Myanmar Police CDM Channel (@pcdmchannel) Kanalının Son Gönderileri

Myanmar Police CDM Channel Telegram Gönderileri

Myanmar Police CDM Channel
ပြည့်သူ့ရဲများ၏ CDM ၊
ပြည်သူတို့၏ အားမာန် ၊
မဝေးတော့သည့် ဒီမိုကရေစီနိုင်ငံ။

ခေတ်မှီ၍ တရားမျှတပြီး လွတ်လပ်ပွင့်လင်းသော ပြည်သူ့ရဲတပ်ဖွဲ့ဆီသို့။
1,997 Abone
4,821 Fotoğraf
98 Video
Son Güncelleme 01.03.2025 04:27

Myanmar Police CDM Channel tarafından Telegram'da paylaşılan en son içerikler


ပျဉ်းမနားမြို့တွင် မူးယစ်ဆေး ရောင်းဝယ်ဖြန့်ဖြူး သုံးစွဲနေသော ကျော်သိန်းက လူ ၁ ဦးကို မီးရှို့သတ်ဖြတ်မှု ရဲများက ဖမ်းဆီး အရေးယူမှု မရှိ

၂၀၂၅၊ ဇန်နဝါရီလ ၁၄ ရက်

နေပြည်တော်၊ ပျဉ်းမနားမြို့တွင် မူးယစ်ဆေး ရောင်းဝယ် ဖြန့်ဖြူးနေသော ကျော်သိန်းဆိုသူက ဆေးကြောင်၍ လူ ၁ ဦးကို မီးရှို့သတ်ဖြတ်ခဲ့ပြီး အဆိုပါ သတ်ဖြတ်မှုအတွက် ရဲများက တရားခံကျော်သိန်း ကို ဖမ်းဆီးအရေးယူခြင်းမရှိကြောင်း အသတ်ခံရသူ၏ မိတ်ဆွေတချို့က ပြောဆိုသည်။

၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၇ ရက်နေ့ ညသန်းခေါင်အချိန် ပျဥ်းမနားမြို့၊ ဦးကျေး ရပ်ကွက် ပေ ၈၀ ယုဇနလမ်းတွင် မူးယစ်ဆေးဝါး ရောင်းဝယ် ဖြန့်ဖြူးနေသော ကျော်သိန်းဆိုသူက ဆေးကြောင်ပြီး ရပ်ကွက်နေ ပြည်သူ ၁ ဦးဖြစ်သူ ကိုနေနေကို ဓာတ်ဆီလောင်း၍ မီးရှို့ခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါ မီးရှို့ခံရမှု အတွင်း ရရှိခဲ့သော ဒဏ်ရာများကြောင့် ကိုနေနေသည် ဇန်နဝါရီလ ၁၂ ရက်နေ့တွင် သေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ မီးရှို့မှု ဖြစ်စဉ်နှင့် ပတ်သက်ပြီး ရပ်ကွက်နေ ပြည်သူများက ပျဉ်းမနားမြို့ ရဲစခန်းသို့ ဖြစ်စဉ်ဖြစ်ပွားချိန် သွားရောက် တိုင်ကြားခဲ့သော်လည်း ၁ လကျော်ကြာသည်အထိ တရားခံကို လိုက်လံဖမ်းဆီးခြင်းမရှိဘဲ မူးယစ်ဆေးဝါး ရောင်းဝယ် ဖြန့်ဖြူးနေသော ကျော်သိန်းသည် လက်ရှိချိန်အထိ ထွက်ပြေး လွတ်မြောက်နေကြောင်း သိရှိရသည်။

လတ်တလော ပျဉ်းမနားမြို့ပေါ်၌ မူးယစ်ဆေးဝါးများ အလွန်ပေါများစွာ ရောင်းချနေပြီး နေရာတိုင်းတွင် အလွယ်တကူ ဝယ်ယူနိုင်ကြောင်း၊ စစ်တပ်နှင့်ရဲများက မူးယစ်ဆေးဝါးများကို လိုင်းကြေးနှင့်ဆက်ကြေးရယူ၍ တရားဝင်သဖွယ် ခွင့်ပြုထားကြောင်း၊ ဆေးသုံးစွဲသူများပြားလာကာ ဆေးကြောင်၍ ဖြစ်ပွားသော မှုခင်းများလည်း အလွန်များပြားနေပြီး ကျူးလွန်သည့် တရားခံများကို ရဲများက လိုက်လံဖမ်းဆီးခြင်းမရှိကြောင်း သိရသည်။

"ပျဥ်းမနားမြို့ ဦးကျေး ရပ်ကွက် ပေ ၈၀ ယုဇနလမ်းမှာ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၇ ရက်နေ့က WYနဲ့ စိတ်ကြွဆေး ဖြန့်ဖြူး ရောင်းချတဲ့ ကျော်သိန်းက ရပ်ကွက်နေပြည်သူ ကိုနေနေကို ဓာတ်ဆီလောင်းပြီး မီးရှို့သတ်မှု တစ်ခုဖြစ်ပွားခဲ့တယ်။ ရဲတွေက တရားခံကို အခုထိ လိုက်မဖမ်းဆီးဘူး။ ၁ လကျော်ပြီလွတ်နေတာ မီးရှို့ခံရတဲ့ ကိုနေနေက ဇန်နဝါရီလ ၁၂ ရက်နေမှာ ဆုံးသွားပါပြီ မီးရှို့သတ်ဖြတ်ခဲ့တဲ့ တရားခံက WYနဲ့ စိတ်ကြွဆေးတွေ ရောင်းဝယ်သူ အကြီးစားကြီး ပျဥ်မနားမြို့မှာ မူးယစ်ဆေးတွေ အလွန်ပေါနေပါတယ်။ နေရာများစွာမှာလည်း ရောင်းချနေတယ်။ နေရာတိုင်းမှာလည်း လွယ်ကူစွာတွေ့နေရတယ်။ ဆေးကြောင်ပြီးဖြစ်တဲ့ အမှုတွေကလည်း အများကြီးပဲ တရားခံတွေကို ရဲတွေက လိုက်ဖမ်းတာမရှိဘူး" ဟု သေဆုံးသူ၏ မိတ်ဆွေက ပြောဆိုသည်။

နေပြည်တော်တွင် အကြမ်းဖက်စစ်တပ်က မူးယစ်ဆေးဝါးသာမက လောင်းကစား၊ ဘောလုံးနှင့် နှစ်လုံးထိ၊ သုံးလုံးထီ၊ ပြည့်တန်ဆာလုပ်ငန်း အပါအဝင် တရားမဝင် လုပ်ငန်းများကို လိုင်းကြေးရယူ၍ ခွင့်ပြုလျက်ရှိကြောင်း ဒေသသတင်းရင်းမြစ်များက ပြောဆိုကြသည်။

#Telegram Link
https://t.me/YPCFighter

#Yangon Police CDM Fighter

တောင်သာ အထက (၁)တပ်စွဲထားတဲ့ စစ်တပ်ကို PDF ​တွေတိုက်ခိုက်

၂၀၂၅၊ ဇန်နဝါရီလ ၁၄ ရက်

တောင်သာမြို့အထက (၁) ထဲကို တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေကို မြင်းခြံခရိုင်အမှတ်(၃)
တပ်ရင်းကဝင်ရောက်တိုက်ခိုက်ခဲ့ရာစစ်သား၁၀ဦးခန့်သေဆုံးပြီး ဒဏ်ရာနဲ့ထွက်ပြေးသွားတဲ့စစ်သားတွေလည်းရှိတယ်လို့တပ်ရင်း(၃)တပ်ရင်းမှူးက
​ပြောပါတယ်။

ဇန်နဝါရီလ (၁၃ )ရက်နေ့နေ့လည်၁၂ နာရီ၁၅မိနစ်မှာ တောင်သာမြို့၊အထက၁ကျောင်းထဲကိုတပ်စွဲထားတဲ့စစ်ကောင်စီတပ်ကို ဝင်​ရောက်တိုက်ခိုက်ခဲ့တာလို့သိရပါတယ်။

"အမြင်က ၈ ယောက် ၁၀ ယောက်လောက်သေတယ်။ဒဏ်ရာရတွေလည်းရှိတယ်။သူတို့အလစ်အငိုက်တိုက်ခံရတာ"လို့မြင်းခြံခရိုင်အမှတ်(၃)
တပ်ရင်းမှူးကပြောပါတယ်။

သေဆုံးတဲ့အထဲ နာမည်ကြီးတပ်ကြပ်ကြီးအောင်မင်းဆိုသူလည်းပါတယ်လို့သိရပါတယ်။

အထက(၁)မှာ စစ်သား၄၀​ကျော်လောက်တပ်စွဲထားတာဖြစ်ပြီး အဲဒီကနေတဆင့်ထွေအုပ်၊မြို့ဝင်ဂိတ်တွေနဲ့ဘဏ်တွေကိုလုံခြုံရေးပေးထားတာလို့သိရပါတယ်။

တော်လှန်ရေးတပ်တွေဝင်တိုက်စဥ်တခြားနေရာတွေကိုစစ်သားတွေကလုံခြုံရေးဖြန့်ပေးထားတာမို့ ကျောင်းအတွင်းမှာ၂၁​ယောက်လောက်သာရှိပြီး တိုက်ခိုက်ခံရစဥ် ထွက်ပြေးသွားတဲ့စစ်သားတွေလည်းရှိတယ် လို့သူကဆက်​ပြောပါတယ်။

စစ်တပ်ကိုတိုက်ခိုက်ပြီး စစ်ကောင်စီအလံကိုဖြုတ်ချပြီး PDF ခရိုင်တပ်ရင်း(၃) ရဲ့အလံကိုလွင့်ခဲ့သလို မြို့တွင်းကစစ်ကောင်စီဂိတ်တွေအားလုံးကိုလည်းဝင်ရောက်ပစ်ခတ်ခဲ့တယ်လို့ တပ်ရင်းမှူးကပြောပါတယ်။

ဒီတိုက်ခိုက်မှုမှာ RPGကိုပါအသုံးပြုတိုက်ခိုက်ခဲ့တာမို့ စစ်ကောင်စီလက်နက်တွေအပျက်အစီးရှိခဲ့ပြီး MA-1တလက်နဲ့ ကျည်ဘောက်၊ကျည်တချို့ကို သိမ်းယူနိုင်ခဲ့တယ်လို့သိရပါတယ်။

(စစ်တပ်ထံမှPDF​တွေ သိမ်းဆည်းရရှိခဲ့တဲ့​သေ
နတ်နဲ့ကျည်​ဘောက်။ဓါတ်ပုံ-မြင်းခြံခရိုင်အမှတ်
(၃) တပ်ရင်း ။)

#Telegram Link
https://t.me/YPCFighter

#Yangon Police CDM Fighter

AA သိမ်းပိုက်ထားသော ကျောက်တော်မြို့ပေါ် လူနေထူထပ်သော ရပ်ကွက် နှင့် ဈေးအတွင်းသို့ စစ်တပ်က လေယာဉ်ဖြင့် ၃ ကြိမ် ဗုံးကျဲချမှု သေဆုံးဒဏ်ရာရရှိမှုများ ရှိ

၂၀၂၅၊ ဇန်နဝါရီလ ၁၁ ရက်

ရခိုင်ပြည်တွင် AA သိမ်းပိုက်ထားသော ကျောက်တော်မြို့ပေါ် လူနေထူထပ် သော ရပ်ကွက် နှင့် ဈေးအတွင်းသို စစ်လေယာဉ်ဖြင့် ၃ ကြိမ် ဗုံးကျဲချခဲ့ရာ ပြည်သူများ သေဆုံးဒဏ်ရာရရှိမှုများ ရှိကြောင်း AA က သတင်းထုတ်ပြန် သည်။

ယနေ့ ဇန်နဝါရီလ ၁၁ ရက်နေ့ နံနက် ၉ နာရီခန့် တစ်ကြိမ်၊ နံနက် ၉ နာရီ ၁၀ မိနစ်ခန့် ဒုတိယအကြိမ်၊ နံနက် ၉ နာရီ ၁၅ မိနစ်အချိန် ခန့်တွင် တတိယအကြိမ် အကြမ်းဖက် ဖက်ဆစ် စစ်ကောင်စီက ကျောက်တော်မြို့ပေါ်ရှိ ရပ်ကွက် နှင့် ဈေး အပါ အဝင် လူနေထူထပ်သည့် နေရာများသို့ အဓိကဦးတည်၍ ရည်ရွယ် ချက်ရှိရှိဖြင့် ဂျက်တိုက်လေယာဉ်များဖြင့် ၃ ကြိမ်တိုင်တိုင် လာရောက်ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း၊ ၃ ကြိမ်အတွင်း ဗုံးအရေအတွက် ၁၅ လုံးခန့် ကို ကျဲချ၊ ပစ်ခတ်၊ တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

ထို ဗုံးကြဲ ပစ်ခတ်တိုက်ခိုက်မှုဖြစ်စဉ်အတွင်း အပြစ်မဲ့ ဈေးရောင်း၊ ဈေးဝယ်၊ လမ်းသွားလမ်းလာ အရပ်သားပြည်သူတချို့ သေဆုံး၊ ဒဏ်ရာရမှုများရှိခဲ့ပြီး၊ ဈေးဆိုင်တန်း၊ နေအိမ်အဆောက်အအုံ ထိခိုက်ပျက်စီးမှုများလည်း ရှိခဲ့ကြောင်း၊ ထိ ခိုက်၊ သေဆုံး၊ ပျက်စီးဆုံးရှုးမှု အရေအတွက်များကို ဆက်လက်တင်ပြသွားမည်ဖြစ်ကြောင်း AA က ထုတ်ပြန်ထားသည်။

ဇန်နဝါရီလ ၈ ရက်နေ့ကလည်း ရခိုင်ပြည်၊ ရမ်းဗြဲကျွန်း၊ ကျောက်နီမော်ကျေးရွာကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ပြည်သူများစွာ ထိခိုက်သေဆုံးခဲ့ပြီး နေအိမ် ရာပေါင်းများစွာ မီးလောင်ပျက်စီးခဲ့ရသည်။

#Telegram Link
https://t.me/YPCFighter

#Yangon Police CDM Fighter

ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင် ၂၆၂ အနီး စစ်တပ်နှင့်တော်လှန်ရေးတပ်တို့အကြား တိုက်ပွဲဖြစ်ပွား

၂၀၂၅၊ ဇန်နဝါရီလ ၁၁ ရက်

ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင် ၂၆၂ အနီးတွင် တော်လှန်ရေး တပ်ဖွဲ့နှင့် စစ်တပ်တို့ ထိပ်တိုက် တွေ့ဆုံကာ တိုက်ပွဲဖြစ်ပွားပြီး စစ်ကား ပျက်စီးခဲ့ကြောင်း Aung San's Land Natmauk အဖွဲ့တာဝန်ခံ ကိုဘာမထီ က ပြောဆိုသည်။

ဇန်နဝါရီ ၁၀ ရက်နေ့ နံနက် ၄ နာရီခန့်အချိန် ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင် ၂၆၂ အထိ တော်လှန်ရေး တပ်ဖွဲ့များ ရောက်ရှိလာပြီးနောက် ရွာသစ်ကျေးရွာအနီးတွင် အကြမ်းဖက် စစ်ကားနှင့် ထိပ်တိုက်တွေ့ဆုံကာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊တိုက်ပွဲအတွင်း စစ်ကားပျက်စီးခဲ့ကြောင်း၊ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှု အခြေအနေကို အတည်ပြုနိုင်ခြင်း မရှိသေးကြောင်း သိရှိရသည်။

တော်လှန်ရေးတပ်များက ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင် ၂၆၂ ရှိ စိုင်ကောင်း ရဲစခန်းကို ဝင်ရောက် စီးနင်း တိုက်ခိုက်ရန် ရောက်ရှိလာစဉ် စစ်တပ်နှင့် ထိပ်တိုက်တွေ့ဆုံခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

"ရန်ကုန်-မန္တလေး အမြန်လမ်းမကို စစ်တပ် လော်ဘီ ကျော်စိုးဦးက မိုင်တိုင်၂၆၂ မှာ PDF ရှိတာ မဖြစ်နိုင်ဘူးဆိုတဲ့အတွက်ကြောင့် မိုင်တိုင် ၂၆၂ အမြန်လမ်းက စိုင်ကောင်းရဲစခန်းကို ဝင်ရောက် စီးနင်း တိုက်ခိုက်ဖို့ လာကြတာပေါ့။ ကျနော်တို့ ဆင်းလာတဲ့ အချိန်မှာ ရွာသစ်ကျေးရွာအနီးမှာ စစ်ကားနဲ့ ထိပ်တိုက် တွေ့တဲ့ တိုက်ပွဲဖြစ်တယ်။ ၄၀ မမ တွေ လက်နက်ငယ်တွေနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့တာ စစ်ခွေးကား ပျက်စီးသွားတယ်။ စစ်ခွေး အသေအပျောက် စာရင်းတော့ မသိရသေးဘူး။ အဓိကကတော့ စစ်လော်ဘီ ကျော်စိုးဦးက တော်လှန်ရေးတပ်တွေကို မိုင်တိုင် ၂၆၂ အထိ လာစေချင်တဲ့အတွက် စိုင်ကောင်းစခန်းကို ဝင်စီးဖို့ သွားတာပါ။ လမ်းမှာ မမျှော်လင့်ဘဲ ထိတွေ့ တိုက်ပွဲ ဖြစ်သွားတဲ့ အတွက် အစီအစဥ် ပျက်သွားတာပေါ့" ဟု Aung San's Land Natmauk အဖွဲ့တာဝန်ခံ ကိုဘာမထီက ပြောဆိုသည်။

အဆိုပါ စစ်ဆင်းရေးကို Aung San's Land Natmauk အဖွဲ့၊ ပျော်ဘွယ် -ရမ္မည်းသင်း ပကဖ နှင့် နတ်မောက် တပ်ပေါင်းစု တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ- လွန်ခဲ့သော ဒီဇင်ဘာလတွင် နွားထိုးကြီးတော်လှန်ရေးတပ်ဖွဲ့က ရန်ကုန်-မန္တလေး အမြန်လမ်းပေါ်သို့ တက်ရောက် စစ်ဆေးနေစဉ်။

#Telegram Link
https://t.me/YPCFighter

#Yangon Police CDM Fighter

စစ်အုပ်စု အရက်သောက်ရင်း စကားများပြီး ပစ်ခတ်မှုဖြစ်၊ သေဆုံးမှုရှိကာ စစ်သားတချို့ လက်နက်နဲ့ ထွက်ပြေး

၂၀၂၅၊ ဇန်နဝါရီလ ၈ ရက်

ရန်ကုန်တိုင်း၊ ခရမ်းမြို့နယ်၊ မက္ကသံ ကျေးရွာအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က စစ်သားတွေ အုပ်စုဖွဲ့ အရက်သောက်ရာကနေ စကားများပြီးသေနတ်နဲ့ ပစ်ခတ်မှုတွေအထိ ဖြစ်ပွါးခဲ့ကာ သေဆုံးမှုတွေလည်း ရှိခဲ့တယ်လို့ သိရပါတယ်။

ဒီဇင်ဘာ ၆ရက် ည ၁ နာရီလောက်မှာ ပစ်ခတ်မှု ဖြစ်ပွါးခဲ့ပြီး စစ်သားတချို့ သေဆုံးကျန်ရစ်ကာ ပစ်ခတ်မှု ကျူးလွန်ခဲ့တဲ့ စစ်သားတွေကတော့ လက်နက်တွေနဲ့အတူ ထွက်ပြေးလွတ်မြောက်သွားလို့ စစ်တပ်က ပိတ်ဆို့ရှာဖွေနေတယ်လို့ သိရပါတယ်။

"ညအချိန်မတော် သေနတ်သံတွေ ကြားနေရတယ်။ အနည်းဆုံး သေနတ်သံ အချက် ၂၀ ကျော်လောက် ကြားရတယ်။ ဘာဖြစ်မှန်းတော့ မသိရပေမယ့် ရွာထဲက လူတွေကတော့ စိုးရိမ်ထိတ်လန့်နေကြတာ။ မနက်မိုးလင်းမှ စစ်သားအချင်းချင်း အရက်မူးလွန်ပြီး သေနတ်နဲ့ပစ်ခတ်မှုဖြစ်တာ သိရတယ်” လို့ မက္ကသံကျေးရွာ ဒေသခံတစ်ယောက်က ပြောပါတယ်။

“အခုထိတော့ ဖမ်းဆီးရမိတာ မကြားရသေးဘူး။ ခရမ်းမြို့ပေါ်နဲ့ မက္ကသံကျေးရွာပတ်ချာလည်မှာ စစ်သားတွေ အပူတပြင်း ရှာဖွေနေတယ်။ သူတို့စစ်သားအချင်းချင်းဖြစ်တာဆိုတော့ ဘယ်သူမှ မကြည့်ရဲဘူး။ သေနတ်နဲ့ပစ်ခံရလို့ သေတဲ့စစ်သားတွေကိုလည်း ပြန်သယ်သွားတယ်။ ခရမ်းမြို့ပေါ်မှာတော့ စစ်သားတွေ ခြေရှုပ်နေပြီး သူတို့အချင်းချင်း ပစ်ခတ်မှုဖြစ်ပွားတဲ့သတင်းကိုတော့ ဖုံးဖိထားတယ်” လို့လည်း ခရမ်းမြို့ခံတစ်ယောက်က ဆိုပါတယ်။

လက်ရှိ အာဏာသိမ်းစစ်တပ်ဟာ စစ်မျက်နှာအသီးသီးမှာ တော်လှန်ရေးတပ်တွေရဲ့ ချေမှုန်းမှုကြောင့် သေဆုံးမှုတွေရှိသလို အလံဖြူထောင် လက်နက်ချသူတွေလည်း ရှိပါတယ်။ ဒါ့အပြင် ရှေ့တန်းမှာ ထွက်ပြေးမှုတွေရှိသလို အခုလို အချင်းချင်း ပစ်ခတ်မှုတွေပါ ဖြစ်ပေါ်နေတာပါ။ တဖြည်းဖြည်း အင်အားလျော့နည်းလာတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ လက်ရှိအခြေအနေကို အားလုံးက ‘တပ်ပျက်နေပြီ’ လို့ ဆိုကြပါတယ်။

ပုံစာ - အကြမ်းဖက်စစ်သားတချို့ (ပုံဟောင်း)

#Telegram Link
https://t.me/YPCFighter

#Yangon Police CDM Fighter

ကြည့်မြင်တိုင် ဗားကရာချောက်အနီးပစ်ခတ်မှု မိန်းမကိစ္စကြောင့်ဟုဆို

▪️မြို့ပြပြောက်ကျားရဲဘော်များ ပစ်ခတ်မှုမဟုတ်ဟု ပြော

၂၀၂၅၊ ဇန်နဝါရီလ ၈ ရက်

ရန်ကုန်မြို့၊ ကြည့်မြင်တိုင်မြို့နယ်၌ ဖြစ်ခဲ့သည့် ပစ်ခတ်မှုသည် တော်လှန်ရေးနှင့် မသက်ဆိုင်ပဲ မိန်းကကိစ္စ အရှုပ်အရှင်းကြောင့် ဖြစ်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

"ဗားကရာလူသတ်မှုကတော့ အဓိကက မိန်းမကိစ္စနဲ့ ဖြစ်တယ်လို့ ကြားတယ်။ နောက်တစ်ခုက ပစ်ခတ်ရှင်းလင်းခံရတဲ့သူကစမ်းချောင်းမြို့နယ်မှာ လုပ်တဲ့ ပျူစောထီးသင်တန်းမှာ နောက်ဆုံးအသုတ်ဆင်းထားတဲ့ ပျူစောထီးတစ်ဦးဖြစ်ပြီးတော့ စမ်းချောင်းမှာရှိတဲ့ ပျူစောထီးခေါင်းဆောင်အနေနဲ့လုပ်နေတဲ့သူ ပစ်ခတ်ရှင်းခင်းခံရတာ။"ဟု စမ်းချောင်းပင်မသပိတ်စစ်ကြောင်းမှ ကိုပီတာက ပြောသည်။

အဆိုပါပစ်ခတ်မှုဖြစ်စဉ်သည် ဇန်နဝါရီ ၆ ရက် ညနေ ၅ နာရီခန့်တွင် ဖြစ်ခဲ့ခြင်းဖြစ်ပြီး ပစ်ခတ်သူက ‌သေနတ်အရှည်အသုံးပြုပြီး ပုဆိုးဖြင့်အုပ်ကာ လမ်းအလယ်အထိသွား၍ အနီးကပ်ပစ်ခတ်ခဲ့သည်ကို စီစီတီဗီ မှတ်တမ်းများ၌ ‌တွေ့မြင်ရသည်။

"ပစ်ခတ်တဲ့သူသုံးတဲ့‌ သေနတ်ကလည်းတော်လှန် ရေး အင်အားစုက သုံးတဲ့သေနတ်တွေမဟုတ်ဘူး။ အတိုလည်းမဟုတ်ဘူး။ M-16 တို့ AK-47 တို့ မဟုတ်ပဲ ရဲတွေသုံးတဲ့ အူစတို လို့ခေါ်တဲ့ သေနတ်ပုံစံဖြစ်နေတော့ ကျွန်တော်တို့အမြင်ကတော့ တော်လှန်ရေးအင်အားစုကလုပ်တာလို့ မမြင်ဘူး"ဟု ကိုပီတာကပြောသည်။

ရန်ကုန်တိုင်းစစ်ဒေသမှတာဝန်ရှိသူကလည်း "ကျနော်တို့လည်း အဲဒါစိတ်ဝင်စားနေတာဗျ။ ဘယ်အဖွဲ့မှန်းမသိဘူး။ ပြီးတော့ အရှည်နဲ့ပစ်တာလို့လည်း ပြောတယ်။ မြို့ထဲမှာ ကျနော်တို့အဖွဲ့တွေ အရှည်တစ်လက်မှကိုမရှိတော့တာ နှစ်ကိုမနည်းတော့ဘူး"ဟု ပြောသည်။

အဆိုပါပစ်ခတ်မှုနှင့်ပတ်သက်၍ Kyimyindaing Scout Channel ကလည်း သေဆုံးသူသည်စည်ပင်ဝန်ထမ်းဟောင်းဖြစ်ပြီး လက်ရှိတွင် စမ်းချောင်းမြို့နယ်ဘက်၌ ဆိုက္ကားနင်းနေကာ စစ်ကောင်စီ၏ ပြည်သူ့စစ်သင်တန်းဆင်းဖြစ်ကြောင်း ဖော်ပြထားသည်။

"လက်ရှိတွင် ကြည့်မြင်တိုင်တဖက်ကမ်း၌ နောက်မိန်းမနှင့် အတူနေကြောင်းလည်းသိရှိရ။ ထိုနောက်မိန်းမမှာလည်း ဗားကရာဂျောက်ခွေးကင်းမှ စစ်ခွေးများနှင့် ငြှိစွန်းအရှုပ်ထွေးများ ရှိနေကြောင်း စသည့်သတင်းများကို မြို့နယ်တွင်းမှ စုံစမ်းသိရှိရပါသည်။" ဟု KSC က ထုတ်ပြန်ထားသည်။

စီစီတီဗီမှတ်တမ်းထွက်ပေါ်လာသော်လည်း ပစ်ခတ်သူကို ဖမ်းဆီးနိုင်ခြင်းမရှိသောကြောင့် ပစ်ခတ်မှုဖြစ်ခဲ့သည့် ဈေးကလေးရပ်ကွက်ကို တင်းတင်းကျပ်ကျပ်စစ်ဆေးနေကြောင်း ဒေသခံတစ်ဦးကပြောသည်။

"အနေထားကို ကြည့်တော့ ပစ်ခတ်မှုသုံးတာ အရှည်နဲ့ရယ်၊ပစ်ကွင်းအနေထားက ကိုယ်တွေဖက်ဆို cctvရှောင်မှာမို့ မရွေးဖူး" ဟု မြေပြင်ရဲဘော်တစ်ဦးက အထက်ပါဖြစ်စဉ်အပေါ် ၎င်း၏အမြင်ကိုပြောသည်

ယင်းကိစ္စနှင့်ပတ်သက်၍ စစ်ကောင်စီလော်ဘီများက တော်လှန်ရေးအင်အားစုဘက်မှရှင်းလင်းခြင်းဖြစ်နိုင်သည်ဟု စွပ်စွဲပြောဆိုမှုများရှိသည်။

#Telegram Link
https://t.me/YPCFighter

#Yangon Police CDM Fighter

ကျောက်နီမော်ကျေးရွာတိုက်ပွဲ၌ခမရ(၄၀၅) တပ်ရင်းမှူးသေဆုံး

၂၀၂၅၊ ဇန်နဝါရီလ ၅ ရက်

လောင်းလုံးမြို့နယ်၊ကျောက်နီမော်ကျေးရွာတွင် တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ပြီး အမှတ် (၄၀၅) ခြေမြန်တပ်ရင်း (ခမရ-၄၀၅) တပ်ရင်းမှူးအပါ
အဝင် ပျူစောထီးနှင့်စစ်ကောင်စီတပ်ဖွဲဝင် ၄၀ ကျော် သေဆုံးခဲ့သည်ဟုထားဝယ်ခရိုင်တပ်ပေါင်းစုကသတင်းထုတ်ပြန်သည်။

"ဟုတ်တယ်။ တပ်ပေါင်းစုက တိုက်တာပါ။ စခန်းလည်းသိမ်းနိုင်ခဲ့တယ်။ စစ်တပ်ကတော့လေ
ကြောင်းရော ရေကြောင်းရော ကုန်းလမ်းကပါ ပြန်တိုက်တယ်"ဟု ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ဝင်တဦးကပြောသည်။

ကျောက်နီမော်ကျေးရွာမှ စစ်ကောင်စီတပ်စွဲထားသည့်စခန်းများကို ဒီဇင်ဘာလ၂၃ရက်နေ့တွင် ထားဝယ်ခရိုင်တပ်ပေါင်းစုက စတင်တိုက်ခိုက်ခြင်းဖြစ်သည်။ဒေါနစစ်ကြောင်း တပ်ခွဲ-၇၊ ဖက်ဒရယ်ဓူဝံတပ်ဖွဲ့၊နွေဦးပျောက်ကြားတပ်ဖွဲ့တို့နှင့်ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဟု ထားဝယ်ခရိုင်တပ်ပေါင်းစုကဇန်နဝါရီလ၅ရက်​နေ့၌သတင်း
ထုတ်ပြန်သည်။

စစ်ကောင်စီစခန်းတခုအား သိမ်းပိုက်နိုင်ခဲ့ပြီး ခမရ(၄၀၅) တပ်ရင်းမှူးအပါအဝင် ပျူစောထီးနှင့်စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀ဦးနှင့်အထက် သေဆုံးပြီး ခမဪ(၄၀၃)တပ်ရင်းမှူးအပါအဝင် ပျူစောထီးနှင့်စစ်ကောင်စီတပ်သားအများအပြားဒဏ်ရာရသွားသည်ဟု သတင်းထုတ်ပြန်ထားသည်။ထားဝယ်ခရိုင်တပ်ပေါင်းစုမှလည်း ရဲဘော်နှစ်ဦး ကျဆုံးပြီး ရဲဘော်အချို့ ဒဏ်ရာရခဲ့သည်ဟု ဆိုသည်။

ကာကွယ်ရေးတပ်ဖွဲ့များ သိမ်းပိုက်ထားသည့်စခန်းကို ဒီဇင်ဘာလ ၂၇ရက်နေ့တွင် စစ်ကောင်စီက ကြည်း၊ရေ၊လေ အင်အားအများအပြားသုံးပြီး တိုက်ခိုက်လာသဖြင့် ဆုတ်ခွာခဲ့ရသည်ဟု ထားဝယ်ခရိုင်တပ်ပေါင်းစုကထုတ်ပြန်ထားသည်။

ခမရ (၄၀၅)သည် တနင်္သာရီတိုင်း၊သရက်ချောင်းမြို့တွင်အခြေစိုက်သည့် တပ်ရင်းဖြစ်သည်။ အဆိုပါတိုင်းရင်းမှစစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ကာကွယ်ရေးတပ်ဖွဲ့များထံ လက်နက်ချအလင်း
ဝင်မှုများ မကြာခဏရှိနေသည်။ အဆိုပါတပ်ရင်းသည် ၂၀၂၂ ခုနှစ်အတွင်းက ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်အတွင်း စစ်ဆင်ရေးဝင်ရောက်နေစဉ်တပ်
တွင်းပုန်ကန်မှု ဖြစ်ပွားခဲ့ကြောင်း သတင်းထွက်ပေါ်ခဲ့ဖူးသည်။

(​ကျောက်နီ​မော် တိုက်ပွဲတွင် PDF များတိုက်ပွဲဝင်​နေစဥ် နှင့် ဖမ်းမိခဲ့​သောပျူ​စောထီး တဦး)

#Telegram Link
https://t.me/YPCFighter

#Yangon Police CDM Fighter

စစ်ကိုင်းတွင် "PDF တွေ ငါ့ကို သတ်ချင်ရင် ၁၀ နှစ်ကြိုးစား" ဟု ကြွေးကြော်ထားသည့် ရဲတပ်ကြပ်ဟောင်း၊ ပျူစောထီး ခေါင်းဆောင် လွှမ်းမိုးနိုင် ပစ်ခတ်ခံရပြီး သေဆုံး၊ အလောင်းနှင့်အတူ မူးယစ်ဆေးဝါးများပါ သိမ်းဆည်းရရှိ

၂၀၂၅၊ ဇန်နဝါရီလ ၅ ရက်

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်တွင် "PDF တွေ ငါ့ကို သတ်ချင်ရင် ၁၀ နှစ်ကြိုးစား" ဟု ကြွေးကြော်ထားသည့် ရဲတပ်ကြပ်ဟောင်း၊ ပျူစောထီး ခေါင်းဆောင် လွှမ်းမိုးနိုင် ပစ်ခတ်ခံရပြီး ပွဲချင်းပြီး သေဆုံးခဲ့ကာ အလောင်းနှင့်အတူ မူးယစ်ဆေးဝါးများကိုပါ သိမ်းဆည်းရရှိခဲ့ကြောင်း လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

ဇန်နဝါရီလ ၃ ရက်နေ့ နံနက် ၁၀ နာရီခန့်အချိန် စစ်ကိုင်းမြို့နယ်၊ မြင်းမွေးရွာတွင် နေထိုင်သော ပျူစောထီး ခေါင်းဆောင်လည်းဖြစ်၊ ရဲတပ်ကြပ်ဟောင်းနှင့် ကျေးရွာ အုပ်ချုပ်ရေးမှူးဖြစ်သူ လွှမ်းမိုးနိုင် သည် ၎င်းနေအိမ်မှ ကားဖြင့် ထွက်လာစဉ် တော်လှန်ရေး တပ်ဖွဲ့များက လမ်း တစ်နေရာ၌ ဝိုင်းဝန်း ပိတ်ဆို့ ဖမ်းဆီးခဲ့ကြောင်း၊ သို့ရာတွင် လွှမ်းမိုးနိုင်က ခုခံထွက်ပြေးသွားကြောင့် ပစ်ခတ်ဖမ်းဆီးရာမှ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။

သေဆုံးသွားသော ပျူစောထီး ခေါင်းဆောင် လွှမ်းမိုးနိုင်၏ ကား အတွင်းမှလည်း မူးယစ်ဆေးဝါးများ နှင့် ဆက်စပ် ပစ္စည်းများလည်း သိမ်းဆည်းရရှိခဲ့ကြောင်း၊ ၎င်းသေဆုံးသွားသော သတင်းကြောင့် ပြည်သူများလည်း အားရကျေနပ် ဝမ်းသာနေကြောင်း သိရှိရသည်။

ပျူစောထီး ခေါင်းဆောင် လွှမ်းမိုးနိုင်သည် ဆင်တပ်ကျးရွာရှိ ပျူစောထီးများကို ဦးဆောင်၍ အုန်းတောမြို့တွင် အထိုင်ချကာ စစ်ကိုင်းမြို့နယ်အတွင်း ပြည်သူများကို ဖမ်းဆီး၊ နှိပ်စက်၊ ငွေညှစ်၊ သတ်ဖြတ်နေသူဖြစ်ကြောင်း၊ ပြည်သူများ၏ အိုးအိမ်များကိုလည်း မီးရှို့ဖျက်ဆီးနေသူဖြစ်ပြီး မူးယစ်ဆးဝါးများ ရောင်းဝယ် ဖောက်ကားနေသူများ၊ လောင်းကစားဝိုင်းနှင့် 2D/3D များတွင် လိုင်းကြေးကောက်ခံကာ စစ်တပ်ကို ထောက်ပို့လုပ်နေကြောင်း၊ ထို့ပြင် တော်လှန်ရေး ရဲဘော်များ၏ သတင်းများကို လိုက်လံစုံစမ်းကာ စစ်ကောင်စီထံသို့ သတင်းပေး၍ တော်လှန်ရေးရဲဘော်များကို ဖမ်းဆီး သတ်ဖြတ်ရာတွင် ကိုယ်တိုင် ပါဝင်နေသူဖြစ်ကြောင်း သိရှိရသည်။

"သူက ခဏခဏ အပစ်ခံရတာ မသေဘူး ဆိုပြီး သူ့ကို သတ်ချင်ရင် PDF တွေ ၁၀ နှစ် ကြိုးစားလို့ကြွေးကြော်ထားတာ သူက စစ်ကိုင်းမြို့နယ်မှာ အမည်ကြီးဆုံး ပျူစောထီးခေါင်းဆောင်ပဲ သူ့ဇာတိကတော့ ရွာသစ်ကြီးရွာပါ။ မြင်းမွေးရွာမှာ အိမ်ထောင် ကျပြီး လာနေ နေတာ သူသေဆုံးလို့ ပြည်သူတွေ ပျော်နေကြတယ်" ဟု လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့မှ တော်လှန်ရေး ရဲဘော်များက လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

#Telegram Link
https://t.me/YPCFighter

#Yangon Police CDM Fighter

အကျဉ်းသူ ၊ အကျဉ်း သား ခြောက်ထောင်နီးပါး စစ်ကောင်စီလွှတ်ပေးမယ်

၂၀၂၅၊ ဇန်နဝါရီလ ၄ ရက်

ဒီနေ့ ကျရောက်တဲ့ (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့မှာ အာဏာသိမ်းစစ်ကောင်စီက အကျဉ်းသူ ၊ အကျဉ်းသား ခြောက်ထောင်နီးပါး ကို လွှတ်ပေးမယ်လို့ ကြေညာလာပါတယ်။

အရေအတွက် အတိအကျအားဖြင့် အကျဉ်းသူ၊ အကျဉ်းသား ဦးရေ ၅,၈၆၄ ဦးကိုပြန်လွှတ်ပေးမှာပါ။

ပြန်လွှတ်ပေးမယ့် သူတွေထဲမှာ စစ်အာဏာသိမ်းမှုကိုဆန့်ကျင်လို့ မတရားဖမ်းဆီးခံရသူ နိုင်ငံရေးအကျဉ်းသားတွေ ပါဝင် မှု ရှိ မရှိကို မသိရသေးပါဘူး။

ပြီးခဲ့တဲ့ လွတ်ငြိမ်းတွေမှာတော့ ရာဇဝတ်မှုနဲ့ထောင်ချခံရသူတွေ အများအပြားပါဝင်ပြီး နိုင်ငံရေးပုဒ်မတွေနဲ့ မတရားဖမ်းဆီးထောင်ချခံရသူဦးရေကလက်တစ်ဆုပ်စာသာ လွတ်မြောက်ခဲ့တာပါ။

ဒီနေ့ လွတ်ငြိမ်းမှာ ရန်ကုန်မြို့က အင်စိန်ထောင်ရှေ့ လာရောက်စောင့်ဆိုင်းကြသူတွေ အများအပြား ရှိနေပါတယ်။ လွတ်ငြိမ်းခွင့်ရမယ့်သူတွေကို သယ်ဆောင်လာမယ့် YBS ကားအဝါကြီးတွေကတော့ အင်းစိန်ထောင်ထဲ ဝင်ရောက်သွားတာတွေ့ရပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း ၂၈,၀၉၆ ဦးရှိပြီး အဲဒီအထဲက ၂၁,၄၉၉ ဦးဟာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ ၉, ၉၅၈ ဦးကတော့ ထောင်ဒဏ်တွေ ချမှတ်ခံထားရတယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP) က စာရင်းပြုစုထားပါတယ်။

#Telegram Link
https://t.me/YPCFighter

#Yangon Police CDM Fighter

တောင်ငူလေတပ်စခန်းကို ရှော့တိုက်ဒုံး ၁၂ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်မှု ဒုံး ၁၀ လုံး ထိမှန်ပေါက်ကွဲ

၂၀၂၅၊ ဇန်နဝါရီလ ၄ ရက်

ပဲခူးတိုင်း၊ တောင်ငူမြို့ရှိ ကေတုမတီလေတပ်စခန်းအတွင်းအတွင်းသို့ ၁၀၇ မမ ရှော့တိုက်ဒုံး ၁၂ လုံး ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၁၀ လုံး အောင်မြင်စွာထိရောက်ပေါက်ကွဲခဲ့ကြောင်း Brave Warriors for Myanmar (BWM) အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြား သည်။

ယနေ့ ဇန်နဝါရီလ ၄ ရက် နံနက် ၀၀ အချိန် ၀၅ မိနစ်က တောင်ငူမြို့ရှိ ကေတုမတီလေ တပ်စခန်း အတွင်းသို့ ၁၀၇ မမ ရှော့တိုက်ဒုံး ၁၂ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၁၀ လုံးအောင်မြင်စွာ ထိရောက် ပေါက်ကွဲခဲ့ကြောင်း၊ စစ်ကောင်စီလေတပ်အတွင်း ထိခိုက်ပျက်စီးမှုအခြေအနေများကို ဆက်လက် စုံစမ်းလျက်ရှိကြောင်း အသိရသည်။

“ကျနော်တို့ပစ်တာက မနက် ၁၂ နာရီ ၅ မိနစ်မှာ ပစ်ပါတယ်။ ကျနော်တို့ပစ်ပြီး ၄ မိနစ်အကြာမှာပဲ ခွေးတွေဘက်က ၁၂၀ မမ လို့ယူဆရတဲ့လက်နက်ကြီးနဲ့ ပထမဆုံးတစ်လုံး စပြန်ပစ်ပါတယ်။ နောက် ၁၂ နာရီ မိနစ် ၂၀ မှာ နောက်ထပ် ၂ လုံးဆက်တိုက်ပြန်ပစ်ပါတယ်။ သူတို့ ရမ်းသမ်းပစ်တာပါ။ ဒါပေ မယ့်ကျနော်တို့ အဖွဲ့ဝင်တွေအားလုံး ဘေးကင်းလုံခြုံစွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်။” ဟု Brave Warriors for Myanmar (BWM) အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြား သည်။

အဆိုပါ တိုက်ခိုက်မှုကို Brave Warriors for Myanmar (BWM) အဖွဲ့၏ ဦးဆောင်စီမံမှုဖြင့် Mountain Knight Civilian Defense Forces (MKCDF)၊ Anti-Coup People’s Liberation Force (ACPLF) နှင့် သံတောင်မြောက်ပိုင်း အထူးဒေသ အဖွဲ့ တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

၁၉၄၈ ခုနှစ်တွင် အင်္ဂလိပ်ကိုလိုနီ လက်အောက်မှ လွတ်မြောက်ခဲ့ မြန်မာပြည်သူတို့သည် စစ်အာဏာ ရှင် အဆက်ဆက်လက်အောက်တွင် လွတ်လပ်မှုများဆုံးရှုံးနေခဲ့ရပြီး လွတ်လပ်ရေးနေ့ ဆိုသည့်တိုင် စစ်အာဏာရှင်အောက်မှ မလွတ်မြောက်သေးပဲ ပြည်သူလူထုမှာ နေ့စဥ်နှင့်အမျှ စစ်ကောင်စီ၏ နှိပ် စက်ညှင်းပန်းမှုအောက်တွင် ဒုက္ခရောက်နေကြရကြောင်း၊ ထို့ကြောင့် ပြည်သူတို့လွတ်မြောက်ရေး အတွက် အထောက်အပံ့ဖြစ်စေရန် မျှော်မှန်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း အသိပေးထား သည်။

တောင်ငူလေတပ်စခန်းသည် နှစ်သစ်ကူးည ကရင်နီဒေသကို ဗုံးကြဲမှုအပါအဝင် နိုင်ငံတဝှမ်းမှ ပြည် သူ လူထုကို လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်နေသော စစ်ကောင်စီ၏ လေတပ်များထဲမှ တောင်ပိုင်းရှိ အရေးပါသော လေတပ်စခန်းတစ်ခုဖြစ်ပြီး ပြည်သူတို့ကို လေကြောင်းတိုက်ခိုက်ရာတွင် အဓိက သုံး သည့် MiG-29 Jet Fighter နှင့် Y-12 Military Transport Aircraft တို့ ပုံမှန်အခြေပြုနေသော လေ တပ် စခန်းတစ်ခုဖြစ်ကြောင်း သိရသည်။

လေတပ်ပြိုလျင်မြန်မာပြည်တဝှမ်းရှိတော်လှန်ရေးအင်အားစုများ အနိုင်ရပြီး မြန်မာပြည်သူတို့ စစ် အာဏာရှင် လက်အောက်မှ အမှန်တကယ် လွတ်မြောက်နိုင်ပြီဟုယုံကြည်သောကြောင့် BWM နှင့် အတူ မဟာမိတ်အဖွဲ့တို့က ၇၇ နှစ်မြောက် လွတ်လပ်ရေးနေ့တွင် BWM ၏ mission 28 အဖြစ် ဖော် ဆောင်ရခြင်းဖြစ်သည်ဟု ဆိုသည်။

BWM နှင့် မဟာမိတ်များအနေဖြင့် တောင်ငူလေတပ်စခန်းကို တိုက်ခိုက်မှုမှာ ၆ ကြိမ်မြောက်တိုက် ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

#Telegram Link
https://t.me/YPCFighter

#Yangon Police CDM Fighter