Últimas Postagens de National News (@nationalnewschannel) no Telegram

Postagens do Canal National News

National News
နေ့စဉ်နှင့်အမျှ နိုင်ငံတကာနှင့် ပြည်တွင်းသတင်းများကို ဒီချန်နယ်မှာ ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
10,427 Inscritos
27,078 Fotos
1,784 Vídeos
Última Atualização 01.03.2025 14:27

O conteúdo mais recente compartilhado por National News no Telegram


ယနေ့ဈေးကွက်ပေါက်ဈေး
#news
#nationalnews

PDF ဆက်ကြေးဂိတ်အား ရှင်းလင်း

မတ် ၁ ရက်(ယနေ့) မွန်းလွဲပိုင်းတွင် မန္တလေး-မြင်းခြံသွား ကားလမ်း၊ ဓူဝံရွာ၊ တူရွင်းဘိုလ်ရွာ၊ သစ်ရုံရွာပေါ်ရှိ အကြမ်းဖက် PDF ဂိတ်များကို ဒေါ်သီတာယုမွန် ဦးဆောင်သော ပ-သ-စ အဖွဲ့ဝင်များ၊ တပ်မတော်သားများမှ သွားရောက်ရှင်းလင်းပြီးဖြစ်ပါကြောင်း။
-
Congratulations ပါ တပ်မတော်+ပြည်သူ့စစ် 👍
-
တိုက်ပွဲသတင်းစုံ

ဗိုလ်ချုပ်မှူးကြီးနှင့် သမ္မတပူတင်တို့ မတ်၄ရက်တွင် ကရင်မလင်၌တွေ့ဆုံဆွေးနွေးမည်

ရုရှားသို့ တရားဝင်ခရီးရောက်ရှိမည့် နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ရုရှားသမ္မတဗလာဒီမာပူတင် တို့ မတ်၄ရက်တွင်တွေ့ဆုံဆွေးနွေးမည့်အကြောင်း ကရင်မလင်နန်းတော်က သတင်းထုတ်ပြန်လိုက်ပါတယ်။

ခေါင်းဆောင်နှစ်ဦးသည် ရုရှားနှင့်မြန်မာပူးပေါင်းဆောင်ရွက်ရေးတွင် နှစ်ဘက်အကျိုးရှိစေမည့် ကိစ္စရပ် များ၊ နိုင်ငံတကာ ထိပ်တန်းပြဿနာများကိုဆွေးနွေးကြမယ်လို့လည်း သတင်းထုတ်ပြန်ချက်က ဆိုပါတယ်။

တွေ့ဆုံဆွေးနွေးမှုများအပြီးတွင် နစ်ဘက်ပူးတွဲ သတင်းထုတ်ပြန်ချက်ထုတ်ပြန်ရန် နှင့် အစိုးရနှင့် ဌာနများအချင်းချင်း သဘောတူညီချက်များစွာကိုလက်မှတ်ရေးထိုးကြလိမ့်မယ်လို့လည်း အဆိုပါ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

"တောင်ခမ်းအောင်မြေပေါ်က စစ်သည်တော်တွေရဲ့ အောင်ပွဲ"
======
ပြီးခဲ့တဲ့ ၂၈ ရက်တုန်းက ရွှေမုဋော ကို တပ်က ဗုံးကြဲ ခဲ့တာ ရှိတယ်။ အဲ့ဒီအချိန်တုန်းက တောင်ခမ်းက ၂ ဖက် တပ်တွေ လက်ချင်း ချိန်ဖို့ လုပ်နေတုန်း အချိန် ဖြစ်မယ်။ မနေ့က တက်လာတဲ့ တပ်မတော်ရဲ့ ဖိုးဝီးနဲ့ ဒရုန်း ပူးတွဲစစ်ဆင်ရေးဟာ ပြင်ဦးလွင်- မန္တလေး ပြည်ထောင်စု လမ်းမကြီးဖြစ်ပုံရလို့ ဘန့်ဘွေးအကျော် ဥမ္မဆယ်၊ ဥမ္မသီးဘက်က စစ်ဆင်ရေး ဖြစ်ပုံရတယ်။


မနေ့က ကိုခိုင်ဇော်တို့ တင်ထားတဲ့ သတင်းအရ ဆိုရင် တောင်ခမ်းကို ထိန်းချုပ်နိုင်ပြီဆိုတဲ့သဘော။ အဓိကကတော့ နယ်မြေခံတပ်တွေ ချိတ်မိသွားနိုင်တာက နယ်မြေ ဆက်ရှင်းဖို့အတွက်လည်း အားသာသွားတာ မျိုး ဖြစ်တယ်လို့ ယူဆရတယ်။ ၂၈ ရက်နေ့က ဗုံးကြဲ ခဲ့တဲ့ ရွှေမုဋောက တောင်ခမ်းနဲ့ နောင်ချိုကြားက လမ်းဘေးရွာဖြစ်သလို တောင်ခမ်းကနေ နောင်ချို လာရင် မဖြစ်မနေ နယ်မြေ ရှင်းရမယ့် နေရာလည်း ဖြစ်နေတာ တွေ့ရတယ်။


တကယ်ဆို ပြင်လွင်ဘက်က တက်လာမယ့် တပ်တွေရယ်၊ တောင်ခမ်းကနေ နောင်ချိုဘက်ဆက်တိုးမယ့် တပ်တွေသာ ဟန်ချက်ညီညီ ရှေ့တိုးလာနိုင်ရင်....နောင်ချိုဟာ ၄ လပိုင်း အတွင်း ပြန်ရနိုင်တဲ့အထိ မျှော်လင့် လို့ရနိုင်လောက်မယ်။

ဘာပဲ ဖြစ်ဖြစ် ...မြေပြင်တောင်ခမ်းစစ်သည်တွေအတွက် Congratulations ပါလို့ ဆိုရမှာပါပဲ။ ရက်ပေါင်း ၁၉၀ ကျော် ခံစစ်ကနေ တိုက်စစ်ကို ပြန်ပြောင်းနိုင်တာဟာ သူတို့ရဲ့ စစ်သားစိတ် မာဂုဏ် ဘယ်လောက်ပြင်းထန်သလဲ ဆိုတာ မြင်သာ စေတယ်မဟုတ်လား။


(နရီမိုး)

နိုင်ငံတော်ခရီးစဉ် (သိုမဟုတ်) နိုင်ငံတော်ဝန်ကြီးချုပ်၏ နိုင်ငံတော်အတွက်ခြေလှမ်းတစ်ခု

အကြမ်းဖက် TNLA/PDF များအား ချေမှုန်းသုတ်သင်ခြင်း
-
တိုက်ပွဲသတင်းစုံ

နိုင်ငံတော်အဆင့် တရားဝင်ချစ်ကြည်ရေးခရီးစဉ်အဖြစ် ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ သွားရောက်မည်
Tiktok Channel.....👇👇👇👇

https://www.tiktok.com/@leader_in_action/video/7476494508335664392?is_from_webapp=1&sender_device=pc

ယနေ့စက်သုံးဆီဈေးနှုန်းများ
#news
#nationalnews

တပ်မတော်(ကြည်း)တိုက်ခိုက်ရေးကျောင်း(ဗထူး)မှ သင်တန်းသားအရာရှိများအား တွေ့ဆုံအမှာစကားပြောကြားချက်များမှ ကောက်နုတ်ချက်

မန္တလေးမြို့၊ ကမ္ဘောဇဘဏ် (၃၇) ဓားပြတိုက်သူအမျိုးသားအား ဖမ်းမိပြီး

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ မန္တလေးတက္ကသိုလ်အနီး၊ မဟာနွယ်စဉ်ရပ်ကွက်၊ အကွက် (၆၈၉) ရှိ ကမ္ဘောဇဘဏ် (၃၇) ကို ဓားပြတိုက်သွားသည့် အမျိုးသားတစ်ဦးအား လုံခြုံရေးတပ်ဖွဲ့မှ ဖမ်းဆီးရမိခဲ့ပြီးဖြစ်ကြောင်းသိရသည်။

ဖမ်းဆီးရမိသူမှာ သိန်းဇော်ဦး (၅၄ နှစ်) ဖြစ်ပြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ (ဂ) ရပ်ကွက်၊ ၁၂၀ လမ်း၊ ၆၈ (B) လမ်းနှင့် ၆၈ (C) လမ်းကြားရှိ နေအိမ်တစ်အိမ်တွင် ယနေ့ ဖေဖော်ဝါရီ ၂၂ ရက် နံနက် ၉ နာရီခန့်က ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

ဖမ်းဆီးရာတွင် ဘဏ်ဓားပြတိုက်မှုမှ ရရှိသည့် ငွေကျပ် ၁၀၉၈ သိန်း နှင့် ပြစ်မှုကျူးလွန်ရာတွင် အသုံးပြုခဲ့သော သက်သေခံပစ္စည်းများကို အတူတကွ တွေ့ရှိခဲ့သည်။

လက်ရှိတွင် ကျူးလွန်ခဲ့သည့် အမှုများအား ဆက်လက်စစ်ဆေးလျက်ရှိပြီး၊ ဖမ်းဆီးရမိသူအား တရားဥပဒေအရ အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။
#EHNews