Poetry / letter 📝 (@theworldofpoetry9) Kanalının Son Gönderileri

Poetry / letter 📝 Telegram Gönderileri

Poetry / letter 📝
👉ကဗျာ/စာတို လေးများဖတ်ရင်း
ဘဝကို ရိုးရှင်းစွာ ဖြတ်သန်းနိုင်ပါစေ😍
3,269 Abone
795 Fotoğraf
33 Video
Son Güncelleme 01.03.2025 12:41

Poetry / letter 📝 tarafından Telegram'da paylaşılan en son içerikler


အားလုံးကိုခွင့်လွှတ်ပါတယ်.......
သို့သော်......နောက်တစ်ခါလာမပတ်သတ်ပါနဲ့တော့

စပြီး သဘောကျမိတယ်

ဆက်ပြီး သဘောကျနေအုံးမယ်

အကြောင်းပြချက်တွေအများကြီး
ရှိသည်ဖြစ်စေ

နည်းနည်း လေးပဲ ရှိသည်ဖြစ်စေ ။

ဒါဟာ သူဖြစ်နေလို့ပဲဖြစ်ပါလိမ့်မယ် ......။


#𝑐𝑟𝑑_𝑡𝑜_𝑜𝑤𝑛𝑒𝑟_𝑤𝑖𝑡ℎ_𝑟𝑒𝑠𝑝𝑒𝑐𝑡

ဒီအသီးကို
ဘယ်သူတွေကများ
အားအားယားယား
သော"က်ကမျင်းကြောထပြီး
နာမည်မျိုးစုံပေးခဲ့ကြတာလဲ
မသိဘူး တခါဝယ်ဖို့အရေးကို
ဘယ်လိုပြောပြီး
ဘာနာမည်နဲ့
ဝယ်ရမလဲဆိုပြီး
နာမည်ရွေးနေရတာက
အလုပ်တစ်လုပ်🙂

အားနည်းချက်တွေ အများကြီးနဲ့လူမို့
ဘာ့ကြောင့်ထားခဲ့တာလဲ မမေးရဲဘူး🥀

ဘဝမှာ ကျောင်းပိတ်ရက်မရှိ.....။


- အောင်ချိမ့်

သက်ပြင်းတွေ ခပ်ဖွဖွချရင်း

အရင်တုန်းကဆိုရင်လေဆိုပြီး

အရင်လို

ပြန်မဖြစ်နိုင်တော့တာတွေကို

ပြန်လွမ်းနေရတာက

နာကျင်စရာပါပဲ ။

-ကျေးကို

လောကကြီးကို အကောင်းအတိုင်းပဲ

မြင်ချင်တယ် မနက်ဖြန်မှာ

ပန်းတွေပိုပွင့်စေချင်တယ်

ချစ်ရတဲ့သူကို

ချစ်ရတဲ့အကြောင်းတွေ

တယုတယ ပြောပြချင်တယ်

ပြီးတော့ နွေးထွေးစေချင်တယ်.........။


#𝑐𝑟𝑑_𝑡𝑜_𝑜𝑤𝑛𝑒𝑟_𝑤𝑖𝑡ℎ_𝑟𝑒𝑠𝑝𝑒𝑐𝑡

ချစ်တယ်ဆိုတဲ့
စကားရဲ့အနောက်မှာ

ဒါပေမယ့်ဆိုတဲ့
စကားတွေ ကပ်ပါလာရင် ...

ဒါပေမယ့်ဆိုတဲ့
စကားလုံးက
အရှေ့က ပြောခဲ့သမျှ အရာအားလုံးကို
ဆန့်ကျင်လိုက်သလိုမျိုးပဲ မဟုတ်လား

ချစ်တယ် ...
ဒါပေမယ့် တဲ့ ...

အဲ့ဒီနောက်မှာ
ဘယ်တော့မှ ပျော်စရာကောင်းတဲ့
ဇာတ်သိမ်းတွေ ရှိမနေဘူး

ချစ်တယ် ...
ချစ်တယ်ဆိုရုံလောက်ပဲ
သေချာပေါက်
ဘယ်တော့မှ မနီးဘူး။

#ကျေးကို

မနှစ်က''နွေ''မှာ သူနဲ့ဆုံခဲ့ရတယ်

ဒီနှစ်''နွေ''မှာတော့ သူ့ကိုလွမ်းနေရတယ်

သြော်...." နွေ "....." နွေ "......

" နွေ " ဟာလွမ်းစရာ ဖြစ်ခဲ့ပါပေါ့လား.........။

ချစ်ခြင်း​မေတ္တာ ဥပဒေ အရ

သေမိန့်ကျပြီးသားလူက....... ငါပါ......ခင်ဗျားရယ်......

ကိုယ့်စိတ်နဲ့ကိုယ် ကြိုးစင်တက်

သံယောဇဥ်ကြိုးကို လည်မှာချိတ်ပြီး

နောက်ဆုံး ဆန္ဒအနေနဲ့

စိတ်ဝိညာဥ်ကို ခင်ဗျားထံပါးလှူပါတယ်

ဒီသံသရာကနေ မလွတ်မြောက်ဖို့

အမျှမဝေပါနဲ့..............။


# မြကျွန်းညိုမှ လိပ်ပြာဝှက်တမ်း
#𝘾𝙧𝙚𝙙𝙞𝙩