောဗျူဟာတပ်ရင်းအတွက် လိုအပ်သော လက်နက်များကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ ၂၀၂၄ အောက်တိုဘာ ၂၀ ရက်နေ့တွင် တပ်ဆင်ပေးခဲ့ကြောင်း YRA (ထီးလင်း)၏ ထုတ်ပြန်ချက်အရ သိရသည်။

ယောဒေသ၊ ဂန့်ဂေါခရိုင်၊ ခရိုင်အမှတ် (၁၃၊ ၁၅၊ ၁၆၊ ၁၇၊ ၁၈) တပ်ရင်းတွေအနေနဲ့ ဒေသအတွင်း တော်လှန်ရေး အင်အားစုတွေ ပိုမိုကျစ်လစ်အားကောင်းလာစေဖို့ရည်ရွယ်ပြီး ၂၀၂၄ ခုနှစ် ဇူလိုင်လ ၂၄ ရက်နေ့မှစတင်၍ စုဖွဲ့လေ့ကျင့်မှုများ ဆောင်ရွက်ခဲ့ကြောင်း စက်တင်ဘာ ၂၂ ရက်နေ့၌ YRA မှ ထုတ်ပြန်ခဲ့သည်။

တပ်ရင်း (၅) ရင်း စုဖွဲ့လေ့ကျင့်နေစဥ်အတွင်း ဒေါက်တာတေဇာဆန်း အပါအဝင် NUG-MOD မှ တာဝန်ရှိသူများ လာရောက် စိတ်ခွန်အားပေးခဲ့ပြီး ရှေ့ဆက်ဆောင်ရွက်ကြရမည့်လုပ်ငန်းစဥ်များကိုလည်း ဆွေးနွေးခဲ့ကြသည်။

စုဖွဲ့လေ့ကျင့်မှု ဆောင်ရွက်နေစဉ်ကာလအတွင်း၌ ယောဗျူဟာတပ်ရင်းထံသို့ လက်နက်အပြည့်အစုံဖြင့် စစ်သား ၃ ဦးအလင်းဝင်ရောက်ခဲ့ကြောင်းလည်း သိရပါသည်။
https://t.me/AATruthNews/13046?single

A Truth News သတင်းမှန်

21 Jan, 00:26


ပဲခူးတိုင်း၊ ဝေါမြို့နယ်အတွင်းရှိ စစ်ခွေးစစ်ဆေးရေးဂိတ်ကို KNLA ၊ PDF ပူးပေါင်းတပ်များ ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်မှု စစ်ခွေးဘက်သား ၅ ကောင်*ဂိန်*ပြီး သေနတ် ၆ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရရှိ၊ စခန်းဦးစီးစစ်ခွေးအရာရှိ ထွက်ပြေးလွတ်မြောက်

ဝေါ၊ ၂၀၂၄ အောက်တိုဘာ ၂၂

ပဲခူးတိုင်း၊ ဝေါမြို့နယ်၊ ရှမ်းကိုင်းရွာ၊ ရေတံခါးဂိတ်ရှိ စစ်ခွေးနှင့်ပျူခွေးများ စောင့်ကြပ်နေသော ရွာအဝင်ဂိတ်ကို KNLAနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက၂၂-၁၀-၂၀၂၄ မနက်၄:၁၅အချိန်၌ သွားရောက်တိုက်ခိုက်စခန်းသိမ်းခဲ့ရာ စစ်ခွေး ၂ကောင်၊ ပျူခွေး ၃ကောင် စုစု ပေါင်း ၅ ကောင်*ဂိန်*ခဲ့ကြောင်း၊ ပျူခွေး ၂ကောင် စာအုပ်ရောင်းသွားကြောင်း၊ စခန်းဦးစီးစစ်ခွေးအရာရှိမှာ ထွက်ပြေးလွတ်မြောက်သွားကြောင်း သိရသည်။

အဆိုပါ စခန်းသိမ်းတိုက်ပွဲအတွင်း ပစ္စတို ၁လက်၊ G-3 ၄ လက်၊ အူဇီ ၁လက် နှင့် ခဲယမ်းများ သိမ်းဆည်းရရှိခဲ့သည်။ ၎င်းစစ်ခွေးဂိတ်မှာ မှောင်ခိုလမ်းကြောင်းများမှ ကုန်ပစ္စည်းသယ်ယူမှုများကို ဆက်ကြေးကောက်ခံနေသော ဂိတ် ဖြစ်ပြီး ပြည်သူများကို အကြီးအကျယ်ဒုက္ခပေးနေသော ဂိတ်ဖြစ်ကြောင်း၊ ပြည်သူများက တိုင်ကြားလာ၍ ဝင်ရောက်ရှင်းလင်းရခြင်းဖြစ်ကြောင်း သိရှိရသည်။
https://t.me/AATruthNews/13041

A Truth News သတင်းမှန်

21 Jan, 00:26


ရန်ကုန်တိုင်း၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ရန်ကုန် ပ.က.ဖ) တည်ထောင်ခြင်း ၃ နှစ်ပြည့် အခမ်းအနား ကျင်းပ

၂၀၂၄ အောက်တိုဘာလ ၂၂ ရက်

ရန်ကုန်တိုင်း၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဖွဲ့စည်းတည်ထောင်ခြင်း ၃ နှစ်ပြည့် အခမ်းအနားများကို ရန်ကုန်တိုင်း၊ ပ.က.ဖ လက်အောက်ရှိ တိုက်ခိုက်ရေးတပ်ဖွဲ့များနှင့် ခရိုင်အဖွဲ့များက ၂၀၂၄ အောက်တိုဘာလ ၂၀ ရက်နေ့၌ သက်ဆိုင်ရာနေရာအသီးသီးတွင် ကျင်းပခဲ့ကြကြောင်း သိရှိရပါသည်။
https://t.me/AATruthNews/13040?single

A Truth News သတင်းမှန်

21 Jan, 00:26


စစ်ခွေးကျွန် ဇခုန်တိမ့်ယိန်း၏ ကန်ပိုက်တီ မြန်မာ-စောက်တရုတ် နယ်စပ်ဂိတ် နှင့် မြို့ကို သိမ်းပိုက်ရရှိခဲ့ဟု သတင်းထွက် (သတင်းအတည်ပြုနိုင်ရန် စုံစမ်းဆဲ)

၂၀၂၄ အောက်တိုဘာလ ၂၂ ရက်

ကချင်ပြည်နယ်၊ စစ်ခွေးကျွန် ဇခုန်တိန့်ယိမ်း၏ အထူးဒေသ(၁)မှ မြေရှားသတ္တုများကို တရုတ်ပြည်ဘက်သို့ အဓိကခိုးထုတ်တင်ပို့နေသော ကန်ပိုက်တီ မြန်မာ-စောက်တရုတ် နယ်စပ်ဂိတ် နှင့် ကန်ပိုက်တီမြို့ကို KIA+KPDF မဟာမိတ်ပူးပေါင်းတပ်များမှ သိမ်းပိုက်ရရှိပြီဟု ကနဦးသတင်းရရှိပါသည်။
မြေပြင်သတင်းအတည်ပြုနိုင်ရန် ဆက်လက်စုံစမ်းဆဲဖြစ်ပါသည်။
https://t.me/AATruthNews/13030?single

A Truth News သတင်းမှန်

21 Jan, 00:24


တောင်ငူစစ်ခွေးလေတပ်အတွင်းသို့ ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်မှု လေခွေး ၄ ကောင်*ဂိန်*ပြီး အရာရှိ ၂ကောင်အပါအဝင် ၈ ကောင် စာအုပ်ရောင်း၊
စစ်ခွေးရဟတ်ယာဉ် ၁ စီးနှင့် Y12 လေယာဉ် ၁ စီး ပျက်စီး

တောင်ငူ၊ ၂၀၂၄ အောက်တိုဘာ ၂၁

ပဲခူးတိုင်း၊ တောင်ငူမြို့ရှိ အကြမ်းဖက်
စစ်ခွေးလေတပ်စခန်း အတွင်းသို့ ၁၀၇ မမ ရှော့တိုက်ဒုံး ၃ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ၂ လုံး ကို အောင်မြင်စွာ ပစ်ခတ်နိုင်ခဲ့ကြောင်း၊ ပစ်ခတ်လိုက်သော ရှော့တိုက်ဒုံး ၂ လုံးထဲမှ ၁လုံးသည် မော်တော်ယာဥ်ဂိုဒေါင်ပေါ်သို့ကျရောက်ပေါက်ကွဲပြီး နောက်တစ်လုံးမှာ လေယာဥ်သိုလှောင်ရုံပေါ်သို့ ကျရောက် ပေါက်ကွဲခဲ့ကြောင်း၊ လေခွေးအရာရှိ ၂ကောင် နှင့် အခြားအဆင့်စစ်ခွေး ၆ကောင် ဒဏ်ရာအပြင်းအထန်ရပြီး စာအုပ်ရောင်းသွားခဲ့ကြောင်း၊
အခြားအဆင့် စစ်ခွေး ၄ကောင် *ဂိန်* ခဲ့ကြောင်း သိရှိရပါသည်။

လေယာဉ်သိုလှောင်ရုံကို ရှော့တိုက်ဒုံး ထိမှန်သဖြင့် ရဟတ်ယာဥ် ၁ စီး၏ ဒလက်နှင့်မှန်ကွဲပြီး နောက်အမြီးပိုင်းမှာသုံးမရတော့လောက်အောင်ပျက်စီးခဲ့ကြောင်း၊ ဗုံးကြဲ Y-12 လေယာဉ် ၁ စင်းလည်း သုံးမရတော့လောက်အောင် ပျက်စီးသွားခဲ့ကြောင်း လေတပ်ဖရဲသီးထံမှ သိရှိရသည်။
https://t.me/AATruthNews/13017?single

A Truth News သတင်းမှန်

21 Jan, 00:24


မြန်မာပြည်သူများအတွက်
ဘာစေါက်သံမှ မထွက်ပေးရဲသော
ချီးထုပ်မ သဲသဲ(ပတ်တထွာ ဘျင်မ)
စင်ပေါ်မှ အဆင်း
လေပေါ်ဂိန် မုန့်ဟင်းခါးသတင်းများ
ကြားရပြီးနောက်
စစ်ဘောနင် ဆို့နင့်သွားပုံ...
အောင်မယ်လေး.. ကြက်သီး တဖြန်းဖြန်းထ ငါအော်ရယ် သေးထွက်
ဗက် ဟက် ဟက် 🤣🤣🤣🤣🤣🤣
https://t.me/AATruthNews/13015?single

A Truth News သတင်းမှန်

21 Jan, 00:24


သက်စွန့်စရိတ် ၅သောင်းလေး မက်ပြီး
ကိုယ့်သားသမီး စစ်ခွေးတပ်ထဲပို့တာ
*ဂိန်*သွားတာ..
နည်းတောင်‌ နည်းသေးတယ်
👏👏👏👏👏👏👏👏

https://t.me/AATruthNews/13013

A Truth News သတင်းမှန်

21 Jan, 00:24


လေထီးခုန်သင်တန်းမှာ ၁၂လ ကြာအောင်တက်ရတယ်။
တစ်ပတ်မှာ ၇ ရက်
တနင်္လာနေ့မှာ ကျောင်းအုပ်ကြီးမိန်းမ
ထမီ လျှော်ရတယ်။
အင်္ဂါနေ့ မှာ သင်တန်းမှူး အိမ်မှာ တောက်တိုမယ်ရလုပ်ရတယ်။
ဗုဒ္ဓဟူးနေ့ မှာ သင်တန်းတပ်ထောက်ဗိုလ်ကြီးမွေးထားတဲ့နွားတွေကို အစာကျွေးရတယ်။
ကြာတပတေးနေ့မှာ တပ်ရေးဗိုလ်ကြီးရဲ့
ဝက်ချီးကြုံးရတယ်။
သောကြာနေ့မှာ သင်တန်းအရာခံရဲ့ကြက်ခြံထဲမှာ ကြက်စာကျွေးရတယ်။
စနေနေ့မှာ သင်တန်းကျောင်းသန်းရှင်းရေးမြက်နုတ်မြောင်းဖော် အိမ်သာကျင်းတူး
စတာတွေလုပ်ရတယ်။
တနင်္ဂနွေနေ့မှာတောထဲဝင်ပြီး ထင်းခုတ်တာတွေလုပ်ရင်းနဲ့ သင်တန်းကာလ ၁၂ လပြီးလို့သင်တန်းဆင်းတယ်။
ဟော
အခု မအိမ်လုံး က အာဏာလုတော့
နေရာအနှံ့တိုက်ပွဲဖြစ်တယ်။
အရေးပါတဲ့လမ်းတွေကို PDFတွေနဲ့EROတွေထိန်းချုပ်ထားတော့
ကုန်းလမ်းကသွားလို့မရတော့ဘူး..
သွားရင် မှိုတွေနင်းမိလို့ ကားရောလူရော
ပြုတ်ပြုတ်ပြုန်းဖြစ်နေတော့
လေကြောင်းကနေ ပို့တယ်
ရဟတ်ယာဥ်နဲ့ပို့ရင် တပ်မမှူး ပါ မြွေဟောက်တွေက ကိုက်စားလို့
ရဟတ်ယာဥ်ရောလူရော ပြုတ်ကုန်တယ်။
အဲတော့
EROနဲ့PDFတွေ ပစ်ချလို့မရတဲ့ လေယာဥ်နဲ့ပို့ပြီး
လေထီးနဲ့ခုန်ဆင်းခိုင်းတယ်။
အဲဒီမှာ ၁၂လကြာအောင်တက်ခဲ့တဲ့သင်တန်းက
ပညာတွေကိုထုတ်သုံးရတော့တာပါပဲ။
သတ်မှတ် န နာရီရောက်တာနဲ့
ငလူးမသားတွေ အသင့်ပြင်ဆိုပြီး လေတပ်အရာခံဗိုလ်ဆဲဆိုပြီး
အသင့်ပြင်ခိုင်းတယ်။
မင်းတို့ကိုလေထီးခုန်သင်တန်း
၁၂လကြာအောင်
သင်ပေးထားတယ်။
အဲပညာတွေအခုအသုံးချပြီးခုန်ချရမယ်။
တိတ်၊ နှိတ်၊ သုံး၊ ဆိုပြီး တင်ပါးကိုဆောင့်ကန်ချလိုက်တယ်။
အဲဒီမှာသင်တန်းကသင်ပေးလိုက်တဲ့
ပညာတွေကိုထုတ်သုံးတော့တာပါပဲ။
၁။သင်တန်းကျောင်းအုပ်ကြီးမိန်းမ ထမီလျှော်နည်း
၂။သင်တန်းမှူးအိမ်မှာ တောက်တိုမယ်ရလုပ်ခဲ့တာတွေ
၃။တပ်ထောက်ဗိုလ်ကြီးနွားတွေ အစားကျွေးရပုံ
၄။တပ်ရေးဗိုလ်ကြီး ဝက်ချီးတွေကြုံးရပုံ
၅။သင်တန်းအရာခံဗိုလ်ကြက်တွေကိုအစားကျွေးရပုံ
တွေကိုလေပေါ်မှာပြန်းစဥ်းစားရင်းနဲ့
လေထီးဘယ်လိုဖွင့်ရလဲဆိုတာဒီကောင်တွေမသိတော့ဘူး။
အဲဒါကြောင့်
မြဝတီနယ်မြေကိုလေယာဥ်နဲ့ပို့လိုက်တဲ့ကောင်တွေ
လေပေါ်ကနေခုန်ဆင်းတာ
တစ်ခါထဲအသက်ပါမကျန်တော့ဘူး
တစ်ခါထဲပြီးသွားတယ်။
ဟာသ ပြောနေတာမဟုတ်ဘူး
တကယ်လက်တွေ့ ပါ။

မင်းသူရ

#KyimyindaingNetworks
https://t.me/AATruthNews/13011

A Truth News သတင်းမှန်

21 Jan, 00:24


https://t.me/AATruthNews/13012

A Truth News သတင်းမှန်

21 Jan, 00:23


အာဏာသိမ်းချိန်မှသည်
အောက်ခြေစစ်ခွေးသေကောင်များ၏
ပါးစပ်ထဲမှ တစ်မတ်နှိုက်ဘဝဆီသို့..
ပုံ
*စိမ်းပိန်းဘောစုပ်*

https://t.me/AATruthNews/13010?single

A Truth News သတင်းမှန်

21 Jan, 00:23


*ဒေဝေါကြီးလာပြီ..
ဒေဝေါကြီးလာပြီ..*
* * * * * * * * * * * *
အောင်ပွဲခံ ယာဉ်တန်းကြောင့်
စစ်ခွေးများ တပ်စခန်း ၂ ခု စွန့်ပြေး

မြဝတီ၊ ၂၀၂၄ အောက်တိုဘာ ၂၀ရက်

ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် ဘလယ်ဒိုကျေးရွာမှာတပ်စွဲထားတဲ့
စစ်ခွေး ကာကင်းစန်း ၂ ခုဟာ ၂၀၂၄ အောက်တိုဘာ ၁၉ ရက်နေ့ညက ရုတ်တရက် စွန့်ခွာထွက်ပြေးသွားတဲ့ အတွက် အဲဒီတပ်စခန်း ၂ ခုကို တော်လှန်ရေးတပ်များမှ အလွယ်တကူသိမ်းပိုက်နိုင်ခဲ့သည်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နဲ့ ပြည်သူ့ကာကွယ်ရေးတပ် ပူးပေါင်းတပ်ဖွဲ့တွေ ဟာ လေ့ကေ့ကော် အနီးက အမြောက်ကုန်း (စွယ်တော်ကုန်း) သိမ်းပိုက်နိုင်ခဲ့တဲ့အတွက် အောင်ပွဲခံပြီး ပြန်လာချိန်မှာ သေဘောဘိုးစခန်းရဲ့ ကာကင်း ၂ ခုက စစ်ခွေးများ ရုတ်တရက်ထွက်ပြေးသွားကြတာလို့ မြေပြင်တပ်ဖွဲ့ဝင်များထံမှ သိရသည်။

မြေပြင်ရဲဘော်တဦးက "ကျနော်တို့က စွယ်တော်ကုန်းရလို့ ယာဉ်တန်းနဲ့ အောင်ပွဲခံပြီး ပြန်လာတာကို သူတို့နားရောက်တော့ ဘယ်လိုထင်ပြီး ပြေးကြတာလဲ မသိဘူး။ သေနတ် တစ်ချက်မှမဖောက်လိုက်ရဘဲ ကျနော်တို့ သိမ်းနိုင်ခဲ့တာ။ အခုတော့ အဲ့ဒီစခန်းတွေ ကျွန်တော်တို့လက်အောက်မှာပါ"ဟု ပြောကြားခဲ့သည်။
https://t.me/AATruthNews/13008?single

A Truth News သတင်းမှန်

21 Jan, 00:23


ဘုတလင်၊ စီပါကျေးရွာမှ အပြစ်မဲ့ပြည်သူ ၆ ဦးကို စစ်ခွေးများက ရက်ရက်စက်စက်သတ်ဖြတ်၊ ခေါင်းနှင့်ခြေလက်များ ဖြတ်ပြီး ခြံစည်းရိုးတွင် ချိတ်ခြင်း၊ မီးရှို့သတ်ခြင်း၊ လူခန္ဓာကိုယ်မှ အူနှင့်ကလီစာများထုတ်ပြီး အရိုးကျန်သည်အထိ အသားများ ခြစ်ထုတ် ခြင်းများဖြင့် ရက်စက်စွာသတ်ဖြတ်

ဘုတလင်၊ ၂၀၂၄ အောက်တိုဘာ ၂၀ ရက်

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ စီပါကျေးရွာကို ၂၀၂၄ အောက်တိုဘာလ ၁၇ ရက်နေ့၌ စစ်ခွေးတပ်က ဝင်ရာက်စီးနင်းခဲ့ကာ ရွာကို မီးရှို့ခဲ့ပြီး အိမ်ခြေ ၅၀၀ ကျော်ရှိသော ကျေးရွာတွင် အိမ်ခြေ ၃၀၀ ကျော် ပြာကျသွားကြောင်း၊ ၂၀၂၄ အောက်တိုဘာလ ၁၉ ရက်နေ့တွင် ညနေပိုင်း စစ်ကြောင်း ပြန်လည် ထွက်ခွာသွားပြီးနောက် အလွန်ရက်စက်စွာ သတ်ဖြတ်ထားသော ပြည်သူ ၆ ဦး၏ အလောင်းများကို တွေ့ရှိရကြောင်း သတင်းရရှိသည်။

"စစ်တပ်က ပြည်သူ ၆ ဦးကို ရက်ရက်စက်စက်သတ်ဖြတ်ထားခဲ့တယ်။ ဦးခေါင်းတွေကို ဖြတ်ပြီး ခြံစည်းရိုးပေါ်ကို တင်ထားခဲ့တယ်။ ရွာကိုလည်း မီးရှို့တာ အိမ်ခြေ ၃၀၀ ကျော်လောက် မီးလောင်ဆုံးရှုံတယ်။ သေဆုံးသူတွေက စီပါရွာမှာနေထိုင်တဲ့ သက်ကြီးရွယ်အိုအမျိုးသား တွေပါ။ ကျန်တဲ့အသတ်ခံရသူတချို့ကတော့ ဘယ်က ဖမ်းခေါ်လာပြီး သတ်တာလဲအတိကျ ပြောလို့မရသေးဘူး။ ရုပ်အလောင်းတွေကလည်း ပုတ်ပွနေတယ်" ဟု စီပါကျေးရွာမှရွာခံတစ်ဦးမှ ပြောကြားခဲ့၏သည်။

စစ်ခွေးများက ပြည်သူများကို သတ်ဖြတ်ရာတွင် ခေါင်းနှင့်ခြေလက်များ ဖြတ်ပြီး ခြံ စည်းရိုးတွင် ချိတ်ခြင်း၊ မီးရှို့သတ်ခြင်း၊ လူခန္ဓာကိုယ်မှ အူနှင့်ကလီစာများထုတ်ပြီး အရိုးကျန်သည်အထိ အသားများ ခြစ်ထုတ် သတ်ဖြတ်ခြင်း၊ လူ၏ အူနှင့် ကလီစာများကို ရွာနေရာအနှံ့တွင် စွန့်ပစ်ခဲ့ခြင်းများ လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

"အသတ်ခံရသူတွေက သာမန်အရပ်သားတွေပါ။ စီပါကျေးရွာက ဦး‌တင်လှိုင် ၊ ဦးကြောင်ပို ၊ ဦးရာစိန်၊ ဦးဌေးလွင် နဲ့ ကျန် ၂ ဦး နာမည် မသိရသေးဘူး။ စိစစ်နေပါတယ်။ စုစုပေါင်း ပြည်သူ ၆ ဦးကို ရက်ရက်စက်စက် သတ်ဖြတ်သွားတာပါ" ဟု စီပါကျေးရွာပကဖ တာဝန်ခံ ကိုမိုးသောက်ကရှင်းပြသည်။

စီပါကျေးရွာကို မီးတင်ရှို့ပြီး ပြည်သူများကို သတ်ဖြတ်ခဲ့သော စစ်ခွေးစစ်ကြောင်းမှာ မုံရွာအခြေစိုက် အနောက်မြောက်တိုင်းစစ်ခွေးဌာနချုပ်မှ စစ်ကြောင်းထိုးလာသော စစ်ကြောင်းဖြစ်ကြောင်း ၊ ထိုစစ်တပ်စစ်ကြောင်းက ဘုတလင်မြို့နယ်မှ ကျေးရွာများကို မီးရှို့ဖျက်ဆီးပြီး အရပ်သားပြည်သူ ၂၀ ဦးထက်မနည်းကိုသတ်ဖြတ်ခဲ့ကာ ဓားစားခံပြည်သူ ၁၀၀ ဦး၀န်းကျင်ကို ဖမ်းဆီးသွားခဲ့ကြောင်း သိရှိရသည်။
https://t.me/AATruthNews/13003?single

A Truth News သတင်းမှန်

21 Jan, 00:23


https://t.me/AATruthNews/13004