Myanmar Police CDM Channel (@pcdmchannel) Kanalının Son Gönderileri

Myanmar Police CDM Channel Telegram Gönderileri

Myanmar Police CDM Channel
ပြည့်သူ့ရဲများ၏ CDM ၊
ပြည်သူတို့၏ အားမာန် ၊
မဝေးတော့သည့် ဒီမိုကရေစီနိုင်ငံ။

ခေတ်မှီ၍ တရားမျှတပြီး လွတ်လပ်ပွင့်လင်းသော ပြည်သူ့ရဲတပ်ဖွဲ့ဆီသို့။
1,997 Abone
4,821 Fotoğraf
98 Video
Son Güncelleme 01.03.2025 04:27

Myanmar Police CDM Channel tarafından Telegram'da paylaşılan en son içerikler


အကျဉ်းသား ၅,၈၀၀ကျော်ကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေး

၂၀၂၅၊ ဇန်နဝါရီလ ၄ ရက်

ယနေ့ (ဇန်နဝါရီ ၄ရက်) ကျရောက်သည့် (၇၇)နှစ်မြောက်လွတ်လပ်ရေးနေ့တွင် စစ်ကောင်စီကအကျဉ်းထောင်အသီးသီးရှိ အကျဉ်းသား၊ အကျဉ်းသူ ၅,၈၆၄ ဦးကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးလိုက်သည်ဟု ကြေညာသည်။

၎င်းတို့သည် နောက်တကြိမ်ပြစ်မှုထပ်မံကျူးလွန်ပါက ယခုကျခံရန် ကျန်ရှိသည့် ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည်ဟူသော သတ်မှတ်ချက်ဖြင့် လွတ်ငြိမ်းခွင့်ပေးလိုက်ခြင်းဖြစ်သည်။

ထို့အပြင် ထောင်ဒဏ်တသက် ကျခံနေရသူ အကျဉ်းသား ၁၄၄ ဦးကိုလည်း ထောင်ဒဏ် ၁၅ နှစ်သို့ လျော့ပေါ့ပြောင်းလဲပေးခဲ့ကြောင်း၊ နိုင်ငံခြားသားအကျဉ်းသား ၁၈၀ ကိုလည်း ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုပြီး ပြည်နှင်ဒဏ်ပေးကြောင်းလည်း စစ်ကောင်စီက ထုတ်ပြန်သည်။

စစ်ကောင်စီသည် အကျဉ်းသားများအား လွတ်ငြိမ်းခွင့်ပေးရာတွင် မတရားဖမ်းဆီးခဲ့သော နိုင်ငံရေးအကျဉ်းသားများအား အနည်းငယ်သာ ထည့်သွင်းလေ့ရှိသည်။ ယနေ့ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်တွင်လည်း နိုင်ငံရေးအကျဉ်းသား မည်မျှပါဝင်သည်ကို မသိရှိရသေးပေ။

#Telegram Link
https://t.me/YPCFighter

#Yangon Police CDM Fighter

မြန်မာနိုင်ငံတစ်ဝန်း တော်လှန်ရေးတပ်များက မြို့နယ်ပေါင်း ၁၄၄ ခုကို စိုးမိုးအုပ်ချုပ်လျက်ရှိပြီး မြို့နယ် ၄၈ ခုကို အပြီးသတ်သိမ်းပိုက်ထား၊ ဗဟာဗျူဟာလမ်းမကြီးများ ၊ပြည်ထောင်စုလမ်းကြီးများနှင့် အဓိက ရေကြောင်းလမ်းများကိုလည်း တော်လှန်ရေးတပ်များက ထိန်းချုပ်

၂၀၂၅၊ ဇန်နဝါရီလ ၄ ရက်

မြန်မာနိုင်ငံတစ်ဝန်း တော်လှန်ရေးတပ်များက မြို့နယ်ပေါင်း ၁၄၄ ခုကို စိုးမိုးအုပ်ချုပ်လျက်ရှိပြီး မြို့နယ် ၄၈ ခုကို အပြီးသတ်သိမ်းပိုက်ထားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက တရားဝင် အစီရင်ခံစာ ထုတ်ပြန်သည်။

စစ်အာဏာသိမ်းချိန်းမှစတင်၍ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ အရောက် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နှင့် တိုင်းရင်းသား တော်လှန်ရေးအဖွဲ့များက စိုးမိုးအုပ်ချုပ်လျက်ရှိသည့် မြို့နယ်ပေါင်း ၁၄၄ ခု ရှိပြီး ၎င်းတို့အနက်မှ မြို့ ၉၅ မြို့ ၊ မြို့နယ်အားဖြင့် ၄၈ ခုကို အပြီးသတ်သိမ်းပိုက်အုပ်ချုပ်နေကြောင်း ၊ ရာခိုင်နှုန်းအားဖြင့် တစ်နိုင်ငံလုံး၏ ၄၄ ရာခိုင်နှုန်းကို ပြည်သူ့ကာကွယ်ရေးတပ်များနှင့် တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့များက စိုးမိုးအုပ်ချုပ်လျက်ရှိကြောင်း၊ မြို့နယ် ၇၉ ခုတွင် တော်လှန်စစ်ဖြစ်ပွားလျက်ရှိသဖြင့် နယ်မြေဧရိယာ ၂၄ ရာခိုင်နှုန်းတွင် တော်လှန်စစ်ဖြစ်ပွားနေခြင်းဖြစ်ကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်ကောင်စီက စိုးမိုးအုပ်ချုပ်ထားနိုင်သည့် မြို့နယ်ပေါင်း ၁၀၇ ခုသာရှိပြီး ရာခိုင်နှုန်းအားဖြင့် ၃၂ ရာခိုင်နှုန်းသာကျန်ရှိတော့၍ မြန်မာနိုင်ငံ၏ ၃ ပုံ ၁ ပုံကိုပင် စိုးမိုးအုပ်ချုပ်နိုင်တော့ခြင်းမရှိကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာန၏ အစီရင်ခံစာက ဆိုသည်။

ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) အပါအဝင် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) များကိုယ်တိုင်သိမ်းပိုက်ထားသော မြို့များမှာ ခါမ်းပတ်မြို့၊ ရွှေပြည်အေးမြို့၊ မော်လူးမြို့၊ မြို့သစ်မြို့၊ စဉ့်ကူးမြို့၊ တကောင်းမြို့၊ သပိတ်ကျင်းမြို့၊ ပင်လည်ဘူးမြို့ အပါအဝင် စုစုပေါင်း မြို့ ၈ မြို့ရှိကြောင်း၊ ထို့ပြင် စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်းနှင့် တနင်္သာရီတိုင်းတို့ရှိ အနည်းဆုံး ၆၇ မြို့ကို NUG လက်အောက်ခံ တပ်များက ဝန်းရံပိတ်ဆို့ တိုက်ခိုက်လျက်ရှိကြောင်း သိရှိရသည်။

မဟာဗျူဟာလမ်းများစိုးမိုး ထိန်းချုပ်မှုအခြေအနေဖြင့် မန္ဆလေး-ရွှေဘို-မြစ်ကြီးနားလမ်း၊ ရထားလမ်း၊ မန္တလေး-မတ္တရာ- သပိတ်ကျင်း-ဗန်းမော်လမ်း၊ မန္တလေး-လားရှိုး-မူဆယ်လမ်း၊ ပုသိမ်-မုံရွာလမ်း၊ ရန်ကုန်-မော်လမြိုင်-သံဖြူဇရပ်-ရေး-ထားဝယ်-မြိတ်-ကော့သောင်းလမ်း၊ ပဲခူး-သထုံ-ဘားအံ-မြ၀တီလမ်း၊ မုံရွာ-ကလေး-တမူးလမ်း၊ မင်းဘူး-အမ်း-စစ်တွေလမ်း၊ ပြည်-ပန်းတောင်း-တောင်ကုတ်လမ်းတို့၏ အစိတ်အပိုင်းများကို တော်လှန်ရေးတပ်များက စိုးမိုးထိန်းချုပ်ထားကြောင်း၊ ရေကြောင်းလမ်းအနေဖြင့်လည်း ဧရာ၀တီ၊ ချင်းတွင်း၊ သံလွင်၊ စစ်တောင်မြစ်ကြောင်းများ၏ အဓိက အစိတ်ပအိုင်းများကိုလည်း စိုးမိုးထိန်းချုပ်ထားနိုင်ကြောင်း သိရှိရသည်။

ဓာတ်ပုံ- စစ်ကောင်စီထံမှ ရရှိသော လက်နက်ခဲယမ်းများကို NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က စစ်ဆေးနေစဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)

#Telegram Link
https://t.me/YPCFighter

#Yangon Police CDM Fighter

ငဖဲမြို့နယ်တွင် စစ်ကောင်စီကား ၂ စီး မိုင်းဆွဲပစ်ခတ်တိုက်ခိုက်ရမှု စစ်သား ၁ ဦးသေဆုံးပြီး ၆ ဦးဒဏ်ရာရ

၂၀၂၅၊ ဇန်နဝါရီလ ၄ ရက်

မကွေးတိုင်း၊ငဖဲမြို့နယ်၊ညောင်ကိုင်းကျေးရွာအနီးတွင် စစ်ကောင်စီကား ၂ စီးကို ကြားဖြတ်မိုင်းဆွဲတိုက်ခိုက်ပြီး လက်နက်ငယ်များပစ်ခတ်တိုက်ခိုက်ရာ စစ်သား ၁ ဦးသေဆုံးပြီး ၆ ဦးဒဏ်ရာရရှိကြောင်း မင်းဘူးခရိုင်တပ်ရင်း-၈ မှ တာဝန်ရှိသူထံမှသိရသည်။

ဇန်နဝါရီ ၃ ရက်နေ့ နံနက် ၇ နာရီခွဲဝန်းကျင်တွင် ငဖဲမြို့နယ်အခြေစိုက် အမှတ်-၁၄(ပကစ) မှ စစ်သား အင်အား ၅၀ ပါ စစ်ကောင်ယာဥ် ၂ စီးကို ပဒါန်း-ငဖဲ-စေတုတ္တရာကားလမ်းပိုင်း၊ငဖဲမြို့နယ်၊ညောင်ကိုင်းကျေးရွာအနီးတွင် မိုင်းဆွဲတိုက်ခိုက်ပြီးလက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အပြန်အလှန်ပစ်ခတ်မှု မိနစ် ၂၀ ဝန်းကျင်ခန့်ဖြစ်ပွားရာ စစ်သား ၁ ဦးသေဆုံးပြီး ၆ ဦးဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်း မင်းဘူးခရိုင်အမှတ်-၈ တပ်ရင်း WOLFက ထုတ်ပြန်သည်။

“ကား ၂ စီးထဲကနေ ရှေ့ဆုံးကားကို မိုင်းဆွဲလိုက်တဲ့အချိန် ကားက ထိုးရပ်သွားတော့ နောက်ကကားလည်း ထပ်ရပ်သွားတယ်။အဲ့ဒီအချိန်မှာပဲ စပစ်တော့တာ။အပြန်အလှန်ပစ်ချိန် မိနစ် ၂၀ လောက်ရှိတယ်။နာရီဝက်လောက်ကြာတော့ မစခ-၉၀၅ နဲ့ ကပစ ၁၄ ကနေ ကားကြီး ၃ စီး ကလေး ၃ စီးနဲ့ စစ်ကူလာလို့ ကျနော်တို့လည်းပြန်ဆုတ်လာခဲ့ရတာ”ဟု မင်းဘူးခရိုင်အမှတ်-၈ တပ်ရင်း မှ တာဝန်ရှိသူကပြောသည်။

ယင်းမိုင်းဆွဲတိုက်ခိုက်မှုအပြီးတွင် ပဒါန်းမြို့နယ်အခြေစိုက် အမြောက်စခန်းကွပ်ကဲမှုဌာနချုပ်(မစခ)-၉၀၅ နှင့်ငဖဲမြို့နယ်အခြေစိုက် ပကစ-၁၄ တို့မှ စစ်ကား ၃ စီး Double Cub ၃စီးဖြင့် စစ်ကူလာသောကြောင့် တော်လှန်ရေးတပ်ဖွဲ့များ ထိခိုက်မှုမရှိပြန်လည်ဆုတ်ခွာလာခဲ့ကြောင်းသိရသည်။

“ပျက်းတဲ့ကားက ညနေထိ အဲ့ဒီနေရာမှာပဲရှိတယ်။ကျန်တဲ့ကားကတော့ ငဖဲကို ပြန်ဆုတ်သွားတယ်။ဒဏ်ရာရရှိသူတွေကိုတော့ ငဖဲဆေးရုံကိုပို့တယ်။စိုးရိမ်ရတဲ့သူကိုတော့ မကွေးကိုပို့တယ်လို့ ကျနော်တို့ အတွင်းသတင်းအရ သိရပါတယ်”ဟု ၎င်းကဆိုသည်။

ယင်းတိုက်ခိုက်မှုအတွင်း သေဆုံးစစ်သားနှင့်ဒဏ်ရာရရှိသူများကို လူနာတင်ကား ၂ စီးဖြင့် ငဖဲမြို့နယ်သို့ပို့ဆောင်ပြီး ဒဏ်ရာပြင်းထန်သူများကို မကွေးဆေးရုံသို့ပို့ဆောင်ခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို မင်းဘူးခရိုင်အမှတ် ၈ တပ်ရင်း၊ချင်းကာကွယ်ရေးတပ်-အရှို(CDF-Asho)နှင့်ငဖဲမြို့နယ်(ပကဖ)တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ဓာတ်ပုံ-မင်းဘူးခရိုင်အမှတ်-၈တပ်ရင်း

#မကွေး #ငဖဲ #တိုက်ပွဲ #PDF #စစ်ကောင်စီ

#Telegram Link
https://t.me/YPCFighter

#Yangon Police CDM Fighter

အမရပူရ၊ မြစ်ငယ်မြို့ ၊ ၁၃ ရပ်ကွက် အုပ်ချုပ်ရေးမှူး စောနေထွန်း အရက်ဆိုင်တွင် ဆက် ကြေးကောက်ခံနေစဉ် ပစ်ခတ်ခံရပြီး သေဆုံး

၂၀၂၅၊ ဇန်နဝါရီလ ၃ ရက်

မန္တလေးမြို့၊ အမရပူရမြို့နယ်၊ မြစ်ငယ်မြို့၊ မြို့မ အုပ်စု (၁) ၁၃ ရပ်ကွက် အုပ်ချုပ်ရေးမှူး စောနေ ထွန်းသည် ဂျက်ဝမ်း အရက်ရောင်းဝယ်ရေးဆိုင်တွင် ဆက်ကြေးကောက်ခံနေစဉ် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ပစ်ခတ်ခဲ့သော တော်လှန်ရေးတပ်ဖွဲ့ သတင်းရင်းမြစ်က ပြောကြားသည်။

ဇန်နဝါရီလ ၁ ရက်နေ့ ညနေ ၆ နာရီ ၁၀ မိနစ်အချိန် မန္တလေးတိုင်း၊ အမရပူရမြို့နယ်၊ မြစ်ငယ်မြို့၊ ရန်ကင်းရပ်ကွက်၊ စစ်ကိုင်း -မြစ်ငယ်ဒွေး လမ်းဘေး၊ “ဂျက်ဝမ်း” အရက်ရောင်းဝယ်ရေးဆိုင်ရှေ့တွင် လမ်းဖြတ် ကူးနေစဉ် ပစ် ခတ်ခဲ့ရာ ညာဘက်ရင်အုံကျည်ဖောက်ဝင်ဒဏ်ရာတစ်ချက်ရရှိပြီး မန္တလေးပြည်သူ့ ဆေးရုံကြီးသို့ ပို့ ဆောင်ကုသနေစဉ် ယင်းနေ့ ည ၈ နာရီအချိန်သေဆုံးသွားခဲ့ကြောင်း သိရသည်။

“အုပ်ကြီးစောနေထွန်းရယ်။ လက်နက်ကိုင် ပျူ ၈ ဦးရယ် ကား ၂ စီးနဲ့ ဂျက်ဝမ်း အရက်ရောင်း ဝယ် ရေး ဆိုင်မှာ ဆက်ကြေးကောက်ရင်း သောက်စားနေကြတယ်လို့ သတင်းရလို့ သွားပစ်ခဲ့တာပါ” ဟု တော်လှန်ရေးတပ်ဖွဲ့ သတင်းရင်းမြစ်က ပြောကြားသည်။

သေဆုံးသူ ရပ်ကွက်အုပ်ချုပ်ရေးမှူးစောနေထွန်းသည် စစ်ကောင်စီ အုပ်ချုပ်ရေးယန္တရား လည်ပတ်နိုင်ရန်အဓိက ထောက်ပံ့ လုပ်ဆောင်ပေးနေသူဖြစ်ပြီး ပျူစောထီးအဖွဲ့ကိုလည်း ဖွဲ့စည်းထားကြောင်း၊ ၎င်း၏နောက်လိုက်အပေါင်းပါများနှင့်အတူ ရပ်ကွက်နေပြည်သူလူထုအပေါ် ငွေညှစ်ခြင်း ၊ မမှန်သတင်းပေးတိုင်တန်းခြင်း၊ ဖမ်းဆီးနှိပ်စက်ခြင်း၊ စစ်ကောင်စီအတွက်ဆက်ကြေး ကောက်ပေးခြင်းတို့ လုပ်ဆောင်သူနေသူဖြစ်ကြောင်း သိရသည်။

#Telegram Link
https://t.me/YPCFighter

#Yangon Police CDM Fighter

ဥသျှစ်ပင်မြို့အနီးရှိ ​တောင်ပုံကြီး စစ်စခန်းကို
AA နှင့် မဟာမိတ်များတိုက်ခိုက်

၂၀၂၅၊ ဇန်နဝါရီလ ၂ ရက်

ပြည်ခရိုင်၊ ဥသျှစ်ပင်မြို့အနီးရှိ တောင်ပုံကြီးစစ် ကောင်စီတပ်စခန်းကို အာရက္ခတပ်တော်(AA)နှင့် မဟာမိတ်များက တိုက်ခိုက်နေပြီး ၂ ရက်ဆက်တိုက်ပွဲပြင်းထန်နေကြောင်း ဒေသခံအချို့ကပြောသည်။

တောင်ကုတ်မြို့နှင့်ဆက်စပ်နေပြီး ရခိုင်ရိုးမှပေါ်ရှိ တောင်ပုံကြီးစစ် ကောင်စီစခန်းကို ဇန်နဝါရီလ ၁ရက်နေ့နံနက်တွင် AAက စတင်တိုက်ခိုက်ခြင်းဟု ဥသျှစ်ပင်မြို့ဒေသခံတစ်ဦးကပြောသည်။

"AAနဲ့ မဟာမိတ်တွေပါတယ်လို့သိရတယ်။ တိုက်
ပွဲဖြစ်တဲ့နေရာတွေကို စစ်တပ်က ၂ရက်စလုံးလေကြောင်းတိုက်တယ်။ ဒီနေ့လည်း တိုက်ပွဲဆက်ဖြစ်နေတယ်။ မြို့နဲ့ဝေးတော့ မြေပြင်အခြေအနေကို မေးဖို့ စမ်းဖို့ခက်နေတယ်" ဟု ဒေသခံတစ်ဦးကပြောသည်။

စစ်ကောင်စီဝါဒဖြန့်ချိရေးလူမှုကွန်ရက်စာမျက်နှာများတွင် တောင်ပုံကြီးစစ် ကောင်စီစခန်းတိုက်
ခိုက်ခံနေရပြီး တော်လှန်ရေးတပ်ဖွဲ့များက ပြည်ခရိုင်အတွင်း စစ်ပွဲများဖော်ဆောင်လာနိုင်ကြောင်း ရေးသားနေကြသည်။

ဥသျစ်ပင်မြို့သည် ပြည်မြို့နှင့် ဧရာဝတီမြစ်ခြားလျက်တည်ရှိပြီး ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်အတွင်း ပါဝင်သည်။ တောင်ကုတ်မြို့နှင့် ကုန်း
လမ်းသွယ်ရေးရှိသည်။ တောင်ကုတ်မြို့ကို AAက တိုက်ခိုက်သိမ်းယူစဉ် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာရရှိများသည် တောင်ကုတ်
-ဥသျှစ်ပင်လမ်းမှတဆင့် ထွက်ပြေးခဲ့ကြသည်။ ဥသျှစ်ပင်တွင် စစ်ကောင်စီ၏ ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ) ရှိသည်။

ဥသျှစ်ပင်မြို့ရှိ စစ်​ကောင်စီဝန်ထမ်းများမှာ AA က အမ်းမြို့ကိုရလုနီးအချိန်တွင် ပြည်မြို့ဘက်သို့ ကြိုတင် တိမ်း​ရှောင်သွားကြ​ကြောင်း ​ဒေသခံအချို့က​ပြောသည်။

လက်ရှိတိုက်ပွဲအတွင်း စစ်ကောင်စီက ဥသျှစ်ပင်မြို့အနီး စွပ်ပျက်ရွာ၊ မိုက်ကရိုရွာ၊ သပြေရွာတို့ကို လေကြောင်းမှဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်နေကြောင်း သတင်းရရှိသည်။ လေကြောင်းတိုက်
ခိုက်မှုအတွင်း အရပ်သားထိခိုက်သေဆုံးမှုရှိသော်လည်း အသေးစိတ်မသိရှိရသေးကြောင်း AA ၏မဟာမိတ်တော်လှန်ရေးတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးကပြောသည်။

(ဥသျှစ်ပင်မြို့တ​နေရာ ။ဓါတ်ပုံ-CJ)

#Telegram Link
https://t.me/YPCFighter

#Yangon Police CDM Fighter

မိတ္ထီလာ ရှမ်းတဲ လေတပ်စခန်းကို ဒရုန်း ၂၄ စီးဖြင့် တိုက်ခိုက်မှု Y-12 လေယာဉ် ၂ စီး ထိခိုက်ပျက်စီးပြီး အရာရှိ ၂ ဦး အပါအဝင် စစ်ကောင်စီ တပ်သား ၆ ဦး ဒဏ်ရာရ

၂၀၂၄ ။ နိုဝင်ဘာလ ၁၂ ရက်

မန္တလေးတိုင်း၊ မိတ္ထီလာမြို့နယ်၊ ရှမ်းတဲ လေတပ်စခန်းကို ဒရုန်း ၂၄ စီးဖြင့် တိုက်ခိုက်ရာ Y-12 လေယာဉ် ၂ စီး ထိခိုက်ပျက်စီးပြီး အရာရှိ ၂ ဦ.အပါအဝင် စစ်ကောင်စီ တပ်သား ၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပကဖ ပြောဆိုသည်။

နိုဝင်ဘာလ ၁၁ ရက်နေ့ နံနက်အစာပိုင်း မိတ္ထီလာ ရှမ်းတဲ လေတပ်စခန်းများဖြစ်သော လေကြောင်းအတတ်သင် အရာရှိ အိမ်ရာ ၊ ခဲယမ်းသိုလှောင်ရုံ၊ လေကြောင်းထုတ်လုပ် အရာရှိ ရိပ်သာ ၊ တပ်မတော်အကြီးစားစက်ရုံ ၁၀ အရာရှိရိပ်သာ ၊ ရေဒါ စခန်းနှင့် တပ်မ ၉၉ တို့ကို တော်လှန်ရေးတပ်ဖွဲ့များက ဒရုန်း ၂၄ စီးဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှု အတွင်း ထိခိုက်ပျက်စီးမှု အများဆုံးသည် ရှမ်းတဲလေတပ်နှင့် ထိစပ်လျက်ရှိတဲ့ ထုတ်လုပ်ရေး တပ်များဖြစ်ပြီး Y-12 စစ်လေယာဉ် ၂ စီး ထိခိုက်ပျက်စီးမှု ရှိခဲ့ကြောင်း၊ ထို့ပြင် အကြမ်းဖက် စစ်တပ်၏ ထုတ်လုပ်ရေး အဆောက်အဦ ၂ လုံးလည်း ထိခိုက် ပျက်စီးခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် စစ်တပ်ဘက်မှ အရာရှိ ၂ ဦး နှင့် တပ်သား ၄ ဦး ထက်မနည်း ထိခိုက်ခဲ့ပြီး တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ဖုန်းများကို သိမ်းယူပြီး လေတပ်စခန်းဝင်းအတွင်းရှိ သူများအားလုံးကို ပြင်ပနှင့် အဆက်အသွယ်ဖြတ်ရန် ကြိုးစားခဲ့ကြောင်း၊ မီးသတ်ကား ၂ စီးလည်း လေတပ်ဝင်းအတွင်း ဝင်ရောက်ခဲ့ပြီး မီးငြိမ်းသတ်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို မိတ္ထီလာမြို့နယ် ပကဖ၊ မိတ္ထီလာ ပကဖ ဒရုန်းတပ်ဖွဲ့၊ မိတ္ထီလာခရိုင် တပ်ရင်း (၃)၊ ၁၈၂၅ စစ်ကိုင်းခရိုင် ဒရုန်းတပ်ဖွဲ့၊ မြင်းခြံခရိုင် တပ်ရင်း ၈ နဲ့ အမည်မဖော်လိုတဲ့ ပူးပေါင်းမဟာမိတ်အဖွဲ့များက အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၏ ထောက်ပံ့ကူညီမှု၊ ရှာထူးဝေါ် နည်းပညာ အဖွဲ့၏ နည်းပညာပိုင်း အကူအညီနှင့် ရွှေလင်းယုန် Drone အထူးစစ် ဆင်ရေး အဖြစ် ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

ဓာတ်ပုံ- မိထ္တီလာ လေကြောင်းအတတ်သင်လေတပ်စခန်းဌာနချုပ်သို့ ရောက်ရှိခဲ့သော အကြမ်းဖက်မင်းအောင်လှိုင်။ (ပုံအဟောင်းဖြစ်ပါသည်။)

#Telegram Link
https://t.me/YPCFighter

#Yangon Police CDM Fighter

ပွင့်ဖြူမြို့နယ်ရှိ ကျေးရွာသုံးရွာကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်

၂၀၂၄ ။ နိုဝင်ဘာလ ၁၂ ရက်

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်တောင်ပိုင်းရှိ ကျေးရွာအချို့၌ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက ယ‌နေ့( နိုဝင်ဘာ ၁၂ရက်)နေ့လယ်ပိုင်းတွင် ကျေးရွာ သုံးရွာကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

သုံးမိုင်ပေါက်၊ ကျွဲခြံနှင့် လယ်မကျေးရွာကို ဂျက်ဖိုက်တစ်စီးဖြင့် ဗုံးငါးလုံးကြဲချ တိုက်ခိုက်ခဲ့ခြင်းဟု ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မင်းဘူးခရိုင်အမှတ်(၇) တပ်ရင်းက သတင်းထုတ်ပြန်သည်။

နေ့လယ် ၁နာရီတွင် လေကြောင်းမှတိုက်ခိုက်ခြင်းဖြစ်ပြီး ထိခိုက်မှုအခြေအနေကို မသိရှိရသေးပေ။

"နိမ့်နိမ့်လေးပျံတာဗျ။ အသံကျယ်တယ်။ ဖုန်းလိုင်းတွေ ဖြတ်ထားတော့ ဘာမှမေးမရဘူးဖြစ်နေတယ်ဗျ။ ဂျက်ဖိုက်တာတွေက ပတ်ပျံနေသေးတယ်။ ရွာဘက်တွေမှာ တိုက်ပွဲဖြစ်နေတာက မှန်တယ်။ သုံးလေးရက်လောက်ရှိနေပြီ"ဟု ပွင့်ဖြူမြို့ခံတစ်ဦးက ပြောသည်။

လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်မှုကို စုံစမ်းနေဆဲဖြစ်ကြောင်း မင်းဘူးခရိုင်အမှတ်(၇) တပ်ရင်းက ထုတ်ပြန်သည်။

စစ်ကောင်စီသည် နိုဝင်ဘာ ၉ ရက် နံနက်ကစ၍ ပွင့်ဖြူမြိုနယ်၊ မဲဇလီနယ်မြေရဲစခန်း၌ အင်အားဖြည့်တင်းပြီး အနီးရှိကျေးရွာများကို စစ်ကြောင်းထိုးကာ လက်နက်ကြီးများဖြင့် ပစ်ခတ်နေသည်။

ထို့အပြင် စစ်ကောင်စီတပ်စစ်ကြောင်းကြောင့် ပွင့်ဖြူမြို့နယ်တောင်ပိုင်း ကျေးရွာများမှ ဒေသခံပြည်သူများ ထွက်ပြေးတိမ်းရှောင်နေကြရသည်။

စစ်ရေးတင်းမာနေမှုကြောင့် မင်းဘူးမြို့နှင့် ပွင့်ဖြူမြို့ ဆက်သွယ်ထားသည့် ပုသိမ် - မုံရွာကားလမ်းပိုင်းရှိ ဝန်လိုရွာ၊ခိုနန်းရွာ၊ သုံးမိုင်ပေါက်၊ ငါးမိုင်ပေါက် လမ်းပိုင်းများကို လုံးဝအသုံးမပြလည်း ကြရန် မင်းဘူးခရိုင်အမှတ်(၇) တပ်ရင်းက နိုဝင်ဘာ ၉ရက်တွင် သတိပေးထားသည်။

#Telegram Link
https://t.me/YPCFighter

#Yangon Police CDM Fighter

မှော်ဘီလေတပ်စခန်း ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်ခံရပြီး မြောက်ဥက္ကလာပလျှပ်စစ်ရုံးကိုလည်း လက်ပစ်ဗုံး ၂ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွား

၂၀၂၄ ။ နိုဝင်ဘာလ ၉ ရက်

ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်ရှိ မှော်ဘီလေတပ်ကို ယနေ့ နံနက် ၁ နာရီဝန်းကျင်အချိန် ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်မှုဖြစ်ပွားပြီး ပေါက်ကွဲသံများကို ထွက်ပေါ်လာကြောင်း လေတပ်အနီးနေထိုင်သူ ဒေသပြည်သူများနှင့် တော်လှန်ရေး သတင်းရင်းမြစ်တချို့က အတည်ပြုပြော ဆိုသည်။

ယနေ့ နိုဝင်ဘာလ ၉ ရက်နေ့ နံနက် ၁ နာရီဝန်းကျင်အချိန် မှော်ဘီလေတပ်အတွင်းသို့ ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်သံများကြားရပြီး ပေါက်ကွဲသံ ၂ ကြိမ်ခန့်မှာ အလွန်ကျယ်လောင်ကြောင်း၊ ထပ်မံ၍ အနည်းငယ်သာ ကြားရသော ပေါက်ကွဲသံ တချို့ကိုလည်း ဆက်လက် ကြားရကြောင်း မှော်ဘီလေတပ်အနီးရှိ တပ်ကြီးကုန်းကျေးရွာမှ ပြည်သူတချို့က ပြောဆိုကြသည်။

"ပေါက်ကွဲသံတွေကြားရတာ။ အဲဒါ လေတပ်ထဲက မိတ်ဆွေကို လှမ်းမေးတော့ ရှော့တိုက်ဒုံးနဲ့လာပစ်တာလို့ပြောတယ်။ ဘာတွေ ထိလဲမေးတော့ မသိသေးဘူးဆိုပြီးပြောတယ်။ ဒီမနက်အထိတော့ အဆက်အသွယ်မရသေးဘူး။ အရင် ပေါက်ကွဲသံအကျယ်ကြီး ၂ ချက်။ နောက်ပေါက်ကွဲသံ ခပ်သေးသေး ၁ ချက် ကြားရတယ်" ဟု တပ်ကြီးကုန်းကျေးရွာမှ ပြည်သူတစ်ဦးက ပြောဆိုသည်။

ရန်ကုန်အခြေစိုက် တော်လှန်ရေး သတင်းရင်းမြစ်တချို့ကလည်း မှော်ဘီလေ တပ်ကို ရှော့တိုက်ဒုံး ၄ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားခဲ့ကြောင်း အတည် ပြုပြောဆိုကြသည်။

အလားတူ ရန်ကုန်မြို့၊ မြောက်ဥက္ကလာမြို့နယ်၊ အဝိုင်းကြီးရှိ EPC ရုံး၌ စောင့်နေသော အကြမ်းဖက်စစ် ကောင် စီတပ်သားများကို လက်ပစ်ဗုံး ၂ လုံးဖြင့်ဖောက်ခွဲတိုက်ခွဲတိုက်ခိုက်ခဲ့ကြောင်း မြောက်ဥက္ကလာပမြို့ နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ယမန်နေ့ နိုဝင်ဘာလ ၈ ရက်နေ့ ည ၇ နာရီခန့်အချိန် မြောက်ဥက္ကလာမြို့နယ်၊ အဝိုင်းကြီးရှိ EPC ရုံးတွင် အစောင့် ချထားသော အကြမ်းဖက်စစ်တပ်ကို ပြင်းအားမြင့် လက်ပစ်ဗုံး ၂ လုံးဖြင့် ပစ်ခတ်ဖောက်ခွဲတိုက် ခိုက်ခဲ့ရာ ထိရောက်စွာပေါက်ကွဲခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်သား ထိခိုက်သေဆုံးမှုကို စုံစမ်း နေဆဲဖြစ်ကြောင်း သိရသည်။

“မိုင်းခွဲပြီးတော့ EP ရုံးနားမှာ ရဲခွေး၊ စစ်ခွေးတွေ အများကြီးရောက်နေတယ်။ လက်ရှိတော့ ခွေးတွေ ပြုံနေပြီ။ ခွဲပြီးမကြာဘူး စစ်ခွေးတွေထွက်လာပြီး မိုက်မိုက်ရိုင်းရိုင်းဆဲဆိုနေတာကြားခဲ့ရတယ်။ ပေါက်ကွဲမှုကလည်း အတော်ပြင်းတယ်။ မရမ်းကုန်းဘက်က အထိပါတယ်ကြားရတယ်လို့ သိရပါ တယ်” ဟု မြောက်ဥက္ကလာပမြို့ နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို ပြည်သူကာကွယ်ရေး မြောက်ဥက္ကလာပမြို့နယ် (ပကဖ)နှင့် ပူးပေါင်း မဟာ မိတ် Yangon UG People Army တို့ ပူးပေါင်းကာ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး မြို့ပြ ပြောက်ကျား တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ- စစ်ကောင်စီ၏ လေတပ်စခန်းမှ တိုက်လေယာဉ်တစ်စီး။ (ပုံအဟောင်းဖြစ်ပါသည်။)

#Telegram Link
https://t.me/PCDMchannel

#Myanmar Police CDM Channel

စစ်ခေါင်းဆောင်မင်းအောင်လှိုင် တရုတ်သွားသည့်နေ့တွင် စစ်တပ်က မြို့ရွာများ လေကြောင်းတိုက်ခိုက်နေ

၂၀၂၄ ။ နိုဝင်ဘာလ ၅ ရက်

အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင် တရုတ်နိုင်ငံသို့ သွားသည့်နေ့တွင် စစ်တပ်က ယနေ့(နိုဝင်ဘာ ၅ရက်)နံနက်အစောပိုင်းတွင် လားရှိုးနှင့် မင်းတပ်မြို့အပါအဝင် အခြားဒေသများအား လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်နေကြောင်း အဆိုပါမြို့ဒေသခံများက ပြောသည်။

‌နေပြည်တော် အေလာလေတပ်မှတက်လာသည့် ဂျက်ဖိုက်တာသည် ယနေ့ နံနက်စော နံနက် ၁နာရီ ၄၂ မိနစ်နှင့် ၁နာရီ ၄၇မိနစ်တွင် ဗုံးလေးလုံးကြဲပြီး ပွိုင့်ဖိုက်စက်သေနတ်ဖြင့်ပါ ပစ်ခတ်သွားသည်ဟု မင်းတပ်မြို့နယ်တွင်းအခြေအနေများကို ဖော်ပြပေးနေသည့် ကိုဟာကလေးက လူမှုကွန်ရက်မှတဆင့် အသိပေးထားသည်။

စစ်ကောင်စီသည် မင်းတပ်မြို့ပေါ်ရှိ နေအိမ်အချို့ကို ယမန်နေ့ကလည်း မီးရှို့ဖျက်ဆီးခဲ့သေးသည်။ စစ်ကောင်စီ၏ ‌ လေကြောင်းအန္တရာယ်ကိုရော မြေပြင်စစ်ကြောင်းကိုပါ သတိပြုရန် မင်းတပ်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(CDF-Mindat) က သတိပေးထားသည်။

" မြို့တောင်ပိုင်းကို ပစ်တာ။ စက်သေနတ်နဲ့ပါ ပတ်ပစ်သွားတာ။ လက်ရှိ သိသလောက်ကတော့ အထိအခိုက်မရှိဘူးပေါ့လေ။ ဒါပေမယ့် မြေပြင်ကို သွားကြည့်ဖို့တော့ မရတော့ အထိအခိုက်ကို ဘာမှန်းမသိရသေးဘူး"ဟု မင်းဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီသည် ပြီးခဲ့သည့် အောက်တိုဘာအတွင်း လေကြောင်းမှ ၇၇ကြိမ်တိုက်ခိုက်ခဲ့ပြီး နေအိမ် ၄၀ နီးပါးကို မီးရှို့ဖျက်ဆီးခဲ့သည်ဟု CDF-Mindatက နိုဝင်ဘာ ၁ရက်တွင် ထုတ်ပြန်ထားသည်။

" တစ်လအတွင်း ၇၇ကြိမ်။ တစ်နေ့ ၂ကြိမ်မကဘူး ပစ်တာ။ လေကြောင်းအန္တရာယ်ကို ဒေသခံတွေအတွက် ပိုပြီးတော့ကို သတိထားဖို့ လိုအပ်တယ်" ဟု ချင်းကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။

ထို့အပြင် ကိုးကန့်တပ်မတော်(MNDAA) ထိန်းချုပ်ထားသည့် လားရှိုးမြို့၊ တအာင်းတပ်မတော် (TNLA) ထိန်းချုပ်ထားသည့် နောင်ချိုမြို့နှင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် တိုက်ပွဲများဖြစ်ပွားနေသည့် မိုးမောက် - ဗန်းမော်ကြားကို လေကြောင်းတိုက်ခိုက်မှုထပ်မံပြုလုပ်ခဲ့ကြောင်း သတင်းရင်းမြစ်အချို့က ပြောသည်။

ယနေ့ (နိုဝင်ဘာ ၅ရက်) နံနက်အစောတွင် လားရှိုးမြို့ကို လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့ဟု ရှမ်းမြောက် စစ်ရေး၊ နိုင်ငံရေးလေ့လာသူ ဦးဇော်ဆန်က ပြောသည်။

လားရှိုးမြို့ဒေသခံ မနော်ဖောကလည်း စစ်ကောင်စီတပ်သည် နံနက်စော ၁၂နာရီ ၄၄မိနစ်နှင့် ၁၂နာရီ ၄၉ မိနစ်တွင် လားရှိုးမြို့ကို လေကြောင်း တိုက်ခိုက်ခံခဲ့ရသည်ဟု အသိပေးထားသည်။ တည်နေရာကို စုံစမ်းဆဲဖြစ်ပြီး ဒေသသတင်းရင်းမြစ်အချို့က လားရှိုးမြို့ မယ်ဟန်ဘက်၌ တိုက်ခိုက်ခံရသည်ဟု အသိပေးထားသည်။

“မနေ့က ညနေပိုင်း ၂နာရီ ၄၀ ဝန်းကျင်မှာလည်း နောင်ချိုမြို့နယ်ကို စစ်ကောင်စီက လေကြောင်း တိုက်ခိုက်မှု ပြုလုပ်ခဲ့တယ်လို့ ဒေသခံတစ်ဦး ပြောကြားထားတာရှိပါတယ်။ လောလောဆယ်ရှမ်းမြောက်မှာ စစ်ကောင်စီက TNLA နဲ့ MNDAA ထိန်းချုပ်ထားတဲ့နေရာတွေ အဓိက လေကြောင်း တိုက်ခိုက်မှု ပိုမိုလုပ်ဆောင်လာနေပါတယ်။  စစ်ကောင်စီရဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် ရှမ်းမြောက် အထူးသဖြင့် နောင်ချို၊ လားရှိုး၊ သိန္နီ၊ လောက်ကိုင် ၊နမ့်ခမ်း ဒေသတွေမှာရှိတဲ့ အရပ်သား ပြည်သူလူထုတွေ ထိခိုက်နစ်နာသေဆုံးမှု တော်တော်များသွားပါပြီ”ဟု ရှမ်းမြောက်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

ထို့အပြင် ကချင်ပြည်နယ် မိုးမောက် - ဗန်းမော်ကြား ၇မိုင် အောင်မြေရွာအနီးဝန်းကျင်ကိုလည်း စစ်ကောင်စီက ယမန်နေ့ နိုဝင်ဘာ ၄ရက်ည ၉နာရီခွဲတွင် လေကြောင်းတိုက်ခိုက်ခဲ့ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

အဆိုပါနေရာတွင် KIAနှင့် စစ်ကောင်စီအကြား တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေခြင်းဖြစ်ပြီး စစ်ကောင်စီက ၎င်းတို့ လက်လွှတ်ထားရသည့် မိုးမောက် ခမရ(၄၃၇) ပြန်သိမ်းပိုက်နိုင်ရေး လေကြောင်း ပစ်ကူရယူပြီး ထိုးစစ်ဆင်နေခြင်းဖြစ်သည်။

“ထိခိုက်သေဆုံးမှုရှိမရှိတော့ အခုအချိန်ထိ ဘာမှ သတင်းမရသေးပါဘူး”ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်သည် ယနေ့  နံနက် ၆ နာရီ ၃၀မိနစ်တွင်  MAI၏ အထူးလေယာဉ် Airbus 319 -XYALK ဖြင့် တရုတ်နိုင်ငံ၊ ကူမင်းမြို့သို့ ထွက်ခွာသွားသည်။

စစ်​ခေါင်း​ဆောင်မင်းအောင်လှိုင်သည် တရုတ်၏ ဖိတ်ကြားချက်အရ နိုဝင်ဘာ ၆ ရက်မှ နိုဝင်ဘာ ၇ ရက်အထိ ကူမင်းတွင်ကျင်းပမည့် မဲခေါင်နိုင်ငံများ အစည်းအဝေးသို့တက်ရောက်မည်ဖြစ်သည်။ နိုဝင်ဘာ ၁၀ ရက် ညနေပိုင်းတွင် နေပြည်တော်သို့ ပြန်ရောက်မည်ဟုသိရသည်။

(ယနေ့နံနက်က လားရှိုးမြို့ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးမှုများ။ ဓာတ်ပုံ - CJ)

#Telegram Link
https://t.me/PCDMchannel

#Myanmar Police CDM Channel

အာဏာသိမ်း​ခေါင်း​ဆောင်တရုတ်သွား​သော​နေ့တွင် ​နေပြည်​တော်အေလာလေဆိပ်မိုင်းပေါက်ကွဲ

၂၀၂၄ ။ နိုဝင်ဘာလ ၅ ရက်

အာဏာသိမ်းစစ်ခေါင်းဆောင်စီးနင်း​သော​ လေ
ယာဥ် တရုတ်သို့ထွက်ခွာပြီး ၂ နာရီခန့်အကြာ နေပြည်တော် အေလာလေဆိပ်၌ လက်လုပ်မိုင်းပေါက်ကွဲခဲ့​ကြောင်း စုံစမ်းသိရသည်။

​လေဆိပ်မိုင်း​ပေါက်ကွဲမှုသည်စစ်ခေါင်းဆောင်အားလုပ်ကြံမှုဟု စစ်တပ်အသိုင်းအဝိုင်းနှင့် ရဲတပ်
ဖွဲ့က သုံးသပ်နေကြသည်။

"တပ်ချုပ်လေယာဉ်ထွက်ပြီး နည်းနည်းကြာတော့ ပေါက်ကွဲသံကြားတာပဲ။ ဒါက တပ်ချုပ်လုပ်ကြံမှုကြီးလားလို့ ရှော့ခ်ဖြစ်ကုန်ကြတယ်။ စရဖရော စစ်တပ်ရော ရဲတွေရော  အကုန်လုံး ခေါင်းမီး
တောက်နေပြီ" ဟု အေလာလေဆိပ်နှင့် နီးစပ်သူတစ်ဦးကပြောသည်။

အေလာလေယာဉ်ကွင်းပြေးလမ်း နှင့် ကားလမ်း
ကြားတွင် ယနေ့(နိုဝင်ဘာ ၅ ရက်)နံနက်၈နာရီ ၂၀မိနစ်ဝန်းကျင်တွင်  လက်လုပ်မိုင်းဖောက်ကွဲခဲ့ခြင်းဖြစ်​ကြောင်းသိရသည်။

အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည်  ယနေ့  နံနက် ၆ နာရီ ၃၀ မိနစ်တွင်  MAI၏ အထူးလေယာဉ် Airbus 319 -XYALK ဖြင့် တရုတ်နိုင်ငံ၊ ကူမင်းမြို့သို့ ထွက်ခွာသွားခြင်းဖြစ်သည်။

" မနေ့ကတည်းက လေယာဉ်ကွင်းကို စစ်တပ်က လုံခြုံရေးယူခဲ့တာ။ အခု ပေါက်ကွဲတာက လက်
လုပ်မိုင်းဖြစ်တယ်။ ဒီလေယာဉ်ကွင်းကို သာမန်အချိန်တောင် အပြင်လူဝင်ဖို့မလွယ်ဘူးလေ။တပ်ချုပ်ခရီးစဉ်ရှိတဲ့နေ့ကျမှဖြစ်တာ။ ကျနော်တို့အ
ဆင့်တွေ လိုက်မမီနိုင်တော့ဘူး" ဟု အေလာလေဆိပ်နှင့် နီးစပ်သူကဆက်​ပြောသည်။

စစ်အုပ်စုသည်  အေလာလေဆိပ်အတွင်းဝန်ထမ်းများကို ဖမ်းဆီးစစ်ဆေးနေပြီး လေဆိပ်ပတ်ဝန်း
ကျင်တွင်လည်း ကားများဖြင့် ကင်းလှည့်နေကြောင်း စုံစမ်းသိရသည်။

အဆိုပါပေါက်ကွဲမှုသည် အာဏာသိမ်းစစ်ခေါင်း
ဆောင်အား လုပ်ကြံမှုဖြစ်ကြောင်း ​လေဆိပ်မိုင်းကွဲမှုသတင်းကိုပထမဆုံး​ရေးသား​ဖော်ပြခဲ့​သောစစ်​ကောင်စီ​လော်ဘီ ကြီးအာပလာ (KRPL)တယ်လီဂရန်ကလည်း ရေးသားထားသည်။

အာဏာသိမ်း​ခေါင်း​ဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် တရုတ်၏ ဖိတ်ကြားချက်အရ နိုဝင် ဘာလ ၆ ရက်နေ့မှ နိုဝင်ဘာလ ၇ ရက်နေ့ အထိ ကူမင်းတွင် ကျင်းပမည့် မဲခေါင်နိုင်ငံများ အစည်း အဝေး သို့တက်ရောက်မည်ဖြစ်သည်။နိုဝင်ဘာလ ၁၀ ရက်နေ့ ညနေပိုင်းတွင် နေပြည်
တော်သို့ ပြန်ရောက်မည်ဟုသိရသည်။ယနေ့ထွက်ခွာသွားသည့်၎င်း၏တရုတ်ခရီးစဉ်ကို စစ်ကောင်စီဒုတိယခေါင်းဆောင်လည်း လေဆိပ်သို့ လိုက်လံနှုတ်ဆက်သည်ကိုတွေ့ရသည်။

စစ်ခေါင်းဆောင်သည် ၂၀၂၂ နောက်ပိုင်း ပထမဆုံးပြည်ပခရီးစဉ်သွားရောက်ခွင့်ရခြင်းဖြစ်ပြီး ၎င်းမရှိချိန် တပ်တွင်းအာဏာသိမ်းမှုဖြစ်လာနိုင်ခြေရှိကြောင်းလည်း နိုင်ငံရေးအသိုင်းအဝိုင်းတွင် မှန်းဆပြောဆိုခြင်းအချို့ရှိနေသည်။

(အာဏာသိမ်း​ခေါင်း​ဆောင်ကို ဒုအာဏာသိမ်း​ခေါင်း​ဆောင်က ​နေပြည်​တော်​လေဆိပ်တွင် လိုက်ပို့စဥ်။ဓါတ်ပုံ-စစ်​ကောင်စီ )

#Telegram Link
https://t.me/PCDMchannel

#Myanmar Police CDM Channel