Nara: Animation @naraanima Channel on Telegram

Nara: Animation

@naraanima


Nara: Anime & Cartoon (English)

Are you a fan of anime and cartoons? Look no further, because Nara: Anime & Cartoon channel is here to fulfill all your entertainment needs! Whether you're into classic anime series or the latest trending cartoons, this channel has got you covered. With a wide range of content curated specifically for anime and cartoon enthusiasts, Nara offers a diverse selection of shows, movies, trailers, and reviews. Who is it? Nara: Anime & Cartoon is a Telegram channel dedicated to all things related to anime and cartoons. It is the perfect place for fans to come together, share their favorite shows, and discover new gems in the world of animation. What is it? Nara: Anime & Cartoon is a one-stop destination for all your anime and cartoon cravings. From beloved classics like Naruto and Pokemon to modern hits like Attack on Titan and My Hero Academia, this channel has something for everyone. Whether you're looking for recommendations, discussions, or just want to stay updated on the latest releases, Nara has it all. So, if you're ready to dive into the colorful and imaginative world of anime and cartoons, join Nara: Anime & Cartoon today and start your journey into a realm of endless entertainment!

Nara: Animation

08 Feb, 11:58


Midori (1992)

Banထားတဲ့Animeတွေအကြောင်းကိုပြောရင်၁၉၉၂ ကထုတ်လုပ်ခဲ့တဲ့Midori( Shoujo Tsubaki )ကနံပတ်တစ်နေရာမှာပါပဲ။လွန်ခဲ့တဲ့နှစ်အနည်းအငယ်တုန်းကမြန်မာပရိသတ်တွေကြားထဲတစ်ခေတ်ဆန်းခဲ့တာကိုမှတ်မိကြမှာပါအားလုံးနဲ့ရင်းနှီးပြီးသားဖြစ်တဲ့ Midorianimeကအမှောင်ဘက်ကိုရောက်တယ်စိတ်မချမ်းမြေ့စရာတွေအပြည့်နဲ့စိတ်ပျက်စရာကောင်းတဲ့ဇာတ်ကားဆိုလည်းမမှားပါဘူးStorylineလေးကိုနည်းနည်းလောက်ပြောပြချင်ပါတယ်။ အသက် ၁၂ အရွယ် ကလေးမလေးတစ်ယောက်က သူ့ရဲ့ အမေဆုံးပါးသွားလို့ ကူကယ်ရာမဲ့နေပါတယ။ဇာတ်ကားအစမှာထဲက Midori ရဲ့အမေက ကြွက်သေပုတ်တွေစားလို့သေဆုံးသွားခဲ့ရတာပါအဲ့အချိန်Midoriလေးကလူတစ်ယောက်နဲ့ဆုံခဲ့ပါတယ်အဲ့ဒီလူကCircusပြစားတဲ့မှော်ဆရာတစ်ဦးဖြစ်ပြီး Midori လေးကို လိုချင်တာတွေဝယ်ပေးမယ် ဖြစ်ချင်တာတွေကိုဖြစ်ခွင့်ပေးမယ်ဆိုပြီး Circus ကိုခေါ်သွားခဲ့ပါတယ်ဟိုကိုရောက်တဲ့အချိန်မှာတော့ Circus ရဲ့ကြောက်စရာကောင်းပြီးကြမ်းတမ်းတဲ့လူထူးဆန်းတွေကအသက် ၁၂ အရွယ်Midoriကိုဝိုင်းပြီးနှိပ်စက်လိုက်ရိုက်နှက်လိုက်ကြ အတင်းအဓ္ဓမပြုကျင့်တာတွေအပြင် ရွံစရာ စိတ်မချမ်းမြေ့စရာတွေကို ဝိုင်းပြီးလုပ်ကြပါတော့တယ်။


( ကြည့်ရှုရန် )

Nara: Animation

30 Jan, 09:36


Moana 2 (2024)

Auli’i Cravalho က မိုအာနာအဖြစ် နဲ့ Dwayne “The Rock” Johnson ကပဲ မာဝီအဖြစ် ပြန်ပါဝင်ထားပါတယ်။မိုအာနာအရင်ကားရဲ့ ထူးခြားချက်အတိုင်းပဲ သီချင်းလှလှတွေ စွန့်စားခန်းကောင်းကောင်းတွေနဲ့ ခံစားရမှာပါပဲ။ ဇာတ်လမ်းအကျဉ်းမိုအာနာတစ်ယောက် ကြီးပြင်းလာချိန်မှာ ဘိုးဘေးတွေရဲ့ ဆင့်ခေါ်မှုကြောင့် ပင်လယ်ပြင်ကြီးထဲကို စွန့်စားခန်းထွက်ဖို့ ဖြစ်လာပါတယ်။ဒါကတော့ ကျွန်းအားလုံးအတွက် အန္တရာယ်ဖြစ်လာစေနိုင်တဲ့ နတ်ဘုရားတစ်ပါးရဲ့ ကျိန်စာကို မရောက်ဖူးတဲ့ ပင်လယ်ပြင်အဆုံးစွန်ထိသွားပြီး ချေဖျက်ရမှာဖြစ်ပါတယ်။ဒီတစ်ခါစွန့်စားခန်းကတော့ အရင်ထက် ပိုခက်ခဲနေသလို အနည်းငယ် ရင့်ကျက်လာတဲ့ ခေါင်းဆောင်ဖြစ်လာတဲ့ မိုအာနာတစ်ယောက်လည်း ချိန်ဆစရာတွေ များလာပါတယ်။ဒါပေမဲ့ အရင်ခရီးစဉ်လိုမဟုတ်ဘဲ လှေထိုးသား တစ်သိုက်နဲ့ ကြက်ကလေး ဝက်ကလေးတွေအပါ စွန့်စားခန်းဖွင့်လာရပြီး မာဝီနဲ့ အတူ ဘယ်လိုတွေ ခရီးဆက်ကြမလဲဆိုတာ ကြည့်ရမှာပါ။


( ကြည့်ရှုရန် )

Nara: Animation

24 Jan, 02:56


ဒီနှစ် Oscar အတွက် Nomination ဝင်ထားတဲ့ Animated Film တွေဖြစ်ပါတယ်။

The Wild Robot

https://t.me/naraanima/253?single

Flow
https://t.me/naraanima/270?single

Inside Out 2
https://t.me/naraanima/241?single

Memoir of a Snail
https://t.me/naraanima/272?single

Wallace & Gromit: Vengeance Most Fowl (2024)
https://t.me/naraanima/274?single

Nara: Animation

24 Jan, 02:49


Wallace & Gromit: Vengeance Most Fowl (2024)

ဒီကာတွန်းကားလေးကတော့ ခရစ္စမတ်နေ့ကမှထွက်ရှိထားတဲ့ Comedy Adventure Animation ကားလေးဖြစ်ပါတယ်။ဒီ Wallace and Gromit ဇာတ်ကားဟာ ၂၀၀၅ ခုနှစ်မှာတစ်ကား ၂၀၀၈ ခုနှစ်မှာ တစ်ကားထွက်ရှိခဲ့ပြီးတော့ အခုဒါနဲ့ဆိုရင် Trilogy ဖြစ်သွားခဲ့ပြီဖြစ်ပါတယ်။သုံးကားလုံး Rating တွေလည်းကောင်းကြတာမို့ ကြည့်လို့ကောင်းမယ့်ဇာတ်ကားပဲဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ ဝေါလေ့စ်ဟာ တီထွင်သူတစ်ယောက်ဖြစ်တာနဲ့အညီ အိမ်အလုပ်တွေခိုင်းလို့ရမယ့် စက်ရုပ်တစ်ရုပ်ကိုတီထွင်လိုက်ပါတယ်။သူ့ရဲ့စွမ်းဆောင်ချက်တွေကိုမြင်လိုက်ရတဲ့အိမ်နီးချင်းတွေဟာ စက်ရုပ်ကိုသဘောကျသွားပြီးတော့ သူတို့အိမ်တွေမှာပါလိုက်ပြီးအလုပ်လုပ်ပေးဖို့ ဝေါ့လေ့စ်ကိုတောင်းဆိုလာပါတယ်။ဒီလိုနဲ့ ဝေါလေ့စ်ဟာ စက်ရုပ်အများအပြားတီထွင်ပြီး လုပ်ငန်းကိုချဲ့ထွင်လိုက်ပါတယ်။ဒါပေမဲ့ နည်းပညာမှာကောင်းကျိုးရှိသလို ဆိုးကျိုးတွေလည်းပါလာတာကြောင့် ဒီစက်ရုပ်တွေနဲ့အကျိုးဆက်တွေကို ဝေါလေ့စ်နဲ့ဂရိုမစ်တို့နှစ်ဦးသား တွေ့ကြုံရပါတော့တယ်။ဒီဇာတ်လမ်းကတော့ အားလပ်ရက်မှာ မိသားစုနဲ့အတူပေါ့ပေါ့ပါးပါးကြည့်လို့ကောင်းမယ့် စွန့်စားခန်း ဟာသကာတွန်းကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။

( ကြည့်ရှုရန် )

Nara: Animation

24 Jan, 02:37


Memoir of a Snail (2024)

2024 ထွက် Stop-motion animated flim လေးမို့Stop-motion fans တွေလက်မလွှတ်သင့်ပါဘူးနော်။Stop-motion ဆိုတဲ့အတိုင်း အသေးစိတ်အနုစိတ်တဲ့ပညာမို့ဒီanimation လေးကို အပြီးသတ်ဖို့ရှစ်နှစ်တောင်အချိန်ယူခဲ့ရပြီးDirector Adam Elliot ရဲ့ဘ၀ကိုလည်းအနည်းငယ်အခြေခံရိုက်ကူးထားတာပါတဲ့။ဒီကားလေးက ထူးခြားတာက ပုံမှန် Adventure သွားတာမျိုးတွေနဲ့Fantasy ဆန်ဆန်တွေမပါပဲ ဂရေစ့်ဆိုတဲ့ကောင်မလေးတစ်ယောက်ရဲ့ ပုံမှန်ဘ၀လေးကိုသဘာ၀ကျကျရိုက်ကူးထားတာပါ။အမြဲတမ်းကြီးမဟုတ်ပေမယ့် တစ်ချို့လူတွေက ကံဆိုးတတ်တာများပြီးတစ်ချို့တွေကျ ကံကောင်းတတ်ကြတယ်။ဒီဂရေ့စ်ကတော့ ပထမအတန်းစားထဲပါတယ်လို့ပြောရမယ်ပေါ့။အမေကိုယ်၀န်ရှိခါစမှာ သူ့အဖေကားတိုက်ခံရတော့ ကိုယ်တစ်ပိုင်းသေသွားတယ်။အမေဖြစ်သူကလည်း ဂရေ့စ်နဲ့သူ့အမွှာ‌မောင်လေးဂေးဘတ်ကို မွေးပြီး ဆုံးသွားရော။ အဆိုးတွေများနေပေမယ့်လည်းသူ့ကိုကာကွယ်ပေးမယ့် ဂေးဘတ်နဲ့အတူ ဖခင်ရှိသေးတော့ သူတို့မိသားစုလေးက ပျော်စရာလေးတွေတော့ရှိတာပေါ့။
ဆက်လက်ဖတ်ရှုရန်

( ကြည့်ရှုရန် )

Nara: Animation

20 Jan, 11:03


Flow (2024)

ဒီတစ်ခါ တင်ဆက်ပေးသွားမှာကတော့ ထွက်ထားတာ မကြာသေးတဲ့Animated movie လေး တစ်ကားပဲ ဖြစ်ပါတယ်။ရွေကမ္ဘာလုံးဆုပေးပွဲမှာလည်း Wild Robotကိုရမယ်ထင်ထားကြပေမဲ့ ဒီကားကရရှိသွားပါတယ်။ ဒီကားလေးထဲမှာဆိုရင်‌တော့ ကြောင်လေးတစ်ကောင်က ရေကြီးလာတဲ့ အခါလှေတွေပေါ်ကို တက်ပြီး ရှောင်ပြေးရပါတယ​်။အဲဒီအခါမှာ တခြားတိရစ္ဆာန်တွေလည်း ရှိနေတဲ့ အခါမှာတော့မျိုးနွယ်မတူတဲ့ တိရစ္ဆာန်လေးတွေ ဘယ်လို အတူတူပူးပေါင်းပြီးအခက် အခဲတွေကို ဖြတ်ကျော်သွားမလဲဆိုတာကို ကြည့်ရှုသွားရမှာပါFlow ဆိုတဲ့ နာမည်အတိုင်း ကံကြမ္မာရဲ့ ရေလှိုင်းတွေကြားမှာရေလိုက်ငါးလိုက်နေရမယ့် အခြေအနေတွေကို ပြသထားတာမလို့ဘဝအမောအပန်းတွေကြားမှာ ကြည့်ရင်း အားဖြစ်စေလာနိုင်တာလည်း ဖြစ်ပါတယ်။


( ကြည့်ရှုရန် )

Nara: Animation

16 Jan, 11:21


Transformers One (2024)

ထရန်စဖော်မာတွေရဲ့ စစ်ပွဲအစ အော့တိမပ်ပရိုင်း နဲ့ မက်ဂါထရွန်တို့ရဲ့ရန်ငြိုးအစကို ပြသထားတဲ့ ကာတွန်းရုပ်ရှင်ဖြစ်ပါတယ်။Rating 7.8 အထိ ရရှိထားပါပြီ။ အသံသရုပ်ဆောင်တွေကလည်းအော်ရိုင်ရန်ပက်အဖြစ် သောရ်မင်းသား Chris Hemsworth၊အလီတာအဖြစ် မမ စကားလက်ဂျိုဟန်ဆန် တို့ ပါဝင်ထားတာပါ။ ဇာတ်လမ်းအကျဉ်းကတော့ ဆိုက်ဘာထရွန်ဂြိုလ်ဟာ ကွင်တက်ဆင်တွေနဲ့ စစ်ဖြစ်ရင်း ပရိုင်းတွေအားလုံး ကျဆုံးသွားပြီး ဆန်တီနယ်ပရိုင်းတစ်ယောက်ပဲ ကျန်ခဲ့ပါတယ်။ကွင်တက်ဆင်တွေကို အနိုင်ယူခဲ့ပြီး အိုင်ရာကွန်မြို့ကို ဆန်တီနယ်ပရိုင်းကအုပ်ချုပ်နေတဲ့အချိန်ပါပဲ။ စစ်ပွဲကြောင့် ဆိုက်ဘာထရွန်တစ်ခုလုံးရဲ့စွမ်းအင်ရင်းမြစ် မေးထရစ် ပျောက်ဆုံးသွားတာကြောင့် အင်နာဂျွန်စွမ်းအင်တွေကိုရဖို့ တူးဖော်ရေးသမားစက်ရုပ်တွေကိုပဲ ခိုင်းစေနေရပါတယ်။ တူးဖော်ရေးသမားတွေဟာ အနိမ့်စား စက်ရုပ်တွေဖြစ်ပြီးပုံပြောင်းနိုင်စွမ်းရှိတဲ့ စက်လုံးတွေ ရင်ဘတ်မှာ မရှိကြပါဘူး။အော်ရိုင်ရန် နဲ့ ဒီ-၁၆ တို့ဟာ တူးဖော်ရေးသမား အချစ်ဆုံးသူငယ်ချင်းနှစ်ယောက်ဖြစ်ပါတယ်။
ဆက်လက်ဖတ်ရှုရန်

( ကြည့်ရှုရန် )

Nara: Animation

25 Dec, 11:21


The Polar Express ( 2004 )

ဒီဇာတ်ကားလေးကို Forrest Gump နဲ့ Cast Away ကို ပဲ့ကိုင်ခဲ့သူဒါရိုက်တာ Robert Zemeckis က ရိုက်ကူးခဲ့တာဖြစ်ပါတယ်။IMDB Rating 6.6 ရှိပါတယ်အဓိကဇာတ်ကောင်ဖြစ်တဲ့ကောင်လေး၊တခြားဇာတ်ကောင်တွေဖြစ်တဲ့ ကောင်လေးရဲ့အဖေ၊မီးရထားဂတ်ဗိုလ်၊ ဟိုဘို၊ရုပ်သေးရုပ်နဲ့ ဆန်တာ နေရာတွေကို မင်းသားကြီး Tom Hanks ကလည်း အသံကော CGI ဇာတ်ကောင်အနေနဲ့ပါ သရုပ်ဆောင်ပေးခဲ့ပါတယ်။ဇာတ်လမ်းလေးက ခရစ်စမတ်အကြိုညတစ်ညမှာ မှော်ဆန်ဆန်ရထားကြီးနဲ့ မြောက်ဝင်ရိုးစွန်းဒေသမှာရှိတဲ့ ဆန်တာကလော့စ်ရဲ့ နေရပ်ကိုရောက်သွားတဲ့ ကောင်လေးတစ်ယောက်အကြောင်းပါ။ပျော်စရာတွေဟာ ယုံကြည်မှုရှိသူတစ်ယောက်အတွက် အမြဲရှိနေမယ်ဆိုတာ သိလိုက်ရတဲ့ ကောင်လေးတစ်ယောက်ရဲ့ စွန့်စားခန်းဆိုပါတော့။မြောက်ဝင်ရိုးစွန်းကိုသွားတဲ့ ဒီခရီး တစ်လျှောက်မှာ ကောင်လေးက သူငယ်ချင်းတွေလည်းရခဲ့သလို ယုံကြည်မှုဆိုတဲ့စကားလုံးကို ကောင်းကောင်းကြီး သဘောပေါက်သွားခဲ့ပါတယ်။ကိုယ့်လူတို့လည်း ခရစ်စမတ်မရောက်ခင် ဇာတ်လိုက်လေးနဲ့အတူ Polar Express ကြီးစီးပြီး စွန့်စားခန်း ထွက်ကြည့်ကြပါဦးနော်…


( ကြည့်ရှုရန် )

Nara: Animation

14 Nov, 03:49


Look Back (2024)

“Chainsaw Man” ရဲ့ Manga Artist ဖြစ်သူ Tatsuki Fujimoto ရေးဆွဲထားပြီး Anime Movie အဖြစ် ထွက်လာခဲ့တဲ့ “Look Back” ကို တင်ဆက်ပေးလိုက်ပါတယ်။မူလတန်းကျောင်းသူ အာယူမူဖူဂျီနို (Ayumu Fujino) ဟာ ကျောင်းတွင်းသတင်းစာမှာ တစ်မျက်နှာလေးကွက်မန်းဂလို့ခေါ်တဲ့ Yonkoma ကိုရေးဆွဲလေ့ရှိသူပါ။ သူ့သူငယ်ချင်းတွေကလည်း သူ့လက်ရာတွေကိုချီးကျူးကြပြီး မန်းဂဆရာ (Manga Artist) လုပ်သင့်တယ်လို့အကြံပေးကြတယ်။တစ်နေ့ ကျောင်းလာမတက်ဘဲ အိမ်တွင်းပုန်းဖြစ်သူ ကရိုမိုတို (Kyomoto) ဆိုတဲ့ ကျောင်းသူတစ်ယောက်ရဲ့ Yonkoma က သူ့ Yonkoma နဲ့ယှဉ်ပြီးပါလာလို့ ကရိုမိုတိုရဲ့လက်ရာကအများကြီးပိုသာနေတာကို တွေ့လိုက်ရတယ်။
ဆက်လက်ဖတ်ရှုရန်

( ကြည့်ရှုရန် )

Nara: Animation

10 Nov, 04:15


Piece By Piece (2024)

2024ခုနှစ်ထွက် Piece by Piece ဆိုတဲ့ LEGO ဇာတ်ကားအသစ်လေးနဲ့မိတ်ဆက်ပေးပါရစေ။ ဒီ LEGO ဇာတ်ကားလေးမှာ‌တော့ အဆိုတော် Pharrell Williams ရဲ့ဇာတ်ကြောင်းကို အသားပေးဖော်ပြထားပါတယ်။သူ့ရဲ့ နာမည်ကျော်ခဲ့တဲ့သီချင်းတွေအကြောင်းလဲပါ၀င်ထားတာမလို့ သီချင်းကြိုက်တဲ့သူတွေဆိုရင်ကြည့်သင့်တဲ့ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ ဘာသာပြန်သူကတော့ သူ့ရဲ့ “Happy”ဆိုတဲ့သီချင်းလေးကိုကြိုက်ပါတယ်။သီချင်းကောင်းလေးတစ်ပုဒ်မို့လို့ နားမထောင်ဖူးသေးရင် ဒီကားလေးကြည့်ရင်း နားထောင်ကြည့်လိုက်ပါဦးနော်။

( ကြည့်ရှုရန် )

Nara: Animation

26 Oct, 13:36


Storks (2016)

ဟိုးအရင်တုန်းက ကလေးမရနိုင်တဲ့သူတွေ ဆုတောင်းရင် သို့မဟုတ်ကလေးငယ်တွေက ညီလေး ညီမလေးတွေလိုချင်တယ်လို့ဆုတောင်းခဲ့မယ်ဆိုရင် ငှက်ကြားဖြူ တွေဟာ ကလေးငယ်တွေကိုနှုတ်သီးဖြင့် သယ်ယူလာပြီး အိမ်ခေါင်းတိုင်မှ ဖြစ်စေအိမ်ရှေ့တံခါးမှ ဖြစ်စေ ပို့ပေးဖူးတယ်လို့ ပုံပြင်တွေထဲမှာ ရှိခဲ့ဖူးပါတယ်။ဒါပေမယ့် အဲ့ဒါတွေဟာ ယနေ့ခေတ်မှာ ပျောက်ကွယ်သွားပါပြီ ငှက်ကြားဖြူတွေဟာ အလုပ်ရှုပ်ပြီး တာဝန်ကြီးတဲ့ ကလေးပို့တဲ့ အလုပ်တွေ မလုပ်တော့ပါဘူး Online Shopping လုပ်ငန်းက ပစ္စည်းတွေကို ပို့ပေးတဲ့ Storkကပစ္စည်းပို့ဆောင်ရေး ငှက်တွေ ဖြစ်ကုန်ကြပါပြီ။ထိုငှက်တွေ အားလုံးကို အုပ်ချူပ်တဲ့သူကို Boss လို့ ခေါ်ကြပြီး သူတို့ အားလုံးရဲ့ Boss ဟာဟန်တာ ဆိုတဲ့ ငှက်ကြားဖြူကြီး ဖြစ်ပါတယ်။ဆက်လက်ကြည့်ရှုလိုက်ကြပါ….


( ကြည့်ရှုရန် )

Nara: Anime & Cartoon

18 Oct, 01:36


The Wild Robot (2024)

DreamWorks Animation ရဲ့ အကောင်းဆုံးလက်ရာတွေထဲက တစ်ခုဖြစ်တဲ့တောရိုင်းစက်ရုပ်ဆိုတဲ့ ကာတွန်းရုပ်ရှင်ပါ။ Mulan, How to Train your dragon တို့လိုအကောင်းဆုံး ကာတွန်းတွေကို ဖန်တီးခဲ့တဲ့ Chris Sanders ရဲ့ လက်ရာပဲ ဖြစ်ပါတယ်။စက်ရုပ် ရော့ဇ် အဖြစ် Black Panther ထဲက Lupita Nyong’o ပါဝင်ထားပြီး၊မြေခွေး ဖင့်အဖြစ် Pedro Pascal က ပါဝင်ထားပါတယ်။ဇာတ်လမ်းအကျဉ်းကတော့လူသားတွေအတွက် အကူအညီပေးတဲ့ စက်ရုပ်အမျိုးအစားတစ်ခုဖြစ်တဲ့ရော့ဇမ်အမျိုးအစား စက်ရုပ်တစ်ရုပ်ဟာ လူမရှိတဲ့ကျွန်းတစ်ကျွန်းအပေါ်ကို ပြုတ်ကျလာခဲ့ပါတယ်။ အဲဒီကျွန်းပေါ်ကတိရစ္ဆာန်တွေနဲ့ ဆက်သွယ်ဖို့ ကြိုးစားရင်းကနေ မတော်တဆငန်းမိသားစုတစ်စုကို သေစေမိလိုက်ပါတယ်။အဲဒီငန်းမိသားစုမှာ ငန်းပေါက်လေးတစ်ကောင် ကျန်ခဲ့ပြီးအဲဒီငန်းလေးကို မသေအောင်စောင့်ရှောက်ရမဲ့ တာဝန်ကိုပရိုဂရမ်ကနေ လက်ခံမိလိုက်ပါတယ်။
ဆက်လက်ဖတ်ရှုရန်

( ကြည့်ရှုရန် )

Nara: Anime & Cartoon

13 Sep, 03:22


Ben 10 Secret Of The Omnitrix (2007)

Ben 10 လို့ပြောလိုက်တာနဲ့ မသိသူမရှိသလောက်ပါပဲ။ကျွန်တော်တို့ငယ်ငယ်ကကြိုက်ခဲ့ရတဲ့ super heroပေါ့။ အခုတစ်ခါမှာလည်း Ben 10 fan တွေအတွက် secret of Omnitrix ဇာတ်ကားကို တင်ပေးလိုက်ပါတယ်။ ဒီဇာတ်ကားထဲမှာ Ben ရဲ့ လက်ပတ်ဟာ ချို့ယွင်းသွားတာကြောင့် Azmuth ဆိုတဲ့ Omnitrix ဖန်တီးသူကို ပြင်ခိုင်းဖို့အတွက် အာကာသခရီးထွက်လာခဲ့ပါတယ်။တစ်ချိန်ထဲမှာပဲ Null void ကနေလွတ်မြောက်လာတဲ့ Vilgax က Ben အာကာသထဲရောက်နေတာသိတော့ နာရီကိုရဖို့ ကြိုးစားတော့ပါတယ်။Ben ကကော ဘယ်လိုထူးဆန်းတဲ့အကောင်တွေနဲ့ကြုံရမလဲ။Azmuth ဆီ ဘယ်လိုရောက်အောင်သွားမလဲ။Vilgax ကိုကော ဘယ်လိုရင်ဆိုင်မလဲဆိုတာ ကျွန်တော်နဲ့အတူ ကြည့်ရှုလိုက်ကြရအောင်။


( ကြည့်ရှုရန် )

Nara: Anime & Cartoon

30 Aug, 05:10


Where is Anne Frank (2022)

Anne Frank ရဲ့ဇာတ်လမ်းကိုတော့တော်တော်များများသိကြမယ်ထင်ပါတယ်။မသိသူတွေအတွက်ကတော့ Anne Frank ဆိုတာဒုတိယကမ္ဘာစစ်ဖြစ်တုန်းက ဟော်လန်မှာနေတဲ့ဆယ်ကျော်သက်အရွယ်ဂျုးမိန်းကလေးတစ်ယေက်ပါ။နာဇီတွေဟော်လန်ကိုသိမ်းပိုက်အပြီးမှာတော့ သူတို့ရဲ့လူမျိူးတုန်းသတ်ဖြတ်မှုဟာ Anneတို့အနားကိုရောက်ရှိလာပါတယ်။ဒါနဲ့Anne တို့မိသားစုဟာ Anne အဖေအလုပ်ရဲ့အပေါ်ထပ်လျှို့ဝှက်တိုက်ခန်းမှာ အခြားဂျုးမိသားစုတစ်ခုနဲ့တူတူသွားပုန်းကြပါတယ်။ပုန်းနေရတဲ့နှစ်နှစ်ကျော်ကာလအတွင်းမှာ Anne ဟာသူ့ရဲ့ အတွေ့အကြုံအခက်အခဲတွေကို ဒိုင်ယာရီရေးပြီးမှတ်တမ်းတင်ခဲ့ပါတယ်။Anne တို့ဟာနောက်ဆုံးမှာတော့ကံမကောင်းရှာပဲ နာဇီတွေကရှာတွေ့သွားပြီး အားလုံးကိုအရှေ့ဘက်မှာရှိတဲ့ Concentrate Camp တွေကိုပို့လိုက်ပါတယ်။Anne ရဲ့အဖေ Otto Frank ကလွဲရင်ဘယ်သူမှအသက်ရှင်လျက်ပြန်မလာနိုင်ခဲ့ပါဘူး။Otto ဟာရုံးက၀န်ထမ်းတစ်ယောက်ကပေးလို့ Anne ရဲ့ဒိုင်ယာရီပြန်ရပြီး တခြားလူတွေကိုဝေမျှပေးနိုင်ဖို့ ဒိုင်ယာရီကိုစာအုပ်ထုတ်‌ဝေဖို့ဆုံးဖြတ်ခဲ့ပါတယ်။
ဆက်လက်ဖတ်ရှုရန်

( ကြည့်ရှုရန် )

Nara: Anime & Cartoon

28 Aug, 12:14


Tokyo Godfathers (2003)

“Tokyo Godfathers” ဆိုတဲ့ animation ကားလေးကိုတော့ စာရေးဆရာ Peter B. Kyne ရဲ့ ပထမဆုံးလက်ရာဖြစ်တဲ့ ” three godfathers”ဆိုတဲ့ဝတ္ထု အပေါ်အခြေခံပြီး ဒါရိုက်တာ Satoshi Kon က ရိုက်ကူးရေးဆွဲထားတာပဲဖြစ်ပါတယ်။ ဒီဇာတ်ကားလေးကတော့ မူရင်းဝတ္ထုနာမည်ဖြစ်တဲ့” Three Godfathers” ဆိုတဲ့အတိုင်းပဲ တိုကျိုမြိုပေါ်က အိမ်ယာမဲ့လူသား၃ဦးရဲ့ ဘယ်ကရောက်လာမှန်းမသိရတဲ့ လူမမယ်ကလေးတစ်ဦးအပေါ်မှာထားရှိတဲ့မေတ္တာအတိမ်အနက်ကို ဖော်ပြထားတဲ့ကားလေးတစ်ကားပဲဖြစ်ပါတယ်။ဇာတ်လမ်းအညွှန်းကတော့ချမ်းအေးလှတဲ့ ခရစ်စမတ်ညလေးတစ်ညမှာ တိုကျိုမြိုပေါ်က အရက်သမားတစ်ယောက် ၊ဟိုမိုတစ်ယောက် နဲ့ ဆယ်ကျော်သက်အရွယ်အိမ်ပြေးမလေးတစ်ယောက်တိုက စွန့်ပစ်ခံထားရတဲ့ ကလေးတစ်ယောက်ကိုတွေ့ရှိရာကကလေးရဲ့မိဘတွေဆီကို ပြန်ပို့ပေးဖို ကြိုးစားခဲ့ပုံနဲ့ စတင်ခဲ့ပါတယ်။

( ကြည့်ရှုရန် )

Nara: Anime & Cartoon

26 Aug, 04:29


The Chipmunk Adventure (1987)

ဒီ​Animationဇာတ်ကားလေးက၁၉၈၇ကတည်းက ထွက်ရှိခဲ့တဲ့Chipmunk​လေး​တွေရဲ့ စွန့်စားခန်းကာတွန်းကား​ပဲ ဖြစ်ပါတယ်။IMDbမှာ 7.2အထိ ရရှိထားပါတယ်။ဇာတ်လမ်းက​တော့ သူတို့ရဲ့သခင်ဖြစ်သူ ​ဒေ့ဗ် ဥ​ရောပကို အလုပ်နဲ့ခရီးထွက်သွားချိန် အိမ်မှာကျန်ခဲ့တဲ့ အယ်လ်ဗင်တို့ ချစ်မန့်ရှဉ့်​လေး ၃ကောင်နဲ့ဘရစ်တနီတို့ ချစ်ပတ်ရှဉ့်​လေး ၃​ကောင်တို့ကမ္ဘာတစ်ပတ်ဂိမ်းပြိုင်​ဆော့​​နေရင်းသူနိုင်ကိုယ်နိုင် ငြင်း​နေချိန် က​လောက်စ်နဲ့ က​လောက်ဒီယာ ဆိုတဲ့သူ​ဌေး​မောင်နှမနှစ်​ယောက်က ရှဉ့်​လေး​တွေကို စရိတ်ငြိမ်းအ​နေနဲ့တကယ့်အပြင်မှာ ကမ္ဘာပတ်ရမဲ့ ပြိုင်ပွဲတစ်ခု လုပ်​ပေးမယ်ဆိုပြီး​ပြောလာပါတယ်။ တကယ်​တော့ အဲဒီ​သူ​ဌေး​မောင်နှမ​တွေကစိန်မှောင်ခိုကုန်သည်​တွေဖြစ်ပြီး ရဲ​​တွေမရိပ်မိ​​အောင်အယ်လ်ဗင်တို့နဲ့ကမ္ဘာအနှံ့က စိန်​မှောင်ခိုဝယ်သူ​တွေဆီတစ်ဆင့်ခံပို့​ပေးဖို့ အကြံနဲ့ပြိုင်ပွဲလုပ်​ပေးတာပါ။ အယ်လ်ဗင်နဲ့ ဘရစ်တနီတို့​တွေ အသုံးချခံဖြစ်နေတာကို သိသွားကြမလား၊ သူတို့ရဲ့ ကမ္ဘာပတ်ခရီးစဉ်ထဲမှာဘယ်လို အခက်အခဲ​နဲ့ အန္တရာယ်​တွေကို စွန့်စား​ကျော်ဖြတ်ရမလဲဆိုတာ ချစ်စဖွယ်ကြည့်ရှုရမှာပါ။


( ကြည့်ရှုရန် )

Nara: Anime & Cartoon

23 Aug, 15:37


Trollhunters: Rise of the titans (2021)

စကြဝဠာကြီးကို စွမ်းအားကြီးမားလှတဲ့ စုန်းမကြီးသုံးယောက် ဖန်ဆင်းထားတယ်လို့ဆိုရအောင်ဗျာ။အဲ့စကြဝဠာကြီးထဲမှာ လူသား တိရိစ္ဆာန် မှင်စာ ဂြိုလ်သား စတဲ့သက်ရှိတွေအားလုံး ညီညွှတ်မျှတစွာနေထိုင်နိုင်ဖို့ ကမ္ဘာမြေဆိုတဲ့လှပတဲ့နေရာလေးကိုလည်း ဖန်ဆင်းခဲ့ကြတယ်ဒါပေမယ့် လူသားတွေကတော့ ကမ္ဘာမြေရဲ့အလှကို မစောင့်ရှောက်ဘဲ ဖျက်စီးကြတယ်။လူသားအချင်းချင်း စစ်ပွဲတွေခင်း အာဏာတွေပြကြရုံမက မှင်စာလေးတွေကိုပါ ထိခိုက်လာခဲ့တော့မှင်စာလေးတွေဟာလည်း ကမ္ဘာမြေကြီးရဲ့အောက်ခြေမှာပဲ ပုန်းလျှိုးကွယ်လျှိုးနဲ့နေထိုင်ကြရတာပေါ့။ဒါတင်မက လူသားတွေဟာ အကောင်လေးတွေကိုနှိပ်စက် အပင်တွေခုတ်နဲ့ ကြာတော့ ကမ္ဘာကြီးလည်းတဖြည်းဖြည်းပျက်စီးလာခဲ့တယ်။ဒါကိုသည်းမခံနိုင်တော့တဲ့ စုန်းမကြီးတွေဟာ ကြီးမားလှတဲ့ Titan ကြီးတွေကို ဆင့်ခေါ်ပြီး ကမ္ဘာမြေကိုဖျက်စီးကာ အသစ်တဖန်ပြန်စဖို့ စီစဉ်ပါတော့တယ်ဒါကိုသိရှိသွားကြတဲ့ Trollhunter(မှင်စာမုဆိုး) ဦးဆောင်တဲ့ သူရဲကောင်းတစ်စုဟာ ဖန်ဆင်းရှင်စုန်းမကြီးတွေကို လိုက်လံတားဆီးကြတော့တာပေါ့။
ဆက်လက်ဖတ်ရှုရန်

( ကြည့်ရှုရန် )

Nara: Anime & Cartoon

20 Aug, 06:14


Inside Out 2 (2024)

2015 တုန်းက အကောင်းဆုံးကာတွန်းရုပ်ရှင်အော်စကာဆုရခဲ့တဲ့ နာမည်ကျော် ကာတွန်းကားရဲ့နောက်ဆက်တွဲ ထွက်လာပါပြီ။ ၁၀ နှစ်နည်းပါး ကြာခဲ့ပေမဲ့ ဇာတ်လမ်းနဲ့ ရိုက်ချက်တွေကစောင့်ရတာ တန်တယ်လို့ ပြောနိုင်လောက်အောင် ကောင်းနေပါတယ်။Rating လည်း 7.8 ထိ ရောက်နေတာမို့ ဘော်ချက်ရုံသက်သက်ကာတွန်းအဆက်တွေ စွတ်ထုတ်နေတာထက်တော့ သာပါတယ်။Inside Out (2015) မှာ ပြခဲ့တဲ့ကလေးတစ်ယောက်ရဲ့ ဦးနှောက်ရဲ့emotionတွေကိုပုံဖော်မှုက အတော်ပြောင်မြောက်ခဲ့သလို အခု ရုပ်ရှင်မှာလည်း ကလေးဘဝကနေ ရင့်ကျက်မလာခင် ခံစားချက်မျိုးစုံနဲ့ ဦးနှောက်ရဲ့သဘောကိုပီပီပြင်ပြင် ပြထားနိုင်လိုက်တာပါပဲ။ “သူ့ကို ငါ့အစား လဆီ ခေါ်သွားပေးပါ” ဆိုတဲ့ဘင်းဘောင်ရဲ့ အခိုက်အတန့်မျိုးကိုတော့ပြန်ဖန်တီးဖို့ မဖြစ်နိုင်သလောက်ပါပဲ။ဒီရုပ်ရှင်ထဲမှာ Joy ရဲ့အိပ်ရာဘေးမှာဘင်းဘောင်အရုပ်လေးကို တွေ့ရပါလိမ့်မယ်။ဇာတ်လမ်းအကျဉ်းကတော့..
ဆက်လက်ဖတ်ရှုရန်

( ကြည့်ရှုရန် )

Nara: Anime & Cartoon

19 Aug, 10:28


Howl's Moving Castle (2004)

အလွန်လှပတဲ့ဦးထုတ်ရောင်းတဲ့ကောင်မလေးဆိုဖီအလွန်ထူးဆန်းတဲ့လူပုံစံဆောက်လုပ်ထားတဲ့မှော်ရဲတိုက်ရှင်စုန်းထီးလေးဟအိုယုသူတို့နှစ်ယောက်ဘယ်လိုမတော်တဆတွေ့ကြမလဲလူသားနဲ့စုန်းထီးဘယ်လိုပေါင်းစပ်ခွင့်ရမလဲဟအိုယုရဲ့နှလုံးသားကိုလိုချင်နေတဲ့စုန်းမကြီးကဟအိုယုနဲ့ဆိုဖီအကြောင်းကိုသိသွားတဲ့အချိန်မှာဆိုဖီလေးကိုကျိန်စာတိုက်လိုက်တဲ့အချိန်မှာတော့အလွန်ချောမောတဲ့ကောင်မလေးဆိုဖီဟာအဖွားအိုတစ်ယောက်အဖြစ်ပြောင်းလဲသွားတဲ့အခါမှာကောလောကဓံကိုသူမဘယ်လိုရင်ဆိုင်မလဲဟအိုယုနဲ့ကောပြန်တွေ့ကြမှာလားစုန်းထီးလို့ဆိုပေမဲ့စိတ်သဘောထားအလွန်နူးညံ့တဲ့ဟအိုယုတစ်ယောက်လူသားတွေနဲ့မိစ္ဆာတွေစစ်မက်ဖြစ်ပွားလာတဲ့အချိန်မှာလူသားတွေဘက်ကဘယ်လိုဦးဆောင်ပြီးတိုက်ခိုက်မလဲဆိုဖီလေးရဲ့ကျိန်စာကောပျက်ပြယ်သွားမှာလားဒီအတိုင်းအဖွားကြီးတစ်ယောက်အဖြစ်တစ်သက်လုံးနေသွားရမလားဆိုတာစိတ်ဝင်တစားစောင့်ကြည့်ရမှာပါanimation ကိုအရမ်းကြိုက်တဲ့ပရိတ်သတ်တွေအတွက်ကတော့ကျေးနပ်အားရမှုအပြည့်အဝဖြစ်စေမယ်လို့အာမခံရင်းကြည့်ရူလိုက်ကြပါအုံးနော်။

( ကြည့်ရှုရန် )

Nara: Anime & Cartoon

15 Aug, 08:13


The Iron Giant (1999)

ဒီနေ့အတွက် IMDb rating 8.1/10 ရရှိထားတဲ့ Animation ကားလေး တင်ပေးလိုက်ပါတယ်။အချိန်ကာလက စစ်အေးကာလ အမေရိကန်နဲ့ ဆိုဗီယက်တို့ အပြင်းအထန် အားပြိုင်နေချိန်ပေါ့။ အဲ့လိုအချိန်မှာ ဆိုဗီယက်က ကမ္ဘာ့ပထမဆုံး ဂြိုဟ်ထုဖြစ်တဲ့ Sputnik I ကြီးလွှင့်လိုက်တော့ အမေရိကန်မှာ ဆိုဗီယက် ကျူးကျော်စစ်တို့၊ ကောင်းကင်ကကျလာမယ့် ဆိုဗီယက် စစ်လက်နက်တွေတို့ အကြောင်း တွေးရင်း ပြောရင်း အရမ်း Paranoid ဖြစ်နေချိန်ပေါ့။အဲ့လိုအချိန်မှာ Hogarth Hughes လိုခေါ်တဲ့ ၁၂ နှစ်အရွယ်လောက်ကောင်လေး ဟာ သူ့အမေ Annie နဲ့ အမေရိကန်ကကမ်းရိုးတန်း နယ်စွန်နယ်ဖျား မြို့လေးရဲ့ အစပ်မှာ နေထိုင်ပါတယ်။ တစ်ရက်မှာတော့ Annie ဟာ အလုပ်ကနေ အိမ်ပြန်တာနောက်ကျ မှာဖြစ်လို့ (Hogarth မှာ အမေပဲရှိတော့ပါတယ်) Hogarth တစ်ယောက်ထဲ အိမ်မှာ ရှိနေချိန် တီဗွီအင်တင်နာကို တစ်ခုတစ်ခုက ချိုးယူသွားတဲ့အခါ ဇာတ်လမ်းစတော့ တာပါပဲ။ သတ္တိရှိပြီး စူးစမ်းစိတ်အပြည့်ရှိတဲ့ Hogarth လေးဟာ တောထဲအထိ သူ့ အင်တင်နာချိုးသွားတဲ့ အရာကိုလိုက်ရှာရာမှာတော့ ပေ ၁၀၀ ခန့်မြင့်တဲ့ သံမဏိ စက်ရုပ်ကြီးဟာ သူ့အင်တန်နာကို စားသွားတာဖြစ်ကြောင့် အံ့သြဖွယ်ရာ သိရှိ လိုက်တဲ့ အခါမှာတော့..
ဆက်လက်ဖတ်ရှုရန်

( ကြည့်ရှုရန် )

Nara: Anime & Cartoon

10 Aug, 13:28


Seoul Station (2016)

ဇာတ်လမ်းအကျဉ်းကဆိုးလ်ရထားဘူတာကို ဗိုင်းရပ်ကူးနေတဲ့ အိမ်ယာမဲ့တယောက် ရောက်လာတာကနေ တမြို့လုံးကို ပြန့်သွားပြီးလူတွေအကုန်လုံးနီးနီးကို ကူးကုန်ပါတယ်။ ဘူတာမှာ အိပ်ကြတဲ့ အိမ်ယာမဲ့တချို့နဲ့ မြို့ကလူတချို့ပဲအသက်ရှင် ကျန်ပါတော့တယ်။ ဟီဆန်ဆိုတဲ့ ကောင်မလေးကလည်း သူ့ရည်းစားနဲ့ စကားများပြီးဘူတာကို ရောက်လာပြီး ဗိုင်းရပ်ကူးထားတဲ့ လူတွေ လိုက်လို့ ပြေးရင်းနဲ့ ဒုက္ခရောက်နေလို့သူ့ကောင်လေးနဲ့ သူ့အဖေက လိုက်ရှာကြပါတယ်။အဲ့ဖြစ်စဉ်တစ်ခုမှာ သူမကိုရော သူ့အဖေနဲ့သူ့ကောင်လေးက ရှာတွေ့ပါ့မလား။ ဗိုင်းရပ်ကူးထားတဲ့လူတွေကိုရော ဘယ်လို ရှင်းကြမလဲ ဆိုတာကတော့……

( ကြည့်ရှုရန် )

5,564

subscribers

232

photos

117

videos