آخرین پست‌های Islamic Institute of Burma (@islamiciburma) در تلگرام

پست‌های تلگرام Islamic Institute of Burma

Islamic Institute of Burma
Islamic Institute of Burma အဖွဲ့အစည်းသည် မြန်မာဘာသာစကားဖြင့် အစ္စလာမ့်ပညာရပ်များကို အလွယ်တကူလေ့လာစေနိုင်ဖို့ ရည်ရွယ်ထားတဲ့ non-profit အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။
2,273 مشترک
783 عکس
6 ویدیو
آخرین به‌روزرسانی 01.03.2025 09:17

کانال‌های مشابه

VLOG BY HSU
15,545 مشترک

آخرین محتوای به اشتراک گذاشته شده توسط Islamic Institute of Burma در تلگرام


ဟဒီးစ်များကို မှတ်တမ်းတင်စုဆောင်းခြင်းက အိမာမ် ဘုခါရီခေတ် တမန်ဝောာ်မြတ် ကွယ်လွန်ပြီး နှစ်ပေါင်း ၂၀၀ ထိ နောက်ကျခဲ့ပါသလား??

ဒီမေးခွန်းရဲ့အဖြေကို လူအများစု မသိကြတာက တော်တော်လေး တုန်လှုပ်စရာ ကောင်းပါတယ်။ မေးခွန်းပါ အချက်အတိုင်း ယုံကြည်ထားတဲ့လူတွေရဲ့ ပညာအား၊ အသိ ဉာဏ်အားနဲ့၊ သုတေသနလုပ်နိုင်စွမ်းတွေဟာ ဘယ်လောက်ထိ နိမ့်ကျနေလဲဆိုတာ ခန့်မှန်းလို့ရပါတယ်။ ကျွန်‌တော်ဘာလို့ ဒီလိုပြောလဲဆိုတာ ရှေ့မှာ အဖြေပေါ်ပါ လိမ့်မယ်။

မြန်မာမွတ်စ်လင်မ့်တွေရဲ့ ဘာသာရေးအငြင်းအခုန်တွေကို လေ့လာကြည့်ရင်တော့ ဟဒီးစ်လက်မခံသူတွေ ပရိုမိုး ရှင်းဆင်းလာတဲ့ ဟဒီးစ်တွေကို မှတ်တမ်းတင် စုဆောင်း တာက အိမာမ် ဘုခါရီ ခေတ် တမန်ဝောာ်မြတ် ကွယ်လွန်ပြီး နှစ်ပေါင်း ၂၀၀ မှ ဆိုတဲ့ အယူအဆက ပျံ့နှံ့ နေတာတွေ့ရတယ်။ တချို့ကလည်း ဒီအယူအဆကို အဟုတ်ထင်ကြတယ်။ စွန္နဟ်ကို ငြင်းပယ်ကြတယ်။ ဟဒီးစ်ကျမ်း စာအုပ်တွေကို တိုက်ခိုက်ကြတယ်။ တချို့ကကျ စွန္နဟ်ကိုမငြင်းပယ်၊ ဟဒီးစ်ကျမ်းစာတွေကို မတိုက်ခိုက်ပေမယ့် တမန်တော်မြတ်ရဲ့ ဟဒီးစ်တော်တွေက အိမာမ် ဘုခါရီခေတ် မတိုင်မီ နှစ်ပေါင်း ၁၅၀ အရင် တကာ့ စတင်ရေးသားမှတ်တမ်းတင်ခဲ့တာကို သူတို့ မသိကြဘူး။

ဒါကြောင့် ခုဆောင်းပါးမှာ ဆွဟာဗဟ်‌တွေရဲ့ ခေတ်ကနေ ဟစ်ဂ်ျရီ ဒုတိယရာစုနှစ် အဆုံးပိုင်း အိမာမ် ဘုခါရီ မတိုင်မီခေတ်အထိ အိမာမ်ကြီးတွေပြုစုပြီး ကျွန်ုပ်တို့ဆီ လက်ဆင့်ကမ်းခဲ့တဲ့ ဟဒီးစ်ကျမ်းတွေ၊ မှတ်တမ်းတွေကိုဖော်ပြသွားပါမယ်။ ဒါမှသာ ရှေးဦးခေတ်ကတည်းက အာရပ်လူမျိုးတွေ ကျော်ကြားတဲ့ နှုတ်တိုက် အာဂုံဆောင်မှတ်သားခြင်းနဲ့ယှဉ်နေတဲ့ ဟဒီးစ် ရေးသားမှတ်တမ်းတင်ခြင်း အချိတ်အဆက်ကို နားလည်နိုင်မှာ ဖြစ်တယ်။

ဆိုတော့ ဒီခေါင်းစဉ်ကို သုတေသန လုပ်ကြည့်ရင်

“ ဟဒီးစ်တွေကို မှတ်တမ်းတင် စုဆောင်းတာက အိမာမ် ဘုခါရီ ခေတ် တမန်ဝောာ်မြတ် ကွယ်လွန်ပြီး နှစ်ပေါင်း ၂၀၀ ထိ တကယ်ပဲ နောက်ကျခဲ့တာလား?”

ဒီမေးခွန်းနဲ့တွဲဆက်ပြီး တန်ပြန်မေးခွန်းထုတ်ရရင် မွတ်စ်လင်မ်ထုက ရာစုနှစ်နှစ်ခု တိတိ စွန္နဟ်တွေ၊ ဟဒီးစ်တွေ မရှိဘဲ ဘဝရပ်တည်ခဲ့ကြလား?

တကယ်တမ်းပြောရရင် ပထမမေးခွန်းထက် ဒုတိယ မေး ခွန်းက ပိုယုတ္တိရှိပါတယ်။ ဘာ့ကြောင့်လည်းဆို‌တော့ အဲဒီခေတ်လူတွေက စွန္နဟ်ကို ကျင့်သုံးဖို့အတွက်က ကဏ္ဍအစုံကို အခန်းလိုက် စုဖွဲ့ပြီး ပြုစုထားတဲ့ ဆွဟီးဟ် ဘုခါရီလို တခြားဟဒီးစ်ကျမ်းတွေလို ကျမ်းကြီးပေးကြီးတွေရှိဖို့ အရေးမကြီး သေးလို့ပါပဲ။ ပြီးတော့ အဲဒီခေတ် ဆွဟာဗာတွေဖြစ်ကြတဲ့ ပထမ မျိုးဆက်က စွန္နဟ်တွေနဲ့ တစ်သား တည်းရှင်သန် ကြတယ်။ စွန္နဟ်တွေဟာ သူတို့ကြားမှာ ကျင့်သုံးမှုအရနဲ့ ကျက်မှတ်မှုအရပါ ပျံ့နှံ့နေပြီး ဖြစ်တယ်။ သာဗေအီးန်တွေဖြစ်တဲ့ ဒုတိယ မျိုးဆက်ကလည်း ပထမမမျိုးဆက် အတိုင်းပဲ ရှင်သန်ခဲ့ကြတယ်။ ဒါက အဲဒီခေတ်မှာတင် တမန်တော်မြတ်ရဲ့ ဟဒီးစ်တော်တွေကို ရေးသားမှတ်တမ်းတင်ခဲ့တဲ့ ကျမ်းတွေ အ ကြောင်း မပြောသေးဘူးနော်။ မကြာခင် ဒီအကြောင်း အသေးစိတ်ဖော်ပြပါမယ်။

အောက်လာမယ့် အပိုဒ်မှာ အစောဆုံးအချိန်ကနေ အိမာမ် ဘုခါရီခေတ်ထိ အရေးအပါဆုံး ဟဒီးစ်မှတ်တမ်းရှင်တွေနဲ့ မှတ်တမ်းတွေကို ဖော်ပြပါမယ်။ အဲဒီ မှတ်တမ်းရှင်တွေထဲမှာ ပထမခေတ်က ဆွဟာဗာတွေ၊ ဒုတိယခေတ်က သာ‌ဗိအီးန်တွေနဲ့ တတိယခေတ်က သဗီအုသ် သာဗီအီးန် တွေပါဝင်တယ်။ သူတို့ထဲက တစ်ချို့က ပထ မရာစုမှာ မွေးဖွားခဲ့ ရှင်သန်ခဲ့ကြတယ်။ တစ်ချို့က ပထမခေတ်မှာ‌ မွေးဖွားခဲ့ပြီး ဒုတိယခေတ်မှာ ကွန်လွန်ခဲ့ကြတယ်။ နောက်တစ်ချို့ကတော့ ဒုတိယခေတ်ရဲ့ အစပိုင်းမှာ မွေးဖွားခဲ့ပြီး ဒုတိယခေတ် အဆုံးပိုင်း (သို့) တတိယခေတ် အစပိုင်းမှာ ကွယ်လွန်ခဲ့တယ်။ အဲဒီ ဒုတိယရာစု အဆုံး၊ တတိယရာစုအစမှာ အိမာမ် ဘုခါရီက ဟဒီးစ်ပညာ ကိုလေ့လာနေတဲ့ လူငယ်လေးပဲ ရှိပါသေးတယ်။

အခု အချိန်ကာလ အစဉ်လိုက်နဲ့ ကျမ်းပြုစာရင်း ဖော်ပြ လိုက်ပါတယ်။

၁။ ဆွဟာဗာကြီး အဗ်ဒွလ္လာဟ်အိဗ်နုအမ်ရ် ( ဟစ်ဂျရသ် မတိုင်ခင် ၇ ခုနှစ် မွေးဖွား၊ ဟ ၆၅ ကွယ်လွန် ) ရဲ့
“ အက်ဆ်ွ ဆွဟီဖာသွဆ်ွ ဆွာဒိကာ ဖိလ်ဟဒီးစ်ကျမ်း”

၂။ ဆွဟာဗာကြီး စမူရာဟ် အိဗ်နု ဂျွန်ဒွဗ် ( ဟ ၆၀ ကွယ်လွန်) ရဲ့ ဆွဟီဖာကျမ်း

၃။ ဆွဟာဗာကြီး ဂျဗိရ်အိဗ်နု အဗ်ဒစ်လ္လာဟ် (ဟစ်ဂျရသ် မတိုင်ခင် ၁၆ မွေးဖွား၊ ဟ ၇၈ ကွယ်လွန်) ရဲ့ ဆွဟီဖာကျမ်း

၄။ ဆွဟာဗာကြီး နဗီးသ်ွ အိဗ်နု ရှရီးသ်ွ အလ်အရှ်ကျအီ အလ်ကူဖီ ရဲ့ ဆွဟီဖာကျမ်း
( ကြည့် ဇွာဟိရိယာ စာကြည့်တိုက် ဟဒီးစ် လက်ရေးမူ ၂၇၉၊

ကြည့် ကိုင်ရိုစာအုပ်တိုက် ဟဒီးစ် လက်ရေးမူ ၁၅၅၇ ) ဒီကျမ်းရဲ့ တစ်စိတ်တစ်ပိုင်းက အိမာမ် အဟ်မဒ်ရဲ့ မွတ်စ်နင်ဒ် အဟ်မဒ်ကျမ်းမှာ ပါရှိတယ်။

၅။ သာဗိအီကြီး အလ်အရှက်ဂ်ျရဲ့ ဆွဟီဖာကျမ်း၊ သူက အဘူ ဘကရ်ရဲ့ အုပ်ချုပ်ရေးကာလမှာမွေးဖွားခဲ့တယ်။

( ကြည့် ရှဟီးဒ် အလီစာကြည့်တိုက် ဟဒီးစ် လက်ရေးမူ ၅၃၉၊
ကြည့်ကိုင်ရိုစာကြည့်တိုက် ဟဒီးစ်လက်ရေးမူ ၁၉၂၀)

၆။ သာဗိအီကြီး ခုရားရှ် အိဗ်နု အဗ်ဒစ်လ္လာဟ်ရဲ့ ဆွဟီဖာကျမ်း။
ကြည့် ရှဟီးဒ် အလီ စာကြည့်တိုက် လက်ရေးမူ ၅၃၉ ၊
ကြည့် ဘာလင်စာတိုက်လက်ရေးမူ ၁၅၅၂ )

၇။ သာဗိအီကြီး ဟမ္မာမ် အိဗ်နု မုန‌ဗ္ဗဟ်ရဲ့ ဆွဟီဖာကျမ်း။
( ကြည့် ဘာလင် စာအုပ်တိုက် လက်ရေးမူ ၁၃၈၄
ကြည့် ဇွာဟီရီယာစာကြည့်တိုက် လက်‌ရေးမူ ပေါင်းချူပ် ၂/၂၅ ။

🌷Fiqh al-Siyām - MasterClass

🤩📚 စာဖတ်ပရိသတ်ကြီးများရှင့် …. ရမ္မသွာန်လမြတ်မကျရောက်ခင်မှာ အိမ်မှာနေရင်း အစ္စလာမ့်အသိပညာတွေ လေ့လာဆည်းပူးနိုင်မည့် အခွင့်လမ်းလေးအကြောင်း သတင်းကောင်းပါးချင်ပါတယ်။

ဒီတစ်ခါမှာတော့ IIB ကနေ “Fiqh al-Siyām - ရိုဇာစောင့်ထိန်းခြင်းစည်းမျဥ်းဥပဒေများ” ဆိုတဲ့ သင်တန်းလေးကို ချစ်လှစွာသော စာဖတ်ပရိသတ်ကြီးများထံ ယူဆောင်လာပါပြီ။

🧑🏻‍💻 ဒီသင်တန်းလေးကိုတော့ IIB ရဲ့ ဥက္ကဌ နှင့် တည်ထောင်သူတစ်ဦးဖြစ်တဲ့ Huzaifah Islam-Khan နှင့်အတူ ဟာဖိဇ် မော်လဝီ ဆရာ ဇေယျာမင်းထက်တို့ကနေ အဓိကတာဝန်ယူသင်ကြားပေးသွားမှာဖြစ်ပါတယ်။

👨🏻‍🏫Huzaifah ဟာဆိုရင်တော့ အစ္စလာမ့်သမိုင်းပညာရပ် နှင့် အကီဒဟ်ပညာရပ်ကို အထူးပြု၍ ဒဿနိကဗေဒပညာရပ် (Philosophy) ဖြင့် BA နှင့် MA ဘွဲ့များကို ရရှိထားပြီး အစ္စလာမ့် ပညာရပ်များစွာတွင် အိဂျာဇသ်များကိုလည်း ရရှိထားပါတယ်။ ဒါ့အပြင် City University of New York မှာ ဒဿနိကဗေဒဘာသာရပ် (Philosophy) ကို သင်ကြားပေးသည့် Professor အဖြစ် လည်းကောင်း၊ The Islamic Seminary of America မှာလည်း အကီဒဟ်၊ ကုရ်အာန် နှင့် ဟဒီးဆ် ပညာရပ်များအပါအဝင် အစ္စလာမ့်သိပ္ပံဆိုင်ရာ အဆင့်မြင့်ဘာသာရပ် များကို သင်ကြားပေးနေသည့် လက်ထောက်ဆရာအဖြစ်လည်းကောင်း တာဝန်ထမ်း‌ဆောင်လျက်ရှိပါတယ်။

👨🏻‍🏫 စုဟိုင်းလ် အဘူ မွတ်စ်လင်မ် (ခေါ်) ဇေယျာမင်းထက်ဟာ မဒ်ရစဟ် အဟ်စာနွလ် ကုရ်အာန် ဘုံးအိုးကျောင်းနေ ၂၀၁၅ /၂၀၁၆ မှာ ကျမ်းတော်မြတ် ကုရ်အာန်ကို အာဂုံဆောင် ဟာဖိဇ်ဘွဲ့ကို ရခဲ့ပါတယ်။ အဲ့ဒီနောက် ဂျာမိအာ ကောင်ဝ်စရ် မြစ်ငယ် ကျောင်းမှာ မောလဝီ ပညာရပ်ကို ၉ တန်းထိဖတ်ခဲ့ပြီး ရန်ကုန် ဆူဖီယာကျောင်းကနေ ၂၀၂၃/၂၀၂၄ မှာ မော်လဝီ ဘွဲ့ရခဲ့ပါတယ်။ သူဟာ ယခုလက်ရှိ Online မှာ Arabic Language and Islamic Studies Center ဖွင့်ထားပြီး ရန်ကုန်မြို့ ဒါရွလ် ကုရ်အာန် ကရီးမ်ကျောင်းမှာ ပညာသင်ကြားပို့ချနေတဲ့ ဆရာတစ်ဦး ဖြစ်ပါတယ်။ သူဟာ ဆောင်းပါးအတို အရှည်တွေ ရေးသားခဲ့ပြီး ယခု လက်ရှိမှာလဲ ဟဒီးစ် ဆိုင်ရာ သုတေသန စာတန်းတွေ ‌ရေးသား လျက်ရှိနေပါတယ်။

💡 ဒီသင်တန်းလေးမှာတော့ (ဆွိယာမ်) စောင့်ထိန်းခြင်းနဲ့သက်ဆိုင်တဲ့စည်းမျဉ်း ဥပဒေတွေကို သင်တန်းသား/သူများအားလုံး နားလည်နိုင်အောင် ဆရာနှစ်ပါးက အသေးစိတ်ရှင်းလင်း သင်ပြသွားမှာဖြစ်ပါတယ်။ (ဆွိယာမ်) ဆိုတာဘာလဲ၊ (ဆွိယာမ်) ကို ဘာကြောင့် စောင့်ထိန်းရတာလဲ၊ (ရမသွာန်) ဥပုသ်လက ဘယ်အချိန် ဘယ်လို ဝင်ရောက်သလဲ၊ (ဆွယာမ်) စောင့်ထိန်းခြင်းနဲ့ ပတ်သက်ပြီး ဘယ်လိုစည်းမျဉ်းတွေရှိသလဲ၊ ဘာ‌တွေလိုက်နာပြီး ဘာတွေကို‌ရှောင်ရမလဲ၊ စတဲ့အကြောင်းတွေကို သင်တန်းပို့ချသွားမှာ ဖြစ်ပါတယ်။

🍀 ဒါ့အပြင်အတန်းကို ပြီးမြောက်သည်အထိ တက်ပြီးသူတိုင်းကို Certificate များလည်း ပေးအပ်သွားမှာဖြစ်တဲ့အတွက် အိမ်မှာနေရင်း အွန်လိုင်းမှတစ်ဆင့် အစ္စလာမ့်အသိပညာတွေကို သင်ယူဆည်းပူးချင်သူတွေအတွက်တော့ လုံးဝလက်မလွှတ်သင့်တဲ့ အတန်းလေးတစ်ခုဖြစ်ပါတယ်။

🌟 ဒါကြောင့်မို့ IIB ရဲ့ ချစ်လှစွာသော စာဖတ်ပရိသတ်ကြီးတို့အနေနဲ့ တက်ရောက်ဖို့ စိတ်ဝင်စားတယ်ဆိုရင်တော့ အောက်ပါ ဝင်ခွင့်ဖောင်လေးကို ဖေဖော်ဝါရီလ (5)ရက်နေ့အထိ နောက်ဆုံးထားဖြည့်ပြီး အတူပါဝင်နိုင်ပါတယ်နော်။ 🎉

🖇️ ဝင်ခွင့်ဖောင်လင့်ခ် - https://docs.google.com/forms/d/e/1FAIpQLSehPpDUY6c3iDRP_73l20pbzbYqnxxxBUT-3Ch5olyY_M3pZw/viewform?usp=header

သင်တန်းအကြောင်းအရာ အသေးစိတ်ကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။🔻🔻

📆 သင်တန်းရက် - ဖေဖော်ဝါရီ ၁၄၊၁၅၊၁၆ နှင့် ၂၁၊၂၂၊၂၃ ရက်နေ့ (သို့မဟုတ်) ဖေဖော်ဝါရီ ၁၈၊၁၉၊၂၀ နှင့် ၂၅၊၂၆၊၂၇။
သင်တန်းအချိန် - ည ၇နာရီ မှ ၉ နာရီအထိ။
📍သင်တန်းနေရာ - Zoom Meeting။
🧾 သင်တန်ကြေး - ၃,၅၀၀၀ ကျပ်။

❗️မှတ်ချက် - သင်တန်းရက်ကို session ၂မျိုး သတ်မှတ်ထားတာဖြစ်တဲ့အတွက် မိမိအတွက် သင့်လျော်သည့် session ကိုရွေးချယ်ပြီး စာရင်းပေးသွင်းနိုင်ပါတယ်။

“ဖတ်မှတ်လေ့လာ သုံးသပ်ပါ၊ အစ္စလာမ့်အသိပညာ” ~ ISLAMIC INSTITUTE OF BURMA 🌙

#masterclass #class #arabic #islamknowledge #muslim #myanmar #islamicinstituteofburma #iib

🔔 Islamic Institute of Burma is Calling for Volunteer

💡ဒီတစ်ခါမှာတော့ IIB မှခေါ်ယူနေတဲ့ Senior Researcher (Volunteer Position) အကြောင်းကို ကြေညာပေးချင်ပါတယ်။

ဒီ Position ကို လျှောက်ချင်တယ်ဆိုရင် တော့ အသင်ဟာ Islamic Studies, Religious Studies, Social Sciences, Anthropology (သို့) ဆက်စပ်ဘာသာရပ်တွေမှာ Master Degree ရှိသူ ……

သုတေသန ပရောဂျက်များကို publish လုပ်ဖူးတဲ့ အတွေ့ကြုံရှိသူဖြစ်ပြီးတော့ Data Analysis နှင့် Academic Writing ကိုကျွမ်းကျင်ပိုင်နိုင်သူ ….

👩🏻‍🎓 ကိုယ့်မှာရှိတဲ့ အတွေ့ကြုံတွေကို IIB မှ Research Team နှင့်အတူ ပူးပေါင်းရင်း မြန်မာမွတ်စ်လင်မ် လူထုအတွက် အထောက်အကူဖြစ်စေမယ့် သုတေသနမျိုးတွေမှာ ပါဝင်အကျိုးပြုနိုင်သူတစ်ဦးဆို‌ရင်တော့ …..

တကယ်ကို လက်မလွှတ်သင့်တဲ့ အခွင့်ရေးလေးပါပဲနော်🤍

📍ဒီ position လေးကို စိတ်ဝင်စားတယ်ဆိုရင်တော့ အောက်ဖော်ပြပါ လင့်ခ်လေးမှတစ်ဆင့် အသေးစိတ် အချက်လက်များကို ဖတ်ရှုလေ့လာပြီး လျှောက်ထားနိုင်ပါတယ်။

လျှောက်ထားရန်လင့်ခ် : https://forms.gle/kkvtXsQWv22vvjBeA

“ဖတ်မှတ်လေ့လာ သုံးသပ်ပါ၊ အစ္စလာ့မ်အသိပညာ” ~ ISLAMIC INSTITUTE OF BURMA 🌙

#jobvacancy #research #iib #jobposting #job #volunteering #parttime #islamicinstituteofburma

https://youtu.be/UNc-1_nkt6k?si=01ZyMkqwToo8WSBa

☪️ တမန်တော်မြတ်အတ္ထုပ္ပတ္တိ (အပိုင်း - ၄၇) - အိုဟူဒ် စစ်ပွဲ အပိုင်း (၂) | Dr. Yasir Qadhi

⚔️ တမန်တော်မြတ်(ﷺ) က အိုဟူဒ်မှာစခန်းချဖို့သွားတဲ့နေရာမှာ ပုံမှန်လမ်းကမဟုတ်ဘဲ စိုက်ပျိုးခြံတွေရှိတဲ့ဘက်ကသွားပြီး အချက်ချာကျတဲ့ နေရာမှာစခန်းချခဲ့ပါတယ်။ မွတ်စ်လင်မ်တွေဘက်ကလည်း တိုက်ခိုက်ဖို့အတွက်ဗျူဟာတွေချခဲ့သလို ကုရိုက်ရှ်တွေကလည်း မွတ်စ်လင်မ်တွေကို သွေးကွဲစေဖို့ ကြိုးစားခဲ့ပါတယ် ။ ဘယ်လိုနည်းလမ်းတွေသုံးပြီး ကုရိုက်ရှ်တွေက မွတ်စ်လင်မ်တွေကို သွေးခွဲဖို့ ကြိုးစားသလဲဆိုတာအပါအဝင် အိုဟူဒ်စစ်ပွဲရဲ့ အစောပိုင်း တိုက်ခိုက်မှုတွေနဲ့ ပတ်သက်ပြီး ဆင့်ပြန်ချက်အချို့ကို သိရှိရမှာဖြစ်ပါတယ်။

Credit: Dr. Yasir Qadhi YouTube Channel (https://www.youtube.com/@YasirQadhi)

🖋 Translated by: Ruwaida

#yasirqadhi #islamicinstituteofburma #islam #muhammad #prophetmuhammad #sirah #myanmarmuslim #myanmar #burma #muslim #myanmarnews

🌅သင်ဟာ လူသူမမြင်နိုင်တဲ့ အရပ် တစ်ခုကို ရောက်ရှိနေမယ်…အဲ့ဒီနေရာမှာ သင့်ကို တားဆီးပိတ်ပင်မယ့်သူလည်း ဘယ်သူမျှ မရှိဘူး…ထိုအချိန်မှာ အသင်ဟာ စိတ်ကြိုက် ပြစ်မှုတစ်ခုကိုလုပ်ခွင့်ရပါလျက်နဲ့ “အလ္လာဟ် အရှင်မြတ်”ကို ကြောက်ရွံ့လို့ဆိုတဲ့ စိတ်တစ်ခုတည်းနဲ့ ဒီအကုသိုလ်ကို ရှောင်ရှားနိုင်ခဲ့တာမျိုး သင့်ရဲ့ဘဝမှာ ရှိခဲ့ဖူးလား……

🌅ကိုယ့်ရဲ့ဘဝမှာ ဒါမျိုးတစ်ကြိမ်လောက် အလ္လာဟ်အတွက် လုပ်ခဲ့ဖူးမယ်ဆိုရင် သင်ဟာမှောင်မိုက်ပြီး ထွက်လမ်းမရှိတဲ့ အခက်ခဲတွေ ဖြစ်နေချိန်မှာ အလ္လာဟ်ကို ရိုသေကြောက်ရွံ့ပြီး မကောင်းမှုတွေ ကနေ ရှောင်တိမ်းလိုက်တဲ့ ဒီ လုပ်ရပ်လေး တစ်ခုကြောင့် အလ္လာဟ်အရှင်မြတ်ဘက်မှ ထွက်ပေါက်လေး ရစေမယ်ဆိုတဲ့အကြောင်း ‌‌(ဖဇွာအေလေဆွဒ်ကားသ်) ကျမ်းထဲက ဗနီအစ္စရာအီးလ်ခေတ် လူငယ်လေးသုံးယောက်အကြောင်းမှာ ဖတ်ဖူးမိကြမယ် ထင်ပါတယ်…..

🌅မိမိဘဝမှာလည်း အဲ့ဒီလို ဒုစရိုက်ရဲ့ ပတ်ဝန်းကျင်တစ်ခုမှာ ရောက်နေပြီး မကောင်းမှုလုပ်ဖို့ အဆင်သင့်ဖြစ်နေချိန်၊ အကုသိုလ်ရဲ့အရသာကိုလည်း သိပ်ခံစားချင်နေတဲ့အချိန်၊ ကိုယ့်ကို ပိတ်ပင်တားဆီးမယ့်သူလည်း ဘယ်သူမျှ မရှိတဲ့အချိန် ….. အဲ့ဒီအချိန်မှာ အလွယ်တကူပဲ မကောင်းမှုကိုကျူးလွန်လို့ ရပါလျက်နဲ့ မိမိစိတ်နှလုံးသားအာရုံ အလုံးစုံက “ဘယ်သူမျှ မမြင်လည်း အလ္လာဟ်အရှင်မြတ် ငါ့ကို မြင်နေတယ်။ တွေ့နေတယ်။” ဆိုတဲ့ အသိ၊ အာရုံဝင်လာပြီး အလ္လာဟ်အတွက် သီးသန့် ဒီမကောင်းမှုကနေ လှည့်ထွက်သွားလိုက်မယ်ဆိုရင်……

အလ္လာဟ် သင့်ကို ဘယ်လောက်ထိကျေနပ်သွားမလဲ….ဘယ်လောက်ထိ ချစ်သွားမလဲ….😭
🌅တကယ်တော့…. ကောင်းမှုတွေ ပြုလုပ်နိုင်စွမ်းနဲ့ မကောင်းမှုတွေ ရှောင်ကြဉ်နိုင်စွမ်းက အလ္လာဟ်အရှင်မြတ် စွမ်းအားပေးမှသာ ရမှာပါ။….
ဒါ့ကြောင့်မို့ မကောင်းမှုတစ်ခုကို ရှောင်နိုင်ဖို့ဆိုတာ ပထမဆုံး ကိုယ်လုပ်နေမိတဲ့ မကောင်းမှုကို မကောင်းမှုမှန်း သိပြီး ရွံ့ရှာမုန်းတီးရပါမယ်။…..

ဒုတိယအချက်အနေနဲ့ အဲ့ဒီမကောင်းမှုကနေ ရှောင်နိုင်ဖို့၊ ရုန်းထွက်နိုင်ဖို့ အလ္လာဟ်ထံမှာ နှစ်နှစ်ကာကာ တောင်းဆုပြုရပါမယ်။….
နောက်ဆုံးအချက်က မိမိကိုယ်တိုင် အဲ့ဒီမကောင်းမှုကနေ ဘယ်ပုံစံနဲ့ ရုန်းထွက်နိုင်မလဲဆိုတာ စဉ်းစားပြီး
အမြန်ဆုံးကြိုးစားကာ မှန်ကန်စွာ အမှားဝန်ချတောင်းပန်ရပါမယ်။
အင်ရှာအလ္လာဟ် ဒါဆို မကြာခင် အလ္လာဟ်အရှင်မြတ်ကိုယ်တိုင် သင့်ကို အဲ့ဒီမကောင်းမှုကနေ လွတ်မြောက်စေမှာဖြစ်ပါတယ်။…..

🌅မကောင်းမှုထဲမှာ နစ်မိနေတဲ့ မှောင်မိုက်တဲ့ ဘဝကြီးကနေ အမြန်ဆုံး အလ္လာဟ်ရဲ့ ကျေနပ်မှုရှိတဲ့ တောက်ပတဲ့ ဘဝကြီးဆီသို ရောက်ရှိပါစေလို့ ကိုယ်တိုင်နဲ့ ကိုယ့်မိတ်ဆွေ သူငယ်ချင်းတွေအတွက် ဆုမွန်ပြုအပ်ပါတယ်….🍀

(ကျမ်းကိုး….ဖဇွာအေလေဆွဒကားသ်ကျမ်း)🤍

✍️Contributed by Khin Thuzar Oo 🌸

#haram #sins #gunnah #islam #islamicinstituteofburma #iib

🔔Jam’ Al-Qur’ān အတန်းလေးဟာ မနက်ဖြန် ဇန်နဝါရီလ ၁၇ရက်နေ့ စတင်တော့မှာ ဖြစ်တဲ့အကြောင်း အားလုံးကို အသိပေး ကြေညာချင်ပါတယ်ရှင့်။

👩🏻‍🎓 ဒါ့ပြင် အတန်းဝင်ခွင့်ရရှိသူများအနေနှင့်လည်း အတန်းဝင်ကြေးများကို ယနေ့၊ ဇန်နဝါရီလ ၁၆ ရက်နေ့၊ ည၆နာရီ အချိန်ထိ နောက်ဆုံးထား ပေးသွင်းပြီး တက်ရောက်နိုင်ပါတယ်နော် 🤍

🎉 Jam’ Al-Qur’ān အတန်းဝင်ခွင့်လျှောက်ထားသူများ နှင့် Scholarship လျှောက်ထားသူများကို email မှတဆင့် ရလဒ်များ ကြေညာထားပြီး ဖြစ်တာကြောင့် email လေးစစ်ကြည့်ဖို့လည်း မမေ့နဲ့ဦးနော်❗️

သင်တန်းအကြောင်းအရာ အသေးစိတ်ကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်🔻🔻

📆 သင်တန်းရက် - ဇန်နဝါရီလ ၁၇၊၁၈၊၁၉ နှင့် ၂၄၊၂၅၊၂၆ ရက်နေ့ (၆ရက်တိတိ)။

သင်တန်းအချိန် - ည ၇နာရီ မှ ၉ နာရီအထိ။

📍သင်တန်းနေရာ - Zoom Meeting။

🧾 သင်တန်ကြေး - ၂၈,၀၀၀ ကျပ်။

❗️❗️မှတ်ချက် - သင်တန်းရက်များအား ပြောင်းလဲသတ်မှတ်ထားပါတယ်ရှင်။

“ဖတ်မှတ်လေ့လာ သုံးသပ်ပါ၊ အစ္စလာမ့်အသိပညာ” ~ ISLAMIC INSTITUTE OF BURMA 🌙

#masterclass #class #quranpreservation #quranicclass #arabic #islamknowledge #muslim #myanmar #islamicinstituteofburma #iib #burma

🌱🌸စပိန်နိုင်ငံသူ ကော်ဒိုဘာမြို့ဖွား လွဗ်နာ က စပိန်နိုင်ငံ၊ အန်ဒလူစီယာ ပြည်နယ်၊ မဒီနဟ် ဇာဟ်ရားအ် နန်းတော်ထဲမှာ (၁၀) ရာစုနှစ်ဝန်းကျင်တုန်းက ရှင်သန်ကြီးပြင်းခဲ့တဲ့ ကျွန်မလေးတစ်ယောက်ဖြစ်တယ်။ ပြီးတော့ သူမဟာ နောက်ပိုင်းမှာ အထင်ကရပညာရှိ အဖြစ်သမိုင်းဝင်ခဲ့တဲ့ အမျိုးသမီးတစ်ယောက်ဖြစ်ပါတယ်။

🌸🍁💫 သူမဟာ ဉာဏ်အမျှော်အမြင်နဲ့ပြည့်စုံလွန်းတာကြောင့် ဆွလ်သွာန် အဗ်ဒွရ်ရဟ်မာန် (III)နဲ့ သူရဲ့သား ခလီဖဟ် ဟာကင်မ် (II) (၉၆၁-၉၇၆) ရဲ့ လက်ထပ်မှာ အမျိုးသားတွေကို ကျော်လွန်ပြီး ဘုရင့်စာပြန်‌‌တော်အတွင်းရေးမှူး အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူလည်းဖြစ်ပါတယ်။ သူမရဲ့ကဗျာအရေးအသားပိုင်နိုင်မှုနဲ့အတူ၊ သင်္ချာဥပ‌ဒေတွေနဲ့ စီမံခန့်ခွဲမှု ကျွမ်းကျင်တာကြောင့် သူမကအထူးကျော်ကြားခဲ့ပါတယ်။

🎀အစ္စလာမ့်ရွှေခေတ်အတွက် လွဗ်နာက ဒမတ်စကတ်၊ ကိုင်ရို၊ ဘဂ္ဂဒက် အစရှိတဲ့ အရှေ့အလယ်ပိုင်းနဲ့ တောင်အဖရိကကို ရှားပါးတဲ့စာပေတွေ စုဆောင်းဖို့ရာအတွက် တကိုယ်တည်း ခရီး‌တွေထွက်ခဲ့ပါတယ်။ ဒါ့အပြင်သူမက ကျေးလက်ဒေသက စာတတ်‌ ပေတတ် အမျိုးသမီးတွေကို အဖိုးတန် စာအုပ်စာပေ‌တွေ ကူးယူတဲ့နေရာမှာ စီမံခန့်ခွဲ‌ပေးပြီး ယုံကြည်စွာ အားကိုးခြင်းဖြင့် လူမှုအဖွဲ့အစည်းမှာ အမျိုးသမီးတွေရဲ့ပညာရေး အရေးပါမှုကို ဖော်ပြခဲ့သူဖြစ်ပါတယ်။ လွဗ်နာက သူမတတ်‌မြောက်ထားတဲ့ လက်တင်၊ ဟီဘရူး၊ စတဲ့ဘာသာစကားတွေနဲ့စာပေတွေကို စပိန်ဘာသာပြန်ဆိုခဲ့တဲ့ အပြင် သာမန်လူတွေနားလည်ဖို့ ခက်ခဲတဲ့ စာပိုဒ်တွေအတွက် တိကျရှင်းလင်းတဲ့ သူမရဲ့သဒ္ဒါလက်ရာ၊ ကလောင်ချက်တွေနဲ့သဘောပေါက်စေခဲ့သူပါ။ သူမရဲ့ ပြည်စုံလွန်းတဲ့ အရည်အချင်းတွေကြောင့် (ယခု စပိန်နိုင်ငံလို့ ခေါ်တဲ့) အင်ဒလူစီယာပြည်နယ်မှာတည်ရှိတဲ့ ကော်ဒိုဘာမြို့ရဲ့ ‌တော်ဝင်စာကြည့်တိုက်က စာအုပ်ပေါင်းငါးသန်းကျော်ရှိခဲ့ပြီး၊ အဲ့ခေတ်အချိန်အခါမှာ အရေးအပါဆုံးနဲ့ လူတွေမှီခိုအားထားခဲ့ရဆုံးသော စာကြည့်တိုက်တစ်ခုဖြစ်လာခဲ့ပါတယ်။

📜ပညာဟာမျှဝေခြင်းမရှိဘဲ မပြည့်စုံဘူးလို့နားလည်ခဲ့တဲ့ လွဗ်နာဟာ လမ်းပေါ်က ကလေးတွေကိုလည်း တွေးခေါ်မှုနဲ့ အတွက်အချက်ပညာတွေကို တတ်မြောက်အောင်သင်ကြားပေးပြီး အစ္စလာမ့်ရဲ့မျိုး‌ကောင်းစေ့တွေကြဲခဲ့ပါ‌သေးတယ်။

🌙💫 သမိုင်းပညာရှင် အိဗ်နု ဗရှ် ကာဗလ်က သူမနဲ့ပက်သက်ပြီး “လွဗ်နာက အရေးအသားမှာ သဒ္ဒါရော၊ ကဗျာပါမကျန် ပြောင်မြောက်သူ ဖြစ်ပါတယ်။ သူမရဲ့ သင်္ချာဉာဏ်ကလည်း နက်ရှိုင်းလှတယ်။ သူမဟာ တခြားတွေးခေါ်မှုဆိုင်ရာ သိပ္ပံတွေမှာပါ ထူးခွန်ခဲ့သူပါ။ အုမိုင်ယာ နန်းတော်ထဲမှာ သူမလောက်အပြည့်စုံဆုံးသော ပညာရှင်မရှိခဲ့ပါဘူး။” လို့ ညွှန်းဆိုရတဲ့ထိ ပြောင်မြောက်ခဲ့တဲ့အမျိုးသမီး ပညာရှင်တစ်ယောက်မို့ အတုယူနိုင်ဖို့ IIB ကနေ မျှဝေပေးလိုက်ပါတယ်။

📖Reference - A Prominent Muslim Woman: Lubna of Córdoba & Lubna of Córdoba biography

✍🏻 Translated and Contributed by Myat Thu Zar Lwin

#muslimah #characters #rolemodel #islam #history #womeninislam #islamicinstituteofburma #iib

📌ကုရ်အာန်ကပြောသည့် နဗီတမန်တော်မြတ်(ဆွ)၏တာဝန်

(၁) မဟာတမန်တော်မြတ်ရဲ့တာဝန်က အလ္လာဟ်အရှင် ချပေးထားတဲ့ ကုရ်အာန်ကျမ်းတော်ကို ဖတ်ပြခြင်း၊ ပို့ချခြင်း ဖြစ်တယ်။ ထို့အတူ ယုံကြည်သူတွေကို နိမ့်ကျတဲ့အကျင့်စရိုက်တွေနဲ့ တုဖက်ယှဥ်တွဲကိုးကွယ်မှုတွေကနေ သန့်စင်ပေးပြီး တစ်ပါးတည်း အရှင် ကိုးကွယ်ခြင်းဝါဒနဲ့ ကောင်းခြင်းကောင်းရာတွေကို ဆင်မြန်းပေးဖို့ ဖြစ်တယ်။ ဒါကို စိတ်တွင်းသန့် စင်‌ရေးလို့ ခေါ်ပါတယ်။ အဲဒီထဲမှာ ချွတ်ခွာသန့်စင်ခြင်းနဲ့ ဆင်မြန်းတပ်ဆင်ခြင်းတွေ ပါဝင်တယ်။
နောက်တစ်မျိုးပြောရရင် မဟာတမန်တော်မြတ်ရဲ့တာဝန်က (က) သာသနာကို ကောင်းစွာနားလည်ဖို့၊ (ခ) သာသနာကို ကျင့်ကြံအားထုတ်ခြင်း၊ သာသနာအတွက် လုပ်အားထုတ်လုပ်ခြင်းတွေဆီ တွန်းပို့ပေးတဲ့ ယုံကြည်မှုတွေ ဖွံ့ထွားလာဖို့အတွက် အာမခံချက်ရှိပြီး ပြည့်စုံကုံလုံတဲ့ လက်တွေ့အကောင်အထည်ဖော် ပျိုးထောင်ရေးနည်းလမ်းနဲ့ လူတွေကို လေ့ကျင့်ပျိုးထောင်ပေးဖို့ ဖြစ်တယ်။ ဒီလိုလေ့ကျင့်ပျိုးထောင်မှုဆိုတာက စံပြကိုယ်ကျင့် တရားတွေနဲ့ အကောင် အထည်ဖော်ခြင်းမျိုး ဖြစ်ပါတယ်။

(၂) ဒီလို လက်တွေ့ လေ့ကျင့်ပျိုးထောင်ခြင်းနဲ့အတူ တမန်တော်ဟာ (က) ကျရောက်လာတဲ့ကျမ်းစာကို သင်ကြားပေးခြင်း၊ (ခ) ကုရ်အာန်ရဲ့ကျမ်းစာပိုဒ် အဓိပ္ပာယ်တွေ၊ ဥပဒေပြဌာန်းမှုဆိုင်ရာ ရည်ရွယ်ချက်တွေ၊ လမ်းညွှန်ချက်ဆိုင်ရာ အတိမ်အနက်၊ လျှို့ဝှက်ချက်တွေကို ရှင်းပြပေးခြင်း၊ (ဂ) တလွဲနားလည်မှုနဲ့ တလွဲ နောက်လိုက်မှုတွေ မဖြစ်အောင် ကုရ်အာန်ထဲက လူတို့အတွက် တိမ်မြုပ်ဖုံးကွယ်နေတဲ့အချက်တွေကို ဖော်ထုတ်ပေးခြင်း၊ (ဃ) အမိန့်ပေးခိုင်းစေချက်တွေ၊ တားမြစ်ချက်တွေ၊ သတင်းပေးချက်တွေထဲက အတိုချုံးထားတဲ့ အရာတွေကို အကျယ်ရှင်းပေးခြင်း စတဲ့ ကုရ်အာန်ကျမ်းစာဆိုင်ရာ ပညာရပ်တွေကို သင်ကြားပေးခြင်းဖြစ်တယ်။

(၃) လူထုကို ကုရ်အာန်နဲ့အတူ အမိန့် ပညတ်ချက်တွေရဲ့ အတိမ်အနက်တွေ၊ ရည်ရွယ်ချက်ပန်းတိုင်တွေနဲ့ တွဲဆက်နေတဲ့ လက်တွေ့ အသုံးချမှုဆီ တွန်းပို့ပေးတဲ့ ပညာရပ် ဖြစ်တဲ့ သီအိုရီဆိုင်ရာ ဉာဏ်အမြော်အမြင်ကို သင်ကြားခြင်း၊ လက်တွေ့ အသုံးချခြင်း၊ ဖိတ်ခေါ်စည်းရုံးခြင်း၊ အမှားဝါဒတွေတော်လှန်ခြင်းတွေမှာ အလှပဆုံး ဒီဇိုင်းနဲ့ အလွယ်ကူဆုံး နည်းလမ်းတွေ ရွေချယ်နည်းပညာရပ်ဖြစ်တဲ့ လက်တွေ့အသုံးချမှုဆိုင်ရာ ညဏ်အမြော်အမြင်ကိုလဲ သင်ကြားပေးခြင်း‌တွေဖြစ်တယ်။
‘အရှင်မြတ်သည် အရှင်မြတ်အလိုရှိသောသူကို ဉာဏ်အမြော်အမြင် ပေးသနားတော်မူသည်။ ထို့ပြင် ဉာဏ်အမြော်အမြင်ကို ရရှိသောသူသည် ကောင်းခြင်းများစွာကို ရရှိလိုက်ပြီ ဖြစ်သည်။ ထို့ပြင် ဉာဏ်ရှင်များမှလွဲ၍ မည်သူမျှ သတိတရားမရကြပေ။”[1]

(၄) ပြီးတော့ တမန်တော်မြတ်ရဲ့တာဝန်ဟာ လူတွေကို သာသနာရေးရာ၊ ဘဝ‌ရေးရာ ကိစ္စတွေထဲက တစ်ဦးချင်းလိုက်ဖြစ်စေ၊ အစုအဖွဲ့လိုက်ဖြစ်စေ ပြည်စုံခြင်းရဲ့ လမ်းကြောတွေဆီ မြင့်တင်ပေးမယ့် သူတို့မသိကြတဲ့အရာတွေကို သင်ကြားပေးခြင်း ဖြစ်တယ်။
ဒီအပိုင်း (၄) ပိုင်းက တမန်တော်ရဲ့ တာဝန်တွေထဲက ဖြစ်တယ်။ အဲသည့်တာဝန်တွေထဲကနေပဲ သာသနာ နားလည်ရေး၊ လက်တွေ့အသုံးချ‌ရေးနဲ့ အလ္လာဟ်အရှင်မြတ် အမိန့်တော်နဲ့ အညီ “ဉာဏ်အမြော်အမြင်၊ ကောင်းမြတ်သော ဆုံးမသြဝါဒတွေနဲ့”[2] သာသနာဘက် ဖိတ်ခေါ်စည်းရုံးရေးတွေမှာ တမန်တော့် စွန္နဟ်၊ တမန်တော့် လမ်းစဥ်၊ တမန်တော့် လျှောက်လမ်းဟာ သန္ဓေတည်လာခဲ့တယ်။

သည်တာဝန်တွေအကြောင်းကို ကုရ်အာန်က သည်လို ဖော်ပြထားတယ်။ ” ငါအရှင်မြတ်သည် အသင်တို့ထံသို့ အသင်တို့ထဲမှ တမန်တော်တစ်ပါးစေလွှတ်တော်မူသကဲ့သို့ပင် ဖြစ်သည်။ ထိုတမန်တော်သည် ငါအရှင်မြတ်၏ ကျမ်းစာပိုဒ်တော်များကို အသင်တို့ရှေ့တွင် ဖတ်ရွတ်ပြသည်။ ထို့ပြင် အသင်တို့ကို (ဆိုးရွားသော အမူအကျင့်များမှ) သန့်စင်ပေးသည်။ ထို့ပြင် အသင်တို့အား ကျမ်းဂန်နှင့် ပညာဉာဏ်မြော်အမြင်ကို သင်ပေးသည်။ ထို့ပြင် အသင်တို့ မသိခဲ့သော အရာများကိုလည်း သင်ပေးသည်။”[3]
နောက်ကျမ်းစာပိုဒ်တစ်ခုမှာ
“အလ္လာဟ်အရှင်မြတ်သည် သက်ဝင်ယုံကြည်သူများအပေါ် သူတို့ထဲမှ တမန်တော်တစ်ပါးကို စေလွှတ်တော် မူခြင်းအားဖြင့် အမှန်ပင် ကျေးဇူးပြုတော်မူခဲ့သည်။ ထိုတမန်တော်သည် သူတို့ကို အလ္လာဟ်အရှင်မြတ်၏ ကျမ်းစာပိုဒ်တော်များကို ဖတ်ကြားပြသည်။ ထို့ပြင် သူတို့ကို (ကိုယ်တွင်းကိုယ်ပြင်) သန့်စင်ရေး ပြုလုပ်ပေးသည်။ ထို့ပြင် သူတို့ကို ကျမ်းဂန်နှင့် ဉာဏ်အမြော်အမြင်ကိုလည်း သင်ကြားပို့ချပေးသည်။ အမှန်စင်စစ် သူတို့သည် ယခင်က ထင်ရှားသော လမ်းမှားမှုထဲတွင် ရှိနေခဲ့ကြပေသည်။”[4]

[1] ကုရ်အာန် (၂:၂၆၉)
[2] ကုရ်အာန် (၁၆:၁၂၅)
[3] ကုရ်အာန် (၂:၁၅၁)
[4] ကုရ်အာန် (၃:၁၆၄)

✍️ Content Created by Zayar Min Htet

#duties #prophet #quranic #teachings #islam #islamicinstituteofburma

https://youtu.be/Y9Lhh9pRtp8?si=9QZcAXSKJlBWQUZ1