၂၃။ဘိက္ခုနုပဿယသိက္ခာပုဒ်
ဆဗ္ဗဂီရဟန်းများ
ဆဗ္ဗဂ္ဂီရဟန်းတို့သည် ဘိက္ခုနီတို့၏ ကျောင်းသို့သွား၍ ဆဗ္ဗဂ္ဂီရဟန်းမတို့အား ဩဝါဒပေးကြလေ၏၊ အခြား ရဟန်းမတို့သည် ထိုဆဗ္ဗဂ္ဂီရဟန်းမတို့အား “ဩဝါဒခံယူဘို့ရန် သွားကြစို့”ဟု ခေါ်လာသောအခါ ကိုယ်တော်များက မိမိတို့ထံလာ၍ ဩဝါဒ ပေးကြသောကြောင့် မိမိတို့လိုက်ဘို့ မလိုကြောင်းကို ပြောကြလေသည်၊ ထိုဘိက္ခုနီတို့သည် ဆဗ္ဗဂ္ဂီရဟန်းတို့ကို “ဘိက္ခုနီကျောင်းသို့ လာ၍ ဩဝါဒ ပေးရမလား”ဟု ကဲ့ရဲ့ကြပြီးလျှင် ရဟန်းယောက်ျားတို့အား လေသည်၊ ထို့ကြောင့် ဘုရားရှင်သိတော်မူရကား “ယော ပန ဘိက္ခု ဘိက္ခုနုပဿယံ ဥပသင်္ကမိတွာ ဘိက္ခုနိယော ဩဝဒေယျ, ပါစိတ္တိယံ။”ဟု မူလပညတ်ကို ပညတ်တော်မူရလေသည်။
အနုပညတ်ထပ်တော်မူရပုံ
ထိုကဲ့သို့ ပညတ်တော်မူပြီးနောက် မိထွေးတော်ဂေါတမီ မကျန်းမမာ ဖြစ်နေရာသို့ ထေရ်ကြီးတို့သည် ဂိလာန အမေးလာကြစဉ်, မိထွေးတော်က တရားဟောဘို့ရန် တောင်းပန်သောအခါ “ဘိက္ခုနီကျောင်းသို့လာ၍ တရားမဟောကောင်း” ဟု အမိန့်ရှိ၍ တရားမဟောဘဲ နေကြလေသည်၊ ထို့နောက် ဘုရားရှင်ကြွလာတော်မူသောအခါ “ရှေးတုန်းက တရားနာရလို့ နေသာထိုင်သာရှိတဲ့ အကြောင်း, ယခု တရားမနာရသဖြင့် မချမ်းသာကြောင်း”လျှောက်သောကြောင့် “အညတြ သမယာ... တတ္ထာယံ သမယော, ဂိလာနာ ဟောတိ ဘိက္ခုနီ, အယံ တတ္ထ သမယော။”ဟု ဖြည့်စွက်၍ အနုပညတ်ထပ်တော်မူရလေသည်။
သိက္ခာပုဒ်
အကြင်ရဟန်းသည် သွား၍ ဆုံးမသင့်ရာ အခါ မဟုတ်ဘဲ ဘိက္ခုနီကျောင်းသို့ သွား၍ ဘိက္ခုနီတို့ကိုဆုံးမအံ့၊ ပါစိတ် အာပတ်သင့်၏၊ သွား၍ ဆုံးမသင့်ရာ အခါကား ဘိက္ခုနီ မကျန်းမမာ ဖြစ်နေသောအခါတည်း။
နာမကျန်းဖြစ်နေသော ဘိက္ခူဏီမကျောင်းသို့ရောက်သောအခါ ထိုဘိက္ခူဏီမကတရားတောင်းလျှင် ဟောပြောရမည်။မဟောပြောဘဲရှောင်ဖယ်မသွားရ။ရှောင်ဖယ်ထွက်သွားလျှင် သုဒ္ဓပါစိတ် အာပါတ်သင့်စေသည်ဟု ပညတ်တော်မူသည်။