စစ်သည်တော်၏သစ္စာ @sithu251220 Channel on Telegram

စစ်သည်တော်၏သစ္စာ

@sithu251220


Pdf

စစ်သည်တော်၏သစ္စာ (Burmese)

စစ်သည်တော်၏သစ္စာ ဆိုတာကို သိမ်းဆည်းထားသော အခါခါစာအုပ်လိုချင်သူများအတွက် တစ်ခုဖန်တတ်လေ့ရှိမှာဖြစ်ပါတယ်။ ဤဖော်ပြချက်သည် တစ်ခုဖန်တတ်မှု နှင့် အဝတ်အစား နှင့် အလုပ်အကိုင်ခွင့်ပြုသည်။ စာပေများအား လုံးအဆင့်အနေကို သိမ်းဆည်းလိုက်ပါသည်။ ဤခေါင်းနှင့် ပြောပြပုံမှန်အလှီခွဲခံ၊ ကြည့်ရှုအများစုများ အားလုံးအားအသေးစိတ်ခြင်းကိုဖြေရှင်းပါသည်။ ဥပမာ ၆ယ်စာအုပ် သို့မဟုတ် ၁၂၃ ကဏ္ဍ စာအုပ်များပြည့်စုံလိုပါသည်။ ဤခေါင်းသည် အဆင့်အတန်းျဖင့် စာပေအတွက် အလုပ်လုပ်ဖို့ဝင်ပြီး မှနျဆောက်နိုင်ပါသည်။

စစ်သည်တော်၏သစ္စာ

02 Dec, 11:51


(2901-3000)
https://www.mediafire.com/download/plipb0pgija0nuf

စစ်သည်တော်၏သစ္စာ

20 Aug, 13:57


(2801-2900)
https://www.mediafire.com/download/g08jkx0rkl1ahyx

စစ်သည်တော်၏သစ္စာ

20 Aug, 13:57


(2701-2800)
https://www.mediafire.com/download/q90wdt0rcbredzw

စစ်သည်တော်၏သစ္စာ

01 Jun, 06:14


Live stream finished (4 hours)

စစ်သည်တော်၏သစ္စာ

01 Jun, 02:07


Live stream started

စစ်သည်တော်၏သစ္စာ

02 Mar, 09:45


(2601-2700)
https://www.mediafire.com/download/daseqm5oqnk9caq

စစ်သည်တော်၏သစ္စာ

10 Jan, 05:54


(2501-2600)
https://www.mediafire.com/download/u8fcaurmavi02ab

စစ်သည်တော်၏သစ္စာ

04 Dec, 08:40


(2401-2500)
https://www.mediafire.com/download/6ai8c9r3xfkzso3

စစ်သည်တော်၏သစ္စာ

19 Oct, 07:04


(2301-2400)
https://www.mediafire.com/download/svfk3jp500ozf96

စစ်သည်တော်၏သစ္စာ

26 Aug, 02:31


(2201-2300)
https://www.mediafire.com/download/1td2ea3b06wibc4

စစ်သည်တော်၏သစ္စာ

04 Jul, 16:14


စစ်သည်တော်၏သစ္စာ pinned «(2101-2200) https://www.mediafire.com/download/nqlhh76tj9ex7cc»

စစ်သည်တော်၏သစ္စာ

04 Jul, 16:14


(2101-2200)
https://www.mediafire.com/download/nqlhh76tj9ex7cc

စစ်သည်တော်၏သစ္စာ

13 Jun, 03:05


(2001-2100)
https://www.mediafire.com/download/5qx2f7u2gj6r8ht

စစ်သည်တော်၏သစ္စာ

06 Jun, 13:46


သူ၏နှလုံးသားတွင် ဒေါသများ ပြည့်နှက်နေ၏။ သူ နေလမျိုးနွယ်ဆီသို့ ရောက်ရှိချိန်မှသာ ဆုမိုအား သတ်ဖြတ်မည်ဟု ခေါင်းမာနေမည်ဆိုပါက သူ့အဖို့ ယနေ့တွင် ထိုအဖြစ်မျိုးအား မြင်ရလိမ့်မည်မဟုတ်တော့ပေ။

ထို့နောက် အကြီးအကဲကျားက မြေပြင်အထက်သို့ ပျံသန်းသွားလေ၏။

" ကောင်းကင် ၊ မြေပြင် ၊ ငရဲ... သုံးလောကလုံးမှာ ခင်ဗျားအတွက် ပြေးစရာမြေမရှိစေရဘူး " ဆုမိုက အေးစက်စက်ကြုံးဝါးလိုက်လေပြီး အကြီးအကဲကျား၏နောက်သို့ လိုက်လေ၏။

ဝှစ်...။

လျင်မြန်စွာဖြင့်ပင် ဆုမိုက မြေပြင်အထက်သို့ ရောက်ရှိလာသည်။

သို့သော် သူ လေထဲသို့ရောက်ရှိသွားချိန်တွင် ထိန်းမရစွာပင် မျက်ဝန်းများ ကျဥ်းမြောင်သွားလေ၏။

သူ၏ရှေ့တွင် ကြီးမားထည်ဝါလွန်းသော အဆောက်အဦးကြီးများ ရှိနေချေ၏။ အသေးဆုံး ကျောက်နန်းတော်ကပင် ပေတစ်ရာခန့်မြင့်မားလေပြီး အကြီးဆုံး ကျောက်နန်းတော်ကမူ မြို့တစ်ခုစာခန့် ကြီးမားပေသည်။

လက်ရှိအချိန်တွင် အကြီးအကဲကျားက အဆောက်အဦးများဆီသို့ ပျံသန်းသွားနေပေ၏။

" လူသန်ကြီးမျိုးနွယ် " ဆုမို မျက်လုံးပြူးသွားရသည်။ သူ ပျံသန်းနေခဲ့စဥ်၌ လူသန်ကြီးမျိုးနွယ်ဝင်ပေါင်းများစွာအား မြင်ခဲ့ရပေသည်။

ယခုအခါတွင် သူက ကြယ်၏ဗဟိုချက်နေရာသို့ ရောက်ရှိ​နေသည်ဟု ဆိုလိုခြင်းဖြစ်ပေ၏။

အကြီးအကဲကျားက လူသန်ကြီးမျိုးနွယ်၏စွမ်းအားကို အသုံးချကာ ထွက်ပြေးချင်နေဟန်ရသည

ဆုမို စိတ်မွန်းကျပ်သွားရ၏။ သူက လူသန်ကြီးမျိုးနွယ်၏စွမ်းအားကို သေချာမသိသလို လူသန်ကြီးမျိုးနွယ်တွင် နတ်ဘုရားတစ်ပိုင်းများ မည်မျှအထိရှိနေသည်ကိုလည်း သူမသိပေ။

သို့သော် သူက တွေဝေမနေဘဲ အကြီးအကဲကျား၏နောက်သို့ ဆက်၍လိုက်နေသည်။ သူက အကြီးအကဲကျားအား အလွတ်မပေးနိုင်ပေ။ ထိုအဖိုးကြီးက မဖြစ်မနေပင် သေရပေမည်။

လူသန်ကြီးမျိုးနွယ်က ကဝေမျိုးနွယ်ထက် သန်မာခြင်းမရှိပေ။ လူသန်ကြီးမျိုးနွယ်ထဲတွင် နတ်ဘုရားတစ်ပိုင်းများ သုံးဦးထက်ပိုမည် မဟုတ်သလို နတ်ဘုရားတစ်ပိုင်းနယ်ပယ် အဆင့် ၃ များ ရှိလိမ့်မည်မဟုတ်ချေ။

လူသန်ကြီးမျိုးနွယ်က သန်မာခြင်းကြောင့် အလွန်ဆုံးအနေဖြင့် အသန်မာဆုံး သိုင်းသမားက နတ်ဘုရားတစ်ပိုင်းနယ်ပယ် အဆင့် ၂ တွင်သာ ရှိပေလိမ့်မည်။ ထိုမျှလောက်က သူ ကြောက်ရွံ့ရန်အတွက် မလုံလောက်သေးပေ။

" ခွေးကောင်လေး... ဒါက လူသန်ကြီးမျိုးနွယ်ရဲ့ ပိုင်နက်နယ်မြေပဲ။ မင်း ငါ့ကို သတ်နိုင်မှာမဟုတ်ဘူး " အကြီးအကဲကျားက ဆုမိုအား လှည့်ကြည့်ကာ အော်ဟစ်လိုက်သည်။ ဤနေရာသို့ ရောက်ရှိလာခြင်းကြောင့် သူ ယုံကြည်ချက်များ ရလာပေ၏။

အဆောက်အဦးများစွာအတွင်းမှ ပုံရိပ်ကြီးများက ဆုမိုနှင့် အကြီးအကဲကျားတို့ဆီသို့ ပျံသန်းသွားကြပေ၏။

အဆိုပါ လူသန်ကြီးမျိုးနွယ်၏ ကျွမ်းကျင်သူများက တစ်ထောင်ထက်မနည်းပေ။ သူတို့တစ်ဦးချင်းစီ၏ ခန္ဓာကိုယ်ကြီးမား မိုးထိုးလုမတက်ပင် မြင့်မားကြပြီး သူတို့က ဆုမိုနှင့်အကြီးအကဲကျားတို့ဆီသို့ ပျံသန်းသွားနေပေ၏။

ထိုအဖွဲ့၏ခေါင်းဆောင်နှစ်ဦးက ပေရှစ်ဆယ်ခန့် မြင့်မားကြပေ၏။ တစ်ဦးသည် ကြွက်သားတောင့်တင်းကာ သန်မာပေ၏။ သူ၏ကြွက်သားများက ဖုထသ်နေကြကာ ခန္ဓာကိုယ်ပေါ်တွင် သွေးကြောကြီးများ အထင်းသားပေါ်ထွက်နေ၏။ သူ၏မေးစေ့တွင် မုတ်ဆိတ်ရှည်ကြီး ကျဆင်းနေလျှက်ရှိပြီး သူ့အား အစွမ်းထက်သူတစ်ဦးပမာ အထင်ရောက်ရစေသည်။

ထိုခေါင်းဆောင်က နတ်ဘုရားတစ်ပိုင်းဖြစ်သည့် အကြီးအကဲဖုန်းရှန့် ဖြစ်ပေသည်။

အခြားတစ်ယောက်ကမူ တိရိစ္ဆာန်သားရေ လက်တိုအင်္ကျီ ဝတ်ဆင်ထားသည့် အဖိုးအိုတစ်ဦး ဖြစ်ပေသည်။ သူကလဲ ဖုန်းရှန့်ကဲ့သို့ပင် ကြွက်သားတုတ်ခိုင်ကာ သန်မာလေပြီး မျက်နှာကမူ အမွေးအမျှင်များ ရိတ်ထားကာ ရှင်းသန့်နေသည်။

ဆုမိုက တင်းမာသော မျက်နှာထားဖြင့်ပင် အရှိန်လျော့ချလိုက်လေ၏။

သူက ကျွီမော့ ၊ ကျွီရှန့် ၊ အကြီးအကဲဖုန်းရှန့် အပါအဝင် ထိုအဖွဲ့ထဲမှ လူတော်တော်များများအား မှတ်မိပေသည်။

သို့သော် တိရိစ္ဆာန်သားရေဝတ် အဖိုးအိုက နတ်ဘုရားတစ်ပိုင်းနယ်ပယ် အဆင့် ၂ ဖြစ်နေသည်ကို သူ သတိပြုမိပေ၏။

" မင်းတို့က လူသန်ကြီးစိတ်ဝိဥာဥ်ကြယ်ပေါ်မှ တိုက်ခိုက်ပြီးတော့ ငါတို့မျိုးနွယ်ကို မထီမဲ့မြင်ပြုနေတာလား " တိရိစ္ဆာန်သားရေဝတ် အဖိုးအိုက ပြောလိုက်လေသည်။ သူ၏အသံက မိုးခြိမ်းသံအလားပင် ကျယ်လောင်လှသည်။

ဆုမိုက အကြီးအကဲကျား၏နောက်သို့ လိုက်နေကြောင်းကို သူ သိပေသည်။ သို့သော် ထိုနှစ်ဦးက လူသန်ကြီးစိတ်ဝိဥာဥ်ကြယ်ပေါ်တွင် တိုက်ခိုက်နေကြခြင်းသည် အမှုအမှတ်မဲ့သော တိုက်ကွက်တစ်ခုကပင် ကြယ်အား ဖျက်ဆီးသွားနိုင်ပေသောကြောင့် သူက ရပ်ကြည့်မနေနိုင်သည်မှာ ပုံမှန်သာဖြစ်ပေ၏။

ဝှစ်...။

အကြီးအကဲကျားက လူသန်ကြီးမျိုးနွယ်အဖွဲ့ဆီသို့ ပျံသန်းသွားပြီးနောက် အရှိန်လျော့ချလိုက်သည်။

" ညီနောင်ကျွီတန်း...ဖုန်းရှန့်... ကျေးဇူးပြုပြီးတော့ ငါ့ကို ကူညီပေးကြပါဦး " အကြီးအကဲကျားက နတ်ဘုရားတစ်ပိုင်းနှစ်ဦးအား လက်သီးဆုပ်ဂါရဝပြုကာ တောင်းဆိုလိုက်သည်။

စစ်သည်တော်၏သစ္စာ

06 Jun, 13:46


အပိုင်း ၂၀၀၂
လူသန်ကြီးမျိုးနွယ်၏ ကျွမ်းကျင်သူများ
_____________

ဝှစ်...။

အကြီးအကဲကျား၏ခန္ဓာကိုယ်က လူသန်ကြီးစိတ်ဝိဥာဥ်ကြယ်ပေါ်သို့ ဥက္ကာခဲတစ်လုံးပမာ ကျဆင်းသွားလေ၏။ သူ၏ အံ့မခန်းမြန်ဆန်သော အမြန်နှုန်းကြောင့် သူ၏ခန္ဓာကိုယ်တွင် မီးပွားများထွက်ပေါ်လာဟန် ရှိနေပေသည်။

ထိုဖြစ်ရပ်က လူသန်ကြီးစိတ်ဝိဥာဥ်ကြယ်ပေါ်မှ လူသန်ကြီးမျိုးနွယ်ဝင်ပေါင်းများစွာ၏ အာရုံများအား ဖမ်းစားသွားသည်။

" အဲ့ဒါက ဘာလဲ "

" ကြည့်ရတာတော့ ထိပ်သီးကျွမ်းကျင်သူတစ်ဦး ဖြစ်တဲ့ပုံပဲ "

" အဲ့ဒါက နတ်ဘုရားတစ်ပိုင်းတစ်ဦးပဲ "

လူသန်ကြီးမျိုးနွယ်ဝင်ပေါင်းများစွာက အကြီးအကဲကျားအား တွေ့မြင်သွားကြကာ အော်သံများ ပေါ်ထွက်လာပေ၏။

ဘမ်း...။

အကြီးအကဲကျားက လူသန်ကြီးစိတ်ဝိဥာဥ်ကြယ်၏ ဘုံကိုးပါးလေထုနှင့် ရိုက်ခက်မိသွားကာ ကြယ်အတွင်းထဲသို့ ပြုတ်ကျသွားလေ၏။

ဘုန်း... ။

အကြီးအကဲကျားက မြေပြင်နှင့်ရိုက်ခက်မိကာ ပျောက်ကွယ်သွားလေ၏။ သူ ကျဆင်းသွားသည့် မြေပြင်ပေါ်တွင် တွင်းကြီးတစ်ခု ဖြစ်ပေါ်နေပေသည်။

ဝှစ်... ။

ဆုမိုက ဓားတစ်စင်းပမာပင် လူသန်ကြီးစိတ်ဝိဥာဥ်ကြယ်ထဲသို့ ဝင်ရောက်လာခဲ့ပြီး တွင်းထဲသို့ ထိုးဆင်းသွားကာ အကြီးအကဲကျား၏နောက်သို့ လိုက်လေသည်။

ဆုမို၏စိတ်အာရုံက အကြီးအကဲကျားကိုသာ ပစ်မှတ်ထားနေပေသောကြောင့် အကြီးအကဲကျားက မြေပြင်ထဲတွင် ထွင်းဖောက်ကာသွားနေသည်ကို ရှင်းလင်းစွာပင် အာရုံခံမိပေ၏။

" ခင်ဗျားရဲ့သေခြင်း ဆိုက်ရောက်ပြီ " ဆုမိုက ကြုံးဝါးကာ ထပ်မံတိုက်ခိုက်လိုက်လေ၏။ ပျက်စီးခြင်းဓားချီက မြေပြင်အား ထိုးဖောင်သွားကာ အကြီးအကဲကျားဆီသို့ တည့်တည့်ပြေးဝင်သွားလေ၏။

ဘုန်း...ဘုန်း...ဘုန်း...။

အကြီးအကဲကျားက လက်အား ကမန်းကတမ်းဝှေ့ယမ်းကာ လက်ဝါးပုံရိပ်များ ထုတ်ဖော်ပြီး တိုက်ခိုက်မှုများအား ခုခံလိုက်လေ၏။

သူက လျို့ဝှက်နည်းစနစ်အား အသုံးပြုပြီး ဆုမို၏တိုက်ခိုက်မှုများအား ခုခံနိုင်ခဲ့သော်လည်းပဲ သူ၏ကိုယ်တွင်းအင်္ဂါများကမူ တစ်စစီပျက်စီးနေချေပြီ။

သူသာ သာမန်သိုင်းသမားတစ်ဦးဆိုပါက သေနှင့်လောက်ချေပြီ။

ယခုကဲ့သို့ဖြစ်ရခြင်းမှာ သူက သွေးစိတ်ဝိဥာဥ်အဆင့်တွင် ပထမအဆင့်ရှိသည့် နတ်ဘုရားတစ်ပိုင်းတစ်ဦး ဖြစ်နေခြင်းကြောင့်ပင်။ နတ်ဘုရားကဲ့သို့သော သွေးများက သူ၏သွေးကြောများတစ်လျှောက်တွင် လည်ပတ်နေခြင်းကြောင့် သူ ဒဏ်ရာရရှိနေခဲ့လျှင်ပင် သူ၏တိုက်ခိုက်ရေးစွမ်းရည်အား အကြီးအကျယ်ထိခိုက်စေမည်မဟုတ်ပေ။

ဘုန်း...။

တောင်တစ်လုံးကဲ့သို့သော လက်ဝါးပုံရိပ်က မြေပြင်တစ်လျှောက်တွင် ဖြတ်သန်းသွားပြီး ပျက်စီးခြင်းဓားချီနှင့် ဆုံတွေ့မိသည်။

ဘုန်း...ဘုန်း...ဘုန်း...။

ပေါက်ကွဲသံများ ဆက်တိုက်ထွက်ပေါ်လာပေ၏။ လက်ဝါးပုံရိပ်က ဓားချီများအား ယှဥ်နိုင်ခြင်းမရှိဘဲ ပြိုကွဲသွားရပြီး ပေါက်ကွဲအားလှိုင်းများ ဖြစ်ပေါ်သွားကာ မြေထုတစ်လျှောက်တွင် ရိုက်ခက်သွားသည်။

ပြင်းထန်သော တိုက်ခိုက်မှုများကြောင့် လူသန်ကြီးစိတ်ဝိဥာဥ်ကြယ်မှ ရစ်ချက်တာစကေး ၁၂ ရှိသော ငလျင်တစ်ခု လှုပ်ခက်သွားသည့်ပမာ တုန်ခါသွားရပေသည်။

ဓားချီများ တိုက်ခိုက်လာသည်ကို မြင်သောအခါတွင် အကြီးအကဲကျား ထိတ်လန့်ကြောက်ရွံ့သွားရလေ၏။ သူက တုန့်ဆိုင်းမနေဘဲ သွေးအဆီအနှစ်တစ်စက် အန်ထုတ်လိုက်လေ၏။

သွေးအဆီအနှစ် ပေါ်ထွက်လာသောအခါတွင် ချက်ချင်းပင် ကြီးမားသော ချိတ်တံဆိပ်တစ်ခုအဖြစ် ပြောင်းလဲသွားလေ၏။

ထိုချိတ်တံဆိပ်က ပေတစ်ရာခန့်ရှည်လျားကာ သွေးနီရောင်အလင်းများ တောက်ပနေသည်။ ချိတ်တံဆိပ်က ဒိုင်းကာကြီးတစ်ခုနှင့် ဆင်တူလှပြီး အကြီးအကဲကျားအား နောက်တွင်ထားကာ လုံခြုံစွာကာကွယ်ပေးထားသည်။

ဘုန်း...။

ပျက်စီးခြင်းဓားချီက ချိတ်တံဆိပ်အား တိုက်ခိုက်မိကာ ပေါက်ကွဲသံကြီးတစ်ခု ထွက်ပေါ်လာပေ၏။ ချိတိတံဆိပ် ချက်ချင်းပျက်စီးသွားရလေ၏။

သို့သော် ခုခံကာကွယ်ခြင်း အမျိုးအစားဖြစ်သည့် ချိတ်တံဆိပ်က သန်မာလှလေပြီး ပျက်စီးခြင်းဓားချီ၏စွမ်းအားများကို ထက်ဝက်ခန့်ကျဆင်းသွားအောင် အောင်မြင်စွာလုပ်ဆောင်နိုင်ခဲ့သည်။

ပျက်စီးခြင်းဓားချီက လမ်းကြောင်းအတိုင်း ဆက်၍သွားကာ အကြီးအကဲကျားအား တိုက်ခိုက်မိလေပြီး ခန္ဓာကိုယ်ပြင်ပတွင်ရှိသည့် ချိတ်တံဆိပ်များ ချက်ချင်းပြိုကွဲသွားရသည်။

အား...။

အကြီးအကဲကျား အော်ဟစ်လိုက်ရကာ နောက်သို့ လွင့်စင်သွားလေ၏။ အကြီးအကဲကျား၏ခန္ဓာကိုယ်မှ မဟူရာစွမ်းအင်အကာအကွယ်သည်လည်း ပျက်စီးသွားရပြီး ပါးစပ်မှ သွေးများအန်ထွက်လာပေ၏။

" မသေသေးဘူးလား " ဆုမို၏မျက်နှာ အေးစက်သွားသည်။ ခွေးအိုကြီးက အလွန်ပင် သတ်ရခက်လှချေ၏။

ဆုမိုက အရှိန်လျော့ချခြင်းမရှိဘဲ အဖိုးကြီး၏နောက်သို့ လျင်မြန်စွာလိုက်ပြီး စားသုံးခြင်းတိုက်ခိုက်ရေးဝိဥာဥ်အား နှိုးဆွထားသည်။

အဖိုးကြီးက ဒဏ်ရာရထားသော်လည်းပဲ စားသုံးခြင်းစွမ်းအင်များက အဖိုးကြီး၏အမြန်နှုန်းကို များစွာအနှောင့်အယှက် မဖြစ်စေခဲ့ပေသောကြောင့် ဆုမို အလွန်စိတ်ရှုပ်ထွေးရသည်။

" ခွေးမသားလေး... အရင်တုန်းက မင်းကို မသတ်ခဲ့မိတာကို ငါနောင်တရတယ် "

အကြီးအကဲကျားက တိုက်ခိုက်မှုများအား ကန်အားယူကာ လျင်မြန်စွာထွက်ပြေးလေ၏။

စစ်သည်တော်၏သစ္စာ

06 Jun, 13:46


အပိုင်း ၂၀၀၁
လူသန်ကြီးစိတ်ဝိဥာဥ်ကြယ်
_____________

အကန်အသတ်မဲ့ကာ အေးစက်သောလေများက မြောက်မြားစွာသော အရိုးစုစစ်သည်တော်များ ဖြစ်ကြပေ၏။

အရိုးစုစစ်သည်တော် အရေအတွက်က သိန်းပေါင်းအနည်းငယ်ခန့်ရှိပြီး ရှုမြင်ရသည်မှာ တုန်လှုပ်ဖွယ်ရာပင်။

အဆိုပါ သိန်းပေါင်းအနည်းငယ်ခန့်သော အရိုးစုစစ်သည်တော်များထဲတွင် အနိမ့်ဆုံးအဆင့်က သိုင်းသခင်နယ်ပယ်၌ ဖြစ်ပေသည်။ အရိုးစုစစ်သည်တော် အများစုသည် သိုင်းသူတော်စင်များ ဖြစ်ကြပေ၏။

ထို့အပြင် သူတော်စင်ဘုရင်၏စွမ်းအားရှိသည့် အရိုးစုစစ်သည်တော်များက အနည်းဆုံးအနေဖြင့် တစ်ရာခန့်ရှိနေပေ၏။

ဂါး....ဂါး...ဂါး...။

ရုတ်ခြည်းမှာပင် သိန်းပေါင်းအနည်းငယ်ခန့်သော အရိုးစုစစ်သည်တော်များက အော်ဟစ်လိုက်ကြပြီး အရိုးဓားများအား ကိုင်စွဲလိုက်ကြ၏။ သူတို့က သေဆုံးခဲ့ပြီးသား စစ်သည်တော်များ ဖြစ်ပေသောကြောင့် ပျက်စီးခြင်းဓားချီများအကြား အတင်းအကျပ်ရုန်းကန် တိုးဝင်ကြလေ၏။

ဘုန်း...ဘုန်း...ဘုန်း...။

ကောင်းကင်ထက်တွင် ကျယ်လောင်လှသော ပေါက်ကွဲသံများ ဆက်တိုက်ထွက်ပေါ်လာပေ၏။

အရိုးစုစစ်သည်တော်များ တစ်ခုပြီးတစ်ခုပင် အရိုးအပိုင်းအစများဖြစ်အောင် ခုတ်ပိုင်းခံနေရကာ အရပ်မျက်နှာအားလုံးသို့ လွင့်စင်သွားနေပေ၏။

အရိုးစုစစ်သည်တော်များက မည်မျှပင်သန်မာနေပါစေ သူတို့က ပျက်စီးခြင်းဓားချီများအား ယှဥ်နိုင်ခြင်းမရှိပေသောကြောင့် အများစုမှာ ချက်ချင်းအသတ်ခံလိုက်ရပေ၏။

ဘုန်း...ဝုန်း...။

ကောင်းကင်ထက်တွင် ဓားချီမိုးစက်များ ပြည့်လွှမ်းသွားပေ၏။ သိန်းပေါင်းအနည်းငယ်ခန့်သော အရိုးစုစစ်သည်တော်များအား သတ်ဖြတ်ပြီးသည့်နောက်တွင် ဓားချီများက လမ်းကြောင်းအတိုင်း ဆက်၍သွားကာ အကြီးအကဲကျားအား တိုက်ခိုက်လေ၏။

သို့သော် အကွာအဝေးက ဝေးကွာလေပြီး အရိုးစုစစ်သည်တော်များ ပိတ်ဆို့မှုပါ ထပ်ပေါင်းလိုက်ချိန်တွင် ဓားချီ၏စွမ်းအားများက အကြီးအကျယ်ပင် ယုတ်လျော့သွားရပေ၏။

ဘမ်း...ဘမ်း...ဘမ်း...။

ပေါက်ကွဲမှုများအကြားမှ အကြီးအကဲကျား ပျံသန်းထွက်ပေါ်လာ၏။

" ဟားဟားဟား... ဆုမို... မင်း ငါ့ကို မသတ်နိုင်ပါဘူးကွာ "

အကြီးအကဲကျားက အော်ဟစ်ရယ်မောလိုက်ပြီးနောက် ခန္ဓာကိုယ်တွင် မဟူရာစွမ်းအင်များ အလုံးအရင်းထွက်ပေါ်လာပြီး အဝေးသို့ လျင်မြန်စွာထွက်ပြေးလေ၏။

ဝှစ်...။

ဆုမိုက နှေးကွေးခြင်းမရှိဘဲ နောက်မှဆက်၍လိုက်လေ၏။ သို့သော် သူ၏မျက်ဝန်းတွင် အေးစက်သော အပြုံးရိပ်တစ်ခု ပေါ်ထွက်နေပေ၏။

အကြောင်းမူကား အကြီးအကဲကျားတွင် အသေးစားဒဏ်ရာများ ရရှိသွားခဲ့ခြင်းကြောင့်ပင်။

အကြီးအကဲကျား၏ခန္ဓာကိုယ်မှ အကာအကွယ်မဟူရာစွမ်းအင်များက ဓားချီအများစုအား ခုခံကာကွယ်သွားခဲ့သော်လည်းပဲ ဆုမိုက အဖိုးကြီးထံမှ သွေးချီအား အာရုံခံမိနေပေသောကြောင့် ထိုအဖိုးကြီးက အတွင်းဒဏ်ရာ ရရှိသွားခဲ့သည်မှာ သေချာပေသည်။

ထိုသည်က အသေးစားဒဏ်ရာမျှသာဖြစ်ပြီး နတ်ဘုရားတစ်ပိုင်းတစ်ဦးအတွက် စာဖွဲ့လောက်စရာမရှိသော်လည်းဘဲ ဆုမိုအတွက်မူ ထိုအဖိုးကြီးအား သတ်ဖြတ်ပစ်နိုင်မည့် အခွင့်အရေးတစ်ခု ဖြစ်ပေသည်။

ဝီ...။

ဆုမိုက ပျံသန်းနေရင်းဖြင့် စားသုံးခြင်းတိုက်ခိုက်ရေးဝိဥာဥ်အား ထုတ်ဖော်လိုက်ပြီး ဝါးမျိုခြင်းမူလဇစ်မြစ်အား အမြင့်ဆုံးအထိ ထုတ်ဖော်လိုက်သည်။ သန်မာလှသော စားသုံးခြင်းစွမ်းအင်များ အလုံးအရင်းထွက်ပေါ်လာကာ ကြယ်စင်ကောင်းကင်တွင် ပြည့်လွှမ်းသွားပေ၏။

" ဟမ်..."

အကြီးအကဲကျားက စားသုံးခြင်းစွမ်းအင်များအား ခံစားမိသွားကာ ချက်ချင်းပင် မျက်ခုံးပင့်လိုက်လေ၏။

သူက အသေးစားအတွင်းဒဏ်ရာ ရရှိထားသည်ဖြစ်ပြီး တိတ်တဆိတ်ပင် ဟန့်တားထိန်းချုပ်ထားရသည်။ သို့သော် စားသုံးခြင်းစွမ်းအင်များက သူ၏ခန္ဓာကိုယ်ထဲရှိ သွေးချီများကို ဗြောင်းဆန်သွားစေခဲ့ပေ၏။

သူ၏သွေးများ ဝရုန်းသုန်းကားဖြစ်သွားခြင်းကြောင့် သူ၏ဒဏ်ရာအား ဖိနှိမ်နိုင်ခြင်း မရှိတော့သည်သာမက ပိုမို၍ပင် ဆိုးရွားလာပေ၏။

" အတော်ကိုထူးဆန်းတဲ့ စွမ်းအားတစ်ခုပဲ " အကြီးအကဲကျား ထိတ်လန့်ကြောက်ရွံ့သွားကာ အဝေးသို့ထွက်ပြေးနိုင်ရန် ကြိုးစားလေ၏။

ဆုမိုက အဖိုးကြီး၏နောက်သို့ လျင်မြန်စွာပင် လိုက်နေပေ၏။ စားသုံးခြင်းစွမ်းအင်များက အဖိုးကြီးအား ကောင်းစွာပိတ်လှောင်ထားပေသောကြောင့် အဖိုးကြီး ထွက်​ပြေးလွတ်မြောက်သွားမည်ကို သူ စိုးရိမ်ခြင်းမရှိပေ။

အဖိုးကြီး၏စွမ်းအားက ထည့်ပြောလောက်စရာ မရှိသော်လည်းဘဲ ထိုအဖိုးကြီးသာ ထွက်ပြေးရန်ဆုံးဖြတ်ထားပါက ဆုမိုအဖို့ ထိုအဖိုးကြီးအား အမိဖမ်းနိုင်ရန် ခက်ခဲပေလိမ့်မည်။

ထိုသို့ဖြင့်ပင် သူတိုနှစ်ဦးက ကြောင်နှင့်ကြွက်ပမာ လိုက်တမ်းပြေးတမ်း ဖြစ်နေကြပေ၏။

နှစ်ရက်တာ လျင်မြန်သွာကုန်ဆုံးသွားခဲ့ပေ၏။ လက်ရှိအချိန်တွင် သူတို့က ရှေးဟောင်းစိတ်ဝိဥာဥ်နဂါးငွေ့တန်း၏ နယ်စပ်အနီးသို့ ရောက်ရှိနေပြီဖြစ်ပြီး မင်ရှုနဂါးငွေ့တန်းသို့ရောက်ရန် များစွာမလိုတော့ပေ။

သို့သော် အကြီးအကဲကျား၏မျက်နှာက သံမဏိတမျှပင် တင်းမာခက်ထန်နေ၏။ စားသုံးခြင်းစွမ်းအင်များက သူ့အား အဆက်မပြတ်ပင် လွှမ်းခြုံနေခြင်းကြောင့် သူ၏ခန္ဓာကိုယ်ထဲရှိ သွေးချီများအား ဖိနှိမ်နိုင်သည်ဆိုရုံမျှသာ ရှိတော့ပေသည်။

သွေးချီများ ဗြောင်းဆန်နေခြင်းကြောင့် သူ၏အတွင်းဒဏ်ရာအား ပိုမို၍ပင် ဆိုးရွားလာစေပေ၏။

စစ်သည်တော်၏သစ္စာ

06 Jun, 13:46


ထိုသည်က သူ အစိုးရိမ်ရဆုံးအရာ မဟုတ်သေးပေ။ အရေးအကြီးဆုံးအချက်သည်ကား သွေးချီများ ဗြောင်းဆန်နေခြင်းကြောင့် သူ၏အမြန်နှုန်းများ ကြီးစွာလျော့နည်းလာရပေ၏။

ဝှစ်...။

ဆုမိုက မူလစိတ်ဝိဥာဥ်ဓားပေါ်တွင် ရပ်နေမြဲဖြင့်ပင် လျှပ်စီးတန်းတစ်ခုပမာ ပျံသန်းသွားသည်။ သူနှင့် အကြီးအကဲကျားတို့ အကြားတွင်ရှိသည့် အကွာအဝေးက ဆက်တိုက်ပင်ကျုံ့ဝင်လာနေပေ၏။

ယခုအခါတွင် သူက ထိုအဖိုးကြီးနှင့် ကီလိုမီတာသုံးရာခန့်သာ ဝေးကွာပေတော့သည်။ သူ တိုက်ခိုက်နိုင်သည့် အတိုင်းအတာအတွင်းသို့ ထိုအဖိုးကြီးက ရောက်နေပေပြီ။

သို့သော် ဆုမိုက တိုက်ခိုက်ခြင်းမရှိပေ။ အကွာအဝေးက ဝေးနေသေးပေသောကြောင့် သူ၏စွမ်းအားများ အားပျော့သွားနိုင်မည်ဖြစ်ပြီး အကြီးအကဲကျားရှန်က တိုက်ခိုက်မှုအား အလွယ်တကူပင် ရှောင်တိမ်းသွာူပေလိမ့်မည်။

သူတို့၏အကွာအဝေး နီးကပ်လာချိန်မှသာ ဆုမို တိုက်ခိုက်မည်ဆိုပါက ပိုမိုထိရောက်ပေလိမ့်မည်။ ဤတစ်ကြိမ်တွင် ဆုမိုက အကြီးအကဲကျားအား တစ်ကြိမ်တည်းဖြင့် သတ်ဖြတ်လိုသည်။

" ချီးပဲ " အကြီးအကဲကျားက သွေးချီများအား ဖိနှိမ်ရန်အတွက် အပြင်းအထန်ပင် ကြိုးစားနေရပေ၏။ ဤအတိုင်းဆက်သွားနေမည်ဆိုပါက ဆုမိုက သူ့အား လိုက်မီလာမည်ဖြစ်ပြီး သူ သေရပေလိမ့်မည်။

သို့သော် သူက ဆုမို၏ရှေ့မှောက်တွင် မည်သည့်ရွေးချယ်စရာမျှမရှိ ဖြစ်နေဟန်ရှိသည်။

သူသာ နေလကြယ်ဆီသို့ မဆုတ်မနစ်ကြိုးပမ်းကာ အရောက်သွားမည်ဆိုပါက သူ အသက်ရှင်နိုင်လောက်သည်။ သို့သော် နေလကြယ်ဆီသို့ ရောက်ရန်အတွက် သူ ရက်အနည်းငယ်ခန့် ပျံသန်းရပေလိမ့်ဦးမည်။

" ဝိညာဥ်သခင်အလံ " အကြီးအကဲကျားက တွေးလိုက်လေ၏။ သူသာ ဆုမိုအား ဝိညာဥ်သခင်အလံထဲသို့ စုပ်ယူနိုင်မည်ဆိုလျှင် သူ ပြေးလွတ်နိုင်လောက်ပေသည်။

သို့သော် ဆုမိုက မိစ္ဆာဝိညာဥ်များအား ဝါးမျိုကာ အနန္တဝိညာဥ်ချုပ်နှောင်ကောင်းကင်အစီအရင်အား ဖျက်ဆီးခဲ့သည်ကို အကြီးအကဲကျားက သတိရသွားပေ၏။ ဝိညာဥ်သခင်အလံဖြင့် ဆုမိုအား ရင်ဆိုင်မည့်အတွေးကို ဘေးဖယ်ထားလိုက်ရသည်။

ထိုအခိုက်တွင် အကြီးအကဲကျား၏မျက်ဝန်းများ တောက်ပသွားလေပြီး မဝေးလှသောနေရာတွင်ရှိသည့် ကြယ်ကြီးတစ်လုံးအား မြင်မိသွားသည်။

ထိုသည်ကား ရှေးဟောင်းစိတ်ဝိဥာဥ်နဂါးငွေ့တန်းထဲမှ လူသန်ကြီးမျိုးနွယ်၏ လူသန်ကြီးစိတ်ဝိဥာဥ်ကြယ် ဖြစ်ပေသည်။

ကြယ်အား ကြည့်နေရင်းဖြင့် အကြီးအကဲကျား၏ ခေါင်းထဲတွင် စိတ်ကူးတစ်ခု ထွက်ပေါ်လာသည်။

ဝှစ်...။

သူ၏ခန္ဓာကိုယ် ဝေ့ဝဲသွားကာ လူသန်ကြီးစိတ်ဝိဥာဥ်ကြယ်ဆီသို့ တည့်တည့်ပျံသန်းသွားပေ၏။

ဆုမို၏မျက်ဝန်းတွင် သတ်ဖြတ်လိုစိတ်များ တောက်ပသွားလေ၏။ ထိုအဖိုးကြီးက မည်သည့်ကြယ်ဆီသို့ ဦးတည်နေသည်မှန်း သူ မသိသော်လည်းပဲ ထိုကြယ်ဆီသို့ ဦးတည်နေသည့် အဖိုးကြီးထံတွင် အစီအစဥ်တစ်ခု ရှိနေလိမ့်မည်ဖြစ်ကြောင်း သူသိပေသည်။

ထို့ကြောင့် ဆုမိုက တုန့်ဆိုင်မနေဘဲ တိုက်ခိုက်လိုက်လေ၏။

ဝှစ်...ဝှစ်...ဝှစ်...။

ရုတ်ခြည်းမှာပင် ကောင်းကင်ထက်တွင် ကြီးမားလှသော ဓားစွမ်းအားများ လွှမ်းခြုံသွားကာ ပျက်စီးခြင်းဓားချီများက အကြီးအကဲကျားဆီသို့ ပြေးဝင်သွားလေ၏။

" ပျက်စီးစမ်း " အကြီးအကဲကျားက တုန့်ဆိုင်မနေဘဲ တန်ပြန်တိုက်ခိုက်လိုက်၏။

တောင်ကြီးတစ်လုံးကဲ့သို့သော လက်သီးအလင်းက လေထုအား ထိုးဖောက်သွားပြီး ပျက်စီးခြင်းဓားချီနှင့် ရင်ဆိုင်မိသည်။

ဘုန်း...ဘုန်း...ဘုန်း...။

ပေါက်ကွဲသံများ ဆက်တိုက်ပေါ်ထွက်လာပေ၏။

လက်သီးအလင်းက သန်မာသော်လည်းပဲ ပျက်စီးခြင်းဓားချီအား ရင်ဆိုင်နိုင်စွမ်းမရှိခဲ့ကာ လက်သီးအလင်း တစ်စစီပြိုကွဲသွားရပေ၏။

ဘုန်း...ဘုန်း...ဘုန်း...။

ပျက်စီးခြင်းဓားချီက ကောင်းကင်မှ လေဆင်နှာမောင်းတစ်ခုနှင့် ဆင်တူလှလေပြီး နှိုင်းဆမရသော သတ်ဖြတ်စွမ်းအားများ ပြည့်နှက်နေသည်။ ဓားချီများက အကြီးအကဲကျားအား အသေသတ်တော့မည့်ပမာ ပြေးဝင်သွားလေ၏။

ဝှစ်...။

သို့သော် အကြီးအကဲကျားက မဝေးလှသောနေရာတွင်ရှိသည် ကြယ်ကြီးဆီသို့ ဥက္ကာခဲတစ်လုံးပမာပင် ပြုတ်ကျသွားလေ၏။

" ဒီလူကြီး မသေသေးဘူးပဲ " ဆုမို၏မျက်ဝန်းများ ကျဥ်းမြောင်သွားသည်။ အကြီးအကဲကျား၏ ခန္ဓာကိုယ်ဝန်းတွင် ရှုပ်ထွေးလှသော ချိတ်တံဆိပ်များ ရှိနေသည်ကို သူ အာရုံခံမိသည်။

ချိတ်တံဆိပ်များက များပြားလှလေပြီး တစ်ရာထက်မနည်းပေ။ ချိတ်တံဆိပ်တစ်ခုချင်းစီတိုင်းက လက်ဝါးအရွယ်အစားခန့်ရှိပြီး အတူတကွပေါင်းစည်းကာ အကြီးအကဲကျား၏ခန္ဓာကိုယ်အား လွှမ်းခြုံထားသည်။

ထိုသည်က ကဝေမျိုးနွယ်၏ အကာအကွယ်အစီအရင်တစ်ခု ဖြစ်လိမ့်မည်ကို ဆုမိုက နှစ်ခါတွေးစရာမလိုဘဲ သိရှိပေသည်။

ထိုအဖြစ်ကြောင့် သူ စိတ်မွန်းကျပ်သွားရ၏။ သူ၏စွမ်းအားက နတ်ဘုရားတစ်ပိုင်းနယ်ပယ် အဆင့် ၁ ထက် သာလွန်နေသော်လည်းပဲ ထိုအဖိုးကြီးအား သတ်ဖြတ်ပစ်ရန်ကမူ စိန်ခေါ်မှုတစ်ရပ် ဖြစ်နေခဲ့ကြောင်း သက်သေပြနေပေသည်။

ထိုလိပ်အိုကြီးက နှစ်ပေါင်းများစွာ ရှင်သန်နေထိုင်လာပြီး ဝှက်ဖဲပေါင်းများစွာ ရှိနေပေသောကြောင့် လူငယ်သိုင်းသမားများအနေဖြင့် ယှဥ်နိုင်လိမ့်မည်မဟုတ်ပေ။

ဝှစ်...။

ဆုမိုက လေထဲတွင် လျှပ်စီးတန်းတစ်ခုပမာ ပျံသန်းသွားပြီး သူ၏ခန္ဓာကိုယ်ထဲတွင် သွေးစွမ်းအားများ မြင့်တက်လာ၏။ သူ့ထံတွင် ပျက်စီးခြင်းစွမ်းအင်များ လည်ပတ်လာကာ ပေါက်ကွဲအားလှိုင်းမျိုးစုံအား ဖြတ်ကျော်သွားပြီး အကြီးအကဲကျား၏နောက်သို့ လိုက်လေ၏။

စစ်သည်တော်၏သစ္စာ

05 Jun, 06:17


စစ်သည်တော်၏သစ္စာ pinned «စစ်သည်တော်၏သစ္စာ ( 1 - 72 ) https://www.mediafire.com/download/yffe96sksdnj9d0 ( 73 - 150 ) https://www.mediafire.com/download/i6uj200oz11dxa4 (151 - 234 ) https://www.mediafire.com/download/o1u0ecyeorxo2zf ( 235 - 315) https://www.mediafire.com/downl…»

စစ်သည်တော်၏သစ္စာ

05 Jun, 06:10


စစ်သည်တော်၏သစ္စာ

( 1 - 72 )
https://www.mediafire.com/download/yffe96sksdnj9d0

( 73 - 150 )
https://www.mediafire.com/download/i6uj200oz11dxa4

(151 - 234 )
https://www.mediafire.com/download/o1u0ecyeorxo2zf

( 235 - 315)
https://www.mediafire.com/download/k8cqra9ni5wlxfa

(316 - 400 )
https://www.mediafire.com/download/tfcypcyn2hnywqw

( 401 - 470 )
https://www.mediafire.com/download/tscwbbdbjlhlzlh

(471-600)
https://www.mediafire.com/download/oikwfyewchal88j

(601-700)
https://www.mediafire.com/download/edfv58qx71h9xil

(701-800)
https://www.mediafire.com/download/htqxqn2ocpsq2m3

( 801-900 )
https://www.mediafire.com/download/ficcxls2dpin20p

(901-1000)
https://www.mediafire.com/download/x9rdap0v6xkt45g

( 1001 - 1100)
https://www.mediafire.com/download/akvrfmeipbjjvc7

(1101 -1200)
https://www.mediafire.com/download/el4d7kibd7ogz2k

(1201-1300)
https://www.mediafire.com/download/b01ogxdplenfcs4

(1301-1400)
https://www.mediafire.com/download/n9jwi51n28libgp

(1401-1500)
https://www.mediafire.com/download/t412xlp7nvldpjd

( 1501-1600)
https://www.mediafire.com/download/xuy675yjpy9wecy

(1601-1700)
https://www.mediafire.com/download/414pkh5u36au4s0

(1701-1800)
https://www.mediafire.com/download/nfh58oei2kmw0eh

(1801-1900)
https://www.mediafire.com/download/3e5pepjtt9u9wyo

(1901-2000)
https://www.mediafire.com/download/vptoibrye1ewb7s