Últimas Postagens de Mechanical Engineer (@mecengr) no Telegram

Postagens do Canal Mechanical Engineer

Mechanical Engineer
3,158 Inscritos
109 Fotos
40 Vídeos
Última Atualização 11.03.2025 07:40

Canais Semelhantes

Thanlyin Media
1,509 Inscritos
Step Fashion
1,305 Inscritos

O conteúdo mais recente compartilhado por Mechanical Engineer no Telegram

Mechanical Engineer

25 Oct, 13:06

2,989

Ford Focus ကားအကြောင်း

အမေရိကန် အခြေစိုက် Ford ရဲ့ ထုတ်လုပ်မှု ဖြစ်ပြီးတော့ ၁၉၉၈ ခုနှစ်ကနေ စတင် ထုတ်လုပ်ခဲ့တာ ဖြစ်သလို ကိုယ်ထည်အရွယ်အစားနဲ့ တိုင်းတာသတ်မှတ်မယ်ဆိုရင် Compact လို့ ခေါ်တဲ့ အနေတော် အရွယ်အစား ကားအဖြစ်နဲ့ရော Small Family Car အနေနဲ့ပါ နှစ်မျိုးထုတ်လုပ်ရောင်းချတာ တွေ့နိုင်ပါတယ်။ အင်ဂျင်အထိုင် ပုံစံက ရှေ့ဖက်ခြမ်းအထိုင်နဲ့ ရှေ့ဘီးယက် မော်ဒယ်တွေကိုပဲ ထုတ်လုပ်တာ တွေ့ရသလို မြောက်အမေရိက ဈေးကွက်နဲ့ ဥရောပဈေးကွက်တွေကို ဖြန့်ချိတဲ့ Ford Escort နဲ့ ပင်လယ်ပိုင်းဒေသနဲ့ အာရှဈေးကွက်တွေကို ဈေးကွက်ဝင်ရောက်နေတဲ့ Ford Laser မော်ဒယ်တွေရဲ့ အစားထိုးထုတ်လုပ်မှုလည်း ဖြစ်ပါတယ်။ ဒီမော်ဒယ်နဲ့ ပတ်သက်ပြီးထူးခြားမှု တစ်ခုကိုပြောရမယ်ဆိုရင် မော်ဒယ်ကိုအမေရိကန်အခြေစိုက် ကုမ္ပဏီက ထုတ်လုပ် ရောင်းချတာဖြစ်ပေမယ့် ဈေးကွက်တင်မှုအပိုင်းမှာတော့ ပထမဆုံး ၁၉၉၈ ခုနှစ် ဇူလိုင်အတွင်း ဥရောပမှာ ရောင်းချခဲ့တာဖြစ်သလို အမေရိကန် အပါအဝင် မြောက်အမေရိက ဈေးကွက်အတွက်ကိုတော့ ၂၀၀၀ ခုနှစ် မော်ဒယ်အနေနဲ့ ၁၉၉၉ ခုနှစ်မှ တစ်နှစ်လောက် နောက်ကျပြီး ရောင်းချခဲ့တာပဲ ဖြစ်ပါတယ်။ ဒီနေရာမှာ ဈေးကွက် အစားထိုးရောင်းချမှုအနေနဲ့ တောင်နဲ့ မြောက် အမေရိက အပါအဝင် တောင်အာဖရိကနဲ့ ဥရောပဈေးကွက်တွေထိအောင် Escort ရဲ့ နေရာကိုလည်းကောင်း၊ အာရှနဲ့ သြစတြေးလျဈေးကွက်တွေ အတွက် Laser ရဲ့ မော်ဒယ်နေရာကိုလည်းကောင်း အစားထိုးတင်သွင်းရောင်းချတာလည်း တွေ့ရပါသေးတယ်။ နောက်ဆုံးထူးခြားချက်တစ်ချက်ကတော့ ၂၀၁၂ ခုနှစ် နှစ်ဝက်တာ ကာလအတွင်းမှာပဲ Focus အနေနဲ့ Toyota ရဲ့ နာမည်ကျော်မော်ဒယ် Corolla ရဲ့ ကမ္ဘာ့ ရောင်းအားအကောင်းဆုံး မှတ်တမ်းကို ကျော်တက်နိုင်ခဲ့တာလည်း တွေ့ရပါတယ်။

ပထမမျိုးဆက်

၁၉၉၈ ခုနှစ်ကနေ ၂၀၀၄ ခုနှစ်ထိအောင် ထုတ်လုပ်ခဲ့တဲ့ မော်ဒယ်တွေကိုတော့ ပထမမျိုးဆက် အဖြစ် သတ်မှတ်ပြီး Escort မော်ဒယ်ရဲ့ အစားထိုးမော်ဒယ်အနေနဲ့ ၁၉၉၈ ခုနှစ် အတွင်း ဥရောပဈေးကွက်မှာစတင် မိတ်ဆက်ခဲ့တာ ဖြစ်ပါတယ်။ မော်ဒယ်ရဲ့ နာမည်ကိုလည်း Focus လို့ အဆိုပါ နှစ်စပိုင်းကတည်းက သတ်မှတ် ပေးခဲ့တာဖြစ်ပြီး Escort ရဲ့ မျိုးဆက်သစ် မိသားစုသုံးမော်ဒယ်အနေနဲ့ မိတ်ဆက်ခဲ့တာပါ။ ဒါပေမယ့် အခုမော်ဒယ်ကို ဥရောပဈေးကွက်မှာ မိတ်ဆက်ချိန်က ပြဿနာတစ်ခုတော့ တွေ့ခဲ့ရပါသေးတယ်။ အကြောင်းကတော့ ဂျာမနီအခြေစိုက် လုပ်ငန်းစုတစ်ခုဖြစ်တဲ့ Burda ကနေအဆိုပါ Focus နာမည်နဲ့ မော်ဒယ်တွေကို ဂျာမနီမှာ တင်သွင်းရောင်းချခွင့် မပြုဖို့ ကန့်ကွက်ခဲ့တာဖြစ်သလို အကြောင်းကတော့ အဆိုပါ လုပ်ငန်းစုကနေ Focus နာမည်နဲ့ပဲ မဂဇင်းတစ်စောင် ထုတ်ဝေနေပြီ ဖြစ်တာကြောင့် နာမည် ဆင်တူးယိုးမှား မဖြစ်ရလေအောင် ကန့်ကွက်ခဲ့တာလည်း ဖြစ်ပါတယ်။ ဒါပေမယ့် Ford အနေနဲ့ အဆိုပါ ပြဿနာကို ဖြေရှင်းနိုင်ခဲ့ပြီး နောက်ဆုံးမှာတော့ Focus နာမည်နဲ့ မော်ဒယ်ကို မိတ်ဆက်ရောင်းချနိုင်ခဲ့ပါတယ်။ ဒါ့အပြင် မော်ဒယ်သစ်ရဲ့ပထမဆုံးအောင်မြင်မှုအနေနဲ့ Focus MK1 ဆိုရင်လည်း ၁၉၉၉ ခုနှစ်အတွက် ဥရောပ အကောင်းဆုံး ကားဆုကိုရခဲ့ပါတယ်။

မြောက်အမေရိက ဈေးကွက်အတွက် Focus မော်ဒယ်ကိုတော့ ၁၉၉၉ ခုနှစ် အောက်တိုဘာမှာ စတင်ရောင်းချခဲ့ပြီးတော့ မော်ဒယ်နှစ်ကိုတော့ ၂၀၀၀ ခုနှစ် မော်ဒယ်အနေနဲ့ သတ်မှတ် ဈေးကွက် တင်ခဲ့ပါတယ်။ ဥရောပမော်ဒယ်တွေနဲ့ စာရင် အနည်းငယ် ပြောင်းလဲထုတ်လုပ်မှုတွေ လုပ်ဆောင် ထုတ်လုပ်ခဲ့ပြီး ပထမဆုံးမိတ်ဆက် ထုတ်လုပ်မှု အနေနဲ့ တံခါးသုံးပေါက်စနစ် Hatchback မော်ဒယ် အနေနဲ့ရော၊ တံခါးလေးပေါက်စနစ် ဆီဒင်အနေနဲ့ရော တံခါးငါးပေါက်စနစ် Wagon အနေနဲ့ရော တံခါးငါးပေါက်စနစ် Hatchback အနေနဲ့ပါ ၂၀၀၁ ခုနှစ် နောက်ဆုံးထားပြီး မော်ဒယ်တွေကို တဆက်တည်းမိတ်ဆက်ရောင်းချခဲ့တာ တွေ့ရပါတယ်။

ဒုတိယမျိုးဆက်

မော်ဒယ်ရဲ့ ဒုတိယမျိုးဆက်ကိုတော့ ၂၀၀၄ ခုနှစ်ကနေ စတင်ပြောင်းလဲထုတ်လုပ်ခဲ့ပြီးတော့ ၂၀၁၀ ခုနှစ်ထိအောင် ဈေးကွက်တင်ခဲ့ပါတယ်။ ၂၀၀၄ ခုနှစ် စက်တင်ဘာ ၂၃ရက်နေ့က ကျင်းပခဲ့တဲ့ ပဲရစ် မော်တော်ကားပြပွဲမှာ အဆိုပါ မျိုးဆက်သစ်မော်ဒယ်ကို ပွဲထုတ်မိတ်ဆက်ခဲ့ပြီး ကနဦးအနေနဲ့ တံခါးငါးပေါက် စနစ် Hatchback နဲ့ Estateမော်ဒယ် နှစ်မျိုးကိုထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် နောက်ပိုင်းမှာတော့ တံခါးလေးပေါက်စနစ် ဆီဒင် မော်ဒယ်ကိုလည်းဆက်လက်ထုတ်လုပ်ခဲ့တာတွေ့ရပါတယ်။ Mk1 မော်ဒယ်ရဲ့ အောင်မြင်မှုနဲ့ အတူ ဒုတိယမျိုးဆက်ကိုလည်း ဆက်လက် ထုတ်လုပ်ခဲ့ပြီး Suspension စနစ်၊ ကိုယ်ထည်ပိုင်းတည်ဆောက်မှု၊ လက်ကိုင်ပိုင်းနဲ့ မောင်းနှင်ရမှု အပိုင်းတွေမှာအနည်းငယ် ပြောင်းလဲထုတ်လုပ်ခဲ့တာတွေကလွဲပြီးပထမမျိုးဆက်နဲ့ သိသာလောက်တဲ့ ပြောင်းလဲမှုမျိုးမတွေ့ရပါဘူး။ ဒါ့အပြင် နောက်ဆက်တွဲဆီဒင် မော်ဒယ် ဆိုရင်လည်းထုတ်လုပ်ဖို့ ကြေညာထားပေမယ့် ၂၀၀၅ခုနှစ် နှစ်လယ်ပိုင်းလောက်ထိအောင် မိတ်ဆက်နိုင်ဖို့ နောက်ကျနေခဲ့တာလည်း ဖြစ်ပါတယ်။ Mk1ရဲ့ နောက်ဆက်တွဲဒုတိယမျိုးဆက် Mk2ဆိုရင်လည်းရှေ့ထွက်မော်ဒယ်ထက် ရှေ့ဘီးနဲ့ နောက်ဘီးထောက်ကြားပမာဏကို ဝ.၉၈လက်မ ပိုမို ကျယ်ဝန်းအောင် ဖန်တီးလာတာတွေ့ရသလိုအလျားက ၆.၆လက်မ ပိုရှည်လာပြီး ဝ.၃၁လက်မ ပိုမြင့်လာကာမျက်နှာစာအကျယ်လည်း ဝ.၈၇လက်မ ဖြစ်လာပါတယ်။ ဒီလိုကိုယ်ထည်ပိုင်း ကြီးမားလာမှုရဲ့ ရလဒ်ကတော့
Mechanical Engineer

25 Oct, 13:06

4,127

အတွင်းခန်းရောနောက်ဖက် ဝန်တင်ခန်းပါ ပိုမို ကျယ်ဝန်းလာတာလည်း ဖြစ်ပါတယ်။ အဆိုပါ မျိုးဆက်မှာနည်းပညာသစ်တွေ ဖြစ်တဲ့ KeyFreeစနစ်တွေ၊ Solar-reflect windshieldစနစ်တွေ၊ ရှေ့ဖက် အလင်းပြန်စနစ်သစ်၊ Bluetoothစနစ်ကို Hands-freeပုံစံသုံးနိုင်မှုနဲ့ Audioပိုင်း၊ ဖုန်းခေါ်ဆိုမှုနဲ့ အသံတိုးချဲ့မှု အပိုင်းတွေကိုအသံစနစ်နဲ့ ထိန်းချုပ် အသုံးပြုနိုင်မှုတွေ လုပ်ဆောင်လာနိုင်ခဲ့တာတွေ့ရပါတယ်။

ရုပ်ထွက်ပိုင်းမှာတော့ ဒုတိယမျိုးဆက်ကလက်ရှိ ဈေးကွက်ဝင်နေတဲ့ Mondeoနဲ့ Fiestaလိုမော်ဒယ်တွေနဲ့ ဆက်စပ်မှုရှိတာတွေ့နိုင်ပါတယ်။ ၂၀၀၅ခုနှစ်မှာကုမဏီSportမော်ဒယ်အနေနဲ့ Mk IIမော်ဒယ်ကိုမိတ်ဆက်ခဲ့တာတွေ့ရသလိုနာမည်ကိုတော့ Focus STလို့ လူသိများပါတယ်။ ဒီမော်ဒယ်က မြင်းကောင်ရေ ၂၂၅ကောင်အားထိအောင် ထုတ်လုပ် အသုံးပြုနိုင်ပြီးတော့ တစ်နာရီမိုင် ၆၀နှုန်းကိုအချိန် ၆.၄ စက္ကန့်နဲ့ ရောက်အောင် မောင်းနိုင်သလိုအမြန်ဆုံးအနေနဲ့ တစ်နာရီ ၁၅၂မိုင်ထိအောင် မောင်းနှင်နိုင်ခဲ့တာပါ။ ၂၀၀၇-၀၈ခုနှစ်တွေမှာတော့ မော်ဒယ်ကိုရုပ်ထွက် အနည်းငယ် ပြင်ဆင်ထုတ်လုပ်မှုတွေ မြင်လာရပြီးFordရဲ့ Kinetic Designပုံစံနဲ့ ပြင်ဆင် ထုတ်လုပ်လာတာ ဖြစ်ပါတယ်။ အင်ဂျင်စက်ဖုံးပိုင်းတွေလည်းသိသိသာသာ ပြင်ဆင်လာသလိုတံခါးပုံစံနဲ့ နောက်ဖက်မီးတွေ၊ အောက်ဖက် ကျကျ လေခွင်းပေါက်တွေကို မြင်လာရပါတယ်။

တတိယမျိုးဆက်

မော်ဒယ်ရဲ့ တတိယမျိုးဆက်ကိုတော့ ၂၀၁၀ခုနှစ်ကနေလက်ရှိအချိန်ထိအောင် ထုတ်လုပ်နေတာတွေ့နိုင်ပြီးမော်ဒယ်နှစ် ထုတ်လုပ်မှုကတော့ ၂၀၁၁ခုနှစ် အနေနဲ့ ဖြစ်ပါတယ်။ Fordကအမေရိကဈေးကွက်အတွက်ရော နိုင်ငံတကာဈေးကွက် အတွက်ပါ မော်ဒယ်တွေကိုနီးနီးစပ်စပ် ပုံစံတစ်မျိုးတည်း ဖြစ်အောင် ဖန်တီးထုတ်လုပ်ဖို့ ဆုံးဖြတ်ခဲ့တာလည်းတွေ့ရပါတယ်။ နောက်ဆုံးထုတ်လုပ်နေခဲ့တဲ့ မြောက်အမေရိကဈေးကွက် အတွက် မော်ဒယ်မျိုးကိုထုတ်လုပ်မှု ရပ်နားလိုက်ပြီးပုံစံသစ် တစ်မျိုးတည်းအနေနဲ့ ၂၀၁၁ခုနှစ် အစောပိုင်းမှာ မော်ဒယ်သစ်ကို ဈေးကွက်နေရာတိုင်းမှာ မိတ်ဆက်ခဲ့တာလည်း ဖြစ်ပါတယ်။ ၂၀၁၁ ခုနှစ် Focus မော်ဒယ်ကို ၂၀၁၀ ခုနှစ် မြောက်အမေရိကဆိုင်ရာ နိုင်ငံတကာမော်တော်ကားပြပွဲမှာမိတ်ဆက်ခဲ့တာတွေ့ရပြီးအဆိုပါ မိတ်ဆက်မော်ဒယ်ကတံခါးငါးပေါက်စနစ် Hatchbackမော်ဒယ် ဖြစ်ကာ ၂.ဝလီတာသုံး I4အင်ဂျင်ကို တပ်ဆင်ထားတာ ဖြစ်ပါတယ်။ အဆိုပါ မိတ်ဆက်ပွဲမှာEstateမော်ဒယ်တွေလည်းထုတ်လုပ်မှာ ဖြစ်ကြောင်းအတည်ပြုခဲ့သလိုဈေးကွက်အတွင်းကိုလည်းအဆိုပါ နှစ်စောပိုင်းမှာပဲ ဖြန့်ချိခဲ့ပါတယ်။ ဈေးကွက် အရင်ဆုံး ဖြန့်ချိမှုကိုတော့ မြောက်အမေရိကနဲ့ ဥရောပတွေမှာစောခဲ့ပြီးအာရှ အပါအဝင် အာဖရိက၊ သြစတြေးလျ၊နဲ့ တောင်အမေရိကဈေးကွက်တွေကထုတ်လုပ်ဖြန့်ချိမှု နေက်ကျခဲ့ပါတယ်။ ဒါကြောင့်လည်း ၂၀၁၂ခုနှစ် ဇွန်အတွင်းမှာထိုင်းအခြေစိုက် စက်ရုံခွဲကိုစတင် လည်ပတ်ပြီးမော်ဒယ်တွေ ထုတ်လုပ်ခဲ့တာတွေ့ရပါတယ်။ ဒီမျိုးဆက်မှာတော့ Fordရဲ့ နောက်ဆုံးပေါ် နည်းပညာပေါင်းထည့် ထုတ်လုပ်မှုတွေ တွေ့ရသလိုအောင်မြင်မှုတွေလည်းပိုင်ဆိုင်နိုင်ခဲ့ပါတယ်။ အမေရိကန် အတွင်းရောင်းချရမှု အပိုင်းကို ကြည့်မယ် ဆုံရုံတင် စတင် ထုတ်လုပ်တဲ့ ၁၉၉၉ခုနှစ်မော်ဒယ်မှာအစီးရေ ၅၅၈၉၆စီးရောင်းချရပြီး နောက်နှစ် ၂၀၀၀ခုနှစ်ကနေစတင်ကာမော်ဒယ် အစီးရေ နှစ်စဉ် နှစ်သိန်းကျော်အောင် ရောင်းချခဲ့ရတာပါ။ ၂၀၀၅ခုနှစ် မော်ဒယ်မှာတော့ အစီးရေ ၁၈၄၈၂၅စီးရောင်းချခဲ့ရလို့ ဝယ်လိုအား နည်းသွားသလိုနောက်ပိုင်းနှစ်တွေမှာအဆိုပါ အစီးရေ ဝန်းကျင်လောက်ပဲ နှစ်စဉ်ရောင်းချခဲ့ရပါတယ်။ ၂၀၁၂ခုနှစ်ကနေစတင်ပြီးလူကြိုက် ပြန်များလာတဲ့ Focusအနေနဲ့ အဆိုပါ နှစ်အတွင်းအစီးရေ ၂၄၅၉၂၂စီး ရောင်းချရပြီးအခုနောက်ဆုံးနှစ်ထိအောင် နှစ်စဉ် အစီးရေ နှစ်သိန်းကျော်အောင် ရောင်းချနေရတာလည်းတွေ့ရပါတယ်။

ဒီလောက်ဆို တော်တော်လေး လေ့လာမိပြီလို့ မှတ်ယူပါရစေ။

ကြိုက်နှစ်သက်တယ်ဆိုရင် like & shareလေးလုပ်ခဲ့
ပေးကြပါအုန်းခင်ဗျာ😍🙏

Credit: Irrawaddy

#Mechanical_Engineer
#ကားအကြောင်း
#Ford_Focus
Mechanical Engineer

25 Oct, 04:22

2,451

https://youtube.com/shorts/f6UIr8Nz_rY?si=SAtTplkFAyuQcser
Mechanical Engineer

23 Oct, 02:50

2,620

OD ဘယ်လိုအလုပ်လုပ်သလဲ?
OD switch အကြောင်း
Mechanical Engineer

23 Oct, 02:50

2,888

https://youtu.be/KuDxUrIv6pg?si=MpHI3NfAtagw6wBt
Mechanical Engineer

22 Oct, 15:21

2,855

ဘက်ထရီ ဖြုတ်ပြီး မှန်တင် မှန်ချ မရသူများ အတွက်ပါ
Mechanical Engineer

22 Oct, 15:21

2,929

https://youtu.be/mZoqCtUp7R8?si=mEtPyOahjGE-oPjD
Mechanical Engineer

16 Aug, 13:09

7,440

https://telegra.ph/%E1%80%80%E1%80%90%E1%80%85%E1%80%85-%E1%80%99-%E1%80%98%E1%80%90%E1%80%95%E1%80%99%E1%80%94%E1%80%85%E1%80%85%E1%80%9E%E1%80%84%E1%80%9C-08-16
Mechanical Engineer

16 Aug, 00:26

6,569

https://telegra.ph/Drum-brake-system-%E1%80%80%E1%80%98%E1%80%9A%E1%80%9C%E1%80%99%E1%80%A1%E1%80%9C%E1%80%95%E1%80%9C%E1%80%95%E1%80%9C-08-16
Mechanical Engineer

15 Aug, 00:37

3,439

အရည်အသွေး နှင့် ဝန်ဆောင်မှု ကောင်းပြီး ဈေးများများ ယူတဲ့ "အဆင့်မြင့်" ဆိုတဲ့ ကဏ္ဍတွေစပြီး ထိလာပါမယ်။(အားလုံးနီးပါးပါပဲ)

စီးပွားပျက်ကပ်ကာလမှာ လုပ်ငန်းဆက်လက်ရှင်သန်ရပ်တည်ဖို့အတွက်ဆိုရင်စီးပွားရေး လုပ်ငန်း လုပ်ကိုင်သူတွေကို အားပေးလိုတာကတော. ဘယ်လိုစီးပွားရေး အမျိုးအစား မှအဆိုးဆုံးဆိုတာမရှိပဲ အဆိုးထဲကအ​ကောင်းကိုယူပြီး လွတ်လမ်းကိုရှာဖွေကြရပါမယ်။( ဓားပြတိုက်သလို စျေးတင် ပြီး ကျင့်ဝတ်နဲ့ မညီတဲ့ ခေတ်ပျက် စီးပွားရှာနည်းတွေကို ဆိုလိုတာမဟုတ်ပါဘူး)

ဖြစ်လာမယ့် အခြေအနေ ကို အရှိအတိုင်း လက်ခံဖို့ တကယ် မဖြစ်မနေ လိုအပ်ပါတယ်။ နိုင်ငံရေး သတင်း ကို မြင်အောင် သေချာကြည့်ဖို့လိုပါတယ်။
ပြီးရင် ကိုယ့်လုပ်ငန်းကို ဘယ်လိုမျိုး ပြောင်းလဲမလဲ သေချာစဥ်းစားဖို့ လိုပါတယ်။

အရည်အသွေး နှင့် ဝန်ဆောင်မှု ထက် ဘတ်ဂျက်ချွေတာ တာဖြစ်ဖို့ သာ အဓိက အကျဆုံး ဖြစ်လာပါလိမ့်မယ်။

အဲဒီလို လိုက်လျောညီထွေ ပြောင်းဖို့ မကြိုးစားဘဲ ဆက်တောင့်ခံဖို့ ကြိုးစားတဲ့ လုပ်ငန်းတွေ ရှင်သန်ဖို့ ခက်ပါလိမ့်မယ်။

ဒီတော့ စီးပွားပျက်ကပ် အတွင်းမှာ မိမိလုပ်ငန်းဆက်လက်ရပ်တည်နိုင်ဖို့အတွက်ဆိုရင် မိမိလုပ်ငန်းရဲ့ Customer ဟာ စီးပွားရေး ကျဆင်းတဲ့ အခါ သူတို့ ရဲ့ စိတ်ခံစားချက်တွေကဘယ်လိုဖြစ်သွားတယ် ဝယ်ယူမှု အပြုအမူ နဲ့ဆုံးဖြတ်ချက်ချတဲ့အခါ တွေက ဘယ်လိုပြောင်းလဲ သွားတယ် ဆိုတာကို သိ ရှိ ဖို့လဲလိုပါတယ်။

အဆိုးထဲက အကောင်းကိုရှာကြည့်ရရင်စီးပွားပျက်ကပ်ကာလမှာ အားကောင်းလာမည့် လုပ်ငန်း နှင့် စျေးကွက်အမျိုးအစားတွေလည်း ရှိပါတယ်။

(1) စားဝတ်နေရေး
စီးပွားပျက်ကပ်မှာ ဝင်ငွေဘယ်လောက်ကျကျ စားဖို့ နေဖို့ ဝတ်ဖို့ ကတော့ ဝယ်ယူသုံးစွဲနေရမှာပဲ​​ဖြစ်ပါတယ်။ ဒီအတွက် အခြေခံစားသောက်ကုန်တွေ၊ ကုန်ခြောက် ဆိုင်တွေ ၊ ဟာလည်း အလုပ်ဖြစ်လာလေ့ရှိပါတယ်။

ဒါပေမယ့် စားသုံးသူတွေရဲ့ခံစားချက်က စျေးသက်သာ တာကို ပိုမိုရွေးချယ်ဝယ်ယူလာကြတာမို့ သတိပြုဖို့လိုအပ်ပြီး ဂရုစိုက်ဖို့လိုပါတယ်။

(2)Forex market(ငွေကြေးစျေးကွက်)

ကမ္ဘာ ့အကြီးဆုံး Market ဖြစ်တာကြောင့် Covid လို ကပ်ရောဂါ ကာလမှာတောင် အရောင်းအဝယ်ပမာဏ ပိုမိုတက်လာပါသေးတယ်။

အဓိကအားသာချက်ကတော့ tax ,အခန်းငှားခ ဝန်ထမ်းစရိတ်၊ခရီးစရိတ်ပေးစရာမလို 24 နာရီလုံး အရောင်းအဝယ် ပြုလုပ်လို့ရပြီး အိမ်တွင်းအောင်းကာလ နဲ့ စက်သုံးဆီ ချွေတာချင်သူများအတွက် အကောင်းဆုံးဖြစ်စေမှာပါ။ ကိုယ်တတ်နိုင်တဲ့ပမာဏနဲ့လည်း အရောင်းအဝယ်ပြုလုပ်လို့ရတာကလည်း အားသာချက်ဖြစ်ပြီး ကျပ်မကိုင်ချင်သူတွေအတွက် ခေါင်းပြောင်းလို့ကောင်းတဲ့ Market လည်းဖြစ်ပါတယ်။

အားနည်းချက်က ငွေဖြစ်မြန်တာကြောင့် စိတ်မရှည်သူ နဲ့ လောဘကြီးသူ အတွက် ဆုံးရှုံးမှုလည်း များတတ်ပါတယ်။နားမလည်သေးသူအတွက် အခြေခံက စပြီးလေ့လာသင့်ပါတယ်။နားမလည်ပဲ လုပ်ပါက ဂိမ်းဆန်ဆန်ပဲဖြစ်သွားပါမယ်။(လက်ရှိ ကျ​​ေနာ် ကိုယ်တိုင်လုပ်နေတဲ့လုပ်ငန်းလည်းဖြစ်ပါတယ်)

(၃) အရည်အသွေး တူပေမယ့် စျေးပိုသက်သာသောထုတ်ကုန်များ

စီးပွားပျက်ကပ်ကာလမှာ အဓိကက တော့ အခြေခံ လူတန်းစားနဲ့ လူလတ်တန်းစားတွေဟာ ဝင်ငွေ ကျဆင်းတတ်လေ့ရှိပါတယ်။တော်ရုံတန်ရုံမလိုအပ်တဲ့ ပစ္စည်း တွေကိုဝယ်ကျမှာမဟုတ်ပါဘူး။

ဝင်ငွေမြင့် သူတွေ အနေနဲ့ကလည်း ယခင်က စျေးကြီး တဲ့ Branded ပစ္စည်းတွေကိုသာ သုံးစွဲ တတ်ကြပေမယ့် စီးပွားရေး ကျဆင်းချိန်မှာတော့ အရည်အသွေး အတူတူကိုမှ စျေးပို သက်သာ တာကို ပြောင်းသုံးလာကြလေ့ရှိပါတယ်။

ဒီအတွက် စီးပွားပျက်ကပ် အတွင်းမှာ Branded Product တွေနဲ့ အရည်အသွေးတူရင်တောင် စျေးသက်သာစွာ ရောင်းချ နိုင်တဲ့ လုပ်ငန်းငယ်တွေဟာ ပိုပြီး ဝင်ငွေတိုးလာလေ့ရှိပါတယ်။

(3) ပြုပြင်ခြင်း၊ဝန်ဆောင်မှုလုပ်ငန်းများ နှင့် Second Hand များ

စီးပွား ပျက်ကပ်ကြုံရတဲ့အခါ လူသုံးပစ္စည်း မျိုးစုံ ဟာ Second Handစျေးကွက်အနေနဲ့အကြီးအကျယ် ပေါ်ပေါက်လာတတ်ပါတယ်။ပုံမှန်အခြေအနေ မှာ 13 သိန်းဝန်းကျင် ဆိုင်ကယ်အသစ်ဝယ်ဖို့ လွယ်ကူပေမယ်​့ စီးပွားရေးကျဆင်းနေချိန်မှာ 5/6သိန်း ဝန်းကျင် Second Hand များကိုသာ ပိုမိုဝယ်ယူလိမ့်မယ်လို့ ယူဆရပါတယ်။ လျှပ်စစ်ပစ္စည်းများ၊အဝတ်အထည် ကအစ အဲကွန်း၊တီဗွီ၊​ရေခဲသေတ္တော၊ မော်တော်ကားအဆုံး Second စျေးကွက်ဟာ ကြီးထွားလာပါလိမ့်မည်။

စီးပွားရေး ကောင်းတုန်းကလို ပစ္စည်းပ​ျက်တိုင်းအသစ်ဝယ်လိုက်တာမျိုး မဟုတ်တော့ပဲ ပျက်သွားရင်တောင် ပြင်ဆိုင်ပို့တာ ပိုလုပ်လာကြဖို့လဲများမှာပါ။ Second စျေးကွက် ကြီးထွား လာတာနဲ့ အတူ အပျက်အစီးတွေကလဲ ပိုဖြစ်လာ တဲ့အတွက် လူသုံးပစ္စည်း အမျိုးမျိုးကို ပြုပြင်ပေး ရတဲ့ စျေးကွက်ဟာ ကြီးထွားလာလေ့ရှိပါတယ်။

(4)Ready made စားသောက်ကုန် နှင့် အဖျော်ယမကာလုပ်ငန်းများ

အသင့်စား စျေးပေါတဲ့ စားသောက်ကုန် တွေဖြစ်တဲ့ ခေါက်ဆွဲခြောက်၊Ready made အစားအစာတွေအပြင် စျေးကြီးတဲ့ နိုင်ငံခြား အဖျော်ယမကာ တွေ ထက် ကိုယ်တိုင်ချက်လုပ် တဲ့ စျေးသက်သာတဲ့ အရက် အမျိုးအစားတွေက ပိုပြီး ရောင်းလာရလေ့ရှိတာကြောင့် ဒီလုပ်ငန်းတွေမှာလဲ ကြီးထွားလာတတ်ပါတယ်။

အခြားစီးပွားရေးလုပ်ငန်းတွေလည်း အများကြီးရှိပါသေးတယ်။