ဒီကားလေးကတော့ child abuse အကြောင်းရိုက်ထားတဲ့ဇာတ်လမ်းလေးပါတကယ့်ဖြစ်ရပ်မှန်ကိုရုပ်ရှင်ရိုက်ထားတာဆိုတော့ ရင်ထဲတော်တော်ထိပါတယ်
(ဘာသာပြန်ရင်းမျက်ရည်တောင်ကျတယ် )သရုပ်ဆောင်တွေကလည်းတကယ့်အပိုအလိုမရှိသရုပ်ဆောင်ထားတာပါ message တွေအများကြီးနဲ့တကယ့်အနှစ်ကားလေးပါ
ကြည့်ပြီးရင် ရင်ထဲတစ်ခုခုတော့ကျန်ခဲ့မှာပါဇာတ်လမ်းအကျဉ်းချုံးကတော့ ဘတ်ဆန်းအာ(miss beak) ဟာလူသတ်ဖို့ကြိုးစားမှုနဲ့ထောင်ကျဖူးတဲ့အမျိုးသမီးတစ်ယောက်ငယ်စဉ်ကတည်းအကြောင်းအမျိုးမျိုးကြောင့်အမေအရင်းကနေစွန့်ပစ်တာကိုခံခဲ့ရတယ်ဒီလိုနဲ့ဘ၀ကိုဖြစ်သလိုရပ်တည်လာရင်းမထင်မှတ်ပဲအေးစက်နေတဲ့ဆောင်းညတစ်ညမှာလမ်းဘေးမှာထိုင်ပြီးခိုက်ခိုက်တုန်နေတဲ့ကိုးနှစ်အရွယ်မိန်းကလေးတစ်ယောက်နဲ့စတွေ့ခဲ့တယ်အဲ့ကလေးမလေးကလည်းအဖေအရင်းနဲ့အဖေဖြစ်သူရဲ့အတူနေရည်းစားရဲ့နှိပ်စက်မှုတွေကိုအရွယ်နဲ့မလိုက်အောင်ခါးစည်းခံနေရတဲ့ကလေးမလေးဒီကလေးမလေးကိုဘတ်ဆန်းအာကတွေ့သွားတဲ့အချိန်မှာဘတ်ဆန်းအာက သူ့မရဲ့အတိတ်ကဘ၀ကိုသတိရသွားပြီးဒီကလေးမလေးအပေါ်သနားသွားပါတယ်ဘတ်ဆန်းအာကဒီကလေးမလေးရဲ့ခန္ဓာကိုယ်ကဒဏ်ရာတွေကိုတွေ့ပြီးကလေးမလေးကိုနှိပ်စက်ကြတဲ့အကြောင်းကိုသိသွားပါတော့တယ်ဘတ်ဆန်းအာနဲ့ဒီကလေးမလေးတွေ့ပြီး ဘာတွေဆက်ဖြစ်မှာလဲ ဒီကလေးမလေးကိုရောဘတ်ဆန်းအာကကယ်တင်နိုင်မှာလားဘတ်ဆန်းအာကိုရော သူ့အမေကဘာလို့စွန့်ပစ်သွားခဲ့တာလဲဆိုတာတွေကိုတော့ ဇာတ်လမ်းထဲမှာပဲကြည့်ပေးကြပါဦး
#Crd