Canal SSN Times - ဖက်ဒရယ် စစ်ကိုင်းတိုင်း သတင်းစဉ် @ssntimes1 en Telegram

SSN Times - ဖက်ဒရယ် စစ်ကိုင်းတိုင်း သတင်းစဉ်

SSN Times - ဖက်ဒရယ် စစ်ကိုင်းတိုင်း သတင်းစဉ်
ဖက်ဒရယ် ဒီမိုကရက်တစ် စစ်ကိုင်းတိုင်း ၏ သတင်းများကို တင်ဆက်ပေးသွားမည့် ပြည်သူ့အသံ
9,089 Suscriptores
23,704 Fotos
554 Videos
Última Actualización 01.03.2025 06:54

ဖက်ဒရယ် စစ်ကိုင်းတိုင်း၏ သတင်းများနှင့် အရေးပေါ် အကြောင်းအရာများ

ဖက်ဒရယ် စစ်ကိုင်းတိုင်းမှာ မြန်မာနိုင်ငံအတွင်း အရေးပါတဲ့ ပြည်သူ့အသံဖြင့် သတင်းများကို ဖော်ပြရန် ရည်ရွယ်ထားသည့် သတင်းအဖွဲ့အစည်းတစ်ခုဖြစ်သည်။ ယင်းသတင်းများသည် ခေတ်သစ်နည်းပညာများကို အသုံးပြု၍ အချိန်နှင့်တပြေးညီ သတင်းများကို ပြည်သူများထံ ရောက်ရှိစေရန် အဓိပ္ပါယ်ရှိသည်။ စစ်ကိုင်းတိုင်းသည် သွားလာမှုစိတ်ဓာတ်၊ နိုင်ငံရေး၊ လူမှုရေးနှင့် စီးပွားရေးဆိုင်ရာအချက်အလက်များတင်ပြထားသည်။ ယင်းတို့သည် ပြည်သူများအတွက် အရေးကြီးသော အချက်အလက်များဖြစ်ပြီး ဤတိုင်း၏ နောက်ဆုံးကာလတွင် ဖြစ်ပေါ်နေသော နည်းလမ်း၊ ထောက်ပံ့မှုများနှင့် စီမံကိန်းဆောက်လုပ်မှုများကို ဖွင့်ဟပြီး သက်ဆိုင်ရာ အနေအထားများကို ရှင်းလင်းရန် ရည်ရွယ်သည်။

ဖက်ဒရယ် စစ်ကိုင်းတိုင်းမှာ ဘာသာရပ်များကို မည်သို့ ဖော်ပြထားသနည်း?

ဖက်ဒရယ် စစ်ကိုင်းတိုင်းတွင် သတင်းစဉ်များသည် အစိုးရအချက်အလက်၊ စီးပွားရေးနှင့် လူမှုရေးကဏ္ဍများ ကို အခြေခံထားသည်။ နိုင်ငံရေးဆိုင်ရာ ပြဿနာများ၊ လူမှုရေးကိစ္စများကို နောက်ဆုံးထိန်းသိမ်းထားသော သတင်းများဖြင့် အတူတကွ ဖော်ပြသွားသည်။

ဒါ့အပြင် အစိုးရမှ အရေးပေါ် ဆုံးဖြတ်ချက်များ၊ အစီအစဉ်များအကြောင်းနှင့် လူထုအထင်ရှားသော အချက်များကိုလည်း ဖန်တီးထားသည်။ ရှုပ်ထွေးသော ပြဿနာများအတွက် ဖြေရှင်းမှုအတွက် လမ်းကြောင်းများကိုလည်း တင်ပြနေသည်။

သင့်ရဲ့ သတင်းပေးပို့မှုမှာ အရေးကြီးသော ထောက်ပံ့မှုများ ရှိပါသလား?

သတင်းအဖွဲ့အစည်းသည် လူထုအထောက်အထားများကို ရရှိရန်အတွက် သတင်းများကို ဗီဒီယို၊ ဗဟိုပြုချက်များနှင့် စီးတီးဆီသို့ မှတ်တမ်းလွှင့်ခြင်းတို့ကို ဆောင်ရွက်ကုန်ကျသည့် နည်းလမ်းများအသုံးပြုသည်။

ထို့အပြင် သတင်းများကို အဆင့်မြှင့်တင်ရန် ဖက်ဒရယ်အရင်းအမြစ်များကို ဖန်တီးထားပြီး၊ လူထုမေးခွန်းများကို တွေ့ရှိမယ့် နည်းလမ်းများကို ရှာဖွေရှိသည်။

ရင်းနှီးမြှုပ်နှံမှုပုံစံများကို ဘယ်လို မည်သို့ အတည်ပြုပြီးပါသလဲ?

ရင်းနှီးမြှုပ်နှံမှုပုံစံများသည် အချက်အလက်များကို ဦးတည်ထားပြီး၊ အစိုးရမှ ထောက်ပံ့မှုများကို စတင်၍ လူထုမှ ဆောင်ရွက်မှုများကို အထောက်အထားထားသည်။

ဤပုံစံများကို စီးပွားရေးအရာရှိများ၊ သက်ဆိုင်ရာ ကဏ္ဍများက ပါဝင်လိုက်ဖက်ရှိသော မေးခွန်းများဖြင့် ထောက်ထားသည်။

စစ်ကိုင်းတိုင်း၏ ပညာရေးဆိုင်ရာ ရှေ့ဆောင်မှုများဘာတွေလဲ?

ပညာရေးဆိုင်ရာရှေ့ဆောင်မှုများတွင် သင်ကြားရေးစနစ်များ၊ အခွင့်အလမ်းများက တိုးတက်လာသည်။ အစိုးရမှ လေ့လာရေးစဉ်များကို စီမံကိန်းဆွဲ၍ ထောက်ပံ့ရန်အတွက် အစီအစဉ်များတင်ပြထားသည်။

၊ ဒါအပြင် မိသားစုများ၊ ကျောင်းသားများနှင့် ဆရာများအကြား သုံးသပ်မှုများကို ချိတ်ဆက်ထားပြီး၊ ပညာရေးအဆင့်များကို မြှင့်တင်ရန် အကောင်အထည်ဖော်ပြီးကြသည်။

ဖက်ဒရယ် ဒီမိုကရက်တစ် သတင်းများကို လူထုသိရှိရန် ဘယ်လို လမ်းကြောင်းများဖြင့် ပြသမည်နည်း?

ဖက်ဒရယ် ဒီမိုကရက်တစ် သတင်းများကို လူထုက နောက်ဆုံးရရှိပြီးတော့ အခမဲ့ ဝေမျှပြီး စွန့်စားမှုများနှင့် အတွေးအခေါ်များကို လွှမ်းမိုးစေရန် နည်းလမ်းများကို သင်ကြားခြင်းဖြင့် မျှဝေပေးထားသည်။

ဝေမျှမှုလုပ်ငန်းများ၊ မိသားစုဆွေးနွေးမှုများနှင့် အင်တာနက်မှာ ဝေမျှမှုလုပ်ငန်းများလည်း ပါဝင်သည်။

Canal de Telegram SSN Times - ဖက်ဒရယ် စစ်ကိုင်းတိုင်း သတင်းစဉ်

SSN Times ဆောက်လုပ်ရမည့် ဖက်ဒရယ် စစ်ကိုင်းတိုင်း သတင်းစဉ်တွင် ဒီမိုကရက်တစ် စစ်ကိုင်းတိုင်း ၏ သတင်းများကို တင်ဆက်ပေးသွားမည့် ပြည်သူ့အသံဖြစ်ပါသည်။ ဤစောက်လုပ်ခံအချက်များကို ဖက်ဒရယ်တစ်ခုအနည်းဆုံး လေ့လာနိုင်ရန် SSN Times စာရင်းကို ကြိုဆိုပါတယ်။ ဤစောက်လုပ်ခံအချက်များသည် ဖက်ဒရယ်များ၊ မြန်မာ နှင့် က္ဍ နှင့် ကူးဘုတ်များ၊ အခမ်းအနား အစားအဝယ်များ၊ အိမ်ထောင်နှင့် လုံခြုံများ ဖြစ်ပါသည်။ ဖက်ဒရယ်တွင် သို့မဟုတ် နည်းပညာ နှင့် လိုက်ဝ အန္တရာယ် များအား ၃ အရှုနှုန်း ပေးနိုင်သည်။ ဤစောက်လုပ်ခံအချက်များကို ပြုလုပ်ပြီး ဖက်ဒရယ်များကို အတတ်ပြုပြီး သတင်းတင်ဆက်ပေးကြပါမည်။

Últimas Publicaciones de SSN Times - ဖက်ဒရယ် စစ်ကိုင်းတိုင်း သတင်းစဉ်

Post image

မုံရွာမြို့နယ်၊ နတ်လူထိပ်ပန်အနီး စစ်ကောင်စီ၏ ကြေးနီတင် စစ်ယာဉ်တန်းကို တိုက်ခိုက်မှု စစ်သား ၄ ဦး သေဆုံးဟုဆို

ရန်ကုန်၊ မတ် ၁

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ နတ်လူထိပ်ပန်အနီးတွင် စစ်ကောင်စီ၏ ကြေးနီတင် စစ်တပ်ယာဉ်တန်း နှင့် ကင်းလှည့်ကားတစ်စီး ကို တိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း Monywa Youth Attack Force – MYF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ကြားသည်။

ဖေဖော်ဝါရီလ ၂၇ ရက် နံနက်ပိုင်းက မုံရွာမြို့နယ် ၊ ဝမ်ပေါင်ကုမ္ပဏီမှ ထွက်လာသည့် ကြေးနီတင် ယာဉ် ၄၁ စီး ၊ လုံခြုံရေး လိုက်ပါလာသော သံပြားကာ ကား ၆ စီး နှင့် Jammer ကား ၉ စီးပါ ယာဉ် တန်းကို လူထိပ်ပန်အနီး၌ အသင့်စောင့်ဆိုင်း၍ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကြေး နီတင် ယာဉ်ပေါ်လိုက်ပါလာသော စစ်သား ၂ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

“လက်ရှိထုတ်ပြန်ထားတဲ့အတိုင်းပဲ သိရသေးတယ်။ နောက်ဆက်တွဲ ထိခိုက်သေဆုံးမှု၊ သေတဲ့သူ တွေကို ဘယ် ကို ပို့လိုက်လဲတော့ သေချာမသိရဘူး။ ကျနော်တို့ဘက်က ရဲဘော်တွေ အားလုံး ဘေးကင်းပါတယ်” ဟု Monywa Youth Attack Force – MYF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ကြားသည်။

ထို့အပြင် မုံရွာမြို့အတွင်း အိမ်စီးကားဖြင့် ကင်းပတ်လည်သည့် အကြမ်းဖက်စစ်သားများကိုလည်း ထပ်မံ ပစ် ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦး ထပ်မံသေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ဘာမထီတော်လှန်‌ရေးတပ်ဖွဲ့၊ Yinmarbin District No.9 Regiment ၊ Monywa Undergrown Force နှင့် Monywa Youth Attack Force တပ်ဖွဲ့တို့ ပူးပေါင်း ကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာ နိုင်ခဲ့ကြောင်း သိရသည်။

KhitThitMedia
SSNTIMES

01 Mar, 04:58
285
Post image

Daily Highlight 3
February 28 (09:30 PM)

- ယမန်နေ့ညပိုင်းမှစ၍ စကစ၏ လေကြောင်းတိုက်ခိုက်မှုများ (Source: ဝေဟင်)

- ရေဦးနယ် ၁ ကြိမ်
- မိုးဗြဲနယ် ၂ ကြိမ် (Source: CJ)
- မြောင်နယ် ၁ ကြိမ်
- ဗန်းမော်နယ် ၂ ကြိမ်
- နောင်ချိုနယ် ၂ ကြိမ်
- ဝိုင်းမော်နယ် ၁ ကြိမ် (Source: CJ)
- နောင်ချိုနယ် ၃ ကြိမ် (Source: CJ)
- ဗန်းမော်နယ် ၄ ကြိမ် (Source: CJ)
- မြစ်ကြီးနားနယ် ၁ ကြိမ် (Source: CJ)(မှတ်ချက်။ ဒရုန်းဖြင့် တိုက်ခိုက်ခြင်း။)
- ဂန့်ဂေါနယ် ၁ ကြိမ် (Source: CJ)(မှတ်ချက်။ ဒရုန်းဖြင့် တိုက်ခိုက်ခြင်း။)

(မိမိတို့မှ သတင်းရရှိသော လေကြောင်းတိုက်ခိုက်မှုများကိုသာဖော်ပြထားခြင်းဖြစ်ပြီး နိုင်ငံအနှံ့အပြား သတင်းရရှိခြင်းမရှိသည့် လေကြောင်းတိုက်ခိုက်မှုများ ကျန်ရှိနေနိုင်သေးကြောင်း သိစေအပ်ပါသည်။)

#Thadinsubue
Crd to original uploader with respect

28 Feb, 16:23
518
Post image

Daily Highlight 1
February 28 (09:30 PM)

- အာဏာသိမ်းပြီးနောက် ငွေစက္ကူများကို အကန့်အသတ်မရှိ ရိုက်ထုတ်ခဲ့ပြီး ငွေကြေးဖောင်းပွမှုမြင့်တက်လာခြင်းကို လက်ပူတိုက်ဖြေရှင်းရန် ရည်ရွယ်ချက်ဖြင့် ဒီဂျစ်တယ်ငွေကြေးစနစ်တစ်ခုကို စကစ က ယမန်နေ့က စတင်မိတ်ဆက်၊ MMQR ဟု အမည်ပေးထားပြီး နိုင်ငံတကာတွင် အသုံးပြုနေသော ဒီဂျစ်တယ်ငွေကြေးစနစ်များကဲ့သို့ စီးပွားရေးကဏ္ဍတစ်ခုလုံးနှင့် ချိတ်ဆက်ထားခြင်းမရှိသဖြင့် ပြည်သူများအနေဖြင့် သတိပြုနိုင်ကြရန် လေ့သာသူများ သုံးသပ်။

- ဖေဖော်ဝါရီ ၁၂ ရက်နေ့က ဒေါပုံတွင် စစ်မှုထမ်းစာရင်းကောက်ယူစဉ် ဓာတ်ဆီဖြင့်ပက်ပြီး မီးရှို့တိုက်ခိုက်ခံရသူ ၃ကောင်အနက်မှ ဒဏ်ရာပြင်းထန်သော ရာအိမ်မှူးနှုတ်ခမ်းမွှေးဆိုသူမှာ ဆေးကုသမှုခံယူနေစဉ် ဖေဖော်ဝါရီ ၂၆ရက်နေ့က သေဆုံးသွားပြီဖြစ်ကြောင်း သိရ။

- ဖေဖော်ဝါရီ ၂၅ရက်နေ့ ညဦးပိုင်းက စစ်ကိုင်းမှ မုံရွာသို့ပြန်လာသည့် စစ်တိုင်းစစ်တိုင်းမှူးပါဝင်သော ယဉ်တန်းကို တော်လှန်ရေးအဖွဲ့များက မိုင်းဆွဲတိုက်ခိုက်၊ တိုင်းမှူးလိုက်ပါလာသောကား လွတ်မြောက်သွားသောလည်း စခများလိုက်ပါလာသော ကား ထိမှန်၊ စခ ၃ကောင် ဒဏ်ရာအပြင်းအထန်ရခဲ့ကြောင်း Royal Tiger Force အဖွဲ့မှ တာဝန်ရှိသူတစ်ဦးပြော။

- ယမန်နေ့က ရွှေဘိုနယ် နှမစားရစ်ရွာကို စစ်ကြောင်းထိုးမွှေနှောက်သွားသော စစ်ခွေးများက ရွာအတွင်း ပုန်းအောင်းနေသော အမျိုးသားတစ်ဦးကို လည်လှီးသတ်ဖြတ်ပြီး အသက် ၉၀အရွယ် အဘွားအိုတစ်ဦးကိုလည်း မီးရှို့သတ်ဖြတ်၊ စစ်ခွေးများ၏ မီးရှို့မှုကြောင့် နေအိမ် ၁၀၀ ကျော် မီးလောင်ပျက်စီးပြီး အဖိုးတန်ပစ္စည်းများကိုလည်း စိတ်ကြိုက်မွှေနှောက်ခိုးယူသွားကြကြောင်း ဒေသခံများထံမှသိရ။

- ဖေဖော်ဝါရီ ၁၇မှ ၁၉အထိ စလင်းနယ် ပြောင်းခင်း တောင်ရွာနှင့်မြောက်ရွာကို စစ်တပ်က ဝင်ရောက်စီးနင်းပြီး နေအိမ်များကို အကြောင်းမဲ့ မီးရှို့ဖျက်စီး၊ နေအိမ်အများအပြား မီးလောင်ပျက်စီးပြီး ဒေသခံများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရ၊ စားနပ်ရိက္ခာအကူအညီများ အရေးပေါ်လိုအပ်နေကြောင်း စလင်း ပကဖမှ တာဝန်ရှိသူတစ်ဦးပြော။

- ဖေဖော်ဝါရီ ၂၆ ရက်နေ့ ညပိုင်းက ပုလဲနယ် တောသာရွာကို စစ်တပ်က စက်တပ်လေထီးများဖြင့် အကြောင်းမဲ့လေကြောင်းတိုက်ခိုက်၊ အမျိုးသမီး ၁ဦး ဒဏ်ရာရပြီး နေအိမ်အချို့ ထိမှန်ပျက်စီးသွားကြောင်း ဒေသခံများပြော။

- ယမန်နေ့ညပိုင်းက မြောက်ဒဂုံမြို့နယ်ထွေအုပ်ရုံးကို တော်လှန်ရေးအဖွဲ့များက ပြင်းအားမြင့်အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်၊ စခများ ထိခိုက်သေဆုံးမှုရှိနိုင်ပြီး အရေအတွက်ကို စုံစမ်းနေကြောင်း Yangon UG People Army တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးပြော။

- ယမန်နေ့ မနက်ပိုင်းက မိတ္ထီလာနယ် ထွေအုပ်ရုံးမှ ဌာနခွဲစာရေး ရုံးအုပ်ကြီးမြင့်အေးဆိုသူ မြင်းခြံ-မိတ္ထီလာလမ်းအတိုင်း ရုံးတက်ရန်လာစဉ် ပစ်ခတ်ခံရပြီး ပွဲချင်းပြီးသေဆုံး၊ အဆိုပါရုံးအုပ်ကြီးမှာ စစ်မှုထမ်းစာရင်းများ စုဆောင်းရာတွင် အဓိကပါဝင်လုပ်ကိုင်နေသူဖြစ်ကြောင်း သိရ။

- ဖေဖော်ဝါရီ ၂၆ရက်နေ့က ပေါင်နယ် ညောကုန်းကြီးရွာမှ အုပ်ကြီးလင်မယားကို သေနတ်သမားများက နေအိမ်အတွင်း ဝင်ရောက်ပစ်ခတ်၊ အုပ်ကြီးမြင့်စိုးဆိုသူသေဆုံးသွားကြောင်း ဒေသခံများပြော။

- ဖေဖော်ဝါရီ ၂၆ရက်နေ့ မနက်ပိုင်းက ရေစကြိုနယ် ရေလယ်ကျွန်းဒေသသို့ ဝင်ရောက်လာသော အင်အား ၁၀၀ခန့်ပါ စစ်ကြောင်းကို တော်လှန်ရေးအဖွဲ့များက ဖြတ်တောက်တိုက်ခိုက်၊ စခ ၅ကောင်သေ၊ ၉ကောင် အရှင်ဖမ်းဆီးရမိ၊ စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် တော်လှန်ရေးရဲဘော် ၃ဦး ဒဏ်ရာရ၊ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံတော်လှန်ရေးသတင်းရင်းမြစ်ထံမှ သိရ။

- ဖေဖော်ဝါရီ ၂၆ရက်နေ့က ကြာအင်းဆိပ်ကြီးနယ် အနန်းကွင်းဗျူဟာသို့ တပ်ချိန်းရန်လာသည့် ရဟတ်ယာဉ်ကို တော်လှန်ရေးအဖွဲ့များက ပစ်ခတ်ခဲ့ရာ ရဟတ်ယာဉ် မဆင်းသက်နိုင်ခဲ့ကြောင်း၊ ထိုသို့ပစ်ခတ်ခံရပြီးနောက် စစ်တပ်က အနီးဝန်းကျင်မှ ကျေးရွာများကို အကြောင်းမဲ့လေကြောင်းတိုက်ခိုက်ခဲ့သဖြင့် ပြည်သူ ၁ဦးသေဆုံးပြီး သံဃာတော် ၂ပါးအပါအဝင် ၁၀ဦး ဒဏ်ရာရ၊ ဘုန်းကြီးကျောင်းနှင့် နေအိမ်များ ထိခိုက်ပျက်စီးသွားကြောင်း နဂါးနီစစ်ကြောင်းမှ သတင်းထုတ်ပြန်။

- ဖေဖော်ဝါရီ ၂၄ရက်နေ့ ညပိုင်းက သိမ်ဇရပ်အခြေစိုက် အမတ ၃၁၀ကို တော်လှန်ရေးအဖွဲ့များက ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်၊ ဗဟိုကင်းနှင့် လူပျိုဆောင်ဘားတိုက်တို့ ထိမှန်ခဲ့ပြီး စခ ၂ကောင်သေ၊ အများအပြားဒဏ်ရာရရှိ၊ စစ်တပ်က သတင်းမပေါက်ကြားရန် ဆေးရုံပို့ဆောင်ပေးသော လူမှုရေးအသင်းများကို ဖိအားပေးခြိမ်းခြောက်ထားကြောင်း ပဲခူးခရိုင် ပကဖမှ တာဝန်ရှိသူတစ်ဦးပြော။

- ဖေဖော်ဝါရီ ၂၆ရက်နေ့မနက်ပိုင်းက မုံရွာမြို့ MRTV ရုပ်သံကုန်းစခန်းသိမ်းတိုက်ပွဲတွင် စစ်မြေပြင်သို့ စစ်ကူလာရောက်နိုင်သော လမ်းကြောင်းများ၊ စခအထိုင်စခန်းများကို တော်လှန်ရေးအဖွဲ့များက ဖြတ်တောက်ရေးမစ်ရှင်အဖြစ် ဒရုန်းအများအပြားဖြင့် ဗုံးသီးချတိုက်ခိုက်၊ စခများ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း၊ တော်လှန်ရေးအဖွဲ့များ၏ ဒရုန်းတစ်စီး ပျက်စီးဆုံးရှုံးခဲ့ကြောင်း ချင်းတွင်းဒိုင်းနမိုက်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးပြော။


#Thadinsubue
Crd to original uploader with respect

28 Feb, 16:23
478
Post image

Daily Highlight 2
February 28 (09:30 PM)

- ယမန်နေ့ နေ့လယ်ပိုင်းက ရေဦးမြို့ မူးမြစ်ဘေးတွင် ဘန်ကာဆောက်နေသော ပျူခွေးများနှင့် ကြီးကြပ်နေသော စခ ရခများကို ဒရုန်းဖြင့်တိုက်ခိုက်ခဲ့ပြီး စစ်အုပ်စုဘက်မှ ထိခိုက်သေဆုံးမှုအခြေအနေ စုံစမ်းနေကြောင်း ရေဦ ပကဖတာဝန်ခံပြော။

- ဖေဖော်ဝါရီ ၃၊ ၁၆၊ ၁၇နှင့် ၂၁ရက်နေ့များက တနင်္သာရီအခြေစိုက် ခမရ ၅၅၈နှင့် စစ်တပ်၏လုံခြုံရေးကင်းပုန်းများကို တော်လှန်ရေးအဖွဲ့များက အကြိမ်ကြိမ် တိုက်ခိုက်၊ စခများ ထိခိုက်သေဆုံးမှု များပြားကြောင်း တောင်ပံနီPDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးပြော။

- ဖေဖော်ဝါရီ ၂၄နှင့် ၂၅ရက်နေ့တို့က ငါန်းဇွန်နယ် မြို့သာမြို့ဘက်သို့ထွက်ခွာလာသော စခစစ်ကြောင်းကို တော်လှန်ရေးအဖွဲ့များက ငလွန့်ရွာအနီး၊ မြို့သာစက်မှုဇုန် ဂေါက်ကွင်းနေရာတို့တွင် သုံးကြိမ်တိုင် ဒရုန်းဖြင့်တိုက်ခိုက်ခဲ့ပြီး စခများ ထိခိုက်သေဆုံးမှုရှိ၊ တော်လှန်ရေးအဖွဲ့များ၏ ဒရုန်းအချို့လည်း ပျက်စီးဆုံးရှုံးခဲ့ကြောင်း TGYR တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးပြော။

- ဖေဖော်ဝါရီလဆန်းပိုင်းကတည်းက တိုက်ပွဲများ ငြိမ်သက်နေသော သာပေါင်းနယ်တွင် ယမန်နေ့က တိုက်ပွဲများ ပြန်လည်ဖြစ်ပွား၊ အနန်းကုန်း၊ ခွေးကုတ်၊ သာပေါင်းလေးရွာများအနီးတွင် တိုက်ပွဲများဖြစ်ပွားနေပြီး ရေကြည်နယ်အစပ်ရှိ အမတ ၃၄၄နှင့် ကာကင်းများကိုလည်း AA နှင့် PDF ပူးပေါင်းအဖွဲ့များက တိုက်ခိုက်နေ၊ စစ်တပ်က လေယောဉ်များ စက်တပ်လေထီးများဖြင့် လေကြောင်းတိုက်ခိုက်ပြီး ခုခံနေကြောင်း ဒေသခံစစ်ရေးသတင်းရင်းမြစ်များထံမှ သိရ။

- ယမန်နေ့က အရာတော်နယ် ငွေတွင်းပျူရွာနှင့် ရိက္ခာထွက်ရှာသည့် စခများကို တော်လှန်ရေးအဖွဲ့များက ဒရုန်းဖြင့်တိုက်ခိုက်၊ စခ ၂ကောင် ဒဏ်ရာအပြင်းအထန်ရခဲ့ကြောင်း Twenty Four ဒရုန်းတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးပြော။

- ယနေ့ နေ့လယ်ပိုင်းက ချောက်နယ် အမှတ် ၃လမ်းမကြီးပေါ်တွင် ပေါ်တာဆွဲ ငွေညှစ်နေသော စခများကို တော်လှန်ရေးအဖွဲ့များက မိုင်းဆွဲတိုက်ခိုက်၊ စခ ၂ကောင်ထက်မနည်းသေ၊ ၃ကောင်ထက်မနည်း ဒဏ်ရာအပြင်းအထန်ရရှိခဲ့ကြောင်း Chauk Guerrilla Force မှ တာဝန်ရှိသူတစ်ဦးပြော။

- ယနေ့ နေ့လယ်ပိုင်းက နောင်ချိုနယ် ရွှေမုဌောရွာ ဘုန်းကြီးကျောင်းကို စစ်တပ်က လေကြောင်းမှ အကြောင်းမဲ့ဗုံးကြဲတိုက်ခိုက်၊ သီလရှင် ၁ပါး ဒဏ်ရာရပြီး ဘုန်းကြီးကျောင်းနှင့် အနီးမှ နေအိမ် ၅လုံး ထိခိုက်ပျက်စီးသွားကြောင်း ဒေသခံများထံမှသိရ။

- ဖေဖော်ဝါရီ ၂၅ရက်နေ့က စလင်းနယ် ကပစ ၂၁ သို့ သွယ်တန်းထားသော မီးလိုင်းများကို လာရောက်စစ်ဆေးသည့် စခစစ်ကြောင်းကို တော်လှန်ရေးအဖွဲ့များက နှစ်ရက်ဆက် တိုက်ခိုက်၊ စခ ၇ကောင် ဒဏ်ရာအပြင်းအထန်ရပြီး အများအပြား ဒဏ်ရာရပြီး စခများ နောက်ပြန်ဆုတ်ခွာသွားကြောင်း စလင်း ပကဖမှ တာဝန်ရှိသူတစ်ဦးပြော။

- ဖေဖော်ဝါရီ ၂၄ရက်နေ့ နေ့လယ်ပိုင်းက ကော့ကရိတ်မြို့တောင်ပိုင်းရှိ အောင်ဇေယျစစ်ကြောင်းကို တော်လှန်ရေးအဖွဲ့များက တိုက်ခိုက်၊ စခ ၇ကောင်ထက်မနည်း သေဆုံး၊ တော်လှန်ရေးရဲဘော် ၁ဦး ကျဆုံးခဲ့ကြောင်း Southern Eagle PDF မှ တာဝန်ရှိသူတစ်ဦးပြော။

- ယမန်နေ့က မိုးဗြဲမြို့ကို စစ်တပ်က အပြင်းအထန်ထိုးစစ်ဆင်ခဲ့သော်လည်း တော်လှန်ရေးအဖွဲ့များက ကောင်းမွန်စွာ ခုခံနိုင်ခဲ့သဖြင့် စခများ အထိနာပြီး နောက်ပြန်ဆုတ်ခွာ၊ စခများ ထိခိုက်သေဆုံးမှုအခြေအနေ မသိရသေးဘဲ တော်လှန်ရေး ရဲဘော် ၄ ဦး ကျဆုံးခဲ့ကြောင်း မိုး​ဗြဲ PDF၏ ကယ်ဆယ်ရေး ဆေးအဖွဲ့ MPRT မှ တာဝန်ရှိသူတစ်ဦးပြော။

- ဖေဖော်ဝါရီ ၂၅ ရက်နေ့ ညပိုင်းက AA သိမ်းပိုက်ထားသော မြောက်ဦးမြို့ကို စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်၊ လူသူထိခိုက်မှုမရှိကြောင်း ဒေသခံတစ်ဦးပြော။

- ဘုံရန်သူ စကစကို အမြစ်ဖြတ်ရေး စလင်းနယ်အခြေစိုက် လက်နက်ကိုင်တော်လှန်ရေးအဖွဲ့ ၆ခု တပ်ပေါင်းစုအဖြစ်ဖွဲ့စည်းရန် သဘောတူလက်မှတ်ရေးထိုးပြီးခဲ့ကြောင်း သိရ။


#Thadinsubue
Crd to original uploader with respect

28 Feb, 16:23
593