ဟာသလေးတွေ ထည့်သွင်းဖို့အတွက် နောက်ထပ်နည်းလမ်းတစ်ခု ကတော့ "rule of three” လို့ခေါ်တဲ့ စည်းမျဉ်းကို လိုက်နာဖို့ပါပဲ။ ဒီစည်းမျဉ်းရဲ့သဘောကတော့ ဟာသတစ်ခုကို စာကြောင်းသုံးခုပါတဲ့ အုပ်စုသုံးခုခွဲပြီး တည်ဆောက်ဖို့ဖြစ်ပါတယ်။ Nihill ရဲ့ စမ်းသပ်မှု တွေအရ အုပ်စုသုံးခုခွဲပြောတဲ့ ဟာသတွေဟာ ထိရောက်မှုပိုရှိပြီး ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုကိုလဲ ပိုရတယ်လို့ သိရပါတယ်။ Rule of three နည်းစနစ်ရဲ့ ပထမနှစ်ကြောင်းမှာ သာမန်အတိုင်းပဲ ပြောဆိုပြီး၊ နောက်ဆုံးစာကြောင်းကျမှ မထင်မှတ်တဲ့ အလှည့်အ ပြောင်းတစ်ခုကို ထည့်သွင်းပေးရပါတယ်။
ဥပမာအားဖြင့် The Daily Show အစီအစဉ်ရဲ့ တင်ဆက်သူဖြစ် တဲ့ Jon Stewart က “ကျွန်တော့်အိမ်မှာ ကျေးဇူးတော်နေ့ကို အစဉ်အလာအတိုင်း ကျင်းပခဲ့တယ်၊ ကျွန်တော့်အိမ်မှာ စားသောက်ပွဲ အကြီးကြီးလဲရှိနေတာကြောင့် အိမ်နီးနားချင်းတွေအားလုံးကို ဖိတ်ကြားခဲ့တယ်၊ ပြီးတော့ ကျွန်တော်သူတို့ကို သတ်ပစ်လိုက်ပြီး သူတို့ မြေတွေကို သိမ်းပစ်လိုက်တယ်” လို့ အရွှန်းဖောက်ခဲ့ဖူးပါတယ်။
ဒီဟာသမှာ ပရိသတ်ကို အံ့ဩသွားစေတဲ့ အပိုင်းဟာ နောက်ဆုံး စာကြောင်း ဖြစ်ပါတယ်။ ရှေ့နှစ်ကြောင်းရဲ့ ပတ်ဝန်းကျင်မြင်ကွင်းက ပရိသတ်တွေအတွက် ဘာမှမထူးခြားပါဘူး။ ကျေးဇူးတော်နေ့မှာ အိမ်နီးနားချင်းတွေကိုဖိတ်တာဟာ လူတိုင်းကြုံဖူးကြတဲ့ အဖြစ်အပျက် မျိုးပါပဲ။ ဒါပေမယ့် “ကျွန်တော်သူတို့ကို သတ်ပစ်လိုက်ပြီး သူတို့မြေ တွေကို သိမ်းပစ်လိုက်တယ်” ဆိုတာကတော့ လုံးဝထင်မှတ်မထားတဲ့ ဇာတ်လမ်းမျိုးဖြစ်တာကြောင့် ပရိသတ်တွေကို ရယ်မောနိုင်စေခဲ့တာ ဖြစ်ပါတယ်။ Rule of three ရဲ့ အနှစ်သာရကတော့ ပထမနှစ် ကြောင်းမှာ အရှိန်ယူပြီး နောက်ဆုံးအကြောင်းမှာ မမျှော်လင့်တဲ့ အလှ ည့်အပြောင်းကို ထည့်သွင်းပေးနိုင်ခြင်းပါပဲ။
ခုဆိုရင်တော့ ကိုယ့်ရဲ့ ဇာတ်လမ်းထဲမှာ ဟာသလေးတွေ ထည့်သွင်းပုံကို ဖော်ပြခဲ့ပြီးပါပြီ။ စင်ပေါ်ကို တကယ်ရောက်တဲ့အခါ သတိထားရမယ့်အချက်တွေကိုတော့ နောက်တစ်ခန်းမှာ ဆက်လက်ဖော်ပြသွားမှာ ဖြစ် ပါတယ်။
(3) စင်မြင့်ထက်က ပြောဆိုမှုစွမ်းရည်
|||
ဟောပြောမှုတိုင်း, တင်ဆက်မှုတိုင်းကို introduction” လို့ခေါ်တဲ့ အဖွင့်စကားလေးတွေနဲ့ စတင်ကြရပါတယ်။ ကိုယ်က ခုမှစပြီး စကားပြောလေ့ကျင့်နေတဲ့ လူသစ်တစ်ယောက်ဆိုရင်တော့ introduction အပိုင်းကို သေသေချာချာ စီစဉ်ထားဖို့ လိုအပ်ပါလိ မ့်မယ်။
ဟောပြောမှုတစ်ခုရဲ့ ပထမဆုံး စက္ကန့် ၃၀ သိပ်အရေးကြီးပါတယ်။ ဟာ ပထမဆုံး စက္ကန့် ၃၀ ဟာ ဟောပြောမှုတစ်ခုလုံးရဲ့ ရလဒ်ကိုပါ အဆုံးအဖြတ်ပေးနိုင်စွမ်းရှိတယ်လို့ စာရေးသူ Nihill က ဆိုပါတယ်။ စကားမပြောခင်မှာ ပရိသတ်နဲ့ဟောပြာသူကြားမှာ တင်းမာမှုလေးတွေ အနည်းငယ်ရှိနေတတ်ပါတယ်။ တကယ်လို့ ပထမဆုံး စက္ကန့် ၃၀ အတွင်းမှာ ပရိသတ်တွေကို ရယ်အောင်လုပ်နိုင်မယ်ဆိုရင်တော့ တင်းမာမှုတွေကို လျော့ကျေစေပြီး ပရိသတ်တွေကို သက်တောင့် သက်သာ ဖြစ်သွားစေသလို၊ အာရုံစူးစိုက်မှုကိုလဲ ပိုကောင်းလာစေနိုင် ပါတယ်။
ဥပမာအားဖြင့် CAPTCHA လို့ခေါ်တဲ့ စာလုံးတွေကို တီထွင်ခဲ့တဲ့ Luis von Ahn ရဲ့ ဟောပြောမှုတစ်ခုကို လေ့လာကြည့်ပါ။ Louis က TEDx ဟောပြောပွဲတစ်ခုမှာ “ခင်ဗျားတို့ အွန်လိုင်းမှာ ပုံပျက်ပန်းပျက်ဖြစ်နေတဲ့ စာလုံးတွေကို ဖြူးဖြဲကြည့်ပြီး ဖောင်တွေဖြ ည့်ဖူးကြသလား? အဲဒီစာလုံးတွေက တော်တော်လေး စိတ်အနှောင့် အယှက် ဖြစ်စေတယ်မဟုတ်လား? အဲဒီစာလုံးတွေကို တီထွင်ခဲ့တာ ကျုပ်ပဲလေ” ဆိုပြီး သူ့ရဲ့ ဟောပြောမှုကို စတင်ဖွင့်လှစ်ခဲ့ပါတယ်။ ပရိသတ်တွေဟာ ဝါးလုံးကွဲရယ်မောပြီးတဲ့နောက်မှာ Louis ရဲ့ ဟောပြောမှုတစ်လျှောက်လုံးကို အာရုံစူးစိုက်ပြီး စိတ်ဝင်တစားနဲ့ နားထောင်ခဲ့ကြတာကို တွေ့ရပါတယ်။
ပွဲအစမှာ ပရိသတ်တွေကို သက်တောင့်သက်သာဖြစ်အောင် လုပ်ပေး ပြီးပြီဆိုရင်တော့ ကိုယ်စီစဉ်ထားတဲ့ ဇာတ်လမ်းကိုဖြစ်စေ၊ ကိုယ်တွေ့ ဖြစ်ရပ်ကိုဖြစ်စေ ဆက်ပြောရပါမယ်။ ပရိသတ်ဆိုတာက “အခု စကားပြောနေတာ ဘယ်သူလဲ? သူ့ရဲ့ စိတ်အားထက်သန်မှုကဘာလဲ? ငါတို့က သူပြောတာကို ဘာလို့နားထောင်သင့်တာလဲ?” ဆိုတာတွေကိုသိချင်တဲ့စိတ်ရှိကြပါတယ်။ ဒါကြောင့် ရှေ့အခန်းတွေမှာပြောခဲ့တဲ့ storytelling နည်းစနစ်တွေကို အသုံးပြုပြီး စိတ်ဝင်စားဖွယ်