အေကေ ရုပ်ရှင်အညွှန်း @rv_ak_en Channel on Telegram

အေကေ ရုပ်ရှင်အညွှန်း

@rv_ak_en


အေကေ ရုပ်ရှင်အညွှန်း (Burmese)

အေကေ ရုပ်ရှင်အညွှန်း ဆိုတာဆောင်သွင်းပြီး ရုပ်ရှင်တာကြည့်ရအောင်လုပ်ဆောင်နေပါလိမ့်မယ်။ နောက်ဆုံးရုပ်ရှင်တာမှာ ဘဏ်အသုံးဝင်လာပါသည်။ လူတစ်ယောက်ကြီးယောက်ဖြစ်ပြီး မြန်မာ့ အောင်မြင်းချောင်းပေးပါတယ်။ အေကေ ရုပ်ရှင်အညွှန်း ကို Subscribe လုပ်နိုင်ပါသလား။ လူတစ်ယောက်တရားဆိုရင်လေ့လာပြီး အောင်လုပ်ဆောင်နေပါတယ်။

အေကေ ရုပ်ရှင်အညွှန်း

21 Nov, 10:00


Non-Stop (2014)

IMDB: 6.9/10
ဒီဇာတ်ကားက မင်းသားကြီး Liam Neesonရဲ့ အက်ရှင် ကားကောင်းတွေထဲက တစ်ကားဖြစ်ပြီး

IMDb 6.9နဲ့ RT 62%အထိ ရထားပါတယ်။



ဒီဇာတ်ကားမှာ မင်းသားကြီး အနေနဲ့ လေကြောင်းအရာရှိ ဘေလ်မက်ဇ်အဖြစ် ပါဝင် ထားတာပါ။

နယူးယောက်ရဲဌာနကနေ စိတ်ကျရောဂါနဲ့ အရက်စွဲပြဿနာကြောင့် တာဝန်က ရပ်နားခံထားရတဲ့ ဘေလ်ဟာ

လေကြောင်းလိုင်းတစ်ခုမှာ အရာရှိအနေနဲ့ လုံခြုံရေးတာဝန်ကို ထမ်းဆောင်နေတာပါ။

တစ်နေ့မှာ သူ့ရဲ့လေယာဉ်ပေါ်မှာ ဘဏ်အကောင့်ထဲ သန်း၁၅၀အတိ လွှဲမပေးမချင်း

မိနစ်၂၀ပြည့်တိုင်း ခရီးသည်တစ်ဦးကို သတ်ပစ်မယ်ဆိုတဲ့ ခြိမ်းခြောက်စာတစ်ခုဝင်လာပါတယ်၊

ခြိမ်းခြောက်ထားတဲ့အတိုင်းပဲ မိနစ်၂၀တိုင်းမှာ ခရီးသည် တစ်ယောက်ပြီးတစ်ယောက် သေလာတဲ့အခါ

သန်း၁၅၀ လွှဲပေးဖို့ အာဏာပိုင်တွေနဲ့ ဘဏ်အကောင့်ကို စစ်ကြည့်မှ

ဘေလ်ရဲ့နာမည်နဲ့ဖွင့်ထားတဲ့ အကောင့် ဖြစ်နေခဲ့ပါတယ်၊

ဒါကြောင့် အစိုးရဘက်ကလည်း စိတ်ကျရောဂါရာဇဝင် ရှိထားတဲ့ ဘေလ်ကို မယုံတော့ဘဲ

လူသတ်မှုနဲ့ လေယာဉ် ပြန်ပေးဆွဲမှုတွေကို ကျူးလွန်နေတဲ့ သံသယတရားခံလို့ တထစ်ချ သတ်မှတ်လိုက်တဲ့အခါ

တရားခံအစစ်တွေနဲ့ အစိုးရအာဏာပိုင်တွေရဲ့ ဖိအားတွေကြားကနေ ဘေလ် တစ်ယောက် ခရီးသည်တွေကို ကယ်တင်နိုင်ပါ့မလား။

တရားခံအစစ်ကို ဖော်ထုတ်နိုင်ပြီး သူ့အပေါ်ကို ကျနေတဲ့ သံသယအမြင်တွေကို ဖယ်ရှားနိုင်မလားဆိုတာ

ဇာတ်ရှိန် မကျတမ်းကြည့်ရမယ့် အက်ရှင်ဇာတ်ကားပဲဖြစ်ပါတယ်။


Credit..

အေကေ ရုပ်ရှင်အညွှန်း

21 Nov, 09:59


They (2002)

ကလေးဘဝ တုန်းက ခြောက်အိပ်မက် မက်ခဲ့ဖူးတဲ့ ကလေးတွေရှိကြမှာပါ။

ဒီရုပ်ရှင်ဟာ ဒီလို ခြောက်အိပ်မက်မက်ခဲ့တဲ့ ကလေးတွေ အသက်ကြီးလာတဲ့ အချိန်မှာ ငယ်ဘဝ ရဲ့ အရိပ်ဆိုးကြီးတွေ ပြန်ခြောက်လှန့်လာတဲ့အကြောင်းကို ဇာတ်အိမ်တည်ထားပါတယ်။

အဓိက ဇာတ်ကောင် ဂျူလီယာဆို တဲ့ ကောင်မလေးဟာတစ်နေ့မှာတော့ သူ့လိုပဲ ငယ်ဘဝတုန်းက ခြောက်အိပ်မက်တွေ ခံစားခဲ့ရတဲ့ သူငယ်ချင်းဟောင်း ဘီလီ နဲ့ ပြန်အဆက်အသွယ်ရခဲ့ပါတယ်။

ဘီလီ ရဲ့ပြောချက်အရ သူတို့လို ခြောက်အိပ်မက် မက်ခဲ့တဲ့ ကလေးတွေကို အမှတ်အသားလုပ်ပြီး အမှောင်ထဲပြန်ခေါ်သွားချင်နေတဲ့ အရာ တွေရှိတယ်လို့ဆို ပါတယ်။

ဘီလီက အဲဒီအရာတွေဟာ အမှောင်ထဲမှာပဲ နေပြီး အလင်းကို ကြောက်တယ်လို့ ပြောပြပြီး သူ့ကိုယ်သူ သတ်သေသွားပါတယ်။

ဘီလီ သေဆုံးသွားပြီးမကြာခင်မှာပဲ ဂျူလီယာကိုယ်တိုင် ခြောက်အိပ်မက်တွေ ပြန်မက်လာပြီး သူ့လို လူမျိုးတွေနဲ့လည်း မိတ်ဆွေ တွေဖြစ်ခဲ့ပါတယ်။

တစ်နေ့မှာတော့ ဘီလီပြောတဲ့ အမှတ်အသားမျိုး ဂျူလီယာဆီမှာလည်း ပေါ်လာပြီး သူ့ကို အမှောင်ထဲ ခေါ်သွားဖို့ကြိုးစားနေတဲ့ အရာတွေနဲ့ ကိုယ်တိုင် ရင်ဆိုင်ရပါတော့တယ်။



(အညွှန်းနဲ့ဘာသာပြန်ကတော့ Marco ဖြစ်ပါတယ်။)

Credit..

အေကေ ရုပ်ရှင်အညွှန်း

21 Nov, 09:58


21 Jump Street (2012)

IMDb Rating (7.2) / Rotten Tomatoes (85%)

ဒီတစ်ခေါက်ကတော့ ဟာသဇာတ်လမ်းတွေကြားမှာ နာမည်ကြီးပြီးသားရုပ်ရှင်ဖြစ်တဲ့ 21 jump street ရုပ်ရှင်ပဲဖြစ်ပါတယ်။

ရှမစ် နဲ့ ဂျန်ကို တို့နှစ်ယောက်ဟာ အထက်တန်းကျောင်းတုန်းက အစေးမကပ်ခဲ့ကြပေမယ့်
နှစ်ယောက်လုံး ရဲ ဖြစ်လာတဲ့အခါမှာတော့ ပါတနာတွေ အဖြစ် အတူတာဝန် ထမ်းဆောင်ရပါတော့တယ်။
စိတ်ထင်ရာနင်းကန်ချကြလို့ အထက်လူကြီးက တကယ့်နေရာကိုပို့လိုက်ပါတော့တယ်…
ဒါကတော့ အထက်တန်းကျောင်းတစ်ခုမှာ ပျံ့နေတဲ့ မူးယစ်ဆေးအသစ်တစ်မျိုးအတွက် တာဝန်ရှိတဲ့သူကို ရှာဖွေရမှာဖြစ်ပါတယ်။
အဲ့အတွက် ရှမစ် နဲ့ ဂျန်ကိုတို့ဟာ အထက်တန်းကျောင်းကို ကျောင်းသားအသစ်အဖြစ် ဟန်ဆောင်ဝင်ရောက်ပြီး
လျှို့ဝှက်ထောက်လှမ်းရေး လုပ်ရပါတော့တယ်။

ရုပ်ရှင်ကြည့် ပရိသတ်တွေ ရင်းနှီးပြီးသားဖြစ်တဲ့ Jonah Hill နဲ့ Channing Tatum တို့ ဦးဆောင်ပါဝင်ထားပြီး
ဘော်ဒါနှစ်ကောင် အထက်တန်းကျောင်းမှာ ဘယ်လိုတလွဲတချော်တွေ ဖြစ်မလဲဆိုတာ ရယ်မောရင်းကြည့်ရှုရမှာပါ။

Brie Larson , Dave Franco , Ice Cube , Dakota Johnson တို့လို နာမည်ကြီးသရုပ်ဆောင်တွေလဲကူညီအားဖြည့်ထားတာမလို့ တကယ့်ကိုကြည့်ပျော်တဲ့ရုပ်ရှင်ပါပဲ။

21 jump street(2012) နဲ့ 22 Jump Street (2014) ဆိုပြီး ၂ ကားထွက်ခဲ့ပြီးတော့ ၂ ကားလုံးတခွီးခွီးနဲ့ ရယ်နေရပါတယ်။
Jump Street ရုပ်ရှင်တွေကြည့်ပြီးသွားရင် Jonah Hill နဲ့ Channing Tatum တို့ ပရိတ်သတ်ဖြစ်သွားနိုင်ပါတယ်။

(ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Marco မှတင်ဆက်ထားပါတယ်။)

Credit..

အေကေ ရုပ်ရှင်အညွှန်း

21 Nov, 09:57


Bad Blood (2023)
=============
လန်ဟာ လူဆိုးဂိုဏ်းဝင်ဖြစ်ဖူးပေမဲ့ မှတ်ဉာဏ်ပျောက်ဆုံးကာ သာမန်လူတစ်ဦးကဲ့သို ဆင်းရဲသားရပ်ကွက်မှာ ပုန်းအောင်းနေထိုင်ပြီး သူ့ရဲ့ဇနီးဖြစ်သူ ဟန်နဲ့ မယားပါသမီးဖြစ်သူ ဟိန်းတိုနဲ့အတူ နေထိုင်ပါတယ် ဟိန်းက သူ့အပေါ်မှာထားရှိတဲ့ လန်ရဲ့ ချစ်ခြင်းမေတ္တာကို အသိအမှတ်မပြုခဲ့ပါဘူး စိတ်အလိုမကျမှူများနဲ့ ကြီးပြင်းလာတဲ့ ဟိန်းဟာ မိန်းကလေးတွေကို ပြည့်တန်ဆာများ ဖြစ်လာအောင် သွေးဆောင်တဲ့ ကြောင်သူတော် လူငယ်တစ်ဦးရဲ့ သွေးဆောင်မှုကို ခံခဲ့ရပါတယ် အဲဒီနောက်မှာ‌တော့ လန်ဟာ ဟိန်းကို ရှာဖွေဖိုအတွက် သူ့ရဲ့ အတိတ်ရာဇ၀တ်မှုကွန်ရက်ထဲက အကြွင်းအကျန်တွေဆီ ပြန်သွားပြီး မျိုးဆက်သစ် ရန်သူ‌တွေနဲ့ ရင်ဆိုင်ရပါတော့တယ် ဒီဇာတ်ကားမှာ လန်ရဲ့သူ့သမီးကို ရှာဖွေတဲ့ ခရီးတစ်လျှောက် ရင်ဆိုင်ရတဲ့ စွန့်စားခန်း အက်ရှင်ခန်းတွေကို ကြည့်ရှုရမှာပါ
Translated & Reviewed by Hyo
Encoded by Micky


Credit.

အေကေ ရုပ်ရှင်အညွှန်း

20 Nov, 11:10


Across the Furious Sea (2023)

IMDb Rating (6.7) / Rotten Tomatoes (89%)



ရှေးရိုးစွဲအယူများနဲ့ ပြည့်နေတဲ့ ကျွန်တော်တို့အရှေ့ပိုင်းဒေသတွေမှာ ဒုက္ခပြဿနာတွေဆိုတာ ရှိစမြဲပါ။

အချစ်၊ အမုန်း၊ မေတ္တာ၊ မုဒိတာ အစရှိတဲ့အရာတွေဟာ အစဉ်အလာ ဓလေ့ထုံးတမ်းရဲ့လွှမ်းမိုးမှုကို ခံလိုက်ရတဲ့အခါ လောကဓံရဲ့ဆိုးကျိုးဟာ ပုထုစင်လူသားတွေ မခံမရပ်နိုင်လောက်အောင် ရိုက်ချပုတ်ခတ်တတ်ပါတယ်။

ဇာတ်လမ်းအကျဉ်း

ကျင်လိနာ (နာနာ) လို့ခေါ်တဲ့ မိန်းမငယ်လေးတစ်ယောက်ဟာ ဂျပန်မှာကျောင်းသွားတက်ရင်း ရုတ်တရက်အကြီးအသတ်ခံရတဲ့ သတင်းထွက်လာခဲ့ပါတယ်။

ဒါကိုသိသွားတဲ့ သူ့ရဲ့တရုတ်ပြည်က ဖခင်ဟာ မခံမရပ်နိုင်ဖြစ်ပြီး ဂျပန်ကို အပြေးအလဲထွက်လာခဲ့ပါတယ်။

နာနာဟာ ဖခင်လက်အောက်ကထွက်လာခဲ့ပြီးနောက်ပိုင်း ကောင်လေးနဲ့အတူနေခဲ့တာဖြစ်တဲ့အတွက် ရည်းစားဖြစ်သူကို ဖခင်ကလိုက်ရှာခဲ့ပါတယ်။

မှုခင်းဆေးစစ်ချက်အရ နာနာဟာ မသေခင်နာရီပိုင်းအလိုမှာ အသေးစားဓားဒဏ်ရာများစွာရခဲ့ပြီး ဖြည်းဖြည်းချင်းသွေးထွက်လွန်ပြီးတော့မှ ဆုံးပါးသွားခဲ့တာပါ။

ဒီလိုနဲ့ ကောင်လေးရဲ့ အကြမ်းဖက်မှုကြောင့် ဆုံးပါးသွားပါတယ်လို့ ရဲတွေကောက်ချက်ချခဲ့တဲ့အချိန်မှာ ယူကျုံးမရဖြစ်တဲ့ ဖခင်ဖြစ်သူ ကျင်ယွန်ရှိဟာ လက်စားချေဖို့ စိတ်ဆုံးဖြတ်ခဲ့ပါတော့တယ်။

Credit..

Across the Furious Sea (2023)

IMDb Rating (6.7) / Rotten Tomatoes (89%)



ရှေးရိုးစွဲအယူများနဲ့ ပြည့်နေတဲ့ ကျွန်တော်တို့အရှေ့ပိုင်းဒေသတွေမှာ ဒုက္ခပြဿနာတွေဆိုတာ ရှိစမြဲပါ။

အချစ်၊ အမုန်း၊ မေတ္တာ၊ မုဒိတာ အစရှိတဲ့အရာတွေဟာ အစဉ်အလာ ဓလေ့ထုံးတမ်းရဲ့လွှမ်းမိုးမှုကို ခံလိုက်ရတဲ့အခါ လောကဓံရဲ့ဆိုးကျိုးဟာ ပုထုစင်လူသားတွေ မခံမရပ်နိုင်လောက်အောင် ရိုက်ချပုတ်ခတ်တတ်ပါတယ်။

ဇာတ်လမ်းအကျဉ်း

ကျင်လိနာ (နာနာ) လို့ခေါ်တဲ့ မိန်းမငယ်လေးတစ်ယောက်ဟာ ဂျပန်မှာကျောင်းသွားတက်ရင်း ရုတ်တရက်အကြီးအသတ်ခံရတဲ့ သတင်းထွက်လာခဲ့ပါတယ်။

ဒါကိုသိသွားတဲ့ သူ့ရဲ့တရုတ်ပြည်က ဖခင်ဟာ မခံမရပ်နိုင်ဖြစ်ပြီး ဂျပန်ကို အပြေးအလဲထွက်လာခဲ့ပါတယ်။

နာနာဟာ ဖခင်လက်အောက်ကထွက်လာခဲ့ပြီးနောက်ပိုင်း ကောင်လေးနဲ့အတူနေခဲ့တာဖြစ်တဲ့အတွက် ရည်းစားဖြစ်သူကို ဖခင်ကလိုက်ရှာခဲ့ပါတယ်။

မှုခင်းဆေးစစ်ချက်အရ နာနာဟာ မသေခင်နာရီပိုင်းအလိုမှာ အသေးစားဓားဒဏ်ရာများစွာရခဲ့ပြီး ဖြည်းဖြည်းချင်းသွေးထွက်လွန်ပြီးတော့မှ ဆုံးပါးသွားခဲ့တာပါ။

ဒီလိုနဲ့ ကောင်လေးရဲ့ အကြမ်းဖက်မှုကြောင့် ဆုံးပါးသွားပါတယ်လို့ ရဲတွေကောက်ချက်ချခဲ့တဲ့အချိန်မှာ ယူကျုံးမရဖြစ်တဲ့ ဖခင်ဖြစ်သူ ကျင်ယွန်ရှိဟာ လက်စားချေဖို့ စိတ်ဆုံးဖြတ်ခဲ့ပါတော့တယ်။

Credit..

အေကေ ရုပ်ရှင်အညွှန်း

20 Nov, 11:09


Jungle (2017)

IMDB: 6.8/10
ဒီကားလေးကတော့ စာရေးဆရာ Yossi Ghinsberg ရဲ့ တကယ့်ဖြစ်ရပ်မှန်ဇာတ်လမ်းတစ်ခုကို ပြန်လည်ပုံဖော်ပြီးအသက်သွင်းထားတာဖြစ်ပါတယ်

ကမ္ဘာပတ်ပြီးခရီးထွက်ရတာကို နှစ်သက်တဲ့ ယိုစီ ( Daniel Radcliffe ) ဟာ တောင်အမေရိကမှာရှိတဲ့ Bolivia နိုင်ငံကိုရောက်လာပြီး သူ့လိုပဲ adventure စွန့်စားခန်းတွေထွက်ရတာနှစ်သက်တဲ့ ကျောင်းဆရာ မားကပ်စ်နဲ့ ဓာတ်ပုံဆရာ ကယ်ဗင်တို့နဲ့ ခင်မင်ရင်းနှီးခဲ့ပါတယ်



၃ယောက်အတူခရီးရှေ့ဆက်ကြရင်း La Puz ဆိုတဲ့မြို့လေးမှာ ယိုစီ က ကားလ် လို့ခေါ်တဲ့လူတစ်ယောက်နဲ့ တွေ့ဆုံခဲ့တယ်

ကားလ်က ယိုစီ့ကို တောနက်ထဲက အင်ဒီးယန်းလူမျိုးစုတွေရှိတဲ့နေရာကိုသူခေါ်သွားပေးနိုင်ကြောင်းပြောခဲ့တယ် သူကရွှေတွေလိုက်ရှာသူဖြစ်ကြောင်းလဲပြောခဲ့တယ်

ကားလ်ခေါ်တဲ့တောနက်ထဲကို ယိုစီ ကယ်ဗင် နဲ့ မားကပ်စ်တို့ ၃ယောက်လိုက်သွားခဲ့ပြီးတော့ မားကပ်စ်ခြေထောက်မှာဒဏ်ရာရခဲ့လို့ လှည့်ပြန်ရမလို ဆက်သွားရမလိုတွေဖြစ်ခဲ့ပါတယ်

အချင်းချင်း စိတ်အခန့်မသင့်တွေဖြစ်ကာ လမ်းကိုယ်စီခွဲပြီး ခရီးဆက်ကြရင်း ဒုက္ခတွေတွေ့ကြုံရပြီး ယိုစီတစ်ယောက်ထဲ တောနက်ထဲမှာ ဘယ်လိုအသက်ရှင်ရမလဲ သူ့သူငယ်ချင်းတွေကရော ဘာတွေဖြစ်သွားလဲ သူ့ကိုပြန်လာကယ်မလားဆိုတာကိုကြည့်ရမဲ့ Survivor movie လေးပါ

Credit..

အေကေ ရုပ်ရှင်အညွှန်း

20 Nov, 11:08


Detective Di Renjie: The Deadly Monk ( 2024 )

ဒီတစ်ခေါက်မှာတော့ စုံထောက်ကြီးဒီးက ဘုရင့်အမိန့်အရကျန်းနန်နယ်တစ်ဝိုက်ကို
လှည့်လည်စစ်ဆေးရပါတယ်။ လင်အန်းမြို့ကိုရောက်တဲ့အခါမှာ
မိန်းကလေးတွေထူးထူးဆန်းဆန်းပျောက်နေတာကိုတွေ့ရတယ်။

လင်အန်းတာဝန်ကျတရားသူကြီးကျိုးကလဲ အပျင်းကြီးပြီး
အပျော်အပါးမက်တဲ့ ခပ်ညံ့ညံ့အရာရှိတစ်ယောက်ဖြစ်နေတော့
လင်အန်းကဒီအမှုကိုစုံစမ်းဖို့ဆုံးဖြတ်လိုက်ပါတယ်။


မသင်္ကာစရာတွေနောက်လိုက်စုံစမ်းရင်း နတ်ကိုအယောင်ပြပြီး
ရိုးသားတဲ့ပြည်သူတွေကိုလှည့်စားပြီးတော့ ဥစ္စာပစ္စည်းတွေလိမ်ယူနေတဲ့
လူအုပ်စုရှိနေတာကိုသိလိုက်ရပါတယ်။ အသက်အန္တရာယ်အကြိမ်ကြိမ်ကြုံရပေမယ့်
စုံထောက်ကြီးဒီးက ဇွဲမလျှော့ပဲ ပြည်သူတွေအတွက်
အမှန်တရားကိုဖော်ထုတ်သွားတဲ့ဇာတ်လမ်းပဲဖြစ်ပါတယ်။

Credit..

အေကေ ရုပ်ရှင်အညွှန်း

20 Nov, 11:07


The Piper (2023)


ဒီဇာတ်လမ်းကတော့ လက်တွေ့လောကမှာ မတော်တဆမှုနဲ့ ဆုံးပါးသွားတဲ့ ဗြိတိသျှမင်းသားကြီး Julian Sands ရဲ့ နောက်ဆုံးသော ဇာတ်ကားတွေထဲကတစ်ခုပါ။

ကံမကောင်းအကြောင်းမလှစွာနဲ့ ဆုံးပါးသွားခဲ့တဲ့ မင်းသားကြီးကတော့ ဒီ horror ဇာတ်ကားထဲမှာလည်း ကျရာဇာတ်ရုပ်ကို အပီအပြင်သရုပ်ဆောင်သွားနိုင်ခဲ့ပါတယ်။



ဇာတ်လမ်းနောက်ခံ

ကက်သရင်းလို့ ခေါ်တဲ့ နိုင်ငံကျော်ဂန္တဝင်တေးရေးဆရာမတစ်ယောက်ဟာ နောက်ဆုံးထွက်သက်ဖြစ်လုနီးနီးရှိခဲ့ပါတယ်။

ဒါပေမဲ့ သူ့ရဲနောက်ဆုံးဆန္ဒဖြစ်သွားခဲ့တာကတော့ တစ်ခုပါပဲ။ တစ်ချိန်က သူရေးခဲ့တဲ့ ပွဲဦးထွက်ဂန္တဝင်တေးတစ်ပုဒ်ကို ဘယ်တော့မှလူထုရှေ့ ထုတ်မတီးပြဖို့ပဲဖြစ်ပါတယ်။

ဘာလို့လဲဆိုတော့ ပုံပြင်လေးထဲကအတိုင်း ဒီသီချင်းကို ကြားတဲ့လူတိုင်း အဖြစ်ဆိုးတွေနဲ့ကြုံတွေ့ရမှာမလို့ပဲဖြစ်ပါတယ်။



ပုံအပြင်အကျဉ်း

ပိုက်ပါဆိုတဲ့ပုံပြင်လေးထဲမှာ ပလွေမှုတ်ဆရာတစ်ဦးရှိသတဲ့။ ဒီလိုနဲ့ ရွာတစ်ရွာမှာ ကြွက်တွေအရမ်းသောင်းကျန်းလွန်းလို့ မထိန်းနိုင်ဖြစ်ပြီတော့ ပလွေဆရာက အဖိုးတစ်ခုတောင်းပြီး ပြဿနာကိုဖြေရှင်းပေးဖြစ်လာပါတယ်။

ဒါပေမဲ့ ဂတိစကားကို ပယ်ဖျက်ခဲ့တဲ့ရွာသားတွေဟာ ပလွေဆရာကို မထီမဲ့မြင်ပြုခဲ့ပါတယ်။

ဒီလိုနဲ့ ပလွေဆရာ (ပိုက်ပါ) ဟာ ရွာသားတွေကို “မင်းတို့အတွက် အဖိုးအတန်ဆုံးအရာကို ဆုံးရှုံးရလိမ့်မယ်” လို့ ကျိန်စာတိုက်ခဲ့ပါတယ်။

ကဲ…ဇာတ်လမ်းလေးကို ရှုစားလိုက်ကြပါဦး။



(အညွှန်းနဲ့ဘာသာပြန်ကတော့ Mark ဖြစ်ပါတယ်။)

Credit..

အေကေ ရုပ်ရှင်အညွှန်း

19 Nov, 11:07


Emilia Pérez (2024)

IMDB: 7.0/10
အားလုံး စောင့်မျှော်နေကြတဲ့ Emilia Perez ဇာတ်ကားဟာ


၂၀၂၄ ခုနှစ်ထွက် Musical Drama ဇာတ်ကားကောင်းတစ်ကား

ဖြစ်ပါတယ်။ နာမည်ကျော် Cannes Film Fesitval နဲ့ Europe

Film Award ပွဲတွေမှာ ဆုတွေ Nomination တွေ တစ်သီကြီး

ရထားတဲ့ ဇာတ်ကားကောင်းဖြစ်ပါတယ်။

နောက်ပြီးတော့ နာမည်ကြီး ဂါမိုရာမင်းသမီး Zoe Saldaña အပြင်

Selena Gomez နဲ့ Karla Sofía Gascón တို့ ပါဝင်သရုပ်ဆောင်

ထားလို့ ဇာတ်လမ်းကို ကြည့်မှပဲ သေချာခံစားလို့ရအောင် အရမ်း

မပြောတော့ဘူးနော်။

ဇာတ်လမ်းအကျဉ်း
++++++++++

မက္ကဆီကိုက မူးယစ်ဂိုဏ်းခေါင်းဆောင်တစ်ယောက်

သူ ငယ်စဉ်ကတည်းက မျိုသိပ်ထားတဲ့ဆန္ဒကို ရှေ့နေမတစ်ယောက်ရဲ့

အကူအညီနဲ့ ရယူနိုင်ခဲ့ပြီး ဘဝဟောင်းကို စွန့်ခွာကာ ဘဝသစ်

စတဲ့အခါမှာ ဘဝအဟောင်းရဲ့ သံယောဇဉ်တွေက ဘဝအသစ်ကို

ဘယ်လိုလာရိုက်ခတ်မှာလဲ ဘဝအသစ်မှာရော ဘဝအဟောင်းရဲ့

ကြွေးတွေ ဆပ်ခွင့်ရနိုင်မလား အဆုံးသတ်မှာ ဘဝ ၂ ခု ပြန်ပေါင်းစပ်

သွားတဲ့အခါ ဘယ်လိုအဆုံးသတ်သွားမှာ စတာတွေကို အရမ်းကောင်းတဲ့

musical songs တွေ dialogues တွေနဲ့ ခံစားစီးမျှောသွားနိုင်မဲ့

ဇာတ်ကားကောင်းမို့ ကြည့်ဖြစ်အောင် ကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်။


Credit..

အေကေ ရုပ်ရှင်အညွှန်း

19 Nov, 11:06


Winter’s Tale (2014)

IMDb Rating (6.1)

စာရေးဆရာကြီး Mark Helprin ရဲ့1983 ခုနှစ်မှာထွက်ရှိခဲ့တဲ့ Winter’s Tale ဝတ္တုကို ရုပ်ရှင်အဖြစ် ပြန်လည်အသက်သွင်းရိုက်ကူးထားတာပါ။
မင်းသားကြီး Will Smith, Colin Farrell, Russell Crowe တို့အပြင် မင်းသမီး Jessica Brown Findlay နဲ့ Jennifer Connelly တို့ပါဝင် သရုပ်ဆောင်ထားကြပါတယ်။

ဇာတ်လမ်းအကျဉ်းကတော့
ပီတာ လိတ်ခ်ဆိုတဲ့ မိဘမဲ့ ပါရမီရှင်သူခိုးက သူ့ရဲ့ သူဌေးဟောင်း ပါလီ ဆုမ်းစ်နဲ့ ပြဿနာတက်ပြီး
နယူးယော့ခ်မြို့ကနေထွက်မသွားခင် နောက်ဆုံးအနေနဲ့ အိမ်ကြီးတစ်အိမ်ကို ဝင်ခိုးဖို့လုပ်ခဲ့ပါတယ်။
ဒါပေမဲ့လည်း အိမ်ပိုင်ရှင်ကြီးရဲ့ သမီးဖြစ်သူ ဘီဗာလီရဲ့ စန္ဒရားလက်သံကိုနားထောင်ရင်း ချစ်မိသွားခဲ့ပါတယ်။
ဘီဗာလီကတော့ အဆုတ်ရောဂါသည်ဖြစ်ပြီး အချိန်သိပ်မကျန်တော့ဘူးဆိုပြီး ဆရာဝန်တွေက ပြောထားကြတာပါ။

ဒါပေမဲ့လည်း ပါလီ ဆုမ်းစ်ရဲ့ ‌နှောက်ယှက်မှုကနေ ဘီဗာလီနဲ့ ပီတာတို့ ချစ်မိသွားခဲ့ကြပြီး
ဘယ်လိုမှော်ဆန်တဲ့ ချစ်ခြင်းမျိုးတွေဖြစ်လာမလဲဆိုတာ….။

Credit..

အေကေ ရုပ်ရှင်အညွှန်း

19 Nov, 11:05


Kensuke’s Kingdom (2023)

IMDB: 7.2/10
အရောင်အသွေးစိုစို .. ဇာတ်အိမ်ကောင်းကောင်းနဲ့ Anime ကားကို



ရှာနေတယ်ဆိုရင်တော့ ဒီဇာတ်ကားလေးကို ညွှန်ပေးပါရစေ။



ဇာတ်လမ်း အကျဉ်း

+++++++++++

မိုက်ကယ်နဲ့ သူ့ရဲ့ ခွေးလေး စတယ်လာတို့ဟာ မိသားစုနဲ့အတူ

ပင်လယ်ခရီးထွက်လာရင်း မုန်တိုင်းမိပြီး ကျွန်းတစ်ကျွန်းပေါ်ကို

ရောက်သွားကြပါတယ်။ အဲဒီ ကျွန်းပေါ်မှာ တစ်ယောက်တည်းနေတဲ့

ကင်ဆူကီဆိုတဲ့ ဂျပန်လူမျိုး အဘိုးကြီးတစ်ယောက်နဲ့ သူတို့

တစ်ရက်မှာ ဆုံမိကြတယ်။ အဲဒီအဘိုးကြီး ကင်ဆူကီက ကျွန်းပေါ်မှာ

ဒုတိယ ကမ္ဘာစစ်ကတည်းက သူတစ်ယောက်တည်း နေခဲ့တဲ့

အဘိုးကြီး။ မိုက်ကယ်ဟာ လူသူ ကင်းမဲ့တဲ့ ကျွန်းပေါ်က နေထိုင်မှု

ဘဝနဲ့အသားကျအောင် ကြိုးစားနေထိုင်ရင်း အဲဒီအဘိုးကြီးနဲ့

နောက်ပိုင်းမှာ တအား ရင်းနှီးသွားပါတယ်။

ပြီးတော့ အဲဒီအဘိုးကြီးဆီကနေ ပညာတွေကို သင်ယူရရှိခဲ့ပါတယ်။

အဲဒီ အဖိုးတန်လှတဲ့ ပညာတွေက ဘာတွေဖြစ်မလဲဆိုတာကိုတော့

ဇာတ်ကားထဲမှာပဲ ဆက်လက် ခံစားကြည့်ရှုကြရမှာ ဖြစ်ပါတယ် လို့ ..





(ဘာသာပြန်နဲ့ အညွှန်း BZW ဖြစ်ပါတယ်)

Credit..

အေကေ ရုပ်ရှင်အညွှန်း

19 Nov, 11:04


The Secret Lair of the Tibetan Flower ( 2024 )

ထူးခြားဆန်းပြားတဲ့အရပ်ကို မခေါ်သွားနိုင်ပေမယ့်…
ထူးခြားဆန်းပြားတဲ့ ဇာတ်ကားကိုတော့ ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်…
အလောင်းဖောက်တဲ့ ဇာတ်ကားတွေကို ကြည့်နေကြသူတိုင်းသိမှာပါ…
ကျန်းမိသားစုက ထူးခြားတဲ့သွေးပိုင်ရှင်တွေ….
အဆိပ်မျိုး ၁ ထောင် မတိုးတဲ့ သွေးပိုင်ရှင်တွေမို့ အားလုံးက စမ်းသပ်ချင်နေတာ…
ဒီကားလေးမှာလည်း ဒီအတိုင်းပဲ ကျန်းမိသားစုကိုမှ ဖမ်းပြီးတော့
သူတို့စမ်းသပ်ချင်တဲ့ အဆိပ်ရှိတဲ့ ပိုးကောင်ကို
အရှာထွက်မယ့် ရှာပုံတော်ခရီးလမ်းအကြောင်းပေါ့…

မတည့်အတူနေ ကြောင်နဲ့ ကြွက် ကျန်းညီအစ်ကို ၂ ယောက်က
ရှေ့ဆင့်နောက်ဆင့် ပိုးကောင်အမဲလိုက်မုဆိုးတွေ ဖမ်းတာခံခဲ့ရပြီး…
သူတို့မကြာသေးခင်ကမှ လွတ်မြောက်လာတဲ့
ကူလော့ရှေးဟောင်းဂူကို ပြန်လည် နည်းပြဖို့ဖြစ်လာခဲ့ပါတယ်…



အဲ့မှာ သူတို့ဖမ်းချင်တဲ့ ပိုးကောင်ကတော့ ပါးစပ်ရာဇဝင်ထဲက
လူအသွေးအသားအားလုံး စုပ်ယူစားသောက်တတ်တဲ့ အဆိပ်ရှိ အန္တရာယ်ကောင်ပါပဲ….
ဒီခရီးလမ်းအဆင်ပြေချောမွေ့ပါမလား…
အရင်ခရီးလို ကျန်းညီအစ်ကိုနှစ်ယောက် သေဘေးကလွတ်မြောက်ပါ့မလား…
နောက်ပြီး ဒီရာဇဝင်ထဲက ပိုးကောင်က တကယ်ရောရှိရဲ့လား…

Credit..

အေကေ ရုပ်ရှင်အညွှန်း

18 Nov, 11:10


Nocturnal Animals (2016)

IMDb Rating (7.6) / Rotten Tomatoes (74%)

မင်းသား Jake Gyllenhaal နဲ့ Aaron Taylor-Johnson , ရုပ်ချင်းခပ်ဆင်ဆင် မင်းသမီးနှစ်ယောက်ဖြစ်တဲ့ Amy Adams နဲ့ Isla Fisher စတဲ့သရုပ်ဆောင်တွေနဲ့
Psychological Thrillers အမျိုးအစား ရင်ဘတ်ထဲက ၃ ၄ ရက်ခန့် ထုတ်မရဆိုတဲ့ ရုပ်ရှင်ကားကြီးပါ။

ဇာတ်လမ်းက အစမှာ ရွံစရာကောင်းတဲ့ စိတ်မသက်မသာအခန်းတွေနဲ့စလာပါမယ်…ပြီးရင်တော့
ထိုင်ရာမထဆွဲခေါ်သွားမယ့် ဇာတ်လမ်းဇာတ်ကွက်တွေနဲ့ အဆုံးမှာတော့ ရင်ဘတ်ထဲက ထုတ်မရ အတွေးတွေများသွား။

အနုပညာ ပြခန်းတခန်းကနေ ဆူစန် (သူဌေး) စထွက်လာတာကနေစတယ်
သူမ အိမ်ကို ရောက်သွားတယ် သူမ မအိပ်ဖြစ်တာ အတော်ကြာနေတဲ့ ပုံပါပဲ…
ထူးထူးခြားခြားသူမဆီကို ပါဆယ်တစ်ခု ရောက်နေလို့ တိပ်တွေကို လျင်လျင်မြန်မြန် ဆွဲဖွင့်တဲ့အခါ
စက္ကူသားကြောင့် လက်ရှသွားပြီး ဝန်ထမ်းတစ်ယောက်ကိုဖွင့်ခိုင်းပြီး စာကို ဖတ်ခိုင်းတဲ့အခါ
သူမ ယောင်္ကျားဟောင်း အက်ဝဒ် မှ ဆူစန် ဖတ်ဖို့ ဝတ္တုစာမူကြမ်းကို ပေးပို့ပေးလိုက်တာပါ…

အလုပ်ပိတ်တဲ့ ဒီတစ်ပတ်မှာ သူမ လက်ရှိ ယောင်္ကျားနဲ့ အပန်းဖြေ ခရီးထွက်ချင်နေပေမယ့်
ခြေလှမ်းတွေ ပျက်နေတဲ့ ယောင်္ကျားဖြစ်သူဟာ ဆူစန်အနားမှာ ရှိမနေခဲ့ပါဘူး…
၁၉ နှစ်ကျော် ကြာအထိ သူမ နဲ့ အဆက်အသွယ် မလုပ်ခဲ့တဲ့ ခင်ပွန်းဟောင်းဖြစ်သူ အက်ဝဒ်ရဲ့ဝတ္တုစာအုပ်မူကြမ်းကို
စိတ်လိုလက်ရဖတ်ဖို့မရှိပေမယ့် တစ်ယောက်ထဲ ဖြစ်နေတဲ့ အချိန်မှာတော့ သူမဟာ စာအုပ်ကို ကိုင်ဆွဲပြီး အိပ်ရာထက်ဝင်ခဲ့ပါတော့တယ်…

(စာအုပ်ထဲက ဇတ်လမ်း)
ဟေးစတင်းဟာ သူ့ မိန်းမ လော်ရာ နှင့် သမီးဖြစ်သူ အင်ဒိယတို့ကိုခေါပြီး တက္ကဆက်ပြည်နယ်မြောက်ပိုင်းဘက်သို့
မိသားစု ၃ ယောက်ထဲ ကားမောင်းပြီး ထွက်လာပါတယ်…
တက္ကဆက် မြောက်ပိုင်း အဝေးပြေး လမ်းမဟာ လူပြတ်ပြီး ဖုန်းလိုင်းမမိတဲ့ နေရာလဲ ဖြစ်ပါတယ်….
ဒီလိုနဲ့ ကားမောင်းလာနေရင်း ဟေးစတင်းတို့ ကားကို အမူးသမား တစ်ချို့မှ ဘေးတိုက် ဆွဲချပြီးပြသနာရှာခဲ့ပါတယ်…

ဟေးစတင်းက တားဆီးနေတဲ့ကြားက သူ့မိန်းမ နဲ့ သမီး ကို အမူးသမားတွေမှ ကားပေါ်ချုပ်တင်ပြီး ခေါ်သွားခဲ့ပါတယ်
သူ့ကိုလဲ ကားတစ်စီးဖြင့် ခေါ်သွားရာမှ လမ်းမှာ ထွက်ပြေးလွတ်မြောက်ခဲ့ပါတယ်…
ဒါပေမယ့် မိန်းမ နဲ့ သမီးအပေါ် ပူပင်နေတဲ့ သူ့စိတ်က ရေမြေအဆုံး လိုက်ရှာဖို့ပဲ အားသန်နေခဲ့ပါတော့တယ်….

(စာအုပ်အချ)
ဆူစန် စိတ်တွေ ဂယောင်ချောက်ခြားဖြစ်သွားခဲ့တယ် စာအုပ်ထဲက ဟေးစတင်း နေရာမှာ သူရောက်သွားသလိုပဲ
သူမ နှလုံးသားသည်လဲ ဟေးစတင်း နှင့် ထပ်တူ နာကျင်ခံစားလိုက်ရတယ်….
စာအုပ်ကို ဆက်လဲ ဖတ်ချင်တယ် ဟေးစတင်း ဘာဆက်ဖြစ်မလဲ သိချင်နေပေမယ့်
ဖြစ်လာမယ့် အရာကိုလဲ သူမ ကြိုတွေးနေမိခဲ့တယ်…
ဒီလိုနဲ့ စာအုပ်ကို ဆက်ဖတ်ဖြစ်ခဲ့ပါတယ်…
စာအုပ်နာမည်ကတော့
” Nocturnal Animals ”

ဒီစာအုပ်ကို ဖတ်နေတဲ့ ဆူစန်ရဲ့ ဇာတ်လမ်း တစ်ခု ရယ်
စာအုပ်ထဲက ဇာတ်ကောင် ဟေးစတင်းရဲ့ မိန်းမပျောက် သမီးပျောက် ရှာပုံတော်
ဇာတ်လမ်း ၂ ခု ဟာ သင့်ကို ထိုင်ရာက မထစတမ်း ဆွဲဆောင်သွားမယ့် ရုပ်ရှင်ကားကောင်းတစ်ခုဆိုတာညွှန်းဆိုလိုက်ပါရစေ…

(ရုပ်ရှင်အညွှန်းကို Thit San Khant မှ ရေးသားပြီး ဘာသာပြန်ကို Htet Wai Lwin မှ တင်ဆက်ထားပါတယ်။)

Credit..

အေကေ ရုပ်ရှင်အညွှန်း

18 Nov, 11:09


Instant Family (2018)


IMDb Rating (7.3) / Rotten Tomatoes (82%)

မင်းသားကြီး Mark Wahlberg ကို ဒီလို Family Comedy ရုပ်ရှင်မှာ သက်ဝင်စွာမြင်တွေ့ရတာ တကယ်ကောင်းတဲ့အခိုက်အတန့်တခုပါပဲ။
ဒီရုပ်ရှင်က ဇာတ်အိမ်လဲ ဆန်းသစ်ပြီးတော့ ဟာသရသ မိသားစုချစ်ခြင်းဖွဲ့ရသ ကြည်နူးဖွယ်ရသနဲ့ စိတ်နှလုံးကို
တိမ်းညွှတ်အောင်ဖမ်းစားနိုင်တဲ့ ဇာတ်ကားကောင်းတစ်ကားပါ..

မွေးကင်းစကလေးကိုပြုစုပျိုးထောင်ဖို့အတွက် အရွယ်လွန်သွားပြီလို့ယူဆထားကြတဲ့
အကြင်လင်မယားတွေဟာ မိသားစုဘဝရဲ့အနှစ်သာရကို ကျန်ရှိနေတဲ့
ဘဝတစ်လျှောက်လုံး ခံစားခွင့်မရှိတော့ဘူးလား….
အကြောင်းအမျိုးမျိုးကြောင့် မိဘအရင်းတွေရဲ့ စွန့်ပစ်ခြင်းကို ခံခဲ့ရတဲ့
ကလေးတွေကရော မေတ္တာအငွေ့အသက်တွေ လုံခြုံမှုတွေကို မရရှိနိုင်တော့ဘူးလား…..

မိသားစုဆိုတဲ့စကားလုံးဟာ အင်မတန်ရိုးရှင်းပေမဲ့
သံယောဇဉ်တွေ နားလည်မှုတွေ ချစ်ခြင်းမေတ္တာတွေ
အပြန်အလှန်လေးစားမှုတွေဆိုတဲ့ နက်နဲလှတဲ့သဘောတရားတွေနဲ့ ဖွဲ့စည်းထားတဲ့
ဒီကမ္ဘာမြေကြီးပေါ်က သေးငယ်တဲ့ကမ္ဘာလေးတစ်ခုဆိုရင်လည်းမမှားပါဘူး…..

လူတစ်ယောက်ရဲ့ လက်တစ်ဖက်တည်းက
လက်ချောင်းတွေ အတိုအရှည်မညီကြသလို….
သွေးရင်းဖြစ်တဲ့ မိသားစုတွေတောင် နားလည်မှုအမြဲထားနိုင်ကြတာမဟုတ်ပါဘူး…..
ကိုယ်တိုင်ရွေးချယ်ဖန်တီးတော့မယ့် သွေးမတော်သားမစပ်မိသားစုတစ်ခုအတွက်
အကောင်းဆုံးကြိုးစားပြီးပြင်ဆင်ထားပေမဲ့ တကယ်တန်းလက်တွေ့ကတော့
ထင်သလောက်မလွယ်လှဘူးလေ…..

အကြင်လင်မယားနှစ်ယောက်ဟာ မိမိတို့ရဲ့ကလေးကို
ကိုယ်ဝန်လွယ်ထားချိန်ကစလို့ မိဘစိတ်ကို တဖြည်းဖြည်းမွေးမြူလို့ရပေမဲ့…..
ရုတ်တရက်ရောက်လာမယ့် ကလေးတွေအပေါ်မှာရော
ချစ်ခြင်းမေတ္တာအပြင် မိဘပီသတဲ့စောင့်ရှောက်မှုတွေ
နားလည်မှုတွေ အပြည့်အဝထားရှိနိုင်ပါ့မလား……
ဒီမေးခွန်းတွေအားလုံးရဲ့ သံသယတွေကို ဒီဇာတ်လမ်းလေးက ဖြေရှင်းပေးသွားမှာပါ…..

ချစ်တာကလွဲပြီး ကျန်တာတွေကို နားမလည်နိုင်သေးတဲ့ မွေးစားမိဘနှစ်ပါးနဲ့….
မောင်လေးနဲ့ညီမလေးကို စောင့်ရှောက်ရင်း…..
သူ့ကို ချစ်တဲ့လူ ဒီကမ္ဘာပေါ်မှာမရှိဘူးလို့ ထင်နေတဲ့ဆယ်ကျော်သက်
ကောင်မလေးတစ်ယောက်တို့ နားလည်မှုတည်ဆောက်ကြတာကို
ကြည်နူးမှုနဲ့ ဝမ်းနည်းမှုရသမြောက်အောင် ရိုက်ပြထားတာကိုတွေ့ရမှာပါ…..

ငယ်ရွယ်တဲ့ကလေးတွေကို ချစ်ခြင်းမေတ္တာဂရုစိုက်မှုတွေပေးရုံနဲ့ မိဘနေရာကို ခံယူလို့ရပေမယ့်…
မိခင်အရင်းကိုသိပ်ချစ်တဲ့ ၁၅ နှစ်အရွယ်ကောင်မလေးရဲ့
မိဘအဖြစ်အသိအမှတ်ပြုခြင်းကို ရဖို့ဆိုတာတော့ ချစ်ခြင်းတစ်ခုတည်းနဲ့ မဖြစ်နိုင်တော့ပါဘူး…..
သူ့ဘဝကို လုံခြုံနွေးထွေးစေပြီး နားလည်မှုအပြည့်ပေးတဲ့
မိဘတွေကိုပဲ ပိုပြီးမက်မောတတ်တဲ့ အရွယ်ပေါ့……
စမ်းသပ်ကာလတစ်ခုအထိ အတူနေပြီး တရားဝင်မိသားစုဖြစ်လာဖို့
ကြိုးစားကြတဲ့ ပိ(ထ်)နဲ့အယ်လ်တို့ဟာ လစ်ဇီ ၊ ဂွမ်နဲ့ လီတာတို့ရဲ့
မိဘအဖြစ်အသိအမှတ်ပြုမှုကို နောက်ဆုံးမှာ ရရှိသွားပါ့မလားဆိုတာကိုတော့
ဇာတ်လမ်းလေးထဲမှာ အဖြေရှာရင်း လုံးဝကိုအကြိုက်တွေ့စေမယ့် ဇာတ်ကားလေးလို့ပဲ ညွှန်းဆိုပါရစေ။

Credit..

အေကေ ရုပ်ရှင်အညွှန်း

18 Nov, 11:08


Thumbelina (1994)


IMDb Rating (6.2)



ဒီကားလေးကတော့ ကလေးဘ၀က ကာတွန်းကားကောင်းလေးတွေထဲက တစ်ကားပါ။

နတ်သူငယ်လေးတွေ တိရစ္ဆာန်လေးတွေနဲ့ လူသေးသေးလေးတွေကို အရမ်းသဘောကျတဲ့သူတွေအတွက်ဆို ကွက်တိပါပဲ။

ပေါ့ပေါ့ပါးပါးလေးကြည့်ချင်တယ်ဆို ကြည့်မိလို့ နောင်တရမယ့်ကားမျိုးမဟုတ်ပါဘူး။အချိန်ပေးရတန်ပါတယ်နော်။

ဇာတ်လမ်းလေးက တမ်ဘလီနာဆိုတဲ့ ပန်းပွင့်လေးထဲက မွေးဖွားလာတဲ့ လက်မဆိုဒ်လောက်ပဲရှိတဲ့ ကောင်မလေးသေးသေးလေးပေါ့။

သူက သူ့လိုလူသေးသေးလေးတွေနဲ့မတွေ့မှာကို အရမ်းကြောက်ရှာတယ်။

တစ်နေ့ကျ နတ်သူငယ်မင်းသားလေးကိုနီးလီးယပ်စ်က လှည့်လည်နေရင်း တမ်ဘလီနာသီချင်းဆိုနေတာလေးကိုတွေ့သွားတော့ သူတို့နှစ်ယောက်အချင်းချင်းနှစ်သက်မိသွားကြတယ်။

မင်းသားလေးက မိဘနှစ်ပါးကိုပြောပြီး မနက်ကျ ပြန်လာပါ့မယ်ဆိုတဲ့ စကားလေးကို တွေးရင်း အိပ်ပျော်နေတဲ့ တမ်ဘလီနာကို ဖားမတစ်ကောင်က ခိုးသွားတဲ့အခါမှတော့ ‌

သေးသေးလေးဖြစ်နေတဲ့ တမ်ဘလီနာတစ်ယောက် ဘယ်လိုအခက်အခဲတွေကို တွေ့ရမလဲ အိမ်ကိုကော ပြန်ရောက်နိုင်မှာလား သူချစ်ရတဲ့ နတ်သူငယ်မင်းသားလေးနဲ့ကော ပြန်ဆုံနိုင်မှာလားဆိုတာ ကြည့်ကြည့်လိုက်ကျနော်။

စကားမစပ် နတ်သူငယ်မင်းသားလေးက အရမ်းချစ်ဖို့ကောင်းတယ်နော်။ကလေးဘ၀ရဲ့ စိတ်ကူးယဥ်မင်းသားလေးတွေထဲက တစ်ယောက်ပါပဲနော်။

ဒီကား‌‌လေးကို အရမ်းကြိုက်လွန်းလို့ နာမည်သိဖို့တောင် မနည်းရှာထားရတာ။



(အညွှန်းနဲ့ဘာသာပြန်ကတော့ PhuThet Khin ဖြစ်ပါတယ်။)

Credit..

အေကေ ရုပ်ရှင်အညွှန်း

18 Nov, 11:07


Twilight of the Warriors: Walled In (2024)

IMDB: 6/10
Louis Koo ၊ Sammo Hung ၊ Richie Jen ၊ Lam Raymond စတဲ့
ဟောင်ကောင်မင်းသားတွေတစ်သီကြီးသရုပ်ဆောင်ထားတဲ့
အက်ရှင်ဝေဝေဆာဆာနဲ့ ဟောင်ကောင်မြို့ထဲက
သီးခြားတံတိုင်းမြို့အကြောင်းအက်ရှင်ကားကိုတင်ပေးလိုက်ပါပြီ။

ဇာတ်လမ်းကတော့ ၁၉ရာစုနှစ် ဟောင်ကောင်ရဲ့အုပ်ချုပ်ရေး
မတည်ငြိမ်တဲ့ကာလကိုအခြေခံထားတာဖြစ်ပါတယ်။ အဲဒီအချိန်ကာလမှာ
မဟာမိတ်အဖွဲ့က ဟောင်ကောင်ကိုပထမဆုံးခိုလှုံခွင့်ရဆိပ်ကမ်းအဖြစ်
သတ်မှတ်လိုက်တဲ့အတွက် ဟောင်ကောင်ကိုခိုလှုံလာတဲ့
ဒုက္ခသည်တွေအများကြီးရောက်လာကြတယ်။

ဟောင်ကောင်ရဲ့တစ်ချို့အပိုင်းတွေမှာ အုပ်ချုပ်ရေးမဲ့တဲ့အနေအထားဖြစ်နေတဲ့အတွက်
လူမိုက်အုပ်စုဂိုဏ်းတွေဖွဲ့ပြီး ပိုင်နက်ရဖို့ အင်အားပြိုင်တိုက်ခိုက်
နေကြတဲ့အချိန်ဖြစ်တယ်။ ဒုက္ခသည်လူငယ်တစ်ယောက်က
လူမိုက်ခေါင်းဆောင်တစ်ယောက်ကို ပြဿနာရှာမိရာကနေပြီးတော့
ကျိုလုံတံတိုင်းမြို့ကိုရောက်သွားပြီး ခိုလှုံရာကနေစတဲ့ဇာတ်လမ်းပဲဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်းအများကြီးမပြောတော့ပါဘူး မင်းသားကြီးတွေနဲ့
အရည်အသွေးရှိရှိရိုက်ထားတဲ့ဇာတ်ကားတစ်ကားဖြစ်တဲ့အတွက်
အက်ရှင်ကားကြိုက်သူတွေ ဟောင်ကောင်ဂိုဏ်းစတားကား
ပရိသတ်တွေအတွက် ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်လို့ပဲပြောပါရစေ။
Credit

အေကေ ရုပ်ရှင်အညွှန်း

17 Nov, 09:57


The Caregiver (2024)


ဇာတ်ကားက Horror ရုပ်ရှင်အမျိုးအစားပါ။

အမ်မာကတော့ မိသားစု..အဓိက သူ့အဖေဆီက လိင်အကြမ်းဖက်မှုခံရပြီးတဲ့အချိန်ကနေ ထွက်ပြေးနေရတဲ့သူပါ။

သူ့မိသားစုဆီက ထွက်ပြေးလွတ်မြောက်ပြီးတဲ့အချိန်မှာ သူ့ကိုယ်သူ ဝင်ငွေရအောင် အိမ်ဖော်အဖြစ်လုပ်ကိုင်ဖို့ အလုပ်ရှာပါတယ်။

သူ့အတွက် အဆင်ပြေမယ့် အလုပ်ဖြစ်နိုင်မယ့် အလုပ်ကို ရှာတွေ့သွားတယ်လို့ သူယုံမှတ်လိုက်တဲ့အချိန်မှာပဲ အမ်မာရဲ့ ကံကြမ္မာကတော့..။

ဒီရုပ်ရှင်ကို ဒါရိုက်တာ Ariel Luque က စီစဥ်ရိုက်ကူးခဲ့ပြီးတော့ IMDb rating 3.1 ရရှိထားပါတယ်။

winner ဆု ၃ ဆု ရရှိထားပြီး တင်သွင်းခံရတဲ့အဆင့်အနေနဲ့လည်း ၃ ကြိမ်အထိ ရရှိထားပါတယ်။



(အညွှန်းနဲ့ဘာသာပြန်ကတော့ Thy Santa ဖြစ်ပါတယ်။)

Credit.

အေကေ ရုပ်ရှင်အညွှန်း

17 Nov, 09:56


Eternal (2024) For evigt

ကြီးမားတဲ့ငလျင်တစ်ခုကြောင့် ပင်လယ်သမုဒ္ဒရာကြမ်းပြင်အောက်မှာ အက်ကွဲကြောင်းကြီးတစ်ခုပေါ်လာပါတယ်။

အဲ့ဒီအက်ကွဲကြောင်းကြီးဟာ ကမ္ဘာမြေပေါ်က ရာသီဥတုအ​​ပြင်းအထန်ပြောင်းလဲမှုတွေအတွက် အချက်အချာကျလာလိမ့်မယ်လို့ သုတေသီများကယူဆကြပါတယ်။

အဲ့ဒါကြောင့်ပဲ အက်ကွဲကြောင်းကြီးကိုအ​မြန်ဆုံးပိတ်ပစ်ဖို့အဖွဲ့အစည်းတွေဖွဲ့ပြီး ပရောဂျက်တွေရေးဆွဲ​ကြပါတော့တယ်။

အမြန်ဆုံးဆိုပေမဲ့လည်း ဆယ်စုနှစ်တစ်ခု သို့မဟုတ် နှစ်ခုစာလောက်ကြာဦးမှာပါ။

အယ်လီယာဆိုတဲ့ကောင်လေးဟာ ရာသီဥတုနဲ့မိုးလေဝသသုတေသီတစ်​ယောက်ဖြစ်ချင်ပြီး အဲ့အက်ကွဲကြောင်းကြီးကိုပိတ်ပစ်နိုင်တဲ့သူဟာ သူကိုယ်တိုင်ဖြစ်နေဖို့က သူ့ရဲ့အိပ်မက်ပါ။

ဒါပေမဲ့ အဲ့လိုကြိုးစားနေတဲ့အချိန်မှာပဲ အယ်လီယာရဲ့ဘဝထဲကို အာနီတာဆိုတဲ့ကောင်မလေးတစ်ယောက်ဝင်ရောက်လာပါတယ်။

သူတို့ရဲ့အချစ်ရေးဟာပျော်ရွှင်စရာတွေနဲ့ပြည့်နေပြီး သာယာဖြောင့်ဖြူးနေပေမဲ့ သူ့ရဲ့အိပ်မက်ကိုအကောင်အထည်ဖော်နိုင်မယ့် ပရိုဂရမ်တစ်ခု အမေရိကားမှာဖွင့်လှစ်တာကြောင့် အမေရိကားကိုသွားရဖို့ဖြစ်လာပါတယ်။

သူ့ရဲ့တစ်ဘဝလုံးကိုနှစ်မြှုပ်ပြီးကြိုးစားခဲ့ရတဲ့အိပ်မက်ကိုရွေးချယ်မှာလား သူအရမ်းချစ်ရတဲ့ချစ်သူလေးကိုရွေးချယ်မှာလား

ကမ္ဘာမြေရဲ့ရာသီဥတုကိုအကြီးအကျယ်ပြောင်းလဲစေနိုင်တဲ့အက်ကွဲကြောင်းကြီးကိုလည်း ပညာရှင်တွေအချိန်မှီပိတ်ပစ်နိုင်ပါ့မလားဆိုတာ ခံစားကြည်ရှု့လိုက်ကြပါဉီး..



(အညွှန်းနဲ့ဘာသာပြန်ကတော့ Rubyjane ဖြစ်ပါတယ်။)

Credit..

အေကေ ရုပ်ရှင်အညွှန်း

17 Nov, 09:55


Coco (2017)

IMDB: 8.8/10
ဂီတကို ရူးသွပ်တဲ့ မစ်ဂဲလ်ရစ်ဗာရာဆိုတဲ့(၁၂)နှစ်အရွယ်ကောင်လေးတစ်ယောက် ဂီတနဲ့ပတ်သက်လို့မိသားစုရဲ့ တားမြစ်ချက်ကို

ဆန့်ကျင်ပြီး ဝါသနာပါရာ ဂီတအတွက်စွန့်စားတဲ့အကြောင်း ဇာတ်အိမ်ဖွဲ့ထားတာပါ။



အင်မယ်ဒါရစ်ဗာရာဟာ ဂီတပညာရှင်တစ်ယောက်ရဲ့ဇနီးဖြစ်ပြီး ခင်ပွန်းဖြစ်သူက မိသားစုထက်

ဂီတကို ရွေးချယ်ခဲ့ တာကြောင့် အင်မယ်ဒါဟာ ဂီတကိုစိတ်နာခဲ့ပြီးသမီးဖြစ်သူ ကိုကိုကိုလည်း ဂီတနှင့်ခပ်ကင်းကင်းနေဖို့တားမြစ်ခဲ့ပါတယ်။

အဲဒီနောက် အင်မယ်ဒါဟာ မိသားစုစီးပွားရေးအဖြစ်ဖိနပ် ချုပ်လုပ်ငန်းလုပ်ပြီး နေထိုင်ပါတယ်။

အင်မယ်ဒါတစ်ယောက် မျိုးရိုးစဉ်ဆက်တစ်လျှောက် ဂီတကို ဘယ်လိုပဲတားမြစ်ထားပါစေ ဂီတပိုးကသူ့ရဲ့မြစ်ဖြစ်တဲ့ မစ်ဂဲလ်ရစ်ဗာရာဆီမှာ ပေါ်လာခဲ့ပါတယ်။

မစ်ဂဲလ်ဟာ ဟိုးတုန်းက နာမည်ကျော်ဂီတပညာရှင် အာနက်စ်တိုဒီလာခရုဇ်ကို လေးစား အားကျပြီးသူ့လိုမျိုးဖြစ်ဖို့ စိတ် ကူးအိပ်မက်တွေနဲ့ပါ။

ဒီလိုနဲ့ ဂီတပိုးရှိနေတဲ့ မစ်ဂဲလ်လေးဟာသူ့အဘွားရဲ့ မိသားစုဓာတ်ပုံကို ရှာတွေ့ပြီးနောက်မှာတော့

ဂီတနဲ့ သူ့မိသားစုကြားမှာ ကြီးမားတဲ့ဆက်စပ်မှုတစ်ခုရှိတယ်ဆိုတာသိသွားခဲ့ပါတော့တယ်။

တစ်ရက်မှာတော့ မက္ကဆီ ကန်အထိမ်းအမှတ်ပွဲတစ်ခုဖြစ် တဲ့ သေသူအတွက် မိသားစုဝင် တွေ ရည်မှန်းဆုတောင်းတဲ့ပွဲမှာမစ်ဂဲလ်ဟာ

ဂီတာစွမ်းရည်ပြသ ဖို့ လုပ်ထားပေမယ့်သူ့အဘွားက ဂီတာကို ဖျက်ဆီးပြီး တားဆီးပါ တယ်။

အဲဒီနောက်မှာတော့ မစ် ဂဲလ်ဟာ အာနက်စ်တိုရဲ့မျိုးဆက်ဆိုတာ သိသွားပြီးနောက်မှာတော့

သူ့အဘိုးဖြစ်တဲ့ အာနက်စ်တိုရဲ့ ဂီတာနဲ့ ပြိုင်ပွဲဝင်ဖို့ဆုံးဖြတ်ပြီး အာနက်စ်တိုရဲ့ဂူမှာ ဂီတာသွား ယူပါတော့တယ်။

သူ့အဘိုးရဲ့ ဂီတာကို တီးလိုက်ပြီးနောက်မှာ တော့မစ်ဂဲလ်ဟာ သက်ရှိလူသား တွေကို မတွေ့ရတော့ဘဲသေပြီး သားလူတွေကိုပဲ တွေ့ရတဲ့ပုံစံမျိုး ဖြစ်သွားခဲ့ပါတယ်။

သေသူတွေနေတဲ့မြို့ (Land of Dead) မှာမစ်ဂဲလ်တစ်ယောက်ကွယ်လွန်သွားပြီဖြစ်တဲ့သူ့မိသား စုဝင်တွေနဲ့ ဆုံခဲ့သလို ဒန်တီဆိုတဲ့

ခွေးကလေးနဲ့အတူ သူ့အဘိုးအာ နက်စ်တိုကိုလိုက်ရှာပြီး သက်ရှိ လူသားတစ်ယောက်ပြန်ဖြစ်ဖို့ ကြိုးပမ်းခဲ့ပါတယ်။

မစ်ဂဲလ်တစ်ယောက် သေ သူတွေနေတဲ့မြို့မှာ ဘာတွေရင် ဆိုင်ရမှာလဲ။

သူအားကျနေရတဲ့ အဘိုးရဲ့လျှို့ဝှက်ချက်ကို သိသွားပြီးနောက်မှာဘာတွေဆက်ဖြစ် မလဲဆိုတာတော့…. ။

Credit..

အေကေ ရုပ်ရှင်အညွှန်း

17 Nov, 09:54


The Grandmaster (2013)

IMDB: 6.6/10

တရုတ်သိုင်းရုပ်ရှင်ကို သဘောကျသူတွေကြားမှာ
မသိသူမရှိလောက်တဲ့ Ip Manရဲ့ အကြောင်းကို
ရိုက်ကူးထားတဲ့ သိုင်းကားတစ်ကားပါ။

Ip Man ကားတွဲတွေနဲ့တော့ တစ်စက်ကလေးမှ
မဆင်တဲ့အပြင် ဝေါင်ကာဝေးရဲ့ ရုပ်ရှင်ပီပီသသပါပဲ
ခမ်းခမ်းနားနား Dialougeတွေကို သေသေသပ်သပ်
ထည့်သွင်းထားပါတယ်။ Ip Manကို ဗဟိုပြုပြီး
သူ့ခေတ်ပြိုင် သိုင်းဆရာတွေကိုပါ လှလှပပ
စက်ဝိုင်းလေးဝိုင်းပြီး ဘောင်မလွတ်ပဲ ပြထားပါတယ်။

ဘဝမှာသာ ရာသီအပိုင်းအခြားတွေရှိခဲ့ရင်
သူ့ဘဝရဲ့ ပထမနှစ်လေးဆယ်က နွေဦးလို သာယာခဲ့တယ်
ဆိုတဲ့ Ip Manရဲ့ဘဝ နှစ်လေးဆယ်နောက်ပိုင်း
ဆောင်းရာသီနေ့ရက်တွေအကြောင်းကို
တင်ဆက်ပြသထားပါတယ်။

သိုင်းပညာပြခန်းတွေသိပ်မများလှပေမယ့်
ပါသမျှလောက်ကလည်း စက္ကန့်စိတ်စာမျှ ပယ်စရာမရှိတဲ့
တကယ့်အနှစ်တွေပါပဲ။ ဒီလိုပယ်စရာမရှိရအောင်လည်း
ဒီရုပ်ရှင်ရဲ့ မင်းသား တိုနီချူဝေဟာ တစ်နေ့လေးနာရီနှုန်းနဲ့
တစ်နှစ်တိတိကျင့်ခဲ့ရပါတယ်။
တရုတ်ပြည်ကနေ ခုန်ပျံကျော်လွှားပြီး အမေရိကန်jမှာ
အော်စကာနှစ်ဆု Nomineeဝင်ထားတဲ့
ဒီရုပ်ရှင်မှာ Ip Manရဲ့ ဝင်းချွန်းသိုင်းကွက်တွေ
ထိုက်ကျိသိုင်းရဲ့ ဒဿ နတွေ ဝေဝေဆာဆာနဲ့
သိုင်းအနုပညာကို ထဲထဲဝင်ဝင် ခံစားကြရမှာပါ။

Credit..