အာတိတ်ဒေသက ကျွမ်းကျင်သင်္ဘောသား Hayat ဆိုတဲ့ အမျိုးသမီးဟာ လူတွေနဲ့ဝေးရာ၊ အတိတ်ကသူ့မိသားစုတွေနဲ့ဝေးရာကိုရွက်လွှင့်နေသူတစ်ယောက်ဖြစ်ပါတယ်။
အတိတ်မှာ မိဘတွေရဲ့ ချစ်ခြင်းမေတ္တာတွေကို မခံစားခဲ့ရတဲ့ Hayat က သူ့ကိုမေတ္တာစစ်နဲ့ချစ်ပေးနိုင်မဲ့သူကိုရှာဖွေပြီး ကလေးတွေနဲ့မိသားစုဘဝကိုတည်ထောင်ကာ သာမာန်ဘဝလေးကိုပိုင်ဆိုင်ချင်ပေမဲ့ ငယ်စဉ်ဘဝက အချစ်မခံခဲ့ရတဲ့ စိတ်ဒဏ်ရာကသူ့ကိုအချိန်တိုင်းဖုံးလွှမ်းနေလို့အတွေးတွေထဲက ရုန်းထွက်လို့မရခဲ့ပါဘူး။
ဒါပေမဲ့ သူ့ရဲ့ညီမ Leila က သမီးငယ် Inaya ကိုမွေးဖွားပြီးတဲ့အချိန်မှာတော့ သူတို့ဘဝကအချိုးအကွေ့တွေကြုံလာခဲ့ရပါတယ်။ သူတို့ရဲ့ မိသားစုကံကြမ္မာကို ကျော်လွှားဖို့ ဝင်ရိုးစွန်းကြယ်လေးလမ်းညွှန်တဲ့အတိုင်း ဘဝခရီးဆက်ခဲ့ပုံကို စိတ်ဝင်စားဖွယ်ရိုက်ကူးပြသထားတဲ့ Documentary ဆန်ဆန်ဇာတ်ကားကောင်းတစ်ပုဒ်
https://t.me/net_work05/930