Ko Kaung Hset @kokaunghset Channel on Telegram

Ko Kaung Hset

@kokaunghset


စင်ကာပူနိုင်ငံသို့သွားရောက်ရန် ရည်ရွယ်ပြင်ဆင်နေသူ လူငယ်များအတွက်

Ko Kaung Hset (Burmese)

ကောင်းစးရုပ်စု ရဲ ရဲခွန့်သားရှေ့ပြင် လူသုံး အွန်လိုင်းဖြင့် အခမ်းအနား ပွင်းလျှင် လက်ဝတ့်အိမ်များရှိခဲ့ပါသည်။ ရှင်သည်အားလုံးအပေါ် လူသုံး နဲ့ အနားရှက်လွယ်လွယ် အိုးချမ်းမြင့် များလား၊ မျှဝေချည်တယ်ဆို သုံးသောအတွင်းမျှတောက်နေသော အတွေ့အကြုံ ဖြစ်ပါသည်။ ကောင်းစးကို ပြန်လာစွာ အကျွမ်းရှင်များအတွက်လဲ အသက်မွော်လွယ်ကျအောင် တစ်ပြေရမြှောက်ပြီး ကောင်းမင်းကို မှသစ်ဖွင့်ရလျှင် အခမ်းအနား ကမ်းလှမြှောက်ပြီး ပိုဘဲ လျှောက်ပြီး ဟယ်ဟယ် သင်မည်သစ်ဖွင့်လျှင် ခဏလျှင်တဲ့ ပြန်လာမည်ဖြစ်ပြီး လူသုံးအနား ကမ်းဖြင့် မြေရောင် မျှိုးရိုး ပါအောင်လို့ သောအတွင်းပါပြန်လာစွာတာပါအဲလျှင် လူသုံးဖြင့် က ကောင်းတစ်ခုကို အစိုးရအရောင်အတွင်း ခေါ်စည်ဆောင်ရနိုင်မည်ဖြစ်လျှင် ကောင်းမင်က သင်ကောချင်လင်းလျွော်အောင် သင် အိမ်အကြီး ပြားကြာပြီး ပြန် အိမ်အကြီး မရောက်ဖြစ်ထားပါသည်။

Ko Kaung Hset

16 Feb, 06:16


အချို့ပြသနာတွေမှာ ထိပ်တိုက်တွေ့တာ ရင်ဆိုင်တာကို ရှောင်လွှဲရမယ် ၊ထိပ်တိုက်တွေ့ခြင်းဟာ ကောင်းကျိုးထက် ဆိုးကျိုးက ပိုများစေလိမ့်မယ် ၊ ပူးပေါင်းဆောင်ရွက်ခြင်းက ၂ဖက်လုံးကို အကျိုးဖြစ်စေမှာပါ

Ko Kaung Hset

16 Feb, 04:37


ပစ်ခတ်မှု့တွေမကြာခဏဖြစ်လေ့ရှိတဲ့ အမေရိကန်မှာ ကျောင်းသားတွေကို ဒီလိုကာကွယ်ဖို့စီစဥ်ထားတယ်

Ko Kaung Hset

16 Feb, 04:36


စင်ကာပူမှာ လည်ပတ်စရာနေရာ ထပ်တိုး

Ko Kaung Hset

16 Feb, 04:34


စင်ကာပူနိူင်ငံ ချန်ဂီကမ်းခြေက ဝမ်းနည်းဖွယ်ရာ အဖြစ်အပျက်တခု

Ko Kaung Hset

15 Feb, 12:24


စင်ကာပူဟိုတယ်သင်တန်းကျောင်း

ဖုန်းဆက်မေးထားကြတဲ့
ညီ ညီမငယ်တွေအတွက်ပါ ၊

ကိုဗစ်ကာလအပြီးမှာ ဝန်ဆောင်မှု့ကဏ္ဍ ဝန်ထမ်းလိုအပ်ချက်ကြောင့် NTS WP အထူးပါမစ်နဲ့
စင်ကာပူနိုင်ငံရှိ စားသောက်ဆိုင် ၊ ဟိုတယ်
ဆက်စပ်လုပ်ငန်းတွေမှာ
အလုပ်ရရှိသူများစွာရှိလာတယ်။

ဒီအလုပ်တွေအတွက် အလုပ်ရှင်ဘက်က
ပညာ အရည်အချင်း
များစွာကန့်သတ်ချက်မရှိပေမယ့်
အလုပ်ခွင်နဲ့လည်း အနည်းငယ်ရင်းနှီးသွားအောင်
လုပ်ငန်းခွင်ဆိုင်ရာသင်တန်းများ
တက်ရောက်ပြီးမှ သွားရောက်သင့်ကြောင်း
အကိုကတော့ အကြံပေးချင်တယ်။

ဒီလိုသင်တန်းဆင်းလက်မှတ်တွေက
အလုပ်ရဖို့ အထောက်အကူပြုသလို
နောင် အတွေ့အကြုံရလာတဲ့အခါ
ရာထူး
လစာတိုးဖို့ကိုလည်း အထောက်အပံ့ဖြစ်စေမှာပါ

ရန်ကုန်မှာ
ဟိုတယ်သင်တန်းကျောင်းများစွာရှိပေမယ့်
SMVTI ကျောင်းကတော့
စင်ကာပူဝန်ကြီးချုပ်ဟောင်းလည်း လာရောက်လည်ပတ် လေ့လာခဲ့တယ် ၊
စင်ကာပူနိုင်ငံအသိအမှတ်ပြု သင်တန်းတခုလည်းဖြစ်တယ် ၊ အဆိုပါသင်တန်းကျောင်းဆင်းလက်မှတ်နဲ့ စင်ကာပူတွင် ရောက်ရှိလုပ်ကိုင်နေသူများလည်း ရှိနေတာကြောင့် ရွေးချယ်သင့်တဲ့
နေရာတခုပါပဲ

ပြည်ပအလုပ်အတွက်ပြင်ဆင်ရာမှာ
အလုပ်ခွင်နဲ့ပတ်သက်တာ
သင်ယူထားသင့်သလို
ဘာသာစကားများ နားလည် ပြောနိုင်အောင်
လေ့လာထားကြရပါမယ်။

Ko Kaung Hset

10 Feb, 01:45


မိဘနဲ့တူတဲ့အစိုးရ

Ko Kaung Hset

10 Feb, 01:40


စင်ကာပူမှာအလုပ်ဖြုတ်မခံရအောင် ဒါတွေဆောင်

Ko Kaung Hset

29 Jan, 01:34


ဒီစာကတော့ NTS WP
စားသောက်ဆိုင်အကူအလုပ်နဲ့သွားမယ့်
ညီ ညီမငယ်တွေအတွက်ပါ

စင်ကာပူနိုင်ငံနေရာအနှံ့ရှိ
Food court မုန့်စျေးတန်းများမှာ
ပုံထဲက ပုံစားထမင်းဆိုင်လေးတွေကို
အလွယ်တကူ ရှာဖွေတွေ့ရှိနိုင်မှာပါ ၊

အသား ငါး ဟင်းသီးဟင်းရွက် စသဖြင့်
ဟင်းအမယ်စုံလင်လှပြီး
အသားဟင်း အသီးအရွက်နဲ့ထမင်းတနပ်စာကို
ဟင်းလျာ အမျိုးအစားနဲ့
စားသောက်ဆိုင်တည်ရှိတဲ့ နေရာအပေါ်မူတည်ပြီး
SGD 5 ဒေါ်လာဝန်းကျင်
(လက်ရှိငွေစျေးနဲ့ဆိုရင်
မြန်မာငွေ ကျပ် ၁၅၀၀၀ ဝန်းကျင်) ကျသင့်တာကြောင့်
စျေးချိုတဲ့အထဲ ပါဝင်ပါတယ်။

ကိုယ်က စျေးကြီးတဲ့အသား ငါးတွေစားမယ်ဆိုရင်
ဒီထက်မကလည်း ကျသင့်သွားနိုင်တာ သတိပြုရပါမယ်

ဒီဆိုင်လေးတွေမှာ မြန်မာလုပ်သားအချို့လည်း
NTS WP နဲ့လုပ်ကိုင်နေကြတာ တွေ့လာရတယ် ၊
ဒီဆိုင်တွေက အထူးသဖြင့် တရုတ်အစားအစာနဲ့
ဆက်စပ်ဟင်းလျာများ ရောင်းချတာများတာကြောင့်
ဆိုင်ဝန်ထမ်း စူပါတွေဟာ တရုတ်လူမျိုးတွေများတယ်၊
ဒီဆိုင်တွေမှာ အလုပ်လုပ်မယ်ဆိုရင်
တရုတ်စကားပြော မန်ဒရင်း တက်ထားသင့်တယ်။

နောက်တချက်က ပင်ပန်းခံနိုင်ဖို့

ပုံစားဆိုင်အများစုက ၂၄နာရီ ဖွင့်တာဖြစ်ပါတယ်၊
ကုန်ထုတ်လုပ်ငန်းဖွံ့ဖြိုးတဲ့ စင်ကာပူနိုင်ငံမှာ
နေ့ ည အဆိုင်းတွေနဲ့ စက်ရုံ အလုပ်ရုံ ဟိုတယ် ဝန်ထမ်းများ
သွားပြန် ပျားပန်းခပ်မျှစည်ကားနေတာကြောင့်
ဒီဆိုင်တွေက အတော်ရောင်းရပါတယ် ၊

၂၄နာရီမဖွင့်ရင်တောင် အချို့ဆိုင်များက
မနက်၅နာရီဝန်းကျင်ကနေ ညဘက် ၈နာရီလောက်အထိ
ဟင်းကျန်သရွေ့ ရောင်းကြတာမျိုး ရှိတယ်

မနက်၅နာရီ ပထမဆုံးဟင်းပွဲထွက်ဖို့
ဘယ်အချိန်အလုပ်သွားရမလဲ ၊
ဘယ်အချိန် ဆိုင်ကိုရောက် ချက်ပြုတ် ပြင်ဆင်ကြရမလဲ ၊
ည ၈နာရီ ဆိုင်ပိတ်တယ်ပဲထား
အိုးခွက်ပန်းကန်ဆေး သန့်ရှင်းရေးလုပ်ပြီး
ဘယ်အချိန် အိမ်ပြန်ကြရမှာလဲ ၊

အလုပ်ချိန်ဟာ အနည်းဆုံး
တရက်ကို ၁၂နာရီ မှ ၁၄နာရီ ဝန်းကျင် လုပ်ကိုင်ရနိုင်ပါတယ်
နားရက်ဆိုတာ တချို့ တပတ် ၁ရက်ရသူရှိသလို ၊
တလနေမှ ၁ရက်နားရသူလည်း ရှိတယ်။

ပြည်ပမှာက လစာကောင်းတာပဲမမြင်နဲ့
ပေးထားတာနဲ့ တန်အောင်ခိုင်းမှာပါ

အသင့်ဖြစ်ပြီလား ?

NTS WP ဖြင့် ထွက်ခွာမယ့်သူများ
ပင်ပန်းဒဏ်ခံနိုင်ရန် ပြင်ဆင်သွားကြဖို့
အကိုကတော့ တိုက်တွန်းချင်ပါတယ်။

အဆင်ပြေကြပါစေ

#singaporeskilltrainingcenter
#စင်ကာပူရောက်မြန်မာမလေး😍🤗
#စင်ကာပူရောက်မြန်မာများ
#ပြည်ပရောက်ရွှေမြန်မာတွေ
#fypage
#myanmartiktok🇲🇲🇲🇲
#

Ko Kaung Hset

29 Jan, 01:28


အကိုကကြောက်တက်တယ် ၊

အချိန်ပိုင်းခိုးလုပ်တာတွေ
လစာမှတပါး ငွေရနိုင်တဲ့
တခြားသောဖြတ်လမ်းနည်းတွေမသုံးခဲ့ဘူး ၊
SGD 1 ဒေါ်လာ မြန်မာငွေ ၇၅၀ ကျပ်ခေတ်ထဲက ရောက်ခဲ့တာပါ ၊

ဒီကားစီးနိုင်ဖို့ S Passဘဝနဲ့
၁၀ နှစ်လောက် ကြိုးစားခဲ့ရပါတယ်ဗျာ

Ko Kaung Hset

29 Jan, 01:26


စင်ကာပူအလုပ်လုပ်နေရင်း ရတာလေးတွေစုပြီး
ဝယ်နိုင်ခဲ့တဲ့ ဒုတိယမြောက် ကား

ပထမဆုံးဝယ်နိုင်တဲ့ကားက တိုယိုတာ Wish ၂၀၁၀ မော်ဒယ်ပါ ၊
Wishကို ၂၈၅သိန်းနဲ့ ဝယ်ခဲ့ပြီး
ဒီကားလေး ချက်ဗလက် Equinox ကို ၃၇၅သိန်းနဲ့
အလဲအထပ်လုပ်ဝယ်ယူခဲ့တယ်။

မြန်မာပြည်မှာ First owner
အမည်ပေါက်ကားလေးဖြစ်လို့
လိုင်စင်သက်တမ်းတိုးရာမှာ အာရုံအရမ်းမနောက်ရဘူး ၊
များစွာတန်ဖိုးထားမိပါတယ် ၊

ဒီကားကအမှန်တော့ ဘက်စုံသုံး MPV အုပ်စုဝင်ဖြစ်လို့
ပထမဝယ်ခဲ့တဲ့ Wishနဲ့ အတူတူပါပဲ ၊
အားသာချက်က ၂၀၁၈မော်ဒယ်ဖြစ်တယ် ၊
ကနေဒါက သွင်းလာတဲ့ကားဖြစ်တယ် ၊
၂ဘီးယက်မှ ၄ဘီးယက် အလွယ်တကူပြောင်းနိုင်တယ်
2WD to 4WD,
cruise control
blindspot
hill decent control
နောက်ဖုံးမော်တာ စတဲ့
နည်းပညာတွေပိုမြင့်သွားတာပေါ့

ဒီနေရာမှာ
အခုဒို့ရွာမှာထုတ်နေတဲ့ကားနဲ့
ဂျပန်ပြည်တွင်းသုံးကား JDM ကွာခြားချက်သွားတွေ့တယ်၊
ပထမစီးခဲ့တဲ့ Wishက JDMပါ
လေအိတ် ၁၀လုံး
နောက်ထပ်ဝယ်တဲ့ Equinox အီကွေ့နော့တ် လည်း
လေအိတ် ၁၀လုံးပဲ ၊
သူများတိုင်းပြည်တွေများ ဘေးအန္တရာယ်ကင်းရှင်းရေး
Safety ကိုလွန်စွာအလေးထားတယ်

ဒို့ရွာမှာ ၂၀၂၄မော်ဒယ်ကို လေအိတ် ၂လုံးနဲ့ ထုတ်နေတဲ့ကား
အခုထိရှိနေတုန်းပဲ

၂၀၁၈ အီကွေ့နော့တ်လေးက ကိုဗစ် ကိုစစ်နဲ့တိုးပြီး
ဘယ်မှသိပ်မသွားလိုက်ရ ၊
ပြင်ဦးလွင်တခေါက် ငွေဆောင်တခေါက်နဲ့ ကျန်တာ
ရန်ကုန်မြို့ပတ်သွားလိုက်ပြီး
နောက်ထပ်ကားတစီးနဲ့ ထပ်လဲရာမှာ
ပိုင်ရှင်ပြောင်းသွားခဲ့ပါတော့တယ်

ဘယ်​မောင်း
အင်ဂျင်ပါဝါ ဓာတ်ဆီ ၁၅၀၀ စီစီ ၊
မြင်းကောင်ရေ ၁၇၀ ဝန်းကျင်
ဘီးဆိုဒ် ၁၇လက်မ ဖြစ်တယ် ၊
ဆီ 95သာထည့်စီးတယ်၊
ပုံမှန် maintenance လုပ်လို့
ခရီးသွားတဲ့လမ်းတလျှောက် ဒုက္ခမပေးခဲ့ပါ

မြန်မာတွေအများစုက europe ကားဆိုကြောက်ကြတာပေါ့
မှန်ပါတယ်
ကုန်ကျစရိတ်ကများပါတယ် ၊
အင်ဂျင်ဝိုင်လဲတာ
ဘက်ထရီကအစ ဂျပန်ကျကား JDM တွေလောက်
စျေးမချိုပါဘူး ၊
ဝပ်ရှော့လည်း ရွေးပါတယ်၊
တချို့က မပြင်ဘူးလည်း ရတယ် စမ်းဖွင့် ကလိကြည့်ချင်တယ်
အဲ့ဒါမျိုးကြုံရင်တော့ နားကားပြီသာ မှတ်

အခုနောက်ပိုင်း ကားအသစ် brand newဝယ်ရင်တော့
ကားရဲ့ပြင်ထိန်းစရိတ် မြင့်မားမယ်ဆိုတာသိထားပါ ၊
အဓိက ဂျပန်ကျကား JDM တွေလို
အပိုပစ္စည်းက အဟောင်းပြန်ထည့်မရလို့ပါ ၊

နည်းပညာကလည်းမြင့်လာတော့
ပြင်ဖို့ခက်လာပြီး အသစ်လဲထည့်ရတာမျိုး ၊
လိုအပ်ရင် တရုတ်က OEM စက်ရုံတွေ
ဥရောပဘက်က စက်ရုံတွေကိုပါ လှမ်းမှာရတာကြောင့်
ဒေါ်လာပေါက်စျေး သယ်ယူပို့ဆောင်စရိတ်
အေးဂျင့်ကြေးတွေပါ ထပ်ပေးရတာကြောင့်
ကုန်ကျစရိတ်တွေပိုတာပါ ။

လက်ရှိမြန်မာ​ပြည်စျေးကွက်ထဲရောင်းနေတဲ့
ကားသစ် brand new အားလုံးက
အာမခံ warranty ပါကြပါတယ် ၊

ဒီနေရာမှာ ရောင်းပြီးဝန်ဆောင်မှု့
After sale service က အရေးပါလာပြီ ၊

ကားဝယ်ရာမှာ စျေးကွက်ထဲမှာ လူကြိုက်များတာက
အကြောင်းမဲ့မဟုတ်ပါဘူး ၊

တဦးမကတဲ့ မိတ်ဆွေတွေကိုမေးပါ
အင်တာနက်ကနေ ရီဗျူးတွေကြည့်ပါ
မိမိကိုယ်တိုင်လေ့လာပါ
တက်မောင်းကြည့်ပါ

တက်နိုင်ရင် အရှုပ်အရှင်းကင်းပြီး
စိတ်ချရတဲ့ brand new ဝယ်စီးပါ ၊

အရမ်းမသုံးချင်ရင်
ဂျပန်ကျ JDM ကားတွေကို
ဂုဏ်သိက္ခာရှိတဲ့ ကားရှိုးရွန်းတွေ
နာမည်ကြီး အရောင်းပွဲစားတွေဆီမှာ ရှာဖွေပါ

လူ့သတင်းက လူချင်းဆောင်ပါတယ်

Ko Kaung Hset

29 Jan, 01:23


ဘာလို့ဒီလိုပြောလဲ အကိုစင်ကာပူမှာ ၂၀၁၂ကတည်းက
၁၀နှစ်ကျော်လုပ်ကိုင်ခဲ့တယ် ၊
အလုပ်ရှင်တွေ မန်နေဂျာတွေလိုတာ
အလုပ်လုပ်မယ့်သူပါ
စောဒကတက်တာကိုမကြိုက်ကြဘူး
စကားနည်းနည်းပြော အလုပ်များများလုပ်သူကိုသာ
နှစ်ခြိုက် သဘောကျကြတယ်

အခုပြည်ပနိုင်ငံအများစုကိုသွားနေကြတာ
အခြေခံအလုပ်
အလုပ်ကြမ်းကဏ္ဍတွေ ဖြစ်တယ်၊
သူတို့နိုင်ငံသားများ အများစုမလုပ်ချင်ကြဘူး
ဒါကြောင့် အလုပ်ရလွယ်တာ

3D အလုပ်တွေ ခေါ်တာပေါ့
ညစ်ပတ်မယ်
အန္တရာယ်များတယ်
အသက်ဘေးနီးတဲ့ အလုပ်တွေပါ

ကိုယ်တွေဘက်ကကြည့်ရင်လည်း
ရွာမှာ ကုမ္ပဏ္ဍီဝန်ထမ်းဘဝ တနှစ်စာကို
၁လလောက်နဲ့ ရှာနိုင်သူတောင်ရှိကြတယ်
ဆိုတော့
ကိုယ်တွေဘက်ကလည်း အရမ်းမနစ်နာပါဘူး
၂ဦး ၂ဖက်
Win-Win situation ပါပဲ

၃။ ရိုးသားပါ

ရောက်ခါစမှာ အလုပ်ရှင် စီနီယာက စောင့်ကြည့်နေမှာပဲ ၊
မရိုးမသားမလုပ်နဲ့
သူတို့က သိပါတယ်၊
သူတို့က မတက်ရင်သင်ပေးတယ်
ဆူတာ ဆောင့်တာတော့ရှိတာပေါ့
သင်ပေးသည်ဆိုသော်ငြားလည်း
ကိုယ့်ဘက်က ရက်ပိုင်းအတွင်း သင်ယူတက်မြောက်နိူင်ရမယ် ၊
မှတ်မိရမယ်

တချို့က အလုပ်ခွင်အတွင်းအမှားလုပ်မိရာမှာ
ဖုံးဖိဖို့ လိမ်ကြဖို့ ကြိုးစားကြတယ်
ဒါတွေသူတို့မကြိုက်ဘူးနော်

၄။ ကြိုးစားပါ

ပြည်ပရောက်ရင် အလုပ်ခွင်ထဲမှာ
ဝိုက်နေလို့ရကြမှာမဟုတ်ဘူးနော်

၃ယောက်စာလောက်ခိုင်းမှာ ၊
ပေးထားတာနဲ့ တန်အောင်ခိုင်းကြမှာ ၊
အလုပ်ပေးတာနည်းသွားလို့ နားရမယ်မထင်နဲ့
အလုပ်ထပ်ပေးမှာ
ဒါကိုသိလို့ အချိန်ဆွဲမယ်လည်းမကြံနဲ့
သူတို့ မအပါဘူး

အလုပ်ခွင်ထဲရောက်ခါစ ၆လ တနှစ်အတွင်း
ရှယ်ပလန်နဲ့ ခိုင်းပါလိမ့်မယ်
ကိုယ် စိတ်ဆင်းရဲအောင်
လုပ်လိမ့်မယ် ၊မောင်းပါလိမ့်မယ်

ဒီကာလမှာကိုယ်ကမခံနိုင်လို့ ထွက်လိုက်ရင်ရှုံးပြီ ၊

အလုပ်မည်မျှပင်များသော်လည်း
မငြီးနဲ့ မခိုနဲ့
ဇွဲရှိပါ ကြိုးစားပြီးလုပ်ပါ ၊
မိမိရဲ့ ခံနိုင်ရည်ကိုပြပါ

ဆက်ရေးပါဦးမယ်

ယခုစာသ​ည် အခြေခံအဆင့်လုပ်သားဖြင့် ပြည်ပထွက်ခွာမည်သူများအတွက် အဓိက ရည်ရွယ်ပါတယ်။

Ko Kaung Hset

29 Jan, 01:22


မာနနဲ့ သိက္ခါတွေ အိမ်မှာထားခဲ့

မနက်က
မကြာခင် စင်ကာပူထွက်ခွာတော့မယ့် ညီမတယောက်နဲ့
စကားပြောဖြစ်တယ် ၊ သူကအင်ဂျင်နီယာဘွဲ့ရ
ပညာတက်တယောက်ပါ ၊
မြန်မာပြည်အလုပ်အတွေ့အကြုံလည်း မနည်း
သို့သော်ငြားလည်း ဒီနေ့ ဒီလိုတွေဖြစ်လာမှတော့ဖြင့်
အမေတခု သမီးတခုဘဝကိုစွန့်ပြီး
ပြည်ပထွက်ဖို့ သူကြိုးစားရတော့မယ်

အကိုမှာလိုက်တာတွေကတော့ ...

၁။ မာနနဲ့သိက္ခါကို အိမ်မှာထားခဲ့
ငါအင်ဂျင်နီယာတယောက်ဖြစ်တယ် ၊
ငါဟာ ပညာတက်တယောက်ဖြစ်တယ် ဆိုတဲ့
မာနတွေ သိက္ခါတွေ ထားခဲ့ပါတော့

ဒီညီမငယ်ဟာ သူ့နယ်ပယ်မှာ ကျွမ်းကျင်သော်ငြားလည်း
စင်ကာပူမှာ တိုက်ရိုက်အလုပ်ရဖို့ ခက်ခဲနေတာမှာ
အဆင်မပြေဖြစ်ခဲ့ရတယ် ၊ အဆင်မပြေရင် ရရာလုပ်ရတော့မှာ
ကိုယ့်စီနီယာက ကိုယ့်ထက်ငယ်ချင်ငယ်မယ် ၊
ကိုယ့်လောက်မှ ပညာတက်ချင်မှတက်မယ်
ဒီလိုလူတွေနဲ့ဆက်ဆံရာမှာ ပညာ မာနထားနေရင်
အဆင်ပြေဖို့က မလွယ်

၂။ အလုပ်ခွင်ထဲရောက်တဲ့အခါ
ကိုယ့်ရဲ့အလုပ်ရှင် မန်နေဂျာ စီနီယာတွေခိုင်းသမျှကို
စောဒက(complain) မတက်နဲ့
Yes Yes ပြော
ခေါင်းညိမ့်ဖို့သာ ပြင်ဆင်သွားပါ

Ko Kaung Hset

25 Jan, 13:49


တချို့က သင်တန်းပေးတယ် ၊
တချို့က ပွဲစားလုပ်ချင်တယ်
ဒါက လူကုန်ကူးမှု့နဲ့ငြိစွန်းပါတယ်

ကိုယ်ကပြည်ပမှာနေနေလို့
ဥပဒေပြင်ပရောက်နေတယ်ဆို​ဦးတော့
ပြည်ပနိုင်ငံတွေမှာလည်း
လိမ်ညာလက်ထပ်တဲ့ဖြစ်စဥ်တွေက ရှိခဲ့ပြီးဖြစ်လို့
စုံစမ်းတွေ့ရှိတာနဲ့ အရေးယူပါတယ်နော်၊

ဥပမာ စင်ကာပူမှာဆိုရင်
ယိုးဒယား
ဗီယက်နမ်မလေးတွေ အချောလေးတွေပေါ့
စင်ကာပူနိုင်ငံသားတွေနဲ့ လက်ထပ်
နိုင်ငံသားအဖြစ်ခံယူသွားတာ ယခင်ကတည်းက ရှိခဲ့တယ်

သတင်းမီဒီယာတွေ လူမှု့ကွန်ယက်ပေါ်မှာရေးသားတာများလာတော့ အစိုးရလည်း
ထိုင်ကြည့်နေလို့မရတော့ဘူး

စင်ကာပူရောက် မြန်မာအိမ်အကူလေးများ
စင်ကာပူနိုင်ငံသားနဲ့
တရားဝင်လက်ထပ်ဖို့အတွက်
MOM ခွင့်ပြုချက်ယူရပါတယ် ၊
MOMခွင့်မပြုပဲလက်ထပ်ထားသူများ
ပါမစ်ကတ်ရုပ်သိမ်း
အရေးယူခံရနိုင်တယ် ၊
နည်းလမ်းအမျိုးမျိုးသုံးပြီး
ကြိုးစားတယ်ဆိုဦးတော့
PR ဧည့်နိုင်ငံသား /
citizen နိုင်ငံသားလျှောက်ထားရာမှာ
အဆင်မပြေနိုင်ပါ

စင်ကာပူမှာအိမ်အကူမလုပ်ရသေးပဲ
မြန်မာပြည်ကလူကိုခေါ် ယူရင်တော့
ပိုပြီး လွယ်ပါတယ် ၊

ထိုင်း ဗီယက်နမ်မတွေက ထိုနည်းအသုံးများတာကြောင့်
စလုံးအသိုင်းအဝိုင်းမှာတော့
ချူဆီတွေဆိုပြီး ဝိုင်းကျဥ်ချင်ကြတယ်

နိုင်ငံသားဖြစ်ဖို့အရေး လိမ်ညာလက်ထပ်တာတွေ နောင်မှပြန်ကွဲတာတွေရှိနေတာကြောင့်
စင်ကာပူအစိုးရဘက်ကလည်း PRပေးဖို့ကို အနည်းဆုံး ၅နှစ် ၁၀လောက်အထိ ဆိုင်းထားတယ်၊ စုံစမ်းတွေရှိခဲ့ရင်လည်း
အရေးယူခံရမှာပါ။

နောက်တခုက မိမိရဲ့တန်ဖိုးပါ ၊
လူမျိုး ဘာသာ ဓလေ့စရိုက်မတူသူတွေက
မေတ္တာစစ်ကို ရှာဖွေတွေ့ရှိသွားဖို့
တော်တော်ကိုမဖြစ်နိုင်ပါ ၊
သူတို့တွေမှာ ရည်းစားထားတာ အတူနေတာတွေက မဆန်းပေမယ့် မြန်မာယဥ်ကျေးမှု့နဲ့တော့ ဖီလာဆန့်ကျင်နေပါတယ် ၊
နိုင်ငံခြားသားကောင်လေးနဲ့ အတူနေဖြစ်ပြီး
သမီးရည်းစားဘဝနဲ့ပြတ်ဆဲသွားရင်တော့
နစ်နာမှာက မိမိကိုယ်တိုင်ပဲ ဖြစ်ပါတယ်။

အချို့ယုတ်မာသူများ
ဗီဒီယိုတွေရိုက်ထားတာ
ပြတ်ဆဲသွားချိန်မှာ လိုင်းပေါ်တင်တာ
ခြိမ်းခြောက်တာတွေကို
သတင်းများမှာလည်း တွေ့ရှိကြမှာပါ

အချို့ကလည်း ဘော်ဒါတွေကိုပါ လက်ဆင့်ကမ်းတယ်၊
ဒီကောင်မလေးကလွယ်တယ်
မိတ်ဆက်ပေးပြီး အသာလေးကန်ထုတ်လိုက်ရာက
နောက်ဆုံးကြေးစားလိုင်းဝင်သွားသူတွေပါ ရှိနေတယ်

ကိုယ်က နိုင်ငံသားဖြစ်ချင်စိတ်တခုတည်းနဲ့
နိုငငံခြားသားတယောက်ကို မျက်စိစုံမှိတ်လက်ထပ်လိုက်မယ်
တဖက်ကလည်း တန်ဖိုးမထားဘူးဆိုရင်
ထိုအိမ်ထောင်ရေးက
ရေရှည်တည်မြဲဖို့ မလွယ်ပါဘူး

ဒို့ရွာကြီးက
အချို့တွေအတွက်နေချင့်စဖွယ်
ပြန်လာချင်စရာမဖြစ်တော့ပေမယ့်
နိုင်ငံခြားသားတွေကြားမှာ
နိုင်ငံခြားမှာ
မြန်မာမလေးတွေကို
တန်ဖိုးထားဆက်ဆံခံရတာပဲ မြင်ချင်တယ် ၊

မိမိကိုယ်ကိုတန်ဖိုးထားပါ
မိမိတန်ဖိုးက မိမိရဲ့အနေအထိုင် အပြုအမူတွေအပေါ်မူတည်ပါတယ်၊
မိမိကိုယ်ကိုတန်ဖိုးထားမှ တဖက်လူကလေးစားမယ်
တန်ဖိုးထားကြမှာပါ

အကိုက အသက်ကြီးပါပြီ
ဒီစာတွေက
ခေတ်လည်းမမှီတော့ပါဘူး
ထင်လို့လည်း ရပါတယ်

#myanmartiktok🇲🇲🇲🇲
#fypage
#ပြည်ပရောက်ရွှေမြန်မာတွေ
#စင်ကာပူရောက်မြန်မာများ
#စင်ကာပူရောက်မြန်မာမလေး😍🤗
#ဂျပန်ရောက်မြန်မာမလေး😁🇯🇵
#ကိုရီးယားရောက်မြန်မာမလေး

Ko Kaung Hset

25 Jan, 13:49


လိမ်ညာလက်ထပ်ပြီး
နိုင်ငံသားခံယူကြမယ်

ဒို့ရွာကြီးမှာ အသက်ရှင်ရတာခက်ခဲ ပင်ပန်းလွန်းတယ် ၊
အလုပ်အကိုင်ကရှားပါး
ကုန်စျေးနှုန်းတွေကများ
လစာဆိုတာက ခပ်သေးသေး

ပြည်ပထွက်အလုပ်လုပ်ကြမယ်
နိုင်ငံခြားသားနဲ့ ယူရင်
နိုင်ငံသားပေးတယ်
ရွာပြန်လာဖို့ မလိုတော့ဘူးတဲ့၊
နိုင်ငံခြားသားပတ်စ်ပို့ကိုင်ပြီး
ရွာကိုလက်မထောင် ရင်ကော့ပြီး
ပြန်ကြမယ်

အခုနောက်ပိုင်း ဆိုရှယ်မီိဒီယာမှာပါ
နိုင်ငံခြားသားနဲ့ယူထား
အတူနေမမတွေက ဓာတ်ပုံ ဗီဒီယိုတွေတင်ပြီး ကြွယ်ကြရာမှာ
အချို့တွေအတွက် အားကျချင်စဖွယ် ဖြစ်လာပါတော့တယ်

သူတို့ပစ်မှတ်ထားတာဟာ
ဉာဏ် ပညာ ဆင်ခြင်တုံတရား
နည်းပါးသူလေးတွေ ၊

Ko Kaung Hset

21 Jan, 01:58


လက်ရှိကွန်ဒိုတွေထဲမှာ စျေးအသင့်ဆုံးလို့ပြောနိုင်တဲ့
ကွန်ဒိုတခု

အခုလိုအချိန်
တိုက်ခန်း
လုံးချင်း
မြေကွက် ကြိုပွိုင့်နဲ့ဝယ်ရတာက
စျေးချိုပေမယ့် riskများတယ်

အရစ်ကျပေးလို့ရတယ်
ပရိုမိုးရှင်းတွေပေးနေတယ်
စျေးသက်သာပေမယ့်
တချို့ project တွေက အကြီးကြီးတွေ၊
အခြေခံအဆောက်အဦး
လမ်း ရေမြောင်း ဓာတ်တိုင်စတဲ့
infrastructure တောင်
မပြီးသေးတဲ့ ပရောဂျက်တွေလည်း ရှိနေတယ် ၊
၃နှစ် ၄နှစ် အတိုးမဲ့ အရစ်ကျပေးလို့ရပေမယ့်
ဒီကြားထဲ အခြေအနေတခုခုကြောင့်
ရပ်ဆိုင်းသွားရင် နစ်နာ ဆုံးရှုံးမှု့တွေ
ကြုံသွားရနိူင်တယ်၊

အကြံပေးချင်တာကတော့
တိုက်ခန်း လုံးချင်း မြေကွက် ကွန်ဒိုဝယ်ယူမယ်ဆိုရင်
မြေပြင်ကို ကွင်းဆင်းကြည့်ပါ ၊
လိုကေးရှင်းကို လေ့လာပါ ၊
တည်ဆောက်သူ ကန်ထရိုက်တာ
Developer ရဲ့ review
နာမည် ဂုဏ်သတင်းကို လေ့လာ အကဲခတ်ပါ

ကိုယ့်အတွေ့အကြုံအရ
မြန်မာပြည်မှာ လုပ်ငန်းလုပ်မယ်
ရင်းနှီးမြုပ်နှံတော့မယ်ဆိုရင်
Risk ယူရဲဖို့လိုတယ် ၊
သိန်းရာထောင်ချီ မြတ်သွားနိူင်သလို
တပြားမှမကျန်အောင်လည်း ရှုံးသွားနိူင်တာ
တွေးထားရမယ်
အထူးသဖြင့် အိမ်ခြံမြေကဏ္ဍ

ပန်းလှိုင်ဂရုက ဖော်ဆောင်တာပဲထင်ပါတယ်၊
လှိုင်သာယာ Padauk garden လုံးချင်းအိမ်ရာဆိုရင်
စဆောက်စဥ်က ၃ထောင် ဝန်းကျင်
ယခု project ပြီးစီး လူနေလို့ရတဲ့အချိန်မှာ
သိန်း ၁သောင်း ပတ်ချာလည်တွေဖြစ်ကုန်ပြီ၊
သေချာတာပေါ့ တည်ဆောက်ဆဲကာလ
နှစ်ချီအပိုင်းအခြားမှာတော့
ဝယ်ယူသူတွေအနေနဲ့ riskယူခဲ့ရမှာပေါ့

အခုရေးမှာကတော့
စေပိုင်ဆောက်လုပ်ရေးက
ပုံဖော်ထုဆစ်ထားတဲ့
Parami valley residence(PVR)

ဒီကွန်ဒိုတွေကတော့ အလုံးရေတဝက်လောက်က
ပြီးစီးပြီး ၊ ရောင်းခန်းအချို့လည်း ကျန် ၊
ငွေချေတက်နေရုံပါပဲ

သူ့အားသာချက်က လိုကေးရှင်းနဲ့
ပတ်ဝန်းကျင်

ပါရမီလမ်းနဲ့ မင်းဓမ္မလမ်းထောင်မှာ တည်ရှိတယ်၊
အခြားကွန်ဒိုတွေလို လမ်းကျဥ်းတွေကတဆင့်
ဝင်သွားရတာ
ပတ်ဝန်းကျင်မှာ ကြည့်မကောင်း
မြင်မကောင်းတဲ့အရာတွေရှိနေတာမျိုးမဟုတ်ဘူး

#အရေးအကြီးဆုံး
Power supply
အခုခေတ်စားနေတဲ့ ပန်းလှိုင်အုပ်စုရဲ့
သံလျင်ကြယ်စင်အိမ်ရာက Estella ၊
လှိုင်သာယာ ပီမိုးနင်းလမ်းအနီး
The Crest အိမ်ရာတွေမှာတော့
EPCမီတာ +
လုံးချင်းတိုက်ခေါင်မိုးတွေမှာ
ဆိုလာပြားတပ်ထားတာမျိုး ၊
သဘာဝပတ်ဝန်းကျင်အတွက်
ကိုယ်ပိုင်မီးစက် ပေးမသုံးဘူး

အခု PVRကွန်ဒိုတွေမှာကျတော့
EPCမီးနဲ့ ကုမ္ပဏ္ဍီမီးစက်မီး ၂မျိုးရှိမယ် ၊
ဆိုလာတပ်ဖို့အတွက်တော့ ကိုယ်ထင်တယ်
ကွန်ဒိုအနေအထား
တဦးချင်းစီအတွက် အဆင်ပြေမှာမဟုတ်ဘူး

#အားသာချက်က
CCTV ကင်မရာတွေနေရာအနှံ့တပ်ဆင်ထားတယ်၊
ဓာတ်လှေကား ကတ်စနစ် ၊
ကိုယ်တွေကန်ထရိုက်တိုက်တွေလို
ရေတင်စရာမလိုဘူး ပန့်နဲ့တွန်းပေးတာ ၊
ဘားဖွင့်သုံးရုံပဲ
အမှိုက်က chute ကနေပစ်ချရုံပဲ ၊
အထပ်တိုင်းရဲ့ ဝရန်တာကို
နေ့စဥ်သန့်ရှင်းရေးဝင်ပေးတယ် ၊
ဒီလိုနေရာတွေနေတာ မီးလာမီးပျက် မှတ်ထားဖို့တွေ
မီးလာရင်ရေတင်ဖို့ဆိုတာတွေက မေ့ထားလို့ရပြီ

မီးပျက်ရင်လည်း မီးစက်နှိုးပေးမတဲ့
တယူနစ် ၂၀၀၀ ကျပ် ၊

Maintenance fee
လစဥ် လုံခြုံရေး
သန့်ရှင်းရေး
ထိန်းသိမ်းစရိတ် ၁သိန်းအထက် ပေးရမယ် ၊
တခန်းကို ကားပါကင်တစီးစာရမယ် ၊
ထပ်လိုချင် တစီးကို တလ၁သိန်းနဲ့ ဌားခပေးရမယ်

သူကသီးခြားဝန်းခြံထဲမှာ
ကွန်ဒိုအထပ်မြင့်အလုံးကြီးတွေဆိုတော့
မြို့ငယ်လေးတခုရောက်သွားသလိုပါပဲ
သဘောကျမိတယ်

ကိုယ်ထင်တယ်
အခန်းတွေက ဝရန်တာတဆက်ထဲ
ဆေးရောင်
ဒီဇိုင်းကာလာအနေအထား
စင်ကာပူHDB စတိုင်နဲ့ ဆင်တူသလိုပဲ

မင်းဓမ္မလမ်းက နောင်မှာ စီးပွားရေးဇုန်ဖြစ်လာတော့မှာ ၊
လျာထားတာတွေ ရှိနေတယ်၊
ရန်ကုန်လေဆိပ်နဲ့ မဝေးဘူး
အနီးနားမှာ အထူးကုဆေးရုံ ကျောင်းကြီးတွေ
ကားလမ်းကျယ်နဲ့ သွားလာရေးလွယ်ကူအဆင်ပြေတယ်

#စျေးနှုန်း
သိန်း ၆၀၀၀ + tax ဝန်းကျင်နဲ့
1200sqft ဝန်းကျင်အခန်းတွေရနိုင်တယ် ၊
အိပ်ခန်း ၃ခန်းပါ ၊
အခန်းတွေက ရေမီးအစုံပါပြီးသား ၊
အသင့်နေဖို့အတွက်ဆိုရင်တော့ decoration အနည်းငယ်လုပ်ရနိုင်

ဒီပမာဏ
လယ်ဗယ်တခု
ဝင်ငွေရှိသူများ သွားရောက်လေ့လာကြည့်သင့်တဲ့
နေရာတခုပါ

#ရန်ကုန်
#ParamiValleyResidence
#ရန်ကုန်အိမ်ခြံမြေ

Ko Kaung Hset

10 Jan, 11:01


Jobstreet,indeed စတဲ့
ဝက်ဘ်ဆိုက်များမှ
အေးဂျင့်ကြေး အခမဲ့ဖြင့်လည်း
လျှောက်ထားနိုင်ပါတယ်၊
မိမိရဲ့ ပညာ အရည်အချင်း အတွေ့အကြုံအပေါ် မူတည်ပြီး
အလုပ်ရဖို့
အချိန်ကြာမြင့် ခက်ခဲနိုင်တယ်

ဆိုပေမယ့်
လူ၁၀၀ မှာ ၁ယောက်လောက်ကတော့
အလုပ်ရှင်တိုက်ရိုက်
(အေးဂျင့်ကြေးမပါ)ရရှိသူတွေ ရှိနေကြတယ် ၊

တချို့က မြန်မာပြည်ကနေလည်း
စင်ကာပူအလုပ်မရနိုင်ဘူးလို့ ထင်နေကြတယ်၊

jobstreet လိုဝက်ဘ်ဆိုက်မှာ
မိမိရဲ့ cv ဖောင်ကိုစနစ်တကျပြင်ဆင်ပြီး
အလုပ်လျှောက်ထားပါ၊
မိမိရဲ့ အရည်အချင်းကို သူတို့သဘောကျရင်
အီးမေးကနေတဆင့် ဆက်သွယ်မယ် ၊
အင်တာဗျူးခေါ်ပါလိမ့်မယ်

ပထမပုံတွေကတော့
၂၀၂၄ ဒီဇင်ဘာလမှာ
စင်ကာပူကုမ္ပဏ္ဍီဘက်က
အလုပ်အင်တာဗျူးဖို့ ဆက်သွယ်လာတာတွေပဲ ဖြစ်ပါတယ်

ကြိုးစားကြည့်ကြဖို့
အကိုကတော့
အကြံပေးချင်ပါတယ်

သိချင်တာတွေလည်း လာမေးလို့ရပါတယ်

Ko Kaung Hset

10 Jan, 11:00


အေးဂျင့်ကြေးအခမဲ့ဖြင့်
စင်ကာပူအလုပ်အကိုင် လျှောက်ထားလိုသူများအတွက်ပါ

စင်ကာပူနိုင်ငံမှာ
ကျွမ်းကျင်အဆင့်
တနည်း
အရာရှိရာထူးခေါ်တာပေါ့ ၊
စာရင်းကိုင်
HR
အင်ဂျင်နီယာ ရာထူး (လစာအမှန်)
SGD 3500 မှ 5000 ဝန်းကျင် ရရှိနိုင်ဖို့ ...

မိမိဘက်က အလုပ်နဲ့သက်ဆိုင်တဲ့
ဘွဲ့ ၊
အလုပ်အတွေ့အကြုံ
အနည်းဆုံး ၃နှစ်မှ ၁၀နှစ်ဝန်းကျင် ၊
လုပ်ငန်းခွင် ကျွမ်းကျင်အဆင့် ၊
english 4skill ၊
microsoft office full suite ၊
သည်းခံစိတ် ၊
ပေါင်းသင်းဆက်ဆံရေး ၊
ဇွဲ လုံ့လ ဝီရိယများ ပြည့်စုံထားသင့်တယ်။

Ko Kaung Hset

09 Jan, 03:23


မေး

စင်္ကာပူကို အကြွေးစနစ်နဲ့ Accountant သွားလို့ ရပါသလားရှင် ပြီးတော့ မြန်မာနိုင်ငံကနေပဲ Work From Home ရော လုပ်လို့ ရပါသလားရှင့်


ဖြေ

စင်ကာပူနိုင်ငံမှာ
အရာရှိရာထူးခေါ်တာပေါ့ ၊
စာရင်းကိုင်
HR
အင်ဂျင်နီယာ ရာထူး (လစာအမှန်) SGD 3500 မှ 5000 ဝန်းကျင်
ရရှိနိုင်ဖို့ ...

မိမိဘက်က အလုပ်နဲ့သက်ဆိုင်တဲ့
ဘွဲ့ ၊ အလုပ်အတွေ့အကြုံ အနည်းဆုံး ၁၀နှစ်ဝန်းကျင် ၊လုပ်ငန်းခွင် ကျွမ်းကျင်အဆင့် ၊
english 4skill ၊
microsoft office full suite ၊ သည်းခံစိတ် ၊
ပေါင်းသင်းဆက်ဆံရေး ၊
ဇွဲ လုံ့လ ဝီရိယများ ပြည့်စုံထားသင့်တယ်

အေးဂျင့်များဖြင့် အေးဂျင့်ကြေး သိန်း ၂၀၀ ဝန်းကျင်ပေးရင်တော့ လစာလိမ် အမည်ခံ
တောက်တိုမယ်ရ အကုန်လုပ်
အစုံသုပ်
ရာထူး အလွယ်တကူရနိုင်ပြီး

Jobstreet,indeed စတဲ့
ဝက်ဘ်ဆိုက်များမှ
အေးဂျင့်ကြေး အခမဲ့ဖြင့်လည်း
လျှောက်ထားနိုင်ပါတယ်၊
မိမိရဲ့ ပညာ အရည်အချင်း အတွေ့အကြုံအပေါ် မူတည်ပြီး
အလုပ်ရဖို့
အချိန်ကြာမြင့် ခက်ခဲနိုင်တယ်

ဆိုပေမယ့်
လူ၁၀၀ မှာ ၁ယောက်လောက်ကတော့
အလုပ်ရှင်တိုက်ရိုက်
အေးဂျင့်ကြေးမပါ ရရှိသူတွေ ရှိနေကြတယ် ၊

ကြိုးစားကြည့်ကြဖို့
အကိုကတော့
အကြံပေးချင်ပါတယ်

စင်ကာပူနိုင်ငံမှာ covid ကာလပြီးဆုံးပြီဖြစ်လို့ work from home အလုပ်များမခေါ်တော့ပါ

တချို့ကုမ္ပဏ္ဍီအ​သေးတွေကတော့
စင်ကာပူအလုပ်သမားဝန်ကြီးဌာန MOM မှာ ပါမစ် ၊ ကိုတာအခက်အခဲရှိတာကြောင့်
Remote work from home အမည်ခံပြီး ခန့် ၊
ဘောင်မဝင် တန်းမဝင် လစာ
SGD 1000 ဝန်းကျင်ပေးပြီး
လူကမြန်မာပြည်မှာနေ
အွန်လိုင်းကနေတဆင့်
စင်ကာပူရုံးချိန်အတိုင်း
အလုပ်လုပ်ခိုင်းနေသူ
အချို့ (အချို့) လည်း ရှိကြတယ်။

Ko Kaung Hset

02 Jan, 02:46


ပင်လယ်စာများ လတ်ဆက်စွာဖြင့် ဝယ်ယူရရှိနိုင်မယ့် စင်ကာပူနိုင်ငံ Giant ဆူပါမားကတ်စျေးတန်း

Ko Kaung Hset

02 Jan, 02:45


စင်ကာပူရဲများနှင့် အနံ့ခံခွေးလေးတကောင်

Ko Kaung Hset

31 Dec, 22:31


ဌက်ကြည့်တဲ့နေရာ

စင်ကာပူနိုင်ငံ Gardens by the bay ဥယျာဥ်ကြီးထဲမှာ ရှားပါးဌက်တွေ လာရောက်ကြတဲ့နေရာတခုရှိတယ် ၊ ကင်မရာမန်းတွေကတော့ ဝတ်စုံအပြည့်နဲ့ စိတ်ရှည်လက်ရှည်ကို ဌက်တွေအလာစောင့်နေကြတာပါပဲ

Ko Kaung Hset

31 Dec, 22:23


တရုတ်နှစ်ကူး စင်ကာပူမှာ အလုပ်အကိုင်ပေါတာလား?

အလုပ်နဲ့ပတ်သက်တဲ့
ပညာ ၊
အရည်အချင်း
အတွေ့အကြုံ
ဘာသာစကား
သည်းခံစိတ်
ဇွဲ
လုံ့လ
ဝီရိယ ရှိထားသူတွေအတွက်
စင်ကာပူမှာ တရုတ်နှစ်ကူးမှမဟုတ် ၊
နေ့စဥ်ကို အလုပ်ခေါ်နေကြပါတယ်

တရုတ်နှစ်ကူးကာလဟာ ရုံးပိတ်ရက်ရှည်တယ် ၊ လေယာဥ်ခ များတယ် ၊
အိမ်ခန်းဌားဖို့ခက််တယ် ...စတဲ့
အခက်အခဲတွေရှိတယ်

စင်ကာပူကို အလည်သွား အလုပ်ရှာနည်းဟာ လက်တွေ့မှာ အရမ်းကြီးမလွယ်တော့ဘူး

စင်ကာပူအစိုးရက သူ့နိုင်ငံထဲကို
ပတ်စ်ပို့စကန်ဖတ်ပြီး
၃မိနစ်နဲ့
လွယ်လွယ်ကူကူဝင်လို့ရအောင်
လုပ်ပေးထားတယ်

သို့သော်လည်း
အလည်သွားဗန်းပြ
အလုပ်သွားရှာသူတွေအနေနဲ့ လိုအပ်တဲ့နေထိုင်ခွင့် ၂လ ၃လ ရဖို့ မသေချာတော့ဘူး

ပုံမှန်နေထိုင်ခွင့် ရက်၃၀ သာ ပေးတာကြောင့် ထိုကာလအတွင်း
အင်တာဗျူးရဖို့
အင်တာဗျူးအောင်ဖို့
ခေါ်စာကျဖို့
အချိန်မလုံလောက်ပဲ
စင်ကာပူကနေ
အိမ်နီးချင်း မလေးရှား အင်ဒိုနီးရှားအထွက်ပြ
စတေးရှောင်ပြန်ဝင်ကြရတာ ၊
စတေးရက်အနည်းငယ်ပဲရလို့
ထိုင်းဘက်ပြေးကြရတာ
ကုန်ကျစရိတ်များပြားတာ
စိတ်ဆင်းရဲ ပူပန်ကြရတာ
စတဲ့ ဖြစ်စဥ်တွေ ရှိနေပါတယ်

Ko Kaung Hset

24 Dec, 17:10


Channel photo updated

Ko Kaung Hset

24 Dec, 15:42


ရုတ်တရက်ဆိုရင်တော့ စိတ်လှုပ်ရှားစရာပါပဲ ၊ စင်ကာပူနိုင်ငံမှာ ဒီလိုမျိုးဖြစ်စဥ်က သိပ်ပြီးမထူးဆန်းတော့ပါဘူး ၊ ဒီတခါကတော့ အဖွဲ့စုံပါဝင်ပြီး ရဲ ယာဥ်ထိန်းအင်အားအတော်များတာကြောင့် လမ်းပိတ်ဆို့မှု့တွေပါ ဖြစ်ပေါ်ခဲ့ရပါတယ်

စင်ကာပူနိူင်ငံမှာ ညဘက်လမ်းတွေကို ဘလောက်တုံးတွေချပြီး ရဲတွေကတားရင် အရမ်းစိတ်ပူဖို့မလိုဘူး ၊ ကားမှန်ကိုချပြီး သူတို့နဲ့ပူးပေါင်းပါဝင်ပေးလိုက်ပါ

အရက်အလွန်အကျွံသောက်ပြီး ယာဥ်မောင်းသူတွေ ၊ လိုင်စင်မရှိပဲမောင်းနှင်သူတွေ ၊ ယာဥ် လမ်းစည်းကမ်းချိုးဖောက်တဲ့ ယာဥ်မောင်းတွေနဲ့ ကားတွေကို
ရှောင်တခင် စစ်ဆေးတာဖြစ်ပါတယ်

Ko Kaung Hset

20 Dec, 14:00


လုပ်ငန်းခွင်အတွင်း အမှားကြီးလုပ်မိတာ
မတော်တဆထိခိုက်မိတာ
ချမှတ်ထားတဲ့ လုပ်ငန်းဆောင်တာ
တာဝန်များ ပြည့်မှီအောင် မလုပ်နိုင်တာ
စည်းကမ်း ဥပဒေမချိုးဖောက်မိတာမျိုး ​ဖြစ်ခဲ့ရင်
အချိန်မရွေး အလုပ်ဖြုတ်ခံရနိူင်ပြီး
ရွာပြန်လာရနိုင်တယ်

Ko Kaung Hset

20 Dec, 09:33


မြန်မာနိုင်ငံတွင် အမျိုးသားရင်ကြားစေ့ရေးအတွက် ဒေါ်အောင်ဆန်းစုကြည်အား လွှတ်ပေးရန် စင်ကာပူနိုင်ငံခြားရေးဝန်ကြီး တောင်းဆို

ထိုင်းနိုင်ငံတွင် မြန်မာ့အရေးနှင့်ပတ်သက်၍ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အလွတ်သဘောဆွေးနွေးပွဲကို ဒီဇင်ဘာ ၂၀ ရက်၌ ပြုလုပ်ခဲ့ပြီး ယင်းဆွေးနွေးပွဲအပြီးတွင် စင်ကာပူနိုင်ငံခြားရေးဝန်ကြီး ဗီဗီယန်ဘာ လာခရစ်ရှ်နန်က ဒေါ်အောင်ဆန်းစုကြည်အား လွှတ်ပေးရန်တောင်းဆိုကြောင်းကို ၎င်း၏ ဖေ့ဘွစ်အကောင့်တွင် ရေးသားထားသည်။

အဆိုပါအစည်းအဝေးတွင် မြန်မာနိုင်ငံနှင့်သက်ဆိုင်သည့် ဘုံသဘောတူညီချက် ငါးရပ်အကောင်အထည်ဖော်ရေးအပြင် စင်ကာပူနိုင်ငံခြားရေးဝန်ကြီးက မြန်မာနိုင်ငံ၏လက်ရှိအခြေအနေကို ဆွေးနွေးတင်ပြခဲ့သည်။

မြန်မာနိုင်ငံနှင့် သက်ဆိုင်သော ဘုံသဘောတူညီချက်ငါးရပ်အကောင်အထည်ဖော်ရေးကိစ္စကို ဆွေးနွေးသည့် အလွတ်သဘောဆွေးနွေးပွဲသို့ လက်ရှိအာဆီယံဥက္ကဋ္ဌ လာအို၊ ယခင်အာဆီယံဥက္ကဋ္ဌ အင်ဒိုနီးရှား၊ နောင်လာမည့် အာဆီယံဥက္ကဋ္ဌ မလေးရှားနိုင်ငံတို့ နိုင်ငံခြားရေးဝန်ကြီးများအပါအဝင် အာဆီယံကိုးနိုင်ငံမှ ကိုယ်စားလှယ်များလည်း တက်ရောက်ခဲ့ကြောင်း သိရသည်။

စင်ကာပူနိုင်ငံခြားရေးဝန်ကြီး ဗီဗီယန်ဘာလာခရစ်ရှ်နန်က ၎င်းတို့အနေဖြင့် စိုးရိမ်သည်မှာ မြန်မာပြည်သူများအတွက် ငြိမ်းချမ်းရေး၊ ကြွယ်ဝရေး၊ တိုးတက်ရေးပင်ဖြစ်ကြောင်း ပြောကြားသည်။

“ကျွန်တော်တို့ဟာ မြန်မာတပ်မတော် အာဏာပိုင်တွေက လေးစားရမယ့် ဘုံသဘောတူညီချက်ငါးရပ်ကို ထပ်လောင်းအတည်ပြုခဲ့ပါတယ်။ အကြမ်းဖက်တာတွေ ချက်ချင်းရပ်ရမှာဖြစ်ပါတယ်။ မြန်မာရဲ့ အရေးပါတဲ့ အဖွဲ့အစည်းတွေအကြားလုပ်ဆောင်တဲ့ အပြုသဘော အပြန်အလှန်ဆွေးနွေးတာဟာ ငြိမ်းချမ်းပြီး တာရှည်ခံတဲ့ ဖြေရှင်းနည်းအတွက် အရေးကြီးပါတယ်။ အမျိုးသားရင်ကြားစေ့ရေးအတွက် အရေးပါတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်းပြန်လွှတ်ပေးဖို့ ကျွန်တော်တောင်းဆိုပါတယ်” ဟု စင်ကာပူနိုင်ငံခြားရေးဝန်ကြီးက ပြောကြားသည်။

ထိုင်းနိုင်ငံတွင် မြန်မာ့အရေးနှင့်ပတ်သက်၍ အလွတ်သဘော ဆွေးနွေးပွဲကို နှစ်ရက်တာ ကျင်းပခဲ့ခြင်းဖြစ်ပြီး ဒီဇင်ဘာ ၁၉ ရက်က မြန်မာနိုင်ငံ၏အိမ်နီးချင်းနိုင်ငံများဖြစ်သည့် အိန္ဒိယ၊ တရုတ်၊ ဘင်္ဂလားဒေ့ရှ်၊ လာအိုနှင့် ထိုင်းနိုင်ငံတို့မှ ကိုယ်စားလှယ်များ သီးခြားတွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်ကာ ယင်းဆွေးနွေးပွဲကို မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေလည်း တက်ရောက်ဆွေးနွေးခဲ့သည်။

■ Read More - - - >>> https://news-eleven.com/article/298511

Ko Kaung Hset

18 Dec, 02:45


PV မှ PJ အမြန်ပြောင်းလိုသူညီငယ်ကို စင်ကာပူနိုင်ငံမြန်မာသံရုံးက ယခုလိုဆောင်ရွက်ပေးခဲ့ပါတယ် ၊ အရေးပေါ်အိမ်ပြန်လိုသူများ အောက်ပါစာရွက်စာတမ်းများဖြင့် လျှောက်ထားတင်ပြကြပါ

Ko Kaung Hset

07 Dec, 03:02


သတိထားရမယ့် ဗျူးတီးစလွန်းအလုပ်အကိုင်

လတ်တလောမှာ အေးဂျင့်တွေက
စင်ကာပူနိုင်ငံကို ဗျူးတီးစလွန်း /မာဆက် အလုပ်အကိုင်ဖြင့် ခေါ်ဆိုမှု့များ ရှိနေတယ် ၊
အားသာချက်က
လစာကောင်းတယ် ၊

အလုပ်ရရှိဖို့အတွက်
အရည်အချင်းအများကြီးမလိုဘူး ၊
ရုပ်ရည်ချောမောရမယ် ၊
ငယ်ရမယ် ၊
အပျိုအအိုမရွေးပါ

Beauty salon အလုပ်စစ်စစ်ဖြင့်
ပညာ
ကျွမ်းကျင်မှု့အပေါ်အခြေခံပြီး
လုပ်ကိုင်နေသူအချို့လည်း ရှိပါတယ် ၊

အချို့ကတော့ ဘာညာဝန်ဆောင်မှု့ပေးရမယ် မသိပဲရောက်သွားကြတယ် ၊
လုပ်ငန်းခွင်ထဲရောက်မှ သိလာကြတာ
လုပ်ဖော်ကိုင်ဖက်အချင်းချင်း
ကာစတန်မာများမှ
ဝင်ငွေအရမ်းကောင်းတယ်
တလကို SGD 5000 အထက် ရရှိနိုင်တယ်၊ ဆွယ်ကြတာမျိုးရှိလာနိုင်တယ် ၊
ထိုထက်ပိုလွန်ပြီး...

စင်ကာပူဥပဒေအရ ဗျူးတီးစလွန်းအလုပ်များသည် ဘာညာဝန်ဆောင်မှု့ပေးခြင်းကို ခွင့်ပြုမထားပါ ၊

သက်ဆိုင်ရာဌာနများမှ အရပ်ဝတ်ဖြင့် အသွင်ယူစုံစမ်းထောက်လှမ်း ဖမ်းဆီးခြင်းများရှိနေတာကြောင့် သတိထားကြပါ ၊ မိရင်အနိမ့်ဆုံး အလုပ်ဖြုတ်ပြီး  ပြည်တော်ပြန်ပို့တာမျိုးရှိနိုင်တယ်

ဒီသတင်းမှာတော့ စင်ကာပူနာမည်ကြီးသတင်းဌာနမှ သတင်းထောက်က ဂေလန်းအရပ်က
ဗျူးတီးစလွန်းဗန်းပြလုပ်ငန်းထံ
အသွင်ယူထောက်လှမ်းခဲ့တာကို လေ့လာကြရမှာ ဖြစ်ပါတယ်
https://vt.tiktok.com/ZSjcEvoVA/

Ko Kaung Hset

03 Dec, 16:03


တောင်ကိုရီးယားနိုင်ငံရေး အမြန်ဆုံးတည်ငြိမ်ပါစေ ၊

မြန်မာနိုင်ငံမှာ တောင်ကိုရီးယားသွားပြီးအလုပ်လုပ်ဖို့ သင်တန်းတက် ရည်ရွယ်ပြင်ဆင်နေသူလူဦးရေ သောင်းဂဏန်းဝန်းကျင်ရှိနိုင်ပါတယိ

Ko Kaung Hset

03 Dec, 16:02


❗️❗️❗️❗️❗️❗️
တောင်ကိုရီးယားသမ္မတက နိုင်ငံကို စစ်အုပ်ချုပ်ရေးကြေညာ
ပါတီနှင့်ပါလီမန်လှုပ်ရှားမှုများပိတ်ပင်၊ မီဒီယာများစစ်တပ်အောက်ထိန်းချုပ်


၃ ဒီဇင်ဘာ ၂၀၂၄
▪️တောင်ကိုရီးယားသမ္မတ ယွန်ဆပ်ယိုက နိုင်ငံကို စစ်အုပ်ချုပ်ရေးကျင့်သုံးဖို့ အင်္ဂါနေ့ည ရုပ်သံမိန့်ခွန်း ကြေညာခဲ့ပါတယ်။
▪️သူ့အနေနှင့် အရှက်မရှိလှတဲ့မြောက်ကိုရီးယားတွေရဲ့ နိုင်ငံတာ်ဆန့်ကျင်ရေးတပ်တွေကို ချေမှုန်းသွားမယ် လို့ ပြောကြားလိုက်ပါတယ်။
▪️စစ်အုပ်ချုပ်ရေးကြေညာလိုက်တဲ့အတွက် ပါလီမန်နှင့် နိုင်ငံရေးပါတီတွေရဲ့လှုပ်ရှားမှုတွေအားလုံးကို ပိတ်ပင်ပစ်မယ်လို့ စစ်တပ်ကလည်းကြေညာပါတယ်။
▪️မီဒီယာတွေနှင့် ထုတ်လုပ်သူတွေဟာ စစ်အုပ်ချုပ်ရေးရဲ့ အမိန့်အောက်မှာ အလုပ်လုပ်ကြရမယ်လို့လည်း စစ်တပ်ကပြောပါတယ်။

Ko Kaung Hset

03 Dec, 16:02


❗️❗️❗️❗️
တောင်ကိုရီးယား နောက်ဆုံးအခြေအနေ
၃ ဒီဇင်ဘာ၂၀၂၄
▪️အမေရိကန်အိမ်ဖြူတော်က အမေရိကန်သည် တောင်ကိုရီးယားအစိုးရနှင့် အဆက်အသွယ်ရရှိထားပြီး ဖြစ်ကာ အခြေအနေကို အနီးကပ်စောင့်ကြည့်နေဟုကြေညာ

▪️အရေးပေါ်စစ်အုပ်ချုပ်ရေးကြေညာပြီးနောက် အမျိုးသားပါလီမန်သို့ သွားရာလမ်းကြောင်းများ ပိတ်ဆို့

▪️ကာကွယ်ရေးဝန်ကြီးဌာနက အဓိကတပ်မှူးများ အရေးပေါ်အစည်းအဝေးခေါ်ယူရန်အမိန့်ထုတ်ပြန်ပြီး အားလုံးနိုးကြားကြရန်တိုက်တွန်း

▪️စစ်အုပ်ချုပ်ရေးကြေညာခြင်းသည် မှားယွင်းကြောင်း အာဏာရပါတီခေါင်းဆောင်ဝေဖန်

▪️ဒီမိုကရက်တစ်ပါတီခေါင်းဆောင်က သမ္မတ၏ကြေညာချက်သည် ဖွဲ့စည်းပုံနှင့်မညီညွတ်၊ပြည်သူနှင့် ဆန့်ကျင်ကြောင်းပြော

▪️ဘဏ္ဍာရေးဝန်ကြီးက အရေးပေါ်အစည်းအဝေးခေါ်ယူရန်ပြင်ဆင်နေ

▪️နိုင်ငံခြားရေးဝန်ကြီးက ဝါရင့်အရာရှိကြီးများနှင့် အစည်းအဝေးကျင်းပနေ

Ko Kaung Hset

03 Dec, 16:02


❗️❗️❗️❗️
တောင်ကိုရီးယားပါလီမန်အတွင်း လုံခြုံရေးတပ်ဖွဲ့များဝင်ရောက်နေရာယူ
၃ ဒီဇင်ဘာ ၂၀၂၄
Source x.com

Ko Kaung Hset

03 Dec, 16:02


❗️❗️❗️❗️
တောင်ကိုရီးယားမြို့တော်ဆိုးလ်တွင် တင့်ကားများနှင့်လုံခြုံရေးတပ်ဖွဲ့များဝင်ရောက်နေရာယူပြီ

Source : x.com

Ko Kaung Hset

30 Nov, 03:22


အေးဂျင့်ကြေး အကြွေးမပေးပဲ /
အကြွေးမကျေခင် မြန်မာပြည်ပြန်လို့ရလား?


ဒီပြသနာကိုကြုံတွေ့ရတာ
အိမ်အကူလေးတွေပေါ့

စင်ကာပူကို အိမ်အကူအလုပ်
အကြွေးစနစ်နဲ့ရတော့
အလွယ်တကူချိတ်ဆက် ထွက်ခွာနေကြတယ်

ဘာတွေလုပ်ရမယ်
ဘယ်လောက်ပင်ပန်းမယ်
ဘာသာစကား
အလုပ်ကျွမ်းကျင်မှု့
ဘာတွေလိုအပ်တယ်၊
အေးဂျင့်တွေက သေချာရှင်းမပြလိုက်သလို
အလုပ်သွားလုပ်မယ့်လူတွေဘက်ကလည်း
ခပ်ပေါ့ပေါ့ပဲ သဘောထားပြီး သွားနေကြတယ်

စင်ကာပူနိုင်ငံ အလုပ်ခွင်ထဲရောက်တော့
ပင်ပန်းတာတွေ
အနှိမ်ခံရတာတွေ
လူ့အခွင့်အရေး ဆုံးရှုံးတာတွေ
အလုပ်သမားအခွင့်အရေး ဆုံးရှုံးတာတွေ
နဖူးတွေ့ ဒူးတွေ့ ကြုံကြရပါပြီ

အဲ့ဒီမှာ ...
အကြွေးစနစ်ကလည်းဖြစ်တယ်၊
ကိုယ့်ပိုက်ဆံလည်း စိုက်မထားရတော့
ပေါ့ပေါ့တန်တန်သဘောထားပြီး
အလုပ်ထွက်မယ်
ပြန်မယ် ဖြစ်ကြတော့တာပါပဲ

အကြွေးမပေးချင်တော့...
ရဲစခန်းကို ပြေးတယ်
MOM
CDE ရုံးကိုပြေးတယ်

ဟိုက ခဏစောင့်ရှောက်ထားပြီး
အလုပ်သစ်ရှာပေးတာမျိုး ၊
အဆင်မပြေသူများ
မြန်မာပြည်ပြန်ပို့ပေးတာမျိုး လုပ်ဆောင်ပေးကြပါတယ်

ပြသနာက အေးဂျင့်ဘက်

အေးဂျင့်က ကိုယ့်အတွက် သိန်း၁၀၀ ဝန်းကျင်လောက် ဆုံးရှုံးသွားပြီ ၊
အေးဂျင့်တွေက တလကို လူဦးရေ ဆယ် ရာချီ ပို့နေကြတာ ၊
ဒီလိုလူမျိုး ဆယ်ယောက်ဆိုရင်
သူ့အတွက်ဆုံးရှုံးမှု့က
ကျပ်သိန်းထောင်ချီသွားပြီ

သူ့ဘက်က အလွယ်တကူလျှော်ပေးနိုင်မှာလား ၊ ရဲတိုင်လိုက်လို့ ကိစ္စပြီးသွားမှာလား
သူ့နေရာမှာ ကိုယ်သာဆိုရင်ရော
ကျေနပ်နိုင်မှာလား?

သမီးတို့က အေးဂျင့်ကြေး အကြွေးယူထားရင်တော့ မကျေသေးရင် အကြွေးဆပ်သင့်တယ် ၊ အကြွေးဆပ်ပြီး ပြန်လို့ရပါတယ်

လုံးဝမဆပ်ချင်ရင်တော့
ရဲစခန်း ၊ MOM ၊ CDE ရုံး ပြေး
အကူအညီတောင်းလို့ရပါတယ်

ဒါပေမယ့် အကြွေးသည် ဆက်လက်တည်ရှိနေမှာဖြစ်လို့ အေးဂျင့်တွေကတော့ နောက်ကလိုက်နေမှာပါပဲ

အခုလိုအချိန် ခေတ်ကာလမှာ အေးဂျင့်တွေရဲ့လက်တံကရှည်တယ် ၊

သူ့ဘက်က လျှော်ပေးရင်တော့ ပြသနာမရှိဘူး ၊
အေးဂျင့်ကြေး
စာရွက်စာတမ်းကြေးက SGD 3000 အထက်
သိူ့မဟုတ်
မြန်မာကျပ်ငွေ သိန်း ၁၀၀အထက်ရှိနိုင်လို့
သူ့နေရာမှာ ကိုယ်သာဆိုရင်ရော
အဆုံးရှူံးခံနိုင်မှာလား

တကယ်ရော ပြန်သင့်ရဲ့လား

ဘာအကြောင်းတွေကြောင့် မပြန်နိုင်တာလဲ

အလုပ်ပင်ပန်းလို့လား
မိဘ ရည်းစားကိုလွမ်းလို့လား

အခုလိုအချိန် မြန်မာပြည်မှာလည်း တလကို သိန်း၃၀လောက်ရဖို့ဆိုတာ မလွယ်ဘူး

သေချာစဥ်းစားပါ

အိမ်ရှင်ကပြန်ပို့တာဆိုရင် အေးဂျင့်ကြေး အကြွေးပေးရန်မလိုပေမယ့် ၊
မိမိသဘောနဲ့ မိမိပြန်ချင်တာဆိုရင်တော့
မိမိဟာ အကြွေးစနစ်နဲ့ လာခဲ့တယ်ဆိုရင်
အကြွေးဆပ်ရမယ့်တာဝန်ရှိတယ်

စင်ကာပူရဲ
အလုပ်သမားရုံးကိုထွက်ပြေးပြီး
အကြွေးမဆပ်ရင်လည်း ရတယ်ဆိုပေမယ့်
အခုလိုတိုင်းပြည်မတည်​ငြိမ်ချိန်မှာ
မြန်မာပြည်ဘက်ကအေးဂျင့်က​မကျေလည်ရင်တော့ ကိုယ့်နောက်ကို လိုက်နေပါလိမ့်မယ်

အခုချိန်မှာ အသက်တွေက စျေးပေါတယ်
အေးဂျင့်တွေက လက်တံရှည်တယ် ၊
ပိုင်တယ် ၊ တောထဲကလူတွေ
အဖွဲ့အစည်းတွေနဲ့လည်း အဆက်စပ်
ရှိနေတာမျိုး တွေ့နေရတယ် ၊

ဘယ်သူ့ဘယ်သူမှ မနစ်နာစေချင်ဘူး

ရိုက်ပြီးသွားခိုင်းတာလည်းမဟုတ်
အတင်းအကြပ်စေခိုင်းတာလည်း မဟုတ်
၂ဦး ၂ဖက် သဘောတူလို့
အလုပ်လုပ်ခဲ့ကြပြီးမှ
ကိုယ့်ဘက်က စာချုပ်ဖောက်ဖျက်ရင်တော့
ကိုယ်ပဲ တာဝန်ခံရပါမယ်

စင်ကာပူအိမ်အကူအလုပ်မှမဟုတ်ဘူး ၊
ဘယ်​ပြည်ပအလုပ်ပဲဖြစ်ဖြစ်
လွယ်ကူမနေပါဘူး

ဒေါ်လာတွေအများကြီး
တလကို မြန်မာကျပ်ငွေ သိန်းဆယ်ချီ
ဘယ်သူမှ အလကားပေးမထားဘူး
တန်အောင်ခိုင်းမှာ သိထားရမယ် ၊

ပြည်ပမှာ
ဘယ်သူမှ ပျော်နေ အဆင်ပြေမနေပါဘူး
ငွေလိုချင်လို့
အလုပ်အတွေ့အကြုံ
ပညာလိုချင်လို့ ကျိတ်မှိတ် သည်းခံ
လုပ်ကိုင်နေကြတာပါ

သူများတွေတောင်လုပ်နိုင်နေတာ
ကိုယ်ဘာလို့ မလုပ်နိုင်ရမှာလဲ
ကြိုးစားပြလိုက်စမ်းပါ

အကိုကတော့
အေးဂျင့်နဲ့ စာရင်းများရှင်းလင်းပြီးမှ
ပြန်ကြဖို့သာ အကြံပေးချင်ပါတယ်

Ko Kaung Hset

25 Nov, 04:36


ထောင်ဆိုတာ အစကတည်းက မဝင်ရရင်အကောင်းဆုံး
ထောင်ထဲဝင်ရမယ့် လုပ်ရက်တွေ
ဥပဒေချိုးဖောက်တာတွေ မလုပ်မိအောင်နေတာအကောင်းဆုံး

သို့သော်လည်း စင်ကာပူထောင်တွင်း
အကျဥ်းသားဘဝသည်
အခြားသောအာရှနိုင်ငံအကျဥ်းထောင်များထက်
ပိုမိုသာလွန်တာကတော့ ငြင်းမရပါချေ

အကျဥ်းသားများ၏ နေထိုင်ကျင့်ကြံမှု့အပေါ်မူတည်ပြီး
အားကစားပြုလုပ်ခွင့် ၊
စာအုပ်ဖတ်ခွင့် ၊
ထောင်တွင်း ပညာရေးသင်တန်းများ တက်ရောက်ခွင့် ၊
အစားအစာနှင့် စက်မှု့ လက်မှု့လုပ်ငန်းများလုပ်ကိုင်ခွင့်ပေးထားသလို
မုန့်ဖိုးပဲဖိုးလည်း ရနိုင်အောင် စီစဥ်ပေးထားပါတယ်
(မိမိလုပ်အားခရငွေကို
ထောင်တွင်းမုန့်ဝယ်စားလို့ရနိုင်သလို
​ထောင်ကထွက်မှငွေသားပိုက်ဆံယူတာမျိုးကိုလည်း
ရွေးချယ်နိုင်ပါတယ်)

အပိုင်း ၂ ဆက်လက်ရေးသားပါဦးမယ်...

Ko Kaung Hset

25 Nov, 04:36


  စင်ကာပူအကျဥ်းထောင်မိတ်ဆက်

အပိုင်း ၁
စင်ကာပူထောင်တွင်းအစားအစာ

စင်ကာပူအကျဥ်းထောင်ဝန်ဆောင်မှု့လုပ်ငန်း
Singapore Prison Service (新加坡监狱署)
အတိုကောက် SPS သည်
ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်ခံ
အစိုးရအေဂျင်စီတခုဖြစ်ပါတယ်။

SPS သည်
စင်ကာပူ​ပြည်တွင်းရှိ အကျဥ်းထောင်၁၄ခုအပြင်
မူးယစ်ဆေးဖြတ်စင်တာများကို အုပ်ချုပ်
စီမံခန့်ခွဲလျက်ရှိပါတယ်။

SPS ၏ အဓိကတာဝန်များမှာ
အကျဥ်းသားများ၏ ဘေးကင်းလုံခြုံရေး ၊
ပြန်လည်ထူထောင်ရေး နှင့် မှု့ခင်းကြိုကာ ပညာပေးရေး
အစီအစဥ်များပင် ဖြစ်ပါတယ်။

ချန်ဂီအရပ်ရှိ ချန်ဂီထောင်သည်
စင်ကာပူနိုင်ငံတွင်အကြီးဆုံးဖြစ်ပြီး
ကြိုးမိန့်ကျအကျဥ်းသားများ ၊
တသက်တကျွန်းနှင့် နှစ်ရှည်ကျထောင်သားများကို
ထိန်းသိမ်းထားရှိပါတယ်။

ကြိုးမိန့်ကို အထက်ဌာနအဆင့်ဆင့်၏ အတည်ပြုချက်ရရှိမှသာ
ပုံမှန်အားဖြင့် သောကြာနေ့မနက်အစောတွင်
စီရင်လေ့ရှိပြီး ၊
ကြိမ်ဒဏ်ကျ အကျဥ်းသားများအား
ကြိမ်ဒဏ်ပေးခြင်းအား တပတ်လျင် ၂ကြိမ်ခန့်
ပြုလုပ်လေ့ရှိတယ်လို့လည်း သိရတယ်။

စင်ကာပူထောင်ကျအကျဥ်းသားများအား
တရက်လျင် ၃ကြိမ်ကျွေးမွေးလေ့ရှိပြီး
အသား ငါး မစားသူများနှင့်
ဆီးချိုသမားများအတွက်
အထူးပြုလုပ်ထားသော မီနူးကိုလည်း
ရွေးချယ်နိုင်ပါတယ်။

Ko Kaung Hset

24 Nov, 06:57


လတ်တလောမှာ စင်ကာပူနိူင်ငံကို အသွားများကြတဲ့
NTS WP ပါမစ်အကြောင်း
ညီငယ် ညီမငယ်များ
သိထားသင့်တာလေးတွေကို
ပြောပြပေးထားပါတယ်

အပိုင်း ၃
NTS WP ပါမစ်ရဲ့
အားသာချက် အားနည်းချက်တွေ

Ko Kaung Hset

23 Nov, 13:24


ဘယ်လိုနေရာတွေမှာ
အချိန်ပိုင်းအလုပ် လုပ်ကိုင်ရနိုင်သလဲဆိုတာကတော့...

၁။ စားသောက်ဆိုင်
ကော်ဖီဆိုင်
ဟိုတယ်များ၏
စားပွဲထိုး မီးဖိုချောင်အကူအလုပ်များ

၂။ သန့်ရှင်းရေးလုပ်ငန်းများ

၃။ ခလေးထိန်း

၄။ ဘိုးဘွားကြည့်

၅။ ရုံးအလုပ်များ

၆။ စျေးဆိုင်ကူရောင်း

၇။ ပစ္စည်းသယ်ယူ ပို့ဆောင်ခြင်း

၈။ ပရိုမိုးရှင်းပွဲများတွင် အကူ

၉။ ကုန်တင် ကုန်ချ

၁၀။ အထွေထွေအလုပ်များ

စက်မှု့
ကုန်ထုတ်လုပ်ငန်းဖွံ့ဖြိုးပြီး
ကမ္ဘာလှည့်ခရီးသည်
ဝင်လာမစဲ တသဲသဲဖြစ်နေတဲ့ စင်ကာပူနိုင်ငံမှာ
ကဏ္ဍစုံအတွက်
အချိန်ပိုင်းအလုပ်တွေက ရှိနေပါတယ်

အချိန်ပိုင်းအလုပ်ခေါ်ယူရာတွင် နာရီပိုင်း
လုပ်ကွက် ဖြင့် ပေးတာမျိုးရှိသလို ၊
တပတ်တခါရှင်း ပုံစံမျိုးလည်း
ရှိတာတွေ့ရတယ်

အချိန်ပိုင်းအလုပ်တွေကို ဂုဏ်သိက္ခါရှိတဲ့ လုပ်ငန်းတွေက တရားဝင်လုပ်ကိုင်ခွင့်ရှိသူများကိုပဲ ခေါ်ယူလေ့ရှိတယ်။

သို့သော်ငြားလည်း လုပ်အားခစျေးပေါပေါဖြင့် လိုချင်တဲ့ အလုပ်ရှင်အချို့က
ဝန်ထမ်းမှတဆင့် ခေါ်ယူစေခိုင်းခြင်း ၊

စင်ကာပူရောက်မြန်မာ၊ စလုံး
Facebook group များတွင် အချိန်ပိုင်းအလုပ်ပွဲစားများရှိပြီး ထိုလူများမှတဆင့် ပိုစ့်တင် ချိတ်ဆက်ခေါ်ယူခြင်းများ ရှိနေတာ
တွေ့ရပါတယ်

အချိန်ပိုင်းပွဲစားအချို့က အလုပ်ခေါ်ရင်
လပ်ကီးကြေး ၊ ဘော်ဒါကြေး တောင်းတာမျိုးရှိသလို အချိန်ပိုင်းလုပ်ခထဲမှ စျေးနှိမ်ဖြတ်ယူထားတာမျိုး သူတို့မှတဆင့်သာ လုပ်ခပေးတာမျိုးလည်း ရှိနိုင်ပါတယ်

အပေါ်ကပုံကတော့ အချိန်ပိုင်းအလုပ် တရားဝင်လုပ်ကိုင်ခွင့်ရသူများအတွက် စျေးကွက်ပေါက်စျေးဖြစ်ပြီး တရားမဝင် ခိုးပြီးလုပ်ကိုင်မယ့်သူများကတော့ ထိုထက်ပိုမိုလျော့နည်း ရရှိနိုင်ပါတယ်

အချိန်ပိုင်းခိုးလုပ်မယ့်သူများ သတိထားရမှာကတော့ ကိုယ်ကရှောင်တက်တိမ်းတက်ဖို့ ၊ အလုပ်လုပ်နေစဥ်အတွင်း မျက်စိကိုဖွင့် နားကိုစွင့်ထားကြဖို့ ၊ ပါးနပ်ဖို့ ၊ မတော်လို့မိရင်လည်း ငိုပြတက်ရမယ် ၊ ဘာသာစကား ပေါင်းသင်းဆက်ဆံရေး ၊ မျက်နှာရိပ်ကဲ ကြည့်တက်ရမယ်

အဆင်ပြေကြပါစေ

ကိုကောင်းဆက်(STC)
Singapore Skill Training Center

Ko Kaung Hset

23 Nov, 13:14


အချိန်ပိုင်းအလုပ် လစာများ

စင်ကာပူနိုင်ငံမှာ အချိန်ပိုင်းအလုပ်လုပ်ချင်လို့ မေးမြန်းလာကြတာမျိုး ရှိနေပါတယ်

အရေးအကြီးဆုံးအချက်က
စင်ကာပူနိူင်ငံတွင်
အလုပ်ပါမစ်ဖြင့် နေထိုင်လုပ်ကိုင်နေသူများသည် ipaတွင် ရေးသားထားသည့်
အလုပ်မှအပ အခြားသော အခကြေးငွေရရှိသည့်အလုပ်မျိုးကို ထပ်မံလုပ်ကိုင်ခြင်းအား စင်ကာပူနိူင်ငံ အလုပ်သမားဝန်ကြီးဌာန MOMမှ ခွင့်ပြုမထားပါ ၊

ပုဂ္ဂလိက ကျောင်းအများစု၏ ကျောင်းသားများမှာလည်း အချိန်ပိုင်းအလုပ် တရားဝင်လုပ်ကိုင်ခွင့် မရှိပါ

အထက်ပါအချက်များအား ချိုးဖောက်ခြင်းကို MOMမှ စုံစမ်းစစ်ဆေးတွေ့ရှိပါက အလုပ်သမားဆိုလျင် ပါမစ်ကတ်ရုတ်သိမ်း ၊ အလုပ်မှချက်ချင်းရပ်နားပြီး
ပြည်တော်ပြန်ပို့ခြင်း ၊ ကျောင်းသားများလည်း ထိုနည်းတူ အရေးယူလေ့ရှိတာ
တွေ့ရပါတယ်

စင်ကာပူရောက်မြန်မာအသိုင်းအဝိုင်းမှာတော့ အချိန်ပိုင်းအလုပ်ခိုးလုပ်တာက ပုံမှန်လိုဖြစ်နေပါတယ်။

အချို့က လစာနည်းလို့လုပ်တယ် ၊
အချို့က လစာများသော်လည်း မိမိ၏အခြားသောလိုအပ်ချက်တွေကို ဖြည့်ဆည်းနိုင်ဖို့လုပ်ကြတယ် ၊

မမိရင်ဘာမှမဖြစ်ပေမယ့်
မိသွားရင်တော့ ပေးဆပ်ရတဲ့အရင်းအနှီးက ကြီးလိမ့်မယ်၊
တန်၏ မတန်၏ မိမိကိုယ်တိုင်စဥ်းစားဆုံးဖြတ်ဖို့ပါပဲ

Ko Kaung Hset

22 Nov, 18:44


လတ်တလောမှာ စင်ကာပူနိူင်ငံကို အသွားများကြတဲ့
NTS WP ပါမစ်အကြောင်း
ညီငယ် ညီမငယ်များ
သိထားသင့်တာလေးတွေကို
ပြောပြပေးထားပါတယ်

အပိုင်း ၂ မှာတော့
အခြေခံလစာ နဲ့
ဘယ်လိုအလုပ်တွေလုပ်ကိုင်ရနိုင်သလဲ
လေ့လာနိုင်မှာပါ

Ko Kaung Hset

22 Nov, 18:40


လတ်တလောမှာ စင်ကာပူနိူင်ငံကို အသွားများကြတဲ့
NTS WP ပါမစ်အကြောင်း
ညီငယ် ညီမငယ်များ
သိထားသင့်တာလေးတွေကို
ပြောပြပေးထားပါတယ်

အပိုင်း ၁

Ko Kaung Hset

18 Nov, 03:37


Too Burmese to be Singaporean, but too Singaporean to be Burmese: Growing up, Yanant Aung felt trapped between 2 worlds.

She shares with CNA TODAY how she learnt to embrace both sides of her identity over time. https://cna.asia/48TiUAF

Ko Kaung Hset

17 Nov, 13:21


စင်ကာပူနိူင်ငံက စက်ဘီးသူခိုး

စင်ကာပူနိုင်ငံမှာ စက်ဘီးရပ်နားရာမှာ သေချာစွာသော့ခတ်ရပ်နားကြဖို့လိုပါတယ်၊ မကြာခဏစက်ဘီးပျောက်ဖြစ်စဥ်များရှိနေတယ် ၊ ယခုဖိုင်မှာတော့ လက်ပူးလက်ကြပ်ကို မိခဲ့တာပါ

Ko Kaung Hset

17 Nov, 03:01


UIDစမတ်ကတ်ဆိုတာဘာလဲ ?

UIDစမတ်ကတ်ဆိုတာကတော့ အတုအပပြုလုပ်ရန်မလွယ်သောကတ် ၊ နောင်တွင် မှတ်ပုံတင်အစားထိုးသုံးလာနိုင်တဲ့ကတ်လို့ အလွယ်မှတ်ထားလိုက်ပါ ၊

UIDစမတ်ကတ်လုပ်ရန်
မှတ်ပုံတင်
သန်းခေါင်စာရင်းများ
မူရင်းပြုလုပ်ရာမြို့နယ်အထိ အချက်အလက်များ
တိုက်ဆိုင်စစ်ဆေးတယ် ၊

အချက်အလက်များ ကွဲလွဲ
မှားယွင်းနေပါက UIDကတ်လုပ်မရချေ ၊ ငွေပေးလို့လည်း ပြင်မရနိုင်ပါ၊

မူလမှတ်ပုံတင်
သန်းခေါင်စာရင်းလုပ်ခဲ့ရာမြို့နယ်သို့ ပြန်သွားရပြီး တာဝန်ကျ လ.ဝ.က ဝန်ထမ်းထံအကြောင်းကြားရမယ်၊
ဝန်ထမ်းက အချက်အလက်များတိုက်ဆိုင်စစ်ဆေးအတည်ပြုပြီးမှသာ
UIDစမတ်ကတ်ဆက်လက်လုပ်ဆောင်ရန်
အတည်ပြုပေးတာမျိုးပါ ။

အလွဲသုံးစားခြင်းမှ ကာကွယ်နိုင်ရန်အတွက် ကတ်ပိုင်ရှင်၏
ဓာတ်ပုံအပြင်
မျက်ဗွေ လက်ဗွေ
သွေးအုပ်စုများ ထည့်သွင်းထားသည် ၊

အင်တာနက်ဆာဗာဖြင့်ချိတ်ဆက်ထားတာကြောင့် ​​​​
လေဆိပ်
ရေဆိပ်
ကုန်းဂိတ်မှ ထွက်ခွာမည့်သူများ၏
UIDစမတ်ကတ်ပါ
QR codeကို စကန်ဖတ်လိုက်ပါက
ကိုယ်ရေးအချက်အလက်များ တန်းပြီးထွက်လာသည့်စနစ်ဖြစ်သည်

UID စမတ်ကတ်ပါ
QR code လုံခြုံရေးအဆင့်မြင့်မားတာကြောင့် အပြင်လူများစကန်ဖတ်ရမည်မဟုတ်ပဲ တာဝန်ကျဝန်ထမ်းများမှ
အထူးပြုလုပ်ထားသော ဆော့ဖ်ဝဲလ်
အက်ပ်မှသာ အချက်အလက်များကို
ကြည့်ရှု့နိုင်မှာဖြစ်တယ်။

မြန်မာနိုင်ငံပတ်စ်ပို့ရုံးအားလုံးတွင်
ပတ်စ်ပို့အသစ်လုပ်
သက်တမ်းတိုးမည့်သူတိုင်း
UIDစမတ်ကတ် မဖြစ်မနေလိုအပ်သည်။

ယခုUIDစနစ်ကြောင့်
ဥပမာ စင်ကာပူနိုင်ငံကို
အသက်လိမ်ပြီးထွက်ခွာမည့်သူများ
အသက်လိမ်ထားပြီး
စင်ကာပူနိူင်ငံရောက်ရှိနေသူများ
လက်ရှိ / နောင်တွင် အခက်အခဲဖြစ်လာနိုင်သည်။

လက်ရှိအသုံးပြုနေသည့် မှတ်ပုံတင်ကတ်ထက် နည်းပညာ
လုံခြုံရေးအဆင့်မြင့်မားတဲ့
UIDကတ်စနစ်ကို
ပြည်ပနိုင်ငံများ၏
နည်းပညာ အကူအညီ
အထောက်အပံ့ဖြင့်
အမေစုအစိုးရလက်ထက်ကစတင်ဆောင်ရွက်ခဲ့ပြီး
နစက အစိုးရလက်ထက်တွင်
လူဝင်မှု့ကြီးကြပ်ရေးဌာန
လ.ဝ.က ဝန်ထမ်းများမှ
မြေပြင်ဒေတာများ
ကွင်းဆင်းကောက်ယူကာ
အဆုံးသတ်နိူင်ခဲ့သည်။

မြန်မာနိုင်ငံအတွင်းရှိပြည်သူအားလုံး၏ အနည်းဆုံး ၉၀ ရာခိုင်နှုန်းခန့် အဆိုပါကတ်ကိုလုပ်ဆောင်ပြီးကြပြီး
ပြည်ပရောက်မြန်မာလုပ်သားအချို့သာ
လုပ်ဆောင်ရန် ကျန်ရှိတော့တယ်လို့
ခန့်မှန်းရပါတယ်။

သတင်းအချက်အလက်များအား
ကူးယူဖော်ပြပါသည်
Crd crd

Ko Kaung Hset

13 Nov, 05:20


ထရမ့်အစိုးရ၏ DOGE ဌာကို အီလွန်မတ်စ် ဦးဆောင်ကိုင်တွယ်သွားမည်

Ko Kaung Hset

13 Nov, 05:20


ထရမ့်အစိုးရ၏ DOGE ဌာကို အီလွန်မတ်စ် ဦးဆောင်ကိုင်တွယ်သွားမည်

ဒေါ်နယ်ထရမ့်အစိုးရက အသစ်ဖွဲ့စည်းသွားမည့် "အစိုးရ စွမ်းဆောင်ရည် ဌာန(Department of Government Efficiency/DOGE)"ကို ဘီလျံနာ အီလွန်မတ်စ်က ဦးဆောင်ကိုင်တွယ်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာလိုက်သည်။ အီလွန်မတ်စ်နှင့်အတူ ဗီဗက် ရာမဆွာမိ က ပူးတွဲကိုင်တွယ်မည်ဖြစ်သည်။

အသက် ၃၉ နှစ်အရွယ်ရှိ ဗီဗက် ရာမဆွာမိသည် Roivant Sciences ဆေးကုမ္ပဏီကို တည်ထောင်သူ ပိုင်ရှင် ဖြစ်ပြီး ၂၀၂၃ ခုနှစ်မှ စတင်၍ ရီပတ်ဘလစ်ကန်ပါတီတွင် နိုင်ငံရေးဆိုင်ရာလှုပ်ရှားမှုများကို တက်ကြွစွာပါဝင်ဆောင်ရွက်နေသူ ဘီလျံနာတစ်ဦး ဖြစ်သည်။

"ဒီအံ့သြစရာကောင်းတဲ့အမေရိကန်နိုင်ငံသားနှစ်ယောက်ဟာ အစိုးရဗျူရိုကရေစီယန္တရားပျက်ယွင်းနေတာတွေကို ရှင်းလင်းဖို့၊ မလိုအပ်ပဲ ပိုနေတဲ့ စည်းကမ်းစည်းမျဉ်းတွေကို ပယ်ဖျက်ဖို့၊ မလိုအပ်ပဲ ဖြုန်းတီးနေကြတဲ့ အသုံးစရိတ်တွေကို ဖြတ်တောက်ပြီး အစိုးရဌာတွေကို ပြန်လည်ဖွဲ့စည်းဖို့ ကျွန်တော့်အုပ်ချုပ်ရေးအတွက် လမ်းခင်းပေးကြမှာပါ" ဟု ထရမ့်က ထုတ်ပြန်ချက်တွင် ဆိုထားသည်။

“အစိုးရပြင်ပမှ အကြံဉာဏ်နှင့် လမ်းညွှန်မှုများကို ပေးဆောင်မည်” ဟူ၍ ထရမ့်ကဆိုထားသည့် DOGE ဌာနသည် မည်သို့လည်ပတ်မည်ကိုမူ ရှင်းရှင်းလင်းလင်း မသိရသေးပေ။

Ko Kaung Hset

06 Nov, 12:49


ဒေါ်နယ်ထရန့်သည် ၂၀၁၇ မှ ၂၀၂၁ခုနှစ်အထိ ၄၅ယောက်မြောက် အမေရိကန်သမ္မတအဖြစ်ရွေးကောက်ခံခဲ့ရသူတဦးလည်းဖြစ်သည်။

ယခုအချိန်ခါသည် ကမ္ဘာကြီးမှာ သဘာဝဘေး စစ်ဘေးတွေနဲ့ နိုင်ငံကြီးငယ်အားလုံး အကြပ်ရိုက် ထိခိုက် နစ်နာနေချိန်မှာ
မဟာအင်အားကြီး အမေရိကန်နိုင်ငံမှာ
ထရန့်သမ္မတအဖြစ်
ပြန်လည်ရွေးကောက်ခံရခြင်းက
ကမ္ဘာကြီးကို တစုံတရာပြောင်းလဲသွားစေနိုင်မှာလား ?

ထရန့်၏ထင်ရှားကျော်ကြားသော
မဲဆွယ်စည်းရုံးမိန့်ခွန်းများတွင် ...
ရုရှား ယူကရိန်းစစ်ပွဲကို  အမြန်ဆုံးရပ်တန်မည် ၊
အစ္စရေး အီရန်ပြသနာကို ဖြေရှင်းမည် ၊
တရုတ်နှင့်ကုန်သွယ်မှု့စစ်ပွဲ ဖြစ်နေခြင်းကို ကိုင်တွယ် ညှိ့နှိုင်းမည် စသည်တို့ပါဝင်ခဲ့ရာ

လောင်စာဆီ စျေးနှုန်းများမြင့်တက်ခြင်း ၊
သယ်ယူပို့ဆောင်စရိတ်များ ကြီးမြင့်ခြင်း ၊
စစ်ပွဲများကြောင့် ကမ္ဘာတလွှား လူဦးရေ ရာထောင်ချီ အသက်ဆုံးရှုံးခြင်းက
ကာကွယ်နိုင်မည်လား

စစ်ပွဲတွေရပ်ဆိုင်းပြီး
ငြိမ်းချမ်း
ယဥ်ကျေးတဲ့လူ့အဖွဲ့အစည်းကို
ပြန်လည်ဖန်တီးဖြစ်ပေါ်လာစေမှာလား

မဟာအင်အားကြီးတရုတ်နဲ့
အိန္ဒိယရဲ့ အိမ်နီးချင်းနိုင်ငံ
ပထဝီအနေအထားအရ အရေးပါတဲ့နေရာမှာ
တည်ရှိနေတဲ့ မြန်မာနိုင်ငံအပေါ်လည်း
ထရန့်သမ္မတဖြစ်လာအပြီး
ဘယ်လိုမျိုး မူဝါဒတွေပြောင်းလဲလာနိုင်သလဲ ၊
ပိတ်ဆို့ထောက်ပံ့မှု့တွေ
ပိုပြီးများလာနိုင်မှာလား
ဘာတွေဆက်ဖြစ်လာဦးမှာလဲ ဆိုတာကိုတော့
စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်

Ko Kaung Hset

06 Nov, 12:49


ဒေါ်နယ်ထရန့် နာမည်ရင်း Donald John Trump သည် အမေရိကန်နိုင်ငံသမ္မတရွေးကောက်ပွဲတွင် ပြိုင်ဘက်မစ်ကင်မလာဟဲရစ်ကို မဲအသာဖြင့် အနိုင်ရရှိပြီး သမ္မတအဖြစ်ရွေးချယ်တင်မြှောက်ခြင်း ခံခဲ့ရပါပြီ ၊ ဒေါ်နယ်ထရန့်၏ ထင်ရှားကျော်ကြားမိန့်ခွန်းစကားများအား စုစည်းတင်ပြလိုက်ပါသည်

Ko Kaung Hset

25 Oct, 02:58


စင်ကာပူနိူင်ငံရဲ့ ပညာရေးစနစ်ကို တစေ့တစောင်းကြည့်ရှု့ရင်း အင်းဂလိပ်စကေးတိုးတက်စေဖို့ လေ့လာကြမယ်

Ko Kaung Hset

25 Oct, 02:57


ကာတာလေကြောင်းလိုင်းရဲ့ ဘိုးအင်း777 ခရီးသည်တင်လေယာဥ်ကြီးမှာ လက်ရှိလေယာဥ်များအပေါ်တပ်ဆင်ထားတဲ့အထဲ အမြန်ဆုံးလို့ဆိုနိုင်မယ့် starlink wifi စနစ်တပ်ဆင်ပြီးစီးခဲ့ပြီး အမှု့ဆောင်အရာရှိများက စတားလင့်ပဲ့ကိုင်ရှင် အီလွန်မက်ခ်စ်နဲ့ လေယာဥ်ပေါ်ကနေ အွန်လိုင်းမှတဆင့် ဗီဒီယိုကော ခေါ်ဆိုပြသခဲ့ကြပါတယ်

Ko Kaung Hset

25 Oct, 01:51


စင်ကာပူနိုင်ငံတွင်
PVပတ်စ်ပို့ကိုင်ဆောင်
အလုပ်လုပ်ကိုင်နေသူများ
မြန်မာပြည်ပြန်ဝင်ရေး
အခက်အခဲရှိနေပါက ၊
မြန်မာသံရုံးမှ အထူးအစီအစဥ်အနေဖြင့်
PJပတ်စ်ပို့ပြောင်းလဲ
သက်တမ်းတိုးပေး ကူညီမည့်အစီအစဥ်ကို
ထုတ်ပြန်ကြေညာလိုက်ပါတယ်

*သတင်းထုတ်ပြန်ချက်
အသေးစိတ်ကို ပထမပုံတွင်ကြည့်ပါ

Ko Kaung Hset

25 Oct, 01:51


PVကိုင်ဆောင်ထားသူများ
သံရုံးတွင် PJပြောင်းလဲပြီးပါက
ရန်ကုန်ရောက်ရှိလျင်
စာရွက်စာတမ်းအထောက်များနှင့်
OWICစမတ်ကတ် လုပ်ဆောင်ရန်လိုအပ်ပြီး

PJ,OWICကတ်ရှိပါက
မြန်မာပြည်တွင်းသို့ စိတ်ကြိုက်
ဝင် ထွက် လို့ရတယ်လို့ သိရပါတယ်

စင်ကာပူရောက်မြန်မာအလုပ်သမားများအနေဖြင့်
ယခင်ကပတ်စ်ပို့သက်တမ်းတိုးရာတွင်
ဝက်ဘ်ဆိုက်မှတဆင့်
အွန်လိုင်းQယူရသည့်စနစ်ကို ကျင့်သုံးခဲ့ပြီး
အိုင်တီ နည်းပညာရှင်များမှ
မသမာမှု့များပြုလုပ်ခြင်း /
ကိုယ်စားQယူပေးပြီး
ပြင်ပစျေးကွက်တွင်
SGD 200 ဝန်းကျင်ဖြင့် ပြန်လည်ရောင်းစားကြခြင်းတို့ကြောင့်
ကိုယ်တိုင်Qယူမည့်သူများ အခက်အခဲ
ဖြစ်ပေါ်ခဲ့ကြပါတယ်

လက်ရှိမှာတော့
Qစနစ်ကို သံရုံးမှ တိုက်ရိုက်ကိုင်တွယ်လျက်ရှိပြီး
သံရုံးဖုန်း whatsappထံ
အချက်အလက်များပေးပို့ပြီး
သက်တမ်းတိုးဆောင်ရွက်ရန်အတွက်
တန်းစီ Qယူရတဲ့စနစ်ဖြစ်ပါတယ်

PVကိုင်ဆောင်ထားသူများ
နာရေးကဲ့သို့သော အရေးပေါ်ကိစ္စများရှိလာပါက
တန်းစီရန်မလိုပဲ
ပတ်စ်ပို့သက်တမ်းတိုး
PJပြောင်းလဲပြီး အမြန်ပြန်နိုင်ရန်
သံရုံးမှ ယခုလိုဖြေလျှော့ကူညီပေးနေတာလည်း
တွေ့ရပါတယ်

အလွဲသုံးမှု့များမှ ကာကွယ်နိုင်ရန်အတွက်စာရွက်စာတမ်း
အထောက်အထား...များ
ပြသရန် လိုအပ်ပါလိမ့်မယ်

အဆင်ပြေကြပါစေ

Ko Kaung Hset

21 Oct, 03:07


၁၈.၉.၂၀၂၄ ရက်နေ့ ...

စင်ကာပူနိုင်ငံ စက်သုံးဆီစျေးနှုန်းများအရ
92 ၁လီတာလျှင် - SGD 2.84 (မြန်မာငွေ ၉၃၀၀ ကျပ် ဝန်းကျင်)
95 ၁လီတာလျှင် - SGD 2.88 (မြန်မာငွေ ၉၅၀၀ ကျပ် ဝန်းကျင်)
ဒီဇယ် ၁လီတာလျှင် - SGD 2.60 (မြန်မာငွေ ၈၅၀၀ ကျပ် ဝန်းကျင်)
ပရီမီယမ်ဒီဇယ် ၁လီတာလျှင် - SGD 3.40
(မြန်မာငွေ ၁၁၀၀၀ကျပ် ဝန်းကျင်) ဖြင့်
ရောင်းချပေးနေတာကို လေ့လာတွေ့ရှိရပါတယ်။

မြန်မာနိုင်ငံတွင် ရောင်းချနေသော
စက်သုံးဆီအများစုမှာလည်း
စင်ကာပူနိုင်ငံမှ အဓိကတင်သွင်းတယ်လို့သိရပြီး
စျေးနှုန်းအားဖြင့်တော့ ထက်ဝက်မကသက်သာနေတာဟာ
အခွန်ကြောင့်လား
သယ်ယူပို့ဆောင်စရိတ်ကြောင့်လား
အရေအတွက် အများအပြားဝယ်ယူတာကြောင့်လား

သူငယ်ချင်းတို့ရော ဘယ်လိုထင်လဲ

photo credit

Ko Kaung Hset

21 Oct, 03:06


စင်ကာပူနိူင်ငံရိုးရာအစားအစာများ မိတ်ဆက်

Nasi Lemak
နာဆီလမဂ် ဟု အသံထွက်သည်

အဆိုပါ အုန်းထမင်းသည်
မလေးရှားနိုင်ငံမှ ကူးယူ မှီ​ငြမ်းထားတယ်လို့ ယူဆရပြီး
စင်ကာပူနိူင်ငံ၏ ရှေးဟောင်းရိုးရာအစားအစာဖြစ်သည် ၊

လတ်ဆက်ပြီး ချိုအီနေတဲ့
ကြက်တောင်ပံ / ကြက်ပေါင် / ငါးကြော် / ကြက်ဥဟက်ဗွိုင် /
ကြက်ဥပြုတ် နှင့် အုန်းထမင်းရောရာ ...
မြေပဲဆံကြော်အပြင်
ဘယ်နေရာမဆို တူညီတဲ့အရသာနဲ့
အချဥ်က အသက် ၊

စျေးနှုန်းအားဖြင့်
မိမိထည့်သွင်းတဲ့ ဟင်းအမည်ပေါ်မူတည်ကာ
အုန်းထမင်းတပွဲကို
SGD 3 ကျပ်( လက်ရှိ​ငွေစျေးနဲ့ဆိုရင်
ကျပ် ၁သောင်းဝန်းကျင်) ခန့်မှစတင်ပါတယ်။

MRT ရထားဘူတာ
Bus interchange ဘတ်စ်ကားဂိတ်ကြီးများရှိဆိုင်များနှင့်
Food court မုန့်စျေးတန်းအတော်များများမှာ
အလွယ်တကူ ဝယ်ယူရရှိနိုင်တာကြောင့်
စရိတ်စကချွေတာနိုင်ပြီး
စင်ကာပူ​ရောက်မြန်မာလုပ်သားများ
ကြိုက်နှစ်သက်စွာ ဝယ်ယူစားသုံးကြသော
အစားအစာထဲတွင် ပါဝင်ပါတယ်

Photo credit
Google

Ko Kaung Hset

21 Oct, 03:06


လက်ရှိရပ်ထားတာကိုကြည့်ရင်
အနည်းဆုံး တွဲဆိုင်း ၃၀ ရှိတယ် ၊
ရန်ကုန် ပဲခူး / လမ်းပိုင်းပေါ် ပြေးဆွဲနေတာ
ထပ်ပေါင်း
မနည်းမနောပါလား
မြို့ပတ်ရထားfleet ကို အစားထိုးနိုင်စွမ်းရှိနေပြီ

ရထားတွဲများ မှန်လုံ အဲကွန်းတပ်ဖြစ်လို့
ရာသီဥတုပူပြင်းတဲ့ မြန်မာပြည်နဲ့အကိုက်ပါပဲ ၊
အားနည်းချက်က တွဲဆိုင်းအများစုမှာ
အိမ်သာမပါရှိတာ
အဓိကရည်ရွယ်ထားတာ မြို့ပတ်ရထားလမ်းပိုင်းဖြစ်လို့
မထည့်သွင်းခဲ့ပုံပါပဲ

ရထားကိုယ်ထည်မြင့်မားခြင်းကြောင့်
လက်ရှိဘူတာရုံများမှ တက်ဆင်း
အဆင်မပြေဖြစ်နေကြပြီး
ပလက်ဖောင်းမြှင့်တင်ခြင်းများ
ဆောင်ရွက်နေတယ် ၊
အချို့ပြီးစီး အချို့ ကျန်ရှိနေဆဲ

စင်ကာပူမှာနှစ်ရှည်လများ ရထားစီးလာတဲ့
ကိုယ်တွေအတွက်တော့
များစွာမထူးဆန်းပါဘူး ၊
စင်ကာပူမှာတော့ ရထားပေါ် စားသောက်ခွင့် မပြု
ဒဏ်ရိုက်ပါတယ်

ရထားစီးသူများ စည်းကမ်းရှိကြဖို့ ၊
ဆေးလိပ်မသောက်ကြဖို့ ၊
အမှိုက် ကွမ်းတံတွေး မထွေးကြဖို့ ၊
မိမိပိုင်ပစ္စည်းကဲ့သို့သဘောထားပြီး
စောင့်ရှောက်ကြရင်ဖြင့်
ရထားတွဲများ ရေရှည်ခံပါလိမ့်မယ်

နောက်တချက်တွေးမိတာက ဆီစားနှုန်း ၊
ပြုပြင်ထိန်းသိမ်းစရိတ်၊
ရထားများရေရှည်ပြေးဆွဲနိုင်ဖို့က
တွက်ချေကိုက်ဦးမှပါ

Google ဝက်ဘ်ဆိုက်များမှာ
ရထား၏စက်ပိုင်းဆိုင်ရာအချက်အလက်များ
ရှာဖွေ မတွေ့ရပါ ၊
သက်ဆိုင်ရာမှ ထုတ်ပြန်တာလဲမတွေ့မိ

ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်းက
ခရီးသည်စီးသီးသန့်ဆိုရုံနဲ့ လုံလောက်နိုင်မှာလား ၊
ဘတ်စ်ကားလမ်းပိုင်းနဲ့ချိတ်ဆက်မိဖို့
လိုအပ်နေသေးလား

သံလမ်းအိုတွေပေါ်မှာ ရပ်နားထားတဲ့
ယခင်ကမင်းသားကြီးတွေ
ဒီဇယ်စက်ခေါင်း
တွဲပေါင်းများစွာ မြင်တွေ့ရတော့ လွမ်းသလိုလို
နှမြောမိသလိုလို

ရှေးကတော့ မြို့ပတ်ရထားပေါ်မှာ လူတွေလည်းစီး
ဟင်းသီးဟင်းရွက်
စက်ဘီးစတဲ့ ကုန်တွေလည်းသယ်ခဲ့ကြ
ခေါင်းရွက်ဗျက်ထိုး စျေးသည်လေးတွေလည်း အဆင်ပြေ
စွယ်စုံသုံးခဲ့ကြ
သတိရမိပါသည်

ကမ္ဘာနဲ့အညီရင်ဘောင်တန်း
ခေတ်မှီတာလည်းကောင်းပါသည်

မိမိနိုင်ငံရဲ့အခြေအနေနဲ့ ကိုက်ညီတဲ့စနစ်ကသာ
ရေရှည်အဆင်ပြေနိုင်မှာလား

#demutrain
#yangoncity
#myanmar
#မြန်မာ့မီးရထား

Ko Kaung Hset

21 Oct, 03:05


လတ်တလောခေတ်စားနေတဲ့ DEMU
ရထားတွဲဆိုင်းများ

Diesel electric multiple unit(DEMU)
စနစ်သုံးရထားတွဲတွေ မြန်မာပြည်မှာ
ရောက်ရှိပြေးဆွဲနေတာဖြစ်ပြီး
ယခင်ရထားတွဲတွေထက် နည်းပညာပိုင်း
ပိုမိုအဆင့်မြင့်မား သက်တောင့်သက်သာ
ရှိစေတာကြောင့်
စိတ်ဝင်စားမှု့မြင့်တက်လျက်ရှိနေကြပါတယ်

Ko Kaung Hset

21 Oct, 02:49


စင်ကာပူနိူင်ငံမှာ ရောင်းချနေပြီဖြစ်တဲ့ မိသားစုစီးဗန်ကား ဘောက်စ်ဝက်ဂွန် ID Buzz,EVကား

Ko Kaung Hset

21 Oct, 02:47


စင်ကာပူနိုင်ငံ ရီရွှန်းအရပ်က ဆိုင်ကယ်ဆိုင်တခုကို မူးယစ်အထူးတပ်ဖွဲ့များက ဝင်ရောက်စီးနင်း ရှာဖွေခဲ့တဲ့ မြင်ကွင်းဖြစ်ပါတယ်၊ မူးယစ်ဆေးအများအပြား သိမ်းဆည်းရမိခဲ့ပါတယ်၊ စင်ကာပူနိုင်ငံတွင် မူးယစ်ဆေးမှု့ဖြင့် အမြင့်ဆုံးကြိုးဒဏ်အထိ ချမှတ်ခံရနိုင်တာကြောင့် သွားမရှုပ်ကြဖို့ အသိပေးချင်ပါတယ်။

Ko Kaung Hset

03 Oct, 17:40


အဆင်ပြေသွားမှာပါ

Ko Kaung Hset

02 Oct, 13:37


ရှေးဟောင်းဘုရားများ ကိန်းဝပ်စံပယ်လျက်ရှိပြီး ၊ ပုဂံခေတ်သဗ္ဗညု ပုထိုးတော်ကြီး ပုံစံတူစေတီကို ရန်ကုန်မြို့မှာလည်း ဖူးလို့ရပါတယ်

Ko Kaung Hset

02 Oct, 13:36


ပြည်ပထွက်ခွာမယ့် ညီ ညီမငယ်များ သိထားသင့်တာ

Ko Kaung Hset

02 Oct, 13:35


စင်ကာပူနိူင်ငံ တရားဥပဒေအကြောင်း တစေ့တစောင်း

Ko Kaung Hset

30 Sep, 12:56


ပြင်ဆင်မှု့များပြီးစီးပြီဖြစ်တာကြောင့် မနက်ဖြန် ၁.၁၀.၂၀၂၄ ရက်နေ့ကစပြီး
စင်ကာပူနိုင်ငံ MRT ရထားလမ်းနက်ဝပ် EWL အစိမ်းလိုင်းတခုလုံး အပြည့်အဝပြေးဆွဲနိုင်တော့မယ်လို့ သိရပါတယ်။

ရထားလမ်းအစိတ်အပိုင်းများ
ပျက်ဆီးချို့ယွင်းမှု့ကြောင့်
အစိမ်းလိုင်းပေါ်ရှိ
Jurong east ဂျူရောင်းအိစ့်နဲ့ Buona Vista ဘိုနာဗစ်စ်တာဘူတာတို့အကြားက လမ်းပိုင်းကို ယာယီပိတ်ဆို့ပြင်ဆင်ခဲ့ရတာ ဖြစ်ပါတယ်

စင်ကာပူနိုင်ငံကုန်းလမ်းပို့ဆောင်ရေးအာဏာပိုင် LTAကတော့ ခရီးသွားများအနေနဲ့ ပုံမှန်ထက် ၅မိနစ်လောက်
အချိန်စောပြီးထွက်လာစေချင်ကြောင်း အကြံပြုထားပါတယ်

Ko Kaung Hset

26 Sep, 23:23


လက်ရှိအချိန်အထိ ဂျူရောင်းအိစ့်(Jurong east) နဲ့
ဘိုနာဗစ်စ်တာ(Buona Vista)ဘူတာတို့အကြား
ရထားပြေးဆွဲနိုင်ခြင်းမရှိသေးပဲ ၊
လွန်းပျံဘတ်စ်ကားများဖြင့်
ခရီးသွားပြည်သူများ
သွားလာရေးအဆင်ပြေစေရန် စီစဥ်ပေးနေတာကိုလည်း
တွေ့ရပါတယ်

၁၉၈၇ခုနှစ်ကစတင်ခဲ့တဲ့ စင်ကာပူနိူင်ငံ
MRT ရထားလမ်းနက်ဝပ်ဟာ
ကီလိုမီတာ၂၀၀ အရှည်ရှိပြီး
လိုင်းခွဲ၆ခု
ဘူတာပေါင်း ၁၄၀ကျော်ဖြင့်
ကျွန်းလုံးအနှံဖြန့်ကျက်ထားကာ
နေ့စဥ် လူ၃သန်းကျော်ကို သယ်ယူပို့ဆောင်ပေးလျက်ရှိပါတယ်

photo credit
Sg local media &
Google

Ko Kaung Hset

26 Sep, 23:23


စင်ကာပူနိုင်ငံ ရထားလမ်းပိုင်း
ပြတ်​​တောက်မှု့ဖြစ်စဥ်

အစိမ်းလိုင်းလို့လည်းခေါ်ကြတဲ့
EWလိုင်းမှာ ရထားလမ်းအစိတ်အပိုင်း ကေဘယ်ကြိုးများ
ချို့ယွင်း ပြတ်တောက်မှု့ကြောင့်
ဘူတာအချို့ကြား ရထားပြေးဆွဲနိုင်ခြင်းမရှိခဲ့တာ
ယနေ့ ၂၇.၉.၂၀၂၄
သောကြာနေ့ဆိုရင်ဖြင့် ၃ရက်မြောက်ခဲ့ပြီ ဖြစ်ပါတယ်၊

မြေပေါ်မြေအောက်ပြေးဆွဲလျက်ရှိတဲ့
စင်ကာပူနိုင်ငံရထားလမ်းနက်ဝပ်ဟာ မကြာခဏ
စက်ချို့ယွင်းပြတ်တောက်တာမျိုး ရှိခဲ့ပေမယ့်
ယခုအကြိမ်ကတော့ အချိန်ကြာမြင့်ဆုံးဖြစ်ခဲ့ပါတယ်

Clementi ကလီမတီ ဘူတာအနီးမှာ
ရထားတစီးဟာ စက်ချို့ယွင်းမှု့ကြောင့်
ရပ်ဆိုင်းသွား
ပြန်လည်ဆွဲထုတ်စဥ်
ရထားလမ်းအစိတ်အပိုင်း
စက်ပစ္စည်းတွေထိခိုက်ခဲ့တယ်လို့လည်း
သတင်းများအရ သိရတယ်

LTA ပို့ဆောင်ရေးဝန်ကြီးနဲ့
SMRT တာဝန်ရှိသူများကတော့
မြေပြင်ဝန်ထမ်းများဟာ
နေ့ညမနားပြင်ဆင်လျက်ရှိပြီး
လာမယ့် တနင်းလာနေ့လောက်ဆိုရင်တော့
ပြန်လည်ပြေးဆွဲနိုင်လောက်မယ် ခန့်မှန်းကြောင်း
ပြောကြားထားပါတယ်