Latest Posts from Shwe note❤️❤️❤️My Life (@mynote12182001) on Telegram

Shwe note❤️❤️❤️My Life Telegram Posts

Shwe note❤️❤️❤️My Life
စာဖတ်စေချင်တဲ့ရည်ရွယ်ချက်မျှသာ
1,881 Subscribers
5 Photos
Last Updated 09.03.2025 13:18

The latest content shared by Shwe note❤️❤️❤️My Life on Telegram

Shwe note❤️❤️❤️My Life

16 Apr, 08:50

5,387

ဖွဲ့စည်းပုံတွေကို အကုန်ပယ်ဖျက်လိုက်ပြီး အလုပ်ကိုသာ အာရုံစိုက်စေခဲ့

ပါတယ်။ လုပ်ဖော်ကိုင်ဖက်အချင်းချင်း ကူညီတဲ့သူတွေကို ဆုချီးမြှင့်

သလို သူကိုယ်တိုင်လဲ ဝန်ထမ်းတွေနဲ့တန်းတူ အလုပ်လုပ်တာကြောင့်

အလုပ်ခွင်ရဲ့ အခြေအနေ ပြန်ကောင်းမွန်လာခဲ့ပါတယ်။ Gerstner

ရဲ့ growth mindset ကြောင့် အသင်းလိုက် ညီညီညွတ်ညွတ်

အလုပ်လုပ်တတ်တဲ့ အဖွဲ့အစည်းတစ်ခုကိုတည်ဆောက်နိုင်ခဲ့သလိုကုမ္ပဏီမှာ အမြစ်တွယ်နေတဲ့ fxed mindset ကိုလဲ ဖယ်ရှားပစ်နိုင် ခဲ့တာကြောင့် IBM ကုမ္ပဏီဟာ ရေရှည်တည်တံ့အောင်မြင်တဲ့ ကုမ္ပဏီ တစ်ခု ဖြစ်လာခဲ့တာကိုတွေ့ရပါတယ်။

အခုနောက်ဆုံးအနေနဲ့ အချစ်ရေး (relationship) ကိစ္စတွေမှာ ဒီ စိတ်ဓာတ်နှစ်ခုရဲ့ သက်ရောက်ပုံတွေကို ဆက်လက်ဖော်ပြပေးပါဦး မယ်။

Fixed mindset သမားနဲ့ growth mindset သမားတွေဟာ အချစ်ကို အဓိပ္ပါယ်ဖွင့်ပုံချင်းကွဲပြားသလို၊ အသည်းကွဲခြင်းနဲ့ လမ်းခွဲ ခြင်းတွေကို ရင်ဆိုင်ပုံတွေလဲ ကွဲပြားခြားနားကြတာကို တွေ့ရပါတယ်။

Fixed mindset ရှိသူတွေဟာ အချစ်ဆိုတာကို ဘာမှကြိုးစား တည်ဆောက်စရာမလိုတော့တဲ့ အရာတစ်ခုလို့ ယုံကြည်ထားကြပါ တယ်။ ဥပမာအားဖြင့် မက်စ်နဲ့ ရှာလင်းလို့ခေါ်တဲ့ စုံတွဲတစ်တွဲကို လေ့လာကြည့်ပါ။ သူတို့နှစ်ယောက်ဟာ မြင်မြင်ချင်းမှာပဲ တစ်ဦးနဲ့တစ် ဦး အရမ်းချစ်သွားခဲ့ကြပြီး တစ်ဘဝလုံးလက်တွဲဖို့ ဆုံးဖြတ်ခဲ့ကြသူ တွေပါ။ ဒါပေမဲ့ နှစ်ယောက်အတူနေတာ အချိန်ကြာလာတာနဲ့အမျှ မက် စ်ဟာ စိတ်မကြည်ချိန်တွေမှာ တစ်ယောက်တည်းနေတတ်တာကို ရှာ လင်းအနေနဲ့ သတိထားမိလာပါတယ်။ ဒီလိုနေတာမျိုးကို ရှာလင်းက လုံးဝမကြိုက်ပါဘူး။မက်စ်ကလဲ ရှာလင်းက သူ့ရဲ့ စရိုက်ကို နားလည်မ ပေးနိုင်ဘူးလို့ ယူဆပါတယ်။ သူငယ်ချင်းတွေက သူတို့နှစ်ယောက်ကို တစ်ယောက်နဲ့တစ်ယောက် ပွင့်ပွင့်လင်းလင်း ဆွေးနွေးတိုင်ပင်ပြီး ပြဿနာဖြေရှင်းဖို့ ဖျောင်းဖျကြပေမဲ့ သူတို့က အချစ်စစ်သာမှန်ရင် ဘာမှဖြေရှင်းနေစရာမလိုဘူးလို့ ခံယူထားတာကြောင့် တစ်ယောက်နဲ့ တစ်ယောက် တကယ်မချစ်ဘူးလို့ယူဆပြီး လမ်းခွဲခဲ့ကြပါတယ်။

ဒီဥပမာကိုကြည့်ရင် fixed mindset သမားတွေဟာ သူတို့စိတ်ကို အကုန်နားလည်ပေးပြီး သူတို့လုပ်သမျှ အကုန်သဘောတူလိုက်လျော ပေးနိုင်သူတွေကိုပဲ လိုချင်တယ်ဆိုတာကို တွေ့နိုင်ပါလိမ့်မယ်။ သူတို့က သူတို့ချစ်သူရဲ့ ပြောင်းလဲလို့မရတဲ့ စရိုက်လက္ခဏာတွေကို နားလည် ပေးနိုင်စွမ်းမရှိကြသလို ပြဿနာကိုလဲ ဆွေးနွေးအဖြေရှာခြင်း မရှိကြ ပါဘူး။

Growth mindset ရှိသူတွေကတော့ အချစ်စစ်ဆိုတာ အပြန်အလှန်နားလည်မှုနဲ့ တဖြည်းဖြည်းချင်း ကြိုးစားတည်ဆောက်ရGrowth mindset ရှိသူတွေကတော့ အချစ်စစ်ဆိုတာ အပြန်အလှန်နားလည်မှုနဲ့ တဖြည်းဖြည်းချင်း ကြိုးစားတည်ဆောက်ရ တဲ့အရာလို့ ခံယူကြပါတယ်။ သူတို့က မတူညီတဲ့အကျင့်စရိုက်တွေကို သတိပြုနိုင်စွမ်းရှိကြပြီး မတူကွဲပြားမှုတွေကြောင့်ဖြစ်လာတဲ့ ပြဿနာ တွေကို တတ်နိုင်သလောက်လျှော့ချချင်စိတ်ရှိကြပါတယ်။ သူတို့က ပဋိပက္ခဖြစ်လာပြီဆိုရင်လဲ ချစ်သူနဲ့အတူ ဆွေးနွေးညှိနှိုင်းတာ၊ သူတို့ အမှားကိုဝန်ခံတာ၊ ပြဿနာကိုပူးပေါင်းအဖြေရှာတာတွေ ပြုလုပ်တတ် ကြပါတယ်။

ချစ်သူနဲ့လမ်းခွဲရလို့ အသည်းကွဲချိန်မှာလဲ fixed mindset နဲ့ growth mindset တို့ရဲ့ ခံယူချက်ချင်းမတူပါဘူး။

Fixed mindset ရှိသူတွေဟာ လမ်းခွဲရပြီဆိုတာနဲ့ ကိုယ့်ကိုယ်ကိုယ် “အချစ်ရှုံးသမား” လို့ တံဆိပ်ကပ်လိုက်ပြီး နာကျင်ကြေကွဲနေတတ်ပါ တယ်။ သူတို့ဟာ ဒီအရှုံးကို ရှက်စရာတစ်ခုလို့ယူဆတာကြောင့် ချစ်သူ ကိုလက်စားချေချင်ကြပြီး ရည်းစားဟောင်းကို နာကျင်ခံစားစေလိုတဲ့ ဆန္ဒလဲ ရှိကြပါတယ်။ ပြီးရင်တော့ သူတို့ကိုယ်သူတို့ အချစ်နဲ့မ ထိုက်တန်တဲ့လူတွေလို့ခံယူလိုက်ကြပြီး အချစ်စစ်ဆိုတာ မရှိနိုင်ဘူးလို့ လဲ သတ်မှတ်လိုက်ကြမှာဖြစ်ပါတယ်။

ပြောင်းပြန်အားဖြင့် growth mindset သမားတွေကတော့ မတတ် သာလို့လမ်းခွဲရတဲ့အခါ အနာအကျက်မြန်ကြပြီး ဘဝသစ်ကိုစတင်နိုင် ကြတာတွေ့ရပါတယ်။ အသည်းကွဲတဲ့ဒဏ်ရာက နာကျင်နေဆဲဖြစ်ပေမဲ့ အချစ်ရေးမှာ သူတို့ဘာမှားခဲ့သလဲဆိုတာကို ပြန်လည်သုံးသပ်နိုင်ကြပါ တယ်။ ကိုယ့်ကိုယ်ကိုယ် ရိုးရိုးသားသား သုံးသပ်ဆင်ခြင်နိုင်မှုကြောင့် သူတို့ကိုယ်သူတို့ ပိုနားလည်လာပြီး နောက်တစ်ကြိမ်မှာ ပိုကောင်းတဲ့ relationship ကိုတည်ဆောက်နိုင်လေ့ရှိကြပါတယ်။

“နီကိုးလ်” လို့ခေါ်တဲ့ အမျိုးသမီးဟာ အဲဒီလိုပုဂ္ဂိုလ်မျိုးပါ။ နီကိုးလ်ရဲ့ သတို့သားဟာ လက်ထပ်မဲ့နေ့မှာ ဘုရားကျောင်းကိုရောက်မလာခဲ့ပါ ဘူး။ ဆွေမျိုးမိတ်သင်္ဂဟ ရာပေါင်းများစွာရဲ့ရှေ့မှာ အမျိုးသမီးတစ် ယောက်အတွက် ဒီထက်ရှက်ဖို့ကောင်းပြီး နာကျင်စရာကောင်းတဲ့ကိစ္စ မျိုး ရှိမှာမဟုတ်တော့ပါဘူး။ ဒါပေမဲ့ နီကိုးလ်ကတော့ သတ္တိရှိရှိနဲ့ တစ်ယောက်တည်း သီချင်းဆိုတာ၊ ကခုန်တာတွေပြုလုပ်ခဲ့ပြီး ညစာ စားပွဲကိုလဲ ပုံမှန်အတိုင်း ကျင်းပပြုလုပ်ပေးခဲ့ပါတယ်။ နာကျင်လွန်းလို့ လူကွယ်ရာမှာကြိတ်ငိုရင်း မျက်လုံးတွေအစ်နေခဲ့ပေမဲ့ ရှက်တဲ့စိတ်ကိုတော့ မခံစားခဲ့ရပါဘူး။ ဒီ relationship မှာ ဘာအမှားတွေရှိခဲ့ သလဲလို့ ပြန်လည်ဆင်ခြင်ကြည့်ပြီး တစ်ချိန်မှာ အချစ်စစ်ကိုတွေ့ရမယ် လို့လဲ ယုံကြည်ထားခဲ့ပါတယ်။ နှစ်အနည်းငယ်ကြာပြီးနောက်မှာတော့ သူမဟာ ပိုကောင်းတဲ့ သတို့သားတစ်ယောက်နဲ့အတူ
Shwe note❤️❤️❤️My Life

16 Apr, 08:50

6,124

အဲဒီချာ့ဂျ်ကျောင်း မှာပဲ မင်္ဂလာဆောင်ခဲ့တာကိုတွေ့ရပါတယ်။
(3) စိတ်ဓာတ်ပြုပြင်ပြောင်းလဲရေး

Mindset လို့ခေါ်တဲ့စိတ်ဓာတ်ဟာ လူတွေအပေါ်သက်ရောက်မှု ကြီးမားတယ်ဆိုတာကို ရှေ့အခန်းမှာ လေ့လာခဲ့ကြပြီးပါပြီ။ ဒီနေရာမှာ မေးစရာရှိတာက မတူညီတဲ့စိတ်ဓာတ်တွေ ဘယ်ကနေဘယ်လို စတင် ဖြစ်ပေါ်လာသလဲဆိုတဲ့အချက်ပါပဲ။

ပထမအခန်းမှာတုန်းကပြောခဲ့တဲ့ လေးနှစ်သားအရွယ် ကလေးလေး တွေရဲ့ အရုပ်ဆက်ပဟေဠိ ရွေးချယ်မှုအကြောင်းကို လေ့လာကြည့် ခြင်းအားဖြင့် မတူညီတဲ့စိတ်ဓာတ်တွေဟာ ကလေးဘဝမှာတည်းက စတင်ဖြစ်ပေါ်နေကြောင်း တွေ့မြင်နိုင်ပါလိမ့်မယ်။ ဒီလိုဖြစ်ရခြင်း အကြောင်းရင်းကတော့ မိဘနဲ့ဆရာသမားတွေပါပဲ။ မိဘဆရာတွေရဲ့ ပြောစကားရဲ့လုပ်ရပ်တွေဟာ ကလေးတွေကို မတူညီတဲ့စိတ်ဓာတ်တွေ ဖြစ်ပေါ်စေနိုင်ပါတယ်။

မွေးကင်းစကလေးတွေမှာ ပင်ကိုယ်အားဖြင့် growth mindset ပါလာပြီးသားပါ။ ကလေးတွေဟာ သူတို့ထိတွေ့ရတဲ့အရာတိုင်းကို စူးစမ်းလေ့လာသင်ယူကြသလို၊ ဘယ်နှစ်ကြိမ်ပဲ လဲကျလဲကျ ပြန်ထပြီး လမ်းလျှောက်ဖို့ ကြိုးစားကြပါတယ်။ ဒါပေမဲ့ ဒီကလေး ကြီးပြင်းလာ တဲ့အခါမှာတော့ မိဘနဲ့ဆရာတွေဟာ ကလေးရဲ့ စိတ်ဓာတ်အတွက် အရေးကြီးဆုံး စံပြပုဂ္ဂိုလ်တွေဖြစ်လာကြပြီး ဒီကလေး growth mindset ဆက်ရှိမလား၊ fixed mindset ပြောင်းသွားမလားဆို တာကို အဆုံးအဖြတ်ပေးနိုင်ပါတယ်။

Growth mindset ရှိတဲ့ မိဘတွေက သူတို့ကလေးတွေကို ကိုယ်တိုင်သင်ယူလေ့လာဖို့ အာပေးတတ်ကြပြီး၊ fxed mindset ရှိ တဲ့ မိဘတွေကတော့ သူတို့ကလေးတွေကို ဒီဟာမှန်တယ်၊ ဟိုဟာမှား တယ်၊ ဒီဟာကောင်းတယ်၊ ဟိုဟာဆိုးတယ် စသဖြင့် ဆုံးဖြတ်ပေးလေ့ ရှိကြပါတယ်။ မိဘတွေပေါ်မူတည်ပြီး အသက်သုံးနှစ်လောက်မှာတင် ကလေးတွေရဲ့စိတ်ဓာတ်က အပြောင်းအလဲဖြစ်လာနိုင်ပါတယ်။ Growth mindset ရှိတဲ့ကလေးတွေဟာ တစ်ခြားကလေးတွေရဲ့ ငိုသံကြားရင် ကူညီဖို့သွားရောက်တတ်ကြပြီး၊ fixed mindset ရှိတဲ့ ကလေးတွေကတော့ တစ်ခြားကလေးတွေရဲ့ ငိုသံကို စိတ်ပျက်တတ်ကြ တာတွေ့ရပါတယ်။ကျောင်းရောက်တဲ့အခါမှာတော့ ဆရာ/ဆရာမတွေဟာ ကလေးတွေရဲ့ စိတ်ဓာတ်အတွက် အရေးကြီးဆုံး စံပြပုဂ္ဂိုလ်တွေ ဖြစ်လာပါပြီ။ ဆရာ/ ဆရာမအများစုဟာ တော်တဲ့ကျောင်းသားက အမြဲတမ်းတော်နေမှာဖြစ် ပြီး၊ ညံ့တဲ့ကျောင်းသားဟာလဲ အမြဲတမ်းညံ့နေမှာပဲလို့ ပုံသေမှတ်ယူတဲ့ fxed mindset ရှိကြပါတယ်။ ဒီလိုနဲ့ ညံ့တဲ့ကျောင်းသားတွေဟာ စိတ်ဓာတ်ကျပြီး၊ fixed mindset ဝင်သွားကြတာများပါတယ်။ ဒါပေမဲ့ grwoth mindset ကို နားလည်သဘောပေါက်တဲ့ ဆရာ, ဆရာမကောင်းတွေကတော့ ကျောင်းသားတိုင်းဟာ သူတို့ရဲ့သင်ယူ လေ့လာမှုပေါ်အခြေခံပြီး ပြောင်းလဲသွားနိုင်တယ်လို့ နားလည် သဘောပေါက်ကြတာကြောင့် ကျောင်းသားတိုင်း နားလည်လွယ်မဲ့ နည်းစနစ်မျိုးစုံနဲ့ သင်ပေးနိုင်ကြတဲ့အတွက် အဆင့်မကောင်းတဲ့ ကျောင်းသားတွေဟာလဲ ယုံကြည်ချက်ရှိလာပြီး growth mindset ရှိသူတွေ ဖြစ်လာနိုင်ပါတယ်။

နောက်ထပ်သတိထားရမဲ့အချက်ကတော့ ကလေးတွေကို ချီးမွမ်းပုံ ချီးမွမ်းနည်းပါ။ “သားကသိပ်တော်တာပဲ” “သားကပါရမီသိပ်ကောင်း တာပဲ” “သားက သင်ပေးရင်ခဏလေးနဲ့တတ်တယ်” ဆိုတဲ့စကားတွေ ဟာ fxed mindset ရှိတဲ့ မိဘနဲ့ဆရာတွေ အသုံးပြုလေ့ရှိကြတဲ့ ချီးမွမ်းစကားတွေဖြစ်ပါတယ်။ ဒါပေမဲ့ ဒီစကားတွေကြောင့် ကလေး တွေဟာ သူတို့ကိုယ်သူတို့ မွေးရာပါတော်တဲ့လူတွေလို့ မှတ်ထင်လာကြ ပြီး သင်ယူလေ့လာမှုနဲ့ ကြိုးစားအားထုတ်မှုတို့ရဲ့ တန်ဖိုးတွေကို နားမ လည်သူတွေ ဖြစ်သွားတတ်တယ်လို့ Dweck က သတိပေးထားပါ တယ်။

ကျောင်းသားရာပေါင်းများစွာကို လေ့လာခဲ့တဲ့ Dweck ရဲ့ လေ့လာမှု တွေအရ ကလေးတွေရဲ့ ဉာဏ်ရည်နဲ့ ပင်ကိုပါရမီတွေကို ချီးမွမ်းပေး ခြင်းဟာ တဒင်္ဂပျော်ရွှင်နှစ်သက်မှုကို ရရှိစေနိုင်ပေမဲ့ ရေရှည်မှာတော့ ကလေးတွေရဲ့ စိတ်အားတက်ကြွမှုတွေ ပျောက်ဆုံးသွားတတ်တယ်လို့ သိရပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီကလေးတွေရဲ့စိတ်မှာ “တော်တဲ့ လူတွေဟာအောင်မြင်တယ်၊ ညံ့တဲ့လူတွေဟာ ကျရှုံးတယ်” ဆိုတဲ့ fixed mindset ရဲ့ အခြေခံအတွေးမျိုး ဝင်သွားလို့ပါပဲ။

ဒါဆိုရင် ကလေးတွေကို လုံးဝမချီးမွမ်းရတော့ဘူးလားလို့ မေးစရာရှိပါ တယ်။ ဒီလိုတော့လဲ မဟုတ်ပါဘူး။ ဒါပေမဲ့ ကလေးတွေကိုချီးမွမ်းတဲ့ အခါ သူတို့ရဲ့ဉာဏ်ရည်နဲ့ ပါရမီတွေကိုချီးမွမ်းမဲ့အစား သူတို့ရဲ့ သင်ယူ လေ့လာမှုလုပ်ငန်းစဉ်တွေ၊ ဇွဲလုံ့လရှိမှုတွေ၊ ကြိုးစားအားထုတ်မှုတွေကို သာ ချီးမွမ်းပေးသင့်ပါတယ်။ ဥပမာအားဖြင့် “သားက အမှတ်ကောင်းကောင်းရဖို့အတွက် ပြင်ဆင်ကြိုးစားမှုတွေ တော်တော်လုပ်ခဲ့ တာပဲ” ၊ “ဒီအိမ်စာကခက်ပေမဲ့ အာရုံစူးစိုက်မှုအပြည့်နဲ့ နည်းလမ်း ပေါင်းစုံသုံးပြီး အဖြေရှာနိုင်ခဲ့တာကိုတော့ချီးကျူးတယ်” အစရှိတဲ့ ချီးကျူးမှုမျိုးတွေပေါ့။

ကလေးတွေရဲ့ ရှုံးနိမ့်မှုတွေနဲ့ ပတ်သက်လာရင်လဲ မိဘဆရာတွေရဲ့ တုံ့ပြန်ပုံချင်း မတူညီကြပါဘူး။

Fixed mindset ရှိတဲ့ မိဘဆရာတွေဟာ သူတို့တပည့်သားတွေ အရှုံးနဲ့ကြုံရတဲ့အခါ ကလေးတွေအရည်အချင်းမမီဘူးလို့ယူဆပြီး ကလေးတွေအပေါ်ထားတဲ့ မျှော်လင့်ချက်တွေကို လက်လျှော့လိုက်လေ့ ရှိပါတယ်။ တချို့မိဘဆရာတွေကျတော့လဲ ကလေးတွေကို အပြစ်တင် တာ၊ စိမ်းစိမ်းကားကားဆက်ဆံတာမျိုးတွေကို ပြုလုပ်တတ်ကြပြီး ဒီ လိုပြုလုပ်ခြင်းအားဖြင့် ကလေးတွေကြိုးစားချင်စိတ်ရှိလာအောင် လှုံ့ဆော်ပေးနိုင်လိမ့်မယ်လို့လဲ
Shwe note❤️❤️❤️My Life

16 Apr, 08:50

7,516

ယုံကြည်ထားကြပါတယ်။ ဒါပေမဲ့ ဒီ နည်းလမ်းနှစ်ခုလုံးဟာ “မင်းအောင်မြင်နေရင် ငါတို့ချစ်မယ်၊ မင်းအဆ င့်မမီရင်တော့ အပြစ်ပေးခံရမယ်” ဆိုတဲ့ သဘောသက်ရောက်နေပြီး၊ ဘာဖြစ်ဖြစ်ချစ်ပေးနိုင်တဲ့ အကြွင်းမဲ့မေတ္တာမျိုးကို ဖော်ပြနိုင်စွမ်းမရှိ တော့သလို ကလေးတွေရဲ့ အရှုံးကိုရင်ဆိုင်နိုင်စွမ်းနဲ့ ပြဿနာဖြေရှင်း နိုင်စွမ်းတွေကိုလဲ အဟန့်အတားဖြစ်စေနိုင်ပါတယ်။

ကလေးတွေကို သူတို့သာ အတော်ဆုံးအတတ်ဆုံးဆိုတဲ့စိတ်မျိုး ရိုက်မ သွင်းသင့်သလို ရှုံးနိမ့်မှုတစ်ခုခုကြုံလာရင်လဲ သူတို့ရဲ့အားနည်းချက် တွေကို ကူညီဖုံးဖိပေးတာမျိုး မလုပ်သင့်ပါဘူး။ မိဘဆရာတွေ တကယ်လုပ်သင့်တာက အပြုသဘောဆောင်တဲ့ အကြံဉာဏ်နဲ့ ထင်မြင်ချက်တွေပေးဖို့သာဖြစ်ပါတယ်။ ကလေးတွေကို သူတို့နဲ့ အကိုက်ညီဆုံးဖြစ်မဲ့နည်းလမ်းတွေကိုရှာဖွေဖို့၊ ဘာကြောင့်ရှုံးရသလဲဆို တာကို ပြန်လည်သုံးသပ်ဆင်ခြင်ဖို့၊ နောက်တစ်ကြိမ်မှာ ဒီထက်ပို ကြိုးစားဖို့တွေကို မိဘတွေဘက်က တိုက်တွန်းအားပေးသင့်ပါတယ်။ ဒါ မှသာ ကလေးတွေရဲ့စိတ်ထဲမှာ ကြိုးစားအားထုတ်မှုရှိမှ အောင်မြင်မှုရ နိုင်မယ်ဆိုတဲ့ growth mindset အခြေတည်လာမှာဖြစ်ပါတယ်။

Growht mindset ရှိအောင် ပြုစုပျိုးထောင်ခြင်းခံခဲ့ရတဲ့ ကလေး တွေအတွက်တော့ တိုးတက်မှုဆိုတာ မိုးကောင်းကင်ကြီးလိုပဲ အကန့် အသတ်မရှိပါဘူး။ သူတို့ရဲ့ ဉာဏ်ရည်ကို အတိအကျခန့်မှန်းနိုင်ဖို့ မလွယ်သလို သူတို့လေးတွေ အနာဂတ်မှာ ဘယ်လောက်ထိတိုးတက်သွားမယ်ဆိုတာကိုလဲ ဘယ်သူမှခန့်မှန်းလို့မရပါဘူး။ ဒီကလေးတွေဟာ သူများထက် အမှတ်ကောင်းဖို့, သူများထက်သာဖို့လဲ သိပ်စိတ်မဝင်စား ကြဘဲ သူတို့လုပ်နိုင်သမျှ အကောင်းဆုံးလုပ်နိုင်နေရင် စိတ်ကျေနပ်မှုရ နေကြသူတွေ ဖြစ်ပါတယ်။ သူတို့ဟာ ဂီတ၊ အားကစား၊ ပန်းချီ စတဲ့ အရာတိုင်းကို ပြင်းပြင်းထန်ထန် လေ့ကျင့်တတ်ကြပြီး လေ့ကျင့်မှုတွေ၊ စိန်ခေါ်မှုတွေ၊ မအောင်မြင်မှုတွေကနေတစ်ဆင့် သူတို့ရဲ့ ကျွမ်းကျင်မှု ကို မြှင့်တင်နိုင်လိမ့်မယ်လို့ နားလည်သဘောပေါက်ကြတာကိုလဲ တွေ့ရ ပါတယ်။

ဒါဆိုရင် ကလေးဘဝမှာ fixed mindset ရှိနေခဲ့ပြီးသားဆိုရင်ရော growth mindset ဖြစ်လာအောင် ပြုပြင်ပြောင်းလဲလို့ရနိုင်ပါဦးမ လား? အဖြေကတော့ Yes ပါပဲ။

စိတ်ပညာရှင် Aaron Beck က လူသားတွေရဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေဟာ သူတို့ရဲ့ ယုံကြည်မှု (believes) တွေပေါ်မူတည်နေ တယ်လို့ 1960s ဝန်းကျင်လောက်မှာ ပြောခဲ့ဖူးပါတယ်။ လူတွေဟာ ယုံကြည်မှုတွေကို သတိမထားမိကြပေမဲ့ ယုံကြည်မှုတွေက သူတို့ရဲ့ စိတ်အခြေအနေနဲ့ အပြုအမူတွေကို လွှမ်းမိုးသက်ရောက်မှုရှိနေပါ တယ်။ဒါကြောင့် Beck က လူနာတွေရဲ့ယုံကြည်မှုတွေကို သတိပြု စောင့်ကြည့်ခိုင်းပြီး သူတို့ရဲ့ အသိအမြင်တွေကို ပြောင်းလဲနိုင်အောင် သင်ကြားပေးခဲ့ပါတယ်။ ဒီကုထုံးကို “cognitive therapy” လို့လဲ ခေါ်ကြပါတယ်။

Cognitive therapy ဟာ လူတစ်ယောက်ရဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကို နည်းလမ်းကျကျ တွေးတတ်လာစေပါတယ်။ ဥပမာ အားဖြင့် fxed mindset ရှိသူတစ်ယောက်က စာမေးပွဲမှာအမှတ်မ ကောင်းလို့ “ငါညံ့လိုက်တာ” လို့ မသိစိတ်ထဲကနေ တွေးမိတယ်ဆိုပါစို့။ ဒါဆိုရင် cognitive therapy က အဲဒီအတွေးကိုဖော်ထုတ်ပြီး “ငါ ညံ့လိုက်တာ” ဆိုတဲ့ယုံကြည်ချက်က ယုတ္တိရှိရဲ့လားဆိုတာကို စဉ်းစား ခိုင်းပါလိမ့်မယ်။ ဒီလိုစဉ်းစားကြည့်လိုက်ရင် ကိုယ်အရင်ကရရှိခဲ့ဖူးတဲ့ အောင်မြင်မှုတွေကို ပြန်အမှတ်ရလာမှာဖြစ်ပြီး ကိုယ့်ကိုယ်ကိုယ် လူညံ့ တစ်ယောက်လို့ တံဆိပ်မကပ်သင့်ကြောင်း နားလည်လာမှာဖြစ်ပါ တယ်။

ဦးနှောက်ဆိုတာ တစ်ခြားကြွက်သားတွေလိုပဲ လေ့ကျင့်ပေးလို့ရတာ ကြောင့် growth mindset ကို ပိုင်ဆိုင်ချင်ရင် ကိုယ့်ရဲ့တွေးပုံတွေးနည်းနဲ့ အသိအမြင်တွေကို ပြောင်းလဲလာအောင် လေ့ကျင့်ပေးလို့ရပါ တယ်။ ဥပမာအားဖြင့် မတော်တဆလက်လွတ်ပြီး ကြမ်းပေါ်ကို ပန်းကန်ပြားတစ်ချပ် ကျကွဲသွားတယ်ဆိုပါစို့။ ဒါဆိုရင် ရုတ်တရက် တော့ “ငါတော်တော်ပေါ့ဆပါလား” လို့ fixed mindset နဲ့ အပြစ်တင်မိပါလိမ့်မယ်။ ဒါပေမဲ့ အဲဒီလိုအချိန်မှာ ကိုယ့်ကိုယ်ကိုယ် သတိထားပြီး “ဟုတ်ပြီ၊ ဒီကိစ္စကတော့ ဒီလိုဖြစ်သွားပြီးပြီ၊ ဒါကို ငါသန့် ရှင်းရေးလုပ်လိုက်မယ်၊ နောက်တစ်ခါ ဒီလိုမဖြစ်အောင် ငါသတိထား မယ်” လို့ growth mindset နဲ့ ပြောင်းတွေးလိုက်လို့ရပါတယ်။ ဒီ လို အမှားတွေ ရှုံးနိမ့်မှုတွေကနေ သင်ခန်းစာယူပြီး စဉ်ဆက်မပြတ် ကြိုးစားခြင်းဟာ growth mindset ရဲ့ သရုပ်သကန်ပါပဲ။

ဒီနေရာမှာ သတိထားရမဲ့အချက်ကတော့ နှစ်ပေါင်းများစွာ အရိုးစွဲလာခဲ့ တဲ့ fixed mindset ကို နေ့ချင်းညချင်း ဖျောက်ပစ်လို့မရနိုင်ဘူးဆို တဲ့ အချက်ဖြစ်ပါတယ်။ ဒါကြောင့် fixed mindset ကို မလိုချင်ဘူး ဆိုပြီး ချက်ချင်းဖယ်ထုတ်ပစ်နိုင်စရာမလိုပါဘူး။ ဘယ်လိုအခြေအနေ မျိုးမှာမဆို Growth Mindset အမြင်လေးနဲ့ တွဲတွဲပြီးကြည့်တတ် ရင် လုံလောက်ပါပြီ။

တချို့ကျတော့လဲ fixed mindset က တစ်သက်လုံးအရိုးစွဲလာတဲ့ စိတ်ဓာတ်ဖြစ်တာကြောင့် ဒီစိတ်ဓာတ်ကိုပြင်လိုက်ရင် ကိုယ့်ရဲ့ဖြစ်တည် မှုကို ငြင်းဆန်သလိုဖြစ်သွားလိမ့်မယ်လို့ ထင်တတ်ကြပါတယ်။ ဒါပေမဲ့ fixed mindset ဆိုတာက ကိုယ့်ရဲ့စစ်မှန်တဲ့ဖြစ်တည်မှု မဟုတ်ပါ ဘူး။ လူတကာရဲ့လက်ခုပ်သံတွေ၊ လူတကာရဲ့နှစ်သက်မှုတွေကိုလိုချင် နေတဲ့ fixed
Shwe note❤️❤️❤️My Life

16 Apr, 08:50

9,110

mindset ရှိသူဟာ ကိုယ်မဟုတ်တဲ့ တခြားလူတစ် ယောက်ပါ။ ဒါကြောင့် growth mindset ကို ပြောင်းလဲနိုင်အောင် ကြိုးစားခြင်းဟာ ကိုယ့်ကိုယ်ကိုယ်ငြင်းဆန်ခြင်းမဟုတ်ဘဲ ကိုယ့်ရဲ့ဖြစ် တည်မှုအစစ်အမှန်နဲ့ ပိုနီးစပ်အောင် ကြိုးစားခြင်းသာဖြစ်တယ်လို့ ပြော နိုင်ပါတယ်။

Dweck ကတော့ ဒီစာအုပ်မှာ growth mindset ပြောင်းလဲရေး ခရီးစဉ်အတွက် အဆင့်လေးဆင့်ဖော်ပြထားပါတယ်။

ပထမအဆင့်က ကိုယ့်ရဲ့ fixed mindset အတွေးအမြင်တွေကို ငြင်းဆန်ဘဲ ကျေကျေနပ်နပ်ပွေ့ဖက်လက်ခံပြီး ထိပ်တိုက်ရင်ဆိုင်ဖို့ ဖြစ် ပါတယ်။ ၊ ဘဝမှာ အရှုံးတွေနဲ့ကြုံရတဲ့အခါ fixed mindset ကြောင့် ရှက်ရွံ့မှုတွေဖြစ်ပေါ်လာနိုင်ပေမဲ့ ဒီခံစားချက်တွေဟာ လူ့သဘာဝဖြစ်နတာကြောင့် လက်ခံပေးနိုင်ဖို့လိုပါတယ်။ အရေးကြီးတာက အဲဒီခံစား ချက်တွေထဲမှာ အကြာကြီးမနေဘဲ ရှေ့ဆက်နိုင်ဖို့ပါပဲ။

လူတစ်ယောက်နဲ့တစ်ယောက် fixed mindset ဖြစ်ပေါ်တဲ့နေရာ ချင်းကလဲ ကွဲပြားခြားနားတတ်ပါတယ်။ တချို့က သင်ယူလေ့လာရေး မှာ growth mindset ရှိပေမဲ့ အချစ်ရေးကျတော့ fixed mindset ရှိနေတာမျိုးဖြစ်တတ်ပါတယ်။ ဘယ်နေရာမှာပဲ fixed mindset ရှိသည်ဖြစ်စေ၊ ဒီစိတ်ဓာတ်ကို ငြင်းဆန်နေစရာမလိုဘဲ ဒါ ဟာ ပုံမှန်ပဲလို့ လက်ခံပေးနိုင်ဖို့လိုပါတယ်။

ဒုတိယအဆင့်ကတော့ fixed mindset တွေကိုဖြစ်ပေါ်စေတဲ့ နောက်ခံအကြောင်းရင်းတွေကို သတိပြုဖော်ထုတ်ဖို့ ဖြစ်ပါတယ်။ စာမေးပွဲကျချိန်မှာ လက်လျှော့အရှုံးပေးချင်စိတ်ဖြစ်တာလား? အလုပ်ပြုတ်ချိန်မှာ အရှုံးသမားလိုခံစားရတာလား? ကိုယ့်ထက်တော် တဲ့လူနဲ့တွေ့ရင် သိမ်ငယ်သွားတာလား? စိန်ခေါ်မှုတွေကိုကြောက်နေတာ လား? ဒါမှမဟုတ် တခြားလူတွေကို စီမံခန့်ခွဲမှုမလုပ်နိုင်လို့ စိတ်ဓာတ် ကျတာလား? အစရှိသဖြင့် ကိုယ့်ရဲ့ fixed mindset တွေ ထွက် ပေါ်လာတတ်တဲ့ အရင်းအမြစ်တွေကို ရှာဖွေရမှာဖြစ်ပါတယ်။

တတိယအဆင့်ကတော့ ကိုယ့်ရဲ့ fixed mindset ကို လူတစ် ယောက်လို့သဘောထားပြီး နာမည်တစ်ခုခုပေးလိုက်ဖို့ဖြစ်ပါတယ်။ ဥပမာအားဖြင့် ရုပ်ရှင်ဇာတ်ကားတွေထဲက ကိုယ်မကြိုက်ဆုံး၊ ကိုယ်မ ဖြစ်ချင်ဆုံး ဇာတ်ကောင်တွေရဲ့နာမည်မျိုး ပေးလိုက်တာမျိုးပါ။ ပြီးရင် တော့ အဲဒီ fxed mindset ရှိတဲ့လူက ကိုယ့်စိတ်ထဲကနေထွက်လာ တိုင်းမှာ သူနဲ့ဆန့်ကျင်ဘက်လုပ်ရပါမယ်။ Fixed mindset က တစ်ခုခုပြောလာရင် သူပြောသမျှကို ကိုယ်က “No” လို့ပြောပြီးငြင်း ပါ။ ဥပမာအားဖြင့် ရှုံးနိမ့်မှုတစ်ခုခုနဲ့ကြုံရချိန်မှာ fixed mindset ပေါ်လာပြီး ကိုယ့်ကိုအသုံးမကျဘူးလို့ပြောပါလိမ့်မယ်။ အဲဒီအချိန်ကျ ရင် ကိုယ့်ဘက်က သူပြောတာမမှန်ကြောင်းငြင်းဆန်ပြီး နောက်တစ် ကြိမ်ကြိုးစားချင်စိတ်ကို မွေးမြူရမှာဖြစ်ပါတယ်။

စတုတ္ထအဆင့်ကတော့ ကိုယ့်ရဲ့ fixed mindset လေးကို ကိုယ် လိုချင်တဲ့စိတ်မျိုးဖြစ်လာအောင် ဆုံးမပညာပေးဖို့ ဖြစ်ပါတယ်။ Fixed mindset ကို ဖြစ်ပေါ်စေတဲ့အကြောင်းရင်းတွေကို သဘောပေါက်လာမယ်၊ fixed mindset ကို နာမည်ခေါ်ပြီး ဆန့် ကျင်နိုင်လာနိုင်မယ်ဆိုရင် ဒီစိတ်ဓာတ်ကို လိမ္မာအောင်ဆုံးမနိုင်စွမ်း ပိုကောင်းလာပါလိမ့်မယ်။

Fixed mindset ကတော့ သူ့သဘာဝအတိုင်း လက်လျှော့အရှုံးပေး ဖို့နဲ့ comfort zone ထဲကနေမထွက်ဖို့ကိုပဲ အမြဲတမ်း တိုက်တွန်းမှာ ပါပဲ။ အဲဒီလိုအချိန်တွေမှာ သူ့ကို ပြင်းပြင်းထန်ထန် ဆူပူကြိမ်းမောင်း စရာမလိုပါဘူး။ သူ့ကို ဆူပူကြိမ်းမောင်းခြင်းက ကိုယ့်ကိုယ်ကိုယ် ဆူပူ ကြိမ်းမောင်းခြင်းနဲ့ အတူတူပါပဲ။ ဒါကြောင့် fxed mindset က “မင်းအသုံးမကျဘူး” လို့ပြောလာတဲ့အခါ “အေးအေး၊ မင်းပြောသလို လဲဖြစ်နိုင်ပါတယ်၊ ဒါပေမဲ့ ငါ့မှာ နောက်ထပ်အိုင်ဒီယာတွေရှိသေးတယ်၊ ငါတို့ထပ်ကြိုးစားကြည့်သင့်တယ်မဟုတ်လား” လို့ ပညာပေးဆုံးမနိုင် ပါတယ်။ ကိုယ့်ဘက်က growth mindset ရှုထောင့်ကနေအမြဲ တွေးပြီး fixed mindset လေးကို ဖြည်းဖြည်းချင်း ဆုံးမသွားမယ် ဆိုရင် စဉ်ဆက်မပြတ်တိုးတက်သူတွေ ဖြစ်လာပါလိမ့်မယ်လို့ စာရေး သူ Dr. Carol Dweck က တိုက်တွန်းဖော်ပြထားပါတယ်။
Shwe note❤️❤️❤️My Life

16 Apr, 08:50

4,138

လောကမှာ တစ်ချို့လူတွေက အောင်မြင်ကြပြီး၊ တစ်ချို့လူတွေ ကတော့ ရှုံးနိမ့်မှုတွေနဲ့ပဲ အမြဲရင်ဆိုင်နေကြရပါတယ်။ ဒါဆိုရင် လူတွေ ကို တစ်ယောက်နဲ့တစ်ယောက် ကွဲပြားခြားနားသွားအောင် ဘယ်အရာ တွေက ပုံဖော်ပေးလိုက်တာလဲ? ဒီမေးခွန်းဟာ ရှေးခေတ်ကတည်းကနေ အခုချိန်ထိ ပညာရှင်တွေ ငြင်းခုံနေကြတဲ့ မေးခွန်းဖြစ်ပါတယ်။ တစ်ချို့ ပညာရှင်တွေက လူတွေ ကွဲပြားခြားနားရခြင်းဟာ မျိုးရိုးဗီဇနဲ့ ဆိုင် တယ်လို့ ယုံကြည်ကြသလို၊ တစ်ချို့ကတော့ မတူညီတဲ့ ဘဝ အတွေ့အကြုံတွေနဲ့ ပညာရေးတွေကြောင့်လို့ ယုံကြည်ကြပါတယ်။

ဒီစာအုပ်ကို ရေးသားတဲ့ Dr. Carol Dweck ကတော့ လူတစ် ယောက်နဲ့တစ်ယောက် ကွဲပြားခြားနားရခြင်းဟာ “Mindset” လို့ ခေါ်တဲ့ စိတ်ဓာတ်ကြောင့်ဖြစ်တယ်လို့ ယုံကြည်သူတစ်ယောက် ဖြစ်ပါ တယ်။ ဒီစာအုပ်မှာလဲ Dr. Dweck ဟာ ဆယ်စုနှစ်ပေါင်းများစွာ ပြုလုပ်ခဲ့တဲ့ သုတေသနတွေကို အခြေခံပြီး၊ အောင်မြင်မှုတွေရဲ့ အဓိက သော့ချက်ဟာ စိတ်ဓာတ်ဖြစ်တယ်ဆိုတာကို ရှင်းလင်းတင်ပြထားပါ တယ်။ ဒီစာအုပ်ဟာ စထွက်ပြီးကတည်းက Amazon ရဲ့ ရောင်းအား အကောင်းဆုံး စိတ်ပညာဆိုင်ရာ စာအုပ်စာရင်းမှာ (၁၀) နှစ်ကျော်ကြာ ရပ်တည်လာခဲ့တဲ့ စာအုပ်ဖြစ်ပြီး၊ Microsoft ရဲ့ တည်ထောင်သူ Bill Gates ကိုယ်တိုင် ညွှန်းဆိုထားတဲ့ စာအုပ်လဲ ဖြစ်ပါတယ်။

Dr. Carol Dweck ဟာ စိတ်ပညာဆိုင်ရာ ပါမောက္ခတစ်ဦးဖြစ် ပြီး၊ Stanford တက္ကသိုလ်မှာ ပါမောက္ခအဖြစ် တာဝန်ထမ်းဆောင် နေသူလဲ ဖြစ်ပါတယ်။ သူမဟာ American Academy of Arts and Sciences ရဲ့ အသင်းဝင် တစ်ဦးလဲဖြစ်ပြီး၊ လူသားတွေရဲ့ စိတ်ဓာတ်နဲ့ အောင်မြင်မှု အကြောင်းကို နှစ်ပေါင်းများစွာ သုနေသန ပြုလုပ်နေသူလဲ ဖြစ်ပါတယ်။ သူမဟာ ၂၀၁၇ ခုနှစ်မှာ ကမ္ဘာပေါ်မှာ ပညာရေးဆိုင်ရာ အမြင့်ဆုံး ဆုတံဆိပ်တစ်ခုဖြစ်တဲ့ Yidan Prize ကို ရရှိခဲ့သူလဲ ဖြစ်ပါတယ်။

ဒီစာအုပ်မှာ Fixed Mindset နဲ့ Growth Mindset လို့ခေါ်တဲ့ စိတ်နေစိတ်ထား နှစ်မျိုးအကြောင်းကို အကျယ်တဝင့် ဖော်ပြထားပြီး၊ ဒီစိတ်ဓာတ် နှစ်မျိုးပေါ်မူတည်ပြီး လက်တွေ့ဘဝမှာ လူသားတွေ ကွဲပြားခြားနားသွားပုံကို လေ့လာကြရမှာ ဖြစ်ပါတယ်။

Mindset စာအုပ်ရဲ့ အနှစ်ချုပ်မှတ်စုကိုတော့ အောက်ပါအတိုင်း အခန်း (၄) ခန်း ခွဲပြီး ဖော်ပြသွားမှာ ဖြစ်ပါတယ်။ပထမအခန်း : မတူညီသော စိတ်ဓာတ်များ

ဒုတိယအခန်း : စိတ်ဓာတ်များ၏ သက်ရောက်မှု

တတိယအခန်း: စိတ်ဓာတ်ပြုပြင်ပြောင်းလဲရေး
(1) မတူညီသော စိတ်ဓာတ်များ



လူသားတွေရဲ့ ဦးခေါင်းကစလို့ ခြေမအဆုံး၊ ရုပ်ခန္ဓာကိုယ်ရဲ့ အသွင်အပြင်ဟာ နဂိုသတ်မှတ်ထားတဲ့အတိုင်း ပုံသေပါပဲ။ ခွဲစိတ် ပြုပြင်မှု နည်းနည်းပါးပါး လုပ်လို့ရတယ်ဆိုပေမဲ့လဲ၊ လူတွေဟာ သူတို့ ရဲ့ ရုပ်ခန္ဓာကိုယ်ကို ထိန်းချုပ်ပြုပြင်ဖို့ အခွင့်အရေး နည်းနည်းပဲရှိတာ ပါ။ ဒါပေမဲ့ လူတွေရဲ့ စိတ်ကတော့ ပုံသေမဟုတ်ပါဘူး? အားကစား, အနုအညာ, ပန်းချီ သင်္ချာပုစ္ဆာ ဖြေရှင်းနိုင်စွမ်း စတာတွေအားလုံးဟာ မွေးရာပါအတိုင်း ပုံသေမဟုတ်ဘဲ ဘဝတစ်လျှောက်လုံး တိုးတက် ပြောင်းလဲနိုင်တာကို တွေ့ရပါလိမ့်မယ်။ ဒါပေမဲ့ အဲဒီလို တိုးတက် ပြောင်းလဲနိုင်စွမ်းရှိဖို့ကလဲ လူတစ်ယောက်ရဲ့စိတ်ဓာတ်ပေါ်အများကြီး မူတည်ပါတယ်။

လူသားတွေမှာ အခြေခံအားဖြင့် စိတ်ဓာတ်နှစ်မျိုးရှိတယ်လို့ စာရေးသူ ကဆိုပါတယ်။ ဒီစိတ်ဓာတ်နှစ်မျိုးအကြောင်းမပြောခင် စာရေးသူ Dr.Dweck ပြုလုပ်ခဲ့တဲ့ စမ်းသပ်မှုတစ်ခုကို အရင်လေ့လာကြည့် ရအောင်ပါ။

တကယ်လို့ ကိုယ်ဟာ ဘာသာရပ်တစ်ခုကို အရမ်းစိတ်ဝင်စားတာကြော င့် အချိန်နဲ့စွမ်းအင်တွေအများကြီးပေးပြီး ကြိုးစားခဲ့ပေမဲ့ နှစ်ဝက် စာမေးပွဲမှာ C+ အဆင့်ပဲရခဲ့မယ်။ စိတ်ပျက်လက်ပျက်နဲ့ အိမ်ပြန်လာ ချိန်မှာ မိုးကသည်းကြီးမည်းကြီးရွာချမယ်၊ ကိုယ့်ကားနားကိုရောက်ချိန် မှာ ပါကင်ထိုးတာနေရာမမှန်လို့ ဒဏ်ငွေရိုက်သွားတဲ့ပြေစာတွေ့မယ်။ စိတ်တွေအရမ်းညစ်တာကြောင့် ဖြစ်ကြောင်းကုန်စင်ကို သူငယ်ချင်းထံ ရင်ဖွင့်ဖို့ကြိုးစားချိန်မှာလဲ သူငယ်ချင်းက နားထောင်ပေးချင်စိတ်မရှိ ဘူးဆိုပါစို့။ စာဖတ်သူသာဆိုရင် ဒီအခြေအနေမျိုးကို ဘယ်လိုတုံ့ပြန်မ လဲ?

Dweck က ဒီအခြေအနေတွေကို စမ်းသပ်မှုတစ်ခုအဖြစ်ဖန်တီးလိုက် ပြီး “သင်သာဆိုရင် ဒီအခြေအနေမျိုးနဲ့ကြုံချိန်မှာ ဘာလုပ်မလဲ?” ဆို တဲ့မေးခွန်းကို လူပေါင်းများစွာကို မေးမြန်းကြည့်ခဲ့ပါတယ်။ ရလာတဲ့ အဖြေတွေကို အကြမ်းဖျင်းခွဲခြားလိုက်ရင် အုပ်စုနှစ်စုရပါတယ်။

ပထမအုပ်စုကလူတွေက “ငါအသုံးမကျဘူး” “ငါလူမိုက်ပဲ”, “ငါအရှုံးသမားပဲ”, “ငါဟာငြင်းပယ်ခံရတဲ့လူပဲ”, “လူတိုင်းကငါ့ထက်တော် တယ်” “ကမ္ဘာကြီးကမတရားဘူး” စတဲ့အဖြေတွေကိုပေးခဲ့ကြပြီး သူတို့ ကိုယ်သူတို့ ကမ္ဘာပေါ်မှာ ကံအဆိုးဆုံးလူတွေလို့ ယူဆခဲ့ကြပါတယ်။

ဒုတိယအုပ်စုကတော့ သူတို့အဆင့်တက်လာဖို့အတွက် ဒီထက်ပိုပြီး ကြိုးစားလေ့လာဖို့လိုအပ်ကြောင်း၊ နောက်တစ်ကြိမ်ကားရပ်ရင်လဲ ပို ပြီးသတိထားမှာဖြစ်ကြောင်းတွေကို ပြောဆိုခဲ့ပြီး သူငယ်ချင်းဆီကိုလဲ နောက်တစ်ကြိမ် ဖုန်းထပ်ခေါ်ကြည့်မယ်လို့ ပြောခဲ့တာတွေ့ရပါတယ်။

ဒီစမ်းသပ်မှုမှာ လူတွေဟာ ဘာကြောင့် အုပ်စုနှစ်စု ကွဲပြားသွားရတာ လဲ?
Shwe note❤️❤️❤️My Life

16 Apr, 08:50

4,163

အဖြေကတော့ "ပုံသေစိတ်ဓာတ်” (Fixed Mindset) နဲ့ “စဉ်ဆက် မပြတ် တိုးတက်နေတဲ့စိတ်ဓာတ်” (Growth Mindset) ဆိုပြီး စိတ်ဓာတ်ချင်းကွဲပြားမှုကြောင့်ပါပဲ။ ဒီစိတ်ဓာတ်နှစ်ခုဟာ ဒီစာအုပ်မှာ အဓိကထားပြီး ဆွေးနွေးတင်ပြသွားမဲ့ အကြောင်းအရာလဲဖြစ်ပါတယ်။

ခုနကစမ်းသပ်မှုမှာ ပထမအုပ်စုကလူတွေဟာ Fixed Mindset လို့ ခေါ်တဲ့ ပုံသေစိတ်ဓာတ်ရှိကြသူတွေပါ။ Fixed mindset ရှိသူတွေ > မွေးရာပါ ပါရမီကိုပဲ ယုံကြည်ကြပြီး၊ တစ်ခြားလူတွေ လုပ်နိုင်တဲ့ ဟာ အရာကို သူတို့လုပ်နိုင်မှာမဟုတ်ဘူးလို့ ထင်ကြပါတယ်။ ပါရမီကောင်း သူတွေဟာ ဘာမှသိပ်ကြိုးစားစရာမလိုဘဲ အောင်မြင်မှုရမယ်၊ သာမန် လူတွေကတော့ ဘယ်လောက်ကြိုးစားကြိုးစား မအောင်မြင်နိုင်ဘူးလို့ လဲ သူတို့က ယုံကြည်ကြပါတယ်။

ဒုတိယအုပ်စုကလူတွေကတော့ Growth Mindset လို့ခေါ်တဲ့ အ မြဲမပြတ် တိုးတက်တဲ့စိတ်ရှိသူတွေပါ။ Growth mindset သမား တွေဟာ မွေးရာပါ ပါရမီဆိုတာကို အယုံအကြည်မရှိပဲ ကြိုးစားရင် ဘာ မဆိုဖြစ်နိုင်တယ်လို့ ခံယူကြပါတယ်။ ပါရမီတွေ၊ စွမ်းရည်တွေ၊ စိတ်ဝင်စားမှုတွေနဲ့ စရိုက်လက္ခဏာတွေဟာ အတွေ့အကြုံနဲ့ လေ့ကျင့်မှု တွေကြောင့် ပြောင်းလဲသွားနိုင်တယ်လို့လဲ သူတို့က ယုံကြည်ထားကြပါ တယ်။

လူမှုဗေဒပညာရှင် Benjamin Barber ကလဲ သူဟာ လူတွေကို “အားနည်းသူနဲ့သန်မာသူ” ၊ “အောင်မြင်သူနဲ့ကျရှုံးသူ” ဆိုပြီးမခွဲခြားဘဲ“သင်ယူလေ့လာသူနဲ့ သင်ယူလေ့လာမှုမရှိသူ” လို့ပဲခွဲခြားတယ်လို့ ပြော ခဲ့ဖူးပါတယ်။ စိန်ခေါ်မှုတွေကို ရင်မဆိုင်ရဲဘဲ အရှုံးကိုကြောက်နေသူ တွေဟာ သင်ယူလေ့လာမှုကိုလဲ ရပ်တန့်လိုက်ကြပြီး comfort Zone ထဲမှာပဲ ထိုင်နေတတ်ပါတယ်။ ဒီစိတ်ဓာတ်မျိုးဟာ ခပ်ငယ်ငယ် ကလေးဘဝမှာတည်းက ရှိနေတတ်တာကိုလဲ တွေ့ရပါတယ်။

တစ်ခါတုန်းက Dweck ဟာ လေးနှစ်အရွယ်ကလေးတွေကို လွယ်ကူ တဲ့ အရုပ်ဆက်ပဟေဠိလေးတွေဆော့ခိုင်းပြီး ဒီပဟေဠိကိုအောင်မြင် ချိန်မှာ ဒါကိုပဲနောက်တစ်ကြိမ်ဆော့မလား၊ ပိုခက်တဲ့ပဟေဠိကိုဖြေကြ ည့်မလားဆိုပြီး မေးကြည့်ခဲ့ပါတယ်။ ဒီအခါမှာ fxed mindset ရှိ တဲ့ကလေးတွေဟာ လွယ်တဲ့ပဟေဠိကိုပဲထပ်ဖြေခဲ့ကြပြီး growth mindset ရှိတဲ့ကလေးတွေကတော့ ပိုခက်တဲ့ပဟေဠိကိုရင်ဆိုင်ဖို့ ရွေးချယ်ခဲ့ကြတာတွေ့ရပါတယ်။

မတူညီတဲ့စိတ်ဓာတ်တွေဟာ မတူညီတဲ့ ဦးနှောက်လှိုင်းတွေကို ဖြစ်ပေါ် စေပါတယ်။ Dweck ဟာ ကိုလံဘီယာတက္ကသိုလ်ရဲ့ ဦးနှောက်လှိုင်း စမ်းသပ်ခန်းထဲကို လူအချို့ဖိတ်ခေါ်ပြီး ဉာဏ်စမ်းပဟေဠိတွေ မေးကြ ည့်ခဲ့ဖူးပါတယ်။ သူတို့ရဲ့ ဦးနှောက်လှိုင်းတွေကို တိုင်းတာမှုအရ fixed mindset ရှိသူတွေဟာ အဖြေတိုက်ချိန်မှာ အာရုံစူးစိုက်မှုပိုရှိကြပြီး growth mindset သမားတွေကတော့ သတင်းအချက်အလက်နဲ့ သင်ယူလေ့လာမှု လုပ်ငန်းစဉ်တွေကို ပိုပြီးအာရုံစိုက်ကြတာတွေ့ရပါ တယ်။

Growth mindset သမားတွေဟာ သူတို့ရဲ့ ဘဝတစ်လျှောက်လုံး ကျွမ်းကျင်မှုအသစ်တွေ, ပညာရပ် အသစ်တွေကို မရပ်မနားလေ့လာ ကြတဲ့အတွက် အကန့်အသတ်မရှိ၊ စဉ်ဆက်မပြတ် တိုးတက်နေကြသူ တွေပါ။ Fixed mindset ရှိသူတွေကတော့ ဉာဏ်ကောင်းတာ၊ ဉာဏ်နုံ့တာ၊ ပါရမီကောင်းတာ၊ ပါရမီညံ့တာ စတဲ့အရာတွေအားလုံး ဟာ မွေးရာပါအချက်တွေလို့ ယုံကြည်ကြတာကြောင့် ကြိုးစားလဲထူး မှာမဟုတ်ပါဘူးလို့တွေးပြီး သင်ယူလေ့လာမှု, ကြိုးစားအားထုတ်မှုတွေ ကို ရပ်တန့်လိုက်လေ့ ရှိကြပါတယ်။ ဒါကြောင့် fixed mindset သမားတွေအတွက်တော့ တိုးတက်မှုဆိုတာ အကန့်အသတ် ရှိနေပါလိမ့် မယ်။

ဘဝဆိုတာ အမြဲတမ်းအောင်မြင်တိုးတက်နေတာမဟုတ်ဘဲ ကျရှုံးမှု

တွေနဲ့လဲ မလွဲမသွေ ကြုံရမယ်ဆိုတာ အားလုံးသိကြပါတယ်။ ဒါပေမဲ့လူတစ်ယောက်နဲ့တစ်ယောက် အရှုံးကိုအဓိပ္ပါယ်ဖွင့်ပုံချင်းတော့ မတူညီ ပါဘူး။

Fixed mindset သမားတွေဟာ ကျရှုံးမှုတစ်ခုခုကြုံတာနဲ့ “ငါအရှုံး သမားပဲ” ဆိုပြီး ချက်ချင်းတွေးကြသလို အကြောက်လွန်မှုနဲ့ အတွေး လွန်မှုကြောင့် ပြိုလဲပျက်စီးသွားတဲ့အထိဖြစ်တတ်ပါတယ်။ ၊ ဥပမာ အားဖြင့် နာမည်ကျော် ပြင်သစ်စားဖိုမှူး Bernard Loiseau ဆိုသူ ကိုကြည့်ပါ။ သူ့ရဲ့စားသောက်ဆိုင်ဟာ Michelin Guide လို့ခေါ် တဲ့ နာမည်အကြီးဆုံးလမ်းညွှန်စာအုပ်ရဲ့ အဆင့်သတ်မှတ်ချက်မှာ အမြ င့်ဆုံးဖြစ်တဲ့ ကြယ်သုံးပွင့်အဆင့်ကို ရရှိထားတဲ့ဆိုင်တစ်ဆိုင်ပါ။ ဒါပေမဲ့ 2003 ခုနှစ်အတွက် Michelin Guide ကို မထုတ်ဝေခင် မှာ သူ့စားသောက်ဆိုင်ဟာ တခြားလမ်းညွှန်စာအုပ်တစ်ခုမှာ ကြယ်နှစ် ပွင့်ဆုံးရှုံးခဲ့ပြီး မကြာခင်ထွက်လာတော့မဲ့ Michelin Guide မှာလဲ အဆင့်ကျသွားလိမ့်မယ်လို့ ကောလာဟလတွေ ထွက်ပေါ်နေခဲ့တာ ကြောင့် Bernard Loiseau ဟာ သူ့ကိုယ်သူ သတ်သေသွားခဲ့ပါ တယ်။ တကယ်တမ်း Michelin Guide ထွက်လာတဲ့အချိန်မှာ တော့ သူ့စားသောက်ဆိုင်ဟာ အရင်အတိုင်းပဲ ကြယ်သုံးပွင့်အဆင့်မှာ ဆက်လက်တည်ရှိနေခဲ့ပါတယ်။ Loiseau ဟာ အကြောက်တရား ဖုံးလွှမ်းသွားတာကြောင့် မပျက်စီးသင့်ဘဲ ပျက်စီးခဲ့ရတယ်လို့ ပြောရ မှာပါပဲ။

Fixed Mindset ရှိတဲ့လူတွေဟာ သူတို့အမှားတွေကနေ သင်ယူ လေ့လာနိုင်တယ်လို့ မယုံကြည်ကြသလို၊ တစ်ကြိမ်တစ်ခါလောက် မ အောင်မြင်ရင် တစ်သက်လုံးအရှုံးသမားဖြစ်ပြီလို့လဲ ထင်ထားတတ်ကြ ပါတယ်။ သူတို့အတွက်တော့ ရှုံးနိမ့်မှုတစ်ခုဟာ အတိတ်ရဲ့အောင်မြင်မှု အားလုံးကို တန်ဖိုးမဲ့သွားအောင် နင်းချေဖျက်ဆီးနိုင်တဲ့ အိပ်မက်ဆိုး
Shwe note❤️❤️❤️My Life

16 Apr, 08:50

4,474

တစ်ခုပါပဲ။ သူတို့ဟာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုနည်းပါးတဲ့အတွက် သူတစ်ပါးကို အပြစ်တင်တာ၊ ဆင်ခြေပေးတာ၊ မသမာတဲ့နည်းလမ်း အသုံးပြုတာတွေကို ပြုလုပ်တတ်ကြသလို၊ အလုပ်တစ်ခုကိုလဲ လွယ် လွယ်နဲ့ လက်လျှော့တတ်ကြပါတယ်။ သူတို့အားနည်းချက်တွေကို ရှာဖွေပြုပြင်ဖို့နဲ့ သူတစ်ပါးကို အကူအညီတောင်းဖို့ကိုလဲ စိတ်မဝင်စား ကြဘဲ သူတို့ကိုယ်သူတို့ ပြုပြင်လို့မရတော့တဲ့ အချောသတ် ကုန်ပစ္စည်း တစ်ခုလို့ပဲ သတ်မှတ်ထားတတ်ကြပါတယ်။

တကယ်တော့ growth mindset သမားတွေဟာလဲ လူသားတွေ

ဖြစ်တာကြောင့် ရှုံးနိမ့်မှုတွေနဲ့ကြုံရင် နာကျင်ခံစားတတ်ကြတာပါပဲ။

ဒါပေမဲ့ သူတို့တွေက ဒီရှုံးနိမ့်မှုတွေကို သင်ယူလေ့လာနိုင်တဲ့ အခွင့်အလမ်းလို့ သဘောထားကြပြီး၊ လဲကျရာကနေပြန်ထနိုင်အောင် ကြိုးစား

တတ်ကြပါတယ်။

A

ဥပမာအားဖြင့် အမေရိကန်ဘောလုံး (american football) ကစားသမား Jim Marshall ကိုကြည့်ပါ။ သူဟာ တစ်ခါတုန်းက လမ်းကြောင်းမှားပြေးပြီး ပြိုင်ဘက်အသင်းကို အမှတ်သွားပေးမိခဲ့ဖူး ပါတယ်။ ဒီပွဲကို ပရိသတ်တွေအများကြီးက တိုက်ရိုက်ကြည့်ရှုနေတာ ကြောင့် Marshall ဟာ အရမ်းရှက်သွားပြီး ဝမ်းနည်းခဲ့ရပါတယ်။ ဒီ လောက်ရှက်စရာကောင်းတဲ့အလွဲမျိုးကို သူ့ကစားသမားဘဝမှာ တစ်ခါ မှ မလုပ်ခဲ့ဖူးပါဘူး။ ဒါပေမဲ့ သူဟာ ကစားနေတာကိုမရပ်ခဲ့ဘဲ သူ့အမှား ကိုပြန်ပြင်ဖို့ကိုသာ ရွေးချယ်ခဲ့ပါတယ်။ ဒါကြောင့် ဒုတိယပိုင်းမှာ သူ့ရဲ့ အကောင်းဆုံးစွမ်းဆောင်ရည်ကိုပြနိုင်ခဲ့ပြီး သူ့အသင်းကို အနိုင်ရရှိစေ ခဲ့တာကိုတွေ့ရပါတယ်။

နာမည်ကျော် သရုပ်ဆောင် "Christopher Reeve" ဟာလဲ မြင်းစီးရာကနေပြုတ်ကျပြီး လည်ပင်းကို ပြင်းပြင်းထန်ထန် ထိခိုက်ခဲ့ ဖူးပါတယ်။ ကျောရိုးပင်မ အာရုံကြောကိုပါထိသွားခဲ့တာမို့ သူ့လက် တွေခြေတွေကအစ တစ်ကိုယ်လုံး မလှုပ်နိုင်တော့ပါဘူး။ အာရုံကြော ဆရာဝန်တွေက သူတစ်သက်လုံး ဒုက္ခိတ ဖြစ်သွားလိမ့်မယ်လို့ပြောကြ ပေမဲ့ Reeve ကတော့ growth mindset ရှိသူပီပီ ကြိုးစားရင် ဖြစ်ရမယ်လို့ ယုံကြည်ခဲ့ပါတယ်။ သူဟာ ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေ ကို စတင်လေ့ကျင့်ခဲ့ပြီး သိပ်မကြာခင်မှာပဲ သူ့လက်တွေကို ပြန်လှုပ် လာနိုင်ခဲ့သလို ခြေထောက်နဲ့ ခန္ဓာကိုယ်အပေါ်ပိုင်းတွေပါ ပြန်လည် လှုပ်ရှားနိုင်ခဲ့တာကိုတွေ့ရပါတယ်။

တစ်ခါတုန်းကလဲ Dweck ဟာ ဆေးကျောင်းတက်မဲ့ ကျောင်းသား ကျောင်းသူတွေကို လေ့လာကြည့်ခဲ့ဖူးပါတယ်။ ပညာသင်နှစ်တစ်ခုစာ လောက် လေ့လာပြီးတဲ့အခါ growth mindset ရှိတဲ့ ကျောင်းသား တွေဟာ အမှတ်ပိုကောင်းကြပြီး အစပိုင်းမှာ သူများထက်နောက်ကျနေ ခဲ့ရင်လဲ ပြန်လိုက်မီလာကြတာကိုတွေ့ရပါတယ်။ ဒီကျောင်းသားတွေက စာမေးပွဲရမှတ်တွေကို သိပ်ဂရုမစိုက်ကြဘဲ သင်ယူလေ့လာခြင်းရဲ့ ရည်ရွယ်ချက်ဟာ အသိပညာရဖို့ဖြစ်တယ်လို့ပဲ ခံယူထားကြတာကြော င့် စာမေးပွဲမှာအမှတ်ဘယ်လောက်ပဲရရ ဆက်ကြိုးစားကြတာကိုလဲ တွေ့ရပါတယ်။

Fixed mindset ရှိတဲ့ ကျောင်းသားတွေကတော့ စာမေးပွဲအမှတ်တွေကို အရမ်းဂရုစိုက်ကြသလို တစ်ခါလောက် စာမေးပွဲကျသွားတာနဲ့ အမှတ်ပြန်ကောင်းလာဖို့ မလွယ်တော့ပါဘူး။ သူတို့က တစ်ကြိမ် လောက် အမှတ်နည်းသွားတာနဲ့ ဒီဘာသာရပ်ဟာ သူတို့နဲ့မကိုက်ဘူးလို့ တွေးပြီး နောက်ထပ်ကြိုးစားအားထုတ်မှုတွေလုပ်ဖို့ ဝန်လေးသွားကြ တာပါ။

Fixed mindset သမားတွေက ပါရမီပါတဲ့လူတော်တွေဟာ ကြိုးစားစရာမလိုဘူးလို့ထင်နေတာကြောင့် ကြိုးစားအားထုတ်ရတာကို ရှက်စရာတစ်ခုလို့မြင်ကြပါတယ်။ ဒါကြောင့် သူတို့ဟာ အရှုံးတွေနဲ့ကြုံ လာတဲ့အခါ ဆင်ခြေမျိုးစုံ၊ အကြောင်းပြချက်မျိုးစုံပေးပြီး သူတို့ကိုယ် သူတို့ အရှုံးသမားတွေလို့ တံဆိပ်ကပ်မခံရအောင် ကြိုးစားကြပါတယ်။ သူတို့တစ်ချက်မှားတာနဲ့ လူတွေက သူတို့ကို လူညံ့တွေလို့ သတ်မှတ် တော့မှာပဲလို့ ထင်နေကြတဲ့အတွက်၊ သူတို့တော်ကြောင်းသက်သေပြနိုင် ဖို့ လူတွေရဲ့ ချီးမွမ်းစကားတွေ၊ အတည်ပြုချက်တွေကိုလဲ အမြဲရှာဖွေ နေတတ်ကြပြန်ပါတယ်။

Growth mindset ရှိသူတွေကတော့ ပါရမီဆိုတာကို အတိုင်းအတာတစ်ခုထိလက်ခံပေမဲ့ ကြိုးစားအားထုတ်မှုကိုပဲ ပိုပြီး လေးစားပါတယ်။ အောင်မြင်မှုတစ်ခုရဖို့ အပြည့်အဝအာရုံစိုက်ပြီး ပြင်းပြင်းထန်ထန် ကြိုးစားအားထုတ်ဖို့လိုတယ်လို့ သူတို့က အခိုင်အမာ ယုံကြည်ထားကြတာပါ။ ဒါကြောင့် ဒီလူတွေဟာ စိန်ခေါ်မှုတွေနဲ့ကျရှုံးမှု တွေကို ရင်ဆိုင်နိုင်ကြပြီး ဘယ်အချိန်မှာမဆို ကြိုးစားအားထုတ်ဖို့ အ သင်ဖြစ်ကြတာကို ကပါတယ်။
(2) စိတ်ဓာတ်များ၏ သက်ရောက်မှု

ရှေ့အခန်းမှာတုန်းက fixed mindset နဲ့ growth mindset ဆို တဲ့ မတူညီတဲ့စိတ်ဓာတ်နှစ်မျိုးကို မိတ်ဆက်ပေးခဲ့ပြီးပါပြီ။ ဒီအခန်းမှာ တော့ အားကစားနယ်ပယ်၊ စီးပွားရေးနယ်ပယ်နဲ့ အချစ်ရေးနယ်ပယ်တို့ မှာ အဲဒီစိတ်ဓာတ်နှစ်ခုရဲ့ ကွဲပြားတဲ့သက်ရောက်ပုံတွေကို နှိုင်းယှဉ် ဖော်ပြသွားမှာ ဖြစ်ပါတယ်။

ပထမဆုံး အားကစားနယ်ပယ်ကို လေ့လာကြည့်ရအောင်ပါ။

အားကစားလောကမှာ အသင်းတိုင်းဟာ ပါရမီရှင်ကစားသမားတွေကို ခေါ်ယူနိုင်ဖို့ အပြိုင်အဆိုင် ကြိုးစားလေ့ရှိကြပါတယ်။ ဒါပေမဲ့ အဲဒီ ပါရမီရှင်ကစားသမားတွေဟာ growth mindset မရှိရင်ရော အလိုလိုနေရင်း အောင်မြင်မှုရနိုင်ပါ့မလား? အဖြေကတော့ No ပါပဲ။
Shwe note❤️❤️❤️My Life

16 Apr, 08:50

4,686

ဥပမာအားဖြင့် Billy Beane ဟာ အားကစားမှာ ပါရမီကောင်းသူတ စ်ဦးပါ။ သူဟာ အထက်တန်းကျောင်း ဘတ်စကတ်ဘောအသင်းမှာ အမှတ်အကောင်းဆုံးရအောင် ပစ်သွင်းနိုင်သူဖြစ်သလို၊ ဘောလုံး အသင်းမှာလဲ နောက်ခံလူအဖြစ် ပါဝင်ကစားခဲ့ပြီး၊ ဘေ့စ်ဘောအသင်း မှာလဲ အတော်ဆုံးအရိုက်သမား ဖြစ်ပါတယ်။ ဒါပေမဲ့ အငယ်တန်းပ ရော်ဖက်ရှင်နယ်ဘေ့စ်ဘောလိဂ်ကို ရောက်သွားချိန်မှာ Beane ရဲ့ အခြေအနေက တနေ့တခြား ဆိုးရွားလာခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ Beane ဟာ အရှုံးကိုလက်မခံနိုင်သလို ရိုက်ချက်တစ်ချက်လောက်လွဲ သွားတာနဲ့ အကြီးအကျယ် စိတ်ထိခိုက်တတ်လို့ပါပဲ။ Beane ဟာ ပင်ကိုပါရမီထောင်ချောက်ထဲမှာပိတ်မိနေတဲ့ fixed mindset သမားဖြစ်တာကြောင့် ရှုံးနိမ့်မှုတွေကို ဘယ်လိုရင်ဆိုင်ရမယ်ဆိုတာ နား မလည်သလို၊ သူ့အားနည်းချက်တွေကို ဘယ်လိုပြုပြင်ရမယ်ဆိုတာကို လဲ သဘောမပေါက်ခဲ့တာကြောင့် ရေရှည်အောင်မြင်မှု မရရှိခဲ့တာဖြစ် ပါတယ်။

တစ်ကြိမ်တစ်ခါလောက် ရှုံးနိမ့်ခြင်း၊ မအောင်မြင်ခြင်းဟာ fixed mindset ရှိသူတွေအတွက်တော့ အလွန်ကြီးမားတဲ့ ရိုက်ခတ်မှုပါပဲ။ စပိန်နိုင်ငံသား ဂေါက်သီးအားကစားသမား Sergio Garcia ဆိုရင် လဲ ပြိုင်ပွဲတွေမှာရလဒ်မကောင်းတာနဲ့ ဂေါက်အိတ်ထမ်းတဲ့လူကိုအလုပ်ဖြုတ်ပစ်တာ၊ သူ့ဖိနပ်ကိုသူ အပြစ်တင်တာမျိုးတွေ လုပ်တဲ့ အပြင်၊ ကွင်းဘေးမှာ ရပ်ကြည့်နေတဲ့လူတွေကိုပါ ဖိနပ်ချွတ်ပြီး ပစ် ပေါက်တတ်ပါသေးတယ်။

Growth mindset ရှိတဲ့ အားကစားသမားတွေကတော့ ပင်ကို ပါရမီသိပ်မကောင်းဘူးဆိုရင်တောင်မှ ကြိုးစားအားထုတ်မှုကတစ်ဆင့် ထိပ်တန်းအဆင့်အောင်မြင်မှုမျိုးတွေ ရရှိသွားတတ်တာကိုတွေ့ရပါ တယ်။ နာမည်ကျော် ဘတ်စကတ်ဘောသမား မိုက်ကယ်ဂျော်ဒန် (Michael Jordan) ဟာ ဒီလိုပုဂ္ဂိုလ်မျိုးပါပဲ။

ဘတ်စကတ်ဘောနဲ့ သိပ်မရင်းနှီးတဲ့လူတွေတောင်မှ မိုက်ကယ်ဂျော်ဒန် ဆိုတဲ့နာမည်ကို ကြားဖူးကြတာများပါတယ်။ လူတော်တော်များများက မိုက်ကယ်ဂျော်ဒန်ကို ငယ်ငယ်တည်းကထူးချွန်တဲ့ ပါရမီရှင် ကစားသမားလို့ထင်ကြပေမဲ့ သူဟာ အထက်တန်းကျောင်းမှာရော၊ တက္ကသိုလ်မှာပါ လက်ရွေးစင် မဖြစ်ခဲ့ပါဘူး။ သူ့ရဲ့ကစားသမားဘဝမှာ လွဲချော်မှုတွေ အများကြီးဖြစ်ခဲ့ဖူးသလို သူပထမဆုံး စတင်ကစားခဲ့တဲ့ ပရော်ဖက်ရှင်နယ် အသင်းနှစ်သင်းကလဲ သူ့ကိုမလိုချင်လို့ ရောင်းထုတ် ခဲ့ကြပါတယ်။ သူဟာ ပြိုင်ပွဲတစ်ခုမှာလဲ 26 မှတ်ဖိုးလောက်အထိ ပစ် သွင်းမှုမအောင်မြင်ပဲ အမှတ်တွေ ဖြုန်းတီးခဲ့ဖူးပါတယ်။ ဒါပေမဲ့ အဲဒီမ အောင်မြင်မှုတွေကို ခေါင်းထဲထည့်မဲ့အစား၊ မိုက်ကယ်ဂျော်ဒန်ဟာ ပစ် သွင်းမှုတွေကို နေ့စဉ် ထပ်ခါထပ်ခါ လေ့ကျင့်ခဲ့ပါတယ်။ သူအနားယူတဲ့ အချိန်မှာတော့ သူ့ကို ဘတ်စကတ်ဘောလောကရဲ့ ပစ်သွင်းမှုနည်းစနစ် အကောင်းဆုံး ကစားသမားအဖြစ် အားလုံးက သတ်မှတ်ခဲ့ကြပါတယ်။

ဘတ်စကတ်ဘောကိုရူးသွပ်တဲ့ မိုက်ကယ်ဂျော်ဒန်ဟာ အထက်တန်းကျောင်းရဲ့ လက်ရွေးစင်အသင်းမှာ မပါဝင်ရကတည်းက စိတ်ဓာတ်ကျခဲ့ရသူပါ။ ဒါပေမဲ့ သူဟာ growth mindset ရှိသူဖြစ် တာကြောင့် လက်လျှော့အရှုံးမပေးဘဲ နေ့တိုင်း မနက်ခြောက်နာရီမှာထ ပြီး လေ့ကျင့်ခဲ့ပါတယ်။ တက္ကသိုလ်ရောက်တဲ့အခါမှာတော့ သူ့ရဲ့ အား သာချက် အားနည်းချက်တွေကို ဆန်းစစ်နိုင်လာပြီး၊ ဘောလုံး ထိန်းသိမ်းတာ၊ ဘောလုံးပစ်သွင်းတာ၊ ခံစစ်ကစားတာတွေကို ပို ကောင်းလာအောင် လေ့ကျင့်နိုင်ခဲ့ပါတယ်။ မိုက်ကယ်ဂျော်ဒန်ဟာ ဒီ ရာသီမှာ သူ့အသင်းရှုံးခဲ့တယ်ဆိုရင်၊ နောက်ရာသီမှာ လေ့ကျင့်ချိန်ကို နှစ်ဆတိုးပြီး လေ့ကျင့်လေ့ရှိတယ်လို့လဲ သိရပါတယ်။မိုက်ကယ်ဂျော်ဒန်ဟာ မွေးရာပါ ပါရမီရှင်မဟုတ်ပဲ၊ အလုပ်အကြိုးစား ဆုံး အားကစားသမား တစ်ယောက်သာဖြစ်ပါတယ်။ ဒါကြောင့်လဲ "စိတ်ဓာတ်ကြံ့ခိုင်မှုဟာ ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုရှိဖို့ထက် ပိုအရေးကြီး ပါတယ်၊ ကျွန်တော် ဒါကိုအမြဲပြောခဲ့သလို အမြဲလဲယုံကြည်ထားတယ်” လို့ ဂျော်ဒန်က ပြောလေ့ရှိတာပါ။

နောက်ထပ်ဥပမာတစ်ခုကတော့ Wilma Rudolph လို့ခေါ်တဲ့ အမျိုးသမီး ပြေးခုန်ပစ်ကစားသမားပါ။ သူမဟာ လမစေ့ဘဲမွေးခဲ့တဲ့ ပိုလီယိုရောဂါသည် ကလေးတစ်ယောက်ဖြစ်ပြီး ခြေထောက်တစ်ဖက် သေခါနီးအထိ ဖြစ်ခဲ့ဖူးပါတယ်။ ဒါပေမဲ့ သူမရဲ့ အပြင်းအထန်လေ့ကျင့် မှုတွေကြောင့် အသက် 12 နှစ်မှာ ခြေအထိန်းကွင်းတွေကိုဖြုတ်ပြီး သာမန်လူတစ်ယောက်လို လမ်းလျှောက်နိုင်လာပါတယ်။ နောက်ပိုင်းမှာ အားကစားလောကထဲကို ဝင်ရောက်ခဲ့ပေမယ့် အားကစားသမားဘဝ အစပိုင်းမှာတော့ အရှုံးတွေနဲ့ ဆက်တိုက်ရင်ဆိုင်ခဲ့ရပါတယ်။ ဒါပေမဲ့ သူမဟာ အံ့ဩစရာကောင်းလောက်အောင်ပဲ နောက်ပိုင်းမှာ “ကမ္ဘာ့အ မြန်ဆုံးအမျိုးသမီး” အဖြစ် ချီးကျူးဂုဏ်ပြုခံခဲ့ရသလို 1960 ရောမ အိုလံပစ်ပြေးခုန်ပစ်ပြိုင်ပွဲမှာလဲ ရွှေတံဆိပ်သုံးခုအထိ ရရှိခဲ့ပါတယ်။ Rudolph ဟာ ပါရမီရှင်မဟုတ်သလို မွေးရာပါချွတ်ယွင်းချက်လဲရှိ နေပေမဲ့ growth mindset နဲ့ စဉ်ဆက်မပြတ်ကြိုးစားနိုင်ခဲ့တာ ကြောင့် အောင်မြင်မှုရခဲ့တာပါ။ Rudolph က “ကျွန်မကိုယ်ကျွန်မ အလုပ်ကြိုးစားတဲ့ အမျိုးသမီးတစ်ယောက်လို့ပဲ အမှတ်ရနေချင်ပါ တယ်” လို့ ပြောခဲ့ဖူးတာကိုလဲ တွေ့ရပါတယ်။

အခုဆက်ပြီး စီးပွားရေးနယ်ပယ်မှာ မတူညီတဲ့စိတ်ဓာတ်တွေရဲ့ ရိုက်ခတ်မှုအကြောင်း လေ့လာကြည့်ရအောင်ပါ။
Shwe note❤️❤️❤️My Life

16 Apr, 08:50

4,935

“Build to Last” စာအုပ်ကိုရေးခဲ့တဲ့ Jim Collins ဆယ့်ငါး ဟာ နှစ်ဆက်တိုက် ထိပ်တန်းအဆင့်စွမ်းဆောင်နိုင်ခဲ့တဲ့ ကုမ္ပဏီ 11 ခုကို လေ့လာကြည့်ခဲ့ဖူးပါတယ်။ ဒီကုမ္ပဏီတွေအားလုံးမှာ တူညီတဲ့အချက် တစ်ခုကတော့ ကုမ္ပဏီကို အခက်အခဲတွေနဲ့ ကျရှုံးမှုတွေကြားမှာ ဦး ဆောင်လမ်းပြပေးနိုင်တဲ့ growth mindset ခေါင်းဆောင်တွေရှိ နေကြခြင်းပါပဲ။ ဒီခေါင်းဆောင်တွေဟာ ဝါကြွားပလွှားမှု သိပ်မရှိကြဘဲ မေးခွန်းတွေမေးဖို့ ရဲရင့်ကြပါတယ်။ သူတို့က သူတို့ကိုယ်သူတို့ ဘာ အမှားမှမလုပ်တဲ့ လူတော်တွေလို့ မသတ်မှတ်ထားကြတာကြောင့် အားနည်းချက်တွေနဲ့ ရှုံးနိမ့်မှုတွေကိုလဲ ရင်ဆိုင်ရဲကြပါတယ်။Fixed mindset ရှိတဲ့ ခေါင်းဆောင်တွေကတော့ သူတို့ရဲ့ပါရမီကိုပဲ လူမြင်အောင်ထုတ်ပြနိုင်ဖို့ ဦးစားပေးကြပါတယ်။ သူတို့က တခြားလူ တွေအားလုံးထက် အကြီးမြတ်ဆုံးပုဂ္ဂိုလ်ဖြစ်ချင်ပြီး သူတို့သာအတော် ဆုံး၊ သူတို့သာအကောင်းဆုံး၊ သူတို့သာ ကုမ္ပဏီမှာအရေးကြီးဆုံးလို့ ခံယူထားကြပါတယ်။ ဒီခေါင်းဆောင်တွေဟာ အမှားကိုဝန်မခံတတ်ကြ သလို သူတို့ရဲ့ အားနည်းချက်တွေကိုလဲ ပြန်လည်ပြုပြင်မှု မရှိကြပါ ဘူး။ တစ်ခါတလေမှာ သူတို့အမှားကို ဖုံးကွယ်ဖို့ကြိုးစားရင်း ကုမ္ပဏီ တစ်ခုလုံး ပြိုလဲသွားတာမျိုးတောင် ဖြစ်တတ်ပါသေးတယ်။

ဥပမာအားဖြင့် Jeffrey Skilling ဆိုသူကိုကြည့်ပါ။ သူဟာ ကမ္ဘာ့ အကြီးဆုံး လျှပ်စစ်၊ သဘာဝဓာတ်ငွေ့နဲ့ ဆက်သွယ်ရေးကုမ္ပဏီဖြစ်တဲ့ Enron ကုမ္ပဏီရဲ့ CEO ဖြစ်ပါတယ်။ Skilling ဟာ အရမ်းတော် တဲ့လူတစ်ယောက်ဖြစ်ပေမဲ့ လူရှေ့ရောက်ရင် သူ့ကိုယ်သူယုံကြည်မှု လွန်ကဲသွားတတ်ပါတယ်။ သူ့မျက်လုံးထဲမှာလဲ သူပြောတာကိုလက်မခံ သူဟာ သူ့လောက်မတွေးတတ်တာကြောင့် သူ့ကိုနားမလည်ခြင်းဖြစ် တယ်လို့ မြင်ပါတယ်။ အဆိုးဆုံးကတော့ သူဟာ ယုံကြည်မှုလွန်ကဲပြီး တကယ်အမြတ်မရသေးတဲ့ သူ့ရဲ့အိုင်ဒီယာတွေကို အမြတ်ရနေပါပြီဆို ပြီး စာရွက်ပေါ်မှာ ထည့်သွင်းတတ်ခြင်းပါပဲ။ သူ့ရဲ့ ဘဏ္ဍာရေးဖော်ပြ ချက်တွေမှာ ဒေါ်လာသန်းနဲ့ချီပြီး အမြတ်ရနေပေမဲ့ တကယ့်လက်တွေ့ မှာတော့ ပိုက်ဆံတစ်ပြားမှမရှိပါဘူး။ ဒီလိုနဲ့ အမှုဆောင်အစည်းအဝေး တွေမှာ သဘောထားကွဲလွဲမှုတွေဖြစ်လာပြီး ကုမ္ပဏီတွင်း အကွဲအပြဲ တွေနဲ့အတူ နောက်ဆုံးမှာ Enron ဟာ ဒေဝါလီခံခဲ့ရပြီး Jeffrey Skilling ဟာလဲ ထောင်ကျသွားခဲ့တာကိုတွေ့ရပါတယ်။

Fixed mindset ရှိတဲ့ခေါင်းဆောင်တွေရဲ့ နောက်ထပ်ဥပမာတစ် ယောက်ကတော့ Lee lacocca ပါ။ သူကတော့ Chrysler မော်တော်ကားကုမ္ပဏီရဲ့ CEO အသစ်ဖြစ်ပြီး ကုမ္ပဏီကိုလဲ အပြောင်းအလဲတွေလုပ်ပေးနိုင်ခဲ့သူဖြစ်ပါတယ်။ သူတာဝန်ယူတဲ့အချိန် မှာ ကုမ္ပဏီဟာ ဒေဝါလီခံရခါနီး ဖြစ်နေပေမဲ့ lacocca ရောက်လာပြီး တဲ့နောက်မှာ သူ့ရဲ့ လျင်မြန်မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေကြောင့် ဝန်ထမ်းတွေ စိတ်သက်သာရာရခဲ့ပြီး ကုမ္ပဏီပုံမှန် လည်ပတ်နိုင်လာပါ တယ်။

ဒါပေမဲ့ နောက်ပိုင်းမှာ lacocca ရဲ့ အမူအကျင့်တွေ ရုတ်တရက် ပြောင်းလဲလာပါတယ်။ သူဟာ သူ့အောင်မြင်မှုကိုသာယာပြီး သူ့ကိုယ် ရည်ကိုယ်သွေးကို ကြွားလုံးထုတ်လာပါတယ်။ သူဟာကုမ္ပဏီရဲ့ ပုံရိပ် ကို မြှင့်တင်ရမဲ့အစား သူ့ပုံရိပ်ကိုမြှင့်တင်ဖို့ပဲ ကြိုးပမ်းလာပါတယ်။ ဒီအချက်တွေက lacocca ဟာ fixed mindset ရှိသူတစ်ယောက် ဖြစ်ကြောင်း ထုတ်ဖော်ပြသလိုက်တာပါပဲ။ သူဟာအမြဲတမ်း အောင်နိုင် သူသာဖြစ်ချင်ပြီး၊ သူများတွေက သူ့ကို အထင်ကြီးလေးစားတာကို သဘောကျနှစ်သက်ပါတယ်။ lacocca ဟာ အသင်းအဖွဲ့နဲ့ ညီ ညီညွတ်ညွတ်လုပ်ကိုင်ရမဲ့အစား သူတော်ကြောင်း သူပါရမီရှိကြောင်း ကိုသာ ထုတ်ပြဖို့ကြိုးစားနေခဲ့တာကြောင့် Chrysler ကုမ္ပဏီဟာ ရေရှည်မအောင်မြင်ခဲ့ဘဲ 2009 ခုနှစ်မှာ ဒေဝါလီခံခဲ့ရပါတယ်။

Growth mindset ရှိတဲ့ခေါင်းဆောင်တွေကတော့ ပြောင်းပြန်ပါ ပဲ။ Growth mindset ရှိတဲ့ခေါင်းဆောင်တွေဟာ လူတွေကို သူတို့ နဲ့ ပူးပေါင်းဆောင်ရွက်ခွင့်၊ သူတို့နားချဉ်းကပ်ခွင့်တွေ ပေးတတ်ကြပါ တယ်။ သူတို့ဟာ အခွင့်ထူးခံပုဂ္ဂိုလ်တွေမဟုတ်ကြသလို လက်အောက်ငယ်သားတွေဆီကနေ သင်ယူလေ့လာဖို့လဲ မရှက်ကြပါ ဘူး။ ဒီခေါင်းဆောင်တွေဟာ သူတို့ကိုယ်သူတို့ အတော်ဆုံးအတတ်ဆုံး လို့လဲ မခံယူထားကြဘဲ သူတို့ရဲ့တိုးတက်မှု၊ ဝန်ထမ်းတွေရဲ့တိုးတက်မှု အတွက် သင်ယူလေ့လာမှုကို စဉ်ဆက်မပြတ် အားပေးလုပ်ဆောင်ကြ ပါတယ်။ သူတို့က ဝန်ထမ်းတွေအပေါ် လမ်းညွှန်ပေးသူတွေသာဖြစ်ပြီး တရားသူကြီးတွေလို အမိန့်ချနေတတ်သူတွေ မဟုတ်ပါဘူး။

ဥပမာအားဖြင့် အထက်မှာပြောခဲ့တဲ့ lacocca ရဲ့ အဖြစ်အပျက်ကို IBM ကွန်ပျူတာကုမ္ပဏီရဲ့ CEO ဖြစ်တဲ့ Lou Gerstner နဲ့ နှိုင်းယှဉ်ကြည့်နိုင်ပါတယ်။ Gerstner တာဝန်ယူတဲ့အချိန်မှာလဲ IBM ကုမ္ပဏီဟာ ကျဉ်းထဲကျပ်ထဲ ရောက်နေတဲ့အချိန်ပါ။ အဲဒီတုန်း က အမှုဆောင်တွေမှာရော၊ ဝန်ထမ်းတွေမှာပါ fixed mindset စိတ်ဓာတ်တွေကြီးစိုးနေတဲ့အတွက် ကုန်ပစ္စည်းထုတ်လုပ်မှုနဲ့ ပူးပေါင်း လုပ်ကိုင်မှုတွေကို အာရုံမစိုက်နိုင်ပဲ အပြိုင်အဆိုင်ဖြစ်ကြ၊ သဘောထား ကွဲလွဲကြနဲ့ တပ်ပျက်နေတဲ့အချိန် ဖြစ်ပါတယ်။ လူတိုင်းဟာ ကုမ္ပဏီ အတွက် မစဉ်စားပဲ၊ ကိုယ့်အတွက်ပဲ စဉ်းစားကြတဲ့အတွက် customers တွေ စိတ်ကျေနပ်အောင်လဲ လုပ်မပေးနိုင်တော့ပါဘူး။

ဒီအခြေအနေကိုပြောင်းလဲပစ်ဖို့အတွက် Gerstner ဟာ ကုမ္ပဏီရဲ့
Shwe note❤️❤️❤️My Life

16 Apr, 08:43

3,827

Mindset(အတွေးအခေါ်)