Sandi Myint Aung (@sandimyintaung969969) के नवीनतम पोस्ट टेलीग्राम पर

Sandi Myint Aung टेलीग्राम पोस्ट

Sandi Myint Aung
💚 Only one but Lion 💚
11,894 सदस्य
14,750 तस्वीरें
899 वीडियो
अंतिम अपडेट 01.03.2025 05:08

Sandi Myint Aung द्वारा टेलीग्राम पर साझा की गई नवीनतम सामग्री


မကြီးထက် ဦးဆောင်သော
ကျောက်ဆည် ပြည်သူ့စစ်အဖွဲ့မှ
ကျောက်ဆည်မြို့နယ်ရှိ စာအောင်သံဃာတော်များအား ဆွမ်းဆန်စိမ်းလောင်းလှူပွဲကုသိုလ်ယူ🙏🙏🙏



Sandi Myint Aung
https://t.me/sandimyintaung969969

အခုတည်းက လုနေတာကို ကိုယ့်ပြည်နယ်ကိုယ် အုပ်ချုပ်ခိုင်းလိုက်ရင် ငြိမ်းချမ်းမယ်လို့တွေးတဲ့ ချီးဦးနှောက်တွေက
ရှိသေး


မန်မောက်ရွာမှာရှိတဲ့ KIA တပ်မဟာ ၄၊ တပ်ရင်း ၃၄၊ အင်အား ၁၀၀ ခန့်ရှိ တပ်စခန်းကို နမ့်ဆန်မြို့နယ်၊ ဟိုမိန်းရွာနဲ့ မန်တုံဘက်က ဆင်းလာတဲ့ TNLA တပ်ဖွဲ့ အင်အား ၄၀၀ ဝန်းကျင်ခန့်က ဝိုင်းဝန်းပိတ်ဆို့ကာ လာရောက်စီးနင်း ရိုက်နှက်ခဲ့ရာက KIA  ၁၁ ဦး ဒဏ်ရာရသွားကြောင်းသိရ။



#TNLA #KIA #ကချင် #တအာင်း #ပဋိပက္ခ #
https://t.me/sandimyintaung969969

ပြင်ဦးလွင်တပ်နယ် Drone တပ်ဖွဲ့ဝင်များမှ TNLA/PDF အကြမ်းဖက်သောင်းကျန်းသူများအား တိုက်ခိုက်ချေမှုန်းသုတ်သင်ခြင်း
-
တိုက်ပွဲသတင်းစုံ

ပဲခူးမြို့နယ်၊ ခုံတိုင်းကျေးရွာအနီး မီးရထားသံလမ်းတွင် အမျိုးသားတစ်ဦး ရထားတိုက်ခံရသဖြင့်သေဆုံးမှုဖြစ်

ဖေဖော်ဝါရီ ၂၈

ပဲခူးမြို့နယ်၊ခုံတိုင်းကျေးရွာအနီး ရထားမိုင်တိုင်အမှတ် ၅၁/၂၃-၂၄ ကြားတွင် ဖေဖောဝါရီလ(၂၈)ရက်နေ့ နံနက်(၁၁)နာရီအချိန်တွင်အမျိုးသား(၁)ဦး ရထားတိုက်ခံရ၍ သေဆုံးသွားကြောင်းသိရပါတယ်။

သေဆုံးသူမှာ  အောင်နိုင်ဝင်း၊ ၃၅နှစ်၊ (ဘ)ဦးမျိုးအောင်၊ ဗမာ/ဗုဒ္ဓ၊ ရွှေတန်ကျေးရွာ၊ ဘုရားကြီးမြို့၊ (အရက်ကြောင်ကြောင်) နေသူဖြစ်ပြီး ရန်ကုန်မှ မန္တလေးသို့ စက်ခေါင်းမောင်း ဦးကြည်ရွှေ မောင်းနှင်လာသော စက်ခေါင်းအမှတ် DF.1356 (၁)အဆန် စာပို့ရထားမှာ ရွှေလှေဘူတာမှ နံနက်'၁၀:၅၅)နာရီအချိန် ထွက်လာခဲ့ရာ အခင်း​​ဖြစ်နေရာအရောက်တွင် သေဆုံးသူမှ လမ်းဖြတ်ကူးစဉ် မီးရထားနှင့်တိုက်မိခြင်းဖြစ်ကြောင်း သိရှိရ ပါတယ်။

ပြင်ဦးလွင် နဲ့ နောင်ချို အစပ်ရှိ တောင်ခမ်း ဧရိယာ အားလုံးကို ယနေ့ ညနေ အချိန်မှာ တပ်မတော်က အလုံးစုံ ထိန်းချုပ်နိုင်ပြီ ဖြစ်ပါတယ်။

စစ်သွေးကြွများရဲ့ အလောင်း၊လက်နက်များစွာကို တပ်မတော် က ရရှိလိုက်သည်။

#PeopleMedia

ပြည်သူ့စစ်မှုထမ်းသင်တန်း
အမှတ်စဥ်(၈)တွင် သင်တန်းတက်ရောက်ခဲ့သည့်  ဘွဲ့ရစစ်သည်များအား သင်တန်းဆင်းချိန်တွင် ဒုတိယတပ်ကြပ်အဆင့်ချီးမြှင့်။

#pms

တိုက်ပွဲသတင်း (မဲသဝေါ)

ဖေ ၂၇ ရက် (ယနေ့)နေ့လည်ပိုင်းက ကရင်ပြည်နယ်၊ မဲသဝေါဒေသရှိ တပ်စခန်းတစ်ခုအား KNU/PDF အင်အား ၁၀၀ ခန့်က လာရောက်တိုက်ခိုက်ခဲ့။ စစ်သည်များ၏ ရဲဝံ့စွန့်စားမှု၊ လက်နက်ကြီးပစ်ကူထိရောက်မှု များကြောင့် ရန်သူမှာ ၎င်းတို့အလောင်းများ ဆွဲယူထွက်ပြေးသွားခဲ့။ ဖြစ်စဉ်တွင် မိမိထိခိုက်မှုမရှိ၊ ရန်သူ့ထံမှ -
(၁) KNU အလောင်း ၂ လောင်း
(၂) ၄၀ မမ ဗုံးပစ်လောင်ချာ ၁ လက်
(၃) ကျည်အိမ်/ ကျည်ဆန်များ
(၄) အိုင်ကွန်/ဖုန်းများ

သိမ်းဆည်းရရှိခဲ့ပါသည်။
-
တိုက်ပွဲသတင်းစုံ

ရွှေဘိုမြို့နယ်၊ ပန်းရံကျေးရွာတွင် ရှင်ပြုအလှူတော်မင်္ဂလာကျင်းပနေချိန်၌ PDF အမည်ခံအကြမ်းဖက်သမားများက Drop Bomb များဖြင့် ရက်စက်ယုတ်မာစွာ ပစ်ချတိုက်ခိုက်ခဲ့မှုကြောင့် အသက် (၉)နှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံးခဲ့ပြီး အပြစ်မဲ့ပြည်သူ ၁၄ ဦး ထိခိုက်ဒဏ်ရာရရှိ

နေပြည်တော်၊ ၂၀၂၅ ဖေဖော်ဝါရီလ ၁၉ ရက်

တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ မြို့နယ်အချို့၌ အကြမ်းဖက်မှုကို လိုလားသူ လက်နက်ကိုင်သောင်းကျန်းသူများနှင့် PDF အမည်ခံအကြမ်းဖက်အဖွဲ့များက စစ်ရေးပစ်မှတ် မဟုတ်သည့် အပြစ်မဲ့ပြည်သူများသွားလာရာ လမ်းတံတားများ၊ နေထိုင်ရာရပ်ကွက်၊ ကျေးရွာများအတွင်းသို့ လက်နက်ကြီး၊ လက်လုပ်စိန်ပြောင်း၊ Drop Bomb များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းနှင့် နေအိမ်များအား အကြောင်းမဲ့မီးရှို့ဖျက်ဆီးခြင်းစသည့် အကြမ်းဖက်မှု လုပ်ရပ်များသာမက ဘာသာရေးနှင့် သက်ဆိုင်သော ဘုန်းကြီးကျောင်းများနှင့် အလှူအတန်း မင်္ဂလာပွဲများကိုလည်း နှောင့်ယှက်ဖျက်ဆီးမှုများ လုပ်ဆောင်လာကြသည်ကို တွေ့ရှိရသည်။

MWD

မန္တလေးတိုင်းဒေသကြီးအတွင်း အပြစ်မဲ့ပြည်သူများအား ဒလန်ဟုစွပ်စွဲ၍ လုပ်ကြံသတ်ဖြတ်ခဲ့သည့် MDY PDF  အမည်ခံအကြမ်းဖက်အဖွဲ့ဝင်များအား လက်နက်/ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိ

ဖေဖော်ဝါရီလ ၁၉

နိုင်ငံတော်အစိုးရမှ အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH ၊ NUG နှင့် ယင်းတို့၏လက်အောက်ခံ PDF အမည်ခံအကြမ်းဖက်အဖွဲ့များ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် နိုင်ငံ့ဝန်ထမ်းများအပါအဝင် အပြစ်မဲ့ပြည်သူများအား အဓိကပစ်မှတ်ထား၍ လုပ်ကြံသတ်ဖြတ်ခြင်း၊ အများပြည်သူနှင့် သက်ဆိုင်သောနေရာများအား ဖောက်ခွဲဖျက်ဆီးခြင်း၊ အများပြည်သူပိုင်ပစ္စည်းများအား ဓားပြတိုက်လုယက်ခြင်းစသည့် အကြမ်းဖက်လုပ်ငန်းများကို နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိသည်။

မန္တလေးတိုင်း
ပြည်ကြီးတံခွန်မြို့နယ်၊(စ)ရပ်ကွက်ရှိ ရွှေဧရာတည်းခိုခန်းတွင် ရောက်ရှိတည်းခိုနေသော အကြမ်းဖက် PDF သင်တန်းဆင်း ငြိမ်းမင်းအား ဖမ်းမိ။