The people's voice (ခမ်းသားငေါဝ်း)

@ppv21

လွတ်လပ်တဲ့ ​သတင်းမီဒီယာ

The people's voice (ခမ်းသားငေါဝ်း)

21 Jan, 00:26

https://x.com/thepeoples62271/status/1848684334871355418?s=46

The people's voice (ခမ်းသားငေါဝ်း)

21 Jan, 00:26

ပင်လောင်းတောင်ဘက် မိုင်းဖြတ် လွယ်ဖွီးရွာဘက်တွင် တိုက်ပွဲပြင်းထန်နေ
.......................................

ခမ်းသားငေါဝ်း
အောက်တိုဘာ ၂၂၊ ၂၀၂၄

https://www.facebook.com/share/p/Aa7aUktDnkSTomwb/

ပင်လောင်းတောင်ဘက်တွင် တိုက်ပွဲပြင်းထန်နေဆဲဖြစ်ပြီး စစ်ကောင်စီက လေကြောင်းနှင့် လက်နက်ကြီးဖြင့် အပြင်းအထန်တိုက်ခိုက်နေကြောင်း အောက်တို ဘာလ (၂၂)ရက်‌နေ့တွင် ရှေ့တန်းသတင်းရင်းမြစ်တစ်ဦးထံမှ သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်တောင်ဘက် ရှမ်း-ကယားနယ်စပ်တွင် စက်တင်ဘာလဒုတိပတ်မှစတင်ကာ ယနေ့ထိတိုင်စစ်ကောင်စီ၊ လက်အောက်ခံ PNOပြည်သူ့စစ်နှင့် တော်လှန်ရေးအင်အားတပ်ပေါင်းစုတို့ တိုက်ပွဲပြင်းထန်နေဆဲဖြစ်ပြီး စစ်ကောင်စီတပ်ဘက်က လေကြောင်းနှင့် လက်နက်ကြီးများအသုံးပြုကာ အပြင်းအထန်တိုက်ခိုက်နေကြောင်း သိရသည်။

“တိုက်ပွဲအခြေအနေကတော့ ပြင်းထန်နေဆဲပဲ၊ အခုရက်ပိုင်းတိုက်ပွဲအဓိကဖြစ်တာကတော့ ပင်လောင်းမြို့နယ် မိုင်းဖြတ်နဲ့ လွယ်ဖွီးရွာတွေဘက်မှာပဲ၊ စစ်ကောင်စီကလည်း လွယ်ဖွီးဘက်မှာရော မိုးဦးဘက်မှာပါ လက်နက်ကြီးအထိုင်ချပြီး နေ့တိုင်းနီးပါးပစ် လေယာဥ်နဲ့ရော ဗုံးနေ့တိုင်းလာကြဲတယ်” ဟုရှေ့တန်းစစ်မြေပြင် သတင်းရင်းမြစ်တစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။

တိုက်ပွဲအတွင်းတွင် စစ်ကောင်စီနှင့် PNOပြည်သူ့စစ်ဘက်က (၁၀၀)ဦးခန့်ထိခိုက်ကျဆုံးမှုရှိပြီး တော်လှန်ရေးအင်အား တပ်ပေါင်းစုတွေဘက်ကလည်း ထိခိုက်ကျဆုံးမှုရှိကြောင်း ၎င်းကပြောသည်။

နောက်ဒေသခံတစ်ဦးကလည်း “ဒီဘက်မှာအခြေအနေကတော့ သိပ်မ‌ကောင်းဘူး၊ ကျွန်တော်တို့က တိုက်ပွဲဖြစ်တဲ့နေရာနဲ့က မလှမ်းမကမ်းပဲဆိုတော့လေ အခုလောလောဆယ်တော့ သူတို့(စစ်ကောင်စီ)မပြေးခိုင်းသေးဘူး၊ အခြေနေဆိုးရင်တော့ ပြေးရမှာပေါ့” ဟုခမ်းသားငေါဝ်းကိုပြောသည်။

တိုက်ပွဲဖြစ်ပွားသည့် နောင်ဝိုးရွာဘက်နှင့် မလှမ်းမကမ်းရှိနေသည့် မိုးဦးရွာဘက်တစ်ကျောတွင်လည်း စစ်ကောင်စီက ညနေ(၆)နာရီမှ မနက်(၆)နာရီအထိ အပြင်မထွက်ကြရန် ပြောထားကြောင်း ဒေသခံပြောပြချက်အရ သိရသည်။

စစ်ကောင်စီတပ်သည် နေ့စဥ်နီးပါး လက်နက်ကြီးနှင့် လေကြောင်းဖြင့် ပစ်ခတ်တိုက်ခိုက်နေသည့်အတွက် ကြောင့်တောတောင်ထဲတွင် စစ်ရှောင်နေရသည့်ဒေသခံများအတွက် ထပ်မံရှောင်တိမ်းရန်အခက်အခဲရှိနေပြီး စားဝတ်နေရေးအတွက်လည်း အခက်အခဲများရှိနေကြောင်း သိရသည်။

#PPV007
ဓာတ်ပုံ-အွန်လိုင်း
#စစ်ရေး
#လူ့အခွင့်အရေး
#ပင်လောင်းမြို့နယ်တောင်ဘက်
#ရှမ်း-
#ကယားနယ်စပ်တွင်
#PNOပြည်သူ့စစ်
#တော်လှန်ရေးအင်အားတပ်ပေါင်းစုများ
#လေကြောင်း
#လက်နက်ကြီး
"မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal - https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7

The people's voice (ခမ်းသားငေါဝ်း)

21 Jan, 00:26

အာဏာသိမ်းပြီး နောက် စစ်ရေးပဋိပက္ခဖြစ်ပွား ပြီး နယ်စပ်ကုန်သွယ်ရေး ရပ်နားထားရတာကြောင့် ကုန်ဈေးနှုန်းတွေမြှင့်တက်လာလို့ ပြည်သူတွေ စားဝတ် နေရေး အခက်ခဲနဲ့ ရင်ဆိုင်နေရ

The people's voice (ခမ်းသားငေါဝ်း)

21 Jan, 00:26

အများသုံးကား ဝယ်ရန်ဟုဆိုကာ တစ်အိမ်အနည်းဆုံး ၇ သောင်းကျပ် ကောက်ခံမည်ဟုဆို
....................................

ခမ်းသားငေါဝ်း
အောက်တိုဘာ ၂၂၊ ၂၀၂၄

https://www.facebook.com/share/p/bZ21Gn3Qxm9Tm2k2/

ဆီဆိုင်မြို့ ဟိုခဲရပ်ကွက်တွင် အများသုံးကား၀ယ်ရန် တစ်အိမ်လျှင် အနည်းဆုံးခုနှစ်သောင်းကျပ်ကောက်ခံသွားမည်ဖြစ်ကြောင်း ဒေသခံထံက သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့ ဟိုခဲရပ်ကွက်တွင် အများသုံးကားမရှိသေးသည့်အတွက် ရပ်ရွာအတွင်းအဆင်ပြေစေရန်၊ ကားတစ်စီး၀ယ်ရန်အတွက် ရပ်ကွက်အတွင်း တစ်အိမ် အနည်းဆုံးခုနှစ်သောင်းကျပ် ကောက်ခံသွားမည်ဟုသိရသည်၊၊

“ရွာမှာကကိုယ်ပိုင်ကားရှိတာကနည်းတယ် အခါတိုင်းသူတို့ဟာနဲ့သုံးရင် ပြောစရာဖြစ်မှာစိုးတယ်‌၊ အဲကြောင့်ရပ်ရွာအတွက်အဆင်ပြေအောင်ဆိုပြီး ၀ယ်မယ်ပြောတာပဲ၊ ရပ်ရေးရွာရေးအတွက်ဓာတ်ဆီ၊ ဒီဇယ်တွေ၀ယ်ထည့်ပြီးသုံးပေါ့ဆိုပြီးပြောတယ်”ဟု ဒေသခံအမျိူးသမီးတစ်ဦးက ခမ်းသားငေါဝ်းကို ပြောသည်။

၀ယ်မည့်ကားကိုရပ်ရွာအရေးတွင် သုံးရန်နှင့်ချောဆွဲခေါ်ရာတွင် သုံးရန်အတွက်အသုံးပြုမည်ဖြစ်‌ကြောင်း ၊ ယခုဆီဆိုင်တွင်ကားရှိတဲ့အိမ်များက ချောဆွဲလိုက်ရတာတွေရှိသည့်အပြင် လူ‌တွေလဲလိုက်သွားရကြောင်း သိရသည်။

“ချောဆွဲတာခေါ်တဲ့နောက်ပိုင်း ကားရှိတဲ့အိမ်တွေကလိုက်‌နေကြရတော့ ကားရှိတဲ့လူတွေက အိမ်မှာမနေချင်ကြတော့ဘူးလေ၊ သူတို့အတွက်မမျှတဘူးအဲကြောင့်အခြားနေရာမှာပြောင်းရွှေ့နေထိုင်ကြတာများတယ်၊ ရွာကိုမပြန်နေကြတော့ဘူး ကားမရှိတဲ့အိမ်ကလဲ လူလိုက်သွားရတာရှိတယ်”ဟု ဒေသခံတစ်ဦးကပြောသည်။

ဟိုခဲရပ်ကွက်တွင် အိမ်‌ခြေ(၂၀၀)ရှိပြီး ဆီဆိုင်မြို့တွင် စစ်ပွဲဖြစ်ပြီးနောက်ပိုင်း ကားချောဆွဲခြင်းများလည်းရှိကြောင်း စစ်ကောင်စီ၏ စစ်မူထမ်းခေါ်ယူမှုထုတ်ပြန်ချက်ထုတ်ပြီး ယခုတွင်စစ်မှုထမ်းရန်လိုက်သွားရသည့် လူငယ်များလည်းရှိနေကြောင်း သိရသည်။

PPV0014
#လူ့အခွင့်အရေး
#ဆီဆိုင်မြို့
#ဟိုခဲရပ်ကွက်
#ကိုယ်ပိုင်ကား
#အများသုံးကား
#ရပ်ရွာအတွင်းအဆင်ပြေစေရန်
#ကားတစ်စီး၀ယ်ရန်
"မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal - https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7

The people's voice (ခမ်းသားငေါဝ်း)

21 Jan, 00:26

အပူပိုင်းမုန်တိုင်းအရှိန်ကြောင့် ရေလွမ်းမိုးခြင်း၊မိုးကြိုးပစ်ခြင်းနှင့်၊ လေပြင်းတိုက်ခိုက်ခြင်းများဖြစ်ပေါ်လာနိုင်ကြောင်း NUG အသိပေး
................................................

ခမ်းသားငေါဝ်း
အောက်တိုဘာ ၂၂၊ ၂၀၂၄

https://www.facebook.com/share/p/KZeiQD9zFn7SoXXm/

အပူပိုင်းမုန်တိုင်းအရှိန်ကြောင့် မြို့ပြဒေသများတွင် ရေလွှမ်းမိုးခြင်း၊ မိုးကြိုးပစ်ခြင်းနှင့် လေပြင်းတိုက်ခတ်ခြင်းများဖြစ်ပေါ်နိုင်သည့်အတွက် လုံခြုံသည့်နေရာများတွင် သတိပြု နေထိုင်နိုင်ကြပါရန် NUG ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက အောက်တိုဘာလ ၂၂ ရက်နေ့တွင် အသိပေးထုတ်ပြန်ထားသည်။

ထို့အပြင် မုန်တိုင်းအရှိန်ကြောင့် မိုးသည်းထန်ခြင်း၊ လေပြင်းတိုက်ခိုက်ခြင်း၊ပင်လယ်ပြင်တွင်လိုင်းကြီးခြင်းများ ဖြစ်လာနိုင်သောကြောင့် ပင်လယ်ပြင်ငါးဖမ်းထွက်ခြင်းကို ခေတ္တရပ်နားထားသင့်ကြောင်းလည်း အသိပေးထားသည်။

ထို့အတူ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းနှင့် မကွေးတိုင်းတို့တွင် နေရာအနှံ့အပြား၊ တနင်္သာရီတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်းနှင့် ပဲခူးတိုင်းတို့တွင်နေရာကွက်၍မိုးကြီးခြင်းနှင့် ရှမ်းပြည်နယ်၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင်နေရာကျဲကျဲ မိုးရွာသွန်းခြင်းများ ဖြစ်ပေါ်နိုင်ကြောင်းသိရသည်။

နိုင်ငံတကာမိုးလေဝသဌာနများ၏ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (၂၂)ရက်နေ့၊ နံနက်ပိုင်း ခန့်မှန်းချက် များအရ ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်လျက်ရှိသည့် လေဖိအားနည်းရပ်ဝန်းသည် ပိုမိုအားကောင်းလာကာ အပူပိုင်းမုန်တိုင်းငယ်အဖြစ်သို့ရောက်ရှိလာကာ လာမည့် ၂၄ နာရီအတွင်း ဆိုင်ကလုန်းမုန်တိုင်းအဖြစ်ပိုမိုအားကောင်းလာပြီး အနောက်မြောက်ဘက်သို့ ဦးတည်ရွေ့လျားမည် ဖြစ်သောကြောင့် မြန်မာ့ပင်လယ်ပြင်နှင့် ကမ်းရိုးတန်းဒေသများတွင် လှိုင်းကြီးခြင်းများနှင့် လေပြင်းတိုက်ခတ်ခြင်းများဖြစ်ပေါ်နိုင်ကြောင်းသိရသည်။

PPV 003
ဓာတ်ပုံ-NUG
#မိုးလေဝသ
#ရန်ကုန်တိုင်း
#ဧရာဝတီတိုင်း
#မကွေးတိုင်း
#တနင်္သာရီတိုင်း
#မွန်ပြည်နယ်
#ကရင်ပြည်နယ်
#စစ်ကိုင်းတိုင်း
#မကွေးတိုင်း
#မန္တလေးတိုင်း
#ပဲခူးတိုင်း
#ရှမ်းပြည်နယ်
#ချင်းပြည်နယ်
#ရခိုင်ပြည်နယ်
"မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal - https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7

The people's voice (ခမ်းသားငေါဝ်း)

21 Jan, 00:26

တောင်ကြီးမြို့နယ်တွင် ရေကြီးရေလျှံဖြစ်ပြီး ခရမ်းချဥ်သီးတစ်ပိဿာ ၆၀၀၀ ကျပ်ထိစျေးနူန်းမြှင့်တက်နေ
....................................

ခမ်းသားငေါဝ်း
အောက်တိုဘာ ၂၁၊ ၂၀၂၄

https://www.facebook.com/share/p/cnR3TykUWCTamk7z/

တောင်ကြီးမြို့တွင်အောက်တိုဘာလအတွင်းခရမ်းချဥ်သီးတစ်ပိဿာ ၆၀၀၀ ကျပ်ထိစျေးနူန်းမြှင့်တက်လာကြောင်းဒေသခံထံမှသိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊တောင်ကြီးမြို့တွင်အောက်တိုဘာလ ၁၈ ရက်နေ့ကခရမ်းချဥ်သီးတစ်ပိဿာကို ၄၀၀၀ ကျပ်ရှိရာကနေရက်ပိုင်းအတွင်းမှာပဲ ၆၀၀၀ ကျပ်ထိစျေးမြှင့်တက်လာကြောင်းသိရသည်။

"အရင်ထက်တော့စျေးတက်လာတယ်၊စက်တင်ဘာလတုန်းဆိုတစ်ပိဿာမှ၂၀၀-၃၀၀ထိဘဲ၊ ရေကြီးရေလျှံဖြစ်ပြီးနောက်ခရမ်းချဥ်သီးဈေးတစ်ဖြည်းဖြည်းချင်းတက်လာတယ်၊သူချည်းဘဲတက်တာမဟုတ်ဘူးလေ၊တစ်ခြားသီးနှံတွေရောဘဲတက်တယ်"ဟုကုန်စိမ်းသည်အမျိူးသမီးတစ်ဦးကပြောသည်။

စက်တင်ဘာလတွင်ခရမ်းချဥ်သီးတစ်ပိဿာဈေးအများဆုံး၅၀၀ကျပ်သာရရှိသောကြောင့်လမ်းဘေးတွင်သွန်ပစ်ခဲ့ရပြီးရေကြီးရေလျှံဖြစ်ပြီးနောက်ခရမ်းချဥ်သီးစျေးပြန်တက်လာရခြင်းဖြစ်သည်။

ခရမ်းချဥ်သီးစိုက်တောင်သူတစ်ဦးကလည်း"ခရမ်းချဥ်သီးကမိုးများရင်မိုးဒဏ်မခံနိုင်ဘူးလေ၊အပင်တွေအနာဖြစ်လာတယ်၊အပင်တွေအနာဖြစ်တော့ဆေးဖိုးတွေထပ်ကုန်ပြန်ရော၊နောက်ပြီးအမြန်ခူးရတယ်၊စျေးကွက်ထဲမှာသာစျေးကောင်းရနေတာ"ဟု၎င်းကပြောသည်။

ရှမ်းတောင်တွင်ခရမ်းချဥ်သီးအဓိကစိုက်ပျိူးသည့်ဒေသများမှာအင်းလေး၊ကလော၊အောင်ပန်း၊ပင်လောင်း၊နောင်တရား၊ ညောင်ရွှေစသည့်ဒေသများဖြစ်ကြောင်းသိရသည်။

#Photo-Online
#PPV0012
#တောင်ကြီးမြို့
#ခရမ်းချဥ်သီး
#ဈေးနုန်းမြှင့်
"မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal - https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7

The people's voice (ခမ်းသားငေါဝ်း)

21 Jan, 00:26

နောင်ချိုနှင့် နမ့်ဆန်မြို့ကို စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကျဲရာ ပြည်သူ ၁ ဦးထိခိုက်ပြီး အဆောက်အဦးများပျက်စီး
.......................................

ခမ်းသားငေါဝ်း
အောက်တိုဘာ ၂၂၊ ၂၀၂၄

ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နှင့် နမ့်ဆန်မြို့တို့ကို စစ်ကောင်စီတပ်က အောက်တိုဘာလ (၂၁)ရက်နေ့ ယနေ့ နံနက်ပိုင်းတွင် လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု ပြည်သူ (၁)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြ အဆောက်အဦးများ ပျက်စီးခဲ့ကြောင်း (TNLA) က သတင်းထုတ်ပြန်ထားသည်။

နောင်ချိုမြို့ သပြေရပ်ကွက်တွင် အောက်တိုဘာ (၂၁) ယနေ့ နံနက် (၁)နာရီကျော်၌ စစ်ကောင်စီိကလေကြောင်းမှတစ်ဆင့် ပေါင်(၃၀၀)ဗုံး (၂)လုံး နှင့် ဗုံး(၆)လုံး လာရောက်ကျဲ ချတိုက်ခိုက်သွား‌ကြောင်း ဗုံးကျရောက်ပေါက်ကွဲမှုကြောင့် ဦးဂိုကာနတ်၏ နေအိမ်နှင့် ပါဟတ်ရပ်ကွက်ရှိ ဆိုင်ခန်းတချို့ ပျက်စီးကာ အရပ်သားတစ်ဦး ဒဏ်ရာရကြောင်း ဖော်ပြထားသည်။
"ရှောင်ဖို့ကလည်း ဘယ်နေရာသွားရှောင်ရမလဲ။ ငါတို့လည်း အဆင်ပြေမယ်ထင်တဲ့နေရာတော့ သတိထားနေနေတာပဲ။ ထိခိုက်တာက ပြည်သူတွေပဲဗျာ သူတို့အတွက် ဘာအကျိုးမြတ်ရတာလဲ မသိဘူး"ဟု နောင်ချို ဒေသခံတစ်ဦးက ပြောသည်။

အလားတူ နံနက်(၈)နာရီ မိနစ်(၃၀) တွင် နမ်ဆန်မြို့နယ် ကျောက်ဖြူလေးကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းဖြင့် လာရောက်ဗုံးကျဲတိုက်ခိုက်ခဲ့ပြီး ဘုန်းတော်ကြီးကျောင်းအတွင်း ကျရောက်ပေါက်ကွဲသဖြင့် ကျောင်းဆောင်တချို့ ပျက်စီးသွားကြောင်း သိရသည်။

အောက်တိုဘာလ (၁၉)ရက်နေ့တွင်လည်း စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် (၂)ကြိမ် လာရောက် ဗုံးကြဲတိုက်ခိုက်ရာ အရပ်သား(၄)ဦး သေဆုံးပြီး (၃)ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ သတင်းကျွတ်လပြည့်ညတွေလည်း စစ်ကောင်စီမှ နောင်ချိုမြို့အတွင် လေကြောင်း တိုက်ခိုက်မှုကြောင့် ပြည်သူ (၄)ဦး ဒဏ်ရာရခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။

PPV0011
ဓာတ်ပုံ-TNLA
#လေကြောင်းဖြင့်ဗုံးကြဲ
#နောင်ချိုမြို့
#နမ့်ဆန်မြို့
#အဆောက်အဦးများပျက်စီး
#TNLA
#ဘုန်းကြီးကျောင်း
"မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal - https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7

The people's voice (ခမ်းသားငေါဝ်း)

21 Jan, 00:26

လားရှိုးမြို့ကို စစ်ကောင်စီက လေကြောင်းဗုံးကျဲမှု၊ လူ(၂)ဦး ထိခိုက်၊ အဆောက်အဦးပျက်စီး
.....................................

ခမ်းသားငေါဝ်း
အောက်တိုဘာ ၂၂၊ ၂၀၂၄

https://www.facebook.com/share/p/SsDuRNaYhzY6yFKB/

လားရှိုးမြို့ကို စစ်ကောင်စီမှ ထပ်မံဗုံးကျဲတိုက်ခိုက်သဖြင့် ဒေသခံပြည်သူ (၂)ဦးထိခိုက်ဒဏ်ရာရပြီး အဆောက်အဦးများ ပျက်စီးသွားကြောင်း သိရသည်။

ရှမ်းပြည်နယ် မြောက်ပိုင်း၊ MNDAA ထိန်းချုပ်ထားသည့် လားရှိုးမြို့၊ ရပ်ကွက် (၁၂)တွင် အောက်တိုဘာ(၂၂)ရက်၊ နံနက် (၁၂) နာရီကျော်အချိန်က စစ်ကောင်စီမှ လေကြောင်းဗုံးကျဲ တိုက်ခိုက်ခဲ့သည်၊၊

"ရပ်ကွက် (၁၂)ဘက်မှာ ကျတယ်။ လူသေတာတော့ မရှိဘူး။ အဆောက်အဦးတော့ ပျက်စီးကုန်တယ်"ဟု ဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီသည် ရှမ်းပြည်နယ် မြောက်ပိုင်းကို လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု အကြိမ်ကြိမ်ပြုလုပ်နေပြီး လူသေဆုံးမှု၊ အဆောက်အဦးများစွာ ပျက်စီးမှု ရှိကြောင်း သိရသည်။

PPV0011
ဓာတ်ပုံ-အွန်လိုင်း
#လေကြောင်းဗုံးကြဲ
#MNDAA
#လားရှိုးမြို့
#ရပ်ကွက် (၁၂)