Spec တွေပြောရမယ် ဆိုရင်တော့ Tecno ဆိုထားတဲ့ အတိုင်း Three Big နဲ့ပြောရမယ်
Big Display က 10.1 လက်မ ရှိမယ်
Big Battery က 7000 mah နဲ့
Big Storage က 128GB ကိုမှ SD Card ထပ်ထည့်လို့ရမယ်
ဒီအချက်တွေအပြင်ထပ်ပြောရမှာက Fast Charging က 18W ပါမယ် ထူးခြားတာဆိုရင် Adapter က ဘူးထဲမှာ တစ်ခါတည်းပါပြီးတော့ Type C to Type C ဖြစ်သွားပြီ အားအပြည့်သွင်းဖို့ ၂ နာရီခွဲကြာမယ်
Online Meeting နဲ့ Class တွေအတွက် အသုံးချမယ် ဆိုရင် ကျောဘက် ကင်မရာက 13MP နဲ့ ရှေ့ဘက် ကင်မရာက 5MP ပါဝင်တယ်
ဒီနေရာမှာ အသုံးဝင်သွားတာက Multitasking အတွက် App နှစ်ခုကို တစ်ပြိုင်တည်းဖွင့်သုံးတာတွေ ကအစပါမယ့်အပြင် SmartScan လို Document Scan လုပ်နိုင်တဲ့ စနစ်တွေလဲပါသေးတယ် ရုံးသုံး ၊ ကျောင်းသုံးပိုင်းအတွက်ဆိုရင်ပေါ့ Multimedia ပိုင်းအတွက်ဆိုရင် Speaker ကလဲ Dual Speaker ဖြစ်သွားပါသေးတယ်
MegaPad ရဲ့ Build Quality ကတော့ မဆိုးဘူးပြောရမယ် ကိုယ်ထည်က Metal ကိုပဲ သုံးပေးထားတော့ လက်ထဲကိုင်ရတာ မဆိုးဘူးပေါ့ဗျာ အထူကလဲ 7.8mm နဲ့ အလေးချိန်က 460g ပဲရှိတယ် Weight က ထသွားထလာ သယ်မယ် ဆိုလဲ ပေါ့ပါးတယ်လို့ပြောရမဲ့အထဲကပဲပေါ့
နောက်ထပ် အနေနဲ့ Tecno ရဲ့ စေတနာ ရက်ရောချက်က ကာဗာကလဲ တစ်ခါတည်း ပါပြီးသားပဲ အဖြစ်ထည့်ပေးထားတာမဟုတ်ပဲ Leather ကာဗာကိုမှ 65* နဲ့ 30* ထောင်ထားလို့ရနိုင်ပါမယ်