စာ လွှာ

@sarhlwar


ချစ်ရပါသော....ထံသို့

စာ လွှာ

16 Oct, 09:18


Google Map ကနေ
Location လေး share ပေးပါလား?

မင်းရဲ့ အပြုံးအောက်မှာ
လမ်းပျောက်နေလို့...

#ဏီရို

စာ လွှာ

10 Oct, 10:48


တိုက်ဆိုင်မှုရှိလို့ တင်လိုက်ပါတယ်...
မူရင်းဖန်တီးသူအား လေးစားစွာ Credit ပေးပါတယ်...

စာ လွှာ

08 Oct, 17:08


ပြောခွင့် ဆိုခွင့်
မရပေမယ့်
account လေး
online ဖြစ်တာကို
မြင်နေရတာက
ကျေနပ်စရာ ဘဝ...

#ဏီရို

စာ လွှာ

08 Oct, 16:46


ကိုယ်လေ...
ဒီအတိုင်းလေး
တိတ်ဆိတ်နေပေးလိုက်တော့မယ်

လိုသည်ဖြစ်ဖြစ်
မလိုသည်ဖြစ်ဖြစ်
ဂရုစိုက်ခဲ့တယ်။

သိသည်ဖြစ်စေ
မသိသည်ဖြစ်စေ
တကယ် ချစ်ခဲ့ပါတယ်။

ဉပေက္ခာပြုခဲ့ရင်တောင်
ချစ်နေဆဲပါပဲ...

#ဏီရို

စာ လွှာ

29 Sep, 16:35


ဂရုစိုက်တယ်ဆိုတာ
ကိုယ်က ပြန်ပြီး
ဂရုစိုက်ခံချင်လို့မဟုတ်ဘူး...

ကိုယ့်အတွက်၊
ဘဝအတွက် အရေးကြီးတဲ့သူ
မရှိမဖြစ်လို့ သတ်မှတ်ထားတဲ့သူ
ဂရုစိုက်ဖို့ လိုတဲ့သူဖြစ်နေလို့
ဒီအတိုင်းလေး
စိုးရိမ်ပေးဖြစ်တယ်
တတ်နိုင်တာတွေ
ဖြည့်ဆည်းပေးဖြစ်တယ်
ဂရုစိုက်ပေးဖြစ်တယ်...
ဒါကလဲ
ချစ်ခြင်းမေတ္တာ တမျိုးပဲမဟုတ်လား?

#ဏီရို

စာ လွှာ

29 Sep, 12:11


တို့နှစ်ယောက်
နေ့တိုင်းနီးပါး
မြင်တွေ့နေရပေမယ့်
တစ်ဘဝလုံး အတူရှိခွင့်ကျတော့
............။

#ဏီရို

စာ လွှာ

28 Sep, 07:46


ဒီအတိုင်းလေးပဲ ကောင်းပါတယ်
အချိန်မရွေး စကားပြောလို့ရမယ်
ဆုံးရှုံးရတာတို့
ပိုင်ဆိုင်ရတာတို့
ဘာမှ မရှိတော့ဘူး
ဒီအတိုင်းလေးပဲ ကောင်းပါတယ်
တစ်သက်လုံး ပက်သက်နေလို့ရတယ်လေ။


-လင်းမာအို

စာ လွှာ

26 Sep, 16:19


ကိုယ် နေထိုင်ခွင့်
ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ

အဲဒီကမ္ဘာလေး...
အေးချမ်းပါစေ
လန်းဆန်းပါစေ
ဘေးကင်းပါစေ
ကျန်းမာပါစေ...။

#ဏီရို

စာ လွှာ

04 Sep, 04:19


ဘယ်ဖက်နဲ့ပဲဖြစ်ဖြစ်

ဘယ်နေရာမှာပဲ ဖြစ်ဖြစ်

ဘယ်လိုကြောင့်ပဲ ဖြစ်ဖြစ်

ဘာအတွက်ကြောင့်ပဲ ဖြစ်ဖြစ်

"စစ်" ဆိုတာ "အချစ်" မဟုတ်

"အချစ်" က စစ် မှ ကောင်းပေမယ့်
"စစ်" ကတော့ မဖြစ်လေ ကောင်းလေ...

"အချစ်" ကို မတားပါနဲ့
"စစ်" ကို တားပါ

"အချစ်"က ပန်းတွေကို ဖူးပွင့်စေပေမယ့်
"စစ်" က ပွင့်ပြီးသားပန်းတွေကို
လွင့်ကြွေ ခြောက်သွေ့ ပျက်စီးစေတယ်...။

#ဏီရို

စာ လွှာ

24 Aug, 08:12


အရင်တုန်းကတော့
ချစ်ရင်
ပိုင်ဆိုင်ဖို့ ကြိုးစားရမှာပေါ့လို့ပဲ
တချိန်လုံး တွေးခဲ့တာ ။

သတိရရင်
မဖြစ်မနေ ဆက်သွယ်ရမှာပေါ့လို့ပဲ
တစိုက်မတ်မတ် တွေးနေခဲ့တာ ။

မဟုတ်ဘူးဗျ ...

တစ်ခါတစ်လေကျတော့
ကိုယ်ဘယ်လောက်ပဲချစ်ချစ်
ကိုယ်ချစ်နေတာကို
သူမလိုချင်တော့တဲ့အခါ

ကိုယ့်အနားမှာ
သူမပျော်တော့တဲ့အခါ
စွန့်လွှတ်ပေးခဲ့ခြင်းတွေကလဲ
အချစ်ပါပဲ ...

မင်းပျော်ပါစေဆိုတဲ့အတွေးနဲ့
လက်လွှတ်ပေးခဲ့ခြင်းတွေကလဲ
အချစ်ပါပဲ ...

သေလောက်အောင်
လွမ်းနေပါစေ ...
ကိုယ်ဆက်တဲ့ ဖုန်းတွေက
အနှောင့်အယှက်ဖြစ်စေတဲ့အခါ
ကိုယ်ပို့တဲ့စာတွေက
အပျင်းပြေဖတ်ဖို့တောင်
အရေးပါမနေတဲ့အခါ

ဆက်သွယ်ဖို့မကြိုးစားတာကလဲ
အချစ်ပါပဲ ။

#ကျေးကို

စာ လွှာ

21 Aug, 15:10


အချစ်ရေ
ဘဝကို ခံနိုင်ရည်ရှိရှိနဲ့
ဖြတ်သန်း‌နေပါ တယ်...

မင်း စကားမပြော
အဖက်မလုပ်တာထက်

စိတ်တို၊ ဒေါသထွက်
ရန်လုပ်တာ လေးပဲ
ပိုခံနိုင်ရည်ရှိပါတယ်...

စာ လွှာ

21 Aug, 14:59


နေနိုင်အောင် နေဖို့ထက်
နေတတ်သလိုပဲ နေပါတယ်
မင်း မရှိပဲ မနေတတ်တာတော့
ဘယ်တတ်နိုင်မလဲ အချစ်ရယ်...

3,969

subscribers

144

photos

5

videos