စင်ပေါ်က မြန်မာ
****
ဒီနိမိတ်ပုံလေးတွေ့လိုက်တော့
အရမ်း သဘောကျသွားတယ်
ကျတော်တို့ ငယ်ငယ်က
တယောက်ယောက်နဲ့ပြိုင်ငြင်းတာဖြစ်ဖြစ်
အနိုင်ရလို့ပဲဖြစ်ဖြစ်
ဂုဏ်ယူလို့ပဲဖြစ်ဖြစ်
ပြောလေ့ရှိခဲ့တဲ့ စကားတစ်ခုရှိပါတယ်
ငါတို့က
"On the elephant"လို့
ပြောခဲ့ကြပါတယ်
ဆင်ပေါ်က ဆိုတာက
State စင်မြင့်
စင်ပေါ်ကလို ပြောလိုရင်းဖြစ်ပါတယ်
.
၂၀၂၁ နောက်ပိုင်း ကျတော်တို့ မြန်မာနိုင်ငံက နိုင်ငံရေး စီးပွားရေး စစ်ရေး ဘာသာရေး လူမျိုးရေး စတဲ့ မျက်နှာစာတို့မှာ သိမ်ငယ်ခဲ့ရတယ် ရှုံးနိမ့်ခဲ့ရတယ်ဆိုတာ
လက်မခံချင်ပေမဲ့ လက်ခံရမဲ့ ပကတိအရှိတရားပဲဖြစ်ပါတယ်
.
အခုရက်ပိုင်းမှာ ပေါ်ထွက်လာတဲ့
"မတ်တပ်ရပ်နေတဲ့ ဆင်ပေါ်ကနေ မြန်မာနိုင်ငံတော် အလံတော် ကိုင်ဆောင်လွှင့်ထူထားတဲ့ မိန်းမပျိုလေး" နိမိတ်ပုံက
မြန်မာနိုင်ငံ ကပ်ဘေးတွေကနေ လွန်မြောက်တော့မယ်ဆိုတဲ့
.
နိမိတ်ပုံအရ
နိုင်ငံတော်တာဝန်ကို
ရယူထားတဲ့ နစကအစိုးရအဖွဲ့အနေနဲ့ ရည်မှန်းချက် ဦးတည်ချက်များအတိုင်း
အောင်မြင်အောင် ဆောင်ရွက်နိုင်ပါလိမ့်မယ်
.
၂၀၂၅ ခုနှစ်မှာ
နစကအစိုးရအဖွဲ့အနေနဲ့
နိုင်ငံရေး စစ်ရေး စီးပွားရေး
လူမှုရေး ပညာရေး တို့မှာ
အောင်မြင်မှုတွေရရှိတော့မယ်
အဆင့်တစ်ခုကို တက်လှမ်းတော့မယ် နိမိတ်ပုံအဖြစ်
ယူကောက်မိပါတယ်ဆိုတဲ့အကြောင်း ချစ်တဲ့အမျိုးများကို အသိပေးဝေမျှလိုက်ပါတယ်ခင်ဗျာ
.
.
ဇွဲကပင်မြေမှ ဆရာလှိုင်
(အမျိုးသားရေးဝါဒီ)
၁၃၈၆ ခုနှစ် နတ်တော်လဆန်း၆ ရက်
သောကြာနေ့
6.12.2024