天下第一 @txdychannel88 Channel on Telegram

天下第一

@txdychannel88


Sinosphere

天下第一 (Chinese)

天下第一频道是一个致力于分享中国文化和历史的Telegram频道。在这里,您可以了解关于中国各个方面的信息,包括中国古代文明、传统节日、名人故事等。无论您是对中国感兴趣的外国友人,还是想更深入了解自己国家的华人华裔,天下第一频道都能满足您的需求。通过精心挑选的内容和生动有趣的描述,我们希望能够让更多人了解和喜爱中国文化。加入天下第一频道,让我们一起探索这个博大精深的文化世界吧!

天下第一

21 Nov, 04:15


တရုတ်နိုင်ငံ၊ ရှန်းရှီးပြည်နယ်၊ ပေါင်ကျိမြို့တော်က ချီလီပေါင်တံတားကြီးက တရုတ်ပြည်ရဲ့ မဟာစီမံကိန်းတွေထဲက တစ်ခုအဖြစ် ထင်ဟပ်စေပါတယ်။ ဒီ ၄ ထပ်တံတားကြီးရဲ့ အပေါ်ဆုံးမှာ အဝေးပြေးလမ်းမကြီးရှိပါတယ်။ အောက်မှာ ရထားသံလမ်းပါ နှစ်ထပ်တံတားတစ်စင်းရှိပြီး ပထမထပ်က အမြန်ရထားသံလမ်း၊ အောက်ထပ်က ရိုးရိုးရထားသံလမ်းနဲ့ အနှေးယာဉ်လမ်း၊ လူလျှောက်လမ်းများ ပါရှိပါတယ်။ မြေပြင်မှာလည်း အမြန်လမ်းမကြီးတစ်လျှောက် ကားများစွာ မောင်းနှင်နေပါသေးတယ်။

#林圛朙「天下第一」

天下第一

20 Nov, 04:10


ရှေးတုန်းက ဟိုင်နန်ကျွန်းပေါ်ကလူတွေဟာ အရှေ့တောင်အာရှနိုင်ငံတွေကို ရွှေ့ပြောင်းနေထိုင်ခဲ့ကြတယ်။ အဲ့ဒါကြောင့် မလေးရှား၊ စင်္ကာပူ၊ အင်ဒိုနီးရှားတို့မှာ ဟိုင်နန်ကျွန်းက အစားအသောက်တွေကို တွေ့နိုင်တယ်။ ထင်သာမြင်သာအရှိဆုံးကတော့ ဟိုင်နန်ကြက်သားထမင်း (Hainan Chicken) လို့ လူသိများကြတဲ့ ကြက်ဆီထမင်းပဲ ဖြစ်ပါတယ်။ ဒီနေရာကတော့ ဟိုင်နန်ကျွန်းပေါ်က ဝမ့်နင်မြို့ 萬寧市 ပဲ ဖြစ်ပါတယ်။

#林圛朙「天下第一」

天下第一

19 Nov, 12:56


ချုံချင့်မြို့က ဈေးတန်ပြီး စားကောင်းတဲ့ လမ်းဘေးအစားအသောက်များပဲ ဖြစ်ပါတယ်။ ဈေးကတော့ အမှန်အကန် တန်တာနော်။ အစားအသောက်ဖိုးက ထင်သလောက် မကုန်ဘူး။ ရန်ကုန်မှာ Street Food ပတ်စားသလောက်ပဲ ရှိတယ်။

#林圛朙「天下第一」

天下第一

18 Nov, 12:40


တစ်နေ့ မင်းတို့ အမွှာညီအစ်မနဲ့ အတူ 🥹

天下第一

16 Nov, 03:40


တိဗက်တိုင်းရင်းသား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ရှီးဇန့်ပြည်နယ်ထဲက ပုတာလာနန်းတော် 布達拉宮 ကို သူတို့နှစ်ယောက်က လည်ပတ်ရောက်ရှိလာတယ်။ ဒါပေမဲ့ နန်းတော်ရှေ့က ဆိုင်ကယ်မရပ်ရတဲ့နေရာမှာ ရပ်မိနေတာကို မသိဘူး။ ရဲက ရောက်လာတော့ ကောင်လေးက အခြေအနေကို ရိပ်မိပေမယ့် ကောင်မလေးကတော့ ရဲမေနဲ့ ဆော့နေလိုက်သေးတယ်။ ရဲက ချလန်စာရွက်ပေးသွားတော့မှ ဒဏ်ရိုက်ခံရမှန်း သိတယ်။ ဒါပေမဲ့ ရဲက ခရီးသွားဧည့်သည်တွေဖြစ်တာကြောင့် ဒဏ်ရိုက်တာမျိုး မလုပ်ခဲ့ဘူး။ ကောင်မလေးက ရဲမေခါးမှာချိတ်ထားတဲ့ အရုပ်လေးကို သဘောကျနေတာကြောင့် တောင်းယူတဲ့အခါ ရဲမေက ဖြုတ်ပြီး လက်ဆောင်ပေးခဲ့ပါသေးတယ်။

#林圛朙「天下第一」

天下第一

13 Nov, 12:51


"အနောက်ဘက်သို့ ခရီးသွားမှတ်တမ်း" ဇာတ်လမ်းတွဲရဲ့ ရိုက်ကူးရေးမြင်ကွင်းတွေပါ။ အဲ့ခေတ်က မိတ်ကပ်လိမ်းပေးတဲ့ လူရဲ့ မိတ်ကပ်ပညာက တော်တယ်နော်။ အခုခေတ် CGI တွေက အဲ့ဒီခေတ်ရဲ့ မိတ်ကပ်လောက် အဆင်မပြေသလိုပဲ။ ကိုယ်တွေတော့ တကယ့် မိတ်ကပ်ပညာကို ပိုကြိုက်တယ်။

#林圛朙「天下第一」

天下第一

03 Nov, 04:20


ညခင်းကျရင် အထမ်းသည်ခေါက်ဆွဲ (ခ) တန်းတန်းခေါက်ဆွဲအကြောင်းကို တင်ပေးသွားမယ်နော့်

#林圛朙「天下第一」

天下第一

02 Nov, 06:23


ညခင်းကျရင် အဆုတ်ကို အားကောင်းစေတဲ့ ပန်းသစ်တော်သီးဖျော်ရည် ပြုလုပ်နည်းကို တင်ပေးသွားမယ်နော့်

#林圛朙「天下第一」

天下第一

28 Oct, 12:56


ကျန်ကျောင်းမင်းသားကြီး Kenny Ho ရဲ့ ပွဲဦးထွက်ဇာတ်လမ်းတွဲတွေထဲက တစ်ခုဖြစ်တဲ့ 粉紅色的回憶 ဇာတ်လမ်းတွဲ ဖြစ်ပါတယ်။ ဒီထဲမှာ ကျန်ကျောင်းက အော်ပရာပြဇာတ်ထဲက အမျိုးသမီးဇာတ်ကောင် သရုပ်ဆောင်အဖြစ် သရုပ်ဖော်ခဲ့ပါတယ်။

#林圛朙「天下第一」

天下第一

23 Oct, 03:35


တရုတ်ပြည် အရှေ့မြောက်ဖျားပိုင်းက တုန်းပေဒေသရဲ့ နံနက်စာ အစားအသောက်များ

#林圛朙「天下第一」

天下第一

22 Oct, 12:45


民乐欣赏 𝗺𝗶́𝗻 𝘆𝘂𝗲̀ 𝘅𝗶̄𝗻 𝘀𝗵𝗮̌𝗻𝗴
《沧海一声笑》𝑐𝑎̄𝑛𝑔ℎ𝑎̌𝑖 𝑦𝑖̄𝑠ℎ𝑒̄𝑛𝑔𝑥𝑖𝑎̀𝑜

🎥@方锦龙

#林圛朙「天下第一」

天下第一

22 Oct, 03:40


၁၉၈၆ ခုနှစ်တုန်းက "အနောက်ဘက်သို့ ခရီးသွားမှတ်တမ်း" Series ထဲမှ ဇာတ်ကောင်များနှင့် Game ထဲမှ ဇာတ်ကောင်များကို ယှဉ်တွဲပြခြင်း

#林圛朙「天下第一」

天下第一

18 Oct, 04:10


ရှေးခေတ်က နာမည်ကျော် အမျိုးသမီးတွေကို AI နဲ့ အသက်သွင်းလိုက်သောအခါဝယ်

天下第一

15 Oct, 03:25


ရာသီခွင်ကိုယ်စားပြု ၁၂ ကောင်မှာ မြောင်ကို မထည့်ပေးလို့ နတ်မင်းတွေကိုယ်စား မြောင်နေရာယူပြီ။ 🤣🤣🤣 အိမ်ကကောင်တွေဆို ထူတိကုန်းနားက ရေကိုသောက်တယ်၊ စားတယ်၊ ထူတိကုန်းရဲ့ နေရာမှာ ထူတိကုန်းနဲ့ အတူတူအိပ်တယ်။ တစ်ချို့ကောင်တွေကျ မီးဖိုချောင်ထဲက ကျောင့်ကျွင်းနတ်မင်းရဲ့ နတ်စင်ပေါ်မှာ အိပ်တယ်၊ စားတယ်၊ ရေသောက်တယ်။ 😂😂😂

#林圛朙「天下第一」

天下第一

14 Oct, 12:20


အော်ပရာပြဇာတ် သရုပ်ဆောင်တစ်ဦးက သူမ၏ ခြေကွက်များကို အပြေးစက်ပေါ်တွင် လေ့ကျင့်နေပုံ၊ ဒါမျိုးကလည်း ကျွမ်းကျင်နေမှ ရမယ်။

當中國戲曲人來到健身房練習旦角腳步,網友:這就是技術!(來源:通傳媒綜合報道)

#林圛朙「天下第一」

天下第一

12 Oct, 13:16


သူသာ အသက်ငယ်သေးရင် အဲ့ဒီကြိုးတွေမလိုဘူးဗျ၊ အသက် ၃၀ ဝန်းကျင်တုန်းကဆို အဲ့ဒါတွေက သူ့အတွက်တော့ အပိုတွေပါ။

#林圛朙「天下第一」

天下第一

10 Oct, 12:26


မနက်ဖြန် တရုတ်ပြက္ခဒိန် ၉ လပိုင်း ၉ ရက်နေ့၊ ချုံးရန်ကန်တော့ပွဲနေ့ပဲ ဖြစ်ပါတယ်။ ချုံးရန်ပွဲဟာ ချင်းမင်ကန်တော့ပွဲနှင့် အလားတူပဲ ဖြစ်ပြီး မိသားစုထဲက ဘိုးဘေးတွေကို ကန်တော့ကြရပါတယ်။ အဲ့ဒီနေ့မှာ တောင်ပေါ်တက်ပြီး ဂန္ဓမာပန်းအရက်ကို သောက်ရင် ကံကောင်းခြင်းတွေ ရောက်လာတယ်လို့ ယုံကြည်ကြပါတယ်။ အဲ့ဒီနေ့ဆို တရုတ်၊ ဂျပန်၊ ကိုးရီးယား နိုင်ငံတွေမှာ လူအများဟာ ကွယ်လွန်သူဘိုးဘေးတွေကို သင်္ချိုင်းမှာ သွားရောက်ကန်တော့ပြီးနောက် တောင်တက်လေ့ရှိကြပါတယ်။

#林圛朙「天下第一」

天下第一

09 Oct, 03:25


“မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်” (၂၀၂၄) Version မှာ ဟွမ်ရုံ အဖြစ် သရုပ်ဆောင်သွားတဲ့ မင်မင်ချစ်တုံးလေး ပေါင်စန့်အန်း (包上恩) လေး ဇာတ်ကားအတွက် သိုင်းလေ့ကျင့်ခဲ့တဲ့ ပုံရိပ်တွေပဲ ဖြစ်ပါတယ်။ တရုတ်ပြည်မှာ မင်းသမီးဖြစ်ရတာ မလွယ်ဘူးနော်။ သိုင်းဇာတ်ကားရိုက်မယ်ဆို အရမ်းပင်ပန်းကြရတယ်။

#林圛朙「天下第一」

天下第一

08 Oct, 04:05


မြန်မာမှာတော့ "နဂါးနိုင်ဓား" သိုင်းဇာတ်လမ်းတွဲထဲက 'ကျန်းဝူကျိ' လို့ လူသိများကြတဲ့ ရုပ်ရှင်မင်းသား စူးယိုဖုန်း (蘇有朋) ရဲ့ အနုပညာလမ်းခရီးကို ရှုစားကြရအောင်လား။ စူးယိုဖုန်းဟာ အသက် ၁၇ နှစ်မှာ အနုပညာလောကကို ဝင်ရောက်လာခဲ့ပြီး ယခု အသက် ၅၀ အထိ အနုပညာကို ဆက်လက်လုပ်ကိုင်နေဆဲပါ။

#林圛朙「天下第一」

天下第一

05 Oct, 11:56


မနက်ဖြန် မနက်ခင်း ၉ နာရီအတိကျရင် အားလုံးစောင့်မျှော်နေကြတဲ့ ချင်စစ်သူကြီး ပိုင်ချီအကြောင်းကို တိုက်ပွဲဖြစ်စဉ်တွေနဲ့တကွ တင်ပေးသွားပါ့မယ်နော်။ စာအရှည်ကြီးဖတ်ဖို့ စောင့်စားနေသူတွေအတွက်တော့ သီတင်းကျွတ်ပိတ်ရက်မှာဖတ်ဖို့ Save ထားသင့်တဲ့ Post တစ်ခု ဖြစ်လာမှာပါ။

#林圛朙「天下第一」

天下第一

03 Oct, 12:11


西遊記 ဇာတ်လမ်းတွဲထဲက ရိုက်ကွင်းနေရာများ

天下第一

03 Oct, 11:55


中國舞欣賞 (業餘高階班)

သီချင်းအမည် - 汉唐舞《盛世》𝘏𝘢̀𝘯𝘛𝘢́𝘯𝘨 𝘸𝘶̌《 shèngshì 》

တရုတ်ပြည် ဟန့်ခေတ်နှင့် ထန်ခေတ်တွင် နန်းတွင်း၌ ကပြဖျော်ဖြေခဲ့ကြသော နန်းတွင်းအက

派澜舞蹈

#林圛朙「天下第一」

天下第一

30 Sep, 12:41


မနက်ဖြန် တရုတ်ပြည်သူ့သမ္မတနိုင်ငံကို တည်ထောင်ခြင်း ၇၅ နှစ်ပြည့် တရုတ်အမျိုးသားအောင်ပွဲနေ့ 國慶節 ပဲ ဖြစ်ပါတယ်။ ဒါကတော့ တရုတ်ပြည် ကွမ်တုန်းဆေးတက္ကသိုလ်မှ စစ်သင်တန်းဆင်းကျောင်းသူများကိုယ်တိုင် ကျောင်းဖွင့်ပွဲအခမ်းအနားနှင့် အလံတင်ခြင်းအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြပုံပဲ ဖြစ်ပါတယ်။

#林圛朙「天下第一」

天下第一

26 Sep, 03:51


ဖူကျန့်ပြည်နယ် ဖူကျိုးမြို့မှာ ဖူကျန့်နံနက်ခင်းစာတွေ စားရအောင်

天下第一

24 Sep, 03:31


တရုတ်ပြည်၊ လျောင်နင်းပြည်နယ်၊ ရှန်ယန်မြို့က ရှန်ယန်ဂီတက္ကသိုလ် လူငယ်စစ်သင်တန်းမှ သင်တန်းသားများ လက်စွမ်းပြတီးခတ်တဲ့ 西遊記 ဇာတ်လမ်းတွဲထဲက ဇာတ်ဝင်တေးသီချင်းသံစဉ်များ

天下第一

22 Sep, 03:31


ရိုးရှင်းတဲ့ နံနက်စာလေးနဲ့ 'မင်္ဂလာပါ' လို့ နှုတ်ခွန်းဆက်သလိုက်ပါတယ်

天下第一

05 Sep, 13:41


ရှန်ဟိုင်းမြို့ရဲ့ လမ်းမထက်မှာ တွေ့ရတဲ့ ရှင်းကျန်း ဝီဂါတိုင်းရင်းသူလေးတွေရဲ့ အင်တာဗျူးတိုလေးတွေပါ။ ကိုယ်တွေ စကီလေးကို ငေးနေတာနဲ့ ဘာပြောမှန်းတောင် မသိလိုက်လို့ ၂ ခါပြန်ကြည့်ယူရတယ်။ ဒါလည်း သေချာမသိလိုက်ရပြန်ဘူး။ ဒါနဲ့ဆို ဘာပြောသွားလဲသိရအောင် ပြန်ကြည့်နေတာ အခါ ၂၀ ရှိနေပြီ။ 🤪

上海街頭採訪 新疆小姐姐合集

#林圛朙「天下第一」

天下第一

02 Sep, 14:06


ငယ်ငယ်က ကြည့်ခဲ့ဖူးတဲ့ “အနောက်အရပ်သို့ ခရီးသွားမှတ်တမ်း” ဇာတ်လမ်းတွဲထဲမှာ ကျူးပါးကျဲ့ အကြိုက်ဆုံးက ငှက်ပျောကောက်ညှင်းဝါးကျည်တောက်ပါတဲ့။ ဇာတ်လမ်းအရတော့ သူတို့က အိန္ဒိယမှာ တည်းခိုတုန်းက စားသောက်ခဲ့ကြတာပေါ့။ ဒါပေမဲ့ ဒီဇာတ်လမ်းတွဲကို ယူနန်ပြည်နယ် ဆစ့်ဆောင်ပန်းနားဘက်မှာ ရိုက်ကူးခဲ့တာဆိုတော့ အဲ့ဒီနေရာမှာ ငှက်ပျောကောက်ညှင်းဝါးကျည်တောက် (တင်းဝါး/ ထင်းဝါး/ ခဲတံဝါး) က အရမ်းနာမည်ကြီးပြီး လူမေးအများဆုံး မုန့်တစ်မျိုး ဖြစ်လာပါတယ်။ ဒီငှက်ပျောကောက်ညှင်းဝါးကျည်တောက်ကို ပြုလုပ်ဖို့ သုံးရတဲ့ဝါးဟာ သိုက်ဝါးကြီးဝါးမျိုးဖြစ်ပြီး တရုတ်လို 緬甸竹 (မြန်မာ့ဝါး) လို့ ခေါ်ပါတယ်။ ဒီဝါးမျိုးက အိန္ဒိယ၊ ဘင်္ဂလားဒေ့ချ်၊ မြန်မာနဲ့ တရုတ်ပြည် ယူနန်ပြည်နယ်ထဲမှာ ပေါက်ရောက်ပါတယ်။ လုပ်ပုံလုပ်နည်းကတော့ ကောက်ညှင်းကျည်တောက် လုပ်နည်းနဲ့ အတူတူပါပဲ။ ကွာခြားတာက ငှက်ပျောကောက်ညှင်းဝါးကျည်တောက်ကို အုန်းနို့ရည်၊ အစေ့အဆံမျိုးစုံ၊ ငှက်ပျောသီးထည့်ပြီး သမအောင်နှယ်ပေးရပါတယ်။ ပြီးမှ မီးဖိုပေါ်တင်ပြီး ကင်ပေးကြပါတယ်။ မြန်မာက အညာဘက်မှာတော့ မီးဖိုထဲထည့်ပြီး ဖုတ်တဲ့နည်းလမ်းကို အသုံးများပါတယ်။ (အမှတ်မှားနိုင်ပါတယ်)

小时看西游记时被猪八戒馋哭的香蕉竹

#林圛朙「天下第一」

天下第一

31 Aug, 06:10


တစ်ယောက်တည်းတော့ ငရဲကြီးမခံဘူး၊ အကုန်ပါလာအောင် ခေါ်လိုက်ပါတယ် 🤭

天下第一

26 Aug, 12:27


စွန်းဝူခုန်း Game ထဲက အော်ပရာသီချင်းလေးပါ၊ Ringtone ထားချင်တဲ့ လူများအတွက်ပါ။