Kyimyindaing Networks (@kyimyindaingnetworks) के नवीनतम पोस्ट टेलीग्राम पर

Kyimyindaing Networks टेलीग्राम पोस्ट

Kyimyindaing Networks
ပြည်သူနှင့်အတူ - KMD18
Kyimyindaing Scout Channel - KSC
ကြည့်မြင်တိုင်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့
ကြည့်မြင်တိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့

Contact 📌
@Skrillex191
12,943 सदस्य
50,328 तस्वीरें
4,757 वीडियो
अंतिम अपडेट 01.03.2025 04:37

समान चैनल

Myanmar Now
56,098 सदस्य
VOA Burmese
52,279 सदस्य
Botahtaung Scout Channel
3,114 सदस्य

Kyimyindaing Networks द्वारा टेलीग्राम पर साझा की गई नवीनतम सामग्री


https://www.youtube.com/watch?v=foYtl88Ep-o

❗️ဧရာ၀တီတိုင်း၊ သာပေါင်းမြို့နယ်တွင် AA နှင့် အကြမ်းဖက်စစ်ကောင်စီတပ်များ တိုက်ပွဲပြန်ဖြစ်ပြီး အကြမ်းဖက်စစ်တပ်က စက်တပ်လေထီးများဖြင့် တိုက်ခိုက်
https://t.me/kyimyindaingnetworks/58361

❗️စစ်အာဏာသိမ်း (၁၄၈၉) ရက်အတွင်း သတ်ဖြတ်ခံရသူ (၆၃၆၄) ဦးအထိရှိလာ
https://t.me/kyimyindaingnetworks/58362

❗️မင်းအောင်လှိုင်လက်ထက် မြန်မာနိုင်ငံက ၂၀၂၄ ခုနှစ်အတွက် အဆင်းရဲဆုံးသော အာရှနိုင်ငံ ၁၀ ခုစာရင်းတွင် တတိယ နေရာချိတ်
https://t.me/kyimyindaingnetworks/58374

❗️အရာတော်တွင် အကြမ်းဖက်စစ်တပ် အထိုင်စခန်းနှင့် ရိက္ခာထွက်ယူသည့် စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၂ ဦး ပြင်းထန်ဒဏ်ရာရ (ရုပ်/သံ)
https://t.me/kyimyindaingnetworks/58379

❗️ချောက်မြို့နယ်၊ အမှတ် ၃ ပြည်ထောင်စု လမ်းမကြီးပေါ်တွင် လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးငွေညှစ်နေသည့် အကြမ်းဖက်စစ်ကောင်စီတပ်သားများကို တိုက်ခိုက်မှု ၂ ဦး သေဆုံး
https://t.me/kyimyindaingnetworks/58380

❗️စလင်းမြို့နယ်ရှိ ကပစ ၂၁ ကို သွယ်တန်းထားသော မီးတိုင်းများအား လာရောက် စစ်ဆေးသည့် စစ်ကြောင်းကို ၂ ရက်ဆက် တိုက်ခိုက်မှု စစ်တပ် ဘက်မှ ထိခိုက်ဒဏ်ရာရရှိသူ များပြား
https://t.me/kyimyindaingnetworks/58381

❗️ကော့ကရိတ်မြို့ တောင်ပိုင်းတွင် တိုက်ပွဲဖြစ်ပွားပြီး အကြမ်းဖက်စစ်သား ၇ ဦးသေဆုံးကာ တော်လှန်ရေး ရဲဘော် ၁ ဦးကျဆုံး
https://t.me/kyimyindaingnetworks/58382

❗️Today's People STRIKE - အသံမတိတ် အလံမလိပ်တဲ့ တိုက်ပွဲကြားကလူထုသပိတ်စစ်ကြောင်းများ
https://t.me/kyimyindaingnetworks/58386

❗️We Are TOGETHER - တော်လှန်ရေးအင်အားစုများ၏ ပြည်သူ့အကျိုးပြုလုပ်ငန်းများ
https://t.me/kyimyindaingnetworks/58387

❗️မြန်မာနိုင်ငံတစ်ဝန်း အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၉ဦးသေဆုံး
https://t.me/kyimyindaingnetworks/58388

#TodayHeadlines
#KyimyindaingNetworks
#KyimyindaingChannel
#ကြည့်မြင်တိုင်

၂၈.၂.၂၀၂၁

ဒီနေ့ပေါ့
အ.ထ က(၅)ရှေ့မှာ
ကျည်အစစ်နဲ့ ပစ်ခံခဲ့ရတဲ့
ညီညီအောင်ထက်နိုင်

ဒီနေ့ပေါ့
ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ရင်း
ကျဆုံးခဲ့ရတဲ့
ဆရာမကြီး ဒေါ်တင်နွဲရီ

ပြည်သူကို ရန်သူလိုဆက်ဆံတဲ့
စစ်ခွေးများကြောင့်
ကယ်မယ့်လက်တစ်ဖက်ကို ကမ်းလင့်
သွေးအိုင်ထဲက ညီညီ

အသက်သွေးပါရင်းနှီး
ရဲရဲတောက်ဆရာမကြီးရဲ့
သွေးစွန်းတဲ့ဖိနပ်တစ်ဖက်က
သမိုင်းတွင်ရစ်

နွေဦးဗိမာန်ပေါ်မှာ
ကြွေကျသွားတဲ့ နှင်းဆီတွေ
ခြောက်သွေ့ကာသွားပေမယ့်
အရောင်အဆင်းကမပျက်
ရဲရဲတောက်နှင်းဆီသွေးတွေ
ပေတရာပေါ်မှာ စွန်းထင်းချက်က
ငါတိုမျက်လုံးထဲက
ဘယ်တော့မှမထွက်။

✍️နေမင်းညို
(28.2.2025)

ကျဆုံးလေပြီးသော နွေဦးသူရဲကောင်းများအားလုံးကို အလေးပြုပါသည်
...🫡🫡🫡

#KyimyindaingNetworks

https://www.youtube.com/watch?v=AjiWuG2LG-M

❗️ညီညွတ်မှုမရှိပါက အကြမ်းဖက်စစ်တပ်မှ တစ်ဖွဲချင်းဖဲ့ထုတ်ပြီး သွေးခွဲရေးလမ်းစဉ်ဖြင့် တော်လှန်ရေးအားအင်ချိနဲ့ စေရန် လုပ်ဆောင်လာမည်ဖြစ်သဖြင့် အတူတူရုန်းကန်ကျော်လွှားကြရန် NUG ဝန်ကြီးချုပ်တိုက်တွန်း
https://t.me/kyimyindaingnetworks/57900

❗️Up To Date🔄PSLFနှင့် အကြမ်းဖက်စစ်ကောင်စီတို၏ တွေ့ဆုံဆွေးနွေးပွဲပြီးဆုံး
✔️နှစ်ဖက်ညှိနှိင်းဆွေးနွေးမှုခက်ခဲသည့်အခြေအနေရှိသောကြောင့် နောက်ထပ်တစ်ကြိမ်ပြန်လည် တွေ့ဆုံနိုင်ရန်ဖြင့်သာ တွေ့ဆုံမှုကို အဆုံးသတ်ခဲ့
https://t.me/kyimyindaingnetworks/57901

❗️အထက်မင်းလှတွင် အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို ၂ ရက်ဆက်တိုက် တိုက်ခိုက်မှု စစ်သား ၇ ဦးထက် မနည်း သေဆုံး
https://t.me/kyimyindaingnetworks/57902

❗️စစ်အာဏာသိမ်း (၁၄၈၀) ရက်အတွင်း သတ်ဖြတ်ခံရသူ (၆၃၀၂) ဦးအထိရှိလာ
https://t.me/kyimyindaingnetworks/57904

❗️စလင်းမြို့နယ်၊ တညောင်ရဲစခန်း နှင့် သိမ်ဇရပ် အခြေစိုက် ခမရ ၂၀၇ တပ်ရင်းတိုကို ဒရုန်း၊ လက်နက် ကြီးများဖြင့် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုရှိ
https://t.me/kyimyindaingnetworks/57908

❗️စစ်ကိုင်းမြို့ လင်းလက်ပါဝါ KTV တွင် သောက်စားပျော်ပါးနေသော တပ်မ ၃၃ မှ အရာရှိ ၁ ဦး အပါအဝင် စစ်သား ၄ ဦး ဝင်ရောက်ပစ်ခတ်မှု ၁ ဦးသေဆုံးပြီး သေနတ် ၁ လက်သိမ်းဆည်းရရှိ
https://t.me/kyimyindaingnetworks/57909

❗️မိုးဗြဲတိုက်ပွဲ၌ စစ်မှုထမ်းတပ်သားသစ် ၁၀၀ ခန့် တော်လှန်ရေးတပ်ဖွဲထံ အလင်းဝင် ပူးပေါင်း
https://t.me/kyimyindaingnetworks/57910

❗️မိုးမောက်မြို့နယ်၌ အကြမ်းဖက်စစ်ကောင်စီလေကြောင်းတိုက်ခိုက်၍ ကလေးငယ်သုံးဦးအပါအဝင် မိသားစုဝင် ခုနစ်ဦး သေဆုံး
https://t.me/kyimyindaingnetworks/57915

❗️ရေးမြို့နယ်၊ ကွန်ဒူးကျေးရွာတွင် တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီ တပ်သားများကို ရေးဘီလူး အဖွဲ့က ဝင်ရောက် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိ
https://t.me/kyimyindaingnetworks/57917

❗️ဟားခါးမြို့က စစ်ကောင်စီတပ်သားတစ်ဦး SRF တပ်ဖွဲထံ လက်နက်နှင့်အလင်းဝင်
https://t.me/kyimyindaingnetworks/57918

❗️Today's People STRIKE - အသံမတိတ် အလံမလိပ်တဲ့ တိုက်ပွဲကြားကလူထုသပိတ်စစ်ကြောင်းများ
https://t.me/kyimyindaingnetworks/57920

❗️We Are TOGETHER - တော်လှန်ရေးအင်အားစုများ၏ ပြည်သူ့အကျိုးပြုလုပ်ငန်းများ
https://t.me/kyimyindaingnetworks/57921

❗️မြန်မာနိုင်ငံတစ်ဝန်း အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၂ဦးသေဆုံး
https://t.me/kyimyindaingnetworks/57922

#TodayHeadlines
#KyimyindaingNetworks
#KyimyindaingChannel
#ကြည့်မြင်တိုင်

ကရင်နီဒေသ မိုးဗြဲတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား (၁၀၀) ကျော် တော်လှန်ရေးဘက်ထံ လက်နက်ချအလင်းဝင်တယ်လို့ဆိုတယ်။ ဒါကြောင့်ပြောပါတယ်၊ ပျက်သုဉ်းနေတဲ့လူအင်အားဖြည့်တင်းဖို့ အလိုမတူပါဘဲ ပြည်သူကိုစစ်မှုထမ်းခိုင်းခြင်းကြောင့် စစ်ကောင်စီဘက်က ထပ်ဆင့်အရှုံးများနှင့်သာ ရင်ဆိုင်လာရမယ်ဆိုတာပဲ။

အခြေခံစိတ်မရှိဘဲ အတင်းအကြပ်ပေါ်တာဆွဲ စစ်မှုထမ်းခိုင်းတဲ့အတွက် တိုက်ပွဲတစုံတရာဖြစ်ခဲ့လျှင် ထိုစစ်မှုထမ်းတပ်သားသစ်တွေဟာ ၎င်းတို့အဖွဲ့အတွက် တပ်စုတပ်စိတ်အတွက် ရေကုန်ရေခမ်းကာကွယ်ပေးမယ်ထင်သလား။ ဝေးပါတယ်၊ မြေကြီးကို နှာခေါင်းနှင့်ကုန်းနမ်းနေကြသူချည်းများပဲဖြစ်မယ်။

တပ်သားသစ်တွေထွက်မပြေးဖို့ သံခြေကျင်းခတ်မယ်လို့ဆိုပြန်တယ်။ ၎င်းတို့စစ်ကောင်စီအတွက် ပိုမိုဆိုးရွားမယ့်အခြေအနေကို ထပ်မံရင်ဆိုင်ရဦးမယ်ဆိုတာပဲ။ တိုက်ပွဲအခြေအနေမလှသည်နှင့် စီနီယာစစ်ကောင်စီတပ်သားတွေ နောက်ကျည်ဆံမှန်ဖို့ ရှိတယ်။ အထူးသဖြင့် အရာရှိအဆင့်ရှိသူတွေပဲ။ ထိုနောက်တွင်မှ အလံဖြူထောင် သံခြေကျင်းကိုပြ တော်လှန်ရေးတပ်ဖွဲ့တွေကို ကျွန်တော်တို့က တပ်သားသစ်ပါဆိုလျှင်ပြီးပြီ။ တခုပဲရှိတယ်၊ တိုက်ပွဲအတွင်းအသက်မသေဖို့ မြေကြီးကုန်းနမ်းနေတတ်ဖို့ပဲလိုတယ်။

တပ်သားအင်အားယိုယွင်းလာတဲ့အတွက် အင်အား ၆ သောင်းကျော်ကို ပေါ်တာဆွဲ အားဖြည့်ထားနိုင်ကြတယ်လို့ဆိုတယ်။ ထိုအင်အား ၆ သောင်းမှာ ၃ သောင်းကျော်က တန်ပြန်အင်အားပဲ။ အဲဒါ တော်လှန်ရေးအတွက်အင်အားပဲ။ နေရာဒေသတခုကို အင်အား ၁၀၀ ‌နှင့် စစ်ကောင်စီဘက်က စစ်ကြောင်းထိုးသည်ဖြစ်စေ၊ စခန်းထိုင်သည်ဖြစ်စေ ဆိုပါစို့။ တပ်သားသစ်အင်အား အနည်းဆုံး ၆၀ ကျော်ပါဝင်မည်ဖြစ်တဲ့အတွက် တိုက်ပွဲဖြစ်ပွားတဲ့အခါ အမှန်တကယ်ရုန်းကန်ကြရမှာက စစ်ကောင်စီစီနီယာတပ်သားတွေပဲ။

တပ်သားသစ်တွေကိုလည်း အပြည့်အဝအမိန့်ပေးနိုင်ချေရှိမည်မဟုတ်ဘူး။ အမိန့်ပေးခဲ့လျှင်လည်း နောက်ကျည်ဆံဝင်နိုင်တဲ့အတွက် ဘယ်သူကမျှလည်း ထိထိရောက်ရောက် စီမံကွပ်ကဲနိုင်မည်မဟုတ်ဘူး။ တိုက်ပွဲဖြစ်ပွားချိန် အင်အား ၁၀၀ ရဲ့ ထက်ဝက်ကျော် ပစ်အားနည်းသွားမယ်။ အင်အားကိုကြည့်ပြီး တိုက်ပွဲဖော်ဆောင် မစ်ရှင်ပြုလုပ်ကြရတာဖြစ်တဲ့အတွက် ၎င်းနှင့်ညီမျှတဲ့ ဖော်ဆောင်မှုကို အထက်က အမိန့်ပေးခိုင်းစေမှာပဲ။ အမှန်တကယ်မြေပြင်ထိတွေ့မှုဖြစ်တဲ့အခါ ပစ်အားအပြည့်အမှီမရှိတော့တဲ့အတွက် ခဏာတာသောအချိန်အတွင်းမှာပဲ ထိုအင်အား ၁၀၀ လုံး ကျရှုံးရမယ်။

ယခုနောက်ပိုင်း စစ်ကောင်စီဘက်က ခပ်စိတ်စိတ် တပ်ရင်းလိုက်၊ စစ်ကြောင်းလိုက်ပျောက်ပြီး အရာရှိအဆင့်တွေ တိုက်ပွဲသေဆုံးကြရတာ ဒီအချက်ကြောင့်ပဲ။ ဆိုတော့ ပေါ်တာဆွဲလူဖြည့်ခြင်းကြောင့် စစ်ကောင်စီအတွက် အနိုင်သည်မရှိ၊ အရှုံးများ ထပ်မံဆင့်လိမ့်မယ်။

မည်သို့ပင်ဆိုစေ ပေါတာဆွဲမခံရဖို့ လူငယ်တွေ အသွားအလာဂရုစိုက်သင့်သလို မိမိတို့အိမ်ယာအတွင်းပင် ညအိပ်ဖို့မသင့်ဘူးဆိုတာပဲ။ ဖြစ်နိုင်လျှင် ရှောင်တိမ်းကြဖို့သင့်တယ်။ သတိပေးလို့သာပေးရတာပါ။ တကယ်တော့ တော်လှန်ရေးကို ယုံကြည်သူများက တော်လှန်ရေးနယ်ပယ်အတွင်း ရောက်ရှိနေပြီးကြပါပြီ။

ကိုယ်လုပ်မှကိုယ်စားရဆိုတဲ့ လူးတွေနဲ့ စစ်တပ်အသိုင်းအဝန်းသူများသာလျှင် မျောက်သစ်ကိုင်းလွတ်ဖြစ်နေကြတာပါ။ လူသားခြင်းစာနာမှုအနေနှင့် ထိုလိုလူငယ်တွေကိုလည်း ပေါ်တာဆွဲမခံရစေလိုပါဘူး။ ပါသွားခဲ့လျှင်လည်း၊ အင်း ထမ်းထားရတဲ့မြေပေါ့တယ်လို့သာပဲ။
©Sar K

#KyimyindaingNetworks

https://www.youtube.com/watch?v=Xy01qO29COE

❗️Up To Date🔄အကြမ်းဖက်စစ်ကောင်စီတပ်မှ စစ်မှုထမ်းတပ်သား ၁၃ ဦး လက်နက်ခဲယမ်းများနှင့်အတူ KNDF ထံတွင် အလင်းဝင်
https://t.me/kyimyindaingnetworks/57857

❗️Up To Date🔄NUG ရဲ့ တောင်ပိုင်းစစ်ဒေသနယ်မြေမှာ ဇန်နဝါရီလအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၁၅၇ယောက် သေဆုံးပြီး ၂၃ယောက် အလင်းဝင်
https://t.me/kyimyindaingnetworks/57858

❗️စစ်အာဏာသိမ်း (၁၄၇၉) ရက်အတွင်း သတ်ဖြတ်ခံရသူ (၆၂၉၁) ဦးအထိရှိလာ
https://t.me/kyimyindaingnetworks/57865

❗️အာရက္ခတပ်တော်AAနှင့်ပူးပေါင်းတပ်များရဲ့ အနီးကပ် ထိုးစစ်ဆင်ခံရလို့ နတ်ရေကန်ဗျူဟာ အကြမ်းဖက် စစ်ကောင်စီတွေ တပ်ပျက်ပြီး ထွက်ပြေး
https://t.me/kyimyindaingnetworks/57867

❗️စစ်တွေမြို့ကို အာရက္ခတပ်တော်က ဗျူဟာကျကျ ပိတ်ဆိုတိုက်ခိုက်နေ၊ အကြမ်းဖက်စစ်ကောင်စီတပ် သားတွေ ဝိုင်းဝန်းပိတ်ဆိုခံနေရ
https://t.me/kyimyindaingnetworks/57868

❗️စလင်းမြို့နယ်၊ တညောင်ရဲစခန်းရှေ့ရှိ စစ်ဆေးရေးဂိတ်ကို ဝင်ရောက် ပစ်ခတ်မှု ရဲ ၁ ဦး သေဆုံး
https://t.me/kyimyindaingnetworks/57870

❗️အာဂျင်တီးနားတရားရုံးရောက် ရိုဟင်ဂျာအမှုနှင့် ပတ်သက်၍ အမျိုးသားညီညွတ်ရေးအစိုးရ NUGမှ သဘောထားထုတ်ပြန်
✔️ရိုဟင်ဂျာများအပေါ် အကြမ်းဖက်သတ်ဖြတ်မှု ကျူးလွန်ခဲ့သူများမှာ မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာစစ်တပ်သာလျှင်ဖြစ်ဟုပြော
https://t.me/kyimyindaingnetworks/57872

❗️မြန်မာ့အကျပ်အတည်း အာဆီယံဘုံသဘောတူညီချက် ၅ ရပ်နှင့်အတူ ဖြေရှင်းရေး ဘရူနိုင်းဘုရင်၊ မလေးရှား ဝန်ကြီးချုပ်နှင့် ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်တို တွေ့ဆုံဆွေးနွေး
◼️တိုင်းရင်းသားလက်နက်ကိုင်များနှင့် တွေ့ဆုံဆွေးနွေးရန် ချည်းကပ်မှုမရှိဘဲ စစ်ကောင်စီက ရွေးကောက်ပွဲ ကျင်းပရန် ပြောဆိုနေခြင်းသည် အသိအမှတ်ပြုမှု မရသော အချည်းအနှီး ဆုံးရှုံးမှုဟု သက်ဆင်ပြော
https://t.me/kyimyindaingnetworks/57875

❗️တီးတိန်မြို အကြမ်းဖက်စစ်တပ်၏ ခလရ ၂၆၉ မှ တပ်သား ၂ ဦး CDF CDM SIYIN ထံ ခဲယမ်းအချိုယူဆောင်လာပြီး အလင်းဝင်
https://t.me/kyimyindaingnetworks/57878

❗️ဗန်းမော်တွင် တော်လှန်ရေးတပ်များ မတိုက်ရသေးသည့် တပ်ရင်းများကို ပြန်လည်ရရှိပြီဟုဆိုကာ အကြမ်းဖက်စစ်တပ်ထောက်ခံသူများက ပုံများဖြင့်ဝါဒဖြန့်
https://t.me/kyimyindaingnetworks/57879

❗️စစ်မှုထမ်းဥပဒေကို ဆန့်ကျင်ကြသော၊ ရှောင်ရှားလိုသော ပြည်သူများအနေဖြင့် တော်လှန်ရေးလုပ်ငန်းများ တွင် ပါဝင်ဆောင်ရွက်လိုပါက ဗကသများအဖွဲချုပ်မှ ကြိုဆို
https://t.me/kyimyindaingnetworks/57880

❗️ပြည်သူ့ရင်ခွင်က KNDF နှင့်ပူးပေါင်း၍ စစ်မှုထမ်း၅ဦးကို ကယ်ထုတ်နိုင်ခဲ့
https://t.me/kyimyindaingnetworks/57881

❗️Today's People STRIKE - အသံမတိတ် အလံမလိပ်တဲ့ တိုက်ပွဲကြားကလူထုသပိတ်စစ်ကြောင်းများ
https://t.me/kyimyindaingnetworks/57883

❗️We Are TOGETHER - တော်လှန်ရေးအင်အားစုများ၏ ပြည်သူ့အကျိုးပြုလုပ်ငန်းများ
https://t.me/kyimyindaingnetworks/57884

❗️မြန်မာနိုင်ငံတစ်ဝန်း အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ဦးသေဆုံး
https://t.me/kyimyindaingnetworks/57885

#TodayHeadlines
#KyimyindaingNetworks
#KyimyindaingChannel
#ကြည့်မြင်တိုင်

တစ်နေ့ ​ရှေ့တန်းတစ်နေရာမှာ ရဲဘော်တစ်ယောက်ကျသွားခဲ့တယ် ဒီရက်သူ့ရက်လည်ဆိုပီး သူ့ရဲ့အပေါင်းသင်းညီကိုတွေက အုတ်ဂူထိသွားပီးသီချင်းဆိုပျော်နေကြတဲ့ချိန် မထင်ထားပဲ သူ့ကိုတိုက်တဲ့ဘီယာဘူးရွေ့ပီးလှုပ်နေတယ်...

အဲ့ချိန်ကျနော်တွေးမိတာတစ်ခုက အခုသူများတွေဝိုင်းနေချိန်မှာ သူဘယ်လောက်တောင်ပါဝင်ချင်ခဲ့သလဲပေါ့...
သူ့အပေါင်းသင်းနဲ့ပျော်ချင်တဲ့စိတ် ဘယ်လောက်ပြင်းပြနေမလဲပေါ့ ...😔😔😔

ဒီလိုအဖစ်မျိုး တစ်ခါမှစိတ်ကူးမထားခဲ့ဘူး...
အခုလက်တွေ့မြင်နေရတော့ လူငယ်တွေအတွက်ပိုပီး ဝမ်းနည်းစိတ်မကောင်းဖစ်နေရတယ်...
တမလွန်ရောက်နေတာတောင် အပေါင်းသင်းတွေနဲ့ပျော်ချင်နေတုန်းပဲ...

ရဲဘော်ရေ လွတ်လပ်တဲ့ဘဝမှာပျော်နေပါနော်...
နင့်အကြောင်းတွေးတိုင်းငါတို့လဲ ဝမ်းနည်းရပါတယ်...
နောက်ထပ်ညီကိုတွေမပေးဆပ်ရဖို့ ကူညီစောင့်ရှောက်ပေးပါဗျာ...
မင်းကိုအရမ်းလေးစားပီး အလေးနီပြုပီးသားပါ..
နောက်ဘဝမှာငြိမ်းချမ်းစွာနဲ့ပဲ တူတူဖြတ်သန်းကြတာပေါ့ဗျာ🫡🫡🫡

ကောင်းရာသုကတိလားပါစေရဲဘော် 🙏🏽🙏🏽🙏🏽

#KNDFB03
#KyimyindaingNetworks

https://www.youtube.com/watch?v=UR0PRPQ19og