کانال ပရ​လောကစာ​ပေ ဝတ္ထုများးး @the_maphelwhar در تلگرام

ပရ​လောကစာ​ပေ ဝတ္ထုများးး

ပရ​လောကစာ​ပေ ဝတ္ထုများးး
​ကော်ဖီ​သောက်ပါ စာဖတ်ပါ
အပင်​တွေနဲ့ စကား​ပြောပါ
အပင်​တွေက စကားပြန်​ပြောလာရင်​တော့
ဆရာဝန်နဲ့ ပြပါ. . . .🌻

​ကြော်ငြာကိစ္စစုံစမ်းရန် - @RAYOLIVERr
12,145 مشترک
65 عکس
7 ویدیو
آخرین به‌روزرسانی 01.03.2025 11:19

The Importance of Literature in Everyday Life

ပရလောကစာပေသည် လူ့ဘဝအတွက် အရေးကြီးသော အပိုင်းတစ်ခုဖြစ်သည်။ လူတစ်ယောက်၏ တိုးတက်မှုနှင့် အတွေးအခေါ်များကို ဖျော်ဖြေရန် စာပေကို အသုံးပြုနိုင်သည်။ လူတို့သည် အခြားလူများ၏ အတွေ့အကြုံများ၊ စိတ်ခံစားမှုများ နှင့် ပညာများအား ဖတ်ရှုခြင်းအားဖြင့် နောင်တဖြစ်ဖွယ်ရာ ကုန်စိုက်မှုများမှ လွတ်မြောက်ရန် ရည်ရွယ်နိုင်သည်။ စာပေသည် ဗဟုသုတကို ပေးစွမ်းပြီး၊ လူသားများအကြား ဆက်ဆံရေးကို တိုးတက်စေသည်။ အဖြစ်များအပေါ် ပဋိညာဥ်တို့ဖြစ်စေသည်၊ အသိပညာပေးမှုနှင့် လိုက်လျောညီညွတ်မှုကို ဆောင်ရွက်သည်။ စာဖတ်ခြင်းသည် သုတေသနဆောင်ရွက်ခြင်းနည်းပညာတစ်ခုဖြစ်ပြီး ယနေ့ခေတ်လူငယ်များအတွက် လေ့လာမှုရည်ရွယ်ချက်များထဲတွင် ပါဝင်လာသည်။

စာပေသည် ဘာတွေကို ဖျော်ဖြေရန် ကူညီပါသလဲ?

စာပေသည် အတွေးအခေါ်များကို ဖျော်ဖြေရန် အသုံးပြုနိုင်သည်။ စာဖတ်ခြင်းဖြင့် လူတို့သည် အခြားသူများ၏ အတွေးအခေါ်များကို နားလည်နိုင်ပြီး၊ ၎င်းတို့၏ သမိုင်း၊ ကိုယ်ရေးအချက်အလက်များ၊ ဆွေမျိုးနဲ့ ခံစားချက်များကို ခံစားကြောင်း သုတေသနဆောင်ရွက်နိုင်သည်။

ထို့အပြင် စာပေသည် လူသားများ၏ အတွေးအခေါ်တွင် အကျင့်စာတမ်းတစ်ခု ဖြစ်သည်။ လူတစ်ယောက်၏ အသိပညာတိုးတက်မှုတွင် စာပေ၏ အခန်းကဏ္ဍကို မျှော်လင့်နိုင်သည်။

စာဖတ်ခြင်းက လိပ်ပြာပန်းသီးကို ဘယ်လို လေ့ကျင့်စရာများကို ပံ့ပိုးမလဲ?

စာဖတ်ခြင်းသည် စိတ်ဝိွဇ္ဇာကို တိုးတက်ကာ၊ ဖျော်ဖြေရန် ကူညီသည်။ တစ်ချို့လူများအတွက် စာဖတ်ခြင်းသည် အစောပိုင်းကာလက ဖွံ့ဖြိုးမှုအတွက် အရေးကြီးသော အရာတစ်ခု ဖြစ်သည်။

စာဖတ်ခြင်းသည် ဖွဲ့စည်းခြင်းအားဖြင့် လိပ်ပြာပန်းသီးကို အကောင်းဆုံး လမ်းကြောင်းများတွင် ဖွံ့ဖြိုးတိုးတက်စေသည်။ စာဖတ်ခြင်းသည် လူ့စီးပွားရေးနှင့် လူမှုရေး ဘက်တွင် တိုင်ပင်အမြင်များရရှိစေပြီး၊ ဘဝကို ပိုမို နားလည်ရစေသည်။

စာပေသည် ယနေ့ခေတ်တွင် ဘယ်လို အခန်းကဏ္ဍကို ထိန်းသိမ်းထားသနည်း?

ယနေ့ခေတ်တွင် စာပေသည် လူမှုကွန်ယက်၊ အွန်လိုင်းမြင်ကွင်းများအားဖြင့် ဖွံ့ဖွိုးလာသည်။ လူတို့သည် နေအိမ်၌ရှိသော အင်တာနက်ကွန်ယက်များမှ စာဖတ်နိုင်သလို၊ အွန်လိုင်းစာအုပ်များမှလည်း ဖတ်ရှုနိုင်သည်။

ထို့အပြင် ပရိသတ်တွေကို ဆက်သွယ်ရန်ရည်ရွယ်သော ရှာဖွေရေးများကို ပြုလုပ်နိုင်စေသည်။ ယနေ့ခေတ်တွင် စာပေသည် စိတ်ပိုင်းဆိုင်ရာ ဖျော်ဖြေရန်သာမက သင်ကြားရေးအတွက်လည်း အရေးကြီးသည်။

စာပေသည် လူ့အဖွဲ့အစည်းများအတွက် ဘယ်လို အကျိုးသက်ရောက်မှုများ ရှိသနည်း?

စာပေသည် လူ့အဖွဲ့အစည်းများအတွင်း သံလွင်မှုများကို ဖျက်ရှင်ရန် ရည်ရွယ်သည်။ လူသားများကို နှစ်သက်စေရန်နှင့် သက်ဆိုင်ရာများအကြား ဆက်ဆံရေးကို တိုးတက်စေသည်။

လူ့အဖွဲ့အစည်း၏ ဦးတည်ချက်ကို ကူညီပေးသည်။ စာပေများသည် လူများ၏ အတွေးအခေါ်များကို ပြသနိုင်ပြီး၊ လူများကြား အချစ်၊ မေတ္တာနှင့် အကြောင်းအရာများမှတစ်ဆင့် ပြန်လည်ဆွေးနွေးမှုများကို ဖွင့်လှစ်နိုင်သည်။

စာပေ၏ သင်ခန်းစာများကို ဘယ်လို လေ့လာနိုင်သနည်း?

စာပေကို လေ့လာရန် အထွေထွေရေးစက်မှုများကို အသုံးပြုလိုက်ပါ။ စာဖတ်ခြင်း၊ စာရေးခြင်း၊ ပြောဆိုခြင်း၊ နားထောင်ခြင်းတို့သည် လူများ၏ စိတ်ပညာကို တိုးတက်စေသည်။

နောက်ထပ် စာအုပ်များ၊ သီချင်းများ၊ ရုပ်ရှင်များမှ သင်ခန်းစာများကို လေ့လာနိုင်သည်။ လူတွေကို ကြိုးစားခဲတယ်ဆိုရင် ကျင့်သုံးသင့်သည်။

کانال تلگرام ပရ​လောကစာ​ပေ ဝတ္ထုများးး

ပရ​လောကစာ​ပေ ဝတ္ထုများးး ဂုဏ်ဆောသွားတစ်ယောက်အတွင်း စာဖတ်ရေးနှင့် စာလုံးများပြောရခြင်းနှင့် စာဖတ်လင့်ရခြင်းမှာ အပင်​တွေနဲ့ စကား​ပြောပါ။ အပင်​တွေက စကားပြန်​ပြောလာရင်​တော့ ဆရာဝန်နဲ့ ပြပါ။ စိတ်အားအား မြင်ခြင်းနှင့် သင်သည် စာလုံးများအား ခြောကင်ဆရာဝန်နဲ့ ဝင်ကြည့်၍ လေ့လာနိုင်ပါသည်။ ထို့အပြင် တစ်ယောက်အကြောင်း စိုးရိမ်တို့အနက် ဝတ္ထုများးးး ဂုဏ်များကို ရှာဖွေပါ။ အဘိဓာန် ပုံရိုက်ထည့်ရန် ပြုလုပ်ပါ။ 🌻

آخرین پست‌های ပရ​လောကစာ​ပေ ဝတ္ထုများးး

Post image

မမြင့်ဝေ၏နှုတ်မှ အံ့ဩသံထွက်လာ၏။ သူကလည်း ညှိပြီးစစီးကရက်ကိုမဖွာပြန် ငေးကြည့်သည်။ထိုနောက် လက်မှ စီးကရက် လွတ်ကျသွား၏။ သူသည် ခြေလှမ်းကြဲများဖြင့် မမြင့်ဝေ၏အနီးသို့ရောက်လာသည်။ ထိုနောက် မိမိကိုယ်မိမိ ဘာလုပ်မိသည် မသိ သူတဦး၏ဟန်နှင့် မမြင့်ဝေ၏ လက်မောင်းနှစ်ဖက်ကို ဆုပ်ကိုင်လှုပ်ရမ်းသည်။

“မမြင့်ဝေ... မမြင့်ဝေ အစစ်နော်။ ကျွန်တော် အိပ်မက် မက်နေတာမဟုတ်ပါဘူး”

“ဟုတ်ပါတယ်ရှင် မမြင့်ဝေပါဘဲ၊ ရှင်ဒီကို ဘယ်လို ရောက်လာရပြန်သလဲ ကိုစောခိုင်”

မမြင့်ဝေက မရုန်းမိဘဲ မေးသည်။

“မမြင့်ဝေကကော ဘာလို့ ကျွန်တော့်ကို ညာရတာလဲဟင်"

မမြင့်ဝေက မဖြေနိုင်။ ဝမ်းနည်းမှုကြောင့်လော၊ ဝမ်းသာမှုကြောင့်လောမသိ။ လည်ချောင်းမှာ နင့်ဆို့နေသည်။

“မမြင့်ဝေ ကျွန်တော်နဲ့ မတွေ့ချင်ဘူး ဟုတ်လား ဟင်...

“အို… အို… ကျမ ကိုစောခိုင်ကို တွေ့ချင်ပါတယ် သိပ်တွေ့ချင်ပါတယ်။ ဒါပေမဲ့..

မမြင့်ဝေက ထစ်ထစ်ငေါ့ငေါ့နှင့် ဆိုသည်။

“ဒါပေမဲ့ ဘာဖြစ်လဲ ဟင်...

“ဒါပေမဲ့… အို… ကျမ မပြောတတ်ပါဘူး”

သူက ကျေနပ်စွာပြုံးလိုက်၍ မမြင့်ဝေအား လက်တွဲကာ သင်းဘောကုန်းပတ် လက်ရမ်းဆီ ခေါ်လာ၏။

“မမြင့်ဝေနဲ့လည်း တွေ့ပြီးရော ကျွန်တော် မော်လ မြိုင် မှာ မနေချင်တော့ဘူး။ ပြီးတော့ မမြင့်ဝေ ကျွန် တော့်ကို တမင်မတွေ့ချင်လို့ ငြင်းမှန်းသိလို့ လေယာဉ်ပျံနှင့် မပြန်ဘဲ သင်းဘောနှင့်ချက်ချင်းပြန်ဘို့ စီစဉ်ရတယ်။ မိတ်ဆွေအကောက်ဋ္ဌာနအရာရှိတဦး စီစဉ်ပေးလို့သာ နေရာရတာ၊ ဒါတောင် ဒုတိယတန်းကဘဲ ရတော့တယ်။ မမြင့်ဝေ ပထမတန်းက ပါလာတယ် ထင်တယ်။

“ဟုတ်ပါတယ် ပြီးတော့ ကျမတနေ့လုံး ဘယ်မှ မထွက်ဘူး”

“မမြင့်ဝေ… ကျွန်တော့်ကို ရှောင်ထွက်ပြေးအုံးမှာလား.. "

“ဟုတ်ကဲ့ ဒီလိုကနေ ဘယ်လိုများ လွတ်အောင် ပြေးရမတဲ့လဲရှင်"

မမြင့်ဝေက အသာအယာရယ်သွမ်းသွေးရင်း မိမိ ကိုယ်လေးအား တင်းကြပ်စွာ ပွေ့ဖက်ထားသည့် သူ့ လက်များအား ကြည့်ရင်းပြောသည်။

သူက နှစ်ခြိုက်စွာ ရယ်မောလိုက်သည် ၊ လက်တွေ ကမူ မလျော့။

လရောင်မှာ လက်သည်ထက်လက်လာသည်။ ညဉ့်မာ နက်သည်ထက် နက်လာသည်။ ခပ်လှမ်းလှမ်း၌ ကျွန်းရိပ် ရေးရေးတွေ့ရသည်။ ညဉ့်ငှက်ကလေးများလည်း သင်းဘောနားကပ်ပြန်နေကြ၏။

“မမြင့်ဝေʻရွှေရင်ဘောင် ငွေရင်ဘောင်”ကို မှတ်မိသေးလား"

မမြင့်ဝေက တောက်ပစွာဖြင့် ပြုံးရင်း ခေါင်းငြိမ့် သည်။

“ဘယ်မေ့နိုင်မလဲရှင်ရယ် ..”

“မမြင့်ဝေနဲ့ ကွဲခဲ့ပြီးမှ ဒီသီချင်း တီးမိတိုင်း မျက် ရည် ကျမိတယ်။ အိပ်မက်တွေကလည်း မက်လိုက်ရတယ်လေ။ တခါတလေ တလလောက် ညဆက်ဘဲ။ မမြင့်ဝေ ကော မမက်ဘူးလားဟင်.."

“အို.. ရှက်စရာကြီးရှင်.."

သူကား နှစ်ခြိုက်စွာပြုံးလိုက်ပြန်သည်။

“ဒါပေမဲ့ မိုးကြယ်စင်နဲ့ ရေပြင်ဟာမဆုံနိုင်မှန်း သိလို့ အိပ်မက်ကနိုးရင် မောရတာလဲ ခဏခဏဘဲ”

“အခုတော့ကောရှင်...”

“အခုတော့လား ” ဟိုမှာကြည့်စမ်း မမြင့်ဝေ”

သူကား အဝေးမိုးကုပ်စက်ဝိုင်းဆီ ညွှန်ပြသည်။ မိုးကုပ်စက်ဝိုင်း ရေပြင်အထက်ဝယ် ကြယ်တပွင့်မှာ ငုတ်ဝင်လုဆဲ တွဲလဲခိုနေသည်။

“ရေပင်လယ်နှင့် ငွေစင်ကြယ် တွေ့ကြပြီကော မမြင့်ဝေ...."

“အို…ဒါက အထင်အမြင် အရိပ်အရောင် သဘောပါ ကိုစောခိုင်…"

သူက လေးလေးခေါင်းငြိမ့်ရင်း မှတ်ချက်ချသည်။

“လူ့ဘဝဆိုတာဟာလဲ အထင်အမြင်အရိပ်အရောင် သဘောပါဘဲ မမြင့်ဝေရယ်။ တကယ်တန်း ဆို တော့လည်း အိပ်မက်တမျိုးပါဘဲ။ ချစ်စရာအိပ်မက်ကလေးတွေ မက်နေရတယ်ဆိုရင်ဘဲ ကိုစောခိုင်အတွက် ကြေနပ် ရပါပြီ”

မမြင့်ဝေ ဘာမျှမဖြေ။ ဖြေစရာလည်းမရှိ။ သူ့ ပခုန်းထက် ခေါင်းမှီလှဲလျက် မျက်လုံးမှိတ်ရင်း တီးတိုး ဆုတောင်းသည်။

“မမြင့်ဝေလည်း ချစ်စရာ အိပ်မက်လေးတွေကို မက်နေရရင် ကြေနပ်ပါပြီ မောင်ရယ်”

ချစ်သူနှစ်ဦး၏ မျက်နှာတို့မှာ ပူးကပ်သွားကြသည်။ ငွေလရောင်ပက်သော ပင်လယ်ရေပြင်၏ မိုးကုပ် စက်ဝိုင်းအစပ်၌ ကြယ်ငွေစင်သည် သက်ဆင်းကျရောက်ခဲ့ပေပြီတကား…။

တက္ကသိုလ်-ဘုန်းနိုင်။

#ဆရာကြီးတက္ကသိုလ်_ဘုန်းနိုင်_အား_အစဉ်ချစ်ခင်လေးစားကြည်ညိုလျက်....

#crd

27 Feb, 14:58
628
Post image

သူ့သဏ္ဍာန်မှာ အေးချမ်းလျက်ပင် ဖြစ်သည်။ ဘန်ကောက်လုံချည် ကြည်ပြာနု၊ ရှပ်လက်ရှည်အဖြူ၊ သက္ကလပ်အပါးစား မီးခိုးရောင်အပေါ် အင်္ကျီနှင့် သားနားခန့်သားနေ၏။ အလုပ်ပင်ပန်း၍လော…၊ အသက် အတန်ရင့်လာ၍လောမသိ။ တည်ကြည်သော မျက်နှာမှာ ပါးလှပ်၍ ပိုသွယ်သယောင် ဖြစ်နေ၏။

သူကလည်း ပင်ကိုယ်အလှ၌ လေးနက်ခန့်ထည်သော ဣန္ဒြေလွှမ်းနေသည့် မမြင့်ဝေအား ခေတ္တမှု စိုက်ကြည့် နေသေး၏။

“ဒါထက် - ကိုစောခိုင် မြုပ်ချက်ကောင်းလိုက်တာ
ခု … ဘာလုပ်နေလဲ”

“သတင်းစာ … အယ်ဒီတာပါ မမြင့်ဝေ”

“ကျောင်းကော ဆက်တက်ဖြစ်သေးသလား”

“ကျွန်တော်… အလွတ်ဘဲ ဖြေပါတယ်။ ဥပဒေ ဘွဲ့တောင် မနှစ်ကရခဲ့တယ်”

“ ဝမ်းသာလိုက်တာ ကိုစောခိုင်။ ရှင့်မိခင်ကြီး ရော”

"မေမေလဲ ကျန်းကျန်းမာမာပါဘဲ၊ ကျွန်တော်နဲ့ဘဲ ရန်ကုန်မှာနေတယ်”

“ရှင် ဒီဘာလာလုပ်လဲ၊ အလည်ဘဲလား”

“ကျန်းမာရေးအတွက် အနားယူရင်းပါ။ ပထမ ထားဝယ်ဘက်သွားတယ်၊ ဒီရောက်တာ နှစ်ရက်ဘဲရှိသေးတယ်"

“ရှင် ဘယ်တော့လောက် ပြန်မလဲ”

“မဆုံးဖြတ်ရသေးဘူး မမြင့်ဝေ..."

စကားစ ပြတ်သွားကြပြန်သည်။ နှစ်ဦးသားမှာ အတန်စိမ်းသယောင်ဖြစ်နေ၏။

မမြင့်ဝေမှာ လူငြိမ်သွားသော်လည်း စိတ်မှာ အလုပ်များနေ၏။ မိမိနှင့် ကိုသိန်းကန်တို့ အကြောင်းကို သူသိလေသလား။ မသိစရာ အကြောင်းတော့မရှိ။ သိလျှင် ဤနှစ်များအတွင်း အဘယ်ကြောင့် မြုပ်ချက် ကောင်းနေသနည်း။ လူလွတ် တယောက်မှ ဟုတ်ပေသေးရဲ့လား။ ဖွင့်မေးရန်လည်း နှုတ်မှ မရဲ။

ထိုအခိုက်တွင် မထားရီနှင့် ဝင်းတို့က ကပ်လာသည်။ ထွက်လုဆဲ စကားတလုံးသည် ရပ်သွားသည်။ ခပ်လှမ်းလှမ်း မြေပြင်ထက်တွင် စောစောက မထားရီ လွှင့်ပစ်ထား သည့် ပန်းလေးကို မြင်နေရသည်။

“မမြင့်ဝေ နက်ဖြန် ဘာနဲ့ပြန်မလဲ”

မမြင့်ဝေမှာ တွေသွားသည်။ ထိုနောက် ဖြည်းညှင်း စွာနှင့်ဖြေ၏။ မိမိ ကိုယ်ကို မလိမ်စဘူး လိမ်လိုက်မှန်းတော့ သိလိုက်သည်။

“လေယာဉ်ပျံနဲ့ …”

သူကလည်း တစုံတခုကို ပြောရန် ကြိုးစားနေပုံရ သည်။ မျက်နှာအမူအရာကြောင့် စိတ်လှုပ်ရှားနေမှန်း သိသာသည်။ အတန်ကြာမှ စကားက ထွက်လာ၏။

“အခု မမြင့်ဝေတို့ အိမ်အပြန်ဘဲလား”

“ဟင့်…အင်း ဒီက ထား တို့နဲ့ သွားစရာလေးတွေ ရှိနေတယ်”

သူက မမြင့်ဝေအား တချက် စူးစူးစိုက်စိုက်ကြည့် လိုက်၏။ ထိုနောက် ထိန်း၍ ပြောရဟန်တူသော အသံ နှင့်မေးသည်။

“ညနေမှာ မမြင့်ဝေနဲ့ ကျွန်တော် အေးအေးဆေး ဆေး တွေ့နိုင်ပါသလား”

မမြင့်ဝေ၏မျက်လွှာမှာ ကျသွား၏။ မျက်လုံးများ မှာလည်း သည်။ စောစောက ပန်းလေးဆီ ရောက်သွားသည်။

“မတွေ့နိုင်ဘူးထင်တယ် ကိုစောခိုင်၊ ဒီညနေမှာ ထမင်းစားပွဲတခုက ဖိတ်ထားတယ်”

သူ့မျက်နှာက သိသိသာသာ ပျက်သွား၏၊ နောက် မပြုအပ်သည်ကိုပြုပြီး အမှားကို သတိရသူကဲ့သို့
မချိပြုးပြုံးသည်။

မမြင့်ဝေမှာလည်း စိတ်ထိခိုက် သွားသည်။ သို့ရာတွင် အံကြိတ်စိတ်တင်းလိုက်၏။

“ဒါပေမဲ့ ရန်ကုန်ကျရင် တွေကြသေးတာပေါ့ ကိုစောခိုင်"

သူက ဘာမျှမပြော.. အဝေးလွင်ပြင်မှ တောင်မြင့် ထီးထီးအား တချက်ငေးကြည့်လိုက်၏။

“ကဲ…သွားမယ် ကိုစောခိုင်….”

မမြင့်ဝေကနှုတ်ဆက်၍ သက်ပြင်းရှိုက်ရင်း တောင်ထက်မှဆင်းခဲ့သည်။ ဆင်းခဲ့စဉ် မထားရီနှင့် ဝင်းတို့
အပြန်အလှန်ပြောခဲ့ကြသော စကားရပ်များကို ကြားယောင်မိသည်။

"သူများမပန်ချင်လို့ ကျန်ခဲ့တာများ တဘက်မပန်ဘူး"

“မပန်ချင်လိုကျန်ခဲ့တာမှမဟုတ်ဘဲ၊ ကံအကြောင်း မလှလို့ ကျန်ရစ်တာပါ”

မိမိဘဝမှာ ဤပန်းနှင့် အဘယ်သို့ ခြားနားပါသနည်း"

တကြိမ်က ကိုစောခိုင်သည် မိမိ ချစ်နိုင် ချစ်လိုသူ တဦး ဖြစ်ခဲ့သည်။ သို့ရာတွင် ယူနိုင် ယူလိုသူ တဦးအတွက် သူ့အား လျစ်လျူရှုခဲ့သည်။

ယခုမ ကိုစောခိုင်မှာ အခြေအနေတင့်တယ်၍ ဂုဏ်ရှိသူတဦးဖြစ်ခဲ့လေပြီ။ မိမိဘဝမှာလည်း မထားရီပြောသော ကံအကြောင်းမလှ၍ ကျန်ရစ်သော ပန်းတပွင့်နှင့် ဘဇာ ထူးပါသနည်း။

ဤအခါကျကာမှ နှောင်းသံယောဇဉ်ကြိုးကို ပြန် တင်းသော် မိမိ၏အချစ်မှာ ဖြူစင် မှန်ကန်ပါလေဦး မည်လော။ ကျန်ပွင့်မို့ အရံသင့်ခိုက် ပေးလေသည်နှင့် တူနေမည် မဟုတ်ပေလော။ တောင်ခြေရောက်သော် ဝင်းက နောက်လိုက်၏။

“ဟော … ဒေါက်တာ ငိုင်နေတယ်။ ခုနင်က သင်းဘောနှင့် ပြန်မဲ့ဟာ … လေယာဉ်ပျံနဲ့ ပြန်မယ် ပြောတယ်”

ဒေါက်တာက ပြုံးရုံသာပြုံးရ၏။အဖြေမပေးနိုင်။ မိမိအဖြစ်မှာ အဖြေ ပေးရန်လည်း မလွယ်ကြောင်း မိမိသာလျှင် အသိဆုံးပေသည်။

မှန်ပေသည်။

ဖြစ်သမျှမှာ… ပမာဆိုရလျှင် အရိပ်ထင်ရုံမှတပါး ရေပင်လယ်နှင့် ငွေစင်ကြယ်မှာ ဘယ်အခါတွင်မှ မဆုံနိုင်ပေ၏ဆိုပါတကား ။

ဒေါက်တာ မမြင့်ဝေသည် အတွေးစကိုရပ်၍ ပင် လယ်ပြင်အား ငေးစိုက်ကြည့်လိုက်သည်။ ရေပြင်ထက်မှ ငွေလရောင် ထွန်းတောက်ပုံ၊ ပိုမိုထိန်လင်းနေသည်ကို ထောက်၍ ညဉ့်အတော်နက်နေသည်ကို သိရ၏။

မမြင့်ဝေက နေရာမှထကာ လေညှင်းခံအပေါ် ကုန်းပတ်ဆီသို့ တက်ခဲ့၏။ မိုးတခွင်လုံး ကြယ်တို့ ပြည့်နေပြီ။ ရေပြာပြာ၌လည်း ကြယ်လရောင်တို့ ထွန်းလက်နေ၏။

မာတန်းသင်းဘောမှာလည်း ရေပန်းဂယက်ဖြူဖြူ တို့သစေကာ လှိုင်းလေငြိမ်သော ပင်လယ်ပြင်ထက် တည်ငြိမ်စွာကူးသွားနေသည်။

မမြင့်ဝေမှာ သင်းဘောလက်တန်းအနီး၌ ရပ်နေသူ တဦးအား တွေရသဖြင့် ခြေလှမ်းတုံ့သွားသည်။
ထိုအခိုက်တွင် သူကားမီးခြစ်ခြစ်၍ စီးကရက်ညှိလိုက်၏။

"အို..."

27 Feb, 14:58
478
Post image

ကျမ.. မိန်းမကယောက်အနေနဲ့ မွန်မိခင် ကိုယ်စား ဝမ်းလဲနဲတယ်။ ဂုဏ်လဲယူတယ်”

သူက ဘာမျှပြန်မဖြေ။ ညဦးမှ ပေါ်ထွန်းစကြယ်ပွင့်များကို မျှော်ကြည့်နေသည်။

မမြင့်ဝေက အေးချမ်းလွန်းသော သူ့ ကို အားမရ ဖြစ်မိသည်။ တည်ငြိမ်သော သူ့အသွင်မှာ ဇာတ်လမ်း တခု၏ လွမ်းဆွတ်ဘွယ်နိဂုံးကိုချုပ်နေရသူ ကာယကံရှင်နှင့်မတူ။

ညဉ့်နက်လာသည်။ လေဆောင်သော ရွက်ဝါတို့၌ အသံများကို ကြားနေရ၏။

သူသည် လှုပ်ရှားလာ၏။

“ကဲ … ဒါပါဘဲလေ။ မမြင့်ဝေကို ကျွန်တော်လာ နှုတ်ဆက်တယ်။ သွားမယ်….။ ကိုသိန်းတန် ကျွန်တော် သွားမယ် …”

မမြင့်ဝေက မဖြေမိ။ သူက အသာတချက် နောက် ဆုံးပြုံးလျက်ခြံတွင်းမှထွက်သွား၏။ မမြင့်ဝေကမျက်ရည်အပြည့်နှင့် ကိုသိန်းတန်အား ကြည့်လိုက်သည်။ သို့ရာတွင် ရန်မတွေ့ဖြစ်။ ဘယ်သူ့အပြစ်မှလည်းမဟုတ်။ တကြိမ်ကလိုပင် အိမ်ပေါ်ထပ်သို့ပြေးတက်ခဲ့သည်။ ဤတကြိမ်တွင်မူ မျက်ရည်ကျ၍ ငိုခဲ့ရသည် တကား။

[၅]

မျက်ရည်ဆိုသည်မှာ အစဉ်ကျနိုင်သည် မဟုတ်။ အချိန် ဆိုသည်မှာလည်း အရာခပ်သိမ်းအား ရင်၌ ထာဝစဉ် သစ်လွင် နေစေတတ်သည်မဟုတ်။ မမေ့သော်လည်း ပူဆာလောင်ကျွမ်းမနေ။ တသက်သက်နှင့် တငွေ့ငွေ့ရှိသေးသဖြင့်လည်း ပျောက်ပျက်လေသည်လည်းမဟုတ်။

မည်သို့ဖြစ်စေ မမြင့်ဝေသည် တနှစ်တတန်း မှန်မှန် အောင်လျက် ဆေးတက္ကသိုလ်၌ ကြာမြင့်လာခဲ့သည်။ ဂုဏ်ထူးအောင်ပြီးသော ကိုသိန်းတန်လည်း မြို့အုပ် နယ်ပိုင်မှသည် လက်ထောက်အတွင်းဝန်ကလေးဖြစ်လာသည်။ ကိုသိန်းတန်မှာ မမြင့်ဝေပေါ်၌ မပြောင်းလဲ။ ယခင် အမူအကျင့်တို့လည်း မပြောင်းလဲသေး။

မမြင့်ဝေဆရာဝန်ဘွဲ့ရခဲ့သည်။ ပညာသင်စခန်းပြီး၍ သီတင်းကျွတ်သော် လက်ထပ်ရလေမည်။ ဤအခါ၌ ဘယ်ဆီရောက်နေလေပြီမသိသော ငါးနှစ် ကျော်မှ ကိုစောခိုင်အား ပိုသတိရမိသည်။

တာဝန်ကျသည်မှာလည်း ဒါဖရပ် မိန်းမဆေးရုံ ကြီး တွင်ဖြစ်သဖြင့် မိခင်နှင့် ရင်သွေးတို့အား မကြာ ခဏ မြင်တွေ့နေရသည်။ မုဆိုးမ မိခင်နှင့် ဆင်းရဲသော ပညာလိုချင်သူသားတို့ မည်သို့ရှိနေကြမည်မသိ။ ဤတွေ့နေရသော မိခင်နှင့်ကလေးတို့အနက် ဤသို့ကြေကွဲဘွယ် ဇာတ်လမ်းကို ဘယ်နှစ်ဦးများ ကြုံကြရဦးမည်မသိ။

ဤအတွေးတို့နှင့်ပင် ဆင်းဆင်းဆိုသည့်မိန်းမရွယ်၏ ရင်သွေးကို ဒေါက်တာမမြင့်ဝေက လူ့ပြည်သို့ ဆောင်ပို့ခဲ့ရ၏။

ဤမျှများပြားသော လူနာအားလုံးနှင့် ဆရာဝန်မ သည် ခင်မင်ရန်မလွယ်ကူ။ အားလုံးကိုကြင်နာရပြန်၍ တဦးချင်းကို အထူးချစ်ခင်ရမည်မှာလည်း လက်တွေ့၌ မဖြစ်နိုင်။ သို့ရာတွင် သနားဘွယ်သော သင်းသင်းနှင့် ကြင်နာတတ်သူ မမြင့်ဝေတို့ သံယောဇဉ်ငြိလာခဲ့သည်။

သင်းသင်းမှာ အိပ်ရာထက် ငိုယိုနေတတ်သူလေး တယောက်အဖြစ် ဆရာမလေးများမှတဆင့် မမြင့်ဝေ သိထား၏။ သူ့ထံ မည်သည့်ဧည့်သည်မှမလာ။ ဖခင် လည်း မရောက်သာခဲ့။

သင်းသင်းသည် လောလောလက်လက်ဖြစ်ခဲ့ရသည့် မုဆိုးမလေးဟု အမည်ခံထားသော်လည်း ဤဆေးရုံ ကြီး၌ မကြာမကြာတွေ့ရသော ဖခင်အမည် မပြော နိုင်သည့် ကံဆိုးမ မိခင်လေးတဦးသာတည်း။

တကောင်ကြွက်သဏ္ဍာန် ဖြစ်၍ သင်းသင်းအား မမြင့်ဝေက ဆေးဝါး၊ အစားအသောက်၊ အဝတ် အထည်တို့နှင့် ဂရုစိုက်ခဲ့သည်။ သို့ရာတွင် သင်းသင်း၏ မျက်ရည်တို့ကိုမူ မတိတ်စေနိုင်။ချော့မော့သော် စကားနာထိုးဟန်နှင့် ကြေကြေကွဲကွဲ ပြန်ပြောတတ်သည်။

“ဆရာမ သင်းသင်းကို မသနားပါနဲ့ ၊ သင်းသင်း ဟာ အပြစ်နဲ့ လူပါ။ ကလေးကို သနားရင် ဆရာမ ယူလိုက်ပါလား..."

“အို..မဟုတ်ထာ “သင်း”ရ.."

“အဟုတ်ပြောတာ။ ဆရာမ မယူလဲ ယူတဲ့လူ ပေးပစ်ရမှာဘဲ။ ဒါမှလဲ “သင်း” လူ့ဘဝက စိတ်ဖြောင့်ဖြောင့် ခွာနိုင်မှာ”

“အို… ဒီကလေးမ ဘာတွေပြောနေတာလဲ”

“ဆရာမ သိမှာပါဘဲ၊ “သင်း'မုဆိုးမ မဟုတ်ပါဘူး။ ကလေးမှာ ဖအေရှိတယ်။ ဒါပေမဲ့ သူဂုဏ်ကြီးရှင်။ သူစိမ်းပေမဲ့ “သင်း’သူ့ ကိုချစ်တယ်။ သူ့ ဂုဏ်ကို မပျက်စေချင်ဘူး။ “သင်း' သိရက်နဲ့ 'သင်း' မိုက်ထာ သင်းခံမယ်"

"ဒါနဲ့ ကလေးကိုပေးပစ်ဘို့က ဘာဆိုင်လဲကွယ်”

“ဟဲ… ဟဲ … ဆရာမက မိခင်မေတ္တာ အကြောင်း တရားဟောမလို့ ထင်တယ်။ မိခင်မေတ္တာကြောင့်ဘဲ ဒီသားကို “သင်း စွန့်ပစ်ရမယ်။ မိဖမဲ့သားဆိုဒါက တော်အုံးမယ်။ ကြီးလာလို့ လင်ကောင်မပေါ်ဘဲ ရတဲ့ သားဆိုရင် ဒီသားဟာ မအေကိုခွင့်လွတ်မှာမဟုတ်ဘူး။ အို..ပြီးတော့ ‘သင်း’မှာ ဆွေလဲမျိုးလဲ ရှိတာမဟုတ်ပါဘူး။ ဒီကလေးနဲ့ သင်းပြန်သွားရင် အရပ်ထဲမှာ “သင်း ဘာဖြစ်သွားမလဲ ဆရာမ ဒါကိုမသိဘူး”

ဒီလိုနှင့်တဖန် ငိုခြင်းဖြင့်ဆုံးပြန်ပါ၏။ မမြင့်ဝေက စိတ်ရှည်ရသည်။ “သင်း ထက် စိတ်အား လည်းကြီးသဖြင့် ဒုက္ခိတမယ်၏ ခင်မင် ကြည်ညိုမှုရပြီး နောက်တဖန် ဒုက္ခိတမယ်၏ စိတ်အား လွှမ်းပစ်နိုင် ခဲ့၏။

'သင်း'ကလေးကို မမြင့်ဝေက မွေးစားရန် ကတိပြု လိုက်သည်။ သို့ရာတွင် မွေးစားရန်အတွက် တချက်တော့ အကျပ်ကိုင်သည်။ ဖခင်နာမည် ပြောရမည်ဟူ၍တည်း။ နောက်ဆုံးတော့ 'သင်း' မှာ ပြော့ဝံ့လာသည်။ မျည်ရည်လည်ရွှဲ နှင့် ဖအေနာမည်ကို ပြောသံကြားသည် ခဏ၌ မမြင့်ဝေ၏ဦးခေါင်းမှာ ချားရဟတ်လည်သွားသည်။

“ကလေးဖအေဟာ အတွင်းဝန်ကလေးဦးသိန်းတန် “သင်း’က သူ့ ရုံးမှာ စာရေးမ….”

ဒေါက်တာမမြင့်ဝေက ဘာလုပ်ရမည်နည်း။
“သင်း” တို့လို မိန်းကလေးများနှင့် သင်း”၏ကလေးလို့ လူမမယ် လေးများ ဤရတောင့်ရခဲသော လူ့ဘဝမှာ မကြာခဏ ပျောက်သွားရသည်ကို ဒေါက်တာအသိ။

27 Feb, 14:58
287
Post image

မမြင့်ဝေသည် ရဲဝံ့စွာဆုံးဖြတ်လိုက်သည်။ “သင်း” ကလေးပါမက သင်း ကိုပါ မွေးစားလိုက်သည်။ စမ်းချောင်းရပ်တွင် အိမ်အဆောင်ငှား၍ လျို့ဝှက်ထား ပေးသည်။

“သင်း”က ကလေးထိန်းဖြစ်၍ ဒေါက်တာက ကလေးအမေ။ ထင်ချင်ဒါထင်ကြစေတော့။

သီတင်းကျွတ်သော် လက်ထပ်ပွဲအား အိမ်တွင်သာ လူကြီးစုံရာနှင့်အကျဉ်းချုံးလုပ်ရန် မမြင့်ဝေက အကျပ် ကိုင်ပြန်သည်။

လက်ထပ်ပွဲလူစုံသော် အိမ်တနေရာတွင် ဝှက်ထား သည့် ‘သင်း’နှင့်ကလေးကိုခေါ်ခဲ့၏။ အားလုံး မျက်စိပျက် မျက်နှာပျက် နေချိန်တွင် ဒေါက်တာမမြင့်ဝေက အေးချမ်းစွာရှင်းပြသည်။

“ကျမဟာ ဆရာဝန် တယောက်ပါ၊ ဆရာဝန် တယောက် အနေနဲ့ လူသား အသက်နှစ်ချောင်းကို ကယ်ဘို ဒီလမ်းဘဲရှိပါတယ်။ ဂုဏ်သရေထိခိုက်တယ် ပြောကြမလားမသိဘူး။ ဒါပေမဲ့ ဟောဒီ ‘သင်း’ဟာ ဂုဏ်သရေကို အသက်နဲ့လဲရသူပါ။ သူ့ ဂုဏ်တွင်မကဘူး သူချစ်တဲ့ ဝေါ်(လ်)တာရဲ့ ဂုဏ်ကိုပါ အသက်နဲ့ လဲ ဆက်မယ် ကြံခဲ့တယ်။ “သင်း’ဟာ ဆင်းရဲပေမဲ့ အကျင့် ကောင်း, မျိုးရိုးကောင်းပါ။ ပြီးတော့ မခေါ်ချင်နေနိုင်ကြတယ်။ ဟောဒီမှာက တော်ရမဲ့သွေးလဲ ရှိနေပြီ။ ကျမ ဝတ္တရား ဆောင်ရွက်ထာ ခွင့်လွှတ်ကြစေချင်တယ်”

မမြင့်ဝေ မိခင်ဖခင်တို့မှာ မျက်နှာမဲနေကြသည်။ ဦးအောင်ဖေက အံကြိတ်နေ၏။ ထို့နောက် တရား လွှတ်တော် တရားဝန်ကြီးပီပီ ရဲတင်းစွာ စီရင်ချက် ချသည်။

“မြင့် ပြောတာ မှန်တယ်….။ ကျုပ် တရားခွင်မှာ လိပ်ပြာသန့်သန့်ထိုင်ရဲဘို့ သိန်းတန်ဟာ သူ့ဇနီးသူ ယူရမယ်....”

ဦးအောင်ဖေသည် မြေးငယ်အား ပွေ့ချီ ယူလိုက် သည်။

မြိုတော်မျက်နှာဖုံး မင်္ဂလာဆောင်မှာ ဤသို့လျှင်
ဂုဏ်သရေပြည့်ပြည့် စစ်စစ်နှင့် ပြီးခဲ့ရသည်။

မမြင့်ဝေက အိပ်ခန်းထက်တက်၍၊ မျက်ရည်ကျမိ ပြန်သည်။ ဤမျက်ရည်မှာမူ ဝမ်းနည်းသော မျက်ရည် မဟုတ်ခဲ့။

မိုးပြင်၌ ကြယ်စင်တို့ ဖူးပွင့်နေသည်ကို မျက်ရည် ကြားမှ မြင်ရသည်။

[၆]

မကြာမီပင် မမြင့်ဝေက မော်လမြိုင် ဆေးရုံကြီးသို့ ပြောင်းခဲ့ရသည်။

စိတ်ပင်ပန်း လူပင်ပန်းဖြစ်ခဲ့ရသဖြင့် တရပ်တမြေ ပြောင်းရွှေ့ရသည်မှာ အသစ်အဆန်းတို့ကို ကြုံတွေ့၍ လန်းဆန်းပျော်မေ့ဘွယ်ပင် ဖြစ်ခဲ့၏။

အထူးသဖြင့် သာယာစိုပြေသော မော်လမြိုင်မြို့ကို မမြင့်ဝေက နှစ်သက်သည်။ ရာသက်ပန် နေရန်ပင် ဝန်မလေးခဲ့။

သို့ရာတွင် ရောက်၍နှစ်နှစ်ကြာသော် တဖန်ပြောင်း မိန့် လာပြန်သည်။

မပြောင်းမီတရက်ဝယ် တောင်ရိုးထက်မှ ဘုရား များကို လည်ဖူးသည်။

တောင်ပေါ်မှာ အထူးသာယာသည်။ တောင်ခြေ ဝယ် မြမြစိမ်းသော သစ်ပင် အုန်းပင်တို့အောက်၌ တင့် တယ်သော အဆောက် အအုံတို့ကို မြင်ရသည်။ သံလွင်မြစ်သည်၎င်း၊ တဘက်ကမ်း မုတ္တမ ဘက်မှ တောင်တန်းတို့သည်၎င်း၊ မြင်ရုံနှင့် ဘဝင် အေးချမ်းဘွယ် ရှိလှ၏။ တောင်တန်း၏ အရှေ့ဘက်ကိုမျှော်ပြန်သော် စိမ်းလန်းသော လွင်ပြင်ကိုတွေ့ရ၏။ အဝေးဝယ်´ လွင်ပြင်အလယ်မှ ထိုးထောင် မတ်ထွက် ပေါ်နေသည့် အထွတ် အစိုင်စိုင်နှင့် တောင်မြင့်ကို မြင်ရပြန်သည်။ ခရုံဂူပင်တည်း။

မဟာမုနိဘုရားရင်ပြင်မှ လေသန့်ကိုရှူရင်း မမြင့်ပေ သည် မော်လမြိုင်၏ ရှုခင်းသာကို နောက်ဆုံးအဖြစ် ငေးကြည့်နေမိ၏။

ထိုစဉ်အဖေါ်လိုက်လာကြသော ဆရာမလေးနှစ်ဦး၏ ငြင်းခုန်သံ ကြားရသည်။

“ဘာဖြစ်ကြသလဲ "

“ဒီမှာ ဒေါက်တာ၊ ဝင်း က ကျမကောက်ပေးတဲ့ နှင်းဆီပန်းကို မပန်ချင်ဘူးတဲ့"

မထားရီဆိုသူ ဆရာမလေးက ရယ်မောရင်း ပြော သည်။

“ဝင်း'က နှာခေါင်းရှုံ့လိုက်သည်။

“ကြည့်ပါအုံးဒေါက်တာ… ရှေ့ကဘုရားဖူး မိန်းမတယောက်ခေါင်းက ပြုတ်ကျကျန်ရစ်တဲ့ နှင်းဆီပန်းကို ကောက်ပြီး…. ဝင်း’ပန်ဘို့ပေးသတဲ့။ စေတနာကြီးက လူများမပန်ချင်လို့ ကျန်ခဲ့တာများ တသက် မပန်ဘူး”

“မပန်ချင်လို့ကျန်ခဲ့တာမှမဟုတ်ဘဲ၊ ကံအကြောင်း မလှလို ကျန်ရစ်တာပါ။ ပန်ထိုက်ပါတယ်”

“ထားပန်... ထား သာပန်”

“ထား”ကဘာမျှမပြော။ ရယ်မောပြီး ပန်းလေး အားသာ မြေပြင်သို့ လွှင့်ပစ်လိုက်သည်။

“ဟောကြည့်…. သူလဲ ပန်ချင်ဒါ မဟုတ်ဘူး”

ဒေါက်တာ၏မျက်နှာမှာ ကွက်ကနဲပျက်သွားသည်။ ဆရာမလေးများ ရိုးသားစွာ ပြောနေကြသော်လည်း မမြင့်ဝေကမူ အနက်အဓိပ္ပါယ်တရပ်ကို ပေါက်သွားမိ သည်။

မမြင့်ဝေသည် သက်ပြင်းရှိုက်၍ ရင်ပြင်တော်မှ ခွါကာ အောက်သို့ဆင်းရန်ပြင်၏။ ထိုအခိုက်တွင်ပင် ဤနေ့ဤနေရာ၌ ဆုံတွေ့မည်ဟု ဘယ်ပုံမျှ မမြှော်လင့် ခဲ့သူအား သွားတွေ့ရသည်။

“ကိုစောခိုင်”

ကိုစောမိုင်က ဘုရားမြောက်ဘက် သစ်ပင်တပင်ကို မှီရပ်ရင်း အရှေ့ဘက် လွင်ပြင်ကို ငေးကြည့်နေသည်။ နာမည်ခေါ်သံကြားသော် အတွေးလွန်နေရာမှ လန့်နိုးလာသူပမာ ထိတ်လန့်သွားသည်။

“အို….. မမြင့်ဝေ….၊ မမြင့်ဝေ မဟုတ်လား...”

မမြင့်ဝေက အပြုံးနှင့်ဖြေရင်း သူ့ အနီးသို ချဉ်းကပ် သွား၏။

“မမြင့်ဝေ…. ဒီဆေးရုံကြီးမှာနော်..”

"ဟုတ်တယ်...ကိုစောခိုင်၊ ကျမ ဒီမှာ ရှိမှန်း သိသလား”

“မသိပါဘူး မမြင့်ဝေ၊ ဒါပေမဲ့ မမြင့်ဝေ ဆရာဝန် ဘွဲ့ ရသွားတာလဲ သိတယ်။ ဒီမှာလဲတွေတော့ ထင်လို့ မေးကြည့်ဒါပါ"

“ဒါပေမဲ့… ကျမ ရန်ကုန်ပြန်ပြောင်းရတော့မယ်”

“အော်…. ဘယ်တော့လဲ”

“နက်ဖြန်ဘဲ... ကိုစောခိုင်”

သူက ဘာမှပြန်မပြော။ မမြင့်ဝေလည်း ရုတ်တရက် စကားသာဆက်ရမှန်းမသိ။ အချိန်ကြာ ကွဲကွာနေပြီး ပြန်ဆုံတွေ့ရပြန်တော့ မမြင့်ပေမှာ ရှက်ရွံ့သလို ဖြစ် မိသည်။ ရင်မှာလည်း လှုပ်ရှားလာကာ ကြည်နူး သယောင် ဝမ်းနည်းသယောင်ဖြစ်လာသည်။ စကား လည်း ရှာမရ။

27 Feb, 14:58
328