Последние посты TU Network (@tunetworkofficial) в Telegram

Посты канала TU Network

TU Network
Technological Universities Network - Ministry of Education, National Unity Government
2,432 подписчиков
81 фото
2 видео
Последнее обновление 09.03.2025 05:42

Похожие каналы

ဆီသို့ - Towards
10,703 подписчиков
Your Doctor - Health Education
4,964 подписчиков
Teaching Agency
3,807 подписчиков

Последний контент, опубликованный в TU Network на Telegram

TU Network

07 Mar, 15:22

518

​မေးခွန်းများကို​ ​ဖြေကြား​ပေးရန် @TUNwk25 က လတ်တ​လောခွင့်ယူထားပါသဖြင့် ​ကျောင်းသူ​ကျောင်းသားများအ​နေဖြင့် ယခု Post ​အောက်တွင် ဝင်​ရောက်​မေးမြန်းနိုင်ပါတယ်။
TU Network

02 Mar, 03:54

1,243

ပထမနှစ်၊ ဒုတိယနှစ်၊ တတိယနှစ်၊စတုတ္ထနှစ်၊ ပဥ္စမနှစ် နှင့် နောက်ဆုံးနှစ် ဒုတိယနှစ်ဝက်Moodle LMS တွင် တက်ရောက်နေသောကျောင်းသား၊ ကျောင်းသူများအနေဖြင့် Exam ဖြေဆိုနိုင်ရန် မိမိတို့ဖြေဆိုရမည့် ဘာသာရပ်အလိုက် ဘာသာရပ် အဖွဲ့ ၏ mail ကို မိမိတို့ရရှိထားသော MES Code ၊သင်တန်းနှစ် များဖြင့်ဆက်သွယ်ပေးကြပါရန်အကြောင်းကြားအပ်ပါသည်။ ဆက်သွယ်လာသောကျောင်းသားများအား Exam ဖြေဆိုနိုင်ရန်အတွက် ဘာသာရပ်အဖွဲ့များမှဆက်လက်ညွှန်းကြားသွားပါမည်။
TU Network

24 Feb, 13:51

10,141

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာန၊ သက်မွေးပညာကော်မတီ၏ အစီအစဉ်ဖြင့်ဖွင့်လှစ်သော အစိုးရစက်မှုလက်မှုသိပ္ပံ ဒုတိယနှစ် နှင့် တတိယနှစ် သင်တန်းများကို SVEI ၏ AGTI ပထမနှစ် အောင်မြင်ပြီးသော ကျောင်းသား/သူများ၊ AGTI Second Year & Third Year ဖြင့် ရပ်နားထားသော CDM ကျောင်းသား/သူများအနေဖြင့် အောက်ပါ Link မှတဆင့်လျှောက်ထားနိုင်ပါသည်။

link for second year
https://edu.nugmyanmar.org/680d45cf

link for third year
https://edu.nugmyanmar.org/2fc6b947
TU Network

21 Feb, 15:30

1,911

ပထမနှစ်၊ ဒုတိယနှစ်၊ တတိယနှစ် နှင့် စတုတ္ထနှစ် ဒုတိယနှစ်ဝက်Moodle LMS တွင် တက်ရောက်နေသောကျောင်းသား၊ ကျောင်းသူများအနေဖြင့် Exam ဖြေဆိုနိုင်ရန် Engineering Mathematics ဘာသာရပ်အတွက် ဘာသာရပ် အဖွဲ့ ၏ mail ကို မိမိတို့ရရှိထားသော MES Code ဖြင့်ဆက်သွယ်ပေးကြပါ။
TU Network

19 Feb, 15:50

2,133

လက်ရှိဖွင့်လှစ်ထားသော အတန်းများအကုန် March 2025 တွင် Exam ရှိပါမည်။
TU Network

19 Feb, 15:48

2,010

မေးခွန်းမေးရန် https://t.me/TUNwk25 ဆက်သွယ်ပေးပါ မေးခွန်းကို ဖြစ်နိုင်ပါက တစုတစည်းတည်း ရေးပို့ပေးပါရန်။
TU Network

19 Feb, 15:07

1,709

မေးခွန်းမေးထားသူများအနေဖြင့် မိမိနှင့်ကိုက်ညီသောအဖြေမပါရှိပါက ဆက်သွယ်မေးမြန်းပေးပါနော်။
TU Network

19 Feb, 15:06

1,882

၁။ အနောက်ပိုင်းနည်းပညာတက္ကသိုလ် ဆဌမနှစ်(ဒုတိယနှစ်ဝက်) ဘယ်အချိန်ဖွင့်မှာလည်းသိချင်လို့ပါ။
အနောက်ပိုင်းနည်းပညာတက္ကသိုလ်အပါအဝင် နည်းပညာတက္ကသိုလ်ပေါင်း (၃၀) ခု၏ ကြားကာလပညာရေးကို နည်းပညာ ကွန်ရက်မှ စုပေါင်းဆောင်ရွက်ပေးနေပါသည်။
နည်းပညာတက္ကသိုလ်ပေါင်း (၃၀) ခုမှ ဆဌမနှစ်ကျောင်းသားများ၏ သင်ယူမှုအတွက် ကွန်ရက်၏ လူမှုကွန်ရက်စာမျက်နှာ တဆင့် တတိယအကြိမ်အထိခေါ်ယူခဲ့ပြီး ဆဌမနှစ် (ဒုတိယနှစ်ဝက်) သင်တန်းများကို ၂၀၂၃ ခုနှစ် ဇွန်လ ကတည်းက သင်ယူမှုဆိုင်ရာကိစ္စများကို စတင်ဆောင်ရွက်ပေးနေခဲ့ပြီးဖြစ်ပါသည်။
ပထမအကြိမ်ခေါ်ယူခြင်း - June. 2023 (Architecture, Chemical Engineering, Civil Engineering, Electrical Power Engineering, Mechanical Engineering, Petroleum Engineering)
ဒုတိယအကြိမ် - October. 2023 2023 (Architecture, Chemical Engineering, Civil Engineering, Electrical Power Engineering, Mechanical Engineering, Petroleum Engineering, Electronics Engineering, Mechatronics Engineering)
တတိယအကြိမ်- April. 2024 (Architecture, Chemical Engineering, Civil Engineering, Electrical Power Engineering, Mechanical Engineering, Petroleum Engineering, Electronics Engineering, Information Technology Engineering, Mechatronics Engineering, Mining Engineering)

၂။ ပထမနှစ်တွေ ဘယ်ချိန်ပြန်ခေါ်မလဲဗျ။ ပထမသုတ်မမှီလိုက်လို့ပါ
မတ်လ၊ ၂၀၂၅ ခုနှစ်တွင် ထပ်မံခေါ်ယူပါမည်။
၃။ Sagaing TUက စတုတ္ထအကြိမ်မှာ ပါလားရှင်။ 4BE Mechanical အတွက်ပါ။ ဘယ်တော့လောက်ခေါ်ဖို့ရှိလဲရှင်
နည်းပညာတက္ကသိုလ် (စစ်ကိုင်း) အပါအဝင် နည်းပညာတက္ကသိုလ်ပေါင်း (၃၀) ခု၏ ကြားကာလပညာရေးကို ၂၀၂၃ ခုနှစ် ဇွန်လ ကတည်းက နည်းပညာကွန်ရက်မှ စုပေါင်းဆောင်ရွက်ပေးနေပါသည်။ စတုတ္ထနှစ် (စက်မှုအင်ဂျင်နီယာ) သင်တန်းကို စတုတ္ထအကြိမ်ခေါ်ယူမှုတွင် ခေါ်ယူနိုင်ရန် ပြင်ဆင်ဆောင်ရွက်နေပါသည်။
ဧပြီလ/မေလ အတွင်း စတုတ္ထအကြိမ်ခေါ်ယူမှုကို ကွန်ရက်၏လူမှုကွန်ရက်စာမျက်နှာမှတဆင့် အသိပေးခေါ်ယူသွားပါမည်။
၄။ ကျွန်တော်က မှော်ဘီနည်းပညာတက္ကသိုလ်ကနေ second year နဲ့ ကျောင်းထွက်ထားတာ အဲ့ဒါကို အခုကြားကာလနည်းပညာတက္ကသိုလ်ပြန်တက်ချင်ဘယ်လိုဆောင်ရွက်လို့ရမလည်းခင်ဗျ ကျောင်းနားထားတာတော့ ၂၀၁၆လောက်ထဲကပါ။ ကျောင်းသားကဒ်လည်းရှိပါတယ်။
[email protected] သို့ ဆက်သွယ်ဆောင်ရွက်ပါရန် အကြံပြုပါသည်။
၅။ 4th year chemical second semester မှာ My course ထဲက Subject 2 ခုပဲ ဖွင့်လို့ရပါသေးတယ်။ အခြား Subject တွေ ဖွင့်မရလို့ပါ။
Chemical Engineering ဘာသာရပ်အဖွဲ့ထံ အကြောင်းကြားပေးပါမည်။

၆။ Fourth Year နဲ့ 2020 ကတည်းက နားထားရပါတယ်။ ဘာတွေ လိုအပ်သေးလဲဗျ။ မနှစ်ကတော့ ဒီမှာပဲ Second Sem တက်လိုက်သေးတယ်။ ကိစ္စလေးတွေ‌ကြောင့် ပီးအောင် မတက်ဖစ်ခဲ့ဘူး။ ခု ပြန်တက်ချင်လို့ပါ။ First Sem ကပဲ ပြန်တက်ရမာလား။ ဘယ်လပိုင်းလောက်လဲ
မိခင်တက္ကသိုလ်နှင့်ချိတ်ဆက်ဆောင်ရွက်ပါရန် အကြံပြုပါသည်၊
၇။ GTI ကိုဘယ်မှာ တက်လို့ရမည်လဲ။ Link ပေးစေလိုပါသည်။
https://www.facebook.com/share/19wKyZ3hC3/?mibextid=wwXIfr မှတဆင့် တိုက်ရိုက်ချိတ်ဆက်စုံစမ်းပါရန် အကြံပြုပါသည်။

၉။ နည်းပညာတက္ကသိုလ်(ရတနာပုံဆိုင်ဘာစီးတီး)က အဆင့်မြင့်ဒြပ်ပစ္စည်းအင်ဂျင်နီယာမေဂျာ စတုတ္ထနှစ်ကျောင်းသူပါ
CDM ကျောင်းသူပါ ဘယ်မှာပညာဆက်လက်သင်ယူခွင့်ရနိုင်ပါသလားရှင်။
[email protected] သို့ ဆက်သွယ်ဆောင်ရွက်ပါရန် အကြံပြုပါသည်။
TU Network

19 Feb, 15:06

1,273

မေးမြန်းထားသော မေးခွန်းများကို စုစည်းဖြေဆိုပေးလိုက်ပါတယ်။ ကျောင်းသူကျောင်းသားများအနေဖြင့် မေးခွန်းမေးရာတွင် တိတိကျကျမေးပေးပါရန် မေတ္တာရပ်ခံပါတယ်။ အခြားမေးခွန်းများကိုလည်း ဖြေဆိုပေးပါမယ်။
TU Network

19 Feb, 13:24

1,617

ကျောင်းသား၊ ကျောင်းသူများ သက်ဆိုင်ရာဘာသာရပ်အလိုက် mail များကိုဆက်သွယ်နိုင်ရန် အသိပေး‌ကြေညာ ချက်

နည်းပညာနှင့်နှီးနွယ်ယာယီတက္ကသိုလ်ကောင်စီများကွန်ရက်ရှိ ဖွင့်လှစ်ထားသည့် သင်တန်းနှစ်များတွင် တက်ရောက်ပညာသင်ယူနေကြသော ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မိမိတို့၏ ပညာသင်ကြားရေး ဆိုင်ရာကိစ္စရပ်များ၊ ထောက်ခံစာများနှင့် အခြားဆက်စပ်သော ကိစ္စများအတွက် သိရှိလိုသည်များကို စုံစမ်း မေးမြန်းနိုင်ရန် ဖော်ပြပါ ဘာသာရပ်ဌာနများ၏ Email များမှ တဆင့် ဆက်သွယ်နိုင်ပါသည်။

၁။ ဗိသုကာ (Architecture)
[email protected]
၂။ မြို့ပြအင်ဂျင်နီယာ (Civil Engineering)
[email protected]
၃။ အီလက်ထရောနစ်အင်ဂျင်နီယာ ( Electronics Engineering)
[email protected]
၄။ လျှပ်စစ်စွမ်းအား အင်ဂျင်နီယာ (Electrical Power Engineering)
[email protected]
၅။ သတင်းအချက်အလက်နှင့်နည်းပညာအင်ဂျင်နီယာ ( Information Technology Engineering)
[email protected]
၆။ စက်မှုအင်ဂျင်နီယာ (Mechanical Engineering)
[email protected]
၇။ စက်မှုအီလက်ထရောနစ်အင်ဂျင်နီယာ ( Mechatronics Engineering)
[email protected]
၈။ သတ္တုတူးဖော်ရေးအင်ဂျင်နီယာ (Mining Engineering)
[email protected]
၉။ ရေနံအင်ဂျင်နီယာ (Petroleum Engineering)
[email protected]
၁၀။ အင်ဂျင်နီယာသင်္ချာ (Engineering Mathematics)
[email protected]
၁၁။ အင်္ဂလိပ်စာ (English)
[email protected]
၁၂။ မြန်မာစာ (Myanmar)
[email protected]
၁၃။ Engineering Geology
[email protected]

ထို့အပြင် TU Network Facebook page နှင့် Telegram Channel https://t.me/TUNetworkOfficial တို့တွင် နည်းပညာနှင့်နှီးနွှယ်ယာယီတက္ကသိုလ် ကောင်စီများကွန်ရက်ရှိ နည်းပညာတက္ကသိုလ်များမှခေါ်ယူမည့် သင်တန်းနှစ်များနှင့်ပတ်သက်သည်များအား မေးမြန်းနိုင်ပါသည်။

#နည်းပညာနှင့်နှီးနွှယ်ယာယီ တက္ကသိုလ်ကောင်စီများကွန်ရက်
#TUs'CouncilNetwork