ဇာတ်လမ်းအညွှန်း @rv_at_channel Channel on Telegram

ဇာတ်လမ်းအညွှန်း

@rv_at_channel


ဇာတ်လမ်းအညွှန်း (Burmese)

ဇာတ်လမ်းအညွှန်း သည် အရည်အချင်းမှန်မာလို ပြည့်စုံသည့် တယောက်ေတြအောင် မြင်ရတယောက် channel တစ်ခုဖြစ်သည်။ တကယ်လိုအချက်အလက်များ နောက်မှာ ဖော်ဘော်နှင့် ကျွမ်းကျင်းပြီး အငွေးကြောင်းလုပ်ကို မြေလွဲခဲ့တဲ့ လူငယ်အောင်မြင်ရန် ဖြစ်ပါသည်။ ဇာတ်လမ်းအညွှန်း သည် အိမ်ထောင်ဆောင်မြင်ရမည်သည်။ အခမဲ့ လွှဲပြည့်စုံများကို အခြားနှင့် ပြည့်စုံပါတက်ထားမည်ဖြစ်ပြီး ဇာတ်လမ်းအညွှန်းမှ အရမ်းမြစ်များ အသိပညာပညာများ ပြုလုပ်နိုင်သည်။ ဇာတ်လမ်းအညွှန်းကို စောင့်ကြည့်လိမ့်မည်တဲ့ သူများအို၏ အတိုင်းအခြားအသင်သည်အား စောင့်ကြည့်ရန် rv_at_channel အကြောင်းပေးခြင်းအဖြစ် လုပ်ကြည့်နိုင်နိုင်သည်။

ဇာတ်လမ်းအညွှန်း

03 Dec, 12:10


The Crocodile Hunter: Collision Course (2002)

IMDb Rating (5.4) / Rotten Tomatoes (53%)



သဘာဝတောရိုင်းတိရိစ္ဆာန်များအပေါ် တန်ဖိုးထားချစ်ခင်မှုနှင့် စွန့်စားခန်းတွေကိုရိုက် ပြသထားတဲ့ ရသစုံရစေမယ့် ရုပ်ရှင်ဖြစ်ပါတယ်။

တကယ်ကောင်းတဲ့ရိုက်ကူးမှုတွေနှင့် သဘာဝတွေစီကို ခြေတစ်လှမ်းခြင်းစီ သွားနေတဲ့ Steve Irwin နှင့် ဇနီး Terri Irwin တို့ရဲ့ စွန့်စားခန်းက ရယ်ရမယ့် ဇာတ်လမ်လေးတွေနဲ့ ရောယှက်ပြီး ပရိသတ်ကို ရင်ခုန်ပျော်စေမှာပါ။

ရုပ်ရှင်ထဲမှာ CIA ရဲ့ အရေးကြီးဒေတာများပါဝင်သွားတဲ့ ဂြိုဟ်တုတစ်လုံး ကျသွားပြီး ဒေတာတစ်စိတ်တစ်ပိုင်း ကြောင့်ပဲ စတင်လာတဲ့ ပြဿနာတွေကို ရင်ဆိုင်ရပါတော့တယ်။

Magda Szubanski က ကြမ်းတမ်းတဲ့ လယ်သမားတစ်ယောက်ဖြစ်ပြီးတော့ သရုပ်ဆောင်ပီပြင်လှပါတယ်၊

Steve ရဲ့သဘာဝတောရိုင်းတိရိစ္ဆာန်များကို ထိန်းသိမ်းရတဲ့ အခက်အခဲများနှင့် သူ၏ “Crikey!” catchphrase များသည် ရုပ်ရှင်ကို ပိုမိုပေါ့ပါးစေစွာကြည့်လို့ကောင်းစေပါတယ်။

ဇာတ်လမ်းဇာတ်ကွက်များအပေါ်မှာ အလေးထားမှုနည်းသော်လည်း Steve Irwin ၏ မတက်မကျအတိုးမပျက် သဘာဝကို အားကျပြီးသွားချင်တဲ့ စိတ်နှင့်

ဇာတ်လမ်းထဲမှာ ရိုးသားမှုတွေအပြည့်နဲ့ပဲရိုက်ထားတော့ ကြည့်ဖို့အတွက် ဆွဲဆောင်နေတော့တာပဲ။

သဘာဝကိုထိန်းသိမ်းကာကွယ်ဖို့အရေးပါကြောင်း ရိုက်ကူးပြသထားပေမယ့်လည်း အလွန်ကြည့်လို့ကောင်းတဲ့ဇာတ်ကားပါ။



(အညွှန်းနဲ့ဘာသာပြန်ကတော့ Banyar Aung ဖြစ်ပါတယ်။)

Credit..

ဇာတ်လမ်းအညွှန်း

03 Dec, 12:09


Old Men in New Cars: In China They Eat Dogs II (2002)
ဒိန်းမတ်ထောင်ကနေ ထွက်လာတဲ့ ဟာရန်းက ဆေးရုံတက်နေတဲ့ သူ့မွေးစားအဖေ မွန့်ကို သွားတွေ့ခဲ့တယ်။ မွန့်ဟာ သေခါနီးနောက်ဆုံးဆန္ဒအဖြစ် သူ့သားအရင်းနဲ့ တွေ့သွားချင်ခဲ့တာကြောင့် သူ့ရဲ့ မွေးစားသား ဟာရန်းက သားအရင်းရှာပုံတော်ကို ဖွင့်ခဲ့ရပါတယ်။ မွန့်ရဲသား လူဗစ်က လက်ရှိမှာ ဆွီဒင်ထောင်ထဲမှာ ထောင်ကျနေတာကြောင့် ဟာရန်းက သူ့မိတ်ဆွေ စာဖိုးမှူးနှစ်ယောက်ဖြစ်တဲ့ ပီတာနဲ့ မာတင်တို့ကို ခေါ်ပြီး‌ ထောင်ဖောက်ဖို့ ကြိုးစားခဲ့ကြတယ်။

အဖေနဲ့သား ပထမဆုံးအကြိမ် တွေ့ဆုံခဲ့ကြပြီး ဖခင်ဖြစ်သူမွန့်ဟာ အသည်းအစားထိုးဖို့ ပိုက်ဆံလိုတာကြောင့် ဟာရန်းတို့တတွေဟာ ဘဏ်ကို ဓားပြတိုက်ဖို့ ကြိုးစားခဲ့ကြတယ်။ ဘဏ်ဓားပြတိုက်နေစဉ်မှာ မေလီနဲ့ ဆုံတွေ့ခဲ့ပြီး သူတို့အဖွဲ့ဟာ အုတ်အော်သောင်းနင်းနဲ့ ဘယ်လိုတွေ တလွဲတချော် လုပ်ကြမလဲဆိုတာကို ဟာသဆန်ဆန် ကြည့်ရှုရမယ့် အက်ရှင်ကားတစ်ကားပဲ ဖြစ်ပါတယ်။

Credit..

ဇာတ်လမ်းအညွှန်း

03 Dec, 12:09


The Adventurers (2017)
The Advanturesရုပ်ရှင်ဇာတ်ကားဟာ

၂၀၁၇ခုနှစ်တွင်ဖြန့်ချိခဲ့သောတရုတ်အက်ရှင်ရုပ်ရှင်ဇာတ်ကားဖြစ်ပါတယ်

Rating အနေနဲ့ IMDB 5.6 ရရှိထားသောဇာတ်ကားကောင်းတစ်ပုဒ်ဖြစ်ပြီး

ပါဝင်သရုပ်ဆောင်ထားသူများကတော့

Andy Lau, မင်းသမီးချော Shu Qi ,Zhang Jingchu ,Tony Yang တို့ဖြစ်ပါတယ်

ဇာတ်လမ်းအကျဉ်းကတော့ နာမည်ကြီးသူခိုးတစ်ယောက်ဖြစ်တဲ့

ကျန်းတန်းတစ်ယောက်ချစ်သူနှင့်လက်ထပ်ရန်

သူခိုးအဖြစ်မှအနားယူခါနီး မွေးစားအဖေလိုသဘောထားသူ

ကျင်းကန်းအတွက် သစ်တောမျက်လုံးအမည်ရှိကျောက်ကို

နောက်ဆုံးခိုးယူပေးခဲ့ပါတယ်။သို့သော်သစ္စာဖော်မှုကြောင့်အဖမ်းခံရပြီး

ထောင် ၅နှစ်ကျသွားခဲ့ပါတယ်။သူထောင်မှလွတ်မြောက်လာသောအခါ

သူ့ကိုသစ္စာဖောက်သူကဘယ်သူလဲဆိုတာရှာဖွေပါတော့တယ်၊

သူတစ်ကယ်ပဲရှာဖွေတွေ့သွားမှာလား……

နောက်ကွယ်ကဘယ်သူရှိနေလဲဆိုတာ…….

Credit..

ဇာတ်လမ်းအညွှန်း

03 Dec, 12:08


Black Bags (2024)
ဒီရုပ်ရှင်က Thriller ရုပ်ရှင်အမျိုးအစားဖြစ်ပေမဲ့


သွေးထွက်သံယိုတွေနဲ့ ကြမ်းတမ်းနေတာမျိုးမဟုတ်ဘဲ

အေးအေးလူလူနဲ့ ကျောထဲကစိမ့်လာစေတဲ့ Thriller အမျိုးအစား

ဖြစ်တာမို့လို့ အဲဒီလိုရုပ်ရှင်မျိုးသဘောကျတဲ့သူတွေအတွက်

လက်မလွှတ်သင့်တဲ့ရုပ်ရှင်တစ်ကား ဖြစ်ပါတယ်။

ဇာတ်လမ်းအစကိုတော့ တက်စ် မက်ကာသီဆိုတဲ့ ကိုယ်ဝန်သည်

အမျိုးသမီးလေးတစ်ယောက်နဲ့ စထားပါတယ်။

သူနဲ့သူ့အမျိုးသားက ကိုယ်ပိုင်အိမ်ခြံဝန်းခပ်ကျယ်ကျယ်ကိုမှ

ဈေးသက်သက်သာသာနဲ့ နေချင်တဲ့သူတို့ရဲ့အိပ်မက်အတိုင်း

ဘွန်းန်ဆိုတဲ့နယ်မြို့လေးမှာနေကြပေမဲ့ အမျိုးသားဖြစ်သူက

အလုပ်ကိစ္စနဲ့ ခရီးအမြဲထွက်နေရလို့ အိမ်မှာမရှိတာများပါတယ်။

အဲဒီလို အိမ်ကျယ်ကြီးမှာ တစ်ယောက်တည်းနေရတဲ့ တက်စ်က

ကိုယ်ဝန်က အချင်းပါးတဲ့ပြဿနာကြောင့် မြို့ပေါ်ကို နှစ်ပတ်

တစ်ခါတက်ပြီး ဆေးညွှန်းသွားယူရပါတယ်။

သွားတဲ့အခါတိုင်း အမျိုးသားဖြစ်သူက စိတ်မချဘူးဆိုတာကြောင့်

ကိုယ်တိုင်ကားမမောင်းဘဲ ဘတ်စ်ကားစီးရာကနေ ဇာတ်လမ်းစတာ

ဖြစ်ပါတယ်။

ဗိုက်တစ်လုံးနဲ့ ဆေးတွေထည့်ထားတဲ့အိတ်ကိုသယ်ပြီး

ကားစီးတဲ့တက်စ်တစ်ယောက် ကားပေါ်မှာ ဘေးချင်းကပ်ထိုင်တဲ့

အမျိုးသမီးနဲ့ စကားပြောရင်း ခင်မင်သွားပါတယ်။

သူတို့ဆင်းရမယ့်နောက်ဆုံးဂိတ်ကိုရောက်တဲ့အခါ ဘေးနားက

အမျိုးသမီးက အိပ်ပျော်နေတဲ့အတွက် သူ့ဘာသူအောက်ဆင်းပြီး

ကားဗိုက်ထဲကခရီးဆောင်အိတ်ကိုယူကာ အိမ်ပြန်လာပါတော့တယ်။

ဒါပေမဲ့ အိမ်ပြန်ရောက်ပြီးမကြာခင်မှာပဲ သူ့အိမ်တံခါးကို ဘဲ

လ်လာတီးလို့ ထွက်ဖွင့်ပေးတဲ့အခါမှာ သူနဲ့ကားပေါ်မှာခင်ခဲ့တဲ့

အမျိုးသမီးဖြစ်နေပါတယ်။

အဲဒီအမျိုးသမီးက သူ့ရဲ့ခရီးဆောင်အိတ်ကို တက်စ်က မှားယူ

သွားတဲ့အတွက် သူ့အိတ်ကို ပြန်လာယူတာလို့ပြောပါတယ်။

သူတို့ရဲ့ ချွတ်စွပ်ဆင်တူနေတဲ့ အိတ်အမည်းနှစ်လုံးထဲမှာမှ တက်စ်ရဲ့

အမှားကြောင့် မတော်တဆမှားယူမိခဲ့တာလား…

အိတ်လေးတစ်ခါမှားယူမိတာနဲ့ ဘယ်လိုပြဿနာတွေတက်လာမလဲ

ဆိုတာကို ဒီရုပ်ရှင်မှာ မမြန်လွန်း မနှေးလွန်းတဲ့ ဇာတ်ရှိန်နဲ့တကွ

စောင့်ကြည့်ရမှာဖြစ်ပါတယ်။

Credit..

ဇာတ်လမ်းအညွှန်း

03 Dec, 12:07


Avenging Angelo (2002)

Director ကြီး Martyn Burke ရိုက်ကူးထားတဲ့ Action/Comedy/Crimeဇာတ်ကားကောင်းလေးပါ

မင်းသားကြီး Sylvester Stallone နဲ့ မင်းသမီးကြီး Medeleine Stowe တို့အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်

ဇာတ်ကားလေးကတော့ ဖရန်ကီ ဆိုတဲ့ သစ္စာရှိသက်တော်စောင့်ကောင်လေးဟာ အန်ဂျလို ဆိုတဲ့မာဖီးယား ဂိုဏ်ခေါင်းဆောင်ကြီးရဲ့လက်စွဲတော်ပေါ့ဖအေနဲ့သားလိုဆက်ဆံမှုမျိုးရှိကြတာပေါ့…..ဒီလိုနဲ့တစ်နေ့မှာ အန်ဂျလို ဟာသူသေတော့မှာကိုသိနေတဲ့အတိုင်း ဗီဒီယိုမှတ်တမ်းနဲ့သူ့ကိုအဖေမှန်းတောင်မသိတဲ့ သူ့ရဲ့သမီးကိုအမှာစကားထားခဲ့ပါတယ်…..အန်ဂျလို လုပ်ကြံခံရပြီးသေသွားတော့ ဖရန်ကီ ဟာသူ့သမီးရှိရာကိုသွားပြီးဖြစ်ကြောင်းကုန်စင်ပြောပြပြီး……

နှစ်ယောက်ပေါင်းပြီး ပြန်လက်စားခြေမယ့်အစီအစဉ််တွေကိုဘယ်လိုလုပ်ကြမလဲ…..မသိနိုင်တဲ့နောက်ကွယ်ရိုမန့်တစ်ဆန်တဲ့ ဇာတ်လမ်းလေးကရောဘယ်လိုများလဲဆိုတာကိုတော့…..

ဒီဇာတ်ကားလေးကို အညွှန်းရေးပြီးဘာသာပြန်ပေးထားတာကတော့ Leo ပဲဖြစ်ပါတယ်

Credit..

ဇာတ်လမ်းအညွှန်း

03 Dec, 12:06


Kanguva (2024) “ကံကြမ္မာပဟေဠိ”

(HD RIP ဖြစ်တာကြောင့် WEB DLလောက် ကြည်နေဦးမှာမဟုတ်တဲ့အတွက်
ကြည်တောက်ရှင်းမှကြည်ချင်သူတွေအဖို့ စောင့်ဖို့ အကြံပြုလိုပါတယ်)


၂၀၂၄ မှာထွက်ထားတဲ့ အိန္ဒိယ တမီးလ် Fantasy Action ရုပ်ရှင်ဖြစ်ပြီး
မင်းသားဆူရီယာရဲ့ သရုပ်ဆောင်ချက်တွေအတွက် မှတ်ချက်ကောင်းတွေရထားတဲ့
ရုပ်ရှင်ဆိုလည်း မမှားပါဘူး။

ဒီရုပ်ရှင်ဟာ ၂၀၁၉ မှာ စတင်ကြေညာခဲ့တာဖြစ်ပေမဲ့
ကိုဗစ်ကြောင့် အချိန်ရွှေ့လိုက်ရကာ
၂၀၂၄ ရောက်မှ ပရိသတ်ရှေ့ကို ရောက်လာတာဖြစ်ပါတယ်။

အိန္ဒိယနယ်စပ်နားလေးမှာ ဦးနှောက်လုပ်ဆောင်ချက်တွေကို
စောင့်ကြည့်လေ့လာပြီး စူပါပါဝါအကြောင်း စမ်းသပ်မှုတွေလုပ်နေတဲ့
ရုရှားဇီဝဆေးသုသေသနအဖွဲ့တစ်ဖွဲ့ရှိပါတယ်။

တစ်နေ့ သူတို့ဆီကနေ ဇေတာဆိုတဲ့ကလေးတစ်ယောက် ထွက်ပြေးလွတ်မြောက်သွားခဲ့ပါတယ်။
တစ်ဖက်မှာတော့ ဖရန့်စစ်နဲ့ သူ့သူငယ်ချင်းက ရဲတွေဆီကနေ ငွေလက်ခံပြီး
သူတို့အလိုရှိတဲ့သူကို လိုက်ဖမ်းပေးတဲ့အလုပ်လုပ်ပါတယ်။

တစ်နေ့ သူတို့ပစ်မှတ်ကို ဖမ်းနေတုန်း မတော်တဆ လက်လွန်ကာ သတ်မိသွားပါတယ်။
ဒီပစ်မှတ်က နောက်ခံတော်တော်တောင့်တာမို့ ဘယ်သူမှမသိခင်
အသာလေးလစ်ထွက်လာဖို့လုပ်နေတုန်း ဇေတာနဲ့တိုးပါတယ်။

ဒါပေမဲ့ ကလေးဆိုတော့ သူတို့ရုပ်တွေကို မှတ်မိလောက်မှာမဟုတ်ဘူးဆိုပြီး
ပေါ့ပေါ့တန်တန်တွေးကာ ထွက်ပြေးလာကြပါတယ်။

ဇေတာက သူတို့တွေကို တကယ်ပဲ မမှတ်မိနိုင်ဘူးလား။
သူနဲ့ ဖရန့်စစ်ကြားမှာရော ဘာပတ်သတ်မှုတွေရှိနေသေးတာလဲ ဆိုတာကိုတော့…

(အညွှန်းနဲ့ဘာသာပြန်တွေကတော့ Eaindra, ToMo, Linn, Zwe, Yunni တို့ပဲဖြစ်ပါတယ်)

Credit..

ဇာတ်လမ်းအညွှန်း

02 Dec, 14:44


The Huntresses (2014)

မမ Ha Ji-Won အဓိက ပါဝင်သရုပ်ဆောင်ထားတဲ့ The Huntress ဆိုတဲ့ movie လေးကို တင်ဆက်ပေးလိုက်ပါတယ် ။



ဇာတ်လမ်းအကျဉ်း

ဆရာကြီးမူမြောင်ကတော့ နန်းတော် စုံစမ်းရေးအရာရှိအဖြစ်ကနေ အလုပ်ဖြုတ်ခံရတဲ့ နန်းတွင်းအရာရှိဟောင်းတစ်ယောက်ပါ

အလုပ်ပြုတ်ပြီးနောက်မှာတော့ အတိုက်ခိုက် ကျွမ်းကျင်တဲ့ တပည့်မ သုံးယောက်နဲ့ ကြေးစား စုံထောက် အလုပ်ကို လုပ်ကိုင်နေတာပါ

တစ်ရက်မှာတော့ နန်းတွင်းအရာရှိတစ်ယောက်က
ဘုရင်အတွက် လူတစ်ယောက်နဲ့ ပစ္စည်းတစ်ခု ရှာပေးဖို့ အလုပ်အပ်ခဲ့ပါတယ်
တိုက်ဆိုင်စွာနဲ့ အဲ့အလုပ်ဟာ မူမြောင်ရဲ့ တပည့် ဂျင်အို့အဖေရဲ့ သေဆုံးမှုနဲ့ ဆက်စပ်နေခဲ့ပါတယ်

နန်းတွင်းအရာရှိတွေနဲ့ ပက်သက်နေတဲ့ နိုင်ငံတော်အမှုကို သူတို့ ဘယ်လိုစုံစမ်းကြမလဲ
ကြေးစား မိန်းကလေး ၃ယောက်ရဲ့ အလွဲလေးတွေနဲ့ အက်ရှင်ခန်းတွေကို ဒီဇာတ်ကားလေးမှာ ဆက်လက်ကြည့်ရှုကြပါရှင်…။

( အညွှန်းရေးသားထားသူကတော့ Seung ဖြစ်ပါတယ် )
Credit...

ဇာတ်လမ်းအညွှန်း

02 Dec, 11:55


I Am Sam (200)
IMDb 7.6 နဲ့ ဆုတော်တော်များများရရှိထားတဲ့ ကားကောင်းလေးတစ်ကားပါပဲနော်။

ဇာတ်လမ်းလေးကတော့ ဦးနှောက်ဖွံ့ဖြိုးမှုနည်းတာကြောင့် ခုနှစ်နှစ်သားမှတ်ဉာဏ်ပဲရှိတဲ့ ဆမ်ဆိုတဲ့ လူတစ်ယောက်က သူ့ခုနှစ်နှစ်သမီးလေးအတွက် ဖခင်ကောင်းတစ်ယောက်ဖြစ်လာနိုင်ရဲ့လား၊

သူ့သမီးလေးကို ‌ပျိုးထောင်နိုင်တဲ့ စွမ်းရည်ရှိရဲ့လားဆိုတာ တရားရုံးမှာ တရားရင်ဆိုင်ရတဲ့အကြောင်းလေးပါ။

ဆမ်ရဲ့ရှေ့နေ ရီတာပြောတာက လူတစ်ယောက်ရဲ့ ဉာဏ်ရည်အတိုင်းအတာက သူ့ရဲ့ချစ်နိုင်စွမ်းအပေါ်သက်ရောက်မှုမရှိဘူးတဲ့။

ဒါပေမယ့် တစ်ဖက်မှာကျ ကိုယ်တိုင်က ၇ နှစ်သားမှတ်ဉာဏ်ပဲရှိတဲ့ ဖခင်တစ်ယောက် ကော်ဖီတောင်ဖျော်တတ်ဖို့အကြာကြီးကြိုးစားခဲ့ရတဲ့ ဖခင်တစ်ယောက်က

သမီးကို လူလားမြောက်လာအောင် လူ့အဖွဲ့အစည်းထဲက လူတစ်ယောက်ဖြစ်လာ‌‌အောင် ဘယ်လိုများပျိုးထောင်နိုင်မှာလဲပေါ့။

တစ်ဖက်က တရားရုံးရှေ့နေက ပြောတယ် လူစီက အရာအားလုံးနဲ့ထိုက်တန်တယ် ဒါပေမယ့် အဲ့တာကို မင်းပေးနိုင်ရဲ့လားတဲ့။

ဖခင်မေတ္တာကို ကွက်ကွက်ကွင်းကွင်းမြင်ရမယ့် ကားလေးပါနော်။ ရိုးရိုးဖခင်တစ်ယောက်တောင် မဟုတ်ပဲ ခုနှစ်နှစ်သားဉာဏ်ရည်နဲ့ ဖခင်တစ်ယောက်ပေါ့။

Cast တွေအနေနဲ့က ဆမ်အဖြစ် Sean Penn , ရှေ့နေမမရီတာအနေနဲ့က Michelle Pfeiffer လူစီအနေနဲ့ကတော့ အားလုံးသိကြတဲ့ Elle Fanning ရဲ့အစ်မ Dakota Fanning ပါ။

သူ့အစ်မရဲ့ ၃ နှစ်အရွယ်ငယ်ဘ၀အတွက်ကို ညီမလေး Elle ကသရုပ်ဆောင်ထားတာပါတဲ့။ဒီကားနဲ့ စပေါက်ခဲ့တဲ့အပြင် ဆုပါရခဲ့တာမို့ သရုပ်ဆောင်ကတော့ ပြောစရာမလိုပါဘူး။

ကြည့်မိလို့ နောင်တရမယ့်ကားမျိုး မဟုတ်လို့ ကြည့်ကြည့်လိုက်ကြပါနော်။



(အညွှန်းနဲ့ဘာသာပြန်ကတော့ Phu Thet Khin ဖြစ်ပါတယ်။)

Credit..

ဇာတ်လမ်းအညွှန်း

02 Dec, 11:54


Dahmer (2002)

IMDb Rating (5.6) / Rotten Tomatoes (73%)



အမေရိကန်နိုင်ငံတစ်ခုလုံးကိုသာမက ကမ္ဘာကိုပါတုန်လှုပ်သွားစေခဲ့တဲ့ကွင်းဆက်လူသတ်သမား ဂျက်ဖရီဒါးမားအကြောင်း ရိုက်ကူးထားတဲ့ဖြစ်ရပ်မှန်နာမည်ကြီးဇတ်ကားဖြစ်ပါတယ်။

ဂျက်ဖရီဒါးမားကို ၁၉၆၀ခုနှစ်မှာမီဝေါကီး ဝစ္စကွန်ဆင်ပြည်နယ်မှာမွေးဖွားခဲ့ပါတယ်။သူက အသက်၁၈ နှစ်အရွယ်မှာပထမဆုံးလူသတ်မှုကိုကျူးလွန်ခဲ့ပါတယ်။

ဂျက်ဖရီဒါးမားဟာ ၁၉၇၈ ကနေ ၁၉၉၁ အတွင်း အရွယ်ရောက်ပြီးယောကျာ်းနဲ့ ယောကျာ်းလေးငယ်ပေါင်း (၁၇) ယောက်ကိုသတ်ခဲ့ပါတယ်။

ဒါးမားကသူ့ရဲ့သားကောင်တွေကို ဂေးဘားတွေစျေးဝယ်စင်တာတွေဘတ်စကားမှတ်တိုင်တွေမှာရှာပြီးလိင်ကိစ္စဒါမှမဟုတ် ပိုက်ဆံနဲ့ဖျားယောင်းပြီးသူ့အခန်းကိုခေါပြီး သတ်ဖြတ်ပါတယ်။

အလောင်းကောင်နဲ့မဖွယ်မရာလုပ်ပြီးတဲ့အခါလောင်းကိုတစ်စစီဖျက်ပြီး စွန့်ပစ်ပါတယ်။ ဦးခေါင်းတွေလိင်အဂ်ါတွေနဲ့ကိုယ်ခန္ဓာအစိပ်အပိုင်းတစ်ချို့ကို အမှတ်တရပစ္စည်းအဖြစ်နဲ့သိမ်းထားတတ်ပါတယ်။

လူသားကိုလည်းစားကြည့်သလို တစ်ချို့သူတွေကိုတော့ခေါင်းကိုDrillနဲ့ဖောက်ပြီးဇွန်ဘီးလိင်ကျွန်လုပ်ပြီးမှသတ်ဖြတ်ပါတယ်။

သူရဲ့သားကောင်တွေကိုသတ်တာနဲ့အလောင်းဖျက်တဲ့ဖြစ်စဥ်အဆင့်ဆင့်မှာ ဓါတ်ပုံမှတ်တမ်းတင်တတ်ပါသေးတယ်။သူဟာ ၁၉၈၁ – ၁၉၈၂ နဲ့ ၁၉၈၆ မှာလည်း အများပြည်သူရှေ့မဖွယ်မရာပြမှုတွေနဲ့ဖမ်းခံရပါတယ်။

၁၉၉၂မှာဖမ်းခံရပြီး လူသတ်မှု(၁၅)မှုအတွက် စွဲချက်တင်ခံရပြီးထောင်ဒဏ် ၉၅၇နှစ် ပြစ်ဒဏ်ချမှတ်ခံရပါတယ်။

အရက်စွဲနေတဲ့အပြင် လိင်စိတ်မူမမှန်တာရှိနေပြီး လိင်တူချင်းတပ်မက်ရာမှလိုအင်မပြည့်တဲ့အတွက် ဒေါသအလျောက်လူစသတ်မိပြီး လူသတ်တာကိုစွဲလမ်းသွားရာက တစ်ဆင့်ထက်တစ်ဆင့်

လူမဆန်တဲ့ဖြစ်ရပ်တွေနဲ့ဆန်းပြားတဲ့အမူအကျင့်တွေကိုလုပ်လာတာဖြစ်တယ် ။

သူရဲ့တိုက်ခန်းကိုရှာဖွေတဲ့အခါသူ့ရဲ့အအေးခန်းသေတ္တာထဲကလူခေါင်းပြတ်တွေနှလုံးတွေကတော့လုပ်သက်(၁၇)နှစ်ရှိတဲ့ရဲတွေကိုတောင်ကြောက်ရွံ့တုန်လှုပ်ပြီး

တစ်သက်တာမေ့မရတဲ့မြင်ကွင်းဖြစ်သွားစေခဲ့ပါတယ်လို့ ရဲတွေကပြောပြခဲ့ပါတယ်။

သူ့ကိုလွှတ်ပေးရင်တောင် သူကဒီလိုပဲဆက်သတ်နေမှာပဲလို့သူကရဲတွေကိုဖြေခဲ့ပါတယ်။ထောင်ကျပြီး (၂)နှစ်ကြာတဲ့အခါမှာ ထောင်သားတစ်ယောက်ကရိုက်သတ်တဲ့အတွက် ၁၉၉၄ မှာ ဂျက်ဖရီဒါးမားသေဆုံးခဲ့ပါတယ်။

ဂျက်ဖရီဒါးမားနဲ့ပါတ်သက်လို့စာအုပ်တွေလည်းထွက်ထားသလိုရုပ်ရှင်နဲ့တီဗွီစီးရီးစ်မတွေလည်းထွက်ရှိထားပါတယ်။

Dahmer( 2002) ရုပ်ရှင်ကတော့အစောဆုံးထွက်လာတဲ့ရုပ်ရှင်ဖြစ်ပါတယ်။ဒီဇတ်ကားက ဂျက်ဖရီဒါးမားအဖြစ်သရုပ်ဆောင်တဲ့ Jeremy Renner( ဂျယ်ရမ်မီရမ်းနား) ကိုအောင်မြင်တဲ့သရုပ်ဆောင်တစ်ယောက်ဖြစ်စေခဲ့ပါတယ်။

“ယောကျာ်းလေးတွေပဲ ဘာစိတ်ပူစရာရှိလဲ ထောင်အပြင်တန်းမရှိဘူး“ပြောတတ်ကြပေမယ့် လိင်စိတ်မူမမှန်သူတွေရှိနေတတ်တာကို ဒီဇတ်ကားကမီးမောင်းထိုးပြထားပါတယ်။



(အညွှန်းနဲ့ဘာသာပြန်ကတော့ Khin Sakar Khin ဖြစ်ပါတယ်။)

Credit..

ဇာတ်လမ်းအညွှန်း

02 Dec, 11:52


The Founder (2016)

IMDb Rating (7.2) / Rotten Tomatoes (80 %)

ဒီဇာတ်ကားကတော့ ကမ္ဘာပေါ်မှာ မသိသူမရှိအောင် နာမည်ကြီးတဲ့
McDonald’s ဟမ်ဘာဂါဆိုင် တည်ထောင်သူ Ray Kroc အကြောင်း
ရိုက်ကူးထားတဲ့ဖြစ်ရပ်မှန် Biography ရုပ်ရှင်ကားကြီးဖြစ်ပါတယ်

အသက်၅၂နှစ်အရွယ် ယောကျာ်းတစ်ယောက်
အောင်မြင်မှုရဖို့ဘယ်လိုကြိုးစားခဲ့ရတယ်ဆိုတာကို
ရိုက်ကူးတင်ဆက်ထားတာပါ….

အောင်မြင်ဖို့အတွက် အသက်အရွယ်တွေက အဓိကမကျနေပါဘူးဆိုတာ
KFC နဲ့ McDonald တည်ထောင်သူတွေကိုကြည့်ရင် အားကျမိမှာမလို့
ဒီလိုဇာတ်ကားတွေကို လူတိုင်းကြည့်ရှုသင့်ပါတယ်။

Credit..

ဇာတ်လမ်းအညွှန်း

02 Dec, 11:51


Aankhen (2002)

IMDb Rating (7.4) / Rotten Tomatoes (71%)



Bollywood Thriller/Comedy ဇာတ်ကားကောင်းလေးတစ်ကားနဲ့မိတ်ဆက်ပေးပါ့မယ်။

မင်းသားကြီး Amitabh Bachchan၊ Akshay Kumer၊ Arjun Rampal၊ Paresh Rawal တိုနဲ့ မင်းသမီးချော Sushmita Sen တို့ပါဝင်သရုပ်ဆောင်ထားပြီး (8 Nominations) လည်းရထားပါသေးတယ်။

ဇာတ်ကားလေးကတော့ ဘဏ်နေဂျာတစ်ယောက်ဖြစ်တဲ့ မစ္စတာ ရဂျ်ပွတ် ဟာတစ်နေ့မှာတော့ အလုပ်ကနေထုတ်ခံလိုက်ရပါတယ်။

သူ့ဘဝတစ်ခုလုံးကို ဘဏ်မှာပဲမြှပ်နှံထားတဲ့ ရဂျ်ပွတ် ဟာဘဏ်ကိုစိတ်အနာကြီးနာပြီး ပြန်ပြီးလက်စားခြေဖို့ဆုံးဖြတ်လိုက်ပြီး နည်းလမ်းပေါင်းစုံစဉ်းစားပါတော့တယ်။

ဒီလိုနဲ့ တစ်ကမ္ဘာလုံးမှာတစ်ခါမှမလုပ်ဖူး မဖြစ်ဖူး မကြုံဖူးတဲ့ပုံမျိုးနဲ့ ဘဏ်ဓားပြတိုက်ဖို့ဆုံးဖြတ်လိုက်ပါတော့တယ်။

အဲဒီမှာပဲ မျက်မမြင်သုံးယောက်ကိုလိုက်ရှာပြီး အဲဒီမျက်မမြင်သုံးယောက်ကိုလေ့ကျင့်ပေးမယ့်ဆရာမနဲ့ပေါင်းပြီးတော့ ဘဏ်ကိုနေ့ခင်းကြောင်တောင်ကြီး ဓားပြတိုက်ဖို့အစီအစဉ်ဆွဲပါတော့တယ်။

ဒီလိုနဲ့ ဘဏ်ကိုဓားပြတိုက်ရင်း ဘယ်လိုအခက်အခဲတွေ၊ ဘယ်လိုလေ့ကျင့်မှုတွေနဲ့ ဘယ်လိုစီစဉ်သွားမလဲဆိုတာကိုကြည့်ရှုရင်းနဲ့

သူလေ့ကျင့်ပေးထားတဲ့ မျက်မမြင်သုံးယောက်ကရော သူစီစဉ်သလိုဖြစ်ပါ့မလား ဆိုတာကိုတော့ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။

မင်းသားကြီး Amitabh Bachchan ကိုယ်တိုင်းအဓိကပါဝင်သရုပ်ဆောင်ထားတာဆိုတော့ ပြောစရာမလိုတော့ဘူးပေါ့။



(အညွှန်းနဲ့ဘာသာပြန်ကတော့ Leo ဖြစ်ပါတယ်။)

Credit..

ဇာတ်လမ်းအညွှန်း

02 Dec, 11:50


Killer Ex (2024)

အပျင်းပြေကြည့်လို့ကောင်းမဲ့ Killer Ex ဆိုတဲ့ ဘက်ဂျက်အက်ရှင်ဇာတ်ကားလေး

တစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ ဘက်ဂျက်ဆိုတဲ့အတိုင်းပဲ



မင်းသားမင်းသမီးတွေကနာမည်မကြီးသလို ရိုက်ချက်တွေ အက်ရှင်ခန်းတွေက

ဇာတ်ကားကြီးတွေလောက်တော့ သိပ်မကောင်းပေမဲ့ သူ့ဟာနဲ့သူတော့

အပျင်းပြေကြည့်လို့ကောင်းတဲ့ အခြေအနေမှာ ရှိပါတယ်။

ဒီဇာတ်ကားမှာအဓိကပေးချင်တဲ့ Message ကတော့ လူတိုင်းမှာအတိတ်တွေရှိပြီး

အဲ့ဒီအတိတ်တွေကတစ်ခါတစ်လေမှာ ကိုယ့်ဆီမှာပြန်လိုက်လာတတ်တဲ့အတွက်

တတ်နိုင်သလောက် မကောင်းတဲ့အတိတ်တွေကို မဖန်တီးဖို့ ပြောချင်တာပဲဖြစ်ပါတယ်။

ဗစ်တာဆိုတဲ့လူက လူသတ်ပြီးတော့ အသက်မွေးဝမ်းကြောင်းလုပ်တဲ့ လူတစ်ယောက်ဖြစ်ပြီး

သူ့အလုပ်မှာလည်း သူကအရမ်းတော်တဲ့သူတစ်ယောက်ဖြစ်ပါတယ်။ ဒါပေမယ့်ကြာလာတော့

လူသတ်ရတာကိုစိတ်ကုန်လာပြီး မိသားစုလေးထူထောင်ကာ တည်ငြိမ်တဲ့ဘ၀ကိုဖြတ်သန်းဖို့

စီစဉ်ခဲ့ပါတော့တယ်။အဲ့ဒါကြောင့် သူ့ချစ်သူ လုပ်ဖော်ကိုင်ဖက်ကောင်မလေးကို သူနဲ့အတူ

ဒီလောကထဲကထွက်ပြီး အတူတူအခြေချဖို့နားချခဲ့ပေမဲ့ ကောင်မလေးဘက်က လက်မခံခဲ့တာကြောင့်

သူ့ဘာသာသူခွဲထွက်ကာ ပျော်ရွှင်သာယာတဲ့မိသားစုဘ၀လေးကိုထူထောင်ခဲ့ပါတော့တယ်။

ဒါပေမယ့်တစ်နေ့မှာတော့ ဇာတ်ကားနာမည်အတိုင်း သူ့ရဲ့လူသတ်သမားရည်းစားဟောင်းလေးနဲ့

ပြန်တွေ့ဖို့ကံကြမ္မာပါလာခဲ့ပါတော့တယ်။ သူ့ရည်းစားဟောင်းကို လူတွေလိုက်သတ်နေတဲ့အတွက်

သူ့ဆီမှာအကူအညီလာတောင်းတာဖြစ်ပြီး ဗစ်တာလည်းသံယောဇဉ်လက်ကျန်လေးနဲ့

ပြန်လည်ကူညီရင်းနဲ့မှ သူ့နောက်လိုက်လာတဲ့အတိတ်ကိုဘယ်လိုရင်ဆိုင်သွားမလဲဆိုတာကို

ကြည့်ရှုရမဲ့ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။

(အညွှန်းကို Saw Lay မှ ရေးသားထားပါတယ်)

Credit..

ဇာတ်လမ်းအညွှန်း

01 Dec, 11:06


Derailed (2002)
အက်ရှင်မင်းသားကြီးဗန်ဒိန်းရဲ့ ကားဟောင်းတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။

ဗန်ဒိန်းက လျှို့ဝှက်အေးဂျင့်တစ်ယောက်။ နားရက်မှာပဲ သူ့ကိုတိတ်တဆိတ်တာဝန်ပေးလာတာကလူတစ်ယောက်ကို မြူးနစ်ဆီ ရထားနဲ့ခေါ်သွားဖို့။ရထားပေါ်ကျမှ သူခေါ်လာတဲ့လူက လူချည်းသက်သက်မဟုတ်ဘဲ လူပေါင်းသန်းနဲ့ချီပြီးသေကြေပျက်စီးစေနိုင်တဲ့အရာတစ်ခုကို သယ်လာမှန်းသိလိုက်ရပြီး အဲဒီအရာနောက်ကိုလိုက်နေတဲ့လက်မရွံ့အဖွဲ့ကလည်း ရထားကို ပြန်ပေးဆွဲတဲ့အခါမှာတော့…။

(အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyoဖြစ်ပါတယ်။)

Credit

ဇာတ်လမ်းအညွှန်း

01 Dec, 11:06


The President’s Barber (2004)

******

IMDb… 7

သရုပ်ဆောင်ကြီး Song Kang Ho နဲ့ Moon So Ri တို့ အဓိက ပါဝင်သရုပ်ဆောင်ထားတဲ့

သမ္မတနဲ့ တစ်ရပ်ကွက်ထဲမှာ နေထိုင်ရင်း သမ္မတရဲ့ ဆံသဆရာ ဖြစ်လာတဲ့ ဇာတ်လမ်းလေးနဲ့

မိတ်ဆက်ပေးပါရစေ။

ဆံပင်ညှပ်ဆိုင်လေး ဖွင့်ရင်း လုပ်ကိုင်စားသောက်နေတဲ့ သာမန် အညတရ ဆံသဆရာ

ဆောင်းဟန်မိုရဲ့ ဆံပင်ညှပ်ဆိုင်ကို ရုတ်တရက်ဆိုသလိုပဲ ဗဟို ထောက်လှမ်းရေး ဌာနက အရာရှိ တစ်ဦး

ရောက်ရှိလာပြီး ဆောင်းဟန်မိုဟာ ဒီရပ်ကွက်ထဲမှာ အချိန်အတော်ကြာ နေလာတဲ့သူ ဖြစ်တာကြောင့်

မြောက်ကိုရီးယားသူလျှိုကို ဖမ်းပေးရမယ်ဆိုပြီး အမိန့် ထုတ်သွားခဲ့တယ်။

အဲဒီ အမိန့်အတိုင်းအတိုင်းလည်း သူလျှိုကို အမိအရ ဖမ်းဆီးပေးနိုင်ခဲ့တဲ့ အပြင် ရိုးသားကြိုးစားတယ်ဆိုပြီး

သမ္မတကြီးက ဆောင်းဟန်မိုကို အိမ်ပြာတော်မှာ ရာထူးတစ်နေရာပေးလိုက်တော့တယ်။

အဲဒီအချိန်ကစလို့ ဆောင်းဟန်မိုတို့ မိသားစုရဲ့ဘဝဟာ အမှတ်မထင် တစ်ဆစ်ချိုး ပြောင်းလဲသွားခဲ့တယ်။

အိမ်ပြာတော်အထိ ခြေဆန့်နိုင်ခဲ့တဲ့ သာမန် ဆံသဆရာ တစ်ယောက်ရဲ့ဘဝဟာ ရှေ့လျှောက်

ဘာတွေဆက်ဖြစ်လာမလဲဆိုတာကိုတော့ ဇာတ်ကားထဲမှာ ဆက်လက် ရှူစားလိုက်ကြရအောင်ပါ။



(ဇာတ်လမ်းအကျဉ်းကို Treasure Htet မှ ရေးသားပေးထားပါတယ်။)
Credit..

ဇာတ်လမ်းအညွှန်း

01 Dec, 11:05


Palayam PC (2024)

“တာဝန်”

အသစ်ထွက်ရှိလာတဲ့ မလေယာလမ် မှုခင်းရုပ်ရှင်တစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်



ဒီကားမှာဆိုရင် အမှုစုံစမ်းစစ်ဆေးရေးကိုချည်း အသားပေးတာမဟုတ်ဘဲ
ရဲတစ်ယောက်ရဲ့ ကိုယ်ရေးကိုယ်တာဘဝကိုလည်း ဟာသဆန်ဆန်ပုံဖော်ထားတာ တွေ့ရမှာပါ

ချန်ဒရေတာဆိုတဲ့ ရဲအရာရှိတစ်ဦးဟာ ဘာမှမမက်မမောဘဲ
အစွဲအလမ်းခံယူချက်သိပ်မရှိတဲ့လူဖြစ်ပြီး ဟီးရိုးရဲတွေနဲ့ ဆန့်ကျင်ဘက်ပါပဲ

ရဲဆိုပေမဲ့ ဇနီးသည်အတွက် ဈေးခြင်းတောင်းဆွဲဈေးဝယ်ပေးလိုက်၊
သားဖြစ်သူကိုအချိန်ပေးလိုက်နဲ့ အေးအေးလူလူ ရှိလှတဲ့ chill guy တစ်ဦးပါ

ဒါ့အပြင် တွေ့ကရာလူကိုလည်း ပိုက်ဆံအလကားပေးရလောက်အောင်
သဘောကောင်းပြီး ညဂျူတီပုံမှန်ထမ်းဆောင်နေတဲ့ ဘဝကနေ
တကယ့်တာဝန်ကြီးကြီးတစ်ခုအဖြစ် အမျိုးသမီးတစ်ယောက်ကို
ကာကွယ်ပေးရဖို့ဖြစ်လာတဲ့အခါ ဘယ်လိုဇာတ်လမ်းတစ်ပုဒ် ဖြစ်လာမှာလဲ ဆိုတာကတော့

အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team မှ ဖြစ်ပါတယ်

Credit..

ဇာတ်လမ်းအညွှန်း

01 Dec, 11:03


Goodrich (2024)

IMDb – 6.3/10

RT – 78% (6.2/10)

ဇာတ်လမ်းအကျဉ်း

အန်ဒီဂွတ်ရစ်ချ် (Michael Keaton) ဟာ ပန်းချီပြခန်းလေးတစ်ခုကို ဦးစီးနေတဲ့ အလုပ်စွဲနေသူတစ်ဦးဖြစ်ပါတယ်။မိသားစုကိုလဲ ဂရုမစိုက်သလို အငြင်းလဲ အင်မတန်သန်သူဖြစ်ပါတယ်။ အဲဒါတွေကြောင့်ပဲ ပထမအိမ်ထောင်နဲ့ကွဲကွာခဲ့ရပြီး ဒုတိယလက်ရှိအိမ်ထောင်နဲ့လဲ အဆင်မပြေလှပါ။ တစ်ညမှာတော့ လက်ရှိဇနီးက ဆေးဖြတ်စခန်း (ရုပ်ရှင်ထဲကအသုံးအနှုန်းကတော့ ပြန်လည်ထူထောင်ရေးစခန်း)ကနေ ဖုန်းလှမ်းဆက်ပြီး ရက်ပေါင်း ၉၀ စခန်းဝင်မယ့်အကြောင်းကို ပြောပြချိန်မှာတော့ သူတစ်သက်နဲ့တစ်ကိုယ် မလုပ်ဖူးတာတွေ စလုပ်ရပါတော့တယ်။ တစ်ချိန်တည်းလိုလိုမှာပဲ နဂိုကတည်းက ယိုင်နဲ့နေတဲ့ ပန်းချီပြခန်းကလည်း အကျပ်အတည်းတွေ ရင်ဆိုင်နေရပြီး ရုန်းကန်နေရပါတယ်။

လက်ရှိအိမ်ထောင်နဲ့မွေးထားတဲ့ အမွှာနှစ်ယောက်ကို ကြည့်ပေးဖို့ ပထမအိမ်ထောင်နဲ့ရထားတဲ့ လက်ရှိကိုယ်ဝန်ဆောင်နေတဲ့သမီး ဂ‌ရေ့စ် (Mila Kunis) ကို အကူအညီတောင်းရပါတော့တယ်။ နောက်ဆုံးမှာတော့ဇာတ်လိုက်ကြီး အန်ဒီတစ်ယောက် သမီးဂ‌ရေ့စ် တစ်သက်လုံးမရဘူးတဲ့ အဖေအဖြစ် ပြောင်းလဲသွားနိုင်မလား ၊ ပန်းချီပြခန်းလုပ်ငန်းလေးကို အသက်ပြန်ဆက်နိုင်မလား၊ ဆေးစွဲနေတဲ့ ဇနီးကကော အိမ်ပြန်လာပါ့မလားဆိုတာတွေကို ရှုစားကြည့်ပါ။

မသိသူမရှိလောက်တဲ့ ဝါရင့်မင်းသားကြီး Michael Keaton ဦးးဆောင်ပါဝင်ထားပြီး Mila Kunis, Carmen Ejogo တို့က ဇာတ်ရံပေးထားပါတယ်။

အညွှန်းနဲ့ ဘာသာပြန် Tlone ဖြစ်ပါတယ်

Credit

ဇာတ်လမ်းအညွှန်း

01 Dec, 11:02


The Judge (2014)

IMDb Rating (7.4)

ရင်ဘတ်ကြီးကိုဖွင့် နှလုံးသားကို စွင့်ပြီး ခံစားချင်သူတွေအတွက် ဒီဇာတ်ကားဟာ အကောင်းဆုံးကားတစ်ကားဖြစ်ပါတယ်.
ပြကွက်တစ်ကွက်ချင်းစီမှာ အရေးကြီးတဲ့ စနစ်တကျခြယ်သမှုတွေနဲ့ တင်ဆက်ထားပါတယ်..

ဇာတ်လမ်းကြာချိန်ကလည်း နှစ်နာရီ ခွဲလောက်ဖြစ်တဲ့အတွက် အချိန်ကြာမြင့်စွာအရသာခံကြည့်ရှုရမယ့်ကားတစ်ကားဖြစ်ပြီး
ကြည့်ပြီးချိန်မှာ ရင်ဘတ်ထဲ ခံစားချက်တွေကျန်ခဲ့စေမယ့်အပြင် နောက်တစ်ခါထပ်ကြည့်ချင်လောက်အောင် ကောင်းလှပါတယ်..

kids တွေက ပါဝါရိန်းဂျား..men တွေက DC တွေ Marvel တွေကြိုက်တယ်ဆိုရင် ဒီကားက Legend တွေကြည့်တဲ့ကားလို့ သတ်မှတ်ပေးပါရစေ…

Iron Man မင်းသား Robert Downey Jr က ဒီကားထဲမှာ ထက်မြက်တဲ့ရှေ့နေတစ်ယောက်ပါ..
သူ့ရဲ့ထူးခြားတဲ့အကျင့်က အပြစ်ရှိသူတွေဖက်ကပဲ ရှေ့နေလိုက်ပေးတာပါ..
သူ့မှာ ဇနီးနဲ့ သမီးတစ်ယောက်ရှိတယ်..

တစ်နေ့ တရားရုံးမှာ အမှုတစ်ခုရှေ့နေလိုက်နေရင်း သူ့အစ်ကိုအကြီးဆုံးဆီက သူ့အမေဆုံးပြီဆိုတဲ့ ဖုန်းဝင်လာပါတယ်..
ဒါနဲ့သူ့အမေ အသုဘကိစ္စအတွက် သူ့ရဲ့နယ်မြို့လေးကို ပြန်ခဲ့သည်ပေ့ါ..
ညီအစ်ကိုသုံးယောက်ရှိတဲ့အထဲမှာမှ အလတ်ကောင်ဖြစ်သူက တရားသူကြီးတစ်ဦးဖြစ်သူ ဖခင်နဲ့မတည့်လို့ အိမ်ကိုမပြန်ခဲ့တာနှစ်ပေါင်းအတော်ကြာပါပြီ.

ပြန်ရောက်တဲ့အချိန်ကနေစလို့ အသုဘကိစ္စပြီးလို့ ပြန်မယ့်အချိန်ထိ အဖေနဲ့သား တကျက်ကျက်ပါပဲ..
ဒီလိုနဲ့အဖေနဲ့ရန်ဖြစ်ပြီး အိမ်ပြန်ဖို့ လေယာဉ်ပေါ်အတက်..
အစ်ကိုအကြီးဆုံးဆီကဖုန်းဝင်လာပြန်တာက..
သူတို့အဖေတရားသူကြီး လူသတ်မှုနဲ့ ရဲစခန်းရောက်နေလို့ပါတဲ့…

ဒီဇာတ်လမ်းဟာ မှုခင်း ဒရာမာကားလို့ ဆိုထားပေမယ့် ဒီထက် အများကြီးအများကြီး အတွေးတွေ ပေးနိုင်မယ့်ကားတစ်ကားဖြစ်ပါတယ်..
ရိုးရှင်းတဲ့ ရိုက်ချက်တွေနဲ့ သားအဖတွေကြားဆက်ဆံရေးတွေ ..
လူ့အသိုင်းအဝိုင်းနဲ့ တရားဥပဒေအပေါ် လေးစားမှု မလေးစားမှု..တရားဥပဒေရဲ့အရေးပါမှုတွေ..
ကံတရားတစ်ပတ်လည်ပုံတွေကို အချိတ်အဆက်ကောင်းကောင်းနဲ့ ရိုက်ပြထားပါတယ်

၂၀၁၄ မှာ ထွက်ခဲ့တဲ့ကားတစ်ကားဖြစ်ပြီး IMDb – 7.4 Google users – 94% Rotten tomatoes – 48% တို့ဖြစ်ကြပါတယ်.
နောက်ဆုံးဇာတ်လမ်းပြီးစာတန်းထိုးတဲ့အခါ… The Scientist ဆိုတဲ့ သီချင်းလေးကိုလည်း နားထောင်ဖြစ်အောင်နားထောင်ဖို့ တိုက်တွန်းလိုက်ပါတယ်..။

(ရုပ်ရှင်အညွှန်းနဲ့ ဘာသာပြန်ကို Zuel Khant Thwin မှ တင်ဆက်ထားပါတယ်။)

Credit..

ဇာတ်လမ်းအညွှန်း

01 Dec, 11:02


The Count of Monte-Cristo (2024)

IMDb Rating (7.7) / Rotten Tomatoes (100%)



ကမ္ဘာကျော်ပြင်သစ်စာရေးဆရာကြီး အဲလက်ဇ်ဇန်ဒရာဒူးမတ်စ်ရဲ့ နာမည်ကျော်၀တ္ထုကို ပြင်သစ်တွေ ပြန်လည်ရိုက်ကူးထားတဲ့ ဇာတ်လမ်းကောင်းတစ်ပုဒ်ပါပဲ။

လွန်ခဲ့တဲ့နှစ်ပေါင်း ၁၈၀ လောက်က၀တ္ထုဆိုပေမယ့်လည်း ကမ္ဘာတစ်ဝှမ်းမှာ ဘာသာစကားပေါင်းများစွာနဲ့ ဘာသာပြန်ဆိုခံခဲ့ရပြီး adaptation များစွာရှိတဲ့ အလွန်အောင်မြင််ခဲ့တဲ့၀တ္ထုပါ။

TV series တွေ Movie တွေ Musical တွေ များစွာရှိတဲ့အပြင် ဂျပန်မှာအရမ်းလူကြိုက်များတာကြောင့် Manga နဲ့ Anime တွေပါထွက်ရှိထားပါတယ်။

ဒီ၀တ္ထုကတော့ ပြင်သစ်စစ်ဘုရင်ကြီးနပိုလီယမ် အယ်လာဗ်ကျွန်းကို ပထမအကြိမ်ပြည်နှင်ဒဏ်ပေးခံရချိန် ၁၈၁၅ ၀န်းကျင်မှာဇာတ်အိမ်တည်ထားပါတယ်။

နပိုလိုယမ် ကျွန်းကထွက်ပြေးလာချိန်မှာ အပ်ဒ်မွန်ဒန်းတစ်စ်ဆိုတဲ့ လူငယ်လေးက ဆုံးခါနီးသူ့ကပ္ပတိန်ရဲ့စေခိုင်းမှုအရ နပိုလီယမ်နဲ့အတူပြည်နှင်ခံရတဲ့ ဗိုလ်ချုပ်ကြီးဘာထရန်ဆီ အထုပ်တစ်ခုပို့ဆောင်ပေးလိုက်ပါတယ်။

ဒီဗားရှင်းမှာတော့ ဒန်တစ်စ်က ရေနစ်‌နေတဲ့ အမျိုးသမီးတစ်ယောက်ကို ကပ္ပတိန်အမိန့်ကိုဆန့်ကျင်ပြီး ကယ်တင်လိုက်ရာက စပါတယ်။

ဖြစ်ချင်တော့ အဲ့အမျိုးသမီးဆီမှာ နပိုလီယမ်ရဲ့စာတစ်စောင်ရှိနေပြီး သင်္ဘောကပ္ပတိန်ဒန်ဂလာစ်က အဲ့တာကိုသိသွားပါတယ်။

သူတို့မာဆေးကိုပြန်ရောက်တော့ ဒန်ဂလာစ်က သင်္ဘောပိုင်ရှင်ကို ဒန်တစ်စ်ရဲ့ အမိန့်မနာခံမှုအကြောင်း ပြောတော့ ပိုင်ရှင်က အမျိုးသမီးငယ်ကိုကယ်ခဲ့တဲ့ ဒန်တစ်စ်ကို ချီးကျူးပြီး ကပ္ပတိန် ခန့်အပ်လိုက်ပါတယ်။

သူ့ရဲ့ချစ်သူမာဆီဒတ်နဲ့ လက်ထပ်ချင်တဲ့အိမ်မက်လည်း ပြည့်သွားပြီမို့ ချစ်သူနှစ်ယောက် အပျော်ကြီးပျော်နေတာပေါ့။

ဒါပေမယ့် သူတို့လက်ထပ်ပွဲနေ့မှာ မနာလိုဖြစ်နေတဲ့ ဒန်ဂလာစ်ရဲ့ တိုင်တန်းမှုကြောင့် ဥပဒေအရာရှိဒယ်ဗီဖော့တ်ရဲ့ လက်မှတ်နဲ့ နပိုလီယန်ထောက်ခံသူလို့ယူဆရတဲ့ အပ်ဒ်မွန်ဒန်တစ်စ်ကို ဖမ်း၀ရမ်းနဲ့အတူ အဖမ်းခံလိုက်ရပါတယ်။

ဖြစ်ချင်တော့ အရာရှိက ဒန်တစ်စ်ကယ်ခဲ့တဲ့အမျိုးသမီးရဲ့ အစ်ကိုဖြစ်နေပြီး သူ့ဂုဏ်သတင်းထိခိုက်မှာစိုးတာကြောင့်သူ့အသိဖြစ်တဲ့အပြင် ဒန်တစ်စ်ရဲ့ သူငယ်ချင်းဖာနန်ဒယ်မောဆဲကို ဒန်တစ်စ်အပြစ်ရှိကြောင်းထွက်ဆိုပေးဖို့တစ်ဖက်လှည့်နဲ့တိုက်တွန်းပါတယ်။

ဖာနန်ကလည်း ဒန်တစ်စ်ရဲ့ဇနီးလောင်းမာဆီဒတ်ကို တစ်ဖက်သတ်ချစ်နေသူဖြစ်တာကြောင့် အချစ်အတွက်သူငယ်ချင်းကိုသစ္စာဖောက်ကာ ဗီဖော့တ်နဲ့ပေါင်းကြံပါတော့တယ်။

ကိုယ့်ကိုယ်ကျိုးအတွက် ဂုဏ်သတင်းအတွက် အချစ်အတွက် အခြားတစ်ယောက်ကို ထိုးချလိုက်ကြတဲ့ လူသုံးယောက်ကြောင့် အပ်ဒ်မွန်က ဘ၀ပျက်ပြီး ၂၂ နှစ်အရွယ်မှာတင် ချတိုဒိစ်ကျွန်းမှာ အကျဉ်းချခံလိုက်ရပါတော့တယ်။

လေးနှစ်အကြာမှာ ထောင်ဖောက်ဖို့ကြိုးစားရင်း သူ့အခန်းကို မှားရောက်လာတဲ့ ဖာသာဖာရီယာနဲ့တွေ့ခဲ့ပါတယ်။

ဖာရီယာက ပထမခရူးဆိတ်စစ်ပွဲတုန်းက သူရဲကောင်းတွေရဲ့ နောက်ဆုံးကျန်ရစ်သူကာဒီနယ်စပါတာရဲ့ တပည့်ဖြစ်ပြီး ဒန်တစ်စ်ကို သူတို့လွတ်ဖို့ကြိုးစားနေတဲ့နှစ်တွေအတွင်း သိသမျှသင်ပေးခဲ့ပါတယ်။

ဒန်တစ်စ်လွတ်လာတော့ သူ့ချစ်သူမာဆီဒတ်က ဖာနန်နဲ့လက်ထပ်ပြီး အခြားကိုပြောင်းသွားပြီဆိုတာသိလိုက်ရတဲ့အပြင် ဖခင်ဆုံးသွားတာပါသိတော့ စိတ်အနာနာကြီးနာသွားပြီး ဖာရီယာပြောခဲ့တဲ့ ကမ္ဘာပေါ်မှာမရှိဖူးသေးတဲ့ အကြီးမြတ်ဆုံးရတနာတစ်ပါးကိုသွားရှာပါတော့တယ်။

အဲ့ဒီမှာ ‌ကမ္ဘာကြီးကို လက်ဖဝါးပေါ်တင်ပြီး ကစားနိုင်သွားတဲ့ ယောကျာ်းတစ်ယောက်ရဲ့ ပုံပြင်စပါတယ်။

မွန်တီခရစ်စတိုမြို့စားကြီးအနေနဲ့ ပြန်လာခဲ့ပြီး သူ့အပေါ်မှားယွင်းစွာချောက်ချခဲ့တဲ့ လူသုံးယောက်ကို လက်စားချေမယ့် အစီအစဉ်ကိုစတင်အကောင်အထည်ဖော်ပါတော့တယ်။



Rating ကလည်း IMdb 7.7/10 နဲ့ Rotten tomotoes 100% ရရှိထားပြီး Budget EUR 42.9 million နဲ့ 2024 အတွက်ပြင်သစ်ရဲ့ အကုန်အကျအများဆုံးရုပ်ရှင်ဖြစ်တာမို့ ကြည့်မိလို့နောင်တမရပါဘူးနော်။

သစ္စာဖောက်မှု၊ ကလဲ့စားနဲ့ ချစ်ခြင်း‌တွေကို အလှပဆုံးပုံဖော်ထားတဲ့ Adaptation ကောင်းတစ်ပုဒ်ဖြစ်တဲ့အပြင် ဘာသာပြန်ကိုလည်း အတတ်နိုင်ဆုံးတော့ အကောင်းဆုံးဖြစ်အောင် လုပ်ပေးထားတာမို့ ရှုစားကြည့်လိုက်ကြပါဦးရှင့်။



(အညွှန်းနဲ့ဘာသာပြန်ကတော့ Phu Thet Khin ဖြစ်ပါတယ်။)

Credit..

ဇာတ်လမ်းအညွှန်း

30 Nov, 12:04


Her 2024 သူပြောတဲ့သူမတို့ဘဝဇာတ်ကြောင်း

Women centricဖြစ်တဲ့ရုပ်ရှင်တွေ
သဘောကျသူတွေအတွက် 2024 ထွက်
မလေယာလမ်ရုပ်ရှင်လေးတစ်ပုဒ်ကို တင်ဆက်ပေးချင်ပါတယ်။

ူ
အခုဒီကားလေးထဲမှာတော့ မတူညီတဲ့လူတန်းစားအလွှာက
အမျိုးသမီး ၅ ယောက်ရဲ့နေထိုင်မှုဘဝ ပတ်ဝန်းကျင်က
သူတို့အပေါ်အမြင်နဲ့ သူတို့ရဲ့နေ့စဉ်ရုန်းကန်လှုပ်ရှားမှုတွေအကြောင်းကို တင်ဆက်ထားတာဖြစ်ပါတယ်။

အခုခေတ်ဟာ ကျားမတန်းတူ ရင်ဘောင်တန်း လှုပ်ရှားနေတဲ့ခေတ်ဆိုပေမဲ့
လူအများစုရဲ့ မသိစိတ်တစ်နေရာမှာ အမျိုးသမီးတွေဟာ အမျိုးသားတွေနဲ့ယှဉ်ရင်
တစ်ဆင့်နိမ့်နေတယ်ဆိုတဲ့ ဖိုဝါဒီအကြွင်းကျန်အယူအဆတွေ ကိန်းအောင်းနေဆဲပါပဲ။

ဒီအတွက်နဲ့ အမျိုးသမီးတွေမှာ အနည်းနဲ့အများဆိုသလို ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ
နစ်နာမှုတွေ ပတ်ဝန်းကျင်ရဲ့ ဝေဖန်မှု ဖိနှိပ်မှုတွေ၊ မိန်းမဆိုတာ ကိုယ့်ဘာသာမရပ်တည်နိုင်ပါဘူး၊
လင်ယောက်ျားကိုအားကိုးမှပဲတင့်တယ်မှာ အစရှိသဖြင့် ဒီလိုဝေဖန်မှုတွေကို
အနည်းနဲ့အများ ခံစားရတာချည်းပါပဲ။

ဒါတွေရဲ့အကျိုးဆက်အနေနဲ့ သူတို့ရခဲ့တဲ့ စိတ်ဒဏ်ရာတွေ
ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုမရှိတာ၊ စိတ်မလုံခြုံတာတွေကို
ဒီကားလေးမှာ အတော်လေးပေါ်လွင်အောင် ရိုက်ကူးထားတာ မြင်ရမှာပါ။

ဒီရုပ်ရှင်လေးမှာ အမျိုးသမီးတွေလည်း လေးစားခံရမှု ဂရုစိုက်မှု
အမြတ်တနိုးတန်ဖိုးထားမှုတွေနဲ့ ထိုက်တန်ပါတယ်ဆိုတာကို
castတွေရဲ့ အကောင်းဆုံးသရုပ်ဆောင်ချက်တွေနဲ့ တစေ့တစောင်း
တင်ပြထားတာဖြစ်လို့ ကြည့်ရှုသင့်တဲ့ ဇာတ်ကားကောင်းလေးအဖြစ် ညွှန်းလိုက်ပါတယ်။

(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team မှပဲဖြစ်ပါတယ်)

Credit.

ဇာတ်လမ်းအညွှန်း

30 Nov, 12:03


Ghosted (2023)

ကပ္ပတိန်အမေရိကမင်းသား ခရစ်အီဗန်နဲ့ မင်းသမီး အန်နာဒအာမက်စ်တို့ရဲ့ ဟာသ အက်ရှင်ကားအသစ်လာပါပြီ။ ဇာတ်လမ်းကတော့ ရိုးရှင်းပေမဲ့ ဟာသတွေ၊ ဧည့်သည်သရုပ်ဆောင် နာမည်ကြီးတွေ အများကြီးသုံးထားတာမို့ ကြည့်ရတာ တန်တဲ့ ရုပ်ရှင်ပါပဲ။ အစက ခေါင်းဆောင်မင်းသမီးနေရာမှာ စကားလက်ဂျိုဟန်ဆန်ကိုရွေးထားပေမဲ့ အချိန်ညှိမရတာကြောင့် အန်နာဒအာမက်စ်ကလေး ပါလာတာပါပဲ။


ကိုးလ်ဟာ သူ့မိသားစုနဲ့အတူ ခြံစိုက်စားနေတဲ့ လူရိုးတစ်ယောက်ပေါ့။ တစ်နေ့မှာတော့ ကမ္ဘာလှည့်ပြီး အနုပညာပစ္စည်းတွေ စုဆောင်းရှာဖွေရတဲ့ ကောင်မလေးတစ်ယောက်နဲ့ တစ်ရက်ချိန်းတွေ့မိပြီး ချစ်ကြိုက်သွားခဲ့ပါတယ်။ အဲဒီကောင်မလေးက သူ့ကိုတစ်ရက်တည်းနဲ့ ပလစ်ပြီး လန်ဒန်ထွက်သွားတဲ့အချိန်မှာ နောက်ကလိုက်သွားခဲ့တယ်။ လန်ဒန်မှာ သူ့ကို နာမည်ကြီး စပိုင်တစ်ယောက်နဲ့မှားပြီး လူဆိုးဂိုဏ်းက မှားဖမ်းတဲ့အခါ သူ့ကောင်မလေးကမှ စပိုင်အစစ်ဖြစ်နေပြီးလာကယ်တာကြောင့် သူတို့နှစ်ယောက်အတူ စွန့်စားခန်းတွေ အလွဲလွဲအချော်ချော်နဲ့ ဖွင့်ရပါတော့တယ်…

(ဒီဇာတ်ကားနဲ့အညွှန်းကို Mr. Anderson မှ ပြန်ဆို ရေးသားထားပါတယ်)
Credit

10,605

subscribers

12

photos

10

videos