Star Blossoms Wonderland @mtinwonderland Channel on Telegram

Star Blossoms Wonderland

@mtinwonderland


Self Transformation, Self Love, Self Awareness

Star Blossoms Wonderland (English)

Welcome to Star Blossoms Wonderland, a Telegram channel created to inspire self-transformation, self-love, and self-awareness. With the username @mtinwonderland, this channel offers a safe space for individuals to explore their inner beauty and potential. From motivational quotes to guided meditations, Star Blossoms Wonderland provides daily doses of positivity and encouragement for personal growth. Whether you are seeking guidance on mindfulness practices or simply looking for a supportive community, this channel is the perfect place to nurture your mind, body, and spirit. Join us on this journey of self-discovery and let the magic of transformation unfold in your life. Embrace the beauty within you and blossom into the best version of yourself.✨🌟✨

Star Blossoms Wonderland

10 Nov, 16:15


မနက်ဖြန် အတွက် ဒီ Sound Healing Light Codes နားထောင်ကြည့်ပြီး Meditation ပြုလုပ်နိုင်ပါတယ်

လုပ်ရတဲ့ Intention တစ်ခု ချမှတ်ပါ
တရားထိုင်ပြီး ရတဲ့ Message တွေကို ချရေးထားပါနော်

ရှာဖွေနေတဲ့ အရာတွေ ရှာတွေ့သော နေ့လေး ဖြစ်ပါစေ Soul Family

https://youtu.be/htY2aH210TQ?si=osLQ-KfjKytpQMzr

Star Blossoms Wonderland

10 Nov, 16:08


11/ 11

အကယ်၍များ ကိုယ် ဒီနေ့မှာ တွေးလိုက်တဲ့ အရာတွေဟာ အမှန်တကယ် ဖြစ်လာမယ်ဆိုရင် ကိုယ်ဘာတွေကို တွေးနေမိမလဲ

ကိုယ်ပြောလိုက်တဲ့စကားတွေက အမှန်တကယ်ဖြစ်လာခဲ့မယ်ဆိုရင် ကိုယ်ဘာတွေ ပြောမလဲ

ကိုယ့်ရဲ့ ဆန္ဒတွေကို စကြဝဠာကြားရအောင် ကျယ်လောင်စွာ ပြောခွင့်ရမယ်ဆိုရင် ဘာတွေဖြစ်မလဲ

Angel Number တွေ မြင်တွေ့တဲ့အချိန်ဟာ ကိုယ်တွေးလိုက်တဲ့အရာတွေအတွက် စကြဝဠာက အလုပ်လုပ်ပေးနေတယ် ဆိုတဲ့ Sign လေးတစ်ခုလည်း ဖြစ်ပါတယ်

ဒီနေ့ဟာ ကိုယ့်ဆီကို Blessings တွေ များစွာ ယူဆောင်လာပေးမယ့်နေ့လေး တစ်နေ့ ဖြစ်ပါတယ်

နံနက်ခင်းမှာ စိတ်ကြည်လင်စွာ နိုးထပြီး ကိုယ်ပိုင် Mantra လေးတစ်ခုကို ရွတ်ကြည့်ပါ
“ဒီနေ့ ဟာ ပျော်စရာ ဝမ်းသာစရာ သတင်းကောင်းကြားရမယ့်နေ့ကလေးဖြစ်တယ် ကျန်းမာစွာ နိုးထလာရလို့ ကျေးဇူးတင်ပါတယ်”

“ကောင်းမွန်သော အဆုံးမဲ့သော ငြိမ်းချမ်းမှုနဲ့ ထိုက်တန်ပြီး ကျွန်ုပ်ဆီ ရောက်ရှိလာမယ့် ပျော်စရာ အဖြစ်အပျက်လေးတွေကို ဝမ်းသာ စွာ ကျေးဇူးတင်စွာ လက်ခံ ကြိုဆိုပါတယ်” ဆိုပြီး ပြောလိုက်ပါ

Higher Vibration နဲ့ ကိုယ့်ရဲ့ Aura လေးကို ကာကွယ်ထားကြရအောင်ပါ

ပြည့်စုံကြွယ်ဝ လိုတရတဲ့ ငြိမ်းချမ်းသောဘဝကို Manifest ရင် ကိုယ်တိုင်က ဘယ်လိုအေးချမ်းအောင် နေထိုင်ရမလဲ သင်ယူကြည့်ပါ

ပျော်ရွှင်စိတ်ချမ်းသာခြင်း ကို Manifest ရင် ပျော်အောင် ဘယ်လိုနေရမလဲ သင်ယူကြည့်ပါ

ကိုယ့်ရဲ့ အိပ်မက်တွေဟာ အကြောက်တရားတွေထက် ကျော်လွန်နေမှ ဖြစ်မယ် ဆိုတဲ့ စကားကို သိပ်သဘောကျမိပါတယ်

အနာဂတ်မှာဖြစ်ပြီးတဲ့အရာတွေဟာ အခုအချိန်မှာ ရှေ့ပြေးပုံရိပ်တွေအဖြစ် အခု မိမိကို Manifest ခိုင်းနေတာပဲ ဖြစ်ပါတယ်

ဒီနေ့ 11/11 မှာ ရေရှည်အတွက် ဘဝရည်ရွယ်ချက်တွေ ရှာဖွေတာ Life Plan ချမှတ်ဖို့ Manifest လို့ အကောင်းဆုံး နေ့လေးတစ်နေ့ ဖြစ်ပါတယ် MT အတွက်လည်း ထူးခြားတဲ့ နေ့လေး တစ်နေ့ ဖြစ်ပါတယ်

အရှိန်ကို လျှော့ချပြီး တရားထိုင်ကာ ကိုယ့်ရဲ့ Inner Voice ကို နားထောင်ကြည့်ပါ
ဘာတွေကြားရသလဲ ကိုယ့်အတွက် ကုစားဖို့ လိုအပ်တဲ့ Guidance တွေက ဘာတွေလဲ ရှာဖွေဖို့ သင့်တော်ပါတယ်

High Vibration ကို ရွေးချယ်ပြီး Positive ဖြစ်တဲ့ ရပ်ဝန်းလေးမှာ ကျေးဇူးတရားနဲ့ နေထိုင်ပါ ချစ်တတ်ဖို့လည်း မမေ့ပါနဲ့နော်

Star Blossoms Wonderland

01 Nov, 13:39


ဒီည New Moon Manifestationလေး လုပ်ရင်း November ကို စတင်ကြမယ်နော်

အန်တီချောနဲ့ ဂဏန်းဗေဒက ဆရာ R Ram ရဲ့ Sharing & Healing Session ကို ပြန်လည် မျှဝေလိုက်ပါတယ်

https://www.youtube.com/live/sKR_iVvxHIg?si=2nKEYch9sSXk-9Lg

Star Blossoms Wonderland

31 Oct, 13:14


မင်္ဂလာပါ Soul Family တို့ရေ
Happy ဒီပါဝလီ နေ့လေးပါနော် 🕯️
ဒီနေ့မှာ 28 Days Shadow Work Challenge လေးရဲ့ အဆုံးသတ်အနေနဲ့ Ancestral Wounds healing Meditation လေးကို အချိန်လေးရရင် လုပ်ပေးနိုင်ပါတယ်

အိမ်စာလေးတွေ ကျန်နေရင် ၂၀၂၄ ရဲ့ အဆုံးသတ် ၂ လကို Shadow Work ပြန်လုပ်ကြည့်နိုင်ပါတယ်

2025 ကို ပိုကောင်းသော မိမိအဖြစ် တည်ဆောက်ကြစို့နော်
🌱Accept- Acknowledge- Release 🌱

https://youtu.be/Sx6kBQhNrhc?si=E2WmDFVfc30JpriZ

Star Blossoms Wonderland

31 Oct, 13:07


Star Blossoms Wonderland pinned «Day 28 ဒီနေ့ ရဲ့ Mission မှာတော့ ကိုယ့်ရဲ့ Ancestor တစ်ဦးဆီ စာတစ်စောင် ရေးမှာ ဖြစ်ပါတယ် အခုအချိန်မှာ သက်ရှိထင်ရှား မရှိတော့ဘဲ ကိုယ်ငယ်ငယ်က ချစ်ရတဲ့ အဖိုး အဖွား လူကြီးသူမ တွေထဲက မှတ်ဉာဏ်တွေထဲ ထင်ထင်ရှားရှား ရှိနေတဲ့သူ ဖြစ်ရင် ပိုကောင်းပါတယ် သူ့ကို သတိတရ ရှိတယ်…»

Star Blossoms Wonderland

31 Oct, 13:07


Star Blossoms Wonderland pinned «Day-27 ကိုယ့်ရဲ့ ဘဝတစ်လျှောက်လုံးမှာ ဆက်ပြီး လက်ဆင့်ကမ်း မယူသွားချင်တော့တဲ့ ယုံကြည်မှုအစွဲတွေကို ချရေးပါ ကိုယ့်ကိုကိုယ် ပြုပြင်ချင်တဲ့ ယုံကြည်မှုအဟောင်းတွေဟာ ဘာတွေ ဖြစ်မလဲ ဒါတွေ အားလုံးကို ပြောင်းပြန် ပြန်ကောက်ပြီး ကိုယ့်ဘဝကို တည်ဆောက်ပါ ဥပမာ- “အမြဲတမ်း…»

Star Blossoms Wonderland

31 Oct, 13:07


Star Blossoms Wonderland pinned «Day-26 ကိုယ့်အတွက် ထိုက်တန်မှုကို ဘယ်လိုနားလည်ထားပါသလဲ ကိုယ်က ဘာတွေနဲ့ ထိုက်တန်တယ်လို့ ထင်သလဲ ချစ်ခြင်းမေတ္တာနဲ့ ထိုက်တန်သလား ပျော်ရွှင်ဖို့ ထိုက်တန်သလား အနားယူ အိပ်စက်ဖို့ ထိုက်တန်သလား တောက်ပနေတဲ့ အိပ်မက်ကလေးတွေကို ရွေးချယ်ဖို့ ထိုက်တန်သလား အကြောက်တရားတွေကို…»

Star Blossoms Wonderland

31 Oct, 13:07


Day 28
ဒီနေ့ ရဲ့ Mission မှာတော့
ကိုယ့်ရဲ့ Ancestor တစ်ဦးဆီ စာတစ်စောင် ရေးမှာ ဖြစ်ပါတယ် အခုအချိန်မှာ သက်ရှိထင်ရှား မရှိတော့ဘဲ ကိုယ်ငယ်ငယ်က ချစ်ရတဲ့ အဖိုး အဖွား လူကြီးသူမ တွေထဲက မှတ်ဉာဏ်တွေထဲ ထင်ထင်ရှားရှား ရှိနေတဲ့သူ ဖြစ်ရင် ပိုကောင်းပါတယ် သူ့ကို သတိတရ ရှိတယ် ကျေးဇူးတင်တယ်ဆိုတဲ့ အကြောင်း ရေးပါ ကိုယ့်ကို ဒီနေ့ ဒီနေရာမှာ တည်ဆောက်ပေးထားတဲ့အတွက် ကျေးဇူးတင်ပါ
မေတ္တာ ပို့သပေးပါ ကုသိုလ်ကောင်းမှုတွေလုပ်တဲ့အခါ လွန်လေပြီးသော အဖိုးအဖွားတွေ လူကြီးသူမတွေကို မေတ္တာပို့ အမျှဝေပါ

Star Blossoms Wonderland

30 Oct, 12:52


မနက်ဖြန်မှာ Releasing Ritual Healing Meditation လေး လုပ်ကြမယ်နော် နောက်ထပ် Healing Video လေးတွေ လုပ်တဲ့အခါ တစ်စုတစ်စည်း တည်း ဖြစ်စေဖို့ You Tube လေးမှာ တင်သွားပေးပါ မယ်ရှင် Link ချပေးပါမယ် 🌱Soul Family များအားလုံးပဲ Good Night ပါ

Star Blossoms Wonderland

30 Oct, 12:45


Day-27
ကိုယ့်ရဲ့ ဘဝတစ်လျှောက်လုံးမှာ ဆက်ပြီး လက်ဆင့်ကမ်း မယူသွားချင်တော့တဲ့ ယုံကြည်မှုအစွဲတွေကို ချရေးပါ
ကိုယ့်ကိုကိုယ် ပြုပြင်ချင်တဲ့ ယုံကြည်မှုအဟောင်းတွေဟာ ဘာတွေ ဖြစ်မလဲ ဒါတွေ အားလုံးကို ပြောင်းပြန် ပြန်ကောက်ပြီး ကိုယ့်ဘဝကို တည်ဆောက်ပါ

ဥပမာ- “အမြဲတမ်း အရာရာနဲ့ အကြောင်းကြောင်း” ဆိုတဲ့ စကားတွေ ကြားခဲ့ရရင် ဒီ ယုံကြည်မှုကို ပြောင်းပြန် ကောက်ပါ “အမြဲတမ်း အဆင်ပြေချော့မွေ့ပြီး လွယ်ကူစွာ လုပ်နိုင်တယ်“

ဒီနေ့ ကြုံတွေ့ခဲ့တဲ့ ကျေးဇူးတင်စရာ ဝမ်းသာစရာ ကံကောင်းခဲ့တဲ့ အဖြစ်အပျက်တွေကို ရှာဖွေ အသိအမှတ်ပြုပြီး ကျေးဇူးတင်ဖို့ ချရေးပါ
အချစ်ခံရတဲ့ ကလေးလေးအဖြစ် ကိုယ့်ကိုကိုယ် ချစ်ခြင်းမေတ္တာပေးပြီး အိပ်စက် အနားယူပါ

Star Blossoms Wonderland

29 Oct, 15:10


Day-26
ကိုယ့်အတွက် ထိုက်တန်မှုကို ဘယ်လိုနားလည်ထားပါသလဲ ကိုယ်က ဘာတွေနဲ့ ထိုက်တန်တယ်လို့ ထင်သလဲ
ချစ်ခြင်းမေတ္တာနဲ့ ထိုက်တန်သလား
ပျော်ရွှင်ဖို့ ထိုက်တန်သလား
အနားယူ အိပ်စက်ဖို့ ထိုက်တန်သလား
တောက်ပနေတဲ့ အိပ်မက်ကလေးတွေကို ရွေးချယ်ဖို့ ထိုက်တန်သလား
အကြောက်တရားတွေကို စွန့်လွှတ်ဖို့ ထိုက်တန်သလား
မထိုက်တန်ဘူး ထင်နေတဲ့ အရာတွေရှိရင် ဘာတွေဖြစ်မလဲ

ဒီနေ့မှာ ဘဝတစ်လျှောက်လုံး ရရှိခဲ့ပြီးတဲ့ အရာတွေ ကိုယ့်ရဲ့ မှတ်ဉာဏ်ထဲမှာ ကိုယ်နဲ့ ထိုက်တန်လို့ လက်ခံရရှိခဲ့တဲ့ အရာတွေကို ဝမ်းမြောက်စွာ ကျေးဇူးတင်ကြပါမယ်

Star Blossoms Wonderland

28 Oct, 15:07


Star Blossoms Wonderland pinned «Day-25 ဒီနေ့ရဲ့ Mission ကတော့ ခန္ဓာကိုယ်နဲ့ ပတ်သက်ပြီး လက်ခံဖို့ ခက်တဲ့ အစိတ်အပိုင်းတွေကို ချစ်ခြင်းမေတ္တာ ပေးပြီး ကျေးဇူးတင်ကြပါမယ် ပိန်တယ် ဝတယ် ဖြူတယ် မည်းတယ် ပုတယ် ရှည်တယ် မျက်လုံး မှေးနေတယ် ပြူးနေတယ် စသော Body Shaming Limiting Beliefs တွေကြောင့် သဘာဝအတိုင်း…»

Star Blossoms Wonderland

28 Oct, 15:07


Star Blossoms Wonderland pinned «Day-24 ကိုယ့်ကိုကိုယ် ညာထားတာ ရှိဖူးလား ဒီနေ့ရဲ့ Mission ကတော့ ကိုယ့်ကိုကိုယ် ညာခဲ့မိတဲ့အရာတွေ ရှာဖွေကြရအောင်ပါ ကိုယ့်ကိုကိုယ် ညာတယ် ဆိုတာ လက်ရှိဘာတွေ တွေ့ကြုံခံစားရသလဲ ဆိုတာတွေကို လျစ်လျူရှုထားပြီး Comfort Zone ထဲမှာနေတာ အလုံခြုံဆုံးဆိုတဲ့ Mindset လွတ်မြောက်ဖို့…»

Star Blossoms Wonderland

28 Oct, 15:07


Day-25
ဒီနေ့ရဲ့ Mission ကတော့ ခန္ဓာကိုယ်နဲ့ ပတ်သက်ပြီး လက်ခံဖို့ ခက်တဲ့ အစိတ်အပိုင်းတွေကို ချစ်ခြင်းမေတ္တာ ပေးပြီး ကျေးဇူးတင်ကြပါမယ်

ပိန်တယ် ဝတယ် ဖြူတယ် မည်းတယ် ပုတယ် ရှည်တယ် မျက်လုံး မှေးနေတယ် ပြူးနေတယ် စသော Body Shaming Limiting Beliefs တွေကြောင့် သဘာဝအတိုင်း ရိုးရှင်းသော ပကတိအလှစစ် မိမိရဲ့ Authenticity ဟာ ကွယ်ပျောက်ခဲ့ရတယ်
မိမိ ရရှိထားတဲ့ အိမ်ကလေးဟာ ဘာကြီးပဲ ဖြစ်နေနေ ပြည့်စုံလုံလောက်မှု ရှိပါတယ်

ကိုယ့်ရဲ့ လက်ခံဖို့ ခက်ခဲနေသေးတဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို အပြည့်အဝ ချစ်ပါ တစ်ခုချင်းစီရဲ့ ကျေးဇူးတင်ရတဲ့ အချက် တွေ ချရေးပါ

Star Blossoms Wonderland

27 Oct, 12:32


Day-24
ကိုယ့်ကိုကိုယ် ညာထားတာ ရှိဖူးလား
ဒီနေ့ရဲ့ Mission ကတော့ ကိုယ့်ကိုကိုယ် ညာခဲ့မိတဲ့အရာတွေ ရှာဖွေကြရအောင်ပါ

ကိုယ့်ကိုကိုယ် ညာတယ် ဆိုတာ လက်ရှိဘာတွေ တွေ့ကြုံခံစားရသလဲ ဆိုတာတွေကို လျစ်လျူရှုထားပြီး Comfort Zone ထဲမှာနေတာ အလုံခြုံဆုံးဆိုတဲ့ Mindset လွတ်မြောက်ဖို့ ရုန်းထွက်ရမှာ ကြောက်တဲ့စိတ်တွေကြောင့် ဖြစ်လာရပါတယ်
ငါဟာ ဒီလောက်ပဲ ထိုက်တန်တယ်ဆိုတဲ့ Limiting Beliefs တွေကြောင့် ဖြစ်ပါတယ်

ကိုယ်နေထိုင်ရာ အရပ်က တကယ်ပဲ ကိုယ့်ကို ပျော်ရွှင်စေသလား Energy Giving Environment ဖြစ်နေရဲ့လား ဆိုတာ ပြန် Reflect လုပ်ကြပါမယ်

Star Blossoms Wonderland

27 Oct, 09:29


Star Blossoms Wonderland pinned «Day-23 ကိုယ့်ကိုကိုယ် လုပ်နိုင်တယ်ဆိုတဲ့ ယုံကြည်မှုအပြည့် ရှိခဲ့ဖူးပါသလား ဘယ်အချိန်က နောက်ဆုံး တွေးခဲ့ပါသလဲ ကိုယ် စိတ်ကျေနပ်မှုရခဲ့ဖူးတဲ့ အောင်မြင်မှုလေးတွေကို ချရေးပါ ဒီအဖြစ်အပျက်တွေကနေ ဘယ်လို ခွန်အားတွေ ရခဲ့ဖူးသလဲ ဒါတွေကို တစ်ချက်ချင်းစီ ကျေးဇူးတင်ပါ…»

Star Blossoms Wonderland

27 Oct, 09:29


Star Blossoms Wonderland pinned «Day-22 ဒီနေ့ရဲ့ Mission ကတော့ ကိုယ့်ကိုကိုယ် ပွေ့ဖက်ထားပေးရမှာ ဖြစ်ပါတယ် ချစ်ခြင်းမေတ္တာ ပေးပါ ကလေးလေးတစ်ယောက်လို နွေးနွေးထွေးထွေး ဆက်ဆံပါ ဒီနေ့ တစ်ရက်တာ ကျေးဇူးတင်စရာတွေကို ရေတွက်ကြမယ်နော် ကိုယ့်ရဲ့ပတ်ပတ်လည်မှာ ကျေးဇူးတရားတွေ အပြည့်ရှိနေပါတယ် Awareness…»

Star Blossoms Wonderland

26 Oct, 14:48


Day-23
ကိုယ့်ကိုကိုယ် လုပ်နိုင်တယ်ဆိုတဲ့ ယုံကြည်မှုအပြည့် ရှိခဲ့ဖူးပါသလား ဘယ်အချိန်က နောက်ဆုံး တွေးခဲ့ပါသလဲ ကိုယ် စိတ်ကျေနပ်မှုရခဲ့ဖူးတဲ့ အောင်မြင်မှုလေးတွေကို ချရေးပါ
ဒီအဖြစ်အပျက်တွေကနေ ဘယ်လို ခွန်အားတွေ ရခဲ့ဖူးသလဲ
ဒါတွေကို တစ်ချက်ချင်းစီ ကျေးဇူးတင်ပါ
ဘယ်တုန်းက ဘယ်လိုလေး ကြိုးစားပေးခဲ့လို့ ကျေးဇူးတင်ပါတယ်
ဘယ်လို ကျော်ဖြတ်နိုင်ခဲ့လို့ ကျေးဇူးတင်တယ်
ဒီနေ့ရဲ့ Mission ကတော့ ကိုယ် လုပ်နိုင်ခဲ့တဲ့ အောင်မြင်မှုလေးတွေကို ရေတွက်ပြီး ကိုယ့်ကိုကိုယ် ချီးမွမ်းပါ ကျေးဇူးတင်ပါ ဂုဏ်ပြုပေးပါမယ်

Star Blossoms Wonderland

25 Oct, 15:10


Day-22
ဒီနေ့ရဲ့ Mission ကတော့ ကိုယ့်ကိုကိုယ် ပွေ့ဖက်ထားပေးရမှာ ဖြစ်ပါတယ်
ချစ်ခြင်းမေတ္တာ ပေးပါ ကလေးလေးတစ်ယောက်လို နွေးနွေးထွေးထွေး ဆက်ဆံပါ

ဒီနေ့ တစ်ရက်တာ ကျေးဇူးတင်စရာတွေကို ရေတွက်ကြမယ်နော် ကိုယ့်ရဲ့ပတ်ပတ်လည်မှာ ကျေးဇူးတရားတွေ အပြည့်ရှိနေပါတယ် Awareness ထားကြည့်ပါ

ဒီနေ့ Shadow Work က ကျေးဇူးတင်ဖို့ မေ့နေတဲ့ အရာတွေကို စဉ်းစားကြည့်ပါ
ကံဆိုးတယ်လို့ ထင်ထားခဲ့တဲ့ အရာတွေကို ကျေးဇူးတင်ပါ

Star Blossoms Wonderland

24 Oct, 15:30


Star Blossoms Wonderland pinned «Day-21 ဒီနေ့ရဲ့ Mission ကတော့ ကိုယ်ဟာ ချစ်ခြင်းမေတ္တာကို ဘယ်လို ဖော်ပြလေ့ရှိပါသလဲ ကိုယ်ဟာ တခြားသူတွေကို ဘယ်လိုချစ်ပြလေ့ရှိသလဲ မိမိ ပတ်ဝန်းကျင်က လူတွေအပေါ် ချစ်ပေးဖို့ မေ့လျော့နေတတ်သလား ဒီနေ့မှာတော့ အချစ်ခံရတဲ့ ကလေးလေးအဖြစ် ကိုယ့်ကိုကိုယ် သတ်မှတ်ကြည့်ပါမယ်…»

Star Blossoms Wonderland

24 Oct, 15:29


Day-21
ဒီနေ့ရဲ့ Mission ကတော့ ကိုယ်ဟာ ချစ်ခြင်းမေတ္တာကို ဘယ်လို ဖော်ပြလေ့ရှိပါသလဲ
ကိုယ်ဟာ တခြားသူတွေကို ဘယ်လိုချစ်ပြလေ့ရှိသလဲ
မိမိ ပတ်ဝန်းကျင်က လူတွေအပေါ် ချစ်ပေးဖို့ မေ့လျော့နေတတ်သလား

ဒီနေ့မှာတော့ အချစ်ခံရတဲ့ ကလေးလေးအဖြစ် ကိုယ့်ကိုကိုယ် သတ်မှတ်ကြည့်ပါမယ်
ကိုယ့်ရဲ့ မိဘတွေကလည်း သူတို့ နားလည်ထားတဲ့ ချစ်ခြင်းမေတ္တာနဲ့ ချစ်ပေးနိုင်သလောက် ကိုယ့်ကို ချစ်ပေးခဲ့ပါတယ်

ကိုယ်ဟာ နွေးထွေးတဲ့ ချစ်ခြင်းမေတ္တာကို ခံယူထိုက်တဲ့ သူတစ်ယောက် ဖြစ်ပါတယ်
ကိုယ့်အပေါ် ချစ်ခင်ကြင်နာပေးခဲ့တဲ့ သူတွေကို ချရေးပြီး ကျေးဇူးတင်ပါ
လိုအပ်နေတဲ့ချိန်မှာ ကူညီစောင့်ရှောက်ပေးခဲ့တဲ့ သူတွေ ကို ကျေးဇူးတရား ပွါးများကြပါမယ်

Star Blossoms Wonderland

23 Oct, 14:35


မင်္ဂလာပါရှင် Soul Family တို့ရေ
October 31 မှာတော့
Generational Trauma Healing Guided Meditation + Sound Healing Therapy လေး လုပ်ပေးဖို့ ရှိပါတယ် ဒီChannel ထဲမှာ တင်သွားပေးပါမယ်ရှင့်
လိုက်လုပ်ဖြစ်ကြပါရဲ့လား

လုပ်ဖြစ်မယ်ဆိုရင် Comment လေးမှာ “join” လို့ ရေးခဲ့ပေးပါဦးနော်

Star Blossoms Wonderland

17 Oct, 14:29


Star Blossoms Wonderland pinned «Shadow Work, Inner Work တွေ လုပ်ပြီးသွားတဲ့အခါမှာ အချိန်အကြာကြီး သိမ်းဆည်းထားခဲ့ပြီး အသိအမှတ်ပြုပေးရမယ့် Emotions တွေ ထွက်ပေါ်လာတတ်ပါတယ် Inner Work လုပ်ပြီးရင် Aura Protection Meditation လေး ဆက်လုပ်ပေးပါနော် https://youtu.be/TcDU0gBSnIU?si=L1pfLWfVVlPhCzEs»

Star Blossoms Wonderland

17 Oct, 14:25


Star Blossoms Wonderland pinned «Write a letter to your Inner Child ကိုယ့်ရဲ့ Inner Child လေးဆီ စာတစ်စောင် ရေးပါ ရိုးသားစွာ စိတ်ထဲရှိတဲ့အတိုင်း ချရေးပြီး သူ့ကို တောင်းပန်ပါ အသိမကြွယ် နုနယ်တဲ့ ငယ်စဉ်ဘဝမှာ ပြုခဲ့တဲ့ အမှားတွေအတွက် ခွင့်လွှတ်ပါ သူ့ရဲ့ ဖြစ်တည်မှုကို အသိအမှတ်ပြုပြီး ကျေးဇူးတင်ပါ…»

Star Blossoms Wonderland

17 Oct, 13:00


Shadow Work, Inner Work တွေ လုပ်ပြီးသွားတဲ့အခါမှာ အချိန်အကြာကြီး သိမ်းဆည်းထားခဲ့ပြီး အသိအမှတ်ပြုပေးရမယ့် Emotions တွေ ထွက်ပေါ်လာတတ်ပါတယ် Inner Work လုပ်ပြီးရင် Aura Protection Meditation လေး ဆက်လုပ်ပေးပါနော်

https://youtu.be/TcDU0gBSnIU?si=L1pfLWfVVlPhCzEs

Star Blossoms Wonderland

17 Oct, 12:31


အချိန် အကန့်အသတ် မရှိပါဘူးနော် Soul Family တို့ရေ 🌱 တကယ်လို့ ကိုယ်က ဒီနေ့မှာ အဆင်သင့်မဖြစ်သေးတဲ့အခါ မိမိ အဆင်ပြေတဲ့အချိန်လေးမှာ ပြုလုပ်ပေးနိုင်ပါတယ်

Star Blossoms Wonderland

17 Oct, 12:31


Write a letter to your Inner Child
ကိုယ့်ရဲ့ Inner Child လေးဆီ စာတစ်စောင် ရေးပါ
ရိုးသားစွာ စိတ်ထဲရှိတဲ့အတိုင်း ချရေးပြီး သူ့ကို တောင်းပန်ပါ
အသိမကြွယ် နုနယ်တဲ့ ငယ်စဉ်ဘဝမှာ ပြုခဲ့တဲ့ အမှားတွေအတွက် ခွင့်လွှတ်ပါ
သူ့ရဲ့ ဖြစ်တည်မှုကို အသိအမှတ်ပြုပြီး ကျေးဇူးတင်ပါ
Inner Child လေး ကို ချစ်တဲ့အကြောင်း ပြောပြပေးပါမယ်

Star Blossoms Wonderland

17 Oct, 12:31


တရားထိုင်ပြီးသွားတဲ့အခါမှာ မိမိရဲ့ ရှေ့က ရေခွက်ကို ကိုင်ပြီး Healing Energy လက်ခံရရှိတဲ့ ရေတွေ သောက်လိုက်ရသလို ဝမ်းမြောက်ကျေးဇူးတင်စွာ နှလုံးသားကို ဖွင့်ပြီး သောက်ပေးပါနော် 🌱

ဒီ Meditation ကို ညဘက်ပိုင်း အနားယူတော့မယ့်အချိန်မှာ ပြုလုပ်ဖို့နဲ့ ရေများများသောက်ပေးဖို့ အကြံပြုချင်ပါတယ်ရှင်

ကိုယ်တွင်းမှာ သိမ်းဆည်းထားတဲ့ Emotions တွေ ဖော်ထုတ်ပြီး အသိမှတ်ပြုလက်ခံပေးရတာ ဖြစ်တဲ့အတွက် ငိုချင်တဲ့အခါမှာ အပြည့်အဝ ငိုချလိုက်ခြင်းက Healing ကို ရရှိစေပါလိမ့်မယ်

Star Blossoms Wonderland

17 Oct, 12:31


Inner Child Healing Guided Meditation + Ho’oponopono Mantra

Star Blossoms Wonderland

17 Oct, 12:27


What is Inner Child Healing?

Star Blossoms Wonderland

16 Oct, 12:32


အားလုံးပဲ မင်္ဂလာပါရှင် 🌱
မနက်ဖြန် Super Full Moon Day မှာ
Inner Child Healing Meditation လုပ်ဖို့အတွက် မိမိရဲ့ငယ်ဘဝ ဓာတ်ပုံလေး ကြိုတင် ရှာထားပေးပါနော် ဖုန်းထဲက ပုံနဲ့လည်း ရပါတယ်

၁။ မိမိ ငယ်ဘဝ ဓာတ်ပုံ
၂။ စာရွက် or စာအုပ်
၃။ ဘောပင်
၄။ သောက်ရေခွက် ရေဖြည့်ပြီး
၅။ ဖယောင်းတိုင် အဖြူ ၁ တိုင်

ကိုယ့်ရှေ့မှာ ဒါလေးတွေ ပြင်ထားပေးရမှာ ဖြစ်ပါတယ်

မနက်ဖြန် သီတင်းကျွတ်လပြည့်နေ့အတွက် Meditation လေးကို ဒီ Telegram Channel လေးမှာပဲ မြန်မာအချိန် ည 7:00 PM မှာ တင်သွားပေးပါမယ်ရှင် 🌱
ငြိမ်းချမ်းသော ကုစားခြင်းစွမ်းအင်တွေ ရရှိသော သီတင်းကျွတ်အခါသမယဖြစ်ပါစေ ⭐️

Star Blossoms Wonderland

13 Oct, 15:40


ဒီရက်ပိုင်းထဲမှာ MT ခရီးလွန်နေတာမို့ Post လေးတွေ မတင်ဖြစ်သေးတာပါရှင် နားလည်ပေးလို့ ကျေးဇူးတင်ပါတယ်ရှင် 😇🤍🍀🍀

14 ရက်ပြည့်သွားတဲ့ Oct 17 လပြည့်ညမှာ Inner Child Healing Meditation လေး ကို လုပ်သွားကြမယ်နော် ဆက်ပြီး သယ်ဆောင်သွားလို့ မဖြစ်တော့တဲ့ အရာတွေကို လွှတ်ချစရာရှိတာ လွှတ်ချသွားကြပါမယ်

Star Blossoms Wonderland

13 Oct, 15:29


Star Blossoms Wonderland pinned «Day-11 ငယ်စဉ် ကလေးဘဝက ကစားတဲ့အချိန်မှာ ဘာတွေနဲ့ ဆော့လေ့ရှိသလဲ အားလပ်ချိန်မှာ ကိုယ် ဘာလုပ်လေ့ရှိသလဲ ကိုယ့်ရဲ့ ဘေးနားမှာ ဝန်းရံထားတဲ့ အရာတွေ အများစုက ဘာတွေဖြစ်မလဲ Day-12 ဘယ်အရာတွေ လုပ်နေရင် ပျော်သလဲ ကလေးဘဝတုန်းက ကိုယ့်ကိုကိုယ် ပျော်ရွှင်တဲ့ကလေးလေးတစ်ယောက်အဖြစ်…»

Star Blossoms Wonderland

13 Oct, 15:28


Day-11
ငယ်စဉ် ကလေးဘဝက ကစားတဲ့အချိန်မှာ ဘာတွေနဲ့ ဆော့လေ့ရှိသလဲ အားလပ်ချိန်မှာ ကိုယ် ဘာလုပ်လေ့ရှိသလဲ ကိုယ့်ရဲ့ ဘေးနားမှာ ဝန်းရံထားတဲ့ အရာတွေ အများစုက ဘာတွေဖြစ်မလဲ

Day-12
ဘယ်အရာတွေ လုပ်နေရင် ပျော်သလဲ
ကလေးဘဝတုန်းက ကိုယ့်ကိုကိုယ် ပျော်ရွှင်တဲ့ကလေးလေးတစ်ယောက်အဖြစ် သတ်မှတ်ခဲ့သလား

Day-13
ဘဝမှာ စိတ်အထိခိုက်ရဆုံးနေ့တွေရှိရင် ဘယ်နေ့ ဖြစ်မလဲ အခုအချိန်မှာရော အဲ့အဖြစ်အပျက်က နာကျင်စရာကောင်းနေတုန်းလား

Day-14
ဘဝမှာ ထပ်ခါတလဲလဲ အများဆုံး ကြုံတွေ့ရတဲ့ ပြဿနာက ဘာဖြစ်မလဲ (ဥပမာ ငွေကြေး၊ ဆက်ဆံရေး၊ မိသားစု၊ ကျန်းမာရေး…စသည်ဖြင့်) အဲ့ဒီအခက်အခဲ ကြုံတိုင်း ဘယ်လို ကျော်ဖြတ်လေ့ရှိသလဲ အဲ့ဒါက အကြိမ်တိုင်း ကိုယ့်အတွက် ဘာ message တွေ ယူလာပေးနေသလဲ

Star Blossoms Wonderland

10 Oct, 14:40


Star Blossoms Wonderland pinned «Day-8 to Day 14 (Oct 11 to Oct 17) 🌱နောက်ထပ် ၇ ရက်တာ Meditation အတွက် ဒီ ၂ ခုကို ပြုလုပ်ပေးနိုင်ပါတယ် All Chakras Meditation ( 21Mins) https://youtu.be/iNoYqEY0Yeo?si=_ziQSUwCwzamGWPT Awaken Your Spirit Meditation ကို (15mins) သို့မဟုတ် မိမိ နှစ်သက်သလို…»

Star Blossoms Wonderland

10 Oct, 14:16


တရားထိုင်တဲ့အခါ
ကိုယ့်အရှေ့မှာ သောက်ရေတစ်ခွက် နဲ့ ဖယောင်းတိုင် တစ်တိုင် ထွန်းဖို့ အကြံပြုချင်ပါတယ်

ဘာအတွက်လဲဆိုရင်တော့
Water Energy ရယ် Fire Energy နဲ့ ချိတ်ဆက်တဲ့ တရားထိုင်နည်းလေးပါ

တရားထိုင်ပြီးတဲ့အခါမှာတော့ အဲ့ဒီရေကို ဝမ်းမြောက် ဝမ်းသာ ကျေးဇူးတင်စွာ သောက်ပေးပါ
ရေထဲမှာ မိမိအတွက် လိုအပ်တဲ့ Wisdom တွေ Healing Energy ကို လက်ခံရရှိပါတယ် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ သောက်ပေးပါ
“ရင်ထဲက ပူလောင်မှုတွေ ငြိမ်းအေးသွားရလို့ မိမိအတွက် လိုအပ်တဲ့ ကုစားခြင်း ကို ရရှိလို့ ကျေးဇူးတင်ပါတယ်” ဆိုပြီး Affirmation လေး ထုတ်ပြောနိုင်ပါတယ်

ဆီမီးတိုင်ကတော့ မိမိအတွက် ဉာဏ်ပညာအလင်းရောင် ဆီသွားတဲ့လမ်းမှာ လမ်းပြပေးတဲ့ ရည်ရွယ်ချက်ပါ
မိမိဆီမှာ ကျန်ရှိနေတဲ့ စိတ်ဒဏ်ရာ အဟောင်းတွေ DNA Bloodline တစ်လျှောက်က လက်ဆင့်ကမ်းခဲ့တဲ့ Generational Trauma တွေကို မီးနဲ့အတူ လောင်ကျွမ်း ချေဖျက် ပေးလိုက်ပါ

“ဒီနေ့ကစပြီး ကိုယ်ဟာ ဘဝအဆက်ဆက် ထမ်းပိုး သယ်ဆောင်ထားခဲ့တဲ့ စိတ်ဒဏ်ရာ အဟောင်းတွေကို ပိတ်ဆို့နေတဲ့ Energy တွေကို လွှတ်ချ ချေဖျက်ဖို့ ကိုယ့်ကိုကိုယ် ခွင့်ပြုပေးပါတယ် ဤ မီးဓာတ်နဲ့အတူ လောင်ကျွမ်းသွားပါစေ”

Intention ထည့်ပြီး ပြောပေးနိုင်ပါတယ်

လိုအပ်သော အဖြေများ ရရှိပါစေ ရှင် 🍀

Star Blossoms Wonderland

10 Oct, 13:52


Day-8 to Day 14 (Oct 11 to Oct 17)

🌱နောက်ထပ် ၇ ရက်တာ
Meditation အတွက် ဒီ ၂ ခုကို ပြုလုပ်ပေးနိုင်ပါတယ်

All Chakras Meditation ( 21Mins)
https://youtu.be/iNoYqEY0Yeo?si=_ziQSUwCwzamGWPT

Awaken Your Spirit Meditation ကို (15mins)
သို့မဟုတ် မိမိ နှစ်သက်သလို အချိန်ယူပေးပါ
https://youtu.be/iXdiPVyxCgs?si=AFZ-7DpWibusksvH

ဘာကိုမှ မတွေးဘဲ ခန္ဓာ ကိုသာ စောင့်ကြည့်ပေးပါနော် လက်ဖဝါး နှစ်ဘက်ကို Heart Chakra ပေါ်မှာ တင်ထားပြီး Self Healing ပေးနိုင်ပါတယ်

Star Blossoms Wonderland

07 Oct, 14:14


Star Blossoms Wonderland pinned «Day-5 ကိုယ့်ကိုကိုယ် ဘောင်ခတ် ကန့်သတ်ထားတဲ့ ယုံကြည်မှုတွေ ရှိရင် ဘာတွေဖြစ်မလဲ အဲ့ဒီအရာက ကိုယ့်ရဲ့ ဆုံးဖြတ်ချက်တွေအပေါ် ဘယ်လောက် သက်ရောက်မှုရှိပါသလဲ Day-6 ကိုယ့်ဘဝမှာ ကြောက်နေမိတဲ့ အကြောက်ဆုံး အရာတွေက ဘာတွေရှိမလဲ ဘာလို့ ကြောက်တယ်လို့ ခံစားရတာလဲ ဘယ်အရာတွေက…»

Star Blossoms Wonderland

07 Oct, 13:04


Day-5
ကိုယ့်ကိုကိုယ် ဘောင်ခတ် ကန့်သတ်ထားတဲ့ ယုံကြည်မှုတွေ ရှိရင် ဘာတွေဖြစ်မလဲ အဲ့ဒီအရာက ကိုယ့်ရဲ့ ဆုံးဖြတ်ချက်တွေအပေါ် ဘယ်လောက် သက်ရောက်မှုရှိပါသလဲ

Day-6
ကိုယ့်ဘဝမှာ ကြောက်နေမိတဲ့ အကြောက်ဆုံး အရာတွေက ဘာတွေရှိမလဲ ဘာလို့ ကြောက်တယ်လို့ ခံစားရတာလဲ
ဘယ်အရာတွေက မိမိကို စိတ်လုံခြုံစေသလဲ
ဘာကြောင့်လဲ

Day-7
ကိုယ့်ရဲ့ မိဘတွေရှိရင် သူတို့ကို ပြောပြချင်တဲ့ စကားတစ်ခွန်းက ဘာဖြစ်မလဲ

Day-8
ငယ်စဉ်အချိန်က လူကြီးမိဘတွေဆီက ချစ်ခြင်းမေတ္တာကို ဘယ်လိုမျိုး လက်ခံရရှိခဲ့သလဲ
ဘာကြောင့် အချစ်ခံရတယ်လို့ ထင်တာလဲ
ဘာကြောင့် အချစ်မခံရဘူး လို့ ထင်တာလဲ

Day-9
ကိုယ် ခွင့်လွှတ်ပေးရမယ့် List ထဲမှာ ဘယ်သူတွေ ပါဝင်သလဲ သူတို့ကို ဘာကြောင့် ခွင့်လွှတ်ဖို့ လိုတာလဲ
ကိုယ်က တောင်းပန်ရမယ့်သူတွေ ရှိရင် ဘယ်သူတွေ ဖြစ်မလဲ ဘာလို့ သူတို့ကို တောင်းပန်ချင်တာလဲ

Day-10
ကိုယ့်ကိုကိုယ် ဘယ်လို ဆက်ဆံလေ့ရှိပါသလဲ
တခြားသူတွေ ကိုယ့်ကို ဘယ်လိုဆက်ဆံတာ ကြိုက်ပါသလဲ

Star Blossoms Wonderland

05 Oct, 15:49


Star Blossoms Wonderland pinned «Day-2 ကိုယ့်ကိုကိုယ် ဘယ်လို မြင်သလဲ တခြားသူတွေက ကိုယ့်ကို ဘယ်လိုမြင်တယ်လို့ ယူဆပါသလဲ ဘာကြောင့်လဲ Day-3 ကိုယ့်ကိုကိုယ် ကိုယ့်ပုံစံအတိုင်း လက်ခံနိုင်စွမ်း ရှိသလား လက်မခံချင်တဲ့ အရာတွေ ရှိရင် ဘာတွေဖြစ်မလဲ Day-4 ကိုယ့်ရဲ့ အားသာချက်တွေက ဘာတွေရှိလဲ အားနည်းချက်လို့…»

Star Blossoms Wonderland

05 Oct, 15:49


Star Blossoms Wonderland pinned «Day-1 ကိုယ်ဟာ ဒီနေ့ ဒီအချိန်ကာလထိ ဘာတွေ တွေးပြီး ဘာတွေ လုပ်လာခဲ့သလဲ ဘယ်လိုဖြတ်သန်းလာခဲ့သလဲ ဘယ်သူတွေနဲ့အတူ ရှိနေခဲ့ပြီး ဘာစကားတွေပြောနေခဲ့တာလဲ Self reflection လုပ်ကြည့်ပါ»

1,318

subscribers

125

photos

4

videos