Latest Posts from MMWeather (@mmweather) on Telegram

MMWeather Telegram Posts

MMWeather
မိုးလေဝသနှင့်ရာသီဥတုဆိုင်ရာ သတင်းအချက်အလက်များကိုသာ မျှဝေတင်ပြပေးနေသည့် Channel ဖြစ်ပါသည်။
53,981 Subscribers
4,576 Photos
76 Videos
Last Updated 01.03.2025 00:56

Similar Channels

Kyaw Swar
197,077 Subscribers
BurmaNewsNetwork
15,055 Subscribers
Wai Yan Electronics
6,030 Subscribers

The latest content shared by MMWeather on Telegram


MMWeather ရဲ့ ၄ ရက်ကြိုတင်ကြည့်နိုင်သော မိုးလေဝသအခြေအနေ widget တွေမှာ -
ရှမ်းပြည်နယ် တောင်ပိုင်းနှင့် အရှေ့ပိုင်း၊ နေပြည်တော်၊ ကယားပြည်နယ် ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ တနင်္သာရီတိုင်းတွေမှာ ဖေဖေါ်ဝါရီ ၂၄ ရက်နေ့က စ ပြီး မိုးရွာနိုင်ကြောင်းတွေ့နေရပါပြီ။ တနင်္သာရီတိုင်းမှာတော့ ဒီနေ့က စ ပြီး မိုးရွာနိုင်တဲ့ အခြေအနေတွေရှိနေတာတွေ့ရပါတယ်။

အထက်ပါပြည်နယ်တိုင်းဒေသတွေထဲမှာ နေ့အပူချိန်တွေ ၃၅°C အထက်ကို တက်လာပြီး အပူချိန်လဲမြင့်လာတာကြောင့် မိုးတိမ်များဖြစ်လာတဲ့အခါ လေပြင်းတိုက်နိုင်ချေတွေလဲ ရှိလာပါတယ်။
https://www.mmweather.org/divisional-cities-weather

၂၀၂၅ ခုနှစ်၊ နှစ်အစပိုင်းမှ စတင်တဲ့ အအေးဓါတ်က အခုအချိန်အထိတော့ ဆက်လက်ရှိနေဆဲပါဘဲ၊ ၂၀၂၅ နှစ်အစပိုင်းရဲ့ ရာသီဥတုအခြေအနေက အားပျော့တဲ့ လာနီညာ ဖြစ်နေတာကလွဲရင် မေလ လောက်နှာ ပုံမှန်ရာသီဥတုအခြေအနေ(Neutral State)ကို ပြန်ရောက်မယ်ဆိုတဲ့ ကြိုတင်ခန့်မှန်းချက်တွေရှိနေတာကြောင့် ၂၀၂၅ ခုနှစ်အတွင်း ပုံမှန် မိုးရာသီကာလကို ဖြတ်သန်းရမယ်ဆိုတာ မျှော်လင့်ထားနိုင်ပါတယ်။

တပ်ဆင်ပြီး Weather Station များ၏ တိကျသော Sensor များက ယနေ့ ဖေဖေါ်ဝါရီ ၁၄ ရက် နံနက်အစောပိုင်းတွင် "DEW" ဟုခေါ်သော ရေစက်လေးများဖြစ်ပေါမှုအခြေအနေကို လှည်းကူးနှင့် မင်္ဂလာဒုံ station data များအရ သိရပါတယ်။

Temp vs Dew-point အနီးစပ်ဆုံး ကိုက်ညီပြီး ရေခိုးရေငွေ့များပါဝင်သည့်ပတ်ဝန်းကျင်(လှည်းကူး/မင်္ဂလာဒုံ)တွင် မနက် ၇ နာရီ၁၅ မိနစ်အချိန် စုဆောင်းရရှိသည့် "dew" (မြန်မာလိုဆောင်းနှင်းရည် ဟု ခေါ်ကြမည်ထင်ပါသည်) .. ၀.၀၀၄ လက်မခန့်(၀.၁ မီလီမီတာ)ရရှိကြောင်း တွေ့ရပါတယ်။

QUOTE from Previous post
"မနက်ပိုင်း အပူချိန်တွေကျပြီး Temperature နဲ့ Dew-Point ညီလာတဲ့အခါ မြေပြင်မှာ၊ သစ်ရွက်တွေပေါ်မှာ၊ အိမ်ခေါင်မိုးတွေ၊ ကားပေါ်တွေမှာ ရေစက်လေးတွေ သီးလာတာကို "Dew" လို့ခေါ်တယ်။ .. "
Previous post link: https://www.facebook.com/uwinnaing/posts/pfbid0271Lx9G4LCdbEFRu1iR6tKUU1R4AzWRJ1Sk8JvED8nt2KwKuyKtbjEZ4smTGZTnDJl

OR ...
https://www.mmweather.org/special-weather-situation/fog-weather#h.4uz98x7jsrc

မုန်တိုင်းများမရှိတဲ့ ဆောင်းတွင်းနဲ့ နွေရာသီမှာလဲ ရာသီဥတု/မိုးလေဝသဖြစ်စဉ်တွေ မြင်ကွင်းတွေက လေ့လာနေရတုန်းဘဲ။

မြန်မာပြည်မှာ နှင်းကျတာ(Snow fall)က ကချင်ပြည်နယ် မြောက်ဖျားမှာပဲရှိလို့၊ မဟုတ်ရင် ဆီးနှင်းတွေကျပြီး နွေမိုးဆောင်း ၃ ရာသီစလုံး အိမ်ထဲ ငုတ်တုတ်ထိုင်နေကြရတော့မှာ။
အဲ့ဒီတော့ ကြည့်လိုက်ကြရအောင် ...

=====
ဆောင်းနှင့် နွေရာသီအစပိုင်း(နွေဦးရာသီအချိန်အတွင်း) နံနက်အစောပိုင်းတွင်တွေ့ရတတ်သည့် ဖြူဖွေးနေသည့်တိမ်ကဲ့သို့သောအလွှာကို မြန်မာနိုင်ငံတွင် အမျိုးမျိုးခေါ်ကြသည်။
တချို့က နှင်း၊ ဆောင်းနှင်း၊ မြူ၊ မြူခိုးစသည်ဖြင့်သူ့အရပ်အလိုက်ခေါ်ဆိုအမည်ပေးထားကြသည်။

စိုက်ပျိုးရေးသမားများကလည်း မိုးမရွာသည့်ဆောင်းအကုန်-နွေအကူးကာလ နံနက်ခင်းတွင် စိုက်ပျိုးပင်ငယ်များအတွက် နံနက်ခင်းရေပေးသော "ဆောင်းနှင်းမိုး" "နှင်းမိုး" စသည့်နာမည်အပြင်၊ အသီးကင်း၊ အပွင့်တို့ကြွေကျခြင်းဖြစ်လျှင် "နှင်းခါးရိုက်သည်" ဟု သူ့အရပ်နှင့်သူ ဘိုးဘွားအစဉ်အဆက် ခေါ်ဆိုအမည်ပေးလာခဲ့ကြသည်။

အင်္ဂလိပ်ဘာသာတွင်လည်း ဆောင်းနံနက်ခင်း၏ မြင်ကွင်းအတွင်ပေါ်လာသမျှသော ရေခိုးရေငွေ့/မြူ/နှင်းစသည့် အရာတို့ကို Fog, Mist, Haze, Dew, Frost, Snow စသည်ဖြင့် ခွဲခြားခေါ်ကြသည်။

လေကြောင်းနှင့် ရေကြောင်းခရီးသွားလာမှုလုံခြုံရေးကို စီမံခန့်ခွဲတာဝန်ယူရသည့်အဖွဲ့အစည်းများက နိုင်ငံအလိုက်၊ ဘာသာအလိုက် မည်သို့ပင် ကွဲပြားစေကာမူ လေယာဉ်/သင်္ဘောများရင်ဆိုင်ရမည့် မိုးလေဝသဆိုင်ရာဝေါဟာရများ တပြေးညီဖြစ်စေရန် ဆောင်းနံနက်ခင်းမှ မြင်ကွင်းအားနည်းစေသည့်အရာများကို ထုတ်ပြန်ရာတွင် Fog, Mist, Haze, Snow စသည်ဖြင့် အသီးသီးခွဲခြားသတ်မှတ်ဖေါ်ပြသည်။
====

လောလောဆယ်တော့ အင်္ဂလိပ်ဘာသာနဲ့ ဒီလိုခွဲခြားထားတဲ့ ဝေါဟာရတွေတွေ့တယ် ..
Fog နဲ့ Mist ဆိုတာက အမြင်တာ(Visibility)အကွာအဝေးအနည်းအများပေါ်မူတည်ပြီး term က ကွဲသွားတယ်။
Fog ဆိုရင် ၁ ကီလိုမီတာအဝေးဆုံးမြင်ရပြီး၊ Mist ဆိုရင်တော့ ၁ ကီလိုမီတာထက်ပိုဝေးဝေးမြင်ရတယ်။
ဒါကြောင့် Light Fog, Thick Fog စသည်ဖြင့် ခွဲခြားခေါ်ကြတယ်။ Thick Fog ကျနေရင်တော့ ခရီးသွားများအန္တရာယ်ကင်းအောင် လေယာဉ်ကွင်းပိတ် လေယာဉ်တွေမတက်နဲ့/သင်္ဘောတွေကမ်းက မခွာနဲ့ပေါ့။

Haze ဆိုရင်တော့ လေထုထဲမှာပါတဲ့ အမှုန်အမွှားတွေကြောင့်(ရေခိုးရေငွေ့တွေကြောင့်မဟုတ်) မြင်ကွင်းက(ဓါတ်ပုံဆရာတွေအခေါ်နဲ့ဆိုရင် "ထုံ" နေတာပေါ့၊ ကြည်ကြည်လင်လင်မရှိဘူး)၊
အဲ့ဒီလိုဖြစ်စဉ်က ဒီနေ့ဖြစ်နေတဲ့ Air Pollution(လေထုညစ်ညမ်းမှု)နဲ့ဆက်နွယ်နေတယ်။

မနက်ပိုင်း အပူချိန်တွေကျပြီး Temperature နဲ့ Dew-Point ညီလာတဲ့အခါ မြေပြင်မှာ၊ သစ်ရွက်တွေပေါ်မှာ၊ အိမ်ခေါင်မိုးတွေ၊ ကားပေါ်တွေမှာ ရေစက်လေးတွေ သီးလာတာကို "Dew" လို့ခေါ်တယ်။

Frost ဆိုရင်တော့ ရေခဲမှတ်နားရောက်မှ မြေပြင်နဲ့ကပ်လျှက်က မြက်တွေ သစ်ရွက်တွေပေါ်မှာ ရေခဲမှုန်လေးတွေ စပြီး တွေ့လာရတာ။ နောက်တော့ ရေခဲတွေဖြစ်လာတယ်။ Frost ဆိုတာလဲ ချင်းပြည်နယ်/ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းလို ရေခဲမှတ်နားနီးတဲ့ ဒေသတွေမှာဘဲ အအေးလှိုင်းဖြတ်တဲ့အခါ မြင်နိုင်တယ်။

ဆောင်းရာသီ မြူဆိုင်း/မြူကျသည့်ကာလအတွင်း လေထုညစ်ညမ်းမှုနှင့်အတူတွဲလျှက်ဖြစ်လာတတ်သည့် "Smog"

ဖေဖေါ်ဝါရီလ ၁၂ ရက် ည ၉ နာရီ ၅၀ မိနစ်
====

ဆောင်းရာသီမှ နွေရာသီကူးပြောင်းချိန်အထိ ရာသီဥတုဖေါက်ပြန်မှုမရှိလျှင် ..
ဆောင်းရက်ရှည်ပြီး အအေးလွန်ကဲမှုမရှိ အအေးလှိုင်းဖြတ်ခြင်းမရှိ၊ နေ့လည်အထိ အေးစိမ့်စိမ့်နှင့်နေပျော်သောရာသီဥတုတွင် ကျနော်တို့ အေးအေးလူလူ၊ ရက်ကြာကြာနေကြရသည်။

အစွန်းရောက်ရာသီဥတုဖြစ်စဉ် -အယ်လ်နီညိုဖြစ်ပေါ်မှုမရှိ၊ အားပျော့သည့် လာနီညာရာသီဥတုနှင့် ပုံမှန်ရာသီရှိနေခြင်းကြောင့် ၂၀၂၅ ခုနှစ် နှစ်အစပိုင်း ဇန်နဝါရီလမှာပင် ရန်ကုန်မြို့၌ အနိမ့်ဆုံးအပူချိန် ၁၉ °C - ၂၀ °C ဝန်းကျင်တွင်သာ ရှိနေပြီး နေ့အပူချိန် အမြင့်ဆုံး ၃၄ °C ၃၅ °C ခန့်သာ မြင့်တက်ခဲ့သည်။ ဤသို့နေထိုင်၍ကောင်းနေသော ရာသီဥတုအတွင်း "လေထုညစ်ညမ်းမှု"တည်းဟူသော "ကြားရသည်နှင့် အသက်ရှုမဝ ဖြစ်ချင်လာသည့်အခြေအနေ"ကို ကျနော်တို့ပြည်သူအများစု သတိမမူ၊ ဂရုမထား၊ စိုးရိမ်စရာတခုအဖြစ်လည်း မမြင်ကြကြောင်း၊ ဂရုစိုက်သူနည်းပါးနေဆဲဖြစ်ကြောင်း တွေ့နေရသည်။

ဖေဖေါ်ဝါရီ လဆန်းလောက်မှ စတင်၍ ပြည်နယ်တိုင်းဒေသအချို့တွင် နေရာကြဲကြဲ မြူဆိုင်းခြင်း(Light Fog)စတင်လာသည်၊ တချို့နေရာတွင် မြူကျခြင်း သို့မဟုတ် မြူဆိုင်းမှု ထူထပ်ပြီး တချို့နေရာတွင် ပါးပါးကျသည်။ ဤနေရာတွင် ကျနော်လေ့လာပြီး မပြောဖြစ်သေးတာ တခု ကျန်သွားသည်။

မီးခိုး(Smoke)နှင့် မြူ(Fog)တို့ကိုပေါင်း၍နာမည်ပေးထားသော Smog ဟူသည့်မိုးလေဝသဖြစ်စဉ်တခုဖြစ်သည်။ ၂၀ ရာစုအစကတည်းက သိတ်သည်းမှုများသော လေထုညစ်ညမ်းမှုတခု(Intense air pollution)အဖြစ်လူသိများပြီး လူသူများကျန်းမာရေးအန္တရာယ်ရှိဖြစ်ရပ်တခုအဖြစ် သတ်မှတ်ထားသည့် Smog အကြောင်းကျနော် ပြောပြမှ ဖြစ်တော့မည်။

မီးခိုးပေါင်းစုံနှင့် မြူထုပူးပေါင်းပြီးဖြစ်လာသည့် Smog ကို မြန်မာလို ဘယ်လိုခေါ်ကြ/နားလည်ကြမှန်း ကျနော်မသိသေး၊
Smog ဆိုသည့် မြူလိုလို မီးခိုးလိုလို အငွေ့ထုထဲတွင် ... မြို့ပြနေ emphysema, bronchitis, and asthma စသည့် အဆုတ်နှင့်နှလုံးရောဂါ၊ လည်ချောင်းနာ၊ ပန်းနာရင်ကြပ်အခံရှိသူများအတွက် အန္တရာယ်များသော အနိမ့်ပိုင်း အိုဇုန်းဓါတ်ငွေ့၊ ဆာလ်ဖါဒိုင်အောက်ဆိုဒ်၊ နိုက်တြိုဂျင်ဒိုင်အောက်ဆိုဒ်နှင့် ကာဗွန်မိုနောက်ဆိုဒ် စသည့်ဓါတ်ငွေ့များပါဝင်နေသည်။

ရေခဲမှတ်အောက်ရောက်လုနီး အပူချိန်သို့ရောက်ရှိမှသာ ဖြစ်ပေါ်တတ်သည့် frost ခေါ် ရေခဲမှုန်များစုပေါင်း၍ခဲသွားတတ်သည့်အခြေအနေနှင့် မြူထု ထူထပ်စွာဖြစ်ပေါ်ခြင်းသည် အန္တရာယ်မရှိသော်လည်း လေထုညစ်ညမ်းခြင်းနှင့် ပေါင်းစပ်၍ဖြစ်ပေါ်လာသည့် Smog သည် အန္တရာယ်ရှိကြောင်း သဘောပေါက်လျှင်၊ ကာကွယ်ချင်စိတ်ဖြစ်ပေါ်လျှင် ရပါပြီ။ ကားအသွားအလာများသောလမ်းမကြီးများနှင့်နီးလျှင်၊ စက်ရုံ/လုပ်ရုံများနှင့်နီးလျှင်ဖြစ်ပေါ်တတ်သည့် Smog သည် တောင်ယာ/လယ်ကွင်းမီးရှို့ခြင်းကြောင့် ထွက်လာသည့်မီးခိုးများထက်များလျှင် Smog က ပို၍အန္တရာယ်များနိုင်ပေမည်။

ထို့ကြောင့် ..... Smog ဆိုသည့် မီးခိုးနှင့် မြူပေါင်းစပ်ထားသော သိတ်သည်းထူထပ်သည့်အရာကို နာမည်တခု ဝေါဟာရတခုပေးပြီး မှတ်ထားကြဘို့လည်း မြန်မာစာပညာရှင်ကြီးများမှ ဝိုင်းဝန်းစဉ်းစားပေးကြပါကုန်။

"မြူဆိုင်းခြင်း" နှင့် တိမ်အနိမ့်များဖြစ်ပေါ်ခြင်းအားလေ့လာခြင်း
ဖေဖေါ်ဝါရီ ၁၂ ရက်၊ ညနေ ၄ နာရီ
====

မြူဆိုင်းတာရယ်၊ လေထုညစ်ညမ်းတာရယ် တိမ်အနိမ့်ဖြစ်တာရယ် ဒီ ၃ မျိုးကို လေလုံးမကွဲသေးတဲ့သူတွေများနေသေးတာကြောင့် ရှင်းပြထားပါတယ်။
=====

🗒 "မြူဆိုင်းခြင်း" ဆိုသည်မှာ လေထုအတွင်းမှ ရေခိုးရေငွေ့များက သေးငယ်လွန်းလှသောရေစက်လေးများအဖြစ်ပြောင်းလဲကာ မြူဆိုင်းခြင်း ဟု ခေါ်သော မိုးလေဝသအခြေအနေတခုဖြစ်လာသည်။ များသောအားဖြင့် နံနက်အစောပိုင်း ၄ နာရီ ခန့်မှ စတင်ဖြစ်ပေါ်ပြီး၊ မြူထုထူထပ်သည့်(Thick Fog)ဖြစ်ပေါ်သည့်အခါ နံနက် ၈ နာရီ ၉ နာရီခန့်အထိ ဆက်လက်ဖြစ်ပေါ်နေတတ်သည်။

မြူဆိုင်းသည့်အခြေအနေဖြစ်ပေါ်ရန် -
🗒 လေထုအပူချိန်ကျဆင်းပြီး အေးမြလာရန်လိုသည်။ လေထုအပူချိန်သည် ငွေ့ရည်ဖွဲ့အမှတ်(Dew-Point)သို့ ရောက်ရှိလာရန်လည်းလိုအပ်သည်။ လေထုအပူချိန် Dew Point အပူချိန်သို့ရောက်ရှိသည့်အခါ ရေခိုးရေငွေ့များအသွင်ကို ဆက်လက်၍ထိန်းသိမ်းထားနိုင်စွမ်းလျော့ကျပြီး ရေမှုန်လေးများအဖြစ်ပြောင်းလဲလာသည်။ ဤအခြေအနေတွင် လေထုစိုထိုင်းဆ(Humidity)သည်လည်း မြင့်မားလာသည်။

🗒 ညဘက်အပူချိန်ကျဆင်းကာ အေးမြသည့် အပူချိန်ဖြစ်ပေါ်ပြီးနောက် နံနက်အစောပိုင်းနေရောင်ခြည်ကြောင့် အနည်းငယ်ပူနွေးလာသည့်အခါ လေထုစိုထိုင်းဆ humidity မြင့်တက်ပြီး ရေခိုးရေငွေ့များကို ပိုမိုထိန်းသိမ်းထားနိုင်သော်လည်း အေးမြသည့် မြေပြင်နှင့်လေထုလွှာတို့ကြောင့် ရေမှုန်များအဖြစ်ပြောင်းလဲသွားပြီး မြူဆိုင်းခြင်းဖြစ်ပေါ်သည်။

🗒 မြူဆိုင်းသည့်အခါ လေထုအတွင်းရေမှုန်များပါဝင်နေသဖြင့် အဝေးမြင်စွမ်း(Visibility)လည်းကျဆင်းလာသည်။


မြူဆိုင်းခြင်း(Fog Weather)ကို အင်္ဂလိပ်ဘာသာတွင် ဤသို့ ဝေါဟာရခွဲခြားသတ်မှတ်ထားပြီးမြန်မာလိုအနီးစပ်ဆုံးဘာသာပြန်ထားပါသည် -

🌨 Radiation Fog: ညအချိန်တွင်တွေ့မြင်ရပြီး မြေပြင်အပူချိန်ကျဆင်းသည့်အခါ မြေပြင်နှင့်နီးကပ်သည့်လေထုအတွင်းမှ ရေခိုးရေငွေ့များ ရေမှုန်လေးများအဖြစ်ပြောင်းလဲကာ မြူဆိုင်းခြင်းဖြစ်ပေါ်သည်။

🌨 Advection Fog: ရေခိုးရေငွေ့ကြွယ်ဝသည့် လေထုသည် အဆောက်အဦ၊ သစ်ပင်၊ ကန်ရေပြင် စသည့် အေးမြသည့်မျက်နှာပြင်တခုအပေါ်ဖြတ်သန်းသည့်အခါ ရေမှုန်လေးများအဖြစ်ပြောင်းလဲပြီး မြူဆိုင်းလာခြင်းဖြစ်သည်။

🌨 Upslope Fog: ရေခိုးရေငွေ့ကြွယ်ဝသည့်လေထုသည် ကုန်းစောင်း/ကုန်းမြင့်တခုသို့ တိုးဝင်တိုက်ခတ်သည့်အခါ လေထုအမြင့်သို့ရွေ့လျားလေ အေးလေဖြစ်လာပြီး ပါဝင်သည့် ရေခိုးရေငွေ့များ ရေမှုန်များအဖြစ်ပြောင်းလဲကာ မြူဆိုင်းခြင်းဖြစ်လာသည်။

🌨 Evaporation Fog: ပူနွေးသောရေပြင်ပေါ်သို့ အေးမြသည့်လေထုဖြတ်သန်းတိုက်ခတ်သည့်အခါ ရေပြြင်မှ ရေခိုးရေငွေ့ အငွေ့ပျံပြီးနောက် ငွေ့ရည်ဖွဲ့အမှတ်(Dew-point) နှင့်တိုက်ဆိုင်သည့်အခါ ကန်ရေပြင်ပေါ်ကပ်၍ မြူဆိုင်းခြင်းဖြစ်ပေါ်သည်။

🌨 Topography Fog: တောင်ကြားဒေသများသည် လေထုအအေးလွှာကို ထိန်းသိမ်းထားနိုင်ပြီး မြူဆိုင်းသည့်အခြေအနေကို မြင့်မားလာစေသည်။ နံနက်အစောပိုင်းနှင့် ညနေပိုင်းအေးလာသည့်အခါ တောင်ကြား/ချိုင့်ဝှမ်းဒေသများပေါ်တွင် မြူဆိုင်းခြင်းဖြစ်ပေါ်သည်။

🗒 တိမ်အနိမ့်(Low Clouds)များဖြစ်ပေါ်ခြင်းနှင့် မြူဆိုင်းခြင်းဘယ်လို ကွာခြားသလဲ?
တောင်ပေါ်ဒေသများတွင် နေထိုင်သူတို့ ဆောင်းရာသီနှင့်နွေဦးကာလအတွင်း တောင်ပေါ်သို့တက်သွားပြီးနောက် ပင်လယ်သဖွယ်ဖြစ်ပေါ်လျှက်ရှိသည့် တိမ်ထုအလွှာကြီးကို မိမိရောက်ရှိနေသည့် အမြင့်ပေအောက်တွင် တွေရတတ်ပြီး မြန်မာတို့က "တိမ်ပင်လယ်"ဟု တင်စားခေါ်ဝေါ်ကြ၏။

တိမ်အနိမ့်-low clouds သည် များသောအားဖြင့် အမြင့် မီတာ ၂၀၀၀(ပေ ၆၅၀၀)အောက်၊ မြေပြင်နှင့်အလွန်နီးကပ်သည်အထိ ဖြစ်ပေါ်လေ့ရှိသည်။ ဤအမြင့်ပေတွင် ဖြစ်ပေါ်တတ်သည့် တိမ်အမျိုးအစားများကို Stratus, Straocumulus နှင့် Nimbostratus တိမ်များဟုခေါ်ကြသည်။ တိမ်အနိမ့်ဖြစ်ပေါ်သည့်အခါ မြေပြင်နှင့်အလွန်နီးကပ်သောအခါတွင် မြူဆိုင်းခြင်း(Fog)နှင့်ရောထွေးသွားတတ်လေသည်။

တိမ်အနိမ့်ဖြစ်ပေါ်ခြင်းနှင့် မြူဆိုင်းခြင်းတို့အား အောက်ပါအတိုင်းနှိုင်းယှဉ်ကြည့်နိုင်သည် -

🗒 တိမ်အနိမ့်ဖြစ်ပေါ်ခြင်းသည် အမြင့်ပေ ၆၅၀၀ မှ မြေပြင်အထိဖြစ်ပေါ်နိုင်ပြီး မြူဆိုင်းခြင်းသည့် မြေပြင်အနီးကပ်၍ဖြစ်ပေါ်သည်။

🗒 တိမ်အနိမ့်များသည် မြင်စွမ်းကျဆင်းခြင်း ပြောင်းလဲမှုရှိသော်လည်းများသောအားဖြင့် ကောင်းသည်၊ "မြူဆိုင်းခြင်း"တွင် အဝေးမြင်စွမ်း ၁ ကီလိုမီတာထက်လျော့နည်းပြီး အများအားဖြင့် အဝေးမြင်စွမ်းမကောင်းပေ။

🗒 တိမ်အနိမ့်များကို Stratus, Stratocumulus တိမ်များအဖြစ်သတ်မှတ်ခေါ်ဝေါ်သော်လည်း၊ မြူဆိုင်းခြင်း ကို Radiation, Advection(Advection is the process by which an air mass moves horizontally, carrying heat, moisture, or other properties with it.)ဟု အဓိပ္ပါယ်ဖွင့်ထားသည်။

ဒီရက်ပိုင်းအတွင်း ကချင်ပြည်နယ်မှာသာ မိုးအနည်းငယ်ရွာနိုင်တဲ့အခြေအနေရှိပြီး ကျန်ပြည်နယ်နဲ့တိုင်းဒေသတွေမှာ "အချိန်အခါမဟုတ်မိုး"ရွာနိုင်မဲ့ အရိပ်အယောင်မတွေ့ရပါဘူး၊

ကချင်ပြည်နယ်မှာတော့ ရွာရန် ရာခိုင်နှုန်းတွေလဲ မြင့်ပါတယ် - https://www.mmweather.org/divisional-cities.../kachin-state

ပြည်နယ်တိုင်းအားလုံး ကြည့်ရန် https://www.mmweather.org/divisional-cities-weather

မြန်မာနိုင်ငံမှာ ပြည်နယ်တိုင်းဒေသများအလိုက်၊ နေ့အပူချိန်တွေအနည်းငယ်စီမြင့်တက်လာမယ်၊ ညအပူချိန်(မနက်စောစောအပူချိန်)တွေကတော့ ဆက်လက်ကျဆင်းနေပြီး အေးနေပါဦးမယ်။

အမြင့်ဆုံးဖြစ်နိုင်တဲ့ နေ့အပူချိန်များက မတ်လနဲ့ ဧပြီလတွေအထိ ၄၀ °C မကျော်နိုင်တာကြောင့် ၂၀၂၄ ခုနှစ်က အပူချိန်စံချိန်တင်မြင့်တက်ခဲ့တုန်းကလို အပူပြင်းမှာတော့ မဟုတ်နိုင်ကြောင်း ကြိုတင်ခန့်မှန်းရပါတယ်။

လက်ရှိ နောက်လာမဲ့ ၄ ရက်အတွင်း ရန်ကုန်တိုင်းမြို့နယ်အချို့မှာ နေ့အပူချိန်(အမြင့်ဆုံးအပူချိန်) ၃၅ °C အထိ ရှိလာနိုင်တာတွေ့ရပါတယ်။
https://www.mmweather.org/divisional-cities-weather/yangon-div

ပြည်နယ်ဒေသများရဲ့ နောက် ၄ ရက် ဖြစ်နိုင်မဲ့ မိုးလေဝသအခြေအနေများကို ကြည့်နိုင်ရန်လည်း တင်ပေးထားပါတယ် - https://www.mmweather.org/divisional-cities-weather

လှည်းကူး၊ ကမာရွတ်နှင့် မင်္ဂလာဒုံ လေထုညစ်ညမ်းမှုအခြေအနေ
(ဖေဖေါ်ဝါရီ ၈ ရက် ညနေ ၄ နာရီ ၄၅ မိနစ်)

ဖေဖေါ်ဝါရီလ ၁၀ ရက်နေ့မနက်အတွက်
⚠️ FOG WARNING ⚠️
(၂၀၂၅ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၈ ရက်၊ ညနေ ၄ နာရီခွဲ)
====

ဖေဖေါ်ဝါရီလ ၁၀ ရက် မနက်ပိုင်းမှာ အမြင့်မီတာ ၂၀၀၀ မှ ၆၅၀၀ ကြားမှာဖြစ်ပေါ်တတ်တဲ့ အလယ်အလတ်အမြင့်ကတိမ်(Medium Clouds)တွေ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊နေပြည်တော်၊ မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်တွေပေါ်မှာတျယ်ကျယ်ပြန့်ပြန့်ဖြစ်နိုင်မယ်လို့ တွေ့ရပါတယ်။

မြေပြင်ညီမှ မီတာ ၂၀၀၀ အမြင့်မှာဖြစ်တတ်တဲ့ တိမ်အနိမ့်(Low Clouds)တွေကိုတော့ ရန်ကုန်တိုင်းအရှေ့ပိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ ကယားပြည်နယ်၊ ရှမ်းပြည်နယ်တောင်ပိုင်း/အရှေ့ပိုင်းဒေသတွေပေါ်အထိ ဖြစ်နိုင်ကြောင်းတွေ့ရပါတယ်။

ဒီအခြေအနေက -
🔸 ရခိုင်ပြည်နယ်-ကျောက်ဖြူဒေသ၊ ဧရာဝတီတိုင်းအနောက်တောင်ဘက် ကမ်းရိုးတန်းဒေသတွေ၊ ရန်ကုန်တိုင်းအရှေ့ပိုင်း၊ ရှမ်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသတချို့မှာ မနက် ၄ နာရီမှ ၉ နာရီအတွင်း မြူဆိုင်းနိုင်(Fog ကျနိုင်)ပြီး အမြင်တာ(Visibility)လျော့နည်းနိုင်ပါမယ်။

🔸 ရန်ကုန်မြစ်၊ ပဲခူးမြစ်တလျှောက်နဲ့ ငမိုးရိပ်ချောင်း(ပုစွန်တောင်ချောင်း)တလျှောက်မှာ မနက် ၄ နာရီမှ ၉ နာရီအထိ မြူဆိုင်းခြင်းဖြစ်ပေါ်နိုင်တာကြောင့် မြစ်ချောင်းအတွင်းမှာအဲ့ဒီအချိန်သွားလာကြမဲ့ လှေ/သင်္ဘောများ အမြင်တာ(Visibility)ကျဆင်းလျော့နည်းနိုင်တာကြောင့် သတိဖြင့်ခုတ်မောင်းသွားလာကြပါရန် အသိပေးတင်ပြလိုက်ပါတယ်။

ရှို့နေကြသမျှမီးခိုးတွေက လေသင့်ရာကိုဆက်လွင့်လာပြီး AQI(လေထုညစ်ညမ်းမှုအညွှန်းကိန်း)တွေ မြင့်နေမှာပါဘဲ၊ Alert Email တွေက နေ့တိုင်းဝင်နေတာ။
(ဒီနေ့ ရတဲ့ မကွေးတိုင်းက VIIRS fire alert)