ကိုးရီးယားသတင်းများနှင့်အလုပ်ရှာဖွေရေး @myanmarkoreanews Channel on Telegram

ကိုးရီးယားသတင်းများနှင့်အလုပ်ရှာဖွေရေး

@myanmarkoreanews


ကိုးရီးယား ငွေစျေးကို နေ့တိုင်း တင်ပေးနေပါသည်။

myanmarkoreanews (Burmese)

မင်္ဂလာနူးတို့မှာ ကိုးရီးယားသတင်းများနှင့် အလုပ်ရှာဖွေရေးဝင်ရောက်မှုများဖြစ်ပါသည်။ myanmarkoreanews ဆိုတာသည် ကိုးရီးယား နေ့တိုင်း ငွေစျေးကို တင်ပေးနေပါသည်။ ဤ ခေတ်စုံသည် ကိုးရီးယားသတင်းများနှင့် အလုပ်ရှာဖွေရေးအား နေပါသည။ သို့တွင် ကိုးရီးယား အရည်အချင်း သတင်းများကို ပတ်သတ်စင်မှာ အလုပ်တာဆိုပြီး ထို့ပြင်လည်း မြန်မာလပ်မ နှင့် ကိုးရီးယား လူ့အပြင် လတ်တလဍ် အနက်မ တစ်နေရာများတွင် အယူခနာပြိုင်ပါသည်။ အကယ်၍ နေ့တိုင်း ကိုဤ ခေတ်စုံကို အပေါ်ဆုံးလူမျိုးစု ဝေင်လာစွာပါဝင်သည်။

ကိုးရီးယားသတင်းများနှင့်အလုပ်ရှာဖွေရေး

04 Nov, 17:28


၂၀၂၅ ခုနှစ်မှာ အနိမ့်ဆုံး အခြေခံလုပ်အားခ
----------------------------------------------------------
တစ်နာရီ လုပ်အားခ ၁၀,၀၃၀ ဝမ် သတ်မှတ်လိုက်ပါတယ်၊

ဒါ့ကြောင့် တစ်လ ၂၀၉ နာရီနဲ့ မြှောက်ရင်
ကိုရီးယားငွေ ၂,၀၉၆,၂၇၀ ဝမ်ကို လစာ အနေနဲ့ရမှာပါ၊

မြန်မာငွေ အနေနဲ့ဆို အခြေခံလစာ
တစ်လကို သိန်း ၆၀ ဝန်းကျင် ရမှာဖြစ်ပါတယ်။

ကိုးရီးယားသတင်းများနှင့်အလုပ်ရှာဖွေရေး

22 Oct, 16:42


ကိုရီးယားနိုင်ငံသို့ မိသားစု အလည်ဖိတ်ခေါ်ခြင်း အလင်းကျမ်းကို တင်ပြလိုက်ပါတယ် ။
++++++
ပုံမှန်/သာမန် အခြေအနေ ( ကိုဗစ်-၁၉ ကျော်လွန် ချိန်) မှာ ဆိုလျင် ၊ ကိုရီးယားနိင်ငံကို အလည်ခေါ်ဖို့ / အလည်လာဖို့ အဓိက လိုအပ်ချက် (၂) ခုရှိပါတယ် ။ ဘာလဲ ဆိုလျင် -
(၁) ကိုရီးယားဖက်က အလည်ခေါ်ပေးမယ့်သူ ရှိရပါမယ် ။ (ခုနောက်ပိုင်း အလည်ခေါ်ပေးမယ့်သူမရှိပေမယ့် ၊ လာလို့ရနိုင်တဲ့ နည်းလည်းရှိပါတယ် ။ နောက်ပိုင်း တင်ပြပါမယ်။)
(၂) အလည်လာမည့်သူက ကိုရီးယားနိုင်ငံသို့ ရောက်လာလျင် ဗီဇာ ရက်လွန် နေထိုင်မှာ မဟုတ်ကြောင်း လုံလောက်သော အထောက်အထားများ တင်ပြနိုင်ရပါမယ် ။
+++++++
ကိုရီးယား ဘက်မှ လိုအပ်သော စာရွက် စာတမ်းများ
၁။ 초청장 ( ဖိတ်ခေါ်စာ )
၂။ 신원 보증서 ( ဖိတ်ခေါ်သူနှင့် ပတ်သတ်ပြီး အာမခံပေးသည့် စာရွက် )
၃။ 일정표 ( ခရီးစဉ် အစီအစဉ် )
၄။ 인감증명서 ( 원본 ) လက်မှတ် သို့မဟုတ် တံဆိပ်တုံး သက်သေခံစာရွက် ( မူရင်း )
၅။ 사업자 등록증명 ( 원본 ) ကုမ္မဏီ လုပ်ငန်း လိုင်စင် ( မူရင်း )
၆။ 납세 사실증명 ( 원본 ) အခွန်ဆောင်ထားတဲ့ ပြေစာ ( မူရင်း )
၇။ 사업자 등록증 ( 사본 ) ကုမ္မဏီ လုပ်ငန်းလိုင်စင် သက်သေခံကတ် ( မိတ္တူ )
ရှင်းလင်းချက် =
ဖိတ်ခေါ်စာ ဆိုတာက သူဌေးအနေဖြင့် မိမိ မိသားစုကို ကိုရီးယားကို အလည်ဖိတ်ခေါ်ပါသည်
ဆိုပြီး ရေးထားတဲ့ စာရွက်ပါ ။ ပုံစံ အတိအကျ မရှိပါဘူး။ အဆင်ပြေသလို ရေးလို့ရပါတယ်။
ကုမ္မဏီ လိပ်စာ ၊ သူဌေး လက်မှတ် (သို့မဟုတ်) တံဆိပ်တုံး ပါရပါမယ်။
အာမခံ စာရွက် ဆိုတာက သူဌေးအနေနဲ့ မိမိ ဖိတ်ခေါ်ပေးသူနဲ့ ပတ်သတ်ပြီး အာမခံပါတယ်၊ တာဝန်ယူပါတယ် ဆိုတဲ့စာရွက်ပါ။ ( ဥပမာ ဖ်ိတ်ခေါ်ပေးလိုက်တဲ့သူက ရက်ပေါင်း ၉၀ ပြည့်ပေမယ်
မပြန်တော့ရင် သူဌေးမှာတာဝန်ရှိပါတယ်)
ခရီးစဉ် ဆိုတာက ဖိတ်ခေါ်ပေးမယ်သူရဲ့ နေထိုင် စားသောက်မယ် အစီအစဉ်ပါ။ အဆင်ပြေသလို ရေးလို့ရပါတယ်။
သူဌေးက တာဝန်ယူပါတယ် လို့ရေးလည်းရပါတယ်။
အမှတ်စဉ် ၄၊ ၅၊ ၆၊ ရ ကတော့ သူဌေးက လိုအပ်တဲ့ စာရွက်စာတမ်း တွေကို ကိုရီးယားက သက်ဆိုင်တဲ့ရုံးမှာ
သွားရောက် ထုတ်ယူလို့ ရပါတယ်။
စာရွက် စာတမ်းပြည့်စုံရင် မြန်မာပြည်က မိမိ ဖိတ်ခေါ်မယ့်သူဆီ ပို့ပေးပြီး ၊
မြန်မာပြည်ဘက်က လိုအပ်တဲ့စာရွက်စာတမ်းတွေနဲ့ အတူ သံရုံးမှာကိုယ်တိုင် ဗီဇာ သွားလျှောက်ရပါမယ်။
စာရွက်စာတမ်း ပြည့်စုံရင် ဗီဇာက ၇ ရက် ကနေ ၁၅ ရက် အတွင်းရပါတယ်။
ဒါပေမယ် ကုမ္မဏီ အမျိုးအစား၊ စက်ရုံ အမျိူးအစားပေါ် မူတည်ပြီး လိုအပ်တဲ့ အထောက်အထားစာရွက်
များ အပြောင်းအလဲ ရှိပါတယ်။ သံရုံး ဝန်ထမ်းမှ လိုအပ်ပါက ထပ်မံတောင်းခံနိုင်ပါတယ်။ လိုအပ်ပါက ကိုရီးယားရှိ
ဖိတ်ခေါ်ပေးသူ သူဌေးထံသို့ ဖုံးဆက်သွယ်မေးမြန်းမူလည်းရှိပါတယ်။
သံရုံးမှ တောင်းခံသော လိုအပ်တဲ့စာရွက်စာတမ်းများ ပြည့်စုံအောင် ပေးနိုင်ပါက ဗီဇာ ရရှိရန် အခက်အခဲ မရှိနိုင်ပါ။
+

ကိုးရီးယားသတင်းများနှင့်အလုပ်ရှာဖွေရေး

22 Oct, 03:53


ဒီလို Website တွေထဲကို ဝင်ကြည့်ရင် VPN တွေ ခံပြီးမှ ကြည့်ကြပါရှင့်

မိန်းခလေးများနဲ့ ဝေးနေတဲ့ E9 အကိုများကို စာနာလို့ပါရှင့်

ကိုးရီးယားသတင်းများနှင့်အလုပ်ရှာဖွေရေး

21 Oct, 05:44


ကိုးရီးယားရောက်ပြီးမှာ ဖုန်းထဲမှာ မှားဖျက်မိတဲ့ အရေးကြီး ဓာတ်ပုံများ Video များကို ပြန်ယူတဲ့ နည်းလေပါ။

လေဆိပ်မှာ အရေးကြီး အပုံများ ဖျတ်ခဲ့ရသူများလဲ ဒီနည်းလေးဖြင့်ပြန်ယူပါရှင့်။

အပုံနှင့်တကွ အသေးစိတ် ရှင်းပြထားပေးပါတယ်ရှင့်

ဆော့ဝဲလ်ဒေါင်းယူရန် 👇👇
Android and iPhone 👉👉 https://play.google.com/store/apps/details?id=com.defianttech.diskdigger&pcampaignid=web_share

အလုပ်အကိုင် အဆင်ပြေကြပါစေ🥰

ကိုးရီးယားသတင်းများနှင့်အလုပ်ရှာဖွေရေး

20 Oct, 08:30


ကိုးရီးယား ထီကို လူတိုင်း အိမ်မက်တစ်ခုအနေနဲ့ ထိုးချင်ကြတယ်

ဘယ်နေရာမှထီထိုးရမလဲ , ထိုးပြီးသားထီဘယ်လိုတိုက်ရမလဲ , ဘယ်အပတ်က ဘာတွေထွက်သွားလဲ , ဆုငွေက ခွဲတမ်း ဘယ်လောက်ရမှာလဲ
သိချင်သူများအတွက် မဖြစ်မနေ ဒေါင်းထားသင့်ပါတယ်ရှင့်

ဆော့ဝဲလ်ဒေါင်းရန် 👇👇
Android and iPhone👉👉 https://apps.apple.com/kr/app/lotterymania/id898690350?l=en-GB

အလုပ်အကိုင် အဆင်ပြေကြပါစေ

ကိုးရီးယားသတင်းများနှင့်အလုပ်ရှာဖွေရေး

20 Oct, 05:09


ကိုရီးယား လဝက ဥပဒေ ၄၆-(၁)
မြန်မာနိုင်ငံသား တချို့ မြန်မာပြည်ကို ပြန်ကြတဲ့အခါ လေဆိပ်ရှိ လဝက ဝန်ထမ်းက မိမိတို့ရဲ့ နိုင်ငံကူးလက်မှတ်များမှာ ၄၆-(၁) တံဆိပ်တုံးကို နှိပ်ပေးတာ တွေ့ကြရပါ့လိမ့်မယ်။ ဟိုတုန်းက ၄၆-(၁) ဥပဒေနဲ့ ပတ်သက်ကြီး ဖော်ပြပေးခဲပြီးဖြစ်ပေမယ့် အခု ထပ်မံ ဖော်ပြပေးလိုက်ပါတယ်။

ကိုရီးယား တရားရေးရာဝန်ကြီးဌာန လက်အောက်ခံ ကိုရီးယား နိုင်ငံအတွင်း ဝင်ထွက်မှု ကြီးကြပ်ရေး(လဝက) ဆိုင်ရာ ဥပဒေ ပုဒ်မ ၄၆ အရ နိုင်ငံခြားသားက အောက်ပါ အချက်များကို ချိုးဖောက်၊ လိုက်နာမှု မရှိပါက ကိုရီးယားနိုင်ငံအတွင်းက ထွက်ခွာသွားရန် နှင်ထုတ်ရပါတယ်။ အဲဒါများကတော့

၁။ ကိုရီးယားနိုင်ငံကို လိမ်လည် ဖိတ်ခေါ်ပြီး နေထိုင်နေကြတဲ့ နိုင်ငံခြားသားများ

၂။ တခြားလူရဲ့ နိုင်ငံကူး လက်မှတ်ကို အသုံးပြုပြီး ကိုရီးယားနိုင်ငံကို ဝင်ရောက်လာကြတဲ့ နိုင်ငံခြားသားများ

၃။ မူးယစ်ဆေးဝါးနဲ့ ပတ်သက်တဲ့ ဆေးစွဲနေကြတဲ့ နိုင်ငံခြားသားများ ပြည်သူများရဲ့ လုံခြုံရေးကို နှောက်ယှက်ကြတဲ့ နိုင်ငံခြားသားများ

၄။ ကိုရီးယားနိုင်ငံကို ဝင်ရောက်လာတဲ့ ဗီဇာနဲ့ မပတ်သက်တဲ့ လှုပ်ရှား၊ နေထိုင်နေကြတဲ့ နိုင်ငံခြားသားများ၊ လိမ်လည်နေထိုင်တဲ့ နိုင်ငံခြားသား၊

၅။ သတ်မှတ်ထားတဲ့ ရက်ထက် ကျော်လွန်နေထိုင်နေကြတဲ့ နိုင်ငံခြားသားများ

၆။ ကိုရီးယားနိုင်ငံရဲ့ ပြစ်မှုဆိုင်ရာ အမှုသေးနဲ့ အမှု အလတ်စားတို့ကို ကျူးလွန် ချိုးဖောက်ကြတဲ့ နိုင်ငံခြားသားများ
တို့ ဖြစ်ပါတယ်။

အထက်ပါ အချက်များကို ချိုးဖောက်ထားတဲ့ နိုင်ငံခြားသားအား ကိုရီးယား လဝကရုံးက ကိုရီးယားနိုင်ငံအတွင်းမှ ထွက်ခွာသွားရန် နှင်ထုတ်စာကို ထုတ်ပေးပြီး ကိုရီးယားအတွင်းမှ ထွက်ခွာသွားရန် ရက်ကိုလည်း အတိအကျ သတ်မှတ်ပေးလိုက်ပါတယ်။

သတ်မှတ်ထားတဲ့ ရက်အတွင်း ပြန်ကြတဲ့အခါ ကိုရီးယား အပြည်ပြည်ဆိုင်ရာ လေဆိပ်များကို ရောက်တဲ့အခါမှာ နိုင်ငံခြားသားရဲ့ နိုင်ငံကူး လက်မှတ်မှာ ၄၆-(၁) တံဆိပ်ကို နှိပ်ပေးလိုက်ပါတယ်။

နိုင်ငံကူး လက်မှတ်မှာ ၄၆-(၁) ကို နှိပ်ပေးလိုက်တော့ ဘာဖြစ်လဲဆိုတော့ ကိုရီးယားနိုင်ငံကို ၅နှစ်အတွင်း (သို့မဟုတ်) ၁ဝနှစ်အတွင်း ပြန်လည် ဝင်ရောက်ခွင့် ပိတ်ထားခြင်း ခံရမှာပါ။ ၁ဝနှစ် ကျော်ပေမယ့်လည်း ထပ်မံ ပိတ်ပင်ခံနိုင်ရဖွယ်လည်း ရှိပါတယ်။

နောက်တခုက ကိုရီးယား ပြစ်မှုဆိုင်ရာ ဥပဒေကြီး တခုကို ချိုးဖောက်မိပါ နှစ် အကန့်အသတ်မရှိ ဝင်ရောက်ခွင့် ပိတ်ထားနိုင်ပါတယ်။

ကိုရီးယားနိုင်ငံက ချမှတ်ထားတဲ့ ပြစ်မှုကြီး တစုံတရာ ကျူးလွန်ထားမှုမရှိပါတဲ့ နိုင်ငံခြားသားဟာ ကိုရီးယားနိုင်ငံအတွင်း ပြန်လည် ဝင်ရောက်ခွင့် နှစ်အကန့်အသတ် ပိတ်ပင်ထားတဲ့ ကာလအတွင်း မိမိ မိသားစုထဲက တဦးဦးက မင်္ဂလာဆောင်တဲ့အခါ၊ (သိုမဟုတ်) ကွယ်လွန်သွားတဲ့အခါတို့မှာ ချွင်းချက်အနေဖြင့် ကိုရီးယားနိုင်ငံကို ခေတ္တ ပြန်လည် ဝင်ရောက်ခွင့် ရှိပါတယ်။

ယခင်က ရေးသားထားတာကို ပြန်လည် ဖော်ပြပေးပါတယ်။

ကိုးရီးယားသတင်းများနှင့်အလုပ်ရှာဖွေရေး

20 Oct, 03:11


ကိုးရီးယားရောက် ညီအကိုများ သူဌေးလျော့ပြီး မတရားဖြတ်ပြီး ပေးတဲ့ လစာမဖြစ်ရလေအောင် ဒေါင်းထားသင့်တဲ့ဆော့ဝဲလ်ပါရှင့်

နေ့အလိုက် အလုပ်ချိန်ထည့်ပြီး လစာသက်မှတ်လို့ရ

နာရီနဲ့ကော ရက်နဲ့ပါ လုပ်အားခ သက်မှတ်လို့ရ ကုန်ထုတ်သမာကော ဆောက်လုပ်သမားတွေအတွက်ပါ အဆင်ပြေပါတယ်ရှင့်။

လစာထွက်ပြီး အာမခံငွေ အခွန်ငွေတွေပါ တစ်ခါထဲ တွက်ပေးပါတယ် ပို့ဖြတ်ခံထားရရင် သူဌေးကို ချက်ချင်း ပြန်ပြောနိုင်ပါတယ်ရှင့်။

ဆော့ဝဲလ်ဒေါင်းရန် 👇👇
Android 👉👉 https://play.google.com/store/apps/details?id=fac.doodle.howmuch&pcampaignid=web_share

iPhone 👉👉 https://apps.apple.com/kr/app/%ED%95%98%EC%9A%B0%EB%A8%B8%EC%B9%98-%EC%95%8C%EB%B0%94-%ED%95%84%EC%88%98%EC%95%B1/id1480145356?l=en-GB

သူဌေးလှည့်ပတ်ခြင်း ကင်းဝေးကြပါစေ

2,006

subscribers

189

photos

12

videos