တိုက်ပွဲသတင်း @warnewsmyanmar Channel on Telegram

တိုက်ပွဲသတင်း

@warnewsmyanmar


တိုက်ပွဲသတင်းများ အချိန်နဲ့တပြေးညီသိရှိစေရန်

တိုက်ပွဲသတင်း (Burmese)

တိုက်ပွဲသတင်းဟာ တိုက်ပွဲနှင့် ပြည်တွင်းမှာ အရရှိသူများအတွက် အချိန်နဲ့ တပြေးညီသိရှိစေရန် ဖန်တီးခံရသည်။ warnewsmyanmar အမှန်တကယ် နောက်ဆုံးအထူးတွင် မြန်မာ့ကိုယ်ရိုးဥပဒေအတွက် တိုက်ပွဲ သတင်း များ၏ နောက်ဆုံးအခြား အရှေ့အသွေ့ နှင့် စည်းမျဉ်းများအတွက် လူမှု ကာကွယ် အခြေခံအပ်ချက် တိုက်ပွဲ သတင်း များကို တည်ဆောက်လိုပါသည်။ ထို့အချက်များနဲ့ သင်နီးရှင်အတွက် တိုက်ပွဲ သတင်း များ ပေါ်မှာ ရယူနိုင်ပါသည်။

တိုက်ပွဲသတင်း

23 Nov, 14:52


-
BREAKING NEWS
****

ယနေ့ည(၈)နာရီအချိန်ခန့်က တာမွေမြို့နယ် ဖိုးစိန်လမ်းရှိ (EPC)ရုံအနီး ဗုံပေါက်ကွဲမူဖြစ်ပွားခဲ့ပြီး ထိခိုက်မူမရှိကြောင်း ကနဦးသတင်းရရှိသည်။

#PAN

တိုက်ပွဲသတင်း

23 Nov, 10:18


မသင်္ကာစရာ အကြောင်းတစ်ခုကြောင်းဖမ်းတယ်ဆို
လည်း သေချာစစ်ကြပေါ့

အဖြေမပေါ်ဘူးဆိုရင်လည်း လွှတ်လိုက်ပေါ့

လွှတ်ပေးဖို့ ပိုက်ဆံတောင်းတယ် ဆိုကတည်းက မဟုတ်တော့ဘူးနော်

တိုက်ပွဲသတင်း

22 Nov, 13:16


မှတ်ပုံတင် အတု smart card အတုလုပ်ပြီး နိုင်ငံကူးလက်မှတ်လျှောက်နေသူများကို စုံစမ်းအရေးယူထားကြောင်း သိရပါတယ်။
ကွင်းဆက်များလဲ မကြာမီလာပါမယ် ။

တိုက်ပွဲသတင်း

22 Nov, 13:15


ရေး တံတား ဗုံးခွဲခံရ

တိုက်ပွဲသတင်း

22 Nov, 13:15


တပ်မတော်ဟာ ရပ်ကွက်အုပ်ကြီးတွေကို မထိန်းရင် ခုထက်လူမုန်းများပါလိမ့်မယ်
====================

တပ်တော်က စည်းနဲ့ကမ်းနဲ့ ကောက်ယူနေတဲ့ စစ်မှုထမ်းကိစ္စဟာ အောက်ခြေရပ်ကွက်အဆင့်မှာ ဖြစ်ချင်သလိုဖြစ်နေတာ ကြိုက်တံ့ရပ်ကွက်ကို ရှောင်တခင်စစ်မေးရင်ကိုသိရနိုင်ပါတယ် ။

ရပ်ကွက်တစ်ခုကို တစ်လ သိန်း 20 ကနေ 70ကြား ရပ်ကွက်အုပ်ချုပ်ရေးရုံးက ရတယ်။

တစ်အိမ်ထောင် ၂ /၃/၅ သောင်း ပေးနေရတယ်။

မုဆိုးမအိမ် သမီးတစ်ယောက်နဲ့ သားမိနှစ်ယောက်ထဲ နေတာတောင် တစ်လ 3 သောင်း လစဉ်ပေးနေရတယ်...

ဘာတေ‌လဲ
ဘာတွေဖြစ်ကုန်တာလဲ
ဒီလိုပဲ ခွေးဝဲစား အုပ်ကြီးကို လွှတ်ထားမှာလား

မြို့နယ်စီမံ ကကော ပေါင်းစားနေတာလား / ပို့ဆွမ်းတွေစားတာလဲ လာဘ်စားတာပဲနော်


ကိုယ် အကြွင်းမဲ့ ယုံကြည်ခဲ့တဲ့ အဖွဲ့အစည်းရဲ့ ထုတ်ပြန်ချက်ကို အောက်ခြေမှ လုပ်ချင်သလိုလုပ်နေတာ မြင်လို့မကောင်းလှပါ

အခု သိန်း ချီ ကောက်ပြီးတော့ရော ဘယ်နေရာမှာ သုံးတာလဲ ဘာလုပ်ဖို့လဲ
???????

တိုက်ပွဲသတင်း

22 Nov, 06:24


တရုတ်ဇာတ်ညွှန်း

MNDAAခေါင်းဆောင် ဖုန်တာရွှင် ကိုတရုတ်ကဖမ်းထားတယ်ဆိုတဲ့သတင်းတွေ ပြန့်နေပြီးနောက်၊တရုတ်နိုင်ငံမှာဆေးကုသမှုခံယူနေခြင်းသာ ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူက နိုဝင်ဘာ၁၉ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားသွားပါတယ်။

နိုင်ငံတကာ ဆက်ဆံရေးတွေမှာ မြေပြင်အမှန်တကယ် ဖြစ်နေတာတွေကို မသိကျိုးကျွံပြုပြီး တရားဝင်ပြောဆိုကြရတာတွေရှိတတ်ပါတယ်။ ဖဆပလအစိုးရလက်ထက် မြန်မာအစိုးရကို ပုန်ကန်နေတဲ့ဗကပ ခေါင်းဆောင်တွေ ကိုတရုတ်ပြည်ထဲမှာလက်ခံမထားဖို့ဝန်ကြီးချုပ်ဦးနုက ​ပြောရာမှာ ချုအင်လိုင်းက သူတို့တရုတ်ပြည်ထဲမှာရှိတယ်လို့ မကြားမိကြောင်း၊စုံစမ်း​​ကြည့်အုံးမယ်ပဲ ပြောပါတယ်။(ဦးနုနဲ့ချုအင်လိုင်း ပုဂ္ဂိုလ်ရေးအလွန်ရင်းနှီးပါတယ်)

၁၉၆၈ဇန်နဝါရီ၁ရက်နေ့ ရှမ်းမြောက်မုန်းကိုးတပ်စခန်းကို တရုတ်ရဲ့လူလက်နက်ခဲယမ်းရိက္ခါ အပြည့်အစုံထောက်ပံ့မှုနဲ့ တိုက်ခိုက်သိမ်းပိုက်ရာကစပြီး ရှမ်းမြောက်တခွင် ဖြစ်ပွားခဲ့တဲ့မြေပြင်တိုက်ပွဲကြီးတွေမှာ တရုတ်တပ်တွေပါဝင်ခဲ့ပေမယ့် တရား ဝင် ပြောဆိုရာမှာတော့ အမြဲငြင်းဆန်ပါတယ်။

တရုတ်အစိုးရနဲ့အလွန်ဆက်ဆံရေးကောင်းခဲ့တဲ့နဝတခေတ်မှာ ဗကပပြိုကွဲသွားပြီးနောက် တရုတ်ပြည်တွင်းရှိဗကပခေါင်း ဆောင် များကိုပြန်လွှဲပေးဖို့တောင်းဆိုခဲ့ပေမယ့် လွှဲပြောင်းမပေးခဲ့ပါ။

အခု မြန်မာအစိုးရက အကြမ်းဖက်အဖွဲ့ လို့သတ်မှတ်ကြေညာထားတဲ့ MNDAAအဖွဲ့ရဲ့ခေါင်းဆောင်ဖုန်တာရွှင်ကို တရုတ်နိုင်ငံမှာလက်ခံ ထားပြီးဆေးကုသခွင့်ပြုထားကြောင်း တရားဝင် ပြောဆိုချက်ကတော့ ထူးခြားနေပါတယ်။

MNDAAနဲ့ တရုတ်ဆက်ဆံရေး အနေ အထားကို ဝေဖန်ချက်မျိုးစုံ မှန်းဆ သုံးသပ်ကြ ရာမှာ တရုတ်ဖိအားကြောင့် MNDAA ဒုက္ခရောက်နေရပြီလို့ သုံးသပ်ကြတာများပေမယ့် သမိုင်းကြောင်းအစဥ်အလာနဲ့ ပထဝီနိုင်ငံ​ရေးအရ MNDAAဟာတရုတ် ကိုမလွန်ဆန်နိုင်သလို တရုတ်ကလည်း MNDAA ကို ရန်/ ငါ ပြတ်မှာမဟုတ်ဘဲ သြဇာခံအဖွဲ့အဖြစ် ခိုင်မြဲတဲ့ ဆက်ဆံရေးရှိနေမှာ ဖြစ်လို့ အလွယ် တကူနဲ့ ဆိုးဆိုးဝါးဝါး ဖြစ်မသွားမှာကတော့ သေချာပါတယ်။

၁၀၂၇ကနေ ဒီနေ့အထိ ဖြစ်ပျက်နေတဲ့ရှမ်းမြောက် အရေးမှာ ဇာတ်ညွှန်းဒါရိုက်တာ တရုတ်သာဖြစ်လို့ တရုတ်ဇာတ်ညွှန်းအတိုင်း သာ ကပြအသုံးတော်ခံသွားကြရမှာ ဖြစ်ပါတယ်။

တိုက်ပွဲသတင်း

21 Nov, 12:57


တစ်ခါတုန်းက ရှင်ပြုအလှူလုပ်မယ့် ဒကာမကြီးတစ်ယောက်ကို မေးဖူးတယ်။

“ဒီနှစ် စိုက်ပျိုးအောင်မြင်ထားသမျှက ရှင်ပြုအလှူလုပ်ရင် ကုန်မှာပဲ။ လာမယ့်နှစ် ကောက်ပဲသီးနှံရမယ် မရဘူးကလဲ သေချာတာမဟုတ်ဘူး။

ကူငွေက မှန်းထားသလောက်မရရင် လယ် ယာ နွားပါ ရောင်းရမယ်။

သင်္ကန်းပရိက္ခရာဝယ် ကျောင်းသွားပြီး သင်္ကန်းဝတ်ပေးလိုက်လဲ ရတာပဲကို။

မိတ်ကပ်ပြင်တာ အဝတ်အစားချုပ်တာ မဏ္ဍပ် ဆိုင်း ဘိသိက်ငှါးတာတွေက သိန်း(၁၀၀)ကျော်ကုန်မှာ။

အဲဒါတွေက အပိုကုန်တွေ။ ဘာလို့လုပ်နေမှာလဲ။”

“ဦးဇင်းရေ မလှူလဲ ထူးမချမ်းသာနိုင်တော့ပါဘူး။ တစ်ဘဝမှာတစ်ခါတော့ တောက်တောက်ပြောင်ပြောင်လေးနေပြနိုင်ပြီး လူငေးကြည့်တာကို ခံချင်တယ်ဘုရား”

ဘာဆက်ပြီး ပြောရမှန်းမသိလို့ ထပြန်ခဲ့ရတာပါပဲ။


#Ashin_Khema_Nanda

တိုက်ပွဲသတင်း

14 Nov, 05:03


AA အကြမ်းဖက်အဖွဲ့၏ တကြာ့ပြန် ထိုးစစ်အတွင်း ကျဆုံးခဲ့သည့် တပ်ရင်းများ စာရင်း

၁။ ခမရ (၃၇၃)-အမှတ် (၃၇၃) ခြေမြန်တပ်ရင်း
၂။ အမတ (၃၇၄)-အမှတ် (၃၇၄) အမြောက်တပ်ရင်း
၃။ လလစ (၇၅၇)-အမှတ် (၇၅၇) လျှပ်စစ်အလုပ်ရုံတပ်ခွဲ
၄။ စနခ (၃၄၅)-အမှတ် (၃၄၅) စစ်လက်နက်ပစ္စည်းတပ်ခွဲ
၅။ တစသ (၈)- အမှတ် (၈) တိုက်ပွဲဝင်စည်းရုံးရေးသင်တန်းကျောင်း
၆။ တဆရ(၂/၃၀၀)-အမှတ်-၂ /ကုတင် ၃၀၀ တပ်မတော်စစ်ဆေးရုံ
၇။ လကရ-လေကြောင်းရန်ကာကွယ်ရေးတပ်
၈။ စရဖ-စစ်ဖက်ရေးရာလုံခြုံရေးတပ်ရင်း

မိမိ၏ မိသားစုဝင်များ တာဝန်ထမ်းဆောင်နေသည့်တပ်ရင်းများနှင့်တိုက်ဆိုင်စစ်ဆေး အတည်ပြု၍ လိုအပ်သည်များ ဆက်လက်လုပ်ဆောင်နိုင်ရန် ထုတ်ပြန်ခြင်းဖြစ်သည်။

တိုက်ပွဲသတင်း

07 Nov, 15:03


ညအိပ်ခါနီးဝင်လာတဲ့ သတင်းဆိုး
=====================

ရက်ပေါင်း ၄၀ တိုင်တိုင် ရန်သူ ( AA + PDF ) တွေ ပိတ်ဆို့တိုက်ခိုက်မှုကို အားတင်းခုခံနေတဲ့ အမှတ် ၃၇၄ အမြောက်တပ် ဒီည ၇ နာရီမှာ အလုံးစုံကျသွားပြီလို့သတ်မှတ်ရပါပြီ။

ခံစစ်စည်းပေါက်ပြီး ရန်သူ တက်လုံးလာတဲ့ အချိန် နောက်ဆုံး အဆက်သွယ်ရခဲ့တာဖြစ်ပြီး အခုတော့ အဆက်သွယ်လုံးဝပြတ်တောက်သွားပါပြီ။

ထွက်ပြေးလွတ်မြောက်ကြပါစေလို့သာ ကြိတ်ဆုတောင်းနေရပါပြီ

အမ်း အတွက် လက်တဖက်
ပြုတ်တာပါပဲ

စစ်မင်းကြီး

တိုက်ပွဲသတင်း

21 Oct, 15:41


အလှမယ်သဲသဲ က အကြမ်းဖက်အားပေးလား ဘာလဲ …….

တပ်မတော် က လိုအပ်လို ဘုတလင်မှာနယ်မြေရှင်းတယ်

စစ်ဖြစ်တာဆိုတော့ လူသေမှာ ရှိမှာပဲ

အခု တဖက်က ဆိုက်ဝါးနဲ့ မျက်ရည်ချူနေတာကို

အလှမယ်သဲသဲ က ဘုတလင်အတွက် စိတ်မကောင်းကြောင်းတင်နေတယ်

သတိပေးတားမြစ်သင့်ပါတယ်

ဒီလောက်ပဲ ပြောလိုပါတယ်

https://t.me/sitmingyi/8528

တိုက်ပွဲသတင်း

21 Oct, 12:54


ပန်ဝါမြို့ရှိ (၁၀၀၂)တပ်ရင်းဌာနချုပ်အား KIA သိမ်းပိုက်အပြီးတွေ့ရစဉ်နှင့် KIA ရဲဘော်များ။ ကန်ပိုက်တည်မြို့။ ဓာတ်ပုံ - Getty Image/CJ)

တိုက်ပွဲသတင်း

17 Oct, 07:54


2024 Miss Grand International ပွဲမှာ မြန်မာပြည်ရဲ့ကိုယ်စားပြုသွားရောက်ယှဥ်ပြိုင်နေသော မြန်မာမလေးကိုဝန်းရံပေးကြရအောင်။
Miss Grand Myanmar, Thae Su Nyein
#WeAre2Gether
#MGI2024 #MGI
#GrandExperiences
#MissGrandInternational
#MissGrandInternational2024
#WeAreGRANDthe1andOnly

တိုက်ပွဲသတင်း

15 Oct, 18:35


ဒေါ်စုရဲ့ အကြမ်းမဖက်တဲ့မူအတိုင်း ရပ်တည်နေတဲ့ nld ပါတီဝင်တွေရှိနေသေးတာကို ဒေါ်စန္ဒာမင်းက သတင်းစကားပါးနိုင်ခဲ့တယ်။ အကြမ်းဖက်သမားတွေရဲ့ နိဂုံးက မကြာခင်လာတော့မှာနော်။