#KyimyindaingNetworks
Kyimyindaing Networks Telegram Gönderileri

ပြည်သူနှင့်အတူ - KMD18
Kyimyindaing Scout Channel - KSC
ကြည့်မြင်တိုင်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့
ကြည့်မြင်တိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့
Contact 📌
@Skrillex191
Kyimyindaing Scout Channel - KSC
ကြည့်မြင်တိုင်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့
ကြည့်မြင်တိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့
Contact 📌
@Skrillex191
12,943 Abone
50,328 Fotoğraf
4,757 Video
Son Güncelleme 01.03.2025 04:37
Benzer Kanallar

65,664 Abone

15,119 Abone

1,997 Abone
Kyimyindaing Networks tarafından Telegram'da paylaşılan en son içerikler
အေ့လေ..........မင်းတို့ ဘတ်ဘတ် မင်းရို့ပဲ ပေါပလိုက်တော့...ငိငိ 🤭🤭
#KyimyindaingNetworks
#KyimyindaingNetworks
"အညာသားတွေ ကြိတ်တဲ့ပွဲ"
ဖေဖော်ဝါရီလ ၉ ရက်နေ့က မုံရွာ နမခ ကနေ အရာတော်ကို ထွက်ခွာလာတဲ့ စစ်ရှုံးကောင်စီတပ်ရဲ့ လက်နက်နဲ့ ရိက္ခာ ထောက်ပို့ စစ်ကြောင်းကို အညာသား PDF တွေက လမ်းကနေ ကြားဖြတ် သုတ်သင်ခဲ့တဲ့ပွဲပါ။
အဆုံးထိ ကြည့်လိုက်မှ အညာသားတွေ ဘယ်လောက်စွမ်းလဲ သိရမယ်.. 😇
#4C_TruthNews

NUGPay နှင့် ပြည်သူများ၏ ၂၃ ကြိမ်မြောက် For Our People လှုပ်ရှားမှုတွင် ကချင်ဒေသ ကာကွယ်ရေးအင်အားစုများအတွက် ပြည်သူနဲ့ အတူ NUGPay က ပါဝင်ကူညီသွားပါမည်။
ပုံပါ NUGPay အကောင့် (forourpeople*nugpay.app) သို့ လှုဒါန်းနိုင်ပြီး လှူဒါန်းမှုများကို ယနေ့မှစ၍ ၂၈.၀၂.၂၀၂၅ ထိ လက်ခံကာ မြေပြင်အရောက် ပေးပို့သွားမှာ ဖြစ်ပါတယ်။
အတူတူ အိမ်ပြန်ကြမယ်
#NUGPay

"ရှေ့တန်းမှာတွေ့ရင် ညီအကိုလည်း မညှာဖို့ အမေကပြောထားတာ"
© MeKongNews
#KyimyindaingNetworks
#KyimyindaingNetworks
https://t.me/kyimyindaingnetworks/57124
🟥 စစ်မှုထမ်းသင်တန်းဆင်းပြီးလျှင် မိမိမြို့ရွာများတွင်သာ လုံခြုံရေး လုပ်ရမည်ဟု လိမ်ခေါ်ခဲ့ပြီး တပ်သားသစ်များကို ရှေ့တန်းသို့ပိုဆောင်ခဲ့
https://t.me/kyimyindaingnetworks/57130
https://t.me/kyimyindaingnetworks/57131
https://t.me/kyimyindaingnetworks/57139
https://t.me/kyimyindaingnetworks/57141
■စစ်မှုထမ်းအပတ်စဉ်(၆)မှ သင်တန်းဆင်း ၆၀၀ခန့် အင်အားဖြည့်တင်းထားဟုဆို
■အောင်ဇေယျစစ်ကြောင်းမှ အလင်းဝင်လာသူနှင့် ဖမ်းမိသူ စုစုပေါင်း ၅၈ဦးရှိ
https://t.me/kyimyindaingnetworks/57153
https://t.me/kyimyindaingnetworks/57162
https://t.me/kyimyindaingnetworks/57163
https://t.me/kyimyindaingnetworks/57164
https://t.me/kyimyindaingnetworks/57167
https://t.me/kyimyindaingnetworks/57168
https://t.me/kyimyindaingnetworks/57169
#TodayHeadlines
#KyimyindaingNetworks
#KyimyindaingChannel
#ကြည့်မြင်တိုင်
Today’s People 🔤 🔤 🔤 🔤 🔤 🔤
အသံမတိတ် အလံမလိပ်တဲ့ တိုက်ပွဲကြားက လူထုသပိတ်စစ်ကြောင်းများ
ဖေဖော်ဝါရီလ6️⃣ ရက်
⚡️ ဆားလင်းကြီးမြို့နယ်မှာ ပြည်သူလူ ထုတရပ်လုံးနှင့် အတူ သွေးစည်းညီညွတ်ရေး အတွက် ဒေသတွင်းတပ်ပေါင်းစု လူထုသပိတ်ပြုလုပ်ခဲ့ကြောင်း ကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီ ထံကနေသိရပါတယ် ။ ဒီနေ့ ဖေဖော်ဝါရီလ ၆ ရက်နေ့မှာ ကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီ အနေဖြင့်၊ ယင်းမာပင် - ဆားလင်းကြီးရွာပေါင်းစုံ သပိတ်ဦးဆောင်ကော်မတီနှင့်အတူအညာဒေသခံ ပြည်သူလူထုတရပ်လုံးနှင့်အတူသွေးစည်းညီညွတ်ရေး ဒေသတွင်းတပ်ပေါင်းစု ပူးပေါင်းကာ "တောင်တန်းမြေပြန့်အတူချီ ဖက်ဆစ်တပ်ကို အမြစ်ဖြတ်မည် ၊ အထွေထွေအကြပ်အတည်းကို အံတုကြ ဘုံရန်သူကို ထွက်ပေါက်မပေးနဲ့" ဘန်နာစာသားများ ကိုင်ဆောင်ပြီး လူထုသပိတ်ချီတက်ခဲ့ကြောင်း သိရပါတယ်။
⚡️ ယင်းမာပင် ဆားလင်းကြီး ရွာပေါင်းစုံသပိတ်ကော်မတီ အဖွဲ့ဝင် ရဲဘော်ကိုကျော်ဝင်းအောင် ကျဆုံးခြင်း (၄)လပြည့် အလေးပြု အခမ်း အနားကို ဒီနေ့ ဖေဖော်ဝါရီလ ၆ ရက်နေ့မှာ ပြုလုပ်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
⚡️ အကျဉ်းထောင်ထောင်တခုထဲတွင် မတရား အကြမ်းဖက် ဖမ်းဆီးခံထားရသော ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်(ဗကသများအဖွဲ့ချုပ်)၏ သမဂ္ဂဝင် ရဲဘော်များသည် ၂၀၂၅ခုနှစ်၊ ဖေဖော်ဝါရီလ၊ ၁ရက်နေ့တွင် အကြမ်းဖက်စစ်အုပ်စု၏ စစ်အာဏာသိမ်း(၄)နှစ်ပြည့် လှုပ်ရှားမှုကို "အထွေထွေဖိနှိပ်မှုကို အန်တုကြ၊ ဘုံရန်သူကို ထွက်ပေါက်မပေးနဲ့"ခေါင်းစဉ်ဖြင့် ပြုလုပ်ခဲ့ကြသည်။ ထိုလှုပ်ရှားမှုတွင် တော်လှန်ရေးအတွင်း ကျဆုံးသွားသော ရဲဘော်များအား အလေးပြုခြင်း၊ ဖက်ဆစ်အုပ်စုရဲ့ တကြော့ပြန် စစ်အာဏာသိမ်းမှု(၄)နှစ်ပြည့်အပေါ် ဗကသများအဖွဲ့ချုပ်ရဲ့ ထုတ်ပြန်ကြေ ညာချက်အား ဖတ်ကြားခြင်းနှင့် ကဗျာရွတ်ခြင်း အစီအစဉ်များပါဝင် လုပ်ဆောင်ခဲ့ကြပါသည်။
⚡️ ယင်းမာပင်မြို့နယ်တွင် နောက်ပြန်မလှည့်ကြေး ဒီတော်လှန်ရေး လူထုသပိတ် စစ်ကြောင်း ဦးဆောင်ကာ "အထွေထွေဖိနှိပ်မှုကို အံတုကြ ဘုံရန်သူကို ထွက်ပေါက်မပေးနဲ့ "စာသားများကိုင်ဆောင်ကာ ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် စစ်အာဏာရှင် ချေမှုန်းရေး ဆန္ဒပြခဲ့ကြောင်း သိရှိရသည်။
⚡️ လောင်းလုံးမြို့နယ်တွင် ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ(DDMSC)က ဦးဆောင်ပြီး ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှု ပြုလုပ်ခဲ့ကြကြောင်းသိရှိရသည်။ အဆိုပါ လှုပ်ရှားမှုကို "ကြောက်စိတ်တွေကိုဖယ်ရှား အမှောင်ခေတ်ကို ရဲရဲကျော်လွှား" ခေါင်းစဥ်ဖြင့် ပြုလုပ်ခဲ့ကြတာဖြစ်ပြီးအမျိုးသမီး၊ လူငယ်နှင့် ဒေသပြည်သူများ ပူးပေါင်းပါဝင်ခဲ့ကြကြာင်းသိရှိရသည်။
⚡️ ဆားလင်းကြီးမြို့နယ်တွင် လက်ပံတောင်းတောင်ဒေသ အာဏာရှင်ဆန့်ကျင်ရေးသပိတ်အင်အားစုက ‘’ အထွေထွေဖိနှိပ်မှုကို အံတုကြ ဘုံရန်သူကို ထွက်ပေါက်မပေးနဲ့ ”ခေါင်းစဥ်နှင့် ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်ကို ပြုလုပ်ခဲ့ကြကြောင်းသိရှိရသည်။
⚡️ ယင်းမာပင်မြို့နယ်တွင် အောင်လံလွှင့်မည် ဒေါင်းသွေးနီ သပိတ် စစ်ကြောင်းသည် ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် စစ်အာဏာရှင် တော်လှန်ရေး ချီတက်ဆန္ဒပြ ထုတ်ဖော်ခဲ့ကြကြောင်းသိရှိရသည်။
⚡️ ယင်းမာပင်မြို့နယ်တွင် အောင်လံလွှင့်မည်ရွှေရေကြည်လူထုသပိတ်စစ်ကြောင်းက ဖေဖော်ဝါရီလ ၆ရက်နေ့တွင် "အထွေထွေကြပ်တည်းမှုကို အံတုကြ" "ဘုံရန်သူကို ထွက်ပေါက်မပေးနဲ့" ဆိုတဲ့စာသားကိုင်ကာ အာဏာသိမ်းမှုကို အလိုမရှိကြောင်း" ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်းသိရှိရသည်။ အဆိုပါ ဆန္ဒပြ ပြည်သူများက "စစ်အာဏာရှင် အလိုမရှိကြောင်း ကို "အာဏာရှင်မှန်သမျှ ဆန့်ကျင်ကြ"၊ "အတုယောင်ရွေးကောက်ပွဲ ကို ဆန့်ကျင်ကြ"၊"ပြည်သူ့အားသာ အခရာ" စတဲ့စာသားများကိုကိုင်စွဲကာ ဆန္ဒဖော်ထုတ်ခဲ့ကြကြောင်းသိရှိရသည်။
#PeopleStrike
#KyimyindaingNetworks
အသံမတိတ် အလံမလိပ်တဲ့ တိုက်ပွဲကြားက လူထုသပိတ်စစ်ကြောင်းများ
ဖေဖော်ဝါရီလ
#PeopleStrike
#KyimyindaingNetworks
စစ်ရုံးတခုလုံး ကြောက်ရွံထိတ်လန့်နေကြသည်။ ပုံမှန်အတိုင်းဆိုလျှင် စစ်အာဏာသိမ်း သက်တမ်းရှည်လေ အချိုအချောင် မြိုးမြိုးမြိုက်မြိုက်ရလေ ဖြစ်သဖြင့် စစ်ဗိုလ်စစ်သားတို့ သဘောခွေ့ကြသည်ချည်း။ ယခုတော့ ထိုသို့ မဟုတ်။
" PDF တွေဟာ KIA နဲ့ ပေါင်းပြီး တရုတ်-မြန်မာ နယ်စပ်ဒေသ၊ ဗန်းမော်ဒေသ၊ စစ်ကိုင်းတိုင်း အထက်ပိုင်း အင်းတော်ဒေသကို တိုက်ခိုက်နေတယ် "
" PDF တွေဟာ KNU တွေနဲ့ ပေါင်းပြီး ကတိုင်တိဒေသ၊ မဲပလီဒေသ၊ အနန်းကွင်းဒေသ၊ ကော့ကရိတ်ဒေသတွေကို တိုက်ခိုက်နေတယ် "
" PDF တွေဟာ AA နဲ့ ပေါင်းပြီး မကွေးတိုင်း၊ ရခိုင်ပြည်နယ်အစပ်၊ ပဲခူးတိုင်း၊ ရခိုင်ပြည်နယ်အစပ်၊ ဧရာ၀တီတိုင်းနဲ့ ရခိုင်ပြည်နယ်အစပ် ဒေသတွေကို တိုက်ခိုက်နေတယ် "
" PDF တွေဟာ CNF နဲ့ပေါင်းပြီး ချင်းပြည်နယ်မှာ မင်းတပ်၊ ကန်ပက်လက်၊ ဖလမ်းဒေသတွေကို တိုက်ခိုက်နေတယ် "
" PDF တွေဟာ KNPP နဲ့ ပေါင်းပြီး လွိုင်ကော်မြို့ကို တိုက်ခိုက်နေတယ် "
စသည့် တပ်ရှုပ်ကြီး၏စကားကြောင့် စစ်ရုံးတခုလုံးသာမက တပ်မတော်တခုလုံး နန္ဒာလှိုင် ဖြစ်ကုန်ကြသည်။
၆ လ သက်တမ်းတိုးသည့်ကိစ္စနှင့်ပတ်သက်၍လည်း တပ်ရှုပ်ကြီး၏ တင်ပြချက်ကို ယာယီသမ္ဗဒ္ဓကြီးက သဘောမတူသဖြင့် အချေအတင်ဖြစ်ကြစဉ် ၎င်းက ၀န်ကြီးရှုပ်ကြီးအနေဖြင့် ကြားမှ အကြိမ်ကြိမ်အခါခါ ညှိနှိုင်းပေးခဲ့ရသည်ဟု အကုန်မလာတွင် တင်ပြသည်။ ဆိုကရေးတီး ကွက်စိပ်ပြိုင်လျှင် တပ်ရှုပ်ကြီးက ရွှေချည်း ရမည်။
" အဲတာ ဘာသဘောပါလဲ " ဟု ဦးတီက ထူးထူးခြားခြား ထပြောသဖြင့် ယာယီသမ္ဗဒ္ဓကြီး ရှူးရှူးရှုဲရှုဲ ဖြစ်သွားသေးသည်။ ဦးတီ အကျင့်ပါနေလို့ နေမှာပါလို့ မိမိ ဒုတ်ဘတ်ဘတ်ကြီးက ၀င်ဖြန်ဖြေခဲ့ရသေးသည်။ ဦးတီကလည်း သူ့အားကိုးနှင့်သူ။ ကွတ်ခိုင်က တပည့်၊ သား၊ မြေး လက်ကျန်ပြည်သူ့စစ်များကလည်း မဟာမိတ်အားကိုးဖြင့် ဦးတီကို ကွတ်ခိုင်အိမ် ပြန်ပို့ပေးရန် နေပြည်တော်ကို စာပို့ထားသည်ဟု ဆိုသည်။ ဦးတီလည်း ငြီးရှာသည် ... ဟင်နရီရေ ကောင်လေး မင်းကတော့ ကံကောင်းရှာသေးသကိုး တဲ့။
မိမိ ဒုတ်ဘတ်ဘတ်ကြီးမှာလည်း နေရထိုင်ရ စိတ်ချမ်းသာလှသည် မဟုတ်။ " သားရေ အမေကြီးတို့ အဖြစ်ကို ကြည့်ပါဦး၊ အမေကြီးတို့ကို အခုတော့ လူတကာ မေးငေါ့နေကြပြီ၊ အမေကြီးတို့သားမက်လေးက လူကောင်းလေးပါ သားရယ် " ဟု အမေကြီးက ငိုယိုပြီး ဖုန်းဆက် ပြောရှာသည်။ အမေကြီးတို့ဘက်က ကြည့်လျှင်လည်း မှန်ပါသည်။ စိန်စီခဲ့သော တခါကတည ပုဂ္ဂိုလ်များက ယခုမှာတော့ အရပ်ထဲ မျက်နှာပင် မဖော်နိုင် ဖြစ်နေကြရှာသည်။ ဒါတောင်မှ အမေကြီးတို့ ရပ်ကွက်က အိမ် ၆ လုံးသာ ရှိလို့ တော်သေးသည်။
တပ်ရှုပ်ကြီးကိုလည်း အရမ်းကာရော မပြောရဲ။ သူက နေပြည်တော် အက်ချလွန်မတ်။ ကမူးရှူးထိုး။ သူ၏ အလိုကျ အမျိုးများ အားကစားပွဲတော်ကြီးကို အောက်ခြေသိမ်း ဆောင်ရွက်ပေးခဲ့သည့် အားကာ၀န်ကြီး မြင်းသိန်းဆန်ကိုလည်း ဖြုတ်ပစ်သည်။ အကြောင်းပြချက်က ပွဲတော်နေ့မှာ အာရက္ခတပ်တော်က ရခိုင်တပြည်လုံးကို သိမ်းလိုက်လို့တဲ့။
သူ၏အကြိုက် တခါမလိုက်မိရုံဖြင့် ဒုက္ခရောက်သွားသူများထဲတွင် အလုပ်သမား၀န်ကြီးလည်းပါသည်။ ဟယ်ရီတို့ ပေါ်တာတို့အတွက် လူငယ်များ ပြည်ပထွက် အလုပ်လုပ်ခွင့် တရစ်ပြီးတရစ်ကျပ်ပေးခဲ့သည့် မြန်မာမူလီ မြင်းကြောင်ကိုလည်း မြေးတော်လေးအတွက် စာရွက်စာတမ်း စီစဉ်ပေးသည်ဟုဆိုကာ အနားပေးသည်။ တကွင်းလုံး ပတ်ကန်ရ၍ မောနေရှာပြီဟု ပြောသည့် ရွှေဆိုင်ပိုင်ရှင်ကြည့်တော့ သူပတ်နေသည့်ကွင်းက ထုပ်စီးထိုးကွင်း။ ထမင်းရည်ပူစည်း နင်းမိ၍ ထွက်ရသည်ကတော့ သူ့အကြောင်း သူ့ကံပေါ့။
မဲပေးသူ ဘယ်လောက်ရှိရှိ အထမြောက်သည်ဟု တပ်ရှုပ်ကြီးက ပြောလာသဖြင့် မမကြူနှင့် တပ်ရှုပ်ကြီး နှစ်ဦးတည်းသာ ရှိပါစေ၊ ရွှီးကောက်ပွဲကို လုပ်မည့် သဘော။ တပ်ရှုပ်ကြီးက သမ္ဗဒ္ဓဆိုလျှင် သမ္ဗဒ္ဓကတော်က မမကြူ၊ ဝန်ကြီးကလည်း မမကြူ၊ ပြည်သူကလည်း မမကြူ။ မမကြူ နိုင်ပါ့မလားမသိ။
တိုတိုကြီးကတော့ တိုသည်၊ ပြတ်သည်။ ရည်မွန်စကီးတို့ နေပြည်တော် လာရဲ လာကြည့်၊ ရောက်လာတဲ့နေ့ သူ အိမ်ပြန် ကလေးထိန်းမဲ့နေ့ပဲဟေ့ဟု လက်ခမောင်းခတ်သည်။ အားကိုးစရာ ကောင်းလှပါသည်။
ဒေါင်ချာသွေးကြောင်ကတော့ မဆိုးလှပေ။ နယ်မြေတွေ လက်ထဲ မရှိတော့ရင်တောင် မပူနဲ့ သူကြံမည်ဟုဆိုသည်။ နေပြည်တော် တိုင်းရင်းသား ကျေးရွာက တအိမ်စီမှာ မဲတပုံးစီထောင်ပြီး တယောက်စီကို မဲပေးခိုင်းရင် ရွှီးကောက်ပွဲ အထမြောက်ပြီ၊ ဒါလေးများ ကမ္ဘာအေးသွား မြန်မာဆေးစားရုံဟု တင်ပြထားသည်။
တပ်ရှုပ်ကြီးကို လျော့တော့ တွက်လို့မရပါ။ ကျားဖျန့်ကိစ္စမှာတော့ အမှတ်ပြည့်ပေးသင့်သည်။ နိုင်ငံတော်ကို တလက်မမှ အစွန်းမခံသည့် တပ်ချုပ်ကြီးက ရွှေညောင်ပင်ကိစ္စမှာတော့ ပြတ်သည်။ ယင်းနယ်တွေ ရုက္ခစိုးတော့ မပိုင်ရေးချ မပိုင်။ ဖယောင်းတိုင်၊ အမွှေးတိုင် ပူဇော်ပါသည်၊ ပသပါသည်ဆိုသူတွေက တဖက်ရွာက လူတွေဖြစ်သည်ဟု တပ်ရှုပ်ကြီး ဆွဲလာတယ်၊ ဆွဲလာတယ်၊ ကန်ပြီ၊ ဂိုးပါတယ် ခင်ဗျာ။ ဟိုဘက်ရွာထဲမှာတော့ တချို့က တုတ်တွေ၊ ဓါးတွေ ဆွဲလို့ဆွဲ ဖြစ်ကုန်ပြီ။
ဆက်လက်ဖတ်ရှု့ရန်⏺ ⏺ ⏺

ဆက်လက်ဖတ်ရှု့ရန်
https://t.me/kyimyindaingnetworks/56808
https://t.me/kyimyindaingnetworks/56810
https://t.me/kyimyindaingnetworks/56811
https://t.me/kyimyindaingnetworks/56812
https://t.me/kyimyindaingnetworks/56813
https://t.me/kyimyindaingnetworks/56814
https://t.me/kyimyindaingnetworks/56817
https://t.me/kyimyindaingnetworks/56822
https://t.me/kyimyindaingnetworks/56823
https://t.me/kyimyindaingnetworks/56836
https://t.me/kyimyindaingnetworks/56842
https://t.me/kyimyindaingnetworks/56850
https://t.me/kyimyindaingnetworks/56858
https://t.me/kyimyindaingnetworks/56866
https://t.me/kyimyindaingnetworks/56867
#TodayHeadlines
#KyimyindaingNetworks
#KyimyindaingChannel
#ကြည့်မြင်တိုင်