𝐓𝐡𝐞 𝐏𝐬𝐲𝐜𝐡𝐨𝐥𝐨𝐠𝐲 𝐋𝐞𝐧𝐬 @thepsychologylens Channel on Telegram

𝐓𝐡𝐞 𝐏𝐬𝐲𝐜𝐡𝐨𝐥𝐨𝐠𝐲 𝐋𝐞𝐧𝐬

@thepsychologylens


If you're interested in helping people manage mental health issues, a bio that emphasizes clinical psychology would be ideal. You could mention topics like diagnosing mental health conditions, therapy techniques, and empathy-driven practices.
#psychology

The Psychology Lens (English)

Are you passionate about helping people manage mental health issues? Do you have an interest in clinical psychology and want to learn more about diagnosing mental health conditions, therapy techniques, and empathy-driven practices? Then look no further than 'The Psychology Lens' Telegram channel! This channel is dedicated to providing valuable insights into the world of psychology, offering informative discussions on a wide range of topics related to mental health. Whether you're a psychology student, a mental health professional, or simply someone who wants to expand their knowledge in this field, 'The Psychology Lens' is the perfect platform for you. Join us today and start viewing the world through the lens of psychology. #psychology

𝐓𝐡𝐞 𝐏𝐬𝐲𝐜𝐡𝐨𝐥𝐨𝐠𝐲 𝐋𝐞𝐧𝐬

24 Dec, 17:55


We are not manipulators; we are simply students of psychology.

Please don't mistake those who are interested in psychology as manipulators.

𝐓𝐡𝐞 𝐏𝐬𝐲𝐜𝐡𝐨𝐥𝐨𝐠𝐲 𝐋𝐞𝐧𝐬

06 Dec, 16:20


ဒီနေ့တင်ပေးမှာကတော့ အလွယ်တစ်ခုလွှမ်းမိုးနည်းပါ ဒါကsocial psychologyထဲကပုံစံကိုအတုယူထားတာမျိုးပါ Dark psychology အဖြစ်သုံးတာပါရှင်းရှင်းနဲ့ သုံးလို့ကောင်းတဲ့ဟာလေးမလို့ နားလည်‌လွယ်အောင်ရှင်းပြပေးပါမယ် သူတစ်ပါးရဲ့ ဆုံးဖြတ်ချက်နဲ့ အပြုမူသဘော‌ထားတွေကို လွှမ်းမိုးတာမျိုးပါ ပထမတစ်ချက် အနေနဲ့ ကိုယ်လွှမ်းမိုးထားတဲ့သူက သင့်ကို ယုံကြည်စိတ်ချလို့ရပါတယ်ဆိုတဲ့ စိတ်ခံစားချက်မျိုးရအောင်လုပ်ပေးပါ ပထမ အချက်ကို ယုံကြည်စိတ်ချမှုလို့အလွယ်မှတ်ထားပါ ဒီကနေတစ်ဆင့် အကြံပေးတာမျိုးနဲ့ သူ့ရဲ့ဆုံးဖြတ်ချက်တွေကို လွှမ်းမိုးချုပ်ကိုင်ရမှာပါ
ပထမ တစ်ချက်မှာပြောသလို သူ့ကိုယုံ‌လာအောင် ဒုတိယနည်းလမ်းကိုသုံးရမှာပါ လူတွေရဲ့စိတ်က သူတို့ပေါ်ကောင်းရင် လူကောင်းလို့မြင်တတ်ကြပါတယ် ဒါကိုကျတော့ တစ်ခုခြင်းဆက်ဆံမှုလို့နာမည်ပေးပါမယ် ဒုတိယချက်ကို လက်ဆောင်တွေပေးတာနဲ့အကူညီတွေပေးတာမျိုးလုပ်ပေးရင်ရပါတယ် ဒါဆို ယုံကြည်မှုကိုရပါမယ် နောက်တစ်ခုက သင့်ပြစ်မှတ်ရဲ့သဘောထားကိုသိအောင်လုပ်ထားဖို့ပါ သူ့သဘောထားနဲ့အတူ သူသွားမဲ့ ပန်းတိုင်ဆီ အတူသွားသလိုဟန်ဆောင်ပီး အပေါ်ကအချက်တွေသုံးရမှာပါ social psychology က လူတွေနဲ့ဆက်ဆံတဲ့အ‌ခါ အဆင်ပြေစေဖို့ကိုဦးတည်တာများပါတယ် ဒါပေမဲ့ အဲ့လိုကြီးကိုပျင်းလို့ ကိုယ့်ဘာသာ Dark social psychology ဆိုပြီး နည်းလမ်းလေးတွေ လာမျှဝေတာပါ အချင်းချင်း ဂျင်းထည့်နိုင်ကြပါစေ ဒီနေ့တော့‌ဒီလောက်ပါပဲ

𝐓𝐡𝐞 𝐏𝐬𝐲𝐜𝐡𝐨𝐥𝐨𝐠𝐲 𝐋𝐞𝐧𝐬

03 Dec, 14:05


မနက်ဖြန်ကစပီးပြန်တင်ပေး‌မယ်နော် ပျင်းနေလို့မတင်တာ စာဖတ်လိုက်ဂိမ်းဆော့လိုက် ဘေဘီလေးဘေးနားလေးကပ်နေရတာနဲ့ အလုပ်များနေလို့😪

𝐓𝐡𝐞 𝐏𝐬𝐲𝐜𝐡𝐨𝐥𝐨𝐠𝐲 𝐋𝐞𝐧𝐬

26 Nov, 10:40


အားလုံးကို ဒီချန်နယ်ကနေပီး အမှာစကားလေးပြောချင်ပါတယ် ကျွန်တော် Nickရဲ့ အစီစဉ်ကို ပါဝင်ပေးခဲ့ကြတဲ့ လူများစွာရှိခဲ့ပါတယ် ရက်ပိုင်းလေးပဲရှိသေးပေမဲ့ အစီစဉ်ကိုထိထိရောက်ရောက်ရှေ့ဆက်နိုင်ခဲ့ပါတယ် သို့ပေမဲ့ ဒီကိစ္စကြီးက အရမ်းပင်ပန်းပါတယ် ရှေ့ဆက်ပြီးတော့လည်း ခေါင်းပေါ်မတင်ထားနိုင်တော့ပါဘူး ဒါကြောင့် ကျုပ်ဟာ တစ်ကိုယ်ကောင်းသာပြန်ဆန်ပါတော့မယ် အရင်က Nick ပြန်ဖြစ်သွားပါပြီ ဘယ်သူ့ကောင်းကျိုးကိုမှ မသယ်ပေးနိုင်တော့တာမို့ ကွန်ကြောင်ချင်ရင် ဆက်ကြောင်ကြဖို့နဲ့ စောက်ရူးထချင်ရင် ဆက်ထကြပါလို့ပြောရင်း ဒီအစီစဉ်ကိုစတင်ခဲ့တဲ့ ကျွန်တော်ကိုယ်တိုင်ကပဲအဆုံးသက်ရင်း psychology နဲ့ ပက်သက်တာတွေပဲတင်တော့မယ်ဖြစ်ကြောင်းကို အသိပေးလိုက်ပါတယ် အားလုံးပဲ .
A proper greeting.

𝐓𝐡𝐞 𝐏𝐬𝐲𝐜𝐡𝐨𝐥𝐨𝐠𝐲 𝐋𝐞𝐧𝐬

16 Nov, 15:18


Love bombing ?

Love bombing က လူတစ်ကာ‌ပြောပြနေတဲ့အကြောင်းပါ ချန်နယ်တိုင်းလိုလိုပြောနေကြတဲ့အကြောင်းကို ကျွန်တော့်ရဲ့ချန်နယ်မှာ အတောင်းများနေတော့လည်း ‌တင်ပေးရတာပေါ့ Love bombing ကဘာလဲ ဘယ်လိုလူတွေလုပ်တတ်ကြလဲဆိုရင် ရှင်းရှင်းပြောရရင် playBoy playgirl တွေလုပ်တတ်ကြတဲ့အရာပါ တစ်ချို့ကတမင်လုပ်တာရှိတယ် မထင်မှတ်ပဲလုပ်မိတာတွေရှိတယ် ဒါတွေကိုနားလည်ထားရင်တော့ ကိုယ့်ကိုတကယ်ချစ်တာလား အဲ့လိုလာလုပ်နေတာလားကိုခွဲနိုင်ကြမှာပါ
ယောင်္ကျားလေးတော်တော်များများသုံးတတ်ကြတဲ့ပုံစံက အစပိုင်းမှာ အရမ်းကောင်းပြပြီး အလိုလိုက်တတ်တာပါ မိန်းကလေးဘက်က အတည်ချစ်ဖို့တွေးလာတဲ့အထိကိုကောင်းပြတယ် လိုတာတွေလုပ်ပေးတယ် ပြောစရာမရှိအောင်ကောင်းပေးတယ် တစ်ဖက်ကလည်း သူ့ကိုတကယ်ချစ်လာပြီးဆိုတာသိတာနဲ့ ဖြတ်ချပြစ်တာမျိုးပါ အကြောင်းရင်းမရှိဖြတ်တာရှိမယ်ဖြတ်ခံရတဲ့လူကိုအပြစ်လုပ်သူအဖြစ်ခံစားစေပြီးဖြတ်တာတွေရှိမယ် တစ်ချို့က တစ်ဖြေးဖြေးပုံစံပြောင်းလာတာပေါ့ မိန်းကလေးတွေသုံးတဲ့ပုံစံက သူ့ကိုစွဲသွားအောင်လုပ်တာရယ် အပေါ်မှာပြောသလို ‌ဂရုစိုက်ပေးတာတွေလည်းရှိမယ် တစ်ချို့ဆိုရင် ကိုကို့ ကို သဲသဲမှမကြိုက်ရင် ဘယ်သူကပြန်ကြိုက်မှာလည်းပေါ့ ဒီလူတစ်ယောက်အပေါ်မှာပဲ စိတ်ရှိပြီး အတည်ချစ်လာတဲ့အထိ လုပ်ယူတာ မရမကနည်းလမ်းမျိုးစုံနဲ့လုပ်ပြီးမှ ဖြတ်ပြစ်တာမျိုးကို Love bombing လို့အလွယ်ခေါ်လိုက်ကြတာပါ

အတိုချုပ်ပြောရမယ်ဆိုရင် တစ်ဖက်လူရဲ့ အချစ်စစ်ကိုယူပြီး ဒီဆက်ဆံရေးတစ်ခုလုံးကို ကစားစရာအရုပ်တစ်ခုလိုသဘောထားကာ ပြစ်ချခဲ့တာကိုဆိုလိုတာပါ
ဘယ်လိုနည်းနဲ့ပဲ‌သုံးသုံး အချစ်စစ်ကိုရတာနဲ့ ဒီ လိုရည်ရွယ်ချက်ရှိသူတွေကထားခဲ့ကြပါတယ် အားလုံးပဲသတိထားပီး ရည်းစားကြည့်ထားကြပါ။
အပေါ်ကပြောတဲ့ ပလေးဘွိုင်း ပလေးဂဲလ်ဆိုတာ တစ်ရက်တစ်ယောက်တွဲတဲ့ တောသူနဲ့တောသားတွေကိုပြောတာမဟုတ်ပါဘူး ဒီလိုလုပ်တဲ့လူတွေကိုပြောတာပါ

𝐓𝐡𝐞 𝐏𝐬𝐲𝐜𝐡𝐨𝐥𝐨𝐠𝐲 𝐋𝐞𝐧𝐬

08 Nov, 08:10


ပျင်းလိုက်တာနောက်မှတင်ပေးတော့မယ်

𝐓𝐡𝐞 𝐏𝐬𝐲𝐜𝐡𝐨𝐥𝐨𝐠𝐲 𝐋𝐞𝐧𝐬

03 Nov, 04:46


Win through your actions' never through argument

Law နံပါတ် 9

စာအုပ်ထဲကအတိုင်းဆိုရင် သူတပါးကို စကားနဲ့ပဲအနိုင်မယူပါနဲ့ လုပ်ရပ်နဲ့အနိုင်ယူဖို့ပါ ဒီ ဥပဒေသထဲက အတိုင်းဆိုရင်

အငြင်းအခုံမဖြစ်စေရန် ရှောင်ရှားပါ အငြင်းခုံက အပြန်အလှန်စိတ်ဆိုးစေပီးအချင်းချင်း စိတ်ဝင်စားမှု လေးစားမှုတွေ လျော့ကျစေနိုင်ပါတယ်

ပြောမနေပါနဲ့ ပြသလိုက်ပါ လူတွေက စကားထက် လက်တွေ့ပြသမှုများကိုပိုပြီးယုံကြည်တတ်ကြပါတယ် သင်ဘာသက်သေပြမလဲတာကို လကိတွေ့ အကောင်အထည်ဖော်ပြီးပြသပါ

အမူအရာ တည်ငြိမ်မှုကို ထိန်းသိမ်းပါ အငြင်းခုံထဲပါဝင်မိရင် အချို့က သင့်အပေါ် အမြင် ချို့ယွင်းစေနိုင်ပါတယ် အမူအရာနဲ့တည်ငြိမ်စွာ အကောင်‌အထည်ဖော်ခြင်းက အာဏာရှိသူ အဖြစ် ပိုမိုမှတ်ယူစေတတ်ပါတယ်

ဒီ laws တွေအကုန်လုံးက ကျင့်သုံးသူကို အာဏာ‌‌ရှိသူတစ်ဦးအနေနဲ့ရော ကိုယ်ကျိုးများစွာကို ဖြစ်စေတဲ့အချက်တွေချည်းပါပဲ

မတင်တာကြာလို့ ဖတ်မဲ့သူနည်းသွားလည်း အားရင်အားသလိုတင်နေပါဦးမယ် စာရေးရတာဝါသနာမို့လို့ ဒီတိုင်းလေးပဲဆက်ရေးပါမယ်

𝐓𝐡𝐞 𝐏𝐬𝐲𝐜𝐡𝐨𝐥𝐨𝐠𝐲 𝐋𝐞𝐧𝐬

20 Oct, 01:11


48 laws ထဲက နံပါတ် 7

Get Others to Do the Work for You, but Always Take the Credit

ဒီဥပဒေအရ အခြားသူတွေကို သင့်အတွက် အလုပ်လုပ်စေပြီး၊ သင်ပဲ အောင်မြင်မှုတွေ တိုးတက်မှုတွေရယူဖွင့် အကြံပေးထားတဲ့ law ပါ

အဓိကနားလည်ရမှာက အခြားသူတွေရဲ့ အချိန်၊ စွမ်းအားနဲ့ အားထုတ်မှုတွေကိုသင့်အတွက် အချိန်ပေး‌ေစတာမျိုး သူတို့လုပ်ရက်တစ်ခုချင်းဆီတိုင်းမှ သင့်တွက် အကျိုးတွေကပိုများပါမယ်။ ဒါပေမဲ့ အမြဲလိုလို သင့်ကိုယ်ပိုင် အကျိုးဆောင်မှုတွေနဲ့ အရေးပါမှုတွေကို တိုးတက်စေဖို့ သေချာရမယ်။

ဒီနည်းကို အရင်းရှင်တွေသုံးတာကိုမြင်ရတယ် လုပ်ငန်းထောင်လိုက်တယ် ငွေပဲစိုက်တယ် အလုပ်သမားတွေအလုပ်လာလုပ်ရင်သူ့တွက်အကျိုးကပိုများပါတယ် အဲ့လိုမျိုးကိုဆိုလိုတာပါ Dark ဆန်ဆန်ပြောရမယိဆိုရင်တော့ ကိုယ်လုပ်ချင်တဲ့အရာတစ်ခုကို ကိုယ်တိုင်မလုပ်နဲ့ သူငယ်ချင်းသို့မဟုတ် ကိုယ့်အသိ‌ထဲက မည်သူကိုမဆို စိတ်ဝင်စားပြီး လုပ်ပေးချင်လာအောင် ‌ဆွဲ‌ဆောင်တာမျိုးပါ အဲ့လိုမျိုးကျတော့ ကိုယ်ဖြစ်ချင်တဲ့ ကိစ္စကို တစ်ခြားသူက အစားထိုးဝင်လုပ်ပေးတာမို့ ကိုယ့်တွက်အဆင်ပြေပေမဲ့ ဝင်ရှုပ်လိုက်တဲ့ လူတွက်ကျ ပြဿနာတွေရှိလာနိုင်ပါတယ် ဒီ‌နည်းကိုကျ လူတိုင်းလိုလိုသိထားသင့်တယ်ထင်လို့တင်ပေးလိုက်တာပါ။ သူတစ်ပါးချယ်လည်ချင်းကိုမခံရပါစေနဲ့

𝐓𝐡𝐞 𝐏𝐬𝐲𝐜𝐡𝐨𝐥𝐨𝐠𝐲 𝐋𝐞𝐧𝐬

07 Oct, 00:06


(Psychopath )
ဒီနေ့တော့ psychopath တစ်ယောက်အကြောင်းပြောသွားချင်တယ် psychopath ဆိုတာ သဘာဝကျကျရှိကြတတ်တဲ့ ခံစားချက်တွေမရှိတဲ့လူတွေလို့အလွယ်မှတ်လို့ရတယ် သနားတဲ့စိတ် အကြင်နာဖြစ်တဲ့စိတ် စိတ်တိုတာ ဝမ်းနည်းတာ ဒါတွေမရှိတဲ့ လူလို့အလွယ်မှတ်ထားပါ။ ဒီစိတ်တွေမရှိတော့ သူများတွေထက်ပိုရက်စက်တယ် အတွေးတွေကလည်းထူးဆန်းနေတာပေါ့ နောင်တတရားတွေ စိတ်ဖိစီးမှုတွေ မခံစားနိုင်ဘူးလေ

Psychopath ရဲ့ အဓိက လက္ခဏာတွေကို ပြောပြမယ် တစ်ချို့ psychopath တွေက အရူးတစ်ယောက်လိုပဲ ရိုင်းတယ် စိတ်မမှန်ဘူး ပြန်ထိန်းနိုင်တဲ့ကောင်တွေကျ မျက်နှာပြင်မှာ ဟန်ဆောင်မှုတွေနဲ့နေပြီး အတွင်းစိတ်ထဲရှုပ်‌ထွေးနေတာမျိုးပါ ‌ဆိုးကျိုးဖြစ်မဲ့ဆုံးဖြတ်ချက်တွေ အပေါင်းသင်းတွေရဲ့ စိတ်ခံစားမှုကို ဆော့ကစားတတ်ပါသေးတယ်။

နောက်တစ်ခုက အပြစ်ကိုမခံစားတတ်ကြတာပါ
သာမန်လူဆို အပြစ်လုပ်ပြီးရင် နောင်တကအနောက်ကပါလာတတ်ပြီး ဒီအပြစ်ကိုမှားမှနိးသိတာပဲဖြစ်ဖြစ် နောင်တရတာပဲဖြစ်ဖြစ် ခံစားချကိတွေဝင်လာတတ်ပါတယ်။
Psychopath တွေကျ သူတို့လုပ်လိုက်တဲ့အပြစ်တွေကို အမှားလို့ကိုမမြင်ပဲ သာမန်အရာတစ်ခု့လို့မြင်ထားတာကြောင့်နောင်တလည်းမရသလို အပြစ်ကိုလည်းဘာမှမခံစားကြတာပါ။

Psychopath တွေက လိမ်လည်တတ်ကြပါတယ် သူတို့က လိမ်ပြောတဲ့နေရမှာအရမ်းတော်ပါတယ် ခံစားချက်မရှိတော့ သူတို့လိမ်လို့လိမ်နေမှန်းလည်းမသိရပါဘူး တစ်ဖက်လူအကြိုက်လည်းပြောတတ်သေးတယ် စကားနဲ့ထိန်းချုပ်သွားတာမျိုးပါ

နောက်တစ်ချက်ကမေးခွန်းနဲ့ ထိန်းချုပ်နိုင်ပါတယ် ဒီတစ်ချက်ကတော့ ခြိမ်းခြောက်တာဖြစ်ပြီး တကယ်မလုပ်ရသေးရင်တောင် သူလုပ်ထားတဲ့ စတိုင်နဲ့ မေးခွန်းတွေမေးတော့ အမေးခံရတဲ့ကောင်က တကယ်တွေသွေးပျက်နေရတာပေါ့ ။

ဒါကတော့ psychopath တွေရဲ့ လက္ခဏာတွေပါ

𝐓𝐡𝐞 𝐏𝐬𝐲𝐜𝐡𝐨𝐥𝐨𝐠𝐲 𝐋𝐞𝐧𝐬

05 Oct, 02:16


The 48 laws of power ရဲ့စာအုပ်အကြောင်းကိုသိချင်တဲ့လူတွေအတော်များတာကြောင့်တင်ပေးလိုက်ပါတယ် အလွယ်မတင်ပဲ အသေချာနားလည်‌ရုံတင်မကရှင်းလင်းသွားတဲ့ထိ ရှင်းပြသွားပါမယ်

ဒါဆို ပထမဦးဆုံး law ဖြစ်တဲ့
( Never Outshine the master )ဆိုတဲ့ ဥပဒေသကိုရှင်းပြသွားမှာပါ

အရှင်းလင်းဆုံးပြောရမယ်ဆိုရင် မင်းထက် အာဏာရှိနေတဲ့လူတွေရှေ့မှာ ကျွမ်းကျင်မှု အောင်မြင်မှုတွေကို ပိုပြနေမိရင် သူတို့က မင်းအပေါ်မှာ မလိုလားအပ်တဲ့မနာလိုစိတ် ရန်လိုစိတ်တွေရှိလာနိုင်တယ် အဲ့ဒါကြောင့် သူတို့ထက် တော်ကြောင်းတတ်ကြောင်းမပြနဲ့ပေါ့ သူတို့က ပိုတော်ပိုသိကြောင်းပြသဖို့လိုတယ် အထက်လူ‌ကြီးတွေက ကိုယ်ဘာမှမလုပ်ပဲ ဆူတာတွေရှိတယ်မလား ကိုယ့်ထက်အာဏာကြီးတဲ့လူ ဘယ်သူမဆို မိသားစုမှာပဲဖြစ်ဖြစ် အလုပ်မှာပဲဖြစ်ဖြစ် အကြောင်းရင်းမဲ့ ဆူတာက သူတို့ထက်တတ်ကြောင်းသာကြောင်းပြမိလို့ သူတို့ကိုမလေးမစားလုပ်မိလို့ ဒါမှမဟုတ် သူတို့ထက် ပိုပြီးသိနေတာတတ်နေသလိုလုပ်ပြလို့ သူတို့စိတ်ထဲမှာ မနေသာတော့ပဲ ဆူမိ ဟောက်မိ ရန်ရှာမိကြတာပါ သူတို့ကို Respectတစ်ခုထားပြီး ကိုယ့်လမ်းကိုလျှောက်ရမှာပါ။ သူတို့က ဆရာကြီးတွေဆိုတာကို မင်းမမေ့ကြောင်းပြပေးပေါ့ ကိုယ့်ဆရာဆိုရင်လည်း သူ့ကိုဆရာပြန်မလုပ်ပဲ မသိတဲ့မေးခွန်းလေးတွေမေးတာ ဒါမျိုးတွေလုပ်ပေးရင် သူတို့စိတ်ထဲ ဆရာလုပ်နေရပါလားဆိုတဲ့ခံစားချက်ကြောင့် မင်းကို ရန်လိုမဲ့စိတ်လည်းမရှိတော့ဘူး‌။
‌အပေါ်မှာလည်း မနာလိုစိတ်ကြောင်းရှင်းပြတုန်းက မနေဂျာနဲ့ ဥပမာထားပီးရှင်းပြဖူးတယ် အဲ့လိုမျိုးနဲ့ တူတူပါပဲ ဒီ law ကတော့ အရှင်းလင်းဆုံးကတော့ ဆရာကိုဆရာပြန်မလုပ်နဲ့ ဘုရင်‌ခေတ်ကပုံစံပေါ့ ဘုရင်ပြောတာကို လိုက်ယောင်ပေးရသလို မယောင်ပေးရင် ဘုရင့်အာဏာနဲ့ ရှောကြရတယ်လေ ဒီစာအုပ်က အရင်တုန်းက ရေးခဲ့တာ‌ဆိုတော့ သူတို့စနစ်တွေနဲ့တော့ ကိုက်ညီပါတယ် အခု ကျွန်တော်တို့ခေတ်မှာ ဒီ lawကို ကျွန်တော့်အမြင်ရ လုံးဝမကြိုက်ပါဘူး အရည်ချင်းဖုံးရတာတစ်ခုလောက်ပဲကြိုက်တယ် ကျန်တာမကြိုက်တာမို့လို့ ဒီလောက်ပဲရှင်းပြပေးပါမယ် မနက်ဖြန်ကျရင် နောက် law တစ်ခုတင်ပေးပါမယ်။
အားလုံးပဲ bye

𝐓𝐡𝐞 𝐏𝐬𝐲𝐜𝐡𝐨𝐥𝐨𝐠𝐲 𝐋𝐞𝐧𝐬

03 Oct, 17:30


Happy 20th birthday to me 🎂

𝐓𝐡𝐞 𝐏𝐬𝐲𝐜𝐡𝐨𝐥𝐨𝐠𝐲 𝐋𝐞𝐧𝐬

01 Oct, 02:03


2.2k Morning

𝐓𝐡𝐞 𝐏𝐬𝐲𝐜𝐡𝐨𝐥𝐨𝐠𝐲 𝐋𝐞𝐧𝐬

01 Oct, 00:13


(Domino effect)

ကျွန်တော်က psychology ကိုလေ့လာနေသူတစ်ယောက်ဆိုတော့ဘယ်‌လှည့်ကွက်မဆိုpsychologyနဲ့နှိုင်းယှဉ်ပြီးမြင်မိပါတယ် Domino effect ကိုလည်းကျွန်တော်တွေးမိသလောက်လေး‌ပြန်ဝေမျှချင်ပါတယ်

ပုံထဲမှာပါတဲ့အတိုင်းဆို - ပထမ အချက်ကိုလှဲလိုက်ရင်သူကိုယ်တိုင်ဒုက္ခပြန်ရောက်ရပါမယ်သေချာကြည့်ကြည့်ပါ။

ဒါကတော့ရိုးရှင်းပါတယ်မယှဉ်ပြိုင်သင့်တဲ့ရန်သူမပေါင်းသင့်တဲ့အပေါင်းသင်း မသွားသင့်တဲ့နေရာမပြောသင့်‌တဲ့စကားသေးသေးလေးတွေကအစအမှားနည်းနည်းလုပ်မိတာနဲ့ Domino effect ကဖြစ်လာနိုင်ပါတယ်။
နောက်ပုံစံတစ်မျိုးနဲ့ကြည့်ရမယ်ဆိုရင် Domino effect ကို တစ်ခြားတစ်ယောက်ကဖန်တီးသွားတာပါမထင်မှတ်ပဲလုပ်မိတာမျိုးသိသိကြီးနဲ့ တမင်ရည်ရွယ်ပြီးလုပ်တာမျိုးတွေလည်းရှိပါတယ် ဘယ်လိုဖန်တီးကြလည်းဆိုရင် ကိုယ်က ကိုယ်အရမ်းချစ်တဲ့ကောင်မလေးနဲ့ ပုံမှန်အတိုင်းအဆင်ပြေနေတာကို ဘေးကနေ ဝင်လာတာပါ သူငယ်ချင်းတွေထဲမှာရှိပါတယ် စိတ်အရမ်းမဆိုးတတ်တဲ့ကောင်မလေးကိုစိတ်ဆိုးတတ်လာအောင် ပြောတာမျိုးပါဒီကိစ္စလေးက သေး‌သေးလေးဆိုပေမဲ့နောက်ဆက်တွဲက Domino effect လိုပါပဲ တစ်ဖြေးဖြေး သူတို့နှစ်ယောက်ရဲ့ကြားထဲမှာရန်ဖြစ်တာစကားများတာကရှိလာကြပါမယ်။ပုံပါနေတော့စာအများကြီးရေးမရဘူးနောက်တစ်ခုတင်ပြီးဆက်ရေးပြပါမယ်

𝐓𝐡𝐞 𝐏𝐬𝐲𝐜𝐡𝐨𝐥𝐨𝐠𝐲 𝐋𝐞𝐧𝐬

27 Sep, 01:45


ကိုယ့်မိတ်ဆွေ သူငယ်ချင်းတွေလည်း သိဖို့ ချန်နယ်လင့်လည်းပေးလိုက်ကြဦး တစ်ကိုယ်ကောင်းဆန်တာမကောင်းဘူးမလား
https://t.me/thepsychologylens

𝐓𝐡𝐞 𝐏𝐬𝐲𝐜𝐡𝐨𝐥𝐨𝐠𝐲 𝐋𝐞𝐧𝐬

27 Sep, 01:36


(တွေးတတ်ဖို့)

Morning ပါ ကျွန်တော်ဒီနေ့တင်ပေးချင်တာက အတွေးတွေနဲ့အနည်းငယ်တော့ပတ်သက်မယ် ချန်နယ်မှာစာလာတင်တိုင်း စာရေးတုန်းတွေးပီးတင်တာရှိတယ် အခုလိုစာမျိုးဆို တွေးရင်းရေးနေတာပါ အပေါ်က အချက်လဒ်တွေကိုးကားပြီး‌တင်တာကျ ‌တစ်မျိုးပေါ့ တွေးတဲ့စနစ်ကို ကိုယ်တိုင်ဖန်တီးတတ်ဖို့လာပြောတာပါ ဘာလုပ်လုပ် အတွေးကိုအရှေ့ကလွှတ်စေချင်တယ် မှားလားမှန်လားဆိုတာကအရင်စပေါ့ ဒါကရိုးရိုးလေးပါပဲ မှန်သလားမှားသလားကို ကိုယ်တိုင်တွေးပြီးကွဲခြားဖို့ပေါ့ ဒီလောက်ရိုးတဲ့ဟာကိုမပြောပါဘူးပြောချင်တာက

နောက်ထပ်တစ်ဆင့်ကိုပြောချင်တာပါ ကိုယ်ပြောမဲ့စကားလုံးတွေကိုပါတွေးတာပါ ဘာလုပ်လုပ်ကိုအရင်တွေးတာပါ စာဖတ်ရင်တောင် စာရဲ့အရေးသားကဘယ်ကိုဦးတည်နေတာလည်းကိုတွေး‌ရင်းဖတ်သွားတာမျိုးပေါ့ အဲ့လိုလုပ်ချင်းကအမှားနည်းပီးသတိကပ်သလိုဖြစ်တယ် ဥပမာပေးရမယ်ဆိုရင် အသေးလေးကပဲစမယ် ချန်နယ် တစ်ခုကို ဝင်တယ်ပဲထား သာမန်လူတွေဆိုရင် ဒီတိုင်းပဲဝင်လိုက်တယ် ဘာမှကိုတွေးမနေဘူး တစ်ချို့ဆို ဘာချန်နယ်မှန်းတောင်မသိပဲဝင်လိုက်တာမျိုးတွေရှိတယ်၊ ကျွန်တော့်အနေနဲ့ဆိုရင်တော့ဘာလုပ်လုပ် အတွေးခေါ်ကအရင်အလုပ်လုပ်ပါတယ်။ ချန်နယ်ဝင်တာစမယ်ဆိုရင် ဒီချန်နယ်မှာ ငါ့တွက်ဘာရနိုင်လဲ ဘယ်ချိန်ထိ အသုံးဝင်နိုင်လဲ ဘာအကျိုးရှိ‌နိုင်လည်းပေါ့။ နောက်တစ်ခုဆိုရင် TikTok ထဲမှာ like ပေးတာကအစ မလိုအပ်ပဲ မပေးတဲ့လူတွေရှိတယ် သိမ်းချင်တဲ့ဟာတွေကိုပဲရွေးပီးပေးတတ်တဲ့လူမျိုးတွေပေါ့ ဒီလိုလူ‌မျိုးတွေထဲကျွန်တော်ပါတယ်‌ဗျ လိုအပ်မှပေးတာ တွေးခေါ်ပြီးမှရှေ့ဆက်ကြတာကအကောင်းဆုံးပါပဲ နောင်တရစရာဆိုတာလည်း သိပ်ရှိလာမှာမဟုတ်ဘူး အကုန်လုံးကို အရင်တွေးပြီးကောင်းလားဆိုးလား ကိုယ့် ခံစားချက်နဲ့လား ဖြစ်သင့်တဲ့ဟာလား ဝေခွဲပြီးမှဆုံးဖြတ်တာဆိုတော့ နောင်တတော့မရှိပါဘူး။ ပြောချင်တာကအ‌ရင်ဆုံး တွေးပြီး ကိုယ့်လုပ်ရက်က ဘာတွေဖြစ်သွားနိုင်လည်းကိုကြည့်ဖို့ပါပဲ။

ဒါနဲ့ ချန်နယ်ထဲကလူတွေကိုမေးချင်တာလေးတစ်ခုရှိတယ် ဒီချန်နယ်ကိုဘယ်ကစသိပြီးဘာကြောင့်ဝင်ဖြစ်တာလဲ

𝐓𝐡𝐞 𝐏𝐬𝐲𝐜𝐡𝐨𝐥𝐨𝐠𝐲 𝐋𝐞𝐧𝐬

26 Sep, 13:13


https://t.me/Nick_Officially_Acc/s/60

𝐓𝐡𝐞 𝐏𝐬𝐲𝐜𝐡𝐨𝐥𝐨𝐠𝐲 𝐋𝐞𝐧𝐬

23 Sep, 09:41


Mind control နဲ့ပတ်သက်ပြီး ပြောစရာလေးနည်းနည်းရှိတယ် ဒီဟာကတစ်ခြားထိန်းချုပ်တာဂျင်းထည့်တာတွေထက်ပိုပြီးအဆင့်မြင့်တယ် အကျိုးဆက်ကလည်းကြမ်းတယ် တယ်လီမှာ အဲ့လိုလုပ်လို့လုပ်မှန်းမသိပဲ လုပ်မိနေတဲ့လူတွေရှိပါတယ် ချန်နယ်ထောင်ပြီး လူတွေကိုဂျင်းထည့်ပြီးအမှားတွေတင်ပေးတာမျိုး‌ပါ အဲ့တာမျိုးလုပ်ရင် ပညာအမှားဆိုတဲ့စကားအတိုင်း အသိအမှားတွေ သတိအမှားတွေ ဆွဲကပ်သွားနိုင်ပါတယ် တစ်ချို့ဆို Dark psychology ကိုစိတ်ဝင်စားတယ် လေ့လာတယ် ချန်နယ်တွေ မှားပြီး လေ့လာမိတယ် အဲ့လိုဆိုရင် ကာကွယ်နည်းမသိပဲ Manipulation လောက်ကိုပဲသိသွားပီ အဲ့ထဲကိုမှ အချက်တစ်ချို့ကိုပဲစာအရေးသားကြောင့် နားလည်ယောင်ယောင်ဖြစ်သွားတာမျိုး အဲ့လိုဟာတွေကို နည်းလမ်းထင်ပြီးလိုက်သုံးကြည့်တာမျိုးတွေလုပ်မိနေတာမျိုးဆိုလည်း Mind control လုပ်ခံရတာနဲ့တူတူပါပဲ နိုင်ငံမှာ အဓိကကျတဲ့ မီဒီယာတွေဆိုရင်လည်း ဒီ Mind control ကိုထည့်သုံးလေ့ရှိတယ် အကုန်လုံး ဒါကိုနားလည်ထားမယ်ဆိုရင် ရှောင်နိုင်ရှားနိုင်ပါမယ် သတင်းတစ်ခုကိုကြားတိုင်းအမှန်ဆိုပြီး တန်းယုံတဲ့လူတွေကိုတော့ဘာမှထွေထွေထူးထူးမပြောတော့ပါဘူး အခုတော့ဒီလောက်ပါပဲ

𝐓𝐡𝐞 𝐏𝐬𝐲𝐜𝐡𝐨𝐥𝐨𝐠𝐲 𝐋𝐞𝐧𝐬

23 Sep, 00:19


2.1k Morning

𝐓𝐡𝐞 𝐏𝐬𝐲𝐜𝐡𝐨𝐥𝐨𝐠𝐲 𝐋𝐞𝐧𝐬

21 Sep, 17:45


ပျင်းတာနဲ့ညပိုင်းမှာပဲတင်ပေးပါမယ် အချိန်ကိုမကြည့်ပဲ အားတဲ့ချိန်ဝင်ဖတ်လို့ရ‌အောင်တင်ပေးလိုက်တာပါ
ခေါင်းစဉ်လေးက

(Dark psychology အခြေပြု မျိုးကွဲများ)

Dark psychology ဆိုတာ လူတစ်ဦးနဲ့ တစ်ဦး ဆက်ဆံရာမှာ မကောင်းတဲ့ ရည်ရွယ်ချက်တွေ၊ သဘောထားတွေ၊ စာနာမှုမရှိခြင်းတွေကို အသုံးပြုပြီး အခြားသူကို ထိန်းချုပ်ဖို့ ကြိုးစားတဲ့နည်းလမ်းတွေကို ရည်ညွှန်းတာပါ။

Dark psychology နဲ့ ဆက်စပ်တဲ့ နည်းလမ်းတွေကတော့
1. Manipulation (ထိန်းချုပ်မှု) အခြားသူရဲ့ စိတ်ခံစားချက်တွေ၊ အယူအဆတွေကို ထိန်းချုပ်ပြီး သူတို့ကို လိုချင်တဲ့ပုံစံ ကိုယ်လုပ်စေချင်တဲ့အလုပ်ဒါတွေကို လုပ်ဖို့ ထိန်း‌ချုပ်တာပါ

2. Gaslighting
အခြားသူ့ကို သူ့အမှန်တွေကို သံသယဖြစ်အောင်လုပ်ပြီး သူ့စိတ်ကို အနည်းအကျဉ်းမှာ လွယ်ကူစွာ ထိန်းချုပ်ဖို့ ဖြစ်ပါတယ် သူမှန်နေရင်တောင်မှားနေတဲ့ဆိုက်ဖမ်းပြီးဖြဲခြောက်တာပေါ့ ဒါကလည်း ထိန်းချုပ်တတ်ရင် ဂျင်းထည့်ခံရမဲ့အကွက်မျိုးပေါ့

3. Narcissism ကိုယ်ပိုင်ကောင်းချီးမြှောက်မှုကို အခြေပြုပြီး အခြားသူများကို သိမ်ငယ်စိတ် အားကျစိတ်တွေထည့်ပြီးထိန်းချုပ်သလိုပေါ့ ငါကသာအကောင်းဆုံး မင်းတို့ဘဝတွေက ဘာမှမဟုတ်ဘူး အဲ့လိုမျိုးထိန်းချုပ်ပြီးကြိုးကိုင်တာကိုပြောတာပါ

4. Mind Control (စိတ်ထိန်းချုပ်ခြင်း)လူတစ်ဦးရဲ့ သဘောထား၊ အတွေးအခေါ်တွေကို ပြောင်းလဲချင်တဲ့ အထိ အလှည့်အပြောင်းလုပ်ပြီး အခြားသူများကို ချို့ယွင်းစေခြင်း ဒါကြီးကတော့တကယ်ကြမ်းတယ် အပေါ်ကဟာတွေလောက်ကအသာလေး ဒါက သဘောထားတွေ စိတ်ကူးတွေကိုပါပြောင်းပြစ်နိုင်တာ တစ်ချို့ဆို ဒါကိုကလေးတွေကိုသုံးကြတယ်

#Darkpsychology?

𝐓𝐡𝐞 𝐏𝐬𝐲𝐜𝐡𝐨𝐥𝐨𝐠𝐲 𝐋𝐞𝐧𝐬

21 Sep, 10:27


ဒီချန်နယ်ကို အကျိုးရှိတာပဲလုပ်ပါတော့မယ် ကျွန်တော် စိတ်ဝင်စားတဲ့ psychology အကြောင်းကို ဘက်စုံနေအောင် ဒီမှာတင်ပေးပါမယ် စိတ်ပညာကို ငယ်ငယ်လေးထဲက စိတ်ဝင်စားပီးလေ့လာခဲ့တာမို့ တော်တော်များများကို နားလည်‌သဘောပေါက်ပြီးသားပါ နောက်ပိုင်းတွေမှာလဲ စိတ်ပညာကျောင်းကို ‌တက်ဖို့ရှိတာမို့ ဒီချန်နယ်က အလကားရမဲ့ ရွှေတွင်းရှိတဲ့ ဒေသတစ်ခုဆိုလည်းမမှားပါဘူး တူးတက်ရင် ရသလောက်ကို မိတ်ဆွေတို့အပိုင်ပါပဲ ယူချင်သလောက်ရပါမယ် တွေးတတ်သလောက် တိုးတက်ပါမယ် ကျွန်တော်ကိုယ်တိုင်ကလည်း ဆယ်ကျော်သက်မို့ လွတ်လွတ်လပ်လပ်နဲ့ ဝါသနာအနောက်ကိုပဲလိုက်မှာပါ ဒီလိုစာရေးရတာကလည်း ဝါသနာတစ်ခုမလို့ အမြဲလိုလို ဒီချန်နယ်မှာ မိတ်ဆွေတို့နဲ့အတူရှိနေပါမယ် အရေးကြီးဆုံးတစ်ခုက ချန်နယ် ပုံနဲ့ နာမည်ကို ချိန်းခွင့်ပေးပါလို့ တောင်းဆိုချင်တာပါ အရင်က ကိုယ်တိုင်တွက်ရော သူများအတွက်ပါ အကျိုးမရှိတဲ့ ကွန်ကြောင်တဲ့အလုပ်ကိုလုပ်ခဲ့တာမို့ ဒီချန်နယ်ကို ပြန်လည်ပြု့ပြင်ပြီး တကယ်ကိုအသုံးဝင် ကာကွယ်လို့ရမဲ့ နည်းလမ်းကောင်းတွေကိုဝေမျှသွားပါမယ်။

#Nick
#Psychology

𝐓𝐡𝐞 𝐏𝐬𝐲𝐜𝐡𝐨𝐥𝐨𝐠𝐲 𝐋𝐞𝐧𝐬

20 Sep, 13:28


1 မနာလိုချင်း‌ဥပဒေသ
The laws of Human Nature
စာအုပ်ထဲမှာပါတဲ့ ဥပဒေသတစ်ချက်ကိုအရင်ဆုံးရှင်းပြချင်တယ် ဒီဥပဒေသကို စာအုပ်ထဲကအတိုင်းမဟုတ်ပဲ ကျွန်တော့်အတွေးနဲ့ပြန်တင်ပေးမှာပါ ဥပမာချင်းမတူပါဘူး အထက်အရာရှိနဲ့ပဲစကြတာပေါ့ ကိုယ်က ဆိုင်တစ်ဆိုင်ရဲ့ အလုပ်သမားနေရာကခံစားကြည့်ပါ ကိုယ့်အထက်မှာ မနေဂျာဆိုတာရှိပါသေးတယ် အဲ့လို ကိုယ့်ထက်နေရာရနေပီးသားလူတွေရဲ့မနာလိုစိတ်ကိုရှင်းပြချင်တာပါ

မနေဂျာတွေရဲ့စိတ်မှာကသူတို့ရဲ့နေရာကိုလုသွားမှာ သူတို့ထက်ပိုတော်နေမှာ သူတို့ထက် ဆိုင်ပိုင်ရှင်တွေ လုပ်ငန်းပိုင်‌ရှင်တွေနဲ့ပိုရင်းနီးမှာ ဒါမျိုးတွေကိုကြောက်တတ်ကြတယ် မနာလိုလည်းဖြစ်တတ်ကြတယ်။ လူတွေဆိုတဲ့အတိုင်း ဘယ်လောက်ပဲမနာလိုဖြစ်နေပါစေ အဲ့လူရှေ့မှာဆို ဟန်ဆောင်အပြုံးတွေနဲ့ဖုံးကွယ်ပီးနေလေ့ရှိကြတယ် အတုယောင် ချီးမွမ်းမှုတွေ အတုယောင် အားပေးစကားတွေနဲ့ပဲ သူတို့ရဲ့မနာလိုစိတ်ကို လူတွေမမြင်အောင်ဖုံးကြတာပေါ့။ ကိုယ်က ဒီအလုပ်ထက်ကောင်းတဲ့ အလုပ်အသစ်ရလို့ ဒီဆိုင်ကထွက်မယ်ဆိုရင်တောင် အလုပ်ဖြုတ်လို့ပြုတ်ပါတယ်ဆိုတဲ့စကားကို မဟုတ်မမှန်ပြောတတ်ကြပါသေးတယ် ပစ္စည်းခိုးလို့အလုပ်ဖြုတ်တာတို့ အကျင့်မကောင်းလို့အလုပ်ထုတ်လိုက်တာတို့ ဒါမျိုးတွေကို လျှောက်ပြောတာပါ ဒါကလူတွေရဲ့ စိတ်ဓာတ်အမှန်ပါပဲ လူတိုင်းမှာ မကောင်းတဲ့အကျင့်နဲ့ မကောင်းတဲ့လုပ်ရပ်ကရှိပြီးသားပါ ဒီစာအုပ်ထဲမှာဆိုရင် အဲ့လို‌အကြောင်းရာတွေကို အတိအကျပြီးဖော်ပြထားတာပါ။

မနာလိုမဖြစ်အောင်ဘယ်လိုနေမလဲဆိုရင် ကိုယ့်လုပ်နိုင်စွမ်းကို အကုန်မသုံးပါနဲ့ အလုပ်တွက်လိုသလောက်ပဲသုံးပါ အရည်ချင်းရှိတိုင်းလည်း မကြွားဝါပါနဲ့ ကြွားဝါချင်းကြောင့် မနာလိုသူတွေ ဘေးမှာရောက်လာနိုင်ပါတယ်။ ကိုယ်ကိုတိုင်က မနာလိုသူတစ်‌ယောက်ဖြစ်နေမယ်ဆိုရင် အားကျတယ်ဆိုတဲ့ စကားလုံး စိတ်နေစိတ်ထားနဲ့ ပြန်ထိန်းလို့ရပါတယ်။ ဒီနေ့တော့ ဒီလောက်ပါပဲ နောက်နေ့တွေမှာလည်း လူ့စိတ်ရဲ့အမှောင်ဘက်ခြမ်းကို ဆက်တင်ပေးမှာပါ

𝐓𝐡𝐞 𝐏𝐬𝐲𝐜𝐡𝐨𝐥𝐨𝐠𝐲 𝐋𝐞𝐧𝐬

17 Sep, 09:16


𝐓𝐡𝐞 𝐏𝐬𝐲𝐜𝐡𝐨𝐥𝐨𝐠𝐲 𝐋𝐞𝐧𝐬 pinned «[ 2k ] and [ 2.1k ] မောနင်း»

𝐓𝐡𝐞 𝐏𝐬𝐲𝐜𝐡𝐨𝐥𝐨𝐠𝐲 𝐋𝐞𝐧𝐬

17 Sep, 00:44


[ 2k ] and [ 2.1k ] မောနင်း

𝐓𝐡𝐞 𝐏𝐬𝐲𝐜𝐡𝐨𝐥𝐨𝐠𝐲 𝐋𝐞𝐧𝐬

16 Sep, 12:07


မေးထားတဲ့ မေးခွန်းတွေထဲကတစ်ခုဖြစ်တဲ့ ကြွားဝါချင်စိတ်ကိုဘယ်လိုထိန်းရမလဲဆိုတာကိုဖြေပေးမယ် အရင်ဆုံးကြွားချင်စိတ်ကဘယ်ကဖြစ်လာတာလည်းဒါကိုသိဖို့လိုပါတယ်

ကြွားဝါချင်စိတ်က အခြားသူတွေရဲ့အာရုံစိုက်မှုကို ရယူချင်စိတ်၊ သို့မဟုတ် သူ့ကိုယ်သူ ထင်ရှားချင်စိတ်ကြောင့် ဖြစ်လာတတ်ပါတယ် ဒီစိတ်တွေက မကြာခဏ လူ့အသိုင်းအဝိုင်းက မိမိကိုသိစေချင်တဲ့တွက်ကိုယ့်အခန်းကဏ္ဍကို ပြသချင်စိတ်ကြောင့်ဖြစ်တတ်ပါတယ်

ဒီတော့ဘယ်လိုထိန်းရမလဲကိုဆက်ဖြေပေးပါမယ် ကြွားဝါတာက တကယ်ကိုအကျိုးမရှိပါဘူး ထိန်းဖို့ကလည်းမခက်ခဲဘူး အာရုံကို ကိုယ်လုပ်ရမဲ့ ရည်မှန်းချက်ပေါ်တင်ထားလိုက်ပါ ဒီလိုကြွားဝါနေရင် ကိုယ့်အလုပ်တွေမှာရှေ့မရောက်ပါဘူး လူအထင်ကြီးတာခံချင်စိတ်ကိုလည်းခဏမေ့ထားပေါ့ ကိုယ့်စိတ်ကိုယ်နိုင်တာပဲ ကြွားလိုက်လို့ လူတွေက အထင်ကြီးတာနည်းနည်း မနာလိုတာကများတော့မကြွားတာအကုန်ဆုံးပဲ ပစ္စည်းကိုပဲမကြွားခိုင်းတာမဟုတ်ဘူး ကိုယ့်အရည်ချင်းကိုမကြွားမိဖို့အထူးသတိပေးချင်တယ် တော်တယ်တတ်တယ်ဆိုတာ ကြွားဝါနေရင် လူအမြင်အထင်သေးရုံကလွဲရင် ဘာမှမရတဲ့အလုပ်မလို့ ကိုယ်လုပ်စရာရှိတာကိုပဲလုပ်ပြီးအရည်ချင်းကိုလိုသလောက်ထုတ်သုံးတာကအကောင်းဆုံးပေါ့

𝐓𝐡𝐞 𝐏𝐬𝐲𝐜𝐡𝐨𝐥𝐨𝐠𝐲 𝐋𝐞𝐧𝐬

14 Sep, 12:20


[ 1.8k ] and [ 1.9k ]အာညော်

𝐓𝐡𝐞 𝐏𝐬𝐲𝐜𝐡𝐨𝐥𝐨𝐠𝐲 𝐋𝐞𝐧𝐬

13 Sep, 16:30


[ 1.6k ] and [ 1.7k ] မင်ဂါဘာ

2,275

subscribers

1

photos

3

videos