The people's voice (ခမ်းသားငေါဝ်း) @ppv21 Kanal auf Telegram

The people's voice (ခမ်းသားငေါဝ်း)

The people's voice (ခမ်းသားငေါဝ်း)
လွတ်လပ်တဲ့ ​သတင်းမီဒီယာ
1,337 Abonnenten
9,450 Fotos
254 Videos
Zuletzt aktualisiert 01.03.2025 16:37

Ähnliche Kanäle

Shwe Moe
73,105 Abonnenten
Thai2D3D Channel
4,192 Abonnenten

Exploring the Importance of Independent Media in Myanmar

Independent media plays a vital role in the overall health of a democracy, particularly in regions like Myanmar, where the landscape of information is often fraught with challenges. The phrase 'လွတ်လပ်တဲ့ ​သတင်းမီဒီယာ' translates to 'independent media,' and it embodies the essence of freedom of expression and the people's right to access reliable information. In recent years, Myanmar has experienced a tumultuous political climate, which has made independent journalism more important than ever. It serves not only as a watchdog against government malfeasance but also as a platform through which the people can voice their concerns and aspirations. This article seeks to explore the significance of independent media in Myanmar, the challenges it faces, and its potential to influence the future of the nation. As the country continues to navigate the complex realities of governance and civil liberties, understanding the role of independent media becomes crucial for both citizens and the international community.

Why is independent media crucial for democracy in Myanmar?

Independent media serves as a fundamental pillar of democracy by enabling citizens to receive unbiased and diverse viewpoints. In Myanmar, where state-controlled media often disseminate government narratives, independent journalism provides an alternative that empowers the people with critical information. This helps facilitate informed discussions, encourages civic engagement, and holds those in power accountable, thus strengthening democratic processes.

Moreover, independent media acts as a platform for marginalized voices that are often silenced in mainstream narratives. By providing coverage of human rights issues, political dissent, and social movements, these media outlets foster a more inclusive discourse that is essential for nurturing a healthy democracy. Without independent media, the risk of misinformation and propaganda increases, which can undermine the principles of democracy and destabilize the nation.

What challenges do independent media face in Myanmar?

The challenges faced by independent media in Myanmar are multifaceted and deeply entrenched in the country’s political landscape. One significant obstacle is governmental censorship and repression, which limits the freedom of expression for journalists and media outlets. Laws and regulations are often manipulated to curtail the activities of those who dare to criticize the government or report on sensitive issues, creating an environment of fear and self-censorship.

Additionally, financial constraints pose a substantial challenge for independent media organizations. Many rely on funding from external sources, such as international NGOs or donor agencies, which can be precarious. This dependency can impact editorial independence if the funding sources have specific agendas. Furthermore, the physical safety of journalists remains a concern, as reports of harassment, intimidation, and even violence against media personnel continue to emerge.

How can independent media impact social change in Myanmar?

Independent media has the potential to drive significant social change by raising awareness of pressing issues and advocating for the rights of underrepresented communities. Through investigative journalism, these media outlets can expose corruption, human rights abuses, and other social injustices, enabling citizens to organize and demand accountability from their leaders. This kind of reporting not only informs the public but also fosters a culture of transparency and dialogue.

Moreover, independent media can amplify grassroots movements and give a platform to voices that are often overlooked. By shedding light on local issues and struggles, independent journalism can mobilize communities, encouraging collective action and civic participation. As more people engage with the media and become informed about their rights, the potential for meaningful social change increases, making independent media a catalyst for progress in Myanmar.

What role does social media play in supporting independent journalism in Myanmar?

Social media has emerged as a powerful tool for independent journalism in Myanmar, offering platforms for news dissemination and audience engagement. With high penetration rates of mobile phones and internet access, social media allows journalists and media outlets to reach a broader audience quickly. It serves as a space where news can be shared, discussed, and critiqued, fostering a more participatory media environment.

Furthermore, social media offers a degree of anonymity that can help journalists operate in challenging conditions. It allows for the sharing of information and updates without facing immediate backlash from authorities. However, it is worth noting that while social media can enhance the reach of independent journalism, it can also be a double-edged sword, as misinformation can spread rapidly and complicate the discourse. Thus, responsible use of social media is essential for nurturing a well-informed populace.

What impact does international support have on independent media in Myanmar?

International support is crucial for the survival and growth of independent media in Myanmar. Various international organizations and NGOs provide funding, training, and resources to bolster the capacity of media outlets. This support helps journalists develop skills in investigative reporting, ethics, and digital literacy, which are vital in navigating the complex landscape of modern journalism.

Moreover, international advocacy can help amplify the challenges faced by independent media in Myanmar on global platforms, raising awareness and prompting action from the international community. This can lead to pressure on the government to adhere to international standards regarding freedom of expression and press rights. However, it is essential that such support respects the autonomy of local media to ensure that it aligns with the actual needs and contexts of the journalists and communities involved.

The people's voice (ခမ်းသားငေါဝ်း) Telegram-Kanal

ခမ်းသားငေါဝ်း ဆောပါးသတင်း (The people's voice) ဆိုတာက လူနဲ့ မိန်းမဣိန် အဲ့လူကို ပြည့်စုံသူသုတ်နဲ့ ခမ်းသားမော်ဖွယ်စေချင်တယ်ဆိုပါက "ခမ်းသားငေါဝ်း" ဆိုတာက လွတ်လပ်တဲ့ ​သတင်းမီဒီယာ ဖြစ်ပြီး ဒီဆောင်သတင်းမီဒီယာက သုတ်စိတ်အားဖြင့် သတင်းအရောင်ဖြစ်နေပါတယ်။ လူပြည့်သူများဆီကို အဲ့ယာလည်း သူတို့ကရယ်ဖာသွားကို ​နေ့သည်များ အတွက် အိမ်ပေးသည့် အလွန်များစွာ သတင်းနေပါတယ်။ ဒီဖော်ပြချက်များ အကောင့်ဖြစ်ကြ လူထမင်းနှင့် အချက်အလက်မျိုးကြောင်း သတင်းမီဒီယာတစ်ခုဖြစ်ပါတယ်။

The people's voice (ခမ်းသားငေါဝ်း) Neuste Beiträge

Post image

ဖဲရှုံး၍အချင်းချင်း သတ်ဖြတ်မှုကို PDF တပ်ဖွဲ့က သတ်သွားသည် ဆိုသည့် ဝါဒဖြန့်ချိ

The People’s Voice - ခမ်းသားငေါဝ်း
Fact Checking - အချက်အလက်စစ်ဆေးခြင်း

ရွာငံမြို့နယ်၊ နွားဘန်းကြီးကျေးရွာနှင့် ပွေးနဖားကျေးရွာလမ်းကြားတွင် ရွာငံမြို့စျေးတန်းရပ်ကွက်နေ ကိုသားငယ်ကြီး အသတ်ခံရမှုနှင့် ပတ်သက်၍ စစ်ကောင်စီဝါဒဖြန့်ချိသူ လော်ဘီတို့၏ ဖြန့်ဝေမှုများသည် ဓနုလူမျိုးတစ်ဦးဖြစ်သူ အသက် ၅၀ ကျော်အရွယ် ကိုသားငယ်ကြီးကို ရွာငံ-နွားဘန်းကြီးသွားရာလမ်း၊ ပွေးနဖား လမ်းဆုံ၌ ရွာငံ PDF အဖွဲ့က “မင်းလား စကစသတင်းပေးတဲ့ကောင်၊ ဓနုအချင်းချင်းလည်း သတ်ရဲတယ်ကွ”ဟု ပြောပြီးနောက် လက်ပြန်ကြိုးတုတ် သေနတ်နဲ့ ရက်စက်စွာ ပစ်သတ်သွားတယ်” ဟု ဇန်နဝါရီလ ၂ ရက်နေ့တွင် စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တို့တွင် ဖြန့်ဝေမှုများ ပြုလုပ်ထားပါသည်။ ထိုအကြောင်းအရာကို Subscribers ၁၀၂၆၆ ဦး ရှိသည့် MawShan Myay Media မှ ဖြန့်ဝေထားတာဖြစ်ပြီး ခမ်းသားငေါဝ်းအချ က်လက်စစ်ဆေးနေချိန်၌ ကြည့်ရှူ့သူ ၃၆၀၀ ဦးကျော်၊ လိုက်နှင့်ရီလ်အက် ပြုလုပ်သူ ၃၂ ဦး ရှိနေပြီး ဖြစ်ပါသည်။

ဝါဒဖြန့်ချိထားသည့် လင့် - https://archive.ph/OJ6An

ထိုဝါဒဖြန့်ချိထားသည့် အကြောင်းအရာကို ခမ်းသားငေါဝ်း အချက်အလက်စစ်ဆေးရေးအဖွဲ့မှ ကျေးရွာရှိ ဒေသခံများနှင့် လိုက်လံစိစစ်သည့်အခါတွင် အချက်အလက်မှားယွင်းစွာ ဖော်ပြထားသည့် သတင်းအမှားဖြစ် ကြောင်း စစ်ဆေးဖော်ထုတ်နိုင်ခဲ့ပါသည်။

သတင်းစစ်ဆေးချက်

ရွာငံမြို့၊ စျေးတန်းရပ်ကွက်နေ ကိုသားငယ်ကြီး အသတ်ခံရမှုနှင့်ပတ်သက်၍ လွတ်လပ်ပြီး အမှီခိုကင်းသည့် သတင်းမီဒီယာဌါနများ၏ ရေးသားဖော်ပြမှုများ ရှာဖွေကြည့်ရာတွင် မတွေ့ရှိခဲ့ရသည့်အတွက် အသတ်ခံရ သည့်နေရာအနီးရှိ ကျေးရွာဒေသခံများထံသို့ လိုက်လံစိစစ်မှုများ ပြုလုပ်ခဲ့ရာတွင် အဖြစ်မှန်ကို စိစစ်ဖော် ထုတ်နိုင်ခဲ့သည်။

ဒေသခံတို့၏ ပြောကြားချက်သည် ပွေးနဖားကျေးရွာဘက်တွင် ဖဲရိုက်ကြရာမှ ဖဲရှုံးမှုများဖြစ်ကာ အပြန်လမ်းတွင် ဖဲရှုံးမှုရန်ကြွေးကြောင့် အပြန်လှန်သတ်ဖြတ်မှုများ ဖြစ်ပွားသွားခဲ့ကြောင်း ဒေသခံအမျိုးသမီးတစ်ဦးမှ ခမ်းသားငေါဝ်းကိုအတည်ပြု ပြောကြားထားပါသည်။

နောက်ထပ် ဒေသခံ အမျိုးသမီးတစ်ဦးကလည်း‘’သူတို့က ဖဲသမားတွေဖြစ်တယ်၊ ဖဲကစားရင်းရှုံးတဲ့လူတွေကနေ သူတို့အချင်းချင်း သတ်ကြတာ ဘယ်တစ်ယောက်က သတ်သွားတာလဲတော့မသိဘူး PDF တွေ သတ်တာ တော့မဟုတ်ဘူး သူတို့ ဖဲသမားအချင်းချင်း သတ်ကြတာ ဒါပေမယ့်ခုချိန်ထိ ဘယ်သူမှလဲ တာဝန်ယူမှုမရှိဘူး ဘယ်သူမှလဲတာဝန်မယူပေးဘူး ဘယ်တစ်ယောက်ကသတ်သွားတာလဲ မသိရဘူး” ဟု ခမ်းသားငေါဝ်းကို ပြောကြားထားပါသည်။

သုံးသပ်ချက်

ရွာငံမြို့နယ်၊ နွားဘန်းကြီးကျေးရွာနှင့် ပွေးနဖားကျေးရွာ လမ်းကြားတွင် ရွာငံမြို့ စျေးတန်းရပ်ကွက်နေ ကိုသားငယ်ကြီး အသတ်ခံရသည်မှာ သတင်းမှန်ဖြစ်ပါသည်။ ဇန်နဝါရီလ ၂ ရက်နေ့ တွင် လောင်းကစား ပြုလုပ်ရာမှ မကျေမနပ်မှုကြောင့် အချင်းချင်း ပြန်သတ်သွားသည်ကို ဒေသခံပြောပြချက်ဖြင့်သိရှိရသည်။

ထိုဝါဒဖြန့်ချိမှုအတိုင်း PDF များက လက်ပြန်ကြိုးတုတ် သေနတ်ဖြင့် ရက်စက်စွာ သတ်ဖြတ်သွားသည့် အကြောင်းအရာသည် မှာယွင်းနေပါသည်။

ဖြစ်ပျက်သည့် ဖြစ်စဥ်အမှန်ကို အသုံးပြု၍ ပြည်သူများ အမြင်မှားအောင် စစ်ကောင်စီ၏ ဝါဒဖြန့်ချိသူများက တော်လှန်ရေးတပ်ဖွဲ့များကို ရည်ရွယ်ချက်ရှိရှိ စွပ်စွဲရေးသားထားကြောင်း တွေ့ရှိရပါသည်။

သတိပြုရန်

ခမ်းသားငေါဝ်း စာဖတ်ပရိတ်သတ်များအနေဖြင့် အွန်လိုင်းလူမှုပေါ်ရှိ သတင်းအချက်အလက် အကြောင်းအရာ များကို အလွယ်တကူမယုံကြည်ဘဲ လွတ်လပ်ပြီးအမှီခိုကင်းတဲ့ သတင်းမီဒီယာဌါနမှ သတင်းများ ကိုဝင်ရောက် ဖတ်ရှူ့ရန် အကြံပြု တိုက်တွန်းလိုပါသည်။ ထို့အပြင် နောက်ပိုင်းတွင် မီဒီယာ အယောင်ဆောင်လာကြသည့် ဝါဒဖြန့်ချိသူများကိုလည်း သတိထားရန် ထပ်မံတိုက်တွန်းလိုပါသည်။

သတင်းအမှား အကြောင်းအရာဟု သံသယရှိပါက ခမ်းသားငေါဝ်း ဖေ့လ်ဘွတ် (facebook page) ၏ မက်ဆေ့ဘောက်သို့ အချိန်မရွေးပေးပို့မေးမြန်းနိုင်ပါသည်။

#သတင်းတုသတင်းမှား
#factcheck

05 Jan, 05:53
49
Post image

TNLA ရဲ့အုပ်ချုပ်ရေးသင်တန်းကျောင်း(Administrative School) အပတ်စဥ် (၂) သင်တန်းဆင်းပွဲပြုလုပ်
.......................................

ခမ်းသားငေါဝ်း
ဇန်နဝါရီ ၅၊ ၂၀၂၅

https://www.facebook.com/share/p/17XSUPmeuu/

ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA အထွေထွေအုပ်ချုပ်ရေးဌာနမှ ဦးစီးဖွင့်လှစ်ထားသည့် အုပ်ချုပ်ရေးသင်တန်းကျောင်း (Administrative School) အပတ်စဥ် (၂) သင်တန်းဆင်းပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း ဇန်နဝါရီ ၄ ရက်နေ့တွင်ထုတ်ပြန်ထားသည်၊၊

၁၀၂၇ စစ်ဆင်းရေးအတွင်း မြို့နယ် (၁၂)မြို့အား တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့ပြီး ထိုမြို့နယ်များကို အုပ်ချုပ်သည့်နေရာတွင် အုပ်ချုပ်ရေးဌာနသည် အလွန်အရေးပါသည့် ဌာနတစ်ခုဖြစ်ကြောင်း၊ သင်တန်းဆင်းသွားသည့် ကျောင်းသားတို့သည် အစိုးရတစ်ခု၏ ကိုယ်လက်အစိတ်အပိုင်းများဖြစ်‌ကြောင်း ဒုဥက္ကဌ (၁) ဒုတိယဗိုလ်ချုပ်ကြီး တားဂျုတ်ဂျားမှ အမှာစကားပြောကြားခဲ့သည်။

အုပ်ချုပ်ရေးသင်တန်းကျောင်းသည် ၂ နှစ်ကျော်ကြာမြင့်ခဲ့ပြီး ဘာသာရပ်အမျိုးစား ၃ ခုခွဲခြားထားကာ Personal Capacity Building၊ Basic Politic၊ အုပ်ချုပ်ရေးလုပ်ငန်းနှင့် ဆိုင်သောဘာသာရပ်များ၊ ရဲလုပ်ငန်း နှင့် ဆိုင်သောဘာသာရပ်များကို အဓိက သင်ကြား‌ပေးခဲ့ပြီး ကွင်းဆင်းပြီး လက်တွေ့လုပ်ငန်းများ လုပ်ဆောင်ခဲ့ကြောင်း ဆိုသည်။

အုပ်ချုပ်ရေးသင်တန်းအပတ်စဥ် (၂ )တွင် သင်တန်းသား (၅၅)ဦးတက်ရောက်သင်ကြားခဲ့ပြီး ၎င်းတို့သည် အုပ်ချုပ်ရေးနှင့် တရားဥပ‌ဒေစိုးမိုးရေးနေရာတွင် တာဝန်ထမ်းဆောင်သွားမည်ဖြစ်သည်။

ထိုကျောင်းဖွင့်လှစ်ရသည့်ရည်ရွယ်ချက်သည် (၁) ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF ၏ မူဝါဒများကို လက်တွေ့အကောင်အထည်ဖော်နိုင်ရန်၊ (၂) အနာဂါတ် တအာင်းပြည် အုပ်ချုပ်ရေးမှူးနှင့် ပြည်နယ်ရဲချုပ်များ မွေးထုတ်ပေးနိုင်ရန်၊ (၃) ပြည်သူ့ဗဟိုပြု ကောင်းမွန်သောအုပ်ချုပ်ရေးယန္နရား တည်ဆောက်နိုင်ရန်၊ (၄) အုပ်ချုပ်ရေးလုပ်ငန်းများနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများကို စနစ်တကျဖြင့် လုပ်ထုံးလုပ်နည်းအတိုင်း လိုက်နာဆောင်ရွက်နိုင်ရန်ဟု သိရသည်။

အုပ်ချုပ်ရေးကျောင်း အပတ်စဥ် (၁) ကို ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်တွင် စတင်ဖွင့်ပေးခဲ့ပြီး သင်တန်းသား (၅၄) ဦး တက်ရောက်သင်ကြားပြီးစီးခဲ့ပြီး ထိုသင်တန်းသားများသည် လက်ရှိအချိန်တွင် ရုံးချုပ်ရုံးအုပ်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ ခရိုင်ရုံးအုပ်များ၊ မြို့နယ်တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့များနှင့် အထူးတပ်ဖွဲ့မှူးနေရာများတွင် တာဝန်အသီးသီးဖြင့် ထမ်းဆောင်လျက်ရှိကြောင်းဖော်ပြထားသည်။

သင်တန်းဆင်းပွဲတွင် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ဒုက္ကဌ (၁) ဒုတိယဗိုလ်ချူပ်ကြီး တားဂျုတ်ဂျား၊ ဒုက္ကဌ (၂) ဗိုလ်ချုပ် တားခူရ်လာင်း၊ ဗိုလ်မှူးချူပ် တားအိုမ်တမာဝ်း၊ ဗိုလ်မှူးချုပ် တားနော်ရိူန်း၊ ဗိုလ်မှူးကြီး တားကုင်ခြီရ်၊ အရာရှိ အရာခံများ၊ ရဲဘော်များ၊ ကျောင်းသားများနှင့် မိဘပြည်သူလူထုများ အပါအဝင် စုစုပေါင်းလူဦးရေ (၂၀၀) နီးပါး တက်ရောက်ခဲ့ကြောင်းသိရသည်။

PPV001
ပုံ-PSLF/TNLA
#အုပ်ချုပ်ရေး
#ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး
#PSLF/
#TNLA
#အထွေထွေအုပ်ချုပ်ရေးဌာန
#အုပ်ချုပ်ရေးသင်တန်းကျောင်း
#Administrative School
"မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal - https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7

05 Jan, 05:22
52
Post image

တောင်ပိုင်းစစ်ဒေသတွင် တစ်ပါတ်အတွင်း စစ်ကောင်စိီတပ်သား ၇၃ ဦးသေဆုံး၊ ၇၅ ဦးနှင့်အထက်ဒဏ်ရာရ
......................
ခမ်းသားငေါဝ်း
ဇန်နဝါရီ ၄၊ ၂၀၂၅

https://www.facebook.com/share/p/1EdsjeJzLv/

တောင်ပိုင်းစစ်ဒေသတွင် တစ်ပါတ်အတွင်း စစ်ကောင်စီတပ်သား ၇၃ ဦးသေဆုံးပြီး၊ ၇၅ ဦးနှင့်အထက် ဒဏ်ရာရရှိကာ လက်နက်ခဲယမ်းများလည်းသိမ်းဆည်းရမိခဲ့ကြောင်း တောင်ပိုင်းစစ်ဒေသက သတင်းထုတ်ပြန်ထားသည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသတွင်၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်မှ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၃ ရက်နေ့အထိ ၇ ရက်တာကာလအတွင်း တောင်ပိုင်းစစ်ဒေသ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)ပူးပေါင်းအဖွဲ့ နှင့် စစ်ကောင်စီတပ်တို့ ထိတွေ့တိုက်ပွဲ ၁၄ ကြိမ်ဖြစ်ပွားခဲ့ကြောင်းသိရသည်။

မြဝတီ - ကော့ကရိတ် အာရှလမ်းမကြီးအား ပြန်လည်စိုးမိုးရန် အင်အားဖြည့်ရောက်ရှိလာသော အောင်ဇေယျစစ်ကြောင်းနှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် ဗျူဟာ ၃၂၊ ဗိုလ်တာပေါဦးဆောင်သော KNLA တပ်ရင်း ၂၈ ပူးပေါင်းစစ်ကြောင်းတို့ နေ့စဉ်နီးပါးထိတွေ့မှုဖြစ်ပွားနေပြီး စစ်ကောင်စီဘက်က အထိနာနေကြောင်းသိရသည်။

ထို့အပြင် တော်လှန်ရေးပူးပေါင်းအဖွဲ့က ရိက္ခာနှင့် စစ်ကူလမ်းကြောင်းဖြတ်တောက်ထားသည့် အနန်းကွင်းဗျူဟာစခန်းသို့ ဝင်ရောက်ရန်ကြိုးပမ်းနေသော စစ်ကောင်စီ၏ တပ်ကူ သံတွဲစစ်ကြောင်းကိုလည်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ကြားဖြတ်၍တားဆီးပိတ်ဆို့ရာ စစ်ကောင်စီတပ်သားများ ထိခိုက်ကျဆုံးမှုများနေ ကြောင်းသိရသည်။

တိုက်ပွဲအတွင်းအထိနာသော စစ်ကောင်စီတပ်သည် လေယာဉ်များ၊ လက်နက်ကြီးများဖြင့် အပြင်းအထန် စစ်ကူပေးလျက်ရှိရာ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များဘက်က ရဲဘော် ၃ ဦးကျဆုံးခဲ့ပြီး ၁၅ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းထုတ်ပြန်ထားသည်။

#PPV 003
#တိုက်ပွဲများ
#တောင်ပိုင်းတိုင်းစစ်ဒေသ
ခမ်းသားငေါဝ်း Telegram
t.me/ppv21
ခမ်းသားငေါဝ်း Tittok www.tiktok.com/@khamsarngor1 ကိုလည်းဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

04 Jan, 05:16
125
Post image

စစ်ကောင်စီက ပီကင်း၊ လအိဘက်တွင် လေကြောင်း ဗုံးကြဲတိုက်ခိုက်မှု ပိုမိုပြုလုပ်နေ
.....................
ခမ်းသားငေါဝ်း
ဇန်နဝါရီ ၄၊ ၂၀၂၅

https://www.facebook.com/share/p/15rg1hy3Ah/

စစ်ကောင်စီကဖယ်ခုံမြို့နယ် ပီကင်း၊ လအိဘက်တွင် လေကြောင်းဗုံးကြဲ တိုက်ခိုက်မှု ပိုမိုပြုလုပ်နေကြောင်းသိရသည်။

ရှမ်း-ကရင်နီ(ကယား)နယ်စပ်၊ ဖယ်ခုံမြို့နယ် ပီကင်းကျေးရွာ နှင့် ဆောင်ပလန်ကျေးရွာအကြားတွင် ဇန်နဝါရီလ ၃ ရက်နေ့ ည ၅ နာရီခွဲအချိန်ခန့်၌ စစ်ကောင်စီက လေယောဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ထိခိုက်သေဆုံးမှုမရှိခဲ့ကြောင်းသိရသည်။

'' ပီးကင်း၊ လအိ တို့ကနာမည်ထွက်နေတာအခု၊ စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေ ပိုလုပ်မယ်လို့တော့ တော်လှန်ရေးဖက်ကသတိပေးထားတယ်၊သူတို့သတင်းရထားတာဖြစ်မယ်၊ ရှောင်ခိုင်းတယ်ပေါ့လေ၊ ဒါပေမယ့် ဘယ်မှာထပ်သွားရှောင်ရမလည်းမသိဘူး၊ ရှောင်ဖို့နေရာမှ မရှိတော့တာလေ'' ဟု ၎င်းကဆိုသည်။

ဖယ်ခုံ မြို့နယ် ပီကင်း၊လအိ ကျေးရွာများကို စစ်ကောင်စီကပစ်မှတ်ထားနေသောကြောင့် ရှောင်တိမ်းနေထိုင်ကြရန်တော်လှန်ရေးတပ်ဖက်က သတိပေးထားကြောင်းသိရသည်။

''ပီကင်းရွာ နဲ့ ဆောင်ပလန်ရွာကြား လမ်းမှာကြဲသွားတာ၊ အဲ့လမ်းက ကျွန်မတို့ ရုံးကိုအသွားအပြန်လုပ်နေကျလမ်း၊ မနေ့ကလည်း ရုံးကအပြန် အိမ်ရောက်တာခနပဲ ရှိသေးတယ်၊ အဲ့လမ်းကိုမှာပဲ ကြဲသွားတာ၊ တော်သေးတယ်ရွာထဲမကြဲလို့၊ မနေ့ကကြဲသွားတာ ဘာမှမထိသွားဘူးဆိုတော့ အထိအခိုက်တော့မရှိဘူး'' ဟုဒေသခံအမျိုးသမီးတစ်ဦးကခမ်းသားငေါဝ်းကိုပြောသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၇ ရက်နေ့တွင်လည်း စစ်ကောင်စီက ပီကင်းကျေးရွာစျေးအနီးတွင် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး စစ်ရှောင်နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

#PPV 003
#Humanright
#ပီကင်း
#ဖယ်ခုံ

ခမ်းသားငေါဝ်း Telegram
t.me/ppv21
ခမ်းသားငေါဝ်း Tittok www.tiktok.com/@khamsarngor1 ကိုလည်းဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

04 Jan, 05:10
111