Prime Auto Technology @primeautotechnology Channel on Telegram

Prime Auto Technology

@primeautotechnology


Automotive Technology and Engineering

Prime Auto Technology (English)

Are you a car enthusiast or someone who is passionate about automotive technology and engineering? Look no further than Prime Auto Technology, the ultimate Telegram channel dedicated to all things related to the latest advancements in the automotive industry. Whether you are interested in the latest updates on electric vehicles, autonomous driving technology, or innovative engineering solutions, Prime Auto Technology has got you covered. Who is Prime Auto Technology? Prime Auto Technology is a Telegram channel created for individuals who have a keen interest in automotive technology and engineering. It serves as a platform for car enthusiasts, engineers, and industry professionals to come together and discuss the latest trends and developments in the automotive world. What is Prime Auto Technology? Prime Auto Technology is your go-to source for all things automotive technology and engineering. From in-depth analysis of new car models to insights into cutting-edge research and development in the industry, this channel provides a wealth of information for anyone looking to stay ahead of the curve. Whether you want to learn about the inner workings of hybrid engines or explore the future of self-driving cars, Prime Auto Technology has something for everyone. Join Prime Auto Technology today and be part of a community that shares your passion for automotive technology and engineering. Stay informed, stay inspired, and stay connected with the latest news and updates from the world of cars and technology. Don't miss out on this opportunity to expand your knowledge and engage with like-minded individuals. Subscribe to Prime Auto Technology now and start your journey towards becoming a true automotive expert.

Prime Auto Technology

12 Jul, 11:42


ဖော်ပြထားတဲ့ ပုံကိုကြည့်လိုက်မယ်ဆိုရင်တော့ Low Gear နဲ့ High Gear အခြေနေတွေမှာ ပြောင်းလဲသွားတဲ့ Drive Pulley နဲ့ Driven Pulley တွေရဲ့ ပုံစံတွေကို မြင်တွေ့ရမှာဖြစ်ပါတယ်။ အခုဖော်ပြပေးထားတာက Continuously Variable Transmission တွေရဲ့ အလုပ်လုပ်တဲ့ အခြေခံသဘောတရားဖြစ်ပြီး အဲ့လို အလုပ်လုပ် တဲ့ပုံစံတွေကြောင့်လည်း Continuously Variable Transmission တွေဟာ ဂီယာအရွှေ့ အပြောင်း (တနည်းအားဖြင့် အရှိန်မြင့်ခြင်း ၊ အရှိန်နှိမ့်ခြင်း) တွေကို AT (Automatic Transmission) တွေထက် ပိုပြီး ငြင်ငြင်သာသာ ချောချောမွေ့မွေ့ လုပ်ဆောင်နိုင်တာဖြစ်ပါတယ်။
CVTF (Continuously Variable Transmission Fluid) တွေရဲ့ အဓိက လုပ်ဆောင်ချက်ကတော့ Drive Pulley နဲ့ Driven Pulley တွေကို ကြားမှာဆက်သွယ်ပေးထားတဲ့ Belt (or) Metal Chain Belt တွေကို သက်ဆိုင်ရာ Pulley တွေနဲ့ ချိတ်ဆက်လှည့်လည်ရာမှာ ချော်မထွက်အောင် လိုအပ်တဲ့ ပမာဏတခုထိ တွဲအား ကုတ်အားတွေ (Sufficient Friction) ရအောင် ပြုလုပ်ပေးရတာဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ အသုံးများတဲ့ ဂျပန်ကားတွေမှာ အသုံးပြုနေတဲ့ CVTF အမျိုးအစားတွေကတော့
Toyota ကားအတွက်ဆိုရင် Toyota Genuine CVT (TC , FE)
Honda အတွက်ဆိုရင် HMMF , Genuine Honda CVT Fluid
Nissan အတွက်ဆိုရင် Nissan CVT Fluid NS (1,2,3)
Mitsubishi အတွက်ဆိုရင် CVTF-J (1,4)
Suzuki အတွက်ဆိုရင် Suzuki CVT Fluid Green 1
ဒီဆောင်းပါးလေးကို ဖတ်ပြီးသွားပြီဆိုရင်တော့ ATF တွေနဲ့ CVTF တွေရဲ့ ကွာခြားချက် အခြေခံ သဘော တရား တွေကို နားလည်သဘောပေါက်သွားမှာဖြစ်ပါတယ် ။ ATF တွေနဲ့ CVTF တွေနဲ့ ပတ်သတ်ပြီး အရေးကြီးဆုံး အချက်က CVT အမျိုးအစား ဂီယာဘောက်တွေကို ATF ဆီတွေ လုံး၀မှားမထည်မိစေဖို့ အရေးကြီးပါတယ် ။ အပေါ်မှာ ရှင်းပြထားခဲ့တဲ့ CVT အမျိုးအစား ဂီယာဘောက်တွေနဲ့ CVT Fluid တွေရဲ့ အဓိက လုပ်ဆောင်ချက်တွေ ကြောင့် CVT အမျိုးအစား ဂီယာဘောက်တွေထဲကို ATF ဆီတွေမှားထည့်မိတဲ့အခါမှာ Drive Pulley နဲ့ Driven Pulley တွေနဲ့ သူတို့ ကြားမှာဆက်သွယ်ပေးထားတဲ့ Belt (or) Metal Chain Belt တွေ ချော်ထွက်မှုဖြစ်ပြီး ဂီယာမချိန်းတော့တာ တနည်းအားဖြင့် အရှိန်တင်မရတာတွေဖြစ်ပြီး ဂီယာဘောက်တွေ ပျက်စီးနိုင်ပါတယ် ။ ဒါကြောင့် ဒီအချက်လေးကို အထူးသတိပြုဆင်ချင်စေလိုပါတယ်ခမျာ ။
AT နဲ့ CVT ဂီယာဘောက်တွေ အပျက်အစီးနည်းအောင် ဘာတွေလုပ်ဆောင်သင့်သလဲဆိုရင်တော့ Auto Oil တွေကို သတ်မှတ်ကီလိုမီတာရောက်တိုင်း အသစ်လဲလှယ်ပေးတာမျိုးကို လုပ်ဆောင်ရမှာပါ ။ ATF တွေနဲ့ CVTF တွေကို အများဆုံး ကီလို 60000 လောက်ဆို (တချို့ ATF နဲ့ CVTF အမျိုးအစားတွေက ကီလို 100,000 အထိ အသုံးပြုနိုင်ပါတယ် ) စစ်ဆေးလဲလှယ်ပေးရမှာဖြစ်ပါတယ်။ အကောင်းဆုံးကတော့ ကီလို 5000 ပြည့်လို့ အင်ဂျင်၀ိုင် တခါလဲလှယ်တဲ့ အခါတိုင်း ဂီယာ၀ိုင်တွေ ကောင်းမကောင်း ညစ်မညစ် ၊ အနံ့ဆိုး (ညှော်နံ့တွေ) ရှိ မရှိ ၊ လျော့ မလျော့ အမြဲစစ်ဆေးပေးသင့်ပါတယ် ။ ATF တွေနဲ့ CVTF တွေကို လဲလှယ်ပေးတဲ့ အခါအတိုင်း Oil Filter တွေကို ဖြုတ်ဆေးကျောတာ (ဇကာပါတဲ့ကားများ) ၊ အသစ်လဲလှယ်ပေးတာတွေကို ပြုလုပ်ပေးရမှာဖြစ်ပါတယ် ။
စာဖတ်သူမိတ်ဆွေညီကိုမောင်နှမအားလုံး နည်းပညာဗဟုသုတ ကြွယ်ဝကြပါစေ။
ကားနဲ့ပတ်သတ်သော နည်းပညာပေါင်းများစွာ ဒီပေ့စ်မှာ လာရောက်လေ့လာနိုင်ပါတယ် ။
Prime Auto Technology ကထုတ်ထားတဲ့ ကားဝါယာရိန်း နှင့်ပတ်သတ်သော နည်းပညာစာအုပ်များ ဝယ်ယူလိုပါက
https://www.facebook.com/Prime125/posts/3056093228022744
ကားဝါယာရိန်း အွန်လိုင်း သင်တန်းများတက်ရောက်လိုပါက
https://www.facebook.com/Prime125/posts/pfbid02HyMv5vX35djXuWHHCd3UPvvsRhnaXsAFDmYsRYu6psEDXMXLMXSeQwSd5Sy28UTtl
Prime Auto Technology ရဲ့ Telegram Channel ကို Join ပြီး နည်းပညာများလာရောက် လေ့လာနိုင်ပါတယ်ခမျာ ။
https://t.me/Primeautotechnology
Lynn Za Nee ( P.T.U )

Prime Auto Technology

12 Jul, 11:42


ကားတွေမှာ အသုံးပြုနေတဲ့ ATF (Automatic Transmission Fluid) နဲ့ CVT (Continuously Variable Transmission Fluid) တွေက ဘာတွေကွာခြားတာလဲ
ကျနော်တို့ လက်ရှိအသုံးပြုနေတဲ့ ကားတွေမှာ အများဆုံးအသုံးပြုနေတဲ့ ဂီယာ၀ိုင် (ဝါ) အော်တို၀ိုင် (Auto Oil) အမျိုးအစားက ၂ မျိုးရှိပါတယ်။ အဲ့ဒီအမျိုးအစားတွေကတော့ ကားလောက က လူတိုင်းလိုလိုသိကြတဲ့ ATF (Automatic Transmission Fluid) နဲ့ CVT (Continuously Variable Transmission Fluid) တို့ဖြစ်ကြပါတယ် ။ ဒီနေ့ပြောပြချင်တဲ့ အကြောင်းအရာလေးက ဒီ ATF နဲ့ CVTF အမျိုးအစားလေးတွေရဲ့ ကွာခြားချက်လေး တွေကို အဓိကထားပြောပြချင်တာဖြစ်ပါတယ် ။
ATF နဲ့ CVTF အမျိုးအစားလေးတွေရဲ့ ကွာခြားချက်လေးတွေကို မပြောခင်မှာ အရင်ဆုံး သိထားရမယ့် အကြောင်းအရာလေးတွေရှိပါသေးတယ် ။ အဲ့ဒါလေးတွေကတော့ Automatic Transmission (AT) အမျိုးအစားနဲ့ Continuously Variable Transmission (CVT) အမျိုးအစားလေးတွေရဲ့ ဖွဲ့စည်းတည်ဆောက်ပုံနဲ့ အလုပ်လုပ်ပုံ အကြမ်းမျဉ်းသဘောလေးတွေဖြစ်ပါတယ် ။
Automatic Transmission (AT) အမျိုးအစားတွေက ဘယ်လိုဖွဲ့စည်းတည်ဆောက်ထားလဲ ၊ ဘယ်လို အလုပ်တွေလုပ်ကြသလဲ ?
Automatic Transmission (AT) ဆိုတာကတော့ အလွယ်ဆုံးနဲ့ အရိုးရှင်းဆုံး နားလည်အောင် ပြောပြရရင်တော့ ဟိုးအရင် Manual Gear Box တွေနဲ့ အတွင်းပိုင်း အလုပ်လုပ်ပုံ သဘောတရားတွေက သွားဆင်တူပါတယ် ။ ဒါဆို ဘာတွေက ကွာခြားသွားတာလဲ မေးရင် ၊ အဓိက ကွာခြားချက်က အရင် Manual Gear Box တွေက ဂီယာ တခုနဲ့ တခုပြောင်းရွှေ့ဖို့ လူက Manually ပြောင်းရွှေ့ကစားပေးရတာဖြစ်ပြီး ၊ အခု Automatic Transmission (AT) စနစ်မှာတော့ ကားရဲ့ အမြန်နှုန်း ၊ အရှိန် ၊ Accelerator Pedal (လီဘာ အခြေနေ) ၊ ဘရိတ်နင်း မနင်း စတာ တွေကို အာရုံခံပြီး ECU (Electronic Control Unit) တို့ TCM (Transmission Control Unit) တွေရဲ့ ခိုင်းစေချက်အရ Gear Box အတွင်းပိုင်းထဲမှာ သူ့အလိုလို ဂီယာအပြောင်းအလဲ (Automatically Self Shifting Transmission) ဖြစ်သွားတာမျိုးဖြစ်ပါတယ် ။
Automatic Transmission (AT) ဂီယာဘောက် တခုရဲ့ အတွင်းပိုင်း ဖွဲ့စည်းသဘောတရားတွေကို လေ့လာကြည့်လိုက်ရင်လည်း ဟိုးအရင်ခေတ်ဟောင်းကားတွေမှာ အသုံးပြုခဲ့တဲ့ Manual Gear Box တွေရဲ့ ဖွဲ့စည်းတည်ဆောက်ပုံနဲ့ သဘောတရား သွားဆင်တူတာတွေကို တွေ့ရမှာပါ ။ Automatic Transmission (AT) ဂီယာဘောက်အတွင်းပိုင်းမှာ အဓိက ဖွဲ့စည်းတည်ဆောက်ထားတာတွေကတော့ Planetary Gear Sets , Clutch Packs , Valve Body , Torque Converter စတဲ့ ပစ္စည်းအစိတ်အပိုင်းတွေကို တွဲဖက်တည်ဆောက်ထားပြီး အလိုအလျောက် ဂီယာအချိန်းအပြုတွေကို ပြုလုပ်နိုင်စွမ်းရှိမှာဖြစ်ပါတယ် ။ အောက်ကပုံမှာလည်း အကြမ်းမျဉ်း လေ့လာကြည့်နိုင်ပါတယ် ။
ဒီ Automatic Transmission (AT) ဂီယာဘောက်တွေရဲ့ အလုပ်လုပ်ပုံက Torque Converter နဲ့ Oil Pump တွေကနေလာတဲ့ Transmission Fluid တွေရဲ့ တွန်းအားကို အဓိက ရယူတာဖြစ်ပြီး Planetary Gear Sets , Clutch Packs တွေကို Valve Body တွေကနေ တဆင့် ထိန်းချုပ်မောင်းနှင်ပြီး ဂီယာအပြောင်းအလဲတွေကို ပြုလုပ်ပေးတာဖြစ်ပါတယ် ။
ATF (Automatic Transmission Fluid) တွေရဲ့ အဓိက တာဝန်ကလည်း Planetary Gear Sets နဲ့ Clutch Packs တွေလည်ပတ်တဲ့အခါမှာ ထွက်ပေါ်လာတဲ့ အပူချိန်မြင့်တက်မှုတွေကို ကာကွယ်နိုင်ဖို့ရယ် ၊ Gear Ratio တွေပြောင်းလဲမှုကို အလွယ်တကူပြုလုပ်နိုင်ဖို့ လိုအပ်တဲ့ တွန်းအားတွေ ဖြစ်ပေါ်စေဖို့ အတွက် ၊ Gear အပြောင်းအရွှေ့တွေ ချောချောမွေ့မွေ့ ပြုလုပ်နိုင်ဖို့ ချောဆီ ပုံစံ အလုပ်လုပ်ဖို့ရယ်ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ အသုံးများတဲ့ ဂျပန်ကားတွေမှာ အသုံးပြုနေတဲ့ ATF အမျိုးအစားတွေကတော့
Toyota အတွက်ဆိုရင် Type IV , WS
Honda အတွက်ဆိုရင် ATF-Z1
Nissan အတွက်ဆိုရင် Nissan Matic Fluid (D,J,S,K)
Mitsubishi အတွက်ဆိုရင် SP-III , ATF-J2
Suzuki အတွက်ဆိုရင် Dexron III , ATF AW-1 တိုဖြစ်ပါတယ် ။
CVT (Continuously Variable Transmission) အမျိုးအစားတွေက ဘယ်လိုဖွဲ့စည်းတည်ဆောက်ထားလဲ ၊ ဘယ်လို အလုပ်တွေလုပ်ကြသလဲ ?
CVT (Continuously Variable Transmission) တွေရဲ့ ဖွဲ့စည်းတည်ဆောက်ပုံနဲ့ အလုပ်လုပ်တဲ့ ပုံစံတွေကတော့ ရှေ့မှာပြောခဲ့တဲ့ AT (Automatic Transmission) တွေနဲ့ ကွာခြားပါတယ် ။ CVT Gear Box တွေရဲ့ အဓိက ဖွဲ့စည်း တည်ဆောက်ပုံက Drive Pulley , Driven Pulley , Belt (or) Metal Chain Belt ဆိုတာတွေနဲ့ အဓိက ဖွဲ့စည်းတည်ဆောက်ထားတာဖြစ်ပါတယ် (အောက်ကပုံမှာ လေ့လာနိုင်ပါတယ်) ။
သူတို့ရဲ့ အလုပ်လုပ်ဆောင်ပုံ အခြေခံသဘောတရားက Drive Pulley နဲ့ Driven Pulley တွေရဲ့ အကျဉ်းအကျယ် ပမာဏတွေကို လိုသလိုကစားပြီး ကားအရှိန်နှုန်းကို လိုအပ်သလိုပြောင်းလဲပေးတာဖြစ်ပါတယ် ။

5,012

subscribers

217

photos

36

videos