Dernières publications de တိုက်ပွဲသတင်း (@warnewsmyanmar) sur Telegram

Publications du canal တိုက်ပွဲသတင်း

တိုက်ပွဲသတင်း
တိုက်ပွဲသတင်းများ အချိန်နဲ့တပြေးညီသိရှိစေရန်
3,949 abonnés
1,352 photos
167 vidéos
Dernière mise à jour 11.03.2025 17:05

Le dernier contenu partagé par တိုက်ပွဲသတင်း sur Telegram

တိုက်ပွဲသတင်း

18 Jan, 14:19

684

ယနေ့ ညလေနတ်သားတို့အလုပ်များမည်

* ရခိုင်
* စစ်ကိုင်း
* ကချင်
* ရှမ်းမြောက်
* ချင်း

နေရာအနှံ့ဗုံးကြဲမည်။
-
ကြဲရန်ရာခိုင်နှုန်း ၉၅% ဖြစ်ပါသည်
တိုက်ပွဲသတင်း

18 Jan, 04:50

852

Breaking News
——————————
နစက နဲ့
MNDAA တွေ့ဆုံမှု အပြီး တပ်မတော်သားစစ်သုံ့ပန်း ၂၀၀၀ ကျော်ကို အသုတ်လိုက်ပြန်လွှတ်ပေးမည်ဟု သဘောတူညီမှုရ

ဇန်နဝါရီလ ၁၈ ရက်

ကိုးကန့် အဖွဲ့ကိုယ်စားလှယ်တွေနဲ့ နစက ကိုယ်စားလှယ်တွေ တရုတ်နိုင်ငံ ကူမင်းမြို့မှာတွေ့ဆုံနေတဲ့ ဆွေးနွေးပွဲမှာ တပ်မတော်သား စစ်သုံ့ပန်း တွေကို အသုတ်လိုက် ခွဲပြီး ပြန်လွှတ်ပေးဖို့ MNDAA ဘက်က သဘောတူလိုက်တယ်လို့ ဆွေးနွေးပွဲနဲ့ နီးစပ်တဲ့ သတင်းရပ်ကွက်က ပြောပါတယ်။

ဒါပေမဲ့လည်း MNDAA ထိန်းချုပ်ထားတဲ့ နယ်မြေတွေကို နစက ထံ ပြန်ပေးဖို့ကိစ္စနဲ့ အခွန်ကိစ္စတွေမှာ သဘောတူညီချက်မရဘဲ ရလဒ်တစုံတရာ မထွက်ဘူးလို့လည်း ပြောပါတယ်။

https://t.me/sitmingyi/10321
တိုက်ပွဲသတင်း

18 Jan, 03:40

892

မြန်မာ့လူဦးရေ ကျဆင်းလျက်ရှိပြီး ၅၁ သန်းကျော်ခန့်ပဲ ရှိတော့တယ်လို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၂၀၂၄ သန်းခေါင်စာရင်းကို ကိုးကားပြီး မနေ့ကပြောပါတယ်။

၂၀၂၂ ခုနှစ်မှာ နိုင်ငံရဲ့ လူဦးရေ ၅၅ ဒသမ ၈ သန်းရှိတယ်လို့ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနက ထုတ်ပြန်ခဲ့တာကြောင့် ၂ နှစ်အတွင်း လူဦးရေ ၄ သန်းဝန်းကျင် ကျဆင်းသွားတာဖြစ်ပါတယ်။
တိုက်ပွဲသတင်း

17 Jan, 14:57

927

နှမြောလိုက်တာ 😔
သန့်ရှင်းသပ်ရပ်လှပအောင် အချိန်ကုန် ငွေကုန်ခံပြီး လုပ်ပေးခဲ့သူတွေနဲ့ Artist တွေရဲ့ အားထုတ်မှုတွေကို အရမ်းနှမြောမိတယ် 😞
တိုက်ပွဲသတင်း

17 Jan, 14:55

911

နဲနဲလောက်လျှာရှည်ကြည့်အူးမယ်

-ပြည်သူ့စစ်မှု့ထမ်း ကိစ္စပေါ့ဗျာ
အာစရိတို့က ရှောင်လွှဲလို့ရမဲ့ နည်းနာတွေချည်းမထုတ်ပဲ လူငယ်တွေ ပျော်ပျော်ပါးပါး စစ်ပညာသင်ယူပါစေလား (မဆလ ခေတ်က တေဇလူငယ် လမ်းစဉ်လူငယ် လိုပေါ့)

-နောက်တခုဗျာ တစ်လတစ်ခါအပါတ်စဉ် တစ်ခုခြင်းစီမှာ ၁၀၀၀ ခေါ်မဲ့အစား ၆ လလောက်ခြားပြီး ၁၀၀၀၀ လောက်မဲနှိုက်ခေါ်ကြရင်ရော မရဘူးလား

-ပြီးတော့ တပ်ဝင်စာချုပ်ချုပ်တဲ့အချိန်မှာ ၂ နှစ်နဲ့ထွက်လိုက ထွက်လို့ရတယ်….၅ နှစ်အပြည့် တာဝန်ထမ်းဆောင်ရင် ဌာနဆိုင်ရာမှာဖြစ်ဖြစ် တပ်မတော် ကပစ လို လက်ရုန်းတပ်တွေမှာဖြစ်ဖြစ်အစားထိုးခန့်အပ် မယ်ဆိုပြီးနေရာပေးလ်ုက်ပေါ့ဗျာ

-/

အခုက အုပ်ကြီးတွေ လက်သန်းလုံးကြီးလောက်ဖြစ်သွားပြီနော်

ရွှေဆွဲကြိုး

ကိုချစ် ( MDY)
တိုက်ပွဲသတင်း

17 Jan, 14:45

871

ဒီ ခေါက်ဆွဲဆိုင်လေး မန်းလေးမှာ နာမည်ကြီးနေတယ် ဆိုလို့ သွားစားကြည့်လိုက်တာ

မူဆယ်မြို့ နာရီစင်နားက ပူပီး ဆီချက်ဆိုင် ဖြစ်နေရော

အော် ဒါကြောင့် နာမည်ကြီးတာကိုး လို့....

မြရည်နန္ဒာ တိုက်ခန်း ဘက်မှာပါ (117)ထင်တယ် နီးရင် သွားစားကြည့်နော် အရသာကတော့ ရှမ်းမြောက် အရသာ စစ်စစ်ပေါ့
တိုက်ပွဲသတင်း

17 Jan, 07:35

901

တိုက်ပွဲသတင်း(ကတိုင်တိ)
ဇန် ၁၆ ရက်

ကရင်ပြည်နယ် ဖာပွန်မြို့နယ်အတွင်းရှိ ကတိုင်တိစခန်းဝန်းကျင် ရှင်းလင်းစဉ် KNLA တမဟ(၅)၊ ရင်း(၁၀၂)နှင့် အကြမ်းဖက်သူပူးပေါင်းအင်အား ၂၀ ဦးခန့်က ပစ်ခတ်တိုက်ခိုက်သဖြင့် ပြန်လည်ပစ်ခတ်ခဲ့ရာ အကြမ်းဖက်များ ဆုတ်ခွာထွက်ပြေးသွားခဲ့။

KNLA ၁ လောင်း
အမ်(၁၅) ၁ လက်
ကျည် ၁၀ တောင့်
ကျည်အိမ် ၁ ခု
လွယ်ကြိုး ၁ ချောင်း သိမ်းဆည်းရမိခဲ့။

ကတိုင်တိစခန်းအား KNLA တမဟ(၅)၊ ရင်း (၁၀၂)နှင့် PDF အကဖသမားများက အင်အား ၃၀၀ ကျော်ဖြင်း ၁ လခန့်နီးပါး တိုက်ခိုက်ခဲ့သော်လည်း ကတိုင်တိစခန်းမှ အရာရှိစစ်သည်များ၏ ကြံ့ကြံ့ခံရဲစွမ်းသတ္တိအပြည့်ဖြင့် ခု ခံတိုက်ခိုက်ခြင်း၊ လေကြောင်းပစ်ကူ၊ Drone team အဖွဲ့များ၏ ထိရောက်သည့် တိုက်ခိုက်မှုများကြောင့် KNLAရင်း ၁၀၂ မှ ခေါင်းဆောင်ပိုင်းအပါအဝင် ၈၀ ကျော်ခန့် ကျဆုံးပြီး ၆၀ ကျော်ခန့် ဒဏ်ရာရရှိခဲ့သဖြင့် ကတိုင်တိစခန်းအား ဆက်လက်တိုက်ခိုက်ရန် အင်အားနည်းနေသောကြောင့် KNLA တမဟ ၁ မှ အင်အားဖြည့်တင်း နိုင်ရန် အကူအညီတောင်းခံလျက်ရှိပါတယ်။

ရင်း ၁၀၂ နှင့် PDF အဖွဲ့များတွင် ဒရုန်းဗုံးသီးအပါအဝင် ခဲယမ်းနှင့်ဆေးဝါးများ ပြတ်လျက်ရှိပြီး PDF အဖွဲ့များမှာ စိတ်ဓာတ်ကျဆင်းလျက် ထွက်ပြေးသူများရှိနေကြောင်း သိရှိရပါသည်။

တိုက်ပွဲသတင်းစုံ
တိုက်ပွဲသတင်း

17 Jan, 04:36

924

NUG သိမ်းပိုက်ထားသည့် ခမ်းပါတ်မြို့ကို တပ်မတော် ဗုံးကြဲရှင်းလင်းနေ

NUG လက်အောက်ခံ PDF တပ်က သိမ်းပိုက် ထိန်းချုပ်ထားသည့် စစ်ကိုင်းတိုင်း၊ ခါမ်းပတ်မြို့ကို တပ်မတော်လေက ယနေ့(ဇန်နဝါရီ ၁၆ရက်) ညပိုင်းတွင် စတင် ဗုံးကြဲတိုက်ခိုက်ရှင်းလင်းနေကြောင်း သိရသည်။

" သုံးလုံးရှိပြီဗျာ။ ဘာတိုက်ပွဲမှမဖြစ်ဘဲနဲ့ လာကြဲတာ NUG ဒိီဘက်မှာ ရုံးဖွင့်မယ်ထင်လို့ လာကြဲတာ ဖြစ်မယ်"ဟု ဒေသခံတစ်ဦးက ပြောသည်။

ယနေ့ည ၈နာရီ ၂၁မိနစ်၊ ၂၂မိနစ်နှင့် ၃၆မိနစ်တွင် ဗုံးသုံးလုံးကြဲချခြင်း ဖြစ်သည်။ မြေပြင်၌ထိခိုက်မှုအခြေအနေကို မသိရသေးပေ။

ခမ်းပါတ်မြို့ကို NUG ၏ တပ်ဖွဲ့များက ၂၀၂၃ နိုဝင်ဘာ ၇ရက်တွင် တိုက်ခိုက်သိမ်းပိုက်ထားသည်။
တိုက်ပွဲသတင်း

17 Jan, 04:35

914

အရှိန်မြင့်လာသည့် တောင်ပိုင်းကျားဖြန့်ပြဿနာ

တရုတ်ရုပ်ရှင်သရုပ်ဆောင် Wang Xing ကိုပြန်လည်ကယ်ထုတ်နိုင်ခဲ့ပြီးနောက် ဂယက် ရိုက်လာနေတဲ့ ကျားဖြန့်ပြဿနာ ဟာ အရှိန်ဆက်တိုက်​ မြင့်လာနေတဲ့အတွက် ဇန်နဝါရီ၁၅ရက်နေ့က စောချစ်သူ နဲ့ ရွှေကုက္ကိုမြို့သစ်ရှိ တရုတ်စီးပွားရေးလုပ်ငန်းရှင်၆၀ခန့်အရေးပေါ် အစည်းအဝေးတစ်ခုလုပ်ပြီး လူကုန်ကူးမှု၊အွန်လိုင်းငွေလိမ်လုပ်ငန်းအပါအဝင် လိမ်လည်မှုလုပ်ငန်းများမလုပ်ကြရန်နဲ့ တားမြစ်ချက် များကိုချိုးဖောက်ပါက လုပ်ငန်းပိတ်သိမ်းပြီးဒေသအတွင်းကထွက်ခွာရမယ်လို့ သတိပေးကြောင်းထိုင်းသတင်းစာတွေကတဆင့် သတင်းတွေဖော်ပြလာပါတယ်။

အွန်လိုင်းငွေလိမ်ဂိုဏ်း၊လူကုန်ကူးမှုများနဲ့နာမည်ကျော်နေတဲ့ ရွှေကုက္ကို ကြောင့် ထိုင်းနိုင်ငံပါနာမည်ပျက်ရပြီးထိုင်းခရီးသွားလုပ်ငန်းကိုထိခိုက်လာတဲ့အတွက် ထိုင်းအစိုးရကအလေးအနက်ထားကိုင်တွယ်ဖြေရှင်းရမယ့်ပြဿနာဖြစ်လာပါတယ်။

မြန်မာနိုင်ငံအတွင်းရှိကျားဖြန့်ပြဿနာကို အလေးထားဖြေရှင်းမယ်၊တရုတ်နိုင်ငံအပါအဝင် သက်ဆိုင်ရာန်ုင်ငံအားလုံးနဲ့ပူးပေါင်းဆောင်ရွက်မယ်လို့ ထိုင်းဝန်ကြီးချုပ်ကပြောကြားသလို တရုတ်နိုင်ငံကလည်း မြန်မာနိုင်ငံအပါအဝင် ကျားဖြန့် လိမ်လည်မှုအောက်ကျရောက်နေတဲ့ တရုတ်နိုင်ငံသားတွေကို ကယ်တင်ရန်အစွမ်းကုန်ကြိုးစားသွားမယ်လို့ပြောလာတဲ့အတွက်စောချစ်သူတို့ အရေးပေါ်အစည်း အဝေးလုပ်ပြီးကာကွယ်ဖို့ကြိုးစားကုသချက်ဟာ ဆေးမီဖို့ မလွယ်တော့တဲ့ အခြေ အနေဖြစ်ပါတယ်။

ထိုင်းမီဒီယာများက "ကရင်နယ်ခြားစောင့်တပ်(BGF)ခေါ်ကရင်အမျိုးသားတပ်မတော်(KNA)ထိန်းချုပ်နယ်
မြေ"လို့ဖော်ပြကြသလိုပဲ စောချစ်သူက BGFလစာရိက္ခာမယူတော့ဘူး၊ကရင်အမျိုးသားတပ်မတော်(KNA)တည်ထောင်တယ်လို့ ပြောကြားထားတဲ့အတွက် စောချစ်သူဟာအစိုးရတပ်မတော်လက်အောက် ခံBGF ခေါင်း ဆောင်လား၊ BGFလစာရိက္ခာမယူတော့ဘဲ သီးခြားလက်နက်ကိုင်သူပုန် KNAအဖွဲ့ ခေါင်းဆောင်လား၊နှစ်ဖွဲ့စလုံးရဲ့ခေါင်းဆောင်လား ဆိုတာလည်း ရှင်းရှင်း လင်းလင်းတော့ မသိကြရပါဘူး။

BGFဖြစ်စေ၊KNAဖြစ်စေ တရုတ်ထိုင်းနှစ်နိုင်ငံစလုံး က သက်ဆိုင်ရာနိုင်ငံများနဲ့ပူးပေါင်းဆောင် ရွက်မယ်လို့ ပြောထားတဲ့အတွက် မြန်မာနို င်ငံနယ်နမိတ်အတွင်းကပြဿနာကို မြန်မာ နိုင်ငံအစိုးရ ကသာအဓိကဦးဆောင် ကိုင်တွယ် ဖြေရှင်းရမှာဖြစ်ပါတယ်။

မိမိဘက်က ဦးဆောင်မဖြေရှင်းခဲ့လို့ တရုတ်ရဲ့ လောက်ကိုင်ကျားဖြန့်နှိမ်နင်းရေးကနေ ၁၀၂၇ ပေါ်လာပြီး စစ်အာဏာရှင်အမြစ်ဖြတ်ရေးဖြစ်လာသလို၊ရာဇဝတ်မှုကနေနိုင်ငံရေးဖြစ်သွားတဲ့ သင်ခန်းစာကိုယူဖို့လိုပါတယ်။

တရုတ်ထိုင်းတို့ကစောချစ်သူရဲ့ရွှေကုက္ကိုလ်ကျားဖြန့်နှိမ်နင်းရေးကို တက်တက်ကြွကြွ ကျားဖမ်းမယ်ဆင်ဖမ်းမယ် အသံပေး လှုပ် ရှားလာ ကြတာကို မြန်မာ အစိုးရက ဘယ်လိုဦးဆောင်ပူးပေါင်းဖြေရှင်းနှိမ်နင်းမလဲ ဆိုတဲ့အခန်းကဏ္ဍက တော်တော်အရေးကြီးပါတယ်။
တိုက်ပွဲသတင်း

16 Jan, 08:37

960

တိုက်ပွဲသတင်း(ချောက်)

ဇန် ၁၅ ရက်

ချောက်မြို့နယ်၊ ကုန်းကြီးကျေးရွာသို့ နယ်မြေရှင်းလင်းစဉ် ချောက်မြို့၏ အရှေ့တောင်ဘက် မီတာ ၁၉၀၀၀ ခန့်အကွာ သို့အရောက် အကြမ်းဖက်သူ ၂ ဦးမှ လက်လုပ်မိုင်း ၁ လုံး ဖောက်ခွဲတိုက်ခိုက်သဖြင့် ပြန်လည်ပစ်ခတ်ခဲ့။

အကြမ်းဖက် ၂ လောင်း
လက်လုပ်မိုင်း ၂ လုံး သိမ်းဆည်းရမိခဲ့။

တိုက်ပွဲသတင်းစုံ