ဇာတ်လမ်းအညွှန်း Only @moviereviewonly1 Channel on Telegram

ဇာတ်လမ်းအညွှန်း Only

@moviereviewonly1


ဇာတ်လမ်းအညွှန်း Only (Burmese)

ဇာတ်လမ်းအညွှန်း Only ဇာတ်လမ်းအညွှန်းရဲ့ အသံအုရေအာဏာရှင်ကိုပြန်လည်စောင့်ထားပေးပါသည်။ ဒီဇာတ်လမ်းအညွှန်းရဲ့ ဘာသာရပ်ကိုရှာဖွေပြရန်အတွက်လည်းကော်ပီရယ်နေရေးသားကိုမျှတစွာလှပနေဖို့အတွက် ယခုဇာတ်လမ်းအညွှန်းလေးကိုဆက်သွယ်နိုင်ပါတယ်။ အသံအုရေအာဏာရှင်များရေးဆက်ခြင်းနှင့် ကျိုးက်များရေးအတွက် ဇာတ်လမ်းအညွှန်းလေးများအတွက် များ ပုံနိကိုပေးလိုပါက လိုအပ်နိုင်ပြီး ဥပမာအတွက် သင်တော်သော လဂ်မာ၊ အပိုဒ်နီးချုပ်၊ ဖိနပ်စကားများ နှင့် အုပ်နှင့် အုန်းဇယာရေးများ အတွက်လည်းလာရေးသားကို၏ အလိုအလျောက် အသံအုရေအာဏာရှင်ပြန်လည်တည်ရှိခဲ့ပါသည်။ ဒါကြောင့် ယခုလောလောဇာတ်လမ်းအညွှန်းရဲ့ အလိုအလျောက် များပါ လေင်ကွင်းကရှည်ကြီ အသံအုရေအာဏာရှင် မှ ဝိုင်ဝံကြီလွန်လေး၏ အင်္ဂါအိပ်မျိုးကို စတင်နိုင်ကြပါရပ်မခတ်ရိုက်။

ဇာတ်လမ်းအညွှန်း Only

02 Sep, 12:53


Nenu Leni Na Prema Katha [2021]

Bollywood, Drama
IMDb (8.9/10)

အချစ်မှာ အချိန်ဆိုတာမရှိဘူး။ ကန့်သတ်ချက်တွေမရှိပါဘူးတဲ့။ 2020ခုနှစ်က ခရစ်ရှနာဆိုတဲ့
အင်ဂျင်နီယာကျောင်းပြီးထားတဲ့ ကောင်လေးတစ်ယောက်။ အတိတ်ကအကြောင်းအရာတွေကို
သိချင်လို့ အတိတ်ကို ပြန်သွားလို့ရမယ့် စက်ပစ္စည်းတွေကို ရှာနေရင်းကနေ ဟမ်ရေဒီယိုဆိုတဲ့
စက်တစ်ခုကို ရှာတွေ့သွားပြီး 1983ကို ဆက်သွယ်မိသွားပါတယ်။

ငယ်ငယ်ကတည်းက မိဘနှစ်ပါးကို ဆုံးရှုံးခဲ့ရတဲ့ ခရစ်ရှနာဟာ လက်ရှိမှာ မတွေ့ရတော့တဲ့ မိဘနှစ်ပါးကို ပြန်ရှာဖို့အတွက် 1983ခုနှစ်က ရာဒါဆိုတဲ့ မိန်းကလေးကို အကူအညီတောင်းလိုက်တဲ့နောက်မှာ မထင်မှတ်ထားစရာ ဇာတ်လမ်း
အလှည့်အပြောင်းလေးတွေပေါ်ပေါက်လာခဲ့ပါတော့တယ်။

“သံယောဇဉ်ဖြစ်လာတဲ့အပေါ်မှာ ပျော်တတ်တဲ့ နှလုံးသားက အဲဒီသံယောဇဉ်တွေကို ဖြတ်ပစ်ရမယ့်အချိန်မှာရလာမယ့်နာကျင်မှုအတွက် အသင့်ဖြစ်နိုင်မှာ မဟုတ်ဘူး” တဲ့အချစ်ဆိုတာ ရယူပိုင်ဆိုင်ရမှ မဟုတ်ပါဘူး။

မှတ်ဉာဏ်ဆိုတဲ့အရာလေးတစ်ခုတည်းနဲ့တင်
ရင်ထဲမှာ ထာဝရရှင်သန်နေတတ်တဲ့အရာလေးတစ်ခုပါပဲ။

အနာဂတ်ကိုကြိုသိနေလို့လည်းပေးဆပ်ရမယ့်သူတစ်ယောက်ရဲ့ ကံကြမ္မာက ပြောင်းလဲမသွားတဲ့အခါ….။

မင်းသားအနေနဲ့ Naveen Chandraနဲ့ Krish Siddipalli, မင်းသမီးကတော့ Gayathri Sureshတို့
ပါဝင်ထားပြီး IMDb Rating 8.5 ရထားတဲ့ Nenu Leni Na Premakatha ဆိုတဲ့2021ထွက် ကားလေး CM ပရိတ်သတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါပြီနော်။

#Credit
#ChannelMyanmar

ဇာတ်လမ်းအညွှန်း Only

01 Sep, 16:21


"ရေနက်ထဲမှ စောင့်ဆိုင်းနေသောအန္တရာယ်"
The Legend Of Aquawitch ( 2022 )

ဟိုး....ကိုယ်မမြင်နိုင်တဲ့ ရေအောက်တစ်နေရာမှာ
ကိုယ်တွေမသိနိုင်တဲ့ အရာတွေရှိနေတတ်ပါတယ်
ထူးဆန်းထွေလာ/သည်းထိတ်ရင်ဖိုဇာတ်ကားတွေ
သဘောကျတဲ့သူတွေအတွက်တော့ ဒီဇာတ်ကားလေးက
အကြိုက်တွေ့စေမှာအသေချာပါပဲရှင်
ဇာတ်လမ်းအကျဥ်းလေးကိုပြောပြရမယ်ဆိုရင်တော့......,

ချန်အန်းမြို့ရဲ့ ညနက်ယံအချိန်ကာလ...,
ချွီကျန်းရေကန်မှာ လေဆင်နှာမောင်းတိုက်ခတ်ပြီးတဲ့နောက်
ရေထဲမှ မကောင်းဆိုးဝါးတစ်ကောင်ဟာ လူတွေကို
ဝါးမျိုစားသောက်တယ်ဆိုတဲ့ ကိစ္စတစ်ခုဟာ
တိုင်းပြည်တစ်ခွင်ပျံ့နှံ့လို့လာခဲ့ပါတော့တယ်
တိုင်းပြည်ရဲ့အိမ်ရှေ့စံမင်းသားဟာ ဆောင်းဦးလယ်ပွဲတော်နေ့အချိန်မှာ
ထီးနန်းကိုဆက်ခံပြီး ချွီကျန်းရေကန်မှာ မိခင်ဖြစ်သူအတွက်
အောင့်မေ့သတိရဖွယ် အခန်းအနားတစ်ခု ကျင်းပဖို့
စီစဥ်ထားတာလဲဖြစ်ပါတယ် အဲ့ဒါကြောင့်
ဆောင်းဦးလယ်ပွဲတော်မတိုင်ခင်မှာ တရားရုံးချုပ်ကို
ရေထဲကမကောင်းဆိုးဝါးနဲ့ ပတ်သတ်တဲ့အမှုစစ်ဆေးစုံစမ်းဖို့အတွက်
အမိန့်ပေးခြင်းခံရပါတယ်

အဲ....ဒီလိုနဲ့ , ဆောင်းဦးလယ်ပွဲတော် ညမှာ
အိမ်ရှေ့စံရဲ့ လှေဟာ ရေကန်ရဲ့ အလယ်တည့်တည့်ကို
ရောက်သွားတဲ့အချိန်မှာတော့ ဧရာမ ရေသတ္တဝါကြီးရဲ့
တိုက်ခိုက်ခြင်းကို ခံရပါတော့တယ်
အဲ့ဒီအချိန်မှာပဲ ဒီကိစ္စတွေအားလုံးရဲ့ နောက်ကွယ်က
ကြိုးကိုင်သူက ကဘယ်သူဖြစ်မလဲ
ဒီကိစ္စကြီးဟာ ကြောက်ဖို့ကောင်းလှတဲ့
ပူးပေါင်းကြံစည်မှုတစ်ခုဖြစ်တဲ့အကြောင်း သိရှိသွားတဲ့အချိန်မှာတော့ ....?

❏ သူဒီကိစ္စကိုဘယ်လိုကိုင်တွယ်မလဲ
❏ နောက်ကွယ်ကြိုးကိုင်သူတွေကိုရော သူအဆုံးသတ်နိုင်ပါ့မလား
❏ ရေမိစ္ဆာကြီးကို သူနှိမ်နှင်းနိုင်ပြီး အိမ်ရှေ့စံနဲ့ အပြစ်မဲ့
ပြည်သူတွေကို ကယ်တင်နိုင်ပါ့မလာဆိုတာ?
ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုရမဲ့ ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်ရှင်
#CM

ဇာတ်လမ်းအညွှန်း Only

01 Sep, 16:20


“အိမ်တွင်း အကြမ်းဖက်မှု” ဆိုတာ ကြောက်စရာကောင်းပါတယ်
အိမ်တွင်းအကြမ်းဖက်မှုတွေဟာ လူမဆန်တဲ့လုပ်ရပ်တွေဖြစ်ပြီး
လူသားတွေဟာဒီလောက်တောင်ရက်စက်တတ်ကြပါလားဆိုတာ မေးခွန်းထုတ်စရာပါပဲ။အိမ်တွင်းအကြမ်းဖက်မှုကျူးလွန်သူတွေဟာဆိုရင်
ကိုယ်ပိုင်လုပ်ငန်း လုပ်ကိုင်သူတွေနဲ့ ပညာတတ် နေနိုင်စားနိုင်သူတွေအများစု ဖြစ်နေကြပါတယ်။
နောက်ပိုင်းမှာလဲ အိမ်တွင်းအကြမ်းဖက်မှုတွေများလာတဲ့အတွက် အိမ်တွင်းအကြမ်းဖက်မှု ကာကွယ်ရေး အဖွဲ့တွေဖွဲ့ပြီး ပညာပေးလုပ်ဆောင်နေကြရပါတယ်။
ဒါဟာလူတွေရဲ့ကိုယ်ကျင့်တရားပျက်ပြားလာမှုတွေဖြစ်ပြီး တချို့တွေအတွက် တွေးတောင်မတွေးရဲလောက်တဲ့ အမှုတွေဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာလဲ နိုင်ငံခြားထွက်ပြီအလုပ်လုပ်တဲ့သူတွေ များလာတဲ့နောက် အိမ်တွင်းအကြမ်းဖက်မှုတွေကို
ဘယ်လိုကာကွယ်တိုက်ဖျက်ရမလဲ ဆိုတဲ့ ကိစ္စအတွက် ကူညီပေးမဲ့အာဏာပိုင်အဖွဲ့တွေ လူမှုကူညီရေးအဖွဲ့တွေမှပညာပေး လုပ်ငန်းတွေ တိုးမြင့်လုပ်ဆောင်ပြီး
နိုင်ငံတကာ မှလူမှုကူညီရေးအဖွဲ့များရဲ့ အကူညီရယူနိုင်ရန်ပညာပေးဖို့ပိုမိုလိုအပ်လာနေပါပြီ။ယခုဒီကားလေးမှာလဲ အိမ်တွင်းအကြမ်းဖက်မှုရဲ့အကြောင်းတွေ ကလေးငယ်တွေကို ဘယ်လိုအသုံးချပြီး လုပ်စားကြလဲဆိုတာတွေ
လူတွေရဲ့ အမှောင်ခြမ်းကို ရှင်းရှင်းလင်းလင်း ရိုက်ပြထားတဲ့ ပညာပေးကားလေးဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းလေးက မီယာဆိုသူ မိန်းမတစ်ယောက်ဟာ အကြောင်းအမျိုးမျိုးနဲ့ ကလေးငယ်တွေကို
သွေးဆောင်ပြီး လေဝင်လေထွက်မရှိ အိမ်သာမရှိ ရေချိုးစရာမရှိ တဲ့မြေအောက်ခန်းလေးထဲမှာပိတ်လှောင်ပြီး
နှိပ်စက် အစာရေစာ မကျွေး မိန်းကလေးငယ်လေးတွေကိုပြည့်တန်ဆာလုပ်ငန်းပါ အတင်းကျပ်ခိုင်းစေတဲ့ သူတစ်ယောက် ဖြစ်ပြီး
အဖမ်းခံထားရတဲ့ ကလေးငယ်တွေရဲ့ဘဝကို ရိုက်ပြထားပြီး ဘယ်လိုမျိုး လွတ်မြောက်အောင် ကြိုးစားကြသလဲဆိုတာ ကြည့်ရှုလိုက်ကြပါဦး။
အိမ်တွင်းအကြမ်းဖက်မှုတွေဖြစ်တဲ့ အတွက် ကလေးငယ်တွေအတွက် ကြည့်ရှုဖို့ မသင့်တော်ဘူးဆိုတာ သတိချပ်စေလိူပါတယ်။
အညွှန်း နဲ့ ဘာသာပြန်ကတော့ K.Hein ပဲ ဖြစ်ပါတယ်။

#Credit

ဇာတ်လမ်းအညွှန်း Only

01 Sep, 12:48


Love Today (2022)

IMDb - 8.1/10

၂၀၂၂ မှာထွက်ရှိထားပြီး rating ရှယ်ရထားတဲ့အပြင် ရုံ၀င်ငွေမှာရှယ်မြတ်ထားတဲ့ တမီးလ်ရုပ်ရှင်ကားတစ်ကားကို
တင်ဆက်ပေးချင်ပါတယ်။ လူကြိုက်များတဲ့အပြင် မစိမ်းတဲ့တမီးလ်နာမည်ကြီးသရုပ်ဆောင်တွေပါပြီး ယူတတ်ရင် ပညာလည်းရမယ့် ရုပ်ရှင်တစ်ကားပေါ့...

ဇာတ်လမ်းအကျဉ်း
ချစ်သူနှစ်ယောက်ဟာ အချင်းချင်းချစ်တယ်လို့ပြောကြတယ်၊ သက်တမ်းကြာလာရင်ကိုယ့်အကြောင်း သူ့အကြောင်းထဲထဲ၀င်၀င်သိကြတယ်၊
ဘာလျှို့ဝှက်ချက်မရှိဘူး အချင်းချင်းယုံကြည်ပါတယ်လို့ပြောကြတယ်...ဒါပေမယ့်အဲ့ဒါကစကားအရပဲလား၊ အဲ့ဒါကိုတကယ်သက်သေပြရဲကြရဲ့လား...
ဒါဆိုရင်ကိုယ့်ရဲ့ ကိုယ်ပိုင်ဖုန်းကို ကိုယ်ချစ်ရတဲ့သူ၊ ယုံကြည်ရပါတယ်ဆိုတဲ့ သူကိုပေးသုံးရဲလား၊ password နံပါတ်တွေပေးရဲလားပေါ့...
ဒီဇာတ်ကားမှာတော့ ချစ်သူနှစ်ဦးဟာ အချင်းချင်းချစ်ကြတယ် တစ်ယောက်အကြောင်းတစ်ယောက် ကောင်းကောင်းသိတယ်ဆိုတာကို
သက်သေပြဖို့ တစ်ယောက်နဲ့တစ်‌ယောက် ဖုန်းချင်းလဲသုံးခိုင်းပါတော့တယ်။

အဲ့မှာဇာတ်လမ်းစတော့တာပါပဲ...ဒီတော့ အချင်းချင်းယုံကြည်ပါတယ်ဆိုတဲ့ ချစ်သူနှစ်ဦးက
ဖုန်းကိုအသာတကြည်လဲသုံးနိုင်ကြရဲ့လား၊ ဖုန်းpassword မဖွင့်မနိုင်အောင် ဘယ်လိုကြံစည်ကြမလဲ၊
ဘာလျှို့ဝှက်ချက်တွေများ ရှာတွေ့သွားကြမလဲ၊ အချင်းချင်းလက်ခံနိုင်ပါဦးမလားဆိုတာ...
ကိုယ့်မှာလည်းချစ်ရတဲ့သူရှိရင် ဖုန်းလဲသုံးခိုင်းပြီး အချစ်စမ်းကြည့်လို့ရတာပေါ့.

#Credit

ဇာတ်လမ်းအညွှန်း Only

01 Sep, 12:46


အခုတစ်ခါတင်ဆက်ပေးချင်တာကတော့ Battle Royal ဆိုတဲ့ ဂျပန်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။ Battle Royal ဆိုတဲ့ နာမည်ကို အားလုံးလည်း ရင်းနှီးကြမှာပါ။

Fornite, PUBG, Apex Legends နဲ့ Call of Duty: Warzone တို့လို့ ဂိမ်းတွေကို Battle Royal ဂိမ်းတွေလို့ခေါ်ကြပါတယ်။

Battle Royal ဆိုတဲ့ သဘောသဘာဝက လူအများကို တစ်ယောက်နဲ့ တစ်ယောက်ပြိုင်ဆိုင် သတ်ဖြတ်စေပြီးတော့ နောက်ဆုံးကျန်တဲ့ အနိုင်ရသူ ပေါ်ထွက်လာမယ့် အချိန်အထိပါပဲ။

Battle Royal ဆိုတဲ့ စကားလုံးက ဒီဂျပန်ရုပ်ရှင်လေးကနေ အစပြုပြီးတော့ ပေါ်ပေါက်လာတယ်လို့လည်းဆိုကြပါတယ်။

Battle Royal ကို ၂၀၀၀ ခုနှစ်က ထုတ်လုပ်ခဲ့ပြီးတော့ ဒါရိုက်တာကတော့ ဂျပန်ရုပ်ရှင်အမြောက်အများကို ရိုက်ကူးခဲ့တဲ့ Kinji Fukasaku ပဲဖြစ်ပါတယ်။

Battle Royal ရုပ်ရှင်ဟာ ရုံတင်ပြီး ၆ ပတ်ကြာတဲ့အထိ အမြတ်ငွေအများဆုံးရတဲ့ စာရင်းထဲကိုတောင် ဝင်သွားခဲ့ပါသေးတယ်။ အဲဒါနဲ့ Battle Royal ရဲ့ sequal အတွက် Kinji Fukasaku က ထပ်မံကြိုးစားပါတော့တယ်။ ကံဆိုးချင်တော့ Battle Royal 2 အတွက် တစ်ခန်းသာ ရိုက်ကူးပြီးချိန်မှာ ကင်ဆာရောဂါနဲ့ ဆုံးပါးသွားခဲ့ရပါတယ်။ Battle Royal 2 ကိုတော့ Kinji ရဲ့သားဖြစ်သူ Kenta Fukasaku ကပဲ ပွဲဦးထွက်အနေနဲ့ ဆက်လက်ရိုက်ကူးသွားခဲ့ပါတယ်။

မဝေးတဲ့အနာဂတ်တစ်ခုမှာ ဂျပန်နိုင်ငံဟာ နိုင်ငံရေးအခြေအနေမတည်ငြိမ်လျက်ရှိပြီးတော့ ထိုအဖြစ်ကို မကျေနပ်ကြတဲ့ ကျောင်းသားပြည်သူတစ်ချို့က သပိတ်မှောက်ကြပါတယ်။

အဲဒီမှာပဲ အစိုးရအဖွဲ့က သင်ရိုးညွှန်းတမ်းအသစ်တစ်ခုကို ထည့်သွင်းသင်ကြားစေခဲ့ပါတယ်။ ထည့်သွင်းပြီး တစ်နှစ်အကြာမှာတော့ လေ့လာရေးခရီးထွက်ရမယ့် ကျောင်းသားတစ်စုကို လူမနေတဲ့ ကျွန်းတစ်ခုပေါ်ကိုခေါ်သွားခဲ့ပါတယ်။

ပြီးတော့အချင်းချင်းလည်း သတ်ဖြတ်သေခဲ့ကြပါတယ်။ အကယ်၍မလိုက်နာတဲ့သူဆိုရင် လည်ပင်းကကော်လာကို ဖောက်ခွဲပစ်မယ်ဆိုတဲ့အတွက် မသေချင်ရင် အကုန်သတ်ရမယ့် အခြေအနေဖြစ်သွားခဲ့ပါတယ်။

၃ ရက်အတွင်းမှာ အနိုင်အရှုံးပေါ်အောင် သတ်ရမယ် ကျောင်းသားတွေထဲမှာ ဘယ်သူက အနိုင်ရသူဖြစ်လာမလဲဆိုတာကတော့ ခံစားကြည့်ရှုနိုင်ပါတယ်။

သွေးထွက်သံယိုအခန်းတွေ ပါဝင်တဲ့အတွက် ကလေးတွေ မကြည့်ဖို့တော့ တိုက်တွန်းပါရစေ။

#Credit

ဇာတ်လမ်းအညွှန်း Only

31 Aug, 12:29


The Last Voyage of the Demeter (2023)

IMDb 6.4/10

ရှေးခေတ် ဟော်ရာရုပ်ရှင်ကောင်းကောင်းတစ်ခုလာပါပြီ။ တကယ်တော့ ဒရက်ကူလာ ဇာတ်ကြောင်းတွေကို စိတ်ဝင်စားတဲ့သူဆိုရင် နာမည်ကြားတာနဲ့ မှတ်မိမှာပါပဲ။

ကမ္ဘာကျော် ဒရက်ကူလာဝတ္ထုကြီးထဲမှာပါတဲ့ ဒမီတာဆိုတဲ့လှေပါပဲ။ ရုပ်ရှင်နာမည်အတိုင်းပဲ ဒမီတာရဲ့ နောက်ဆုံးပင်လယ်ခရီးရှည် အကြောင်းပါပဲ။

ဒါရိုက်တာကတော့ André Øvredal ပါ။ သူက လူကြိုက်များခဲ့တဲ့ The Autopsy of Jane Doe နဲ့ Troll Hunter ကို ရိုက်ခဲ့တဲ့သူပါ။

အခုလည်း The Autopsy of Jane Doe စတိုင်ပဲ ဘယ်ကိုမှ ပြေးလို့လွှားလို့
မရတဲ့ အလုံပိတ်နေရာတစ်ခုထဲက မိစ္ဆာတစ်ကောင်ကို ဇာတ်လမ်းတည်ပြီး
ရိုက်ကူးထားတာပါ။

မာလိမ်မှူး အဲလိယက်အဖြစ် Game of Thrones ထဲက ဆာဒါးဗို့စ်ဖြစ်တဲ့ Liam Cunningham က သရုပ်ဆောင်ထားပြီး၊ အန်နာအဖြစ် Game of Thrones ထဲမှာ လာယာနာစတာ့ခ်ဖြစ်တဲ့ Aisling Franciosi က သရုပ်ဆောင်ထားပါတယ်။ (ဒီဇာတ်လမ်းနဲ့ ဆင်တူတဲ့ စီးရီးတစ်ခုလည်းရှိပါတယ်။ အက်မင်အကြိုက်ဆုံးစီးရီးတွေထဲက တစ်ခုပါပဲ၊ Dracula (2020) ဖြစ်ပြီး အပိုင်း ၃ ပိုင်းပဲရှိပါတယ်။ CM မှာ ကြည့်လို့ရပါတယ်)။

ဇာတ်လမ်းအကျဉ်း....

ဒမီတာဆိုတဲ့လှေရဲ့ မာလိမ်မှူး အဲလိယက်ဟာ သူ့ရဲ့အနားမယူခင် နောက်ဆုံးခရီးစဉ်အဖြစ် ငွေမြိုးမြိုးမြက်မြက်ရတဲ့ သီးသန့်အလုပ်တစ်ခုကို လက်ခံလိုက်ပါတယ်။

ဒါကတော့ ရိုမေးနီးယားက သေတ္တာအလုံး ၅၀ ကို အင်္ဂလန်ကိုပို့ပေးဖို့ပါပဲ။

အဲဒီခရီးစဉ်အတွက် လက်ကျန်လှေထိုးသားတွေနဲ့မလောက်လို့ လှေထိုးသားအသစ်အဖြစ် ကလယ်မန်ဆိုတဲ့ လူမည်းဆရာဝန်တစ်ယောက်ကိုပါ
ခေါ်လာခဲ့ပါတယ်။

အဲဒီလှေခရီးစဉ်တလျှောက် ထူးဆန်းတာတွေ ကြောက်စရာတွေဖြစ်ပြီး လူတွေ တစ်ယောက်ပြီးတစ်ယောက် သေဆုံးလာတဲ့အခါ….

(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Mr.Anderson ဖြစ်ပါတယ်)

#Credit

ဇာတ်လမ်းအညွှန်း Only

30 Aug, 11:42


Indiana Jones and the Dial of Destiny (2023)

~ IMDb - 6.8/10, Rotten Tomatoes - 69% ~

ဂန္ထဝင်ရုပ်ရှင်တွဲတွေထဲက တစ်ခုဖြစ်တဲ့ အင်ဒီယာနာဂျုန်း ရုပ်ရှင် အသစ်ထွက်ပါပြီ။ ဒါက ၅ ကားမြောက်ရုပ်ရှင်ပါ။ ပထမလေးကားကိုတော့ ဒါရိုက်တာ စတီဗင်စပီးဘတ်ရိုက်ကူးခဲ့ပြီး အခုရုပ်ရှင်ကိုတော့ James Mangold က ရိုက်ကူးထားတာပါ။ ဒါပေမဲ့လည်း Executive Producer အဖြစ် စပီးဘတ်နဲ့ လူးကပ်စ်တို့ ပြန်ပါဝင်ခဲ့ပါတယ်။

မင်းသားကြီး ဟယ်ရစ်ဆန်ဖို့ဒ်ပဲ ပြန်ပါဝင်ထားပြီး Phoebe Waller-Bridge ကတော့ အင်ဒီရဲ့မိတ်ဆွေ ဘာဆယ်ရဲ့သမီး ဟယ်လင်နာအဖြစ် ပါဝင်ထားပါတယ်။ ဗီလိန်နေရာမှာတော့ ဗီလိန် ဆရာကြီး Mads Mikkelsen ပါဝင်ထားပါတယ်။ ဒီရုပ်ရှင်အစမှာ ဟယ်ရစ်ဆန်ဖို့ ငယ်ငယ်တုန်းကပုံကို အထူးပြုလုပ်ချက်နဲ့ လုပ်ထားပါတယ်။ AI နည်းပညာကိုသုံးပြီး ဟယ်ရစ်ဆန်ဖို့ငယ်ငယ်က ရုပ်ရှင်ဟောင်းအားလုံးထဲကနေ  လိုအပ်တဲ့ မျက်နှာထား ခံစားချက်နဲ့လိုက်တာတွေကို ရွေးထုတ်ပြီးပေါင်းစပ်သွားတဲ့နည်းပညာမို့ ဟယ်ရစ်ဆန်ဖို့ရဲ့ ငယ်ငယ်ကမျက်နှာအစစ်ကို မြင်နေရတာပါပဲ။ ဒါရိုက်တာ စပီးဘတ်ကိုယ်တိုင်ဒီရုပ်ရှင်ကိုကြည့်ပြီး သဘောကျခဲ့တာပါ။ "အင်ဒီယာနာဂျုန်းကို ငါတစ်ယောက်တည်း ရိုက်တတ်တယ်ထင်တာ၊ အခြားရိုက်တတ်တဲ့သူ ရှိသေးသားပဲဟ" လို့တောင် မှတ်ချက်ပေးခဲ့ပါသေးတယ်။ ဘတ်ဂျက် သန်း ၃၀၀ သုံးခဲ့ပြီး သန်း ၃၈၀ လောက်ပဲ ပြန်ရတာမို့ ငွေကြေးအရအောင်မြင်မှု နည်းခဲ့ပေမဲ့ အင်ဒီယာနာဂျုန်းပီသတဲ့အခိုက်အတန့်လေးတွေ ဖျော်ဖြေမှုပေးနိုင်တဲ့ ရုပ်ရှင်ဖြစ်ခဲ့တာကြောင့် IMDb မှာတော့ 6.8/10 ထိ ရလိုက်ပါတယ်...

#Credit

ဇာတ်လမ်းအညွှန်း Only

30 Aug, 11:39


ကံကြမ္မာရေးသော သွေးပန်းချီ
(聊斋画壁)Tale of The Mural 2023 ရုပ်ရှင်

ဒီတစ်ခါ တင်ဆက်ပေးမဲ့ရုပ်ရှင်ကတော့ ပရိတ်သတ်ကြီးအားလုံးနဲ့ ရင်းနှီးပြီးသား သရုပ်ဆောင်တွေဖြစ်တဲ့ Han Dong ,Liu Meng Meng တို့က ပါ၀င်သရုပ်ဆောင်ထားတာပဲဖြစ်ပါတယ်

ဇာတ်လမ်းအညွှန်း

လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက စာဌက်မိစ္ဆာဟာ သူဟာ စာဌက်အမျိုးအစားဖြစ်ပြီး နိမ့်ကျရတယ် မီးဌက်အမျိုးအစားဖြစ်တဲ့ ဇာမဏီကတော့ မြင့်မြတ်ရတယ်ဆိုပြီး ဇာမဏီဌက်အပေါ် ရန်ငြိုးထားခဲ့တယ်ဆိုတဲ့ ဒဏ္ဍာရီရှိခဲ့ပါတယ် ကြာလှပြီဖြစ်တာကြောင့် လူတွေကလည်း ပုံပြင်တစ်ပုဒ်အဖြစ်လို့သာ သတ်မှတ်ထားခဲ့ပါတယ်

တနေ့မှာ ပန်းချီဆရာတစ်ယောက်ဖြစ်တဲ့ ကျူးရှောက်လျန်ဟာ မိစ္ဆာတစ်ကောင်နဲ့ တွေ့ဆုံမိပြီး ဘုံကျောင်းပျက်ထဲကို ခို၀င်မိရာ ပန်းချီကားတစ်ချပ်ကို မြင်ခဲ့ပါတယ် ပန်းချီကားထဲက နတ်မိမယ်လေးက အသက်၀င်လှလွန်းလို့ သူစိတ်၀င်တစားကြည့်နေဆဲမှာပဲ ကျူးရှောက်လျန်တစ်ယောက် ပန်းချီကားထဲကို ၀င်ရောက်သွားခဲ့ပါတယ်

ပန်းချီကားထဲက သီခြားကမ္ဘာကို ရောက်ရောက်ချင်းမှာပဲ ပန်းချီထဲကနတ်မိမယ် ဝေရှန်းကို တွေ့ခဲ့ရပါတယ် ဝေရှန်းလိုပဲ မိန်းမလှများစွာဟာ ညအချိန်ခါမှာ ထွက်ပေါ်လာပြီး ယောက်ျားလေးတွေရဲ့စွမ်းအင်ကို စုပ်ယူဖို့အတွက် စာဌက်မိစ္ဆာက ခိုင်းစေထားတာကိုတော့ ကျူးရှောက်လျန်မသိခဲ့ပါဘူး

ဝေရှန်းဟာ ပန်းချီဆရာလေး ကျူးရှောက်လျန်နဲ့ မေတ္တာမျှသွားပြီး သူ့ကို မသေစေချင်တဲ့အခါ စာဌက်မိစ္ဆာကိုခုခံဖို့ကြိုးစားပါတော့တယ် ဝေရှန်းနဲ့ ကျူးရှောက်လျန်တို့နှစ်ယောက် စာဌက်မိစ္ဆာလက်ကနေ လွတ်မြောက်နိုင်ပါ့မလား စာဌက်မိစ္ဆာနဲ့ ဇာမဏီဌက်ဒဏ္ဍာရီကရော ဘယ်လို ပတ်သတ်နေလဲ

#ReviewByKit
#聊斋画壁
#TaleofTheMural
#SoulKingdomMovie
#Movie

ဇာတ်လမ်းအညွှန်း Only

29 Aug, 14:28


The Boogeyman (2023)

Horror Mystery Thriller
IMDb - 6.1/10

ဒီသရဲကားကတော့ စာရေးဆရာကြီး စတီဖင်ကင်းရဲ့ ဝတ္ထုတိုတစ်ပုဒ်ကို ပြန်လည်ရိုက်ကူးထားတာပဲဖြစ်ပါတယ်။

မူလအစီအစဉ်ကတော့ Hulu မှာ streaming ပြသဖို့ ဖြစ်ပေမဲ့ အကြိုပွဲတွေမှာ လူတွေအရမ်းကြောက်ပြီး
ကြိုက်ကြတဲ့အတွက် ရုံတင်ဖြစ်သွားပါတယ်။

အချို့အခန်းတွေမှာ ပရိသတ်တွေ အရမ်းအော်ပြီး အရေးကြီးတဲ့ ဒိုင်ယာလော့တွေကို အသံဖုံးသွားလို့ ရုပ်ရှင်ကို

ကြောက်စရာအခန်းနဲ့ ဒိုင်ယာလော့ကြား နည်းနည်းခြားအောင် ပြန်တည်းဖြတ်လိုက်ရပါသေးတယ်။

ဒီရုပ်ရှင်ရဲ့ အဓိက မိန်းကလေးသရုပ်ဆောင်နှစ်ယောက်ကတော့
Star Wars Series ထဲက မင်းသမီးလေယာနဲ့ ဒရက်ရှ် နေရာက သရုပ်ဆောင်ခဲ့တဲ့နှစ်ယောက်ပါပဲ။

ဇာတ်လမ်းအကျဉ်း...

အဓိကမကောင်းဆိုးဝါး ဘူဂီမန်းဟာ စတီဖင်ကင်းရဲ့ နာမည်ကျော် IT နဲ့ အတော်ဆင်တူပါတယ်။

ကလေးတွေကို အရမ်းကြောက်အောင်လုပ်ပြီး သတ်ပစ်တာပါ။

ဒါပေမဲ့ IT လောက်တော့ စွမ်းအားမကြီးပါဘူး။

သူဟာ အလင်းကိုကြောက်ပါတယ်။

အမှောင်ထဲမှာပဲ လှုပ်ရှားနိုင်တယ်။

စိတ်ဒဏ်ရာရှိနေတဲ့ကလေးတွေကို ပစ်မှတ်ထားတယ်။

ဒီလိုမျိုးပါပဲ။

စတီဖင်ကင်းရဲ့ ဝတ္ထုတိုပဲဖြစ်လို့ IT, Dark Tower လို ပင်မဇာတ်ကြောင်းကြီးမှာတော့ ထပ်မပါသေးပါဘူး။

ဒီရုပ်ရှင်မှာတော့ စိတ်ကုထုံးဆရာဝန်
ဒေါက်တာ ဟာပါမှာ ဆေဒီ နဲ့ ဆောယာဆိုတဲ့ သမီးနှစ်ယောက်ရှိပါတယ်။

သူတို့ရဲ့အမေကတော့ မကြာသေးခင်‌လေးက ကားတိုက်မှုဖြစ်ပြီး ဆုံးသွားတာမို့ သူတို့မိသားစုဝင်သုံးယောက်လုံး ကိုယ်စီပူဆွေးနေတုန်းအချိန်မှာပဲ ရှိပါသေးတယ်။

တစ်နေ့မှာတော့ လူတစ်ယောက် ရုတ်တရက် ဒေါက်တာဟာပါနဲ့ လာပြပါတယ်။
?
သူ့ရဲ့ကလေးတွေကို မကောင်းဆိုးဝါးတစ်ကောင်က သတ်သွားကြောင်း အခိုင်အမာပြောပါတယ်။

ပြီးတော့ ဒေါက်တာဟာပါရဲ့အိမ်မှာပဲ
သတ်သေသွားပါတယ်။

အဲဒီနောက်မှာ ကလေးမလေးနှစ်ယောက်ဟာ ထူးဆန်းတဲ့ကြောက်စရာတွေ မြင်လာရတဲ့အခါ…

#Credit

ဇာတ်လမ်းအညွှန်း Only

29 Aug, 12:44


Blood Money [2021]

Blood Money ဆိုတာကတော့ နစ်နာကြေးပေါ့ဗျာ
ဒီကားအတွက် အိန္ဒိယနိုင်ငံရဲ့ ဥပဒေအကြောင်းနည်းနည်းပြောရမယ်
( ကျွန်တော်က ရှေ့နေမဟုတ်တော့ လွဲကောင်းလွဲနိုင်ပါတယ် )

အိန္ဒိယနိုင်ငံမှာ သေမိန့်ကျခံထားရတဲ့ တရားခံက လွတ်ငြိမ်းချမ်းသာခွင့်မရှိဘူး ကြိုးမိန့်ကျခံရရင် သေပြီလို့ပဲ မှတ်ရမယ်

ဒါပေမယ့် အစ္စလာမ်မစ်ဥပဒေတစ်ချို့အောက်မှာတော့
သေမိန့်ကျခံရတဲ့ တရားခံက လွတ်ငြိမ်းချမ်းသာခွင့်ရှိတယ်

ဘယ်လိုအခြေအနေမျိုးလဲဆိုတော့ သတ်ခဲ့တဲ့သူဟာ အသတ်ခံရသူမိသားစုကို နစ်နာကြေးပေးရမယ်

အသတ်ခံရသူမိသားစုကလည်း နစ်နာကြေးကို လက်ခံပြီး တရားခံကို ခွင့်လွှတ်ကြောင်း ပြန်စာပို့ပေးတဲ့အခါတရားခံဟာ သေမိန့်ကနေ လွတ်ငြိမ်းချမ်းသာခွင့်ရတယ်

သူကျခံရမယ့် ထောင်ဒဏ်ကိုပဲ ကျခံရတော့မှာဖြစ်တယ်
ဒီဇာတ်ကားထဲက  လူသတ်သမားလို့ စွပ်စွဲခံရသူနှစ်ယောက်ကတကယ်တော့ ချောက်ချခံရတာ

သူတို့မသတ်ခဲ့တဲ့ လူသတ်မှုထဲပါသွားခဲ့တာ
သက်သေအထောက်အထားတွေက ခိုင်လုံလွန်းနေတော့ ကြိုးမိန့်ကျခံရတယ်

ဒီလူနှစ်ယောက်ကို ကယ်တင်ဖို့ သေဒဏ်ကနေ ကယ်တင်နိုင်ဖို့ အပြင်းအထန်ကြိုးစားပေးမယ့်လူက လက်ထောက်အယ်ဒီတာ ( သတင်းထောက်ပဲဆိုကြပါစို့ ) ရေချယ် နဲ့ ဆူဒန်...

သေဒဏ်ကျခံထားရပြီးသား အပြစ်သားနှစ်ယောက်အတွက် သတင်းထောက်တစ်ယောက်အနေနဲ့ဘယ်လောက်ထိလုပ်ပေးနိုင်လဲ

မီဒီယာတစ်ခုရဲ့ အခန်းဂဏ္ဍက အသက်တွေကို ဘယ်လိုကယ်တင်နိုင်လဲဆိုတာကို ရိုက်ပြထားတဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်

#Credit

ဇာတ်လမ်းအညွှန်း Only

29 Aug, 12:40


Churuli (2021)

IMdb Rating (7.1)

ဇာတ်လမ်းကိုပုံပြင်တစ်ပုဒ်နဲ့စဖွင့်ထားပါတယ်။ တောအုပ်တစ်အုပ်ထဲမှာ ပါရူမာဒန်ဆိုတဲ့ ခရီးသွားတွေကို လမ်းလွဲအောင်ဖမ်းစားတတ်တဲ့ တစ္ဆေတစ်ကောင်သောင်းကျန်းလို့နေပါတယ်။ (ဒီမှာဆို-မွေ့ကောင်ဆိုတာ ပါးစပ်ပြောဒဏ္ဍာရီတွေရှိပါတယ်)

အဲ့ဒီတစ္ဆေကိုနှိမ်နင်းဖို့ ဆုံးဖြတ်ချက်နဲ့ ဘုန်းကြီးတစ်ပါးဟာ ခြင်းတစ်ခြင်းကို ခေါင်းပေါ်ရွက်ပြီး တောထဲဝင်ခဲ့ပါတယ်။ ဘုန်းကြီးဟာ အကြာကြီးလမ်းလျှောက်လာပြီးတဲ့နောက် လမ်းပေါ်မှာတွေ့တဲ့ ဘောလုံးတစ်လုံးကို ကလေးတွေကစားဖို့ရည်ရွယ်ချက်နဲ့ ခြင်းထဲကောက်ထည့်လာပါတယ်။

အချိန်တွေကြာလာတော့ ခြင်းတောင်းထဲက ရုတ်တရက်လှုပ်ရှားလာပြီး စကားသံထွက်လာပါတယ်။ သူကောက်ထည့်လာတာဟာ လုံးပြီးနေနေတဲ့ ပုရွက်စားကောင်တစ်ကောင်ဖြစ်နေလို့ပါ။

စကားပြောတတ်တဲ့ ပုရွက်စားကောင်ကို သဘောကျသွားတဲ့ ဘုန်းကြီးဟာ အဲ့ဒီအကောင်ညွှန်တဲ့ လမ်းအတိုင်းသွားရင်းနဲ့ သူကိုယ်တိုင်လမ်းပျောက်သွားပါတော့တယ်။ "သူ" အသိနောက်ကျခဲ့တာက သူကောက်ထည့်ခဲ့တဲ့ ဘောလုံးဟာ အဲ့ဒီ တစ္ဆေကိုယ်တိုင်ဖြစ်နေတယ်ဆိုတာကိုပါပဲ။

အန်တိုနီနဲ့ ရှာဂျီဗန်တို့ဟာ ဝေးလံခေါင်ဖျားတဲ့ ရွာတစ်ရွာက ဝရမ်းပြေးလူဆိုးတစ်ယောက်ကို လက်ရဖမ်းဖို့ရည်ရွယ်ချက်နဲ့ အလုပ်ကြမ်းသမားတွေအဖြစ်အသွင်ယူရောက်ရှိလာခဲ့ပါတယ်။ အဲ့ဒီလူကို နာမည်တစ်ခုကလွဲလို့ မသိဖူး မမြင်ဖူးကြတဲ့အပြင်ဓာတ်ပုံလေးတစ်ခုတောင်ရှိမနေပါဘူး။

အဲ့ဒီ ရွာကိုသွားဖို့လဲ ဂျစ်ကားတစ်စီးသာ ခရီးကြုံရှိလု့ိမေးစမ်းပြီး တက်လိုက်လာခဲ့ကြပါတယ်။ ခရီးဖော်ရွာသားတွေနဲ့တွေ့လို့ စကားစမြည်ပြောကြည့်တဲ့အခါ စကားပြောချိုသာယဉ်ကျေးပြီး ရိုးသားကြတယ်လို့တောင် သူတို့မှတ်ချက်ပြုမိခဲ့ပါသေးတယ်။

နက်ရှိုင်းတဲ့တောအထပ်ထပ် အကွေ့အကောက်လမ်းတွေနဲ့ တောင်အသွယ်သွယ်ကိုဖြတ်ကျော်အပြီး ချောက်ကမ်းပါးကြီးတစ်ခုပေါ်မှာ ခနော်နီခနော်နဲ့ တံတားတစ်ခုရှိနေပါတယ်။ ဂျစ်ကားနဲ့လူတွေရဲ့ဝိတ်နဲ့ ဘယ်လိုမှဖြတ်မောင်းဖို့ မဖြစ်နိုင်တဲ့အတွက် လူတွေကလမ်းဆင်းလျှောက်ပြီး ကားကိုထိန်းဖြတ်မောင်းရင်း ဟိုဘက်အရောက်မှာ ဇာတ်လမ်းကစပါတယ်။

စောစောကအထိ အင်မတန်ချိုသာယဉ်ကျေးတဲ့ နယ်ခံရွာသားတွေဟာ စကားအခွန်းတိုင်းအခွန်းတိုင်းမှာ အဆဲစကားမပါမပြီးတဲ့ အလွန်ရိုင်းစိုင်းခက်ထန်စရိုက်ကြမ်းတဲ့သူတွေအဖြစ်ပြောင်းလဲသွားတော့တာပါပဲ။

ဒါပေမယ့် ပိုပြီးဆန်းကြယ်နက်နဲတဲ့ ပဟေဠိနဲ့လျှို့ဝှက်ချက်တွေက သူတို့ကိုရှေ့မှာစောင့်ကြိုနေပါသေးတယ်။

Churili ဟာ မလေယလမ်စကားဖြစ်ပြီး ဝင်္ကပါလို့အဓိပ္ပါယ်ရပါတယ်။ Independent ဘက်ကိုအားသန်ပုံရတဲ့ ဒါရိုက်တာ Lijo Jose Pellissery ရဲ့လက်ရာအသစ်ဖြစ်ပြီး ဒီကားရဲ့ ဇာတ်လမ်းသွားတင်ဆက်ပုံတွေကလဲ mainstream ရုပ်ရှင်တွေကနေ သိသိသာသာကွဲထွက်နေပါတယ်။

ဂြိုလ်သားတွေ၊ အချိန်နဲ့နေရာတွေ၊ Time loop လိုကိစ္စမျိုးတွေနဲ့ ခေါင်းရှုပ်ခံငြင်းခုန်တဲ့သူတွေက ငြင်းခုန်နေကြသလို တစ်ချို့တွေကလဲ ဇာတ်လမ်းရှင်းရှင်းလေးလို့ဆိုတဲ့သူကဆိုပါတယ်။

ကိုယ်တိုင်ကြည့်ပြီးဆုံးဖြတ်ကြပါ။

25th IFFK ရုပ်ရှင်ပွဲတော်မှာ Silver Peacock ဆုနဲ့ Special Mention for Best Direction ဆုတွေရရှိထားသလို၊ 15th Asian Film Awards မှာလဲ Best Art Director နဲ့Best Sound ဆန်ကာတင်ဝင်ထားပါတယ်၊ တကယ်လဲ Cinematography နဲ့ Sound design မှာအတော်ကောင်းတဲ့ဇာတ်ကားဖြစ်ပါတယ်။

တောအုပ်ထဲက တိတ်ဆိတ်လွန်းရာကနေ တစ်စီစီမြည်လာတဲ့အသံမျိုးကိုခြောက်ခြားစရာဖြစ်အောင် ဖန်တီးသွားတဲ့နေရာတွေဆို တကယ့်ကိုချီးကျူးချင်စရာပါ။

(ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Alias မှ တင်ဆက်ထားပါတယ်။)

#Credit

ဇာတ်လမ်းအညွှန်း Only

29 Aug, 12:10


Adithya Varma (2019)

IMDb.. 6.3/10.     Romance/Drama

"တစ်နည်းနည်းအားဖြင့် တစ်ယောက်က
ပြိုလဲခဲ့ရင် ကျန်တဲ့ တစ်ယောက်က ပို
ပူဆွေးရတယ်။  ဒါ့ကြောင့် ငါ ချစ်တဲ့သူကို
မထိခိုက်စေပါနဲ့ "
- [Adithya Varma ]

   ပထမဦးစွာ ပြောလိုသည်က ဒီဇာတ်ကားဟာ သိပ်ကောင်းလွန်းတဲ့ ပုံစံမျိုးလို့ အာမ မခံနိုင်ကြောင်း ပြောပါရစေ။
ကျွန်တော်ကတော့ ဆေးပညာဆိုင်ရာ ဇာတ်အိမ်ထွင်မှုကို လေးစားပြီး မင်းသားသရုပ်ဆောင်မှုကို သဘောကျမိပါတယ်။

ဇာတ်လမ်းအကျဉ်း
__

နောက်ဆုံးနှစ် ဆေးကျောင်းသား အာဒိ ဟာ ဒေါသသိပ်ကြီးတတ်တဲ့ လူငယ်ဗီဇ နဲ့
မွေးဖွားလာသူပါ။ စာပေမှာလည်း တော်သလို အားကစားမှာလည်း ထူးချွန်ပါသေးတယ်။ ဒါပေမယ့် ဖြစ်သမျှ ဘောလုံးရန်ပွဲတွေကတော့ သူနဲ့ မကင်းခဲ့ရပါဘူး။

ဌာနမှူးက တော့ သြ၀ါဒတွေ အလီလီခြွေလို့။

" ဆေးပညာရပ်မှာ ဒေါသမထိန်းနိုင်တဲ့သူက ခွဲစိတ်ဓားကိုင်တဲ့ လူသတ်သမားနဲ့ တူတယ် အာဒိ "

ဒီလို ဆုံးမလည်း အာဒိ ကတော့ မထူးလှ။ ကိုယ့်ခံယူချက်နဲ့ကိုယ်မို့ ကျောင်းတစ်လ နားခံရလည်း ဂရုမစိုက်တတ်။

ဒီလိုနဲ့ တစ်နေ့မှာတော့ ပထမနှစ်ကျောင်းသူလေး မီရာ ကို တွေ့ခဲ့မိပါပြီ။ဒီတော့ အာဒိ  ဟာ မီရာ ကို သိပ်ချစ်တတ်ခဲ့တယ်။ ကမ္ဘာတစ်ခုလုံးကို အရှုံးပေးရလောက်အောင် အရူးအမူးပါပဲ။

    သူ စီးနေကျ ဆိုင်ကယ်လေးမှာ ခုံ ပိုလေးတပ်ပြီး သူ့ရင်ခွင်ထဲက မိန်းကလေးအတွက် သူ ဖန်တီးစေခဲ့တယ်။ လေပြေက တဖြူးဖြူး နဲ့ ဆိုင်ကယ်ရွေ့လာတဲ့အခါ
သီချင်းသံဟာလည်း လွင့်ပျံ့ လာခဲ့တယ်။

   လောကဟာ သိပ်သာယာတယ်။ အာဒိ နဲ့ မီရာ ကလည်း ကိုယ်စီ အပြုံးတွေနဲ့။
သိပ်ကို ကြည်နူးစရာကောင်းခဲ့တယ်။

  ဒါပေမဲ့ ကြမ္မာမုန်တိုင်းဟာ တဖြည်းဖြည်း ထန်လာတယ်။ မီရာ အဖေရဲ့ သဘောမတူမှုကြောင့် ကွဲကွာရမယ့် အခြေအနေဖြစ်လာခဲ့တယ်။ဒါဟာ အာဒိ တစ်ယောက် ပျက်စီးဖို့ လမ်းစပါပဲ။

   အာဒိ ဟာ အရက်ကို အလွန်အကျွံသောက်တယ်။ လက်ပြန်ကြောထဲ မူးယစ်ဆေးထိုးတယ်။ အဲ့ဒီနောက် ၂ ရက်လောက်
သတိလစ်ခဲ့တယ်။

   အာဒိ တစ်ယောက်ပြန်နိုးလာတဲ့အခါမှာ
သတိအရ ဆုံးက မီရာ ပါပဲ။  ဒါ့ကြောင့်
သူ အပြေးအလွှားသွားခဲ့တယ်။ ဒါပေမဲ့ သူမျှော်လင့်မထားခဲ့တဲ့ အခြေအနေတစ်ရပ်နဲ့ ဆုံတွေ့လာရတဲ့အခါ မှာတော့ …………။

   ဇာတ်လမ်းဟာ ဒီနေရာကစလို့ လူတစ်ယောက်ရဲ့ ကိုယ်တိုင်ဖျက်ဆီးမှု ကို ဆင့်ကဲရိုက်ပြသွားတယ်။ အိမ်ပေါ်က ဆင်းလာပြီး တိုက်ခန်းကျဉ်းလေးမှာ သူနေတယ်။ဆေးခန်းတစ်ခုမှာ အလုပ်လုပ်တယ်။ အရက်ကို အလွန်အကျွံဆက်သောက်တယ်။ ဒါပေမဲ့ နဂိုစိတ်အခံနဲ့ တော့
ငါးလေးတွေမွေးတယ်။

  ဒီလိုနဲ့ ဇာတ်အိမ်ဟာ သူရဲ့ ဆေးပညာရပ်ဆိုင်ရာ ကျွမ်းကျင်မှုနဲ့ သာမန်လူအနေအထား ပျက်စီးနေမှုကို တလှည့်စီရိုက်ပြသွားပါတယ်။

   ကျွန်တော့်အနေနဲ့ ဒီလို ဇာတ်ကားကို ရှုမြင်ရရင် Drama သက်သက် ခင်းကျင်းထားတာ မဟုတ်ပဲ စိတ်ခံစားမှုကြောင့် ဆေးပညာရပ်မှာ ထိခိုက်တာမျိုး ကိုပါ မီးမောင်းထိုးပြနိုင်တဲ့ ဇာတ်အိမ်မျိုးနဲ့ပါ။

  ဒီဇာတ်ကားမှာ ကျွန်တော် က ဇာတ်ကောင်ကို သဘောကျတယ်။ သူက ပျက်စီးခဲ့ပြီ။ သူက အချစ်ကို မယုံတော့ပြီ။ ဒါပေမဲ့ သူက သူရဲ့ profession ကို လေးစားတယ်။ လူနာတွေကို တတ်နိုင်သမျှ ရှင်းပြတယ်။ အမှားဖြစ်ရင်လည်း သူ ၀န်ခံနိုင်ခဲ့တယ်။ တနည်းအားဖြင့် ဆေးပညာဆိုင်ရာ လူတန်းစားဟာ အမြဲတမ်းမြင့်မြတ်နေတဲ့သူ မဟုတ်ဘဲ ကောင်းဆိုးနှစ်တန် ဖြစ်နေတာကို ခံစားမိပါတယ်။

  အထက်ပါ အကြောင်းအရပ်တွေကြောင့်
ဇာတ်ကောင်ကို သဘောတွေ့ခဲ့ပြီး ဇာတ်အိမ်ကျောရိုးကိုတော့ ထူးထူးခြားခြား မတွေ့ခဲ့ပါဘူး။ ဒါပေမဲ့ အတော်အတန်ကြည့်ကောင်းတဲ့ ကားအနေနဲ့တော့ မှတ်မိနေမှာပဲ ဖြစ်ပါတော့တယ်။

( အရက်အကျွံသောက်မှု /ဆေးသုံးစွဲမှု /မိန်းမကိစ္စ ပွေရှုပ်မှုတွေအတွက် အရွယ်ရောက်ပြီးသူသာ ကြည့်သင့်ပါတယ် )

#Credit

ဇာတ်လမ်းအညွှန်း Only

28 Aug, 15:08


Inside Man (2023)

ရဲတွေကလူဆိုးတွေကြားထဲမှာအသွင်ယူပြီးအမှုတွေကိုဖော်ထုတ်စုံစမ်းတဲ့ကားတွေကိုကြည့်ဖူးကြမှာပါ။ဒီကားကတော့အဲ့လိုကားတွေထဲမှာတော်တော်မိုက်တဲ့ဇာတ်ကားပဲဖြစ်ပါတယ်။ဘော်ဘီဆိုတဲ့ရဲတစ်ယောက်ကသူ့မိန်းမနောက်ယောက်ျားတစ်ယောက်နဲ့ဖောက်ပြန်နေတာကိုလက်ပူးလက်ကြပ်မိပြီးတဲ့နောက်မှာသူ့မိန်းမနဲ့ဖောက်ပြန်နေတဲ့ကောင်ကိုစိတ်လွတ်ကိုယ်လွတ်ထိုးနှက်ခဲ့ပါတော့တယ်။အဲ့လိုနဲ့သူ့မိန်းမလဲသူ့ဆီကထွက်သွားသလိုရာထူးအချခံရပြီးရဲဌာနမှာစာရေးဘဝကိုရောက်သွားပါတော့တယ်။ဒီလိုနဲ့စိတ်ပျက်လက်ပျက်ဘားမှာသောက်စားမူးရူးနေတုန်းအိမ်သာထဲမှာလူနှစ်ယောက်ရန်ဖြစ်နေတာကိုမြင်ပြီးခံရတော့မဲ့လူဘက်ကဝင်ထိုးပြီးအားရပါးရဆွမ်းကြီးထပ်လောင်းပြန်ပါတော့တယ်။ဖြစ်ချင်တော့သူကူညီပေးလိုက်တဲ့လူကသူတို့မြို့မှာကြီးစိုးနေတဲ့လူဆိုးအဖွဲ့ထဲကအဖွဲ့သားတစ်ယောက်ဖြစ်နေပါတယ်။ဒီလိုနဲ့ဘော်ဘီလဲသူတို့အကြောင်းတွေကိုစုံစမ်းကြည့်ရင်းနဲ့အသွင်ယူပြီးတစ်ဖွဲ့လုံးကိုဖမ်းဖို့ဆုံးဖြတ်ခဲ့ပါတော့တယ်။အဲ့လိုမှသူရာထူးလဲပြန်တက်ပြီးသူ့မိန်းမကိုရမယ်လို့တွေးနေခဲ့ပြီးကြိုးစားပမ်းစားအသွင်ယူလုပ်ကိုင်ပါတော့တယ်။အဲ့လိုအသွင်ယူနေရင်းနဲ့တွေ့ကြုံလာရတဲ့အတွေ့အကြုံတွေ တစ်ခါတစ်လေအဲ့ဒီလူဆိုးဘဝကိုပဲစိတ်ပါမလိုဖြစ်သွားခဲ့တဲ့အချိန်တွေစသဖြင့်ဘော်ဘီတစ်ယောက်ကြုံတွေ့ခဲ့ရတဲ့အတွေ့အကြုံတွေကိုတွေ့ရမဲ့အပြင် နောက်ဆုံးမှာရောသူလိုက်နေခဲ့တဲ့လူဆိုးအဖွဲ့ကဘယ်လိုဖြစ်သွားမလဲဆိုတာကိုကြည့်ရှုရမှာပဲဖြစ်ပါတယ်။

ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Eazy ဖြစ်ပါတယ်

#Credit

ဇာတ်လမ်းအညွှန်း Only

28 Aug, 12:06


Lakshya  (2021)

Drama/Sport ‧ 2h 32m  6,9/10   I,MD
အခုတင်ဆက်ပေးလိုက်တဲ့ sports drama ဇာတ်ကားကောင်းမှာတော့
ပါရမီရှင်မြှားပစ်အားကစားသမားတစ်ယောက်ရဲ့ချန်ပီယံဖြစ်ဖို့ကြိုးစားခဲ့ရတဲ့ဘဝဇာတ်လမ်းနဲ့
ဖြစ်လေ့ဖြစ်ထရှိတဲ့အတိုင်း လမ်းမှားကိုရောက်သွားတဲ့အခါ
သူ့ဘဝကိုလမ်းမှန်ရောက်အောင်ကြိုးစားခဲ့ရပုံတွေမြင်တွေ့ရမှာပါ

ပါဒူဆိုတဲ့ကောင်လေးဟာ မိဘတွေမရှိတော့ဘဲ အဘိုးရဲ့လက်ပေါ်မှာကြီးပြင်းလာခဲ့သူတစ်ယောက်ပါ
ပါဒူရဲ့အဖေက မြှားပစ်ကမ္ဘာ့ချန်ပီယံဖြစ်ချင်ခဲ့ပြီး သူ့အဖေရဲ့မဖြည့်ဆည်းနိုင်ခဲ့တဲ့ပန်းတိုင်အိပ်မက်ကို
ပါဒူက ဖြည့်ဆည်းပေးနိုင်ဖို့ သူ့အဘိုးကအိပ်မက်မက်ခဲ့ပါတယ် ပါဒူကလည်း အဖေအတိုင်းပဲ ငယ်ငယ်ကတည်းက
မြှားပစ်သိပ်တော်ခဲ့တာကြောင့် သူ့အဘိုးက ရွာမှာရှိတဲ့လယ်နဲ့အိမ်တွေအားလုံးကိုရောင်းချပြီး
ပါဒူကို မြှားပစ်သင်တန်းကျောင်းပို့ခဲ့ပါတယ် လောကကြီးမှာ ဒီမြေးနဲ့ဒီအဘိုးပဲရှိကြတဲ့အတွက်
ပါဒူဟာ အဘိုးကိုသိပ်တွယ်တာခဲ့ပါတယ် ပါဒူတစ်ယောက် ပြည်နယ်မြှားပစ်ချန်ပီယံဖြစ်ပြီး
ဘဝတတ်လမ်းကို ပထမခြေလှမ်းစတဲ့အချိန်မှာပဲ သူ့အဘိုးက ရုတ်တရက်နှလုံးဖောက်ပြီးဆုံးပါးသွားခဲ့ပါတယ်

ပါဒူအတွက် ကောင်းကင်ကြီးပြိုသလိုဖြစ်သွားခဲ့ပြီး မြှားပစ်အားကစားကို သူအာရုံမစိုက်တော့တဲ့အချိန်မှာ
လမ်းမှားရောက်သွားခဲ့တဲ့ ပါဒူရဲ့ဘဝ ဘယ်လိုဆက်ဖြစ်မလဲဆိုတာကိုတော့ ဒီဇာတ်ကားမှာခံစားအားပေးကြပါဦးနော်

#Credit

ဇာတ်လမ်းအညွှန်း Only

27 Aug, 15:45


Sanam Teri Kasam (2016)

ဒီတစ်ခါမှာတော့ BS Fan တွေအတွက် 2016 မှာ ထွက်ရှိထားတဲ့ အိန္ဒိယအချစ်ဇာတ်လမ်းကောင်းလေးကိုတင်ဆက်ပေးလိုက်ပါတယ် ဒီဇာတ်ကားလေးဟာ အချစ်ကိုအလွန်အကျူး ဖွဲသီရိုက်ကူးထားတဲ့ ဇာတ်ကားတစ်ကားလို ဆိုနိုင်ပါတယ်…

ဇာတ်ညွှန်းလေးနဲနဲပြောရရင် ရည်းစားရှိနေပြီဖြစ်တဲ့ ညီမဖြစ်သူကိုအိမ်ထောင်ပြုပေးဖို အစ်မ ဖြစ်တဲ့ ဆာရူးကို အရင်အိမ်ထောင်ပြုပေးမြှဖစ်မှာမို မိသားစုတွေက ဆာရူးအတွက် သတိုသားလောင်းရှာခဲ့ပါတယ်။

ပုံခပ်တုံးတုံး မိန်းခလေးတစ်ယောက်ဖြစ်တဲ့ ဆာရူးအတွက် အိမ်ထောင်ဘက်ရှာလိုမရခဲ့ပါဘူး။ ဒီအချိန်မှာပဲ သူတိုနေတဲ့တိုက်ခန်းနားကို ခပ်ဆိုးဆိုး လူငယ်တစ်ဦး ပြောင်းလာပါတယ်

လူငယ်ဟာ ခပ်၇ှုပ်ရှုပ် မိန်းခလေးတွေကို အခန်းကိုခေါ်လာလေ့ရှိတာကြောင့် ရှေးရိုးစွဲ လူကြီးဖြစ်သူ ဆာရူးအဖေ ဟာ လူငယ်ဖြစ်တဲ့ အင်ဒါကို ကြည့်မရဖြစ်နေခဲ့ပါတယ်။
တစ်ညမှာတော့ ဆာရူးဟာ သူ့အဖေကြည့်မရတဲ့ အင်ဒါရဲ့ အခန်းကို မနက်စောစော ရောက်သွားပါတယ်။

ဒါကို ပတ်ဝန်းကျင်က သူ့အဖေကိုပါ ခေါ်ပြလိုက်တဲ့အခါ ဖခင်ဖြစ်သူဟာအထင်လွဲပြီး ဆာရူးကို သေသူအဖြစ်သတ်မှတ်ပြီး အိမ်ပေါ်ကနှင်ချလိုက်ပါ တော့တယ်။အိမ်ကဆင်းလိုက်ရတဲ့ ဆာရူးကို အင်ဒါက အစအစလိုက်ကူညီပါတော့တယ်။

အင်ဒါ အခန်းကို ဆာရူးက အချိန်မတော်ဘာသွားလုပ်တာပါလဲ ဆိုတာ…..

အင်ဒါ ဆိုတာ ဘယ်လိုလူလဲဆိုတာ….

အင်ဒါနဲ့ ဆာရူးရဲ့ ပတ်သက်မှုက ဘယ်လိုဖြစ်သွားမယ်ဆိုတာ…

#Credit

ဇာတ်လမ်းအညွှန်း Only

27 Aug, 14:30


Gunjan Saxena- The Kargil Girl (2020)

ဒီတခါတော့ CMပရိတ်သတ်ကြီးအတွက်ဘောလိဝုဒ်ဇာတ်ကားကောင်းလေးတပုဒ်တင်ဆက်ပေးလိုက်ပါပြီ.ဇာတ်လမ်းလေးကိုတော့ ပိုင်းလော့ဖြစ်ချင်တဲ့မိန်းကလေးတစ်ယောက်ရဲ့ ကြိုးပမ်းမှုကို ရိုက်ပြပြီး
တင်ဆက်ထားတာပါ.ငယ်ငယ်တည်းက အဖေရဲ့အလိုလိုက်ချစ်မြတ်နိုးခြင်းကိုခံရတဲ့ ဂွန်ဂျူးဟာ မိန်းကလေးဖြစ်ပေမယ့်ပိုင်းလော့တစ်ယောက်ဖြစ်ချင်ခဲ့ပါတယ်.စာဆိုလဲ အရမ်းတော်ပေမယ့် သူ့ရဲ့တခုတည်းသောရည်ရွယ်ချက်က ပိုင်းလော့တစ်ယောက်ဖြစ်ဖို့ပါပဲ.ဒါပေမယ့်လည်း အန္ဒိယလိုနေရာမျိုးမှာ အမျိုးသမီးပိုင်းလော့ကရှားတာကြောင့် လူအတော်များများက ဝိုင်းတားခဲ့ကြပါတယ်.ဂွန်ဂျူးကတော့ လက်မလျှော့ခဲ့ပါဘူး.သူတို့နိုင်ငံရဲ့ ပိုင်းလော့တစ်ယောက်ဖြစ်ဖို့ အခြေခံလိုအပ်ချက်၁၀တန်းဆိုပေမယ့် ဂွန်ဂျူးသွားလျှောက်ချိန်မှာ၁၁တန်းထိအောင်ဖို့ လိုနေခဲ့ပါတယ်.ဒါကြောင့် ဂွန်ဂျူးကလဲ ၁၁တန်းကို ဆက်တက်ပြီး အောင်မြင်ခဲ့ပါတယ်.ထပ်သွားလျှောက်ချိန်မှာလဲ တခြား ပညာရေးအဆင့်တွေလိုအပ်နေသေးတာကြောင့် ဂွန်ဂျူးက နှစ်အတော်ကြာကြိုစားခဲ့ပါတယ်.နောက်ဆုံး ပညာရေးအဆင့်တွေ မှီသွားတဲ့အချိန်မှာတော့ပိုင်းလော့သင်တန်းစရိတ်ကြောင့် သူဟာ နှစ်များစွာကြိုးစားခဲ့သမျှကိုလက်လျှော့ရမလို ဖြစ်နေခဲ့ပါတယ်.ဂွန်ဂျူးသူ့ရည်ရွယ်ချက်ကို ဘယ်လိုဘယ်ပုံကြိုးစားအားထုတ်ခဲ့တယ်ဘယ်အထိ ဖိနိုပ်ခံခဲ့ရတယ် ဂွန်ဂျူးရဲ့အာဂသတ္တိကိုလေးစားဖွယ်တင်ဆက်ပြသထားတဲ့အန္ဒိယဇာတ်ကားလေးမို့ ကြည့်ဖြစ်အောင်ကြည့်ဖို့ညွှန်းလိုက်ပါရစေဗျာ.

#Credit

ဇာတ်လမ်းအညွှန်း Only

25 Aug, 15:44


ဒီကားရဲ့ ဒါရိုက်တာက John Carpenter။ နာမည်ကျော် Franchise ဖြစ်တဲ့ Halloween ရဲ့ ပထမဆုံးကားကို ရေးသားရိုက်ကူး အသက်သွင်းခဲ့တဲ့သူလည်းဟုတ်တယ်။ Escape from New York, The Thing, They Live စတဲ့ နာမည်ကြီးကားတွေကိုလည်းရိုက်ခဲ့တယ်။ The Thing ဆို အခု တော်တော်များများကြိုက်ကြတဲ့ Sci-Fi Horror ကားပဲမလား။ မာစတာပိစ်ကားတစ်ကားလည်း ဟုတ်တယ်။ ထူးတာက သူ့ရုပ်ရှင်အများစုက Science Fiction ဆိုတဲ့စကားလုံးနဲ့စတာများတယ်။ Horror များပေမဲ့ Science Fiction Action, Science Fiction Drama အစရှိတာတွေကိုလည်းရိုက်ခဲ့တယ်။ သူ့ကားတော်တော်များများကလည်း ထူးထူးဆန်းဆန်းတွေချည်း။ သူ့ကို Horror ဆရာတစ်ပါးလို့ပြောရင်လည်းမမှားဘူး။ ဒီကားကတော့ သူ့ရဲ့ Supernatural Horror Film ကားပေါ့။ Cult Classic ဖြစ်လာတဲ့ ကားတစ်ကားလည်း ဟုတ်သလို ၂၀၀၅ မှာလည်း ဒီကားကို Remake ပြန်လုပ်ခံခဲ့ရတယ်။အန်တိုနီယိုဘေး ကမ်းခြေမြို့လေးဟာ မြို့စတည်တည်းက သူ့နည်းသူ့ပုံနဲ့ အစဉ်တိုးတက်ကြီးပွားလာခဲ့တာ မြို့သက်တမ်း နှစ်တစ်ရာတိုင်လာခဲ့ပြီ။ ဆိတ်ငြိမ်တဲ့ဒီမြို့လေးနဲ့ သူတို့မြို့သားတွေအတွက် နှစ်တစ်ရာပြည့် အထိမ်းအမှတ်ပွဲဟာ စိတ်လှုပ်ရှားစရာတစ်ခု ဖြစ်နေသလို၊ မြို့လူကြီးတွေကလည်း ကြေကွဲဖွယ်အဖြစ်ဆိုးနဲ့ စတင်ခဲ့တဲ့ သူတို့မြို့ရာဇဝင်နဲ့အတူ အန်တိုနီယိုဘေးကို စတင်တည်ထောင်ခဲ့ကြသူ ဘိုးဘေးတွေကိုပါ အထူးဂုဏ်ပြုဖို့ ပြင်ဆင်နေကြတယ်။အဲဒီလို သက်တမ်းနှစ်တစ်ရာပြည့်မယ့်အချိန်နဲ့ နီးကပ်လာချိန် သူတို့မြို့အမှီသဟဲပြု ရှင်သန်နေကြတဲ့ ပင်လယ်ပြင်ထဲမှာလည်း ဆန်းကြယ်တဲ့ဖြစ်ရပ်တစ်ခုက ဖြစ်ပေါ်လာနေတယ်။ လောကနိယာမတွေနဲ့ ဆန့်ကျင်နေသယောင် မြူခိုးထုကြီးတစ်ခုဟာ အန်တိုနီယိုဘေးနဲ့တစ်ဝိုက် ရေပြင်နားမှာ အဖြေရှာရခက်စွာ ပေါ်လာတတ်ပြီး သေကျေပျက်စီးမှုတွေကို ချန်ရစ်ပြီးတော့ ပြန်လည်ပျောက်ကွယ်သွားတတ်တာကို သိထားကြသူတချို့က ဒီမြူနဲ့ပတ်သက်တဲ့မေးခွန်းတွေအတွက် အဖြေရှာဖို့ အပူတပြင်းကြိုးစားနေချိန် သူတို့မြို့လေးရဲ့ရာဇဝင်ထဲက ဘယ်သူမှမသိထားကြတဲ့ ယုတ်မာရက်စက်တဲ့ လျှို့ဝှက်ချက်တစ်ခုကလည်း တစ်စထက်တစ်စ ပေါ်ထွက်လာခဲ့တယ်။ အဲဒီလို သဘာဝလွန်မြူနဲ့ ဒီလျှို့ဝှက်ချက်က ဆက်စပ်မှုရှိနေမှန်း သူတို့တွေရိပ်မိလာကြချိန်မှာပဲ ဒီမြူခိုးထုကြီးက ပင်လယ်ပြင်ကခွာပြီး အန်တိုနီယိုဘေးအပေါ် လွှမ်းခြုံလာတော့တယ်။
(ဒီဇာတ်ကားနဲ့အညွှန်းကို Costanza မှ ပြန်ဆို ရေးသားထားပါတယ်)

#Credit

ဇာတ်လမ်းအညွှန်း Only

25 Aug, 15:36


ပျောက်ဆုံးသွားလေသော (消失的她)Lost In The Stars 2023 ရုပ်ရှင်

ဇာတ်လမ်းအညွှန်း

အောင်မြင်တဲ့ဗိသုကာပညာရှင် ဟယ်ဖေး (Zhu YiLong) နဲ့ ဇနီးဖြစ်သူ လီမုကျစ် (Janice Man) တို့ဟာ သူတို့ရဲ့ မင်္ဂလာနှစ်ပတ်လည်နေ့အတွက် နိုင်ငံရပ်ခြားကို ခရီးထွက်လာခဲ့ပြီးနောက်မှာတော့ ထူးဆန်းတဲ့ ယာဥ်မတော်တဆမှုတစ်ခုနဲ့ ကြုံရပြီး လီမုကျစ် ပျောက်ဆုံးသွားခဲ့ပါတယ်။

လီမုကျစ် ပျောက်ဆုံးသွားတဲ့အချိန်ကစလို့ ဟယ်ဖေးဟာ ဇနီးဖြစ်သူကို လိုက်ရှာခဲ့ပေမဲ့ လုံးဝရှာမတွေ့ခဲ့ပဲ တစ်လကြာတဲ့အချိန်မှာ လီမုကျစ်နဲ့ တစ်ထပ်တည်းတူတဲ့ မျက်နှာနဲ့ မိန်းမတစ်ယောက်ဟာ ဟယ်ဖေးအိမ်ကိုရောက်လာခဲ့ပြီး မှတ်ပုံတင်ပြကာ သူဟာ ဟယ်ဖေးရဲ့ဇနီး လီမုကျစ်ဖြစ်ကြောင်းပြောခဲ့ပါတယ်။

ဒါပေမဲ့ ဟယ်ဖေးဟာ သူ့မျက်စိရှေ့က ဒီအမျိုးသမီးဟာ ဇနီးဖြစ်သူ လီမုကျစ်မဟုတ်ဘဲ သူစိမ်းတစ်ယောက်သာဖြစ်ကြောင်း တွင်တွင်ပြောနေခဲ့ပါတယ်။

ဒါဆိုရင် လီမုကျစ်အစစ်က‌‌ရော ဘယ်ရောက်သွားတာလဲ?

အိမ်ထဲမှာရောက်နေတဲ့ အမျိုးသမီးကရော သူ့ကိုယ်သူ လီမုကျစ်ပါလို့ ဘာဖြစ်လို့ပြောရတာလဲ?

သူနဲ့ဟယ်ဖေးကြားမှာ လူသိမခံဝံ့တဲ့ ဘယ်လိုမျိုး လျှို့ဝှက်ချက်တွေရှိသလဲ?

ဒီမေးခွန်းတွေနဲ့ ဟယ်ဖေးတစ်ယောက်အကြပ်ရိုက်နေတုန်း ချန်မိုက် (Ni Ni) ဆိုတဲ့ ထိပ်တန်းရှေ့နေတစ်ယောက်ဟာ လီမုကျစ်အစစ်ကို သူရှာပေးနိုင်တဲ့အပြင် ဒီအမှုရဲ့နောက်ကွယ်က အမှန်တရားကိုပါ ဖော်ထုတ်နိုင်တယ်ဆိုပြီး ဟယ်ဖေးဆီ‌ရောက်လာခဲ့ပါတယ်။

ဟယ်ဖေးကလည်း သူ့အိမ်က အမျိုးသမီးဟာ သူ့ဇနီးအစစ်မဟုတ်ဘူးလို့ ပြောနေသလို လီမုကျစ်ကလည်း ဟယ်ဖေးဟာ ဦးနှောက်မှာပြဿနာရှိတဲ့သူဆိုပြီး ချန်မိုက်ကို ပြောလာကြတဲ့အခါ သူတို့ ၂ ယောက်ကြား ဘယ်သူ့စကားကို ချန်မိုက်ယုံရမလဲ

ဟယ်ဖေးနဲ့ချန်မိုက်တို့ ဒီအမှုကိုစုံစမ်းနေတဲ့အချိန်မှာ လူကုန်ကူးမှု၊ မျက်နှာခွဲစိတ်ပြီး ပလတ်စတစ်ဆာဂျရီလုပ်မှု၊ လူကို Brain Wash လုပ်တဲ့ စမ်းသပ်မှု စတာတွေ ပါလာတဲ့အခါမှာ‌ ဒါတွေရဲ့နောက်ကွယ်က အဖြစ်မှန်ကို သူတို့ ၂ယောက်ဖော်ထုတ်နိုင်ပါ့မလား

ဟယ်ဖေးနဲ့ ချန်မိုက်ကြားမှာရော ဘယ်လိုဇာတ်လမ်းတွေဖြစ်လာဦးမလဲဆိုတာတော့ ဒီဇာတ်လမ်းမှာ ပရိသတ်ကြီးအားပေးကြပါဦး

သည်းထိပ်ရင်ဖိုဇာတ်လမ်းဖြစ်တဲ့အပြင် နာမည်ကြီးသရုပ်ဆောင်တွေသာ ပါဝင်ထားတာမို့လို့ ပရိသတ်ကြီး အကြိုက်တွေ့ကြမယ့်ဇာတ်လမ်းကောင်းလေးပဲ ဖြစ်ပါတယ်

#ReviewbyAyeChanEain
#LostInTheStars
#消失的她
#Movies
#SoulKingdomMovie

ဇာတ်လမ်းအညွှန်း Only

25 Aug, 12:53


Kahaani [2012]

IMDB: 8.1/10

၂၀၁၂ ခုနှစ်တုန်းက ထွက်ရှိခဲ့တဲ့ Kahaani ဆိုတဲ့
အိန္ဒိယဇာတ်လမ်းလေးကတော့ သည်းထိတ်
ရင်ဖိုဇာတ်လမ်းမျိုးဖြစ်ပေမယ့် မင်းသား
ဟီးရိုးလုပ်လေ့ရှိတဲ့ တခြား အိန္ဒိယ
ဇာတ်လမ်းတွေနဲ့ ကွာပါတယ်။

ဇာတ်လမ်းထဲမှာ အဓိကဇာတ်ဆောင်က
မင်းသမီးပါ၊ မင်းသမီးဇာတ်ပေါ့။
ပိုထူးခြားတာက အဲဒီအဓိကဇာတ်ကောင်က
ကိုယ်၀န်ဆောင်အမျိုးသမီးတစ်ယောက်
ဖြစ်နေတာပါပဲ။

Kahaani ဇာတ်လမ်းကို ရုံတင်ပြသချိန်က
ရက် ၅၀ အတွင်းမှာပဲ တစ်ကမ္ဘာလုံးအတိုင်း
အတာနဲ့ အမေရိကန်ဒေါ်လာ ၁၄ သန်း ၀င်ငွေ
ရရှိခဲ့ပါတယ်။

ပြီးတော့ အကောင်းဆုံးမင်းသမီးဆုနဲ့
အကောင်းဆုံး ဒါရိုက်တာဆုတွေအပါအ၀င်
အိန္ဒိယပြည်တွင်းကပေးတဲ့ ဆုပေါင်းများစွာကိုလည်း
ရရှိထားပါတယ်။

ဇာတ်လမ်းထဲမှာတော့ ခင်ပွန်းသည်
ပျောက်ဆုံးမှုကြောင့် လန်ဒန်ကနေ
အိန္ဒိယနိုင်ငံ ကောကတ်တာမြို့အထိ
ရောက်လာတဲ့ မတ်မတ်ဗိုက်တစ်ယောက်
ဘယ်လို အန္တရာယ်တွေနဲ့ ရင်ဆိုင်ရမှာလဲ၊

ဘယ်သူကရန်သူ ဘယ်သူက
မိတ်ဆွေဖြစ်လာမလဲ၊

လူပေါင်းများစွာကို သေစေခဲ့တဲ့ အဆိပ်ငွေ့
တိုက်ခို်က်မှုကြီးနဲ့ ဘယ်လိုဆက်နွယ်
ပတ်သက်နေသလဲဆိုတာတွေကို
စိတ်၀င်စားဖွယ်ရာ ကြည့်ရူရမှာပါ။

အဲဒီထက်စိတ်၀င်စားစရာကောင်းတာက
မတ်မတ်ဗိုက်မှာရော ဘယ်လိုလှည့်ကွက်လေး
တွေရှိနေမလဲဆိုတဲ့အချက်ပါ။

အဲဒါကိုသိရဖို့တော့ ကိုယ့်ဘာသာကိုယ်ပဲ
ရင်တထိတ်ထိတ်ကြည့်ရှုလိုက်ပါနော်..

အိန္ဒိယကားတွေရဲ့ထုံးစံအတိုင်း ဒရမ်မာလေး
နည်းနည်းပါပေမယ့် အရမ်းကြီးဒရမ်မာ
ချိုးတာမျိုး မရှိပါဘူး။

သည်းထိတ်ရင်ဖို အမှုလိုက်ခန်းတွေမှာ
ဒရမ်မာလေး နည်းနည်းပါးပါးဖောက်ထားရုံ
လောက်ပါပဲ။

နောက်ပြီး ထကတဲ့ဇာတ်၀င်ခန်းတွေ
မပါတာကြောင့် တခြားအိန္ဒိယဇာတ်လမ်းတွေ
ထက် ပိုထူးခြားတယ်လို့ ဆိုရမှာပါ။

#Credit
#ChannelMyanmar

ဇာတ်လမ်းအညွှန်း Only

25 Aug, 12:12


ဂျိမ်းစ်ဘွန်းမင်းသားကြီး ဒန်နီရယ်ခရိတ်သရုပ်ဆောင်ထားတဲ့ ၂၀၁၁ခုနှစ်ထွက် ပဟေဠိ သည်းထိတ်ရင်ဖိုဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ၀ယ်လ်အေတန်တန်ဟာ နယူးယောက်မြို့ ပုံနှိပ်တိုက်ရဲ့ အောင်မြင်တဲ့အယ်ဒီတာတစ်ယောက်ပါ။ ၀ယ်လ်တစ်‌ယောက် သူရေးနေတဲ့စာအုပ်ကို အပြည့်အ၀အာရုံစိုက်နိုင်အောင်နဲ့ ဇနီးဖြစ်သူ လစ်ဘီနဲ့ သမီးနှစ်ယောက်ဖြစ်သူ ထရစ်ရှ်နဲ့ ဒီဒီးတို့အတွက် ပိုပြီးအချိန်ပေးနိုင်ဖို့ရာ အလုပ်ထွက်ခဲ့ပြီး ဖဲဖီးလ်စီရင်စုမှာရှိတဲ့ တောအုပ်အနီးက အိမ်လေးဆီပြန်လာခဲ့ပါတယ်။ ဒါပေမယ့် ၀ယ်လ်ပြန်ရောက်လာပြီး မကြာခင်မှာပဲ ၀ယ်လ်တို့အိမ်နားကို လာစောင့်‌ကြည့်နေတဲ့သူတစ်ယောက်ရှိနေပြီး အိမ်နီးနားချင်းတွေဟာလည်း အနည်းငယ်ထူးဆန်းနေပါတယ်။ အကြောင်းစုံစုံစမ်းကြည့်တော့မှ ၀ယ်လ်တို့အိမ်မှာ လွန်ခဲ့တဲ့၅နှစ်က လူသတ်မှုတစ်ခုဖြစ်ခဲ့ပြီး မိသားစုတစ်စုလုံးသတ်ခံခဲ့ရတာကို သိရှိလိုက်ရပါတယ်။

ဒီလိုနဲ့ ၀ယ်လ်တစ်ယောက် ဒီဖြစ်ရပ်တွေရဲ့နောက်ကွယ်ကအကြောင်းအရာတွေကို ဆက်လက်စုံစမ်း အဖြေရှာရင်း သူ့မိသားစုကိုကာကွယ်ပေးဖို့ ကြိုးစားပါတော့တယ်။ စာကြွင်း- စပွိုင်လာပါသွားမှာစိုးလို့ ရီဗျူးကို အရမ်းမညွှန်းထားပါဘူး၊ Plot Twistတွေက အပေါ်ကပြောထားသလို မရိုးရှင်းသလို ဇာတ်ကားကိုကြည့်ပြီးသွားတာတောင် အတွေးပေါင်းစုံနဲ့ ကျန်ခဲ့စေမှာမလို့ ပဟေဠိဆန်ဆန် သည်းထိတ်ရင်ဖိုကားတွေကိုမှကြိုက်တဲ့သူတွေအတွက်တော့ အကြိုက်တွေ့စေမှာအသေအချာပါပဲ။ ဒီကားက ဇာတ်အိမ်ပိုင်းနဲ့ သရုပ်ဆောင်ပိုင်းကိုအသားပေးထားပါတယ်။ ဒန်နီရယ်ခရိတ်ရဲ့သရုပ်ဆောင်ချက်ဟာ အပြစ်ပြောစရာမရှိအောင်ကောင်းသလို ၅နှစ်နဲ့၇နှစ်အရွယ် သမီးနှစ်ယောက်သရုပ်ဆောင်တာလည်း အတော်ပီပြင်လှပါတယ်။



File size…(1.3 GB)/(657 MB)

Quality….Webrip 1080p / 720p
Format…mp4
Duration….01:32:00
Genre...Mystery, Drama, Thriller
Subtitle….Myanmar Subtitle (Hardsub)
Encoder….Mr. Anderson
Translated by Steven Khant

1,836

subscribers

0

photos

0

videos