Dernières publications de Sandi Myint Aung (@sandimyintaung969969) sur Telegram

Publications du canal Sandi Myint Aung

Sandi Myint Aung
💚 Only one but Lion 💚
11,894 abonnés
14,750 photos
899 vidéos
Dernière mise à jour 01.03.2025 05:08

Canaux similaires

ရွှေဘ
16,229 abonnés
Naung Taw Lay
14,798 abonnés

Le dernier contenu partagé par Sandi Myint Aung sur Telegram


ကူမင်း၌ နစက နှင့် တွေ့ဆုံဆွေးနွေးရာတွင် အချက် ၃ ချက်ကို ဆွေးနွေးခဲ့ဟု TNLA ဆို
+++++++++++++++++++++++++++++++++++++++++++++++
ဖေဖော်ဝါရီလ ၁၉ ရက်
တရုတ်အစိုးရ၏စီစဉ်ပေးမှုအရပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၆ နှင့် ၁၇ ရက်တို့တွင် တရုတ်နိုင်ငံ ယူနန်ပြည်နယ်၊ ကူမင်းမြို့ရှိ ဟိုင်ဂင်ဟော်တယ်၌ နစက နှင့် တွေ့ဆုံဆွေးနွေးရာတွင် အချက် ၃ ချက်ကို ဆွေးနွေးခဲ့ကြောင်း TNLA က ထုတ်ပြန်ထားသည်။
နစက ၏ ကစထ(၁) မှူး ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုဦး ဦးဆောင်သည့် စစ်ကောင်စီတပ်ကိုယ်စားလှယ်အဖွဲ့နှင့် TNLA ဘက်က ဒုတိယဗိုလ်ချုပ်ကြီး တားဂျုတ်ဂျား ဦးဆောင်သည့် ကိုယ်စားလှယ်များ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ယင်းဆွေးနွေးပွဲတွင်  (၁) နှစ်ဖက်တပ် ရောက်ရှိသည့်နေရာတွင် ရပ်တန့်ထားပြီး အပစ်အခတ်ရပ်စဲရန်။ (၂) နှစ်ဖက်စလုံး ထိုးစစ်များပြုလုပ်ခြင်း၊ ဒရုန်းဖြင့်တိုက်ခိုက်ခြင်း၊ လက်နက်ကြီးများ ပစ်ခတ်ခြင်း၊ လေယာဉ် ဗုံးကြဲချခြင်းအစရှိသည့် စစ်ရေးလှုပ်ရှားမှုများအားလုံး ရပ်တန့်ရန်။(၃) နှစ်ဖက်ထိန်းချုပ်နယ်မြေဒေသများတွင် ဒေသခံပြည်သူများ စားဝတ်နေရေးနှင့် ဆေးဝါးများ သယ်ဆောင်နိုင်ရန်အတွက် ဖြတ်သန်းသွားလာခွင့်ပြုရန် တို့ကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
ဆွေးနွေးမှုမှာ ခက်ခဲသည့်အခြေအနေရှိသောကြောင့် သက်ဆိုင်ရာအဖွဲ့အစည်းများအကြား ဆွေးနွေးပြင် ဆင်မှုများ ပြုလုပ်ပြီးပါက နောက်ထပ်တစ်ကြိမ်ပြန်လည်တွေ့ဆုံနိုင်ရန် တရုတ်အစိုးရ အထူးကိုယ်စားလှယ် မစ္စတာ တိန့်ရှီကျွင်းက ဦးဆောင်ဆွေးနွေးကာ တွေ့ဆုံမှုကို အဆုံးသတ်ခဲ့ကြောင်း PSLF/TNLA ၏  သတင်းနှင့် ပြန်ကြားရေးဌာနက ထုတ်ပြန်ထားသည်။

Crd

ပြည်ထဲရေးဝန်ကြီး ဥက္ကဋ္ဌအဖြစ်တာဝန်ယူရမညယ့်ပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှုကြီးကြပ်ကွတ်ကဲရေးဗဟိုကော်မတီဖွဲ့စည်းမယ်လို့ဆို

     ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ နိုင်ငံတော် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် အများပြည်သူအေးချမ်းသာယာရေးကို အထောက်အကူပြုစေရန်အပါအဝင် ရည်ရွယ်ချက် (၅)ရပ်ဖြင့် ပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှုဆိုင် ရာဥပဒေကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးဆိုင်ရာဥ ပဒေအမှတ် ၄/၂၀၂၅ ဖြင့် ဖေဖော်ဝါရီ ၁၈ ရက်ကပြဌာန်းလိုက်ပါတယ်။
     ပြဌာန်းခဲ့ပြီးနောက် ပြည်ထဲရေးဝန်ကြီးဌာ န ပြည်ထောင်စုဝန်ကြီး ဥက္ကဋ္ဌအဖြစ်တာဝန်ယူရမယ့် ပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှုကြီးကြပ်ကွတ်ကဲရေးဗဟိုကော်မတီဖွဲ့စည်းသွားမှာဖြစ်ပါတယ်။
    ဗဟိုကော်မတီမှာ အဖွဲ့ဝင်(၁၂)ဥဦးပါဝင်မှာဖြစ်ပြီး ဗဟိုကော်မတီအောက် တိုင်းနှင့်ပြည်နယ်အလိုက် ကြီးကြပ်ကွတ်ကဲရေးကော်မ တီများကိုလည်း ဖွဲ့စည်းသွားမှာဖြစ်ပါတယ်။
    ပြဌာန်းခဲ့တဲ့ပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှုလုပ်ငန်းဆောင်ရွက်လိုတဲ့ ပြည်တွင်း/ပြည်ပကုမ္ပဏီများအနေနဲ့ နိုင်ငံတော်ရဲ့လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးကို ပျက်ပြားစေမယ့်ကျော်ဇောသတင်းရှိတဲ့ ကုမ္ပဏီမဖြစ်စေရအပါအဝင် စည်းကမ်းချက်(၄)ချက်ဖြင့်ကိုက်ညီပါက သက် ဆိုင်ရာ ကြီးကြပ်ကွတ်ကဲရေးကော်မတီသို့လို အပ်သည့် စာရွက်စာတမ်းအထောက်အထားများပြည့်စုံစွာဖြည့်စွက်ကာလိုင်စင်လျှောက်ထားနိုင်ပါတယ်။
   လိုင်စင်သက်တမ်းကို စတင်ထုတ်‌ပေးတဲ့ရက်ကစပြီး (၃)နှစ်သက်တမ်းရှိကာ သက် တမ်းတိုးရန်ပျက်ကွက်ပါက လိုင်စင်ပယ်ဖျက်သွားမှာဖြစ်ပါတယ်။ လိုင်စင်ရ ပုဂ္ဂလိကနိုင်ငံခြားကု မ္ပဏီများသည် ဝန်ထမ်းခန့်ထားရာတွင် မြန်မာနိုင်ငံသား အနည်းဆုံး(၇၅)ရာခိုင်နှုန်းခန့်ထားရမှာဖြစ်ပါတယ်။
   လိုင်စင်ရရှိထားတဲ့ ပြည်တွင်း/ပြည်ပ ပုဂ္ဂလိကလုံခြုံရေးကုမ္မဏီများကို ဗဟိုကော်မ တီရဲ့ခွင့်ပြုချက်မရှိဘဲ လုံခြုံရေးအထောက်အ ကူပြုပစ္စည်းများကို ဝယ်ယူခြင်း၊ ရောင်းချခြင်း၊ လက်ဝယ်ထားခြင်းမပြုရလို့ပြဌာန်းထား ပါတယ်။
   လိုင်စင်ရ ပြည်တွင်း/ပြည်ပ ပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှုကုမ္ပဏီများ၊ အဖွဲ့အစည်းများအနေဖြင့် ပြဌာန်းထားတဲ့တားမြစ်ချက်များအား ဖောက်ဖျက်ကျူးလွန်ပါက ငွေဒဏ် အ နည်းဆုံးကျပ်သိန်း(၁၀၀၀)မှ အများဆုံးကျပ်သိန်း(၃၀၀၀)အထိ၊ ထောင်ဒဏ် အနည်းဆုံး(၁) နှစ်မှ အများဆုံး ထောင်ဒဏ်(၃)နှစ်အထိ အမြင့်ဆုံးပြစ်ဒဏ်များအပါအဝင် ပြစ်ဒဏ်အလိုက် ငွေ ဒဏ်များ၊ ထောင်ဒဏ်များချမှတ်ရန်လည်း ပြ ဌာန်းထားပါတယ်။

AA အဖွဲ့ဝင်တစ်ဦး မုဒိန်းကျင့်သတ်ဖြတ်ခဲ့သည့် ရသေ့တောင်မြိုနယ်က ကျောင်းဆရာမတစ်ဦးရဲ့ အမှုကိစ္စ (၁)နှစ်ခွဲ ကြာသည်အထိ ULA/AA က ထုတ်ပြန်ကြေငြာမှုမရှိသေး
=====================
Feb 18, May Yu Htar Nay
 

   ပြီးခဲ့သည့် ၂၀၂၃ ခုနစ်၊ စက်တင်ဘာလ၊ ၁၆ ရက်နေ့နေ့လည်ပိုင်းက ရသေ့တောင်မြိုနယ် ကွမ်းဘော်သွား ကားလမ်းတွင် ရသေ့တောင်မြိုနယ်၊ ကျွန်းပေါ်ကျေးရွာနေ အလယ်တန်းပြကျောင်းဆရာမ ဖြစ်သူ ဒေါ်နှင်းယု မှာ  ၎င်းရွာမှ ပန်းဖော်ပြင်(အလက)ကျောင်းသိုစာသင်ရန်အသွား  မုဒိန်းကျင့်သတ်ဖြတ်ခံခဲ့ရသည်။

  အဆိုပါကိစ္စဖြစ်ပွားပြီး မကြာခင်အချိန်တွင် AA  အယ်လ်ဖာ(၁)စစ်ဒေသမှ လက်နက်ကိုင်အဖွဲဝင်များ ရောက်ရှိလာကာ မုဒိန်းကျင့်၍ ရက်ရက်စက်စက် သတ်ဖြတ်သွားသည့် ဆက်ကြေးကောက်အဖွဲဝင် တရားခံမောင်မောင်အေး အား ခေါ်ဆောင်သွားသည်။ အမှုစစ်နေတဲ့ ULA/AA အဖွဲတွေက ငွေကြေးရယူကာ တရားခံ ထွက်ပြေးလွှတ်မြောက်နိုင်ဖိုကူညီခဲ့သည်။

  ထိုအချိန်အခါက AA ပြန်ကြားရေးတာဝန်ခံ ခိုင်သုခမှ ၎င်းတို့စစ်ဆေးနေကြောင်း ပြောဆိုခဲ့သော်လည်း (၁)နှစ်ခွဲကျော်ကြာသည်အထိ ဖြေရှင်းပေးခြင်းမရှိသည်မှာ ULA/AA ရဲ့ တရားစီရင်ရေး ဆိုတာကို  မေးခွန်းထုတ်စရာဖြစ်လို့နေသည်။

  လက်တစ်လောတွင် AA အဖွဲ့ဝင်များမှ လက်နက်အားကိုဖြင့် မုဒိန်းကျင့်မှုများ များစွာရှိနေသော်လည်း အဆိုပါအမှုတည်းက AA ဘက်မှ မဖြေရှင်းပေးသည့်အတွက် ဒေသနေ အမျိုးသမီးငယ်များမှာ ရေငုံနှုတ်ပိတ်နေကြရပြီး စိုးရိမ်ထိတ်လန့်မှုများ ဖြစ်ပေါ်လျက်ရှိသည်။

newsmayyu

ဒီနေ့ ရန်ကုန်တိုင်း၊ မင်္ဂလာခန်းမမှာ အလင်းဝင်ရောက်လာတဲ့ PDF ကျား ၉ ဦး၊ မ ၁ ဦး၊ ပေါင်း (၁၀) ဦးအား မိဘထံ အပ်နှံပွဲပြုလုပ်။
-
တိုက်ပွဲသတင်းစုံ

ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းတပ်နယ်၌ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၁၀/၂၀၂၅)သင်တန်း ဖွင့်ပွဲ အခမ်းအနားကို ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၇ ရက်နေ့၊ နံနက်ပိုင်းက အုတ်တွင်းမြို့နယ်၊ နယ်မြေခံသင်တန်း ကျောင်း၊ စစ်ရေးပြကွင်း၌ ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တပ်မတော်မှ အရာရှိကြီးများနှင့် တာဝန်ရှိသူများ၊ ပြည်သူ့စစ်မှုထမ်းသင်တန်း တက်ရောက်မည့်  သင်တန်းသားများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ သင်တန်းကျောင်းမှ ခေတ္တကျောင်းအုပ်ကြီးက အဖွင့်အမှာစကား ပြောကြားခဲ့ပြီးနောက် စစ်ရေးပြ အစီအစဉ်အတိုင်း ဆက်လက်ဆောင်ရွက်ကာ အခမ်းအနားကို ရုတ်သိမ်းခဲ့ပါသည်။
ယင်းနောက် နယ်မြေခံသင်တန်းကျောင်းခန်းမ၌  တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဂုဏ်ပြုနှုတ်ဆက် စကား ပြောကြားခဲ့ပါသည်။ ထို့နောက် သင်တန်းသားများအား ဂုဏ်ပြုချီးမြှင့်ငွေနှင့် စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တပ်မတော်မှအရာရှိကြီးများနှင့် တာဝန်ရှိသူများက သင်တန်းသားများအား ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးစကားပြောကြားခဲ့ကြောင်း သတင်း ရရှိသည်။
တင်စိုး(ပဲခူး)

တရုတ်မယားအဖြစ် လက်ထပ်ထိမ်းမြားစေရန် အလို့ငှာ ဗီဒီယိုရိုက် ကူးကာ အွန်လိုင်းပေါ်တွင်လွှင့်တင်ခဲ့သည့်ဖြ စ်စဉ်မှ တရုတ်နိုင်ငံသားတစ်ဦးကို ဖမ်းဆီးရမိ
*****

ရန်ကုန်၊ ဖေဖေါ်ဝါရီ ၇

ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်တွင် တရုတ်မယားအဖြစ် လက်ထပ် ထိမ်းမြားစေရန် အလို့ငှာ ဗီဒီယိုရိုက်ကူးကာ အွန်လိုင်းပေါ်တွင်လွှင့်တင်ခဲ့သည့်ဖြစ်စဉ်မှ တရုတ်နိုင်ငံသားတစ်ဦးကို ဖမ်း ဆီးရမိခဲ့ကြောင်း လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှသိရသည်။

ဒလမြို့နယ်၊ ကမာကဆစ်ရပ်ကွက်နေ မ.နှင့် မတို့ မိသားစု၏ ဘဝရပ် တည်ရန် ခက်ခဲသည့် အခြေအနေပေါ် အခွင့် ကောင်းယူ၍ငွေကြေးလက်ဆောင်များပေးကာ တရုတ်မယားအဖြစ် လက်ထပ်ထိမ်းမြားစေရန် အလို့ငှာ Video ရိုက် ကူးကာ Online လူမှုကွန်ယက်ပေါ်တွင် လွှင့်တင်ပြီး ရရှိသော ငွေကြေးအကျိုးအမြတ်များကို ခေါင်းပုံဖြတ်ရန်အတွက် ပူးပေါင်းပြင်ဆင်အား ထုတ်ခဲ့သော မသီတာအောင်၊ အောင်ဇော်ဦး (ခ) ဟာမီဒူလာ၊ တရုတ်နိုင်ငံသား Mr.Luo Fei နှင့် အမည်မသိ တရုတ်နိုင်ငံသား တစ်ဦးတို့အား ဥပဒေနှင့်အညီအရေးယူ ပေးရန် တိုင်တန်းချက် အရ ဖေဖေါ်ဝါရီ ၆ ရက် ညနေပိုင်းက ဒလမြို့မရဲစခန်း (ပ)၂၀/၂၀၂၅၊ လူကုန်ကူးမှုတား ဆီးနှိမ်နင်းရေးဥပဒေ ပုဒ်မ -၃၅/၄၄ ဖြင့် အမှုဖွင့်လှစ်ခဲ့သည်။

အမှုမှ တရားခံဖြစ်သူ တရုတ်နိုင်ငံသား Mr.Luo Fei ၊ နိုင်ငံကူးလက်မှတ် EN 0910723 သည် ဖေဖေါ်ဝါရီ ၆ ရက် ညနေ ၅ နာရီ ၄၅ မိနစ်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထိုင်းနိုင်ငံ၊ သုဝဏ္ဏဘူမိလေ ဆိပ်သို့ Thai Airway လေကြောင်းလိုင်း၊ ခရီး စဉ်အမှတ် (TG-.)ဖြင့် ထွက်ခွာရန် ရန်ကုန်လေဆိပ်၊ လူဝင်မှုကြီး ကြပ်ရေး ကောင်တာသို့ ဝင်ရောက်လာခဲ့သဖြင့် အမှတ်(၁၉)လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲ တပ်ဖွဲ့စု(ရန်ကုန်လေ ဆိပ်)မှ ဒုရဲမှူး ဇော်ထူးအောင်ဦးစီးအဖွဲ့က ပြည်ပထွက်ခွာခွင့်အား တားဆီးခဲ့သည်။

ဆက်လက်၍ အမှတ်(၆) လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု (ရန်ကုန်)သို့ အကြောင်း ကြားခဲ့သည်။

သို့ဖြစ်ရာ ဒလမြို့မ ရဲစ ခန်းမှ (ပ) ၂၀/၂၀၂၅၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ -၃၅/၄၄အမှုမှ တရားခံ တရုတ်နိုင်ငံသား Mr.Luo Feiအား အမှုဖြင့် ဆက်လက် စစ်ဆေးနိုင်ရန် အမှတ်(၆)လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု(ရန်ကုန်)သို့ လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။

Sandi Myint Aung
https://t.me/sandimyintaung969969

အမေရိကားမှာ ဆန္ဒပြပွဲတွေဖြစ်တော့မယ်ဆိုတဲ့သတင်းတွေတက်လာလို့ လှမ်းမေးကြည့်တော့ မိတ်ဆွေတစ်ချို့ အသံတိတ်နေတာတွေ့ရတယ်။

ရုံးမတက်နဲ့ရုံးထွက် မလုပ်ကြဘူးလားဆိုတော့ ၈ လ လစာယူပြီး ပင်စင်ယူမလား၊အထုတ်ခံရမှထွက်မလားစဥ်းစားနေတုန်းတဲ့။

CDM မလုပ်ကြဘူးလားဆိုတော့ အန်ကယ်ကြီး က မလုပ်မှာစိုးရိမ်နေတာတဲ့။ CDM လုပ်ရင် တခါထည်းထုတ်ပြစ်မှာ ပင်စင်တောင်ရမယ်မထင်ဘူးတဲ့။ အပြုံးမပျက်ရုံးတက်နေဆဲ။

မြန်မာ အရေး CDM ဂုရုတွေ၊ အရှေ့ဥရောပကမြန်မာ့အရေးမဟာဗျူဟာချသူတွေ၊ လက်နက်ကိုင်တော်လှန်ရေးဗျူဟာချပေး သူတွေရောဆိုတော့၊စကားလွှဲ သွားတယ်

သူတို့လည်း ရွာလည်နေပါလား

Nyo Ohn Myint

ကချင်ပြည်နယ်၊ဗန်းမော် အကျဉ်းထောင်ကို လာရောက်တိုက်ခိုက်သည့် စစ်သွေးကြွ KIA/PDF စစ်သွေးကြွများကို အသေ ရရှိမှု

#PeopleMedia

နယ်မြေရှင်းလင်းခြင်း (တောင်ခမ်း)

ဖေ ၆ ရက် ညနေပိုင်းအချိန်က တောင်ခမ်းဒေသအတွင်း နယ်မြေရှင်းလင်းစစ်ကြောင်းနှင့် အကြမ်းဖက် ၁၀ ဦးတို့ ထိတွေ့မှု ၂ ကြိမ်ဖြစ်ပွားခဲ့။ ဖြစ်စဉ်တွင် ရန်သူ့ထံမှ -
(၁) TNLA အလောင်း ၁ လောင်း
(၂) M-22 သေနတ် ၁ လက်
(၃) ကျည်အိမ် ၂ ခု၊ ကျည် ၂၈ တောင့်
(၄) လက်ပစ်ဗုံး ၁ လုံး
တို့အား သိမ်းဆည်းရရှိခဲ့ပါသည်။ (ပုံများ ဆက်လက်ဖော်ပြပါမည်)
-
တိုက်ပွဲသတင်းစုံ

❝ပဲခူးမြို့ ဘုရားကြီးစျေး မီးလောင်မှုအတွင်း ဈေးဆိုင်ခန်း ၈ ခန်းဆုံးရှုံး❞

𝙈𝙃𝙏𝙉𝙀𝙒𝙎《𝙁𝙀𝘽~𝟔》

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ ဘုရားကြီးမြို့၊  အမှတ် (၃) ရပ်ကွက်၊ ရန်ကုန်-မန္တလေး ကားလမ်းမပေါ်ရှိ ဘုရားကြီးမြို့မဈေးမှာဖြစ်ပွားခဲ့တဲ့ မီးလောင်မှုကြောင့် ဈေးဆိုင်ခန်းပေါင်း ၈ ခန်း မီးလောင်ဆုံးရှုံးခဲ့တယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့မှ သိရပါတယ်။

အဆိုပါမီးလောင်မှုဟာ ဒီကနေ့ ဖေဖော်ဝါရီ ၆ ရက် မနက်အစောပိုင်းဖြစ်တဲ့ ၁၂ နာရီ မိနစ် ၂၀ အချိန်ခန့်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး မီးလောင်ဆုံးရှုံးသွားတဲ့အထဲမှာ အဖျော်ယမကာဆိုင်တွေ၊ လျှပ်စစ်ပစ္စည်းဆိုင်တွေပါဝင်တယ်လို့ ဆိုပါတယ်။

အဲဒီ မီးလောင်မှုဖြစ်ပွားရာနေရာကို မီးငြှိမ်းသတ်ယာဉ် (၅) စီး၊ အထောက်အကူပြုယာဉ် (၁)စီး၊ ရေသယ်ယာဉ် (၃)စီးနဲ့အတူ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ အရန် မီးသတ်တပ်ဖွဲ့ဝင်တွေက သွားရောက်ပြီး မိနစ် ၄၀ ကျော်ကြာအောင် မီးငြှိမ်းသတ်ခဲ့ရတယ်လို့ သိရပါတယ်။
#𝙈𝙃𝙏𝙉𝙀𝙒𝙎