Islamic Institute of Burma @islamiciburma Channel on Telegram

Islamic Institute of Burma

@islamiciburma


Islamic Institute of Burma အဖွဲ့အစည်းသည် မြန်မာဘာသာစကားဖြင့် အစ္စလာမ့်ပညာရပ်များကို အလွယ်တကူလေ့လာစေနိုင်ဖို့ ရည်ရွယ်ထားတဲ့ non-profit အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။

Islamic Institute of Burma (Burmese)

ဤလိုအပ်အဝင့်တာသည်သမိုင်းအပါအဝင် တခြားအစ္စလာမ့်ဗဟုသုတများကို စာဖတ်သူတို့အဖို့ တင်ဆက်ပေးနေသည်။ ဤ channel သည်ထိုအကြောင်းဆုံးလူမျိုးအကြောင်း များအား မျှဝေမှုအတွက် ပြန်လည်ပေးလို့ရအောင်အောင် သည်။ အမှာစာအင်္ဂလိပ်လိုအပ်ကာကွယ်ဆောင်ရွက်ပေးလျက်ရှိသူတို့အတွက်လည်း ဤ channel ကို follow လုပ်နိုင်ရန် @islamiciburma အဖွဲ့ခန်ထားပါသည်။

Islamic Institute of Burma

06 Jan, 16:16


🌱🌸စပိန်နိုင်ငံသူ ကော်ဒိုဘာမြို့ဖွား လွဗ်နာ က စပိန်နိုင်ငံ၊ အန်ဒလူစီယာ ပြည်နယ်၊ မဒီနဟ် ဇာဟ်ရားအ် နန်းတော်ထဲမှာ (၁၀) ရာစုနှစ်ဝန်းကျင်တုန်းက ရှင်သန်ကြီးပြင်းခဲ့တဲ့ ကျွန်မလေးတစ်ယောက်ဖြစ်တယ်။ ပြီးတော့ သူမဟာ နောက်ပိုင်းမှာ အထင်ကရပညာရှိ အဖြစ်သမိုင်းဝင်ခဲ့တဲ့ အမျိုးသမီးတစ်ယောက်ဖြစ်ပါတယ်။

🌸🍁💫 သူမဟာ ဉာဏ်အမျှော်အမြင်နဲ့ပြည့်စုံလွန်းတာကြောင့် ဆွလ်သွာန် အဗ်ဒွရ်ရဟ်မာန် (III)နဲ့ သူရဲ့သား ခလီဖဟ် ဟာကင်မ် (II) (၉၆၁-၉၇၆) ရဲ့ လက်ထပ်မှာ အမျိုးသားတွေကို ကျော်လွန်ပြီး ဘုရင့်စာပြန်‌‌တော်အတွင်းရေးမှူး အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူလည်းဖြစ်ပါတယ်။ သူမရဲ့ကဗျာအရေးအသားပိုင်နိုင်မှုနဲ့အတူ၊ သင်္ချာဥပ‌ဒေတွေနဲ့ စီမံခန့်ခွဲမှု ကျွမ်းကျင်တာကြောင့် သူမကအထူးကျော်ကြားခဲ့ပါတယ်။

🎀အစ္စလာမ့်ရွှေခေတ်အတွက် လွဗ်နာက ဒမတ်စကတ်၊ ကိုင်ရို၊ ဘဂ္ဂဒက် အစရှိတဲ့ အရှေ့အလယ်ပိုင်းနဲ့ တောင်အဖရိကကို ရှားပါးတဲ့စာပေတွေ စုဆောင်းဖို့ရာအတွက် တကိုယ်တည်း ခရီး‌တွေထွက်ခဲ့ပါတယ်။ ဒါ့အပြင်သူမက ကျေးလက်ဒေသက စာတတ်‌ ပေတတ် အမျိုးသမီးတွေကို အဖိုးတန် စာအုပ်စာပေ‌တွေ ကူးယူတဲ့နေရာမှာ စီမံခန့်ခွဲ‌ပေးပြီး ယုံကြည်စွာ အားကိုးခြင်းဖြင့် လူမှုအဖွဲ့အစည်းမှာ အမျိုးသမီးတွေရဲ့ပညာရေး အရေးပါမှုကို ဖော်ပြခဲ့သူဖြစ်ပါတယ်။ လွဗ်နာက သူမတတ်‌မြောက်ထားတဲ့ လက်တင်၊ ဟီဘရူး၊ စတဲ့ဘာသာစကားတွေနဲ့စာပေတွေကို စပိန်ဘာသာပြန်ဆိုခဲ့တဲ့ အပြင် သာမန်လူတွေနားလည်ဖို့ ခက်ခဲတဲ့ စာပိုဒ်တွေအတွက် တိကျရှင်းလင်းတဲ့ သူမရဲ့သဒ္ဒါလက်ရာ၊ ကလောင်ချက်တွေနဲ့သဘောပေါက်စေခဲ့သူပါ။ သူမရဲ့ ပြည်စုံလွန်းတဲ့ အရည်အချင်းတွေကြောင့် (ယခု စပိန်နိုင်ငံလို့ ခေါ်တဲ့) အင်ဒလူစီယာပြည်နယ်မှာတည်ရှိတဲ့ ကော်ဒိုဘာမြို့ရဲ့ ‌တော်ဝင်စာကြည့်တိုက်က စာအုပ်ပေါင်းငါးသန်းကျော်ရှိခဲ့ပြီး၊ အဲ့ခေတ်အချိန်အခါမှာ အရေးအပါဆုံးနဲ့ လူတွေမှီခိုအားထားခဲ့ရဆုံးသော စာကြည့်တိုက်တစ်ခုဖြစ်လာခဲ့ပါတယ်။

📜ပညာဟာမျှဝေခြင်းမရှိဘဲ မပြည့်စုံဘူးလို့နားလည်ခဲ့တဲ့ လွဗ်နာဟာ လမ်းပေါ်က ကလေးတွေကိုလည်း တွေးခေါ်မှုနဲ့ အတွက်အချက်ပညာတွေကို တတ်မြောက်အောင်သင်ကြားပေးပြီး အစ္စလာမ့်ရဲ့မျိုး‌ကောင်းစေ့တွေကြဲခဲ့ပါ‌သေးတယ်။

🌙💫 သမိုင်းပညာရှင် အိဗ်နု ဗရှ် ကာဗလ်က သူမနဲ့ပက်သက်ပြီး “လွဗ်နာက အရေးအသားမှာ သဒ္ဒါရော၊ ကဗျာပါမကျန် ပြောင်မြောက်သူ ဖြစ်ပါတယ်။ သူမရဲ့ သင်္ချာဉာဏ်ကလည်း နက်ရှိုင်းလှတယ်။ သူမဟာ တခြားတွေးခေါ်မှုဆိုင်ရာ သိပ္ပံတွေမှာပါ ထူးခွန်ခဲ့သူပါ။ အုမိုင်ယာ နန်းတော်ထဲမှာ သူမလောက်အပြည့်စုံဆုံးသော ပညာရှင်မရှိခဲ့ပါဘူး။” လို့ ညွှန်းဆိုရတဲ့ထိ ပြောင်မြောက်ခဲ့တဲ့အမျိုးသမီး ပညာရှင်တစ်ယောက်မို့ အတုယူနိုင်ဖို့ IIB ကနေ မျှဝေပေးလိုက်ပါတယ်။

📖Reference - A Prominent Muslim Woman: Lubna of Córdoba & Lubna of Córdoba biography

✍🏻 Translated and Contributed by Myat Thu Zar Lwin

#muslimah #characters #rolemodel #islam #history #womeninislam #islamicinstituteofburma #iib

Islamic Institute of Burma

05 Jan, 13:56


📌ကုရ်အာန်ကပြောသည့် နဗီတမန်တော်မြတ်(ဆွ)၏တာဝန်

(၁) မဟာတမန်တော်မြတ်ရဲ့တာဝန်က အလ္လာဟ်အရှင် ချပေးထားတဲ့ ကုရ်အာန်ကျမ်းတော်ကို ဖတ်ပြခြင်း၊ ပို့ချခြင်း ဖြစ်တယ်။ ထို့အတူ ယုံကြည်သူတွေကို နိမ့်ကျတဲ့အကျင့်စရိုက်တွေနဲ့ တုဖက်ယှဥ်တွဲကိုးကွယ်မှုတွေကနေ သန့်စင်ပေးပြီး တစ်ပါးတည်း အရှင် ကိုးကွယ်ခြင်းဝါဒနဲ့ ကောင်းခြင်းကောင်းရာတွေကို ဆင်မြန်းပေးဖို့ ဖြစ်တယ်။ ဒါကို စိတ်တွင်းသန့် စင်‌ရေးလို့ ခေါ်ပါတယ်။ အဲဒီထဲမှာ ချွတ်ခွာသန့်စင်ခြင်းနဲ့ ဆင်မြန်းတပ်ဆင်ခြင်းတွေ ပါဝင်တယ်။
နောက်တစ်မျိုးပြောရရင် မဟာတမန်တော်မြတ်ရဲ့တာဝန်က (က) သာသနာကို ကောင်းစွာနားလည်ဖို့၊ (ခ) သာသနာကို ကျင့်ကြံအားထုတ်ခြင်း၊ သာသနာအတွက် လုပ်အားထုတ်လုပ်ခြင်းတွေဆီ တွန်းပို့ပေးတဲ့ ယုံကြည်မှုတွေ ဖွံ့ထွားလာဖို့အတွက် အာမခံချက်ရှိပြီး ပြည့်စုံကုံလုံတဲ့ လက်တွေ့အကောင်အထည်ဖော် ပျိုးထောင်ရေးနည်းလမ်းနဲ့ လူတွေကို လေ့ကျင့်ပျိုးထောင်ပေးဖို့ ဖြစ်တယ်။ ဒီလိုလေ့ကျင့်ပျိုးထောင်မှုဆိုတာက စံပြကိုယ်ကျင့် တရားတွေနဲ့ အကောင် အထည်ဖော်ခြင်းမျိုး ဖြစ်ပါတယ်။

(၂) ဒီလို လက်တွေ့ လေ့ကျင့်ပျိုးထောင်ခြင်းနဲ့အတူ တမန်တော်ဟာ (က) ကျရောက်လာတဲ့ကျမ်းစာကို သင်ကြားပေးခြင်း၊ (ခ) ကုရ်အာန်ရဲ့ကျမ်းစာပိုဒ် အဓိပ္ပာယ်တွေ၊ ဥပဒေပြဌာန်းမှုဆိုင်ရာ ရည်ရွယ်ချက်တွေ၊ လမ်းညွှန်ချက်ဆိုင်ရာ အတိမ်အနက်၊ လျှို့ဝှက်ချက်တွေကို ရှင်းပြပေးခြင်း၊ (ဂ) တလွဲနားလည်မှုနဲ့ တလွဲ နောက်လိုက်မှုတွေ မဖြစ်အောင် ကုရ်အာန်ထဲက လူတို့အတွက် တိမ်မြုပ်ဖုံးကွယ်နေတဲ့အချက်တွေကို ဖော်ထုတ်ပေးခြင်း၊ (ဃ) အမိန့်ပေးခိုင်းစေချက်တွေ၊ တားမြစ်ချက်တွေ၊ သတင်းပေးချက်တွေထဲက အတိုချုံးထားတဲ့ အရာတွေကို အကျယ်ရှင်းပေးခြင်း စတဲ့ ကုရ်အာန်ကျမ်းစာဆိုင်ရာ ပညာရပ်တွေကို သင်ကြားပေးခြင်းဖြစ်တယ်။

(၃) လူထုကို ကုရ်အာန်နဲ့အတူ အမိန့် ပညတ်ချက်တွေရဲ့ အတိမ်အနက်တွေ၊ ရည်ရွယ်ချက်ပန်းတိုင်တွေနဲ့ တွဲဆက်နေတဲ့ လက်တွေ့ အသုံးချမှုဆီ တွန်းပို့ပေးတဲ့ ပညာရပ် ဖြစ်တဲ့ သီအိုရီဆိုင်ရာ ဉာဏ်အမြော်အမြင်ကို သင်ကြားခြင်း၊ လက်တွေ့ အသုံးချခြင်း၊ ဖိတ်ခေါ်စည်းရုံးခြင်း၊ အမှားဝါဒတွေတော်လှန်ခြင်းတွေမှာ အလှပဆုံး ဒီဇိုင်းနဲ့ အလွယ်ကူဆုံး နည်းလမ်းတွေ ရွေချယ်နည်းပညာရပ်ဖြစ်တဲ့ လက်တွေ့အသုံးချမှုဆိုင်ရာ ညဏ်အမြော်အမြင်ကိုလဲ သင်ကြားပေးခြင်း‌တွေဖြစ်တယ်။
‘အရှင်မြတ်သည် အရှင်မြတ်အလိုရှိသောသူကို ဉာဏ်အမြော်အမြင် ပေးသနားတော်မူသည်။ ထို့ပြင် ဉာဏ်အမြော်အမြင်ကို ရရှိသောသူသည် ကောင်းခြင်းများစွာကို ရရှိလိုက်ပြီ ဖြစ်သည်။ ထို့ပြင် ဉာဏ်ရှင်များမှလွဲ၍ မည်သူမျှ သတိတရားမရကြပေ။”[1]

(၄) ပြီးတော့ တမန်တော်မြတ်ရဲ့တာဝန်ဟာ လူတွေကို သာသနာရေးရာ၊ ဘဝ‌ရေးရာ ကိစ္စတွေထဲက တစ်ဦးချင်းလိုက်ဖြစ်စေ၊ အစုအဖွဲ့လိုက်ဖြစ်စေ ပြည်စုံခြင်းရဲ့ လမ်းကြောတွေဆီ မြင့်တင်ပေးမယ့် သူတို့မသိကြတဲ့အရာတွေကို သင်ကြားပေးခြင်း ဖြစ်တယ်။
ဒီအပိုင်း (၄) ပိုင်းက တမန်တော်ရဲ့ တာဝန်တွေထဲက ဖြစ်တယ်။ အဲသည့်တာဝန်တွေထဲကနေပဲ သာသနာ နားလည်ရေး၊ လက်တွေ့အသုံးချ‌ရေးနဲ့ အလ္လာဟ်အရှင်မြတ် အမိန့်တော်နဲ့ အညီ “ဉာဏ်အမြော်အမြင်၊ ကောင်းမြတ်သော ဆုံးမသြဝါဒတွေနဲ့”[2] သာသနာဘက် ဖိတ်ခေါ်စည်းရုံးရေးတွေမှာ တမန်တော့် စွန္နဟ်၊ တမန်တော့် လမ်းစဥ်၊ တမန်တော့် လျှောက်လမ်းဟာ သန္ဓေတည်လာခဲ့တယ်။

သည်တာဝန်တွေအကြောင်းကို ကုရ်အာန်က သည်လို ဖော်ပြထားတယ်။ ” ငါအရှင်မြတ်သည် အသင်တို့ထံသို့ အသင်တို့ထဲမှ တမန်တော်တစ်ပါးစေလွှတ်တော်မူသကဲ့သို့ပင် ဖြစ်သည်။ ထိုတမန်တော်သည် ငါအရှင်မြတ်၏ ကျမ်းစာပိုဒ်တော်များကို အသင်တို့ရှေ့တွင် ဖတ်ရွတ်ပြသည်။ ထို့ပြင် အသင်တို့ကို (ဆိုးရွားသော အမူအကျင့်များမှ) သန့်စင်ပေးသည်။ ထို့ပြင် အသင်တို့အား ကျမ်းဂန်နှင့် ပညာဉာဏ်မြော်အမြင်ကို သင်ပေးသည်။ ထို့ပြင် အသင်တို့ မသိခဲ့သော အရာများကိုလည်း သင်ပေးသည်။”[3]
နောက်ကျမ်းစာပိုဒ်တစ်ခုမှာ
“အလ္လာဟ်အရှင်မြတ်သည် သက်ဝင်ယုံကြည်သူများအပေါ် သူတို့ထဲမှ တမန်တော်တစ်ပါးကို စေလွှတ်တော် မူခြင်းအားဖြင့် အမှန်ပင် ကျေးဇူးပြုတော်မူခဲ့သည်။ ထိုတမန်တော်သည် သူတို့ကို အလ္လာဟ်အရှင်မြတ်၏ ကျမ်းစာပိုဒ်တော်များကို ဖတ်ကြားပြသည်။ ထို့ပြင် သူတို့ကို (ကိုယ်တွင်းကိုယ်ပြင်) သန့်စင်ရေး ပြုလုပ်ပေးသည်။ ထို့ပြင် သူတို့ကို ကျမ်းဂန်နှင့် ဉာဏ်အမြော်အမြင်ကိုလည်း သင်ကြားပို့ချပေးသည်။ အမှန်စင်စစ် သူတို့သည် ယခင်က ထင်ရှားသော လမ်းမှားမှုထဲတွင် ရှိနေခဲ့ကြပေသည်။”[4]

[1] ကုရ်အာန် (၂:၂၆၉)
[2] ကုရ်အာန် (၁၆:၁၂၅)
[3] ကုရ်အာန် (၂:၁၅၁)
[4] ကုရ်အာန် (၃:၁၆၄)

✍️ Content Created by Zayar Min Htet

#duties #prophet #quranic #teachings #islam #islamicinstituteofburma

Islamic Institute of Burma

05 Jan, 13:56


https://youtu.be/Y9Lhh9pRtp8?si=9QZcAXSKJlBWQUZ1

Islamic Institute of Burma

05 Jan, 13:56


☪️ တမန်တော်မြတ်အတ္ထုပ္ပတ္တိ(အပိုင်း ၄၅) - မက္ကဟ်ကာလစီရဟ်အကျဉ်းချုပ် | Dr. Yasir Qadhi

🕌 ဒီအပိုင်းကတော့ တမန်တော်မြတ်(ﷺ)မမွေးဖွားခင် ဂျာဟေလီအမိုက်ခေတ်ကနေ တမန်တော်မြတ်(ﷺ)ရဲ့ ငယ်ဘဝအပါအဝင် မက္ကဟ်ဒအ်ဝဟ်ကာလ (၁၃)နှစ်လုံးကို ပြန်လည်အကျဉ်းချုပ်ပြီး ပြောပြထားတာဖြစ်ပါတယ်။

Credit: Dr. Yasir Qadhi YouTube Channel
(https://www.youtube.com/@YasirQadhi)

🖋 Translated by: Ruwaida

#yasirqadhi #islamicinstituteofburma #islam #muhammad #prophetmuhammad #sirah #myanmarmuslim #myanmar #burma #muslim #myanmarnews

Islamic Institute of Burma

03 Jan, 15:03


📖Jamʿ al-Qurʾān: “ကုရ်အာန်၏ သမိုင်းကြောင်း” အတန်းကို တက်ဖူးသူတွေ ဘာပြောကြသလဲ

📌ယနေ့မှာတော့ Jamʾ al-Qur’ān အတန်းတက်ခဲ့သူ Htet Nadi Lwin ရဲ့ အတွေ့အကြုံလေးကို မျှဝေပေးချင်ပါတယ်ရှင့်👩‍🎓

🎉ယခုဖွင့်လှစ်တော့မယ့် Jamʾ al-Qur’ān သင်တန်းမှာ ကုရ်အာန်ထိန်းသိမ်းမှုရဲ့ သမိုင်းများကို သင်ကြားပေးမှာဖြစ်ပြီး၊ အဟ်ရုဖ်နဲ့ ကိရာအသ်များအကြောင်း၊ Riwaya & Diraya ကွာခြားချက်များ၊ ကုရ်အာန်လက်ရေးမူကြမ်းများ (Manuscripts) နှင့် ယင်းတို့ကို စနစ်တကျ ထိန်းသိမ်းမှု ပုံစံများကိုပါ သင်ပြပေးသွားမှာဖြစ်ပါတယ်

💡ဒီအတန်းမှာလဲ ဆရာက ကျောင်းသားတွေ့ လိုအပ်ချက်နဲ့ ကိုက်ညီစေဖို့ သေချာပြင်ဆင်ထားပြီး အဓိကအကြောင်းအရာများနဲ့ သာသနာ့ပညာရဲ့ အလှတရားတွေကို အချိန်တိုအတွင်း ရှင်းလင်းစွာ သင်ကြားပေးမှာ ဖြစ်ပါတယ်

အချိန်တိုအတွင်း ကုရ်အာန်ရဲ့ အခြေခံနက်ရှိုင်းမှုတွေကို လေ့လာချင်သူတွေအတွက် ဒီအတန်းဝင်ခွင့် ဖောင်ပိတ်ဖို့ ၁ ရက်သာလိုတော့တာမို့ ကျန်တဲ့အချိန်အတွင်း အမြန်ဆုံး လျှောက်ထားလိုက်ပါနော်!

🖇️Apply Now: https://forms.gle/uBEgvDEHuNMkAiEi7

🥳ဒီအတန်းအတွက် Scholarship ပေးတဲ့ အစီအစဉ်လေးလဲရှိတာမို့ အသေးစိတ်ကို အောက်ပါ link မှဝင်ရောက်လေ့လာနိုင်ပါတယ်ရှင့်
🖇️Link: https://www.facebook.com/share/p/18J7hC8mjj/?mibextid=wwXIfr

“ဖတ်မှတ်လေ့လာ သုံးသပ်ပါ၊ အစ္စလာမ့်အသိပညာ” ~ ISLAMIC INSTITUTE OF BURMA 🌙

#masterclass #class #quranpreservation #quranicclass #arabic #islamknowledge #muslim #myanmar #islamicinstituteofburma #iib #burma

Islamic Institute of Burma

03 Jan, 15:02


မော်လာနာအိုဘိုင်ဒွလ္လာဟ် စင်န်ဒီ

📌မော်လာနာအိုဘိုင်ဒွလ္လာဟ် စင်န်ဒီ ကတော့ အိန္ဒိယတိုက်ငယ်ရဲ့ လွတ်လပ်တဲ့အတွေးအခေါ်ရှိသူ ပြုပြင်ပြောင်းလဲရေးလိုလားသူ သစ်လွင်တဲ့ဘာသာရေးအတွေးအခေါ် ရှိတဲ့ နိုင်ငံရေးနဲ့ တော်လှန်ရေးခေါင်းဆောင်တစ်ယောက်ဖြစ်ပါတယ်။ ပြီးတော့ သူက ရှားဟ်ဝလီယွလ္လာဟ် မုဟဒ္ဒီးဆ် ဒိဟ်လဝီရဲ့ အတွေးအခေါ်လွမ်းမိုးသူပါ။ မော်လာနာက ဒါရွလ်အုလူးမ်ဒီယိုဘန့်ဒ်ရဲ့ ဆရာသခင်များရဲ့ ပျိုးထောင်ခံဖြစ်ခဲ့ပေမယ့်လည်း ခွဲထွက်တဲ့အတွေးအခေါ်အများအပြားရှိသူဖြစ်တယ်။ ဒါကြောင့်ပဲ သူနဲ့ပတ်သတ်ပြီး ယုံကြည်ချက်နဲ့ အစ္စလာမ့်နိုင်ငံရေး ရှုထောင့်ကနေ မတူညီတဲ့ ဝေဖန်သုံးသပ်မှုတွေအများအပြားရှိနေခဲ့ပါတယ်။

📌ယုံကြည်ချက်ဆိုင်ရာသုံးသပ်မှုတွေမှာတော့ မော်လာနာရဲ့ ရပ်တည်ချက်ပါလို့ ယူဆဖို့အထောက်အထားအတိအကျမရှိထားတဲ့ စကားရပ်တွေကို မြစ်ဖြားခံနေတာများပါတယ်။ နောက်တစ်ခုကတော့ မော်လာနာက ကွန်မြူနစ်တစ်ယောက်လားဆိုတာတာပါပဲ။ အကြောင်းအရင်းတွေကတော့ မော်လာနာရဲ့ပစ္စည်းမဲ့လူတန်းစာတွေနဲ့ပတ်သတ်ပြီး အထူးပြောဆိုမှုတွေကြောင့်ရယ် မော်စကိုကိုသွားပြီး လီနင်ရဲ့အုပ်ချုပ်ရေးနဲ့ ကွန်မြူနစ်စနစ်ကိုလေ့လာခဲ့တာကြောင့်ရယ်ပဲဖြစ်တယ်။ ပြီးတော့ မော်လာနာက အရင်းရှင်စနစ်ကိုဆန့်ကျင်ပြီး ပစ္စည်းမဲ့လူတန်းစားတွေနဲ့အတူရပ်တည်ခဲ့တယ်။ ဒါပေမယ့် မော်လာနာရဲ့အတွေးအခေါ်က ကွန်မြူနစ်ကဆင်းသက်လာခဲ့တာမဟုတ်ဘဲ ရှားဟ်ဝလီယွလ္လာဟ်ရဲ့ ဟွဂျ်ဂျသွလ္လားဟိလ်ဘာလိဂဟ် ကနေဆင်းသက်လာခဲ့တာပဲဖြစ်တယ်။ ဒီစနစ်နှစ်ခုကြားမှာ မတူညီတာဆိုလို့ ကွန်မြူနစ်က အလ္လာဟ်နဲ့အလ္လာ့ဟ်ရဆူလ်ကို ဖြုတ်ချထားတာပါပဲ ဆိုတဲ့သုံးသပ်ချက်တွေလည်းရှိပါတယ်။

📖ပြောရရင် မော်လာနာက တမူထူးခြားတဲ့ အတွေးအခေါ်ရှိပြီး မိရိုးဖလာ အိဘာဒဟ်တွေထက် ကုရ်အာန်နဲ့ စွန္နဟ်ရဲ့ အဓိက သဝဏ်လွှာကို ချပြဖို့ ဘဝ၊ အသက်၊ ပညာ ငွေကြေးအလုံးစုံကို သုံးစွဲခဲ့သူဖြစ်တယ်။ မော်လာနာက မိမိဆရာရဲ့ အမိန့်အတိုင်း အာဖဂန်နိုင်ငံ ကဘူးလ်မြို့ကိုသွားခဲ့တယ်။ အဲဒီကနေ မော်စကိုကိုသွားပြီး လီနင်အုပ်ချုပ်ရေးနဲ့ကွန်မြူနစ်ကို လေ့လာခဲ့တယ်။ ပြီးတော့ ကမားလ်အသာသုရ်က်ရဲ့ ခေတ်သစ်တူရကီကိုသွားပြီး ကျရှုံးသွားခဲ့ရတဲ့ခိလာဖသ်အုပ်ချုပ်ရေးနဲ့ ကမားလ်အသာသုရ်က်ရဲ့ စနစ်သစ်တွေကိုလေ့လာခဲ့တယ်။ ပြီးတော့ အီတလီကနေတဆင့် မက္ကဟ်မြို့ကိုသွားပြီး ၁၂ နှစ်တိုင် နေထိုင်ခဲ့တယ်။၂၅ နှစ်တိုင် နယ်နှင်ဒဏ်ခံဘဝနဲ့နေထိုင်ခဲ့ရတယ်။ ဆင်းရဲလွန်းတဲ့ဘဝနဲ့နေထိုင်ခဲ့ရတယ်။ အိန္ဒိယက အလှူရှင်တွေပို့တဲ့ငွေက ကြန့်ကြာနေတာကြောင့် သုံးရက်တိုင်ဇမ်ဇမ်ရေသောက်ပြီးနေခဲ့ရတဲ့နေ့တွေရှိတယ်လို့ မော်လာနာက မိမိဘဝမှတ်တမ်းစာအုပ်မှာရေးထားခဲ့ပါတယ်။

📌မော်လာနာက ကုရ်အာန်ကို မိရိုးဖလာဘာသာပြန်တွေကနေ ခွဲထွက်ပြီး အကျယ်ဖွင့်ဆိုခဲ့တယ်။ ကျနော့်အနေနဲ့တော့ ဒီ စိတ်စေတနာသန့်စွာနဲ့ အကျိုးပြုခဲ့တဲ့ ကြီးမြတ်တဲ့အိမာမ်ကြီးတစ်ပါးရဲ့ ယုံကြည်ချက်ဆိုင်ရာ ရပ်တည်ချက်ဆိုင်ရာတွေကို မဝေဖန်ဝံ့ပါဘူး။ ဒါကြောင့် မော်လာနာကဘယ်သူလဲ ဘယ်လိုလူလဲ ဘာတွေကြိုးပမ်းခဲ့သလဲဆိုတာနဲ့ပတ်သတ်ပြီး သိရအောင်ပဲ မော်လာနာရဲ့ ဘဝမှတ်တမ်းအကျဥ်းကို တင်ပြလိုပါတယ်။

မော်လာနာအိုဘိုင်ဒွလ္လာဟ် စင်န်ဒီက အိန္ဒိယလွတ်လပ်ရေးကြိုးပမ်းမှုရဲ့ ခေါင်းဆောင်တစ်ယောက်ဖြစ်ပါတယ်။ ဗြိတိသျှကိုလိုနီဘဝကနေ လွတ်မြောက်ဖို့အတွက် လူထုကို နိုင်ငံရေးအရစည်းရုံးခဲ့သူဖြစ်ပါတယ်။

မော်လာနာကို ဟိဂျ်ရီ ၁၂၈၉ မုဟရမ် ၁၂ ရက် ခရစ်နှစ် ၁၈၇၂ သောကြာနေ့မှာ စိယားလ်ကိုတ်မြို့အနီးက ကျယာနဝါလီရွာမှာ မွေးဖွားခဲ့တယ်။ မော်လာနာရဲ့ဘဝအစဟာ ဆိခ်တွေကြားထဲမှာဖြစ်ခဲ့ပြီး မော်လာနာကလည်း မိရိုးဖလာ ဆိခ် တစ်ယောက်ဖြစ်ခဲ့ပါတယ်။
မော်လာနာရဲ့ဖခင်က မမွေးခင် ၄ လအရင်မှာကွယ်လွန်သွားခဲ့ပြီး မော်လာနာရဲ့အသက်၂ နှစ်မှာ အဖေဘက်ကအဖိုးလည်း ကွယ်လွန်သွားခဲ့တာကြောင့် မိခင်ဖြစ်သူက မိမိ မိဘအိမ်ကိုပြန်ပြီးနေထိုင်ခဲ့ပါတယ်။ မော်လာနာရဲ့ပညာရေးကတော့ ၆ နှစ်မှာအစပြုခဲ့တယ်။ မိမိပညာရေးသက်တမ်းမှာ သင်္ချာ၊ အလ်ဂျီဘရာ၊ ယူကလစ်နဲ့ အိန္ဒိယသမိုင်းစာအုပ်တွေကို စိတ်ဝင်တစားဖတ်ခဲ့ပါတယ်။

မော်လာနာရဲ့အစ္စလာမ်လက်ခံပုံကတော့ ခရစ်နှစ် ၁၈၈၄ မော်လာနာရဲ့အသက် ၁၂ မှာ မော်လာနာအိုဘိုင်ဒွလ္လာဟ် ပါအိလီ ရဲ့ “သုဟ်ဖသုလ် ဟင့်န်ဒ်” စာအုပ်ကို ဖတ်ခဲ့တာပါပဲ။ ပြီးတော့ မော်လာနာက ရှားဟ်အိစ်မာအီးလ်ရှဟီးဒ်ရဲ့ “သက်ဝိယသွလ် အီမာန်” စာအုပ်ကို ဖတ်ခဲ့တယ်။ ဒီလိုနဲ့မော်လာနာက အစ္စလာမ်ဘက်ကို ယိမ်းလာခဲ့ပြီး အသက် ၁၅ နှစ် ခရစ်နှစ် ၁၈၈၇ သြဂုတ်လ ၁၉ မှာ အစ္စလာမ် လက်ခံခဲ့ပါတယ်။ မိမိရဲ့ ဆိခ်နာမည် ဘူတာစင့်န်ခ်ကို စွန့်ပြီး သုဟ်ဖသုလ်စင့်န်ဒ်ရဲ့ စာရေးသူ မော်လာနာရဲ့အမည်အတိုင်း အိုဘိုင်ဒွလ္လာဟ်လို့ မှည့်ခဲ့ပါတယ်။

Islamic Institute of Burma

03 Jan, 15:02


၁၈၈၈ မှာတော့ “ဟာဖီဇ် ဆွဒ္ဒီးက်” ဆီမှာ “ဘိုက်ယ်အသ်” ယူခဲ့ပြီး သူက မော်လာနာကို သားပမာသတ်မှတ်ပြီး အတွင်းပိုင်းပညာကို သင်ပေးခဲ့ပါတယ်။ အဲဒီကနေတဆင့် ၁၈၈၈ မှာ “ဒီယိုဘန့်ဒ်” ကိုသွားပြီး ကျောင်းဝင်ခဲ့ပါတယ်။ ဒီမှာပဲ “ဖိက်ဟ်”၊ “သဖ်စီးရ်”၊ “ဟဒီးစ်” ယုတ္တိဗေဒနဲ့ ဖီလော်ဆော်ဖီတွေကို ပြီးမြောက်တဲ့ အထိသင်ယူခဲ့ပါတယ်။ မော်လာနာရဲ့ ဆရာတွေထဲမှာ ရှိုင်ခွလ်ဟင့်န်ဒ် ၊ မော်လာနာ ရရှီးဒ် အဟ်မဒ် ဂန်ဂိုဟီ တို့လို ပညာရှင်ကြီးတွေ ပါဝင်ခဲ့ပါတယ်။ မော်လာနာ ဆိုင်ယိဒ် အဟ်မဒ် ဒေ့ဟ်လဝီကတော့ မော်လာနာ စင်န်ဒီရဲ့ စာမေးပွဲအဖြေလွှာကိုမြင်ပြီး "သူကတော့ စာအုပ်တွေလုံလုံလောက်လောက်ရှိနေရင် ဒုတိယ ရှားဟ် အဗ်ဒွလ် အဇီးဇ် ဖြစ်လိမ့်မယ်" လို့မှတ်ချက်ပေးခဲ့ပါတယ်။

၁၈၉၁ မှာ မော်လာနာက မော်လာနာ အဗွလ် ဟစန် သားဂျ် မဟ်မူးဒ် နေတဲ့ “အမ်ရိုသ်” ကိုသွားပြီး အဲ့ဒီမှာပဲ နေကာဟ်လုပ် ထိမ်းမြားခဲ့တယ်။ မော်လာနာရဲ့ အမျိုးသမီးနဲ့ပတ်သတ်ပြီး အထူးချီးမွမ်းစရာကတော့ ပိုးပုဝါတော်လှန်ရေး ခရီးစရိတ်အတွက် မိမိလက်ဝတ်ရတနာတွေကို ရောင်းပြီးပေးခဲ့တာပါပဲ။ ယုံကြည်ချက်နဲ့ ဘဝလက်တွဲဖော်က တစ်ထပ်တည်းကျခဲ့တာပါ။

မော်လာနာက ၁၈၉၇ အထိ “အမ်ရိုသ်” မှာနေပြီး “သဖ်စီးရ်”နဲ့”ဟဒီးစ်” ပညာရပ်တွေကို ပို့ချနေခဲ့တယ်။ အဲ့ဒီစပ်ကြားမှာ “မဟ်မူးဒ်” ပုံနှိပ်တိုက်ဖွင့်ခဲ့ပြီး “ဟိဒါယသွလ်အိခ်ဝါးန်”ဆိုတဲ့ လစဥ်စာစောင်ကို “စင်န်ဒီ” ဘာသာစကားနဲ့ထုတ်ဝေခဲ့တယ်။ ၁၈၉၇ မှာပဲ ရှိုင်ခွလ်ဟင့်န်ဒ်က မော်လာနာကို နိုင်ငံရေးရေးလုပ်ဖို့ အမိန့်ပေးခဲ့ပါတယ်။ ၁၉၀၁ မှာတော့ မော်လာနာက “ဟိုင်ဒရာအာဘားဒ်”မြို့အနီးက “ပီးရ်ဂျန်ဒါ” မှာ “ဒါရွလ်အိရ်ရှားဒ်” ဆိုတဲ့ဌာနတစ်ခုဖွင့်ခဲ့ပြီး နိုင်ငံရေးနဲ့ဘာသာရေးလုပ်ငန်းစဥ်တွေကို ဆောင်ရွက်ခဲ့ပါတယ်။ ၁၉၀၉ မှာတော့ “စင့်န်ဒ်” ကနေ “ဒီယိုဘန့်ဒ်” ပြန်ခဲ့ပြီး “ဂျမ်အီယသွလ်အန်ဆွားရ်” အမည်နဲ့ ဌာနတစ်ခုထောင်ခဲ့ပြီး “ဒါရွလ်အုလူးမ်ဒီယိုဘန်” ကျောင်းသားတွေနဲ့ ကျောင်းဆင်းတွေအတွက် ပညာရေးအကူအညီတွေပေးခဲ့ပြီး။ လွတ်လပ်ရေးကြိုးပမ်းမှုအတွက် အခမ်းအနားတွေ စည်းရုံးမှုတွေလုပ်ခဲ့ပါတယ်။

၁၉၁၃ မှာတော့မော်လာနာက ရှားဟ်ဝလီယွလ္လာဟ်ရဲ့ “အုစူးလွတ်သဖ်စီးရ်” စာအုပ်ဖြစ်တဲ့ “အလ်ဖောင်ဇွလ်ကဘီးရ်” ရဲ့ လမ်းစဥ်နဲ့အညီ ဒေလီမှာ “နဇွာရသွလ်မအာရိဖီလ်ကုရ်အာနီယဟ်” ဆိုတဲ့ ဌာနနစ်ခုဖွင့်လှစ်ခဲ့ပြီး ဒီဌာနရဲ့ နာယကကြီးတွေကတော့ “ရှိုင်ခွလ်ဟင့်န် ဟကီးမ်အဂျ်မလ်ခါးန်” နဲ့ “နဝါးဗ်” တို့ဖြစ်ပါတယ်။

၁၉၁၅ မှာတော့ မော်လာနာက “ရှိုင်ခွလ်ဟင့်န်ဒ်” ရဲ့အမိန့်နဲ့ ကဘူးလ်မြို့ကိုထွက်ခဲ့ပါတယ်။ ဒါကတော့ပိုးပုဝါတော်လှန်ရေးရဲ့အစပါပဲ။ ပိုးပုဝါတော်လှန်ရေးရဲ့ အထင်ကရ မှတ်တမ်းတင်စရာကတော့ မော်လာနာရဲ့ဇနီးပါပဲ။ သူမက မော်လာနာ လမ်းခရီးစရိတ်အတွက် မိမိလက်ဝတ်လက်စားတွေကို ရောင်းချပြီး စိုက်ထုတ်ပေးခဲ့ပါတယ်။

ပိုးပုဝါတော်လှန်ရေးရဲ့အကြောင်း အသေးစိတ်ကို နောက်ရေးပါမယ်။ အခုတော့မော်လာနာရဲ့ လုပ်ဆောင်မှုတွေကိုဆက်ပါမယ်။

မော်လာနာက ကဘူးလ်မှာ ၇ နှစ်ထိနေခဲ့တယ်။ ဒီစပ်ကြားမှာ မော်လာနာက “ဂျုနူးဒွလ္လားဟ်အရ်ရဗ္ဗာနီယဟ်” ဆိုတဲ့ အမည်နဲ့အဖွဲ့အစည်းတစ်ခုတည်ထောင်ခဲ့ပြီး အိန္ဒိယ လွတ်မြောက်ရေးအတွက် ကြိုးပမ်းနေခဲ့တယ်။ ၁၉၁၆ မှာ ကဘူးလ်မှာပဲ အိန္ဒိယကြားဖြတ်အစိုးရဖွဲ့ပြီး နိုင်ငံခြားရေးဝန်ကြီးအဖြစ်တာဝန်ယူခဲ့တယ်။ ၁၉၂၂ မှာတော့ ကဘူးလ်ကွန်ဂရက်ကော်မတီဖွဲ့စည်းခဲ့ပြီး ခေါင်းဆောင်အဖြစ်တင်မြောက်ခံရတယ်။ ဒီအဖွဲ့အစည်းကို အိန္ဒိယနေရှင်နယ်ကွန်ဂရက်က မိမိတို့ညီလာခံမှာ အတည်ပြုလက်ခံပေးခဲ့တယ်။
၁၉၂၂ မှာတော့ မော်လာနာက တူရကီကို ရုရှားက တဆင့်သွားခဲ့ပါတယ်။ မော်စကိုမှာခြောက်လခန့်ဝင်နေခဲ့ပြီး လီနင်အုပ်ချုပ်ရေးနဲ့ ကွန်မြူနစ်ကိုလေ့လာခဲ့ပါတယ်။ မော်လာနာနဲ့ စတာလင်တို့တွေ့ဆုံခဲ့တဲ့အကြောင်းကိုတော့ နောက်ရေးပါအုံးမယ်။ ၁၉၂၃ မှာတော့မော်လာနာက တူရကီက အန်ကာရာမြို့ကို ရောက်ရှိခဲ့တယ်။ အန်ကာရာမှာ လေးလခန့်နေခဲ့ပြီး “အဆွ်မသ်ပါရှား” ၊ “ရုးဖ်ဘိက်” စတဲ့တော်လှန်ရေးခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့တယ်။ ၁၉၂၄ မှာ အိန္ဒိယနိုင်ငံရဲ့ အနာဂတ် နိုင်ငံရေးနဲ့ စီးပွားရေးဆိုင်ရာ ပြဿနာေတွကို ဖြေရှင်းဖို့အတွက် "လွတ်လပ်သော တိုက်ငယ်တစ်ခု၏ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ" ကို ထုတ်ပြန်ခဲ့တယ်။ ပြီးတော့ အစ္စတန်ဘူလ်ကနေ အီတလီနဲ့ဆွစ်ဇာလန်ကို သွားခဲ့ပြီး အချိန်ကာလအတန်ကြာအထိ ခေတ်သစ်အီတလီနဲ့ ဥရောပနိုင်ငံရေးကိုလေ့လာခဲ့တယ်။

၁၉၂၆ မှာ မက္ကဟ်မြို့ကို သွားပြီးနေထိုင်ခဲ့ပါတယ်။ ۔ ۔

Islamic Institute of Burma

03 Jan, 15:02


၂၅ နှစ်ကြာ နယ်နှင်ဒဏ်ဘဝနဲ့နေခဲ့ပြီးတော့ အိန္ဒိယနေရှင်နယ်ကွန်ဂရက် အိန္ဒိယအိုလမာအဖွဲ့ချုပ် မွတ်စ်လင်မ်လိဂ်တို့နဲ့အတူ တခြားအမျိုးသားပါတီတွေက မော်လာနာပြည်တော်ပြန်ရေးအတွက်ကြိုးပမ်းခဲ့ကြပါတယ်။ ၁၉၃၉ မှာတော့ မော်လာနာက ကရာချီဆိပ်ကမ်းကတဆင့် အိန္ဒိယကိုပြန်ရောက်ခဲ့ပါတယ်။ စင့်န်ဒ်ပြည်နယ်ဝန်ကြီးချုပ် အလ္လာဟ်ဘခ်ရှ်နဲ့ လူပေါင်းများစွာ ေမာ်လာနာကိုကြိုဆိုခဲ့ကြပြီး ကရာချီမြူနီစပါယ်ခန်းမမှာ ဂုဏ်ပြုဧည့်ခံခဲ့ကြပါတယ်။ အဲဒီမှာမော်လာနာက ရဲရဲတောက်မိန့်ခွန်းတစ်ခုလည်း ပြောခဲ့ပါသေးတယ်။ နောက်ပိုင်းမှာတော့ မော်လာနာက ရှားဟ်ဝလီယွလ္လာဟ်ရဲ့ ဖီလော်ဆော်ဖီကို နားလည်ကြဖို့အတွက် ဒေလီ လာဟိုရ် ကရာချီ ပီးရ်ဂျန်ဒါ နဲ့ ဒီးန်ပူးရ် မှာ ဗိုင်သွလ်ဟိက်မဟ် ဌာနတွေကိုဖွင့်ခဲ့တယ်။ ဒီဌာနတွေမှာ လူငယ်ပျိုးထောင်ရေးကို တက်ကြွစွာနဲ့လုပ်ဆောင်ခဲ့ကြတယ်။

📌မော်လာနာက ၁၉၄၄ သြဂုတ်လ ၂၁ ဟိဂျ်ရီ ၁၃၆၃ အင်္ဂါနေ့မှာပဲ ဒီးန်ပူရ်မြို့မှာကွယ်လွန်ခဲ့ပါတယ်။

📖မော်လာနာရေးခဲ့တဲ့စာအုပ်တွေကတော့

الہام الرحمن فی تفسیر القرآن( قرآن عظیم کی حکیمانہ انقلابی تفسیر )
ذاتی ڈائری
خطبات و مقالات
شعور و آگہی
شاہ ولی اللہ اور ان کا فلسفہ
فکر ولی اللہی کا تاریخی تسلسل
قرآنی شعور انقلاب
قرآن کا مطالعہ کیسےکیا جائے
مجموعہ تفاسیر امام سندھی
شاہ ولی اللہ اور ان کی سیاسی تحریک
تفسیر المقام المحمود

⬇️မော်လာနာရဲ့အကြောင်းဖတ်ချင်ရင်တော့ ဒီစာအုပ်တွေဖတ်လို့ရပါတယ်။

مولانا عبیداللہ سندھی کےافکار۔
تننظیم فکر ولی اللہی کے نظریات کا تحقیقی جائزہ۔ از مفتی رضوان
مولانا عبیداللہ سندھی اور ان کے خیالات پر ایک نظر از ۔۔۔مسعود عالم
مولانا عبیداللہ سندھی اور ان کے چند معاصر۔
از ابوسلمان شاہجہان پوری
حزب امام ولی اللہ دہلوی کی اجمالی تاریخ کا مقدمہ
خطبات ومقالات مولانا عبیداللہ سندھی۔
ترتیب عبدالخالق
مولانا عبیداللہ سندھی ۔۔۔حالات زندگی تعلیمات اور سیاسی افکار از پروفیسر محمد سرور
مولانا عبیداللہ سندھی کے علوم وافکار۔
از صوفی عبدالحمید سواتی صاحب۔

📝ခုနှစ်အစဥ်လိုက်တွေကို wiki ကနေကိုးကားထားပါတယ်။

Contributed by Naung Lwin

#imam #history #islamichistory #islam #islamicinstituteofburma #iib

Islamic Institute of Burma

30 Dec, 12:25


IIB Masterclass အတွက် ဖောင်ပိတ်ရန် အချိန်အနည်းငယ်သာ လိုပါတော့တယ်❗️

📅 Jamʿ al-Qurʾān MasterClass အတွက် နောက်ဆုံး လျှောက်ထားခွင့်ကို ဇန်နဝါရီလ ၂ ရက်နေ့မှာ ပိတ်မှာဖြစ်ပါတယ်ရှင်။

ဒီအတန်းကို တက်ရောက်လိုသူများအနေနဲ့ လူဦးရေအကန့်အသတ်ရှိတာကြောင့် အချိန်မကုန်မီ အမြန်ဆုံး စာရင်းပေးသွင်းဖို့ တိုက်တွန်းလိုက်ပါတယ်နော်

🖇️Apply Now: https://forms.gle/uBEgvDEHuNMkAiEi7

🔖သင်တန်းအကြောင်းအရာ အသေးစိတ်ကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်⤵️
📆 သင်တန်းရက် - ဇန်နဝါရီလ ၁၇၊၁၈၊၁၉ နှင့် ၂၇၊၂၈၊၂၉ ရက်နေ့ (၆ရက်တိတိ)။
သင်တန်းအချိန် - ည ၇နာရီ မှ ၉ နာရီအထိ။
📍သင်တန်းနေရာ - Zoom Meeting**။**
🧾 သင်တန်ကြေး - ၂၈,၀၀၀ ကျပ်။

🎉Scholarship နဲ့ပတ်သတ်တဲ့ အသေးစိတ်ကိုလဲ အောက်ပါ link ထဲမှာ ဝင်ရောက်ကြည့်ရှုလို့ရပါတယ်ရှင့်

🖇️Link: https://www.facebook.com/share/p/18J7hC8mjj/?mibextid=wwXIfr

“ဖတ်မှတ်လေ့လာ သုံးသပ်ပါ၊ အစ္စလာမ့်အသိပညာ” ~ ISLAMIC INSTITUTE OF BURMA 🌙

#masterclass #class #quranpreservation #quranicclass #arabic #islamknowledge #muslim #myanmar #islamicinstituteofburma #iib #burma

Islamic Institute of Burma

30 Dec, 12:25


ဖခင်မရှိဘဲ မွေးဖွားလာတဲ့ တမန်တော်အီစာ (Jesus Christ)| Dr. Omar Suleiman

🌷တမန်တော်အီစာ(ယေရှုခရစ်တော်)နှင့် ပတ်သက်ပြီး အစ္စလာမ်မှာ ဘာပြောထားသလဲ။ တမန်တော်အီစာ(Jesus)သည် အပျိုစင်မယ်ရိယမ်(Mary)၏ သားတော်ဖြစ်ပြီး အစ္စလာမ်ဘာသာရဲ့ ကြီးကျယ်သော တမန်တော်တစ်ပါးဖြစ်ပါတယ်။ တမန်တော်အီစာ(Jesus)နှင့် ပတ်သက်တဲ့ အကြောင်းအရာတချို့ကို ဒီVideoမှာ ရှိုက်ခ်Dr. Omar Suliemanက တင်ပြထားပါတယ်။

🤔တမန်တော်အီစာ(Jesus Christ)ရဲ့ ဘဝကြောင်း အစုံအလင်ကို ဒီထက်ပိုလေ့လာချင်ရင် အောက်ပါYoutube linkမှတဆင့် လေ့လာနိုင်ပါတယ်။

🔗 Link: https://youtu.be/HaSw3fJtWUo

#jesuschrist #islamicinstituteofburma #islam #muslim #burma #myanmarmuslim #omarsuleiman #isa #muhammad #jesus #christmas

Islamic Institute of Burma

30 Dec, 04:52


Channel photo updated

Islamic Institute of Burma

28 Dec, 12:35


☪️ တမန်တော်မြတ်အတ္ထုပ္ပတ္တိ (အပိုင်း ၄၄) - ကအဗ်အိဗ်နုအရှ်ရက်ဖ်ကို လုပ်ကြံခြင်း

📌 အုဟူဒ်မတိုင်ခင်မှာ ဖြစ်ခဲ့တဲ့ နောက်ထပ် အရေးကြီးတဲ့ ဖြစ်စဉ်တစ်ခုကတော့ ကအဗ်အိဗ်နုအရှ်ရက်ဖ်ကို လုပ်ကြံခဲ့တဲ့ကိစ္စဖြစ်ပါတယ်။ ကအဗ်အိဗ်နုအရှ်ရက်ဖ်ဆိုတာ ဘယ်သူလဲ။ သူက ဘယ်လိုအရာတွေကိုလုပ်ခဲ့လဲဆိုတာနဲ့ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ဘယ်လိုဝေဖန်မှုတွေရှိတယ်ဆိုတာ ဒီနေ့အပိုင်းမှာ သိရှိရမှာဖြစ်ပါတယ်။

Credit: Dr. Yasir Qadhi YouTube Channel (https://www.youtube.com/@YasirQadhi)

Link: https://youtu.be/Kc5p1yBzdjg?si=RX06_A7R2ZdKbpix

🖋 Translated by: Ruwaida

#yasirqadhi #islamicinstituteofburma #islam #muhammad #prophetmuhammad #sirah #myanmarmuslim #myanmar #burma #muslim #myanmarnews

Islamic Institute of Burma

28 Dec, 12:32


ဖခင်မရှိဘဲ မွေးဖွားလာတဲ့ တမန်တော်အီစာ (Jesus Christ)| Dr. Omar Suleiman

🌷တမန်တော်အီစာ(ယေရှုခရစ်တော်)နှင့် ပတ်သက်ပြီး အစ္စလာမ်မှာ ဘာပြောထားသလဲ။ တမန်တော်အီစာ(Jesus)သည် အပျိုစင်မယ်ရိယမ်(Mary)၏ သားတော်ဖြစ်ပြီး အစ္စလာမ်ဘာသာရဲ့ ကြီးကျယ်သော တမန်တော်တစ်ပါးဖြစ်ပါတယ်။ တမန်တော်အီစာ(Jesus)နှင့် ပတ်သက်တဲ့ အကြောင်းအရာတချို့ကို ဒီVideoမှာ ရှိုက်ခ်Dr. Omar Suliemanက တင်ပြထားပါတယ်။

🤔တမန်တော်အီစာ(Jesus Christ)ရဲ့ ဘဝကြောင်း အစုံအလင်ကို ဒီထက်ပိုလေ့လာချင်ရင် အောက်ပါYoutube linkမှတဆင့် လေ့လာနိုင်ပါတယ်။

🔗 Link: https://youtu.be/HaSw3fJtWUo

#jesuschrist #islamicinstituteofburma #islam #muslim #burma #myanmarmuslim #omarsuleiman #isa #muhammad #jesus #christmas

Islamic Institute of Burma

24 Dec, 15:11


📃JAM’ AL-QUR’ĀN: ကုရ်အာန်၏ သမိုင်းကြောင်းကို ဘာလို့ လေ့လာသင့်သလဲ?

🔖ကုရ်အာန်၏ ထိန်းသိမ်းမှုသမိုင်းကို နားလည်ခြင်းဟာ သင့်အတွက် အမြဲတမ်းအသုံးဝင်နေမယ့် ဘာသာရေးပညာရဲ့ အဓိကကျလှတဲ့ ပညာရပ်တစ်ခုဖြစ်ပါတယ်။ ဒီအတန်းကို တက်ရောက်ခြင်းဖြင့်…..

ကုရ်အာန်၏ အဟ်ရုဖ် (၇) ခု နှင့် ကိရာအသ် (၁၀) ခု၏ အဓိပ္ပါယ်နားလည်စေပြီး ဘာသာရေးပညာရဲ့ နက်ရှိုင်းမှုကို မြင်သာစေမယ်။

ကုရ်အာန်၏လက်ရေးမူကြမ်းများ (Manuscripts) ကို လေ့လာခြင်းအားဖြင့် ကုရ်အာန်ကျရောက်ပုံ နှင့် စနစ်တကျထိန်းသိမ်းမှုအပေါ် သမိုင်းဆိုင်ရာရှုထောင့်အသစ်များကို ရရှိစေမယ်။

တမန်တော် (ဆွ) နဲ့ ဆွဟာဗဟ်များရဲ့ ကြိုးပမ်းမှုများအပေါ် ပိုမိုချစ်မြတ်နိုးလာစေမယ့် အတန်းတစ်ခုဖြစ်ပြီး သင့်ရဲ့သာသနာချစ်စိတ်ကို ပိုတိုးမြှင့်ပေးနိုင်တယ်....

စတဲ့ အကျိုကျေးဇူးများကို ရရှိနိုင်တဲ့အပြင် Certificate of Completion ပါပေးအပ်မှာ ဖြစ်ပါတယ်။

📆သင်တန်းအချိန်စာရင်းနှင့် သင်ကြားပေးသွားမယ့် ခေါင်းစဉ်လေးတွေကိုလည်း အောက်ဖော်ပြပါ ပုံထဲမှာကြည့်ရှုလေ့လာနိုင်ပါတယ်ရှင့်။

ဒီအတန်းအတွက် လူဦးရေအကန့်အသတ်ရှိတာကြောင့် အောက်ပါဖောင် မှတဆင့် အမြန်ဆုံး စာရင်းပေးသွင်းဖို့ တိုက်တွန်းလိုက်ပါတယ်ရှင့်။

🖇️Application Form: https://forms.gle/uBEgvDEHuNMkAiEi7

📆 သင်တန်းရက် - ဇန်နဝါရီလ ၁၇၊၁၈၊၁၉ နှင့် ၂၇၊၂၈၊၂၉ ရက်နေ့ (၆ရက်တိတိ)။

သင်တန်းအချိန် - ည ၇နာရီ မှ ၉ နာရီအထိ။

📍သင်တန်းနေရာ - Zoom Meeting။

🧾 သင်တန်ကြေး - ၂၈,၀၀၀ ကျပ်။

👩‍🎓ယခုလို စိတ်ဝင်စားစရာကောင်းတဲ့ ဘာသာရေးပညာ ကို အခမဲ့သင်ယူနိုင်တဲ့ အခွင့်အလမ်းလည်းရှိတာမို့ လက်မလွှတ်စေနဲ့နော်!

Scholarship နဲ့ပတ်သက်တဲ့ အသေးစိတ်ကိုလည်း ဒီ link ထဲမှာ ဝင်ရောက်ကြည့်ရှုလို့ရပါတယ်ရှင့်

🖇️Link: https://www.facebook.com/share/p/18J7hC8mjj/?mibextid=wwXIfr

“ဖတ်မှတ်လေ့လာ သုံးသပ်ပါ၊ အစ္စလာမ့်အသိပညာ” ~ ISLAMIC INSTITUTE OF BURMA 🌙

#masterclass #class #quranpreservation #quranicclass #arabic #islamknowledge #muslim #myanmar #islamicinstituteofburma #iib #burma

Islamic Institute of Burma

24 Dec, 15:10


🎄"Merry Christmas"လို့နှုတ်ဆက်တာ ပိုင်လား?? | Dr. Yasir Qadhi

Christmas ရောက်ရင် လူအများသိချင်ကြတဲ့မေးခွန်းတစ်ခုဖြစ်ပြီး ဒီကိစ္စက မွတ်စလင်မ်တွေအတွက် ပိုင်/မပိုင်ဆိုတာကို Shaykh Dr.Yasir Qadhiက ဖြေကြားထားတယ်။

🤔Christmasနဲ့ပတ်သက်တဲ့ တခြားအကြောင်းအရာတွေကို လေ့လာချင်ရင် အောက်ပါYoutube linkမှာ သွားရောက်ကြည့်ရှုနိုင်ပါတယ်။

🔗 Link: https://www.youtube.com/watch?v=2QPVoSFq-3E&t=1660s

#islamicinstituteofburma #myanmar #burma #myanmarmuslim #christmas #jesus #prophetmuhammad

Islamic Institute of Burma

23 Dec, 14:32


🔔 Hiring : Junior/Mid-Level Frontend Developer!

👨🏻‍💻 အသင်ဟာ Frontend development နယ်ပယ်ကို စိတ်အားထက်သန်ပြီး Web applications တွေဖန်တီးရတာကို ဝါသနာပါသူတစ်ဦးဖြစ်ပါသလား?

👨🏻‍💻 Frontend frameworks တွေကို ပိုင်ပိုင်နိုင်နိုင် အသုံးချတတ်ပြီး Responsive design နဲ့ Performance optimization တွေကို handle လုပ်တတ်သူဖြစ်ပါသလား?

💡 Reusable UI components မျိုး၊ Debugging နဲ့ troubleshooting လုပ်ရတာမျိုး အစရှိတာတွေအပြင် Git, Webpack တို့လို bundler မျိုးနှင့် အလုပ်လုပ်ဖူးသူဖြစ်တယ်ဆိုရင်တော့….

IIB ရဲ့ Junior/Mid-Level Frontend Developer position ဟာသင့်အတွက်စောင့်မျှော်နေပါတယ်……..😻

🌟ဒီ position လေးကို စိတ်ဝင်စားတယ်ဆိုရင်တော့ အောက်ပါ link တွင် အသေးစိတ် ဝင်ကြည့်ပြီး လျှောက်ထားနိုင်ပါတယ်။

🔗 Link : https://forms.gle/rnCw3JT5HvNi3E9p9

‼️ Application Deadline : 15th January 2025

“ဖတ်မှတ်လေ့လာ သုံးသပ်ပါ၊ အစ္စလာ့မ်အသိပညာ” ~ ISLAMIC INSTITUTE OF BURMA 🌙

#jobvacancy #frontenddeveloper #remotejob #techcareers #iib

Islamic Institute of Burma

23 Dec, 14:31


📖 Jamʾ al-Qur’ān: “ကုရ်အာန်၏ သမိုင်းကြောင်း” အတန်းကို တက်ဖူးသူတွေ ဘာပြောကြသလဲ

🧑‍🎓ယနေ့မှာ Nyan Phone Zaw (Faiz) က Jam’ al-Qur’ān Class ကို တက်ရောက်ပြီး သူ့အတွေ့အကြုံတွေကို IIB ရဲ့စာဖတ်ပရိတ်သတ်များအတွက် မျှဝေပေးထားပါတယ်ရှင့်။

📜 ကုရ်အာန်ထိန်းသိမ်းမှုရဲ့ သမိုင်းကြောင်းကို လေ့လာရင်း ဘာသာရေးပညာရဲ့ အလှတရားတွေကို ပိုမိုနားလည်စေခဲ့တဲ့ ကိုFaizရဲ့ အတွေ့အကြုံဟာ “ဒီအတန်းကို တက်ပြီး ဘယ်လို ဗဟုတုတ ရရှိနိုင်မလဲ” ဆိုတဲ့ မေးခွန်းအတွက် အဖြေကောင်း တစ်ခုဖြစ်မယ်လို့ ယုံကြည်ပါတယ်။

🔖ဒီအတန်းအတွက် လျှောက်ထားခွင့်ကို စတင်လက်ခံနေပြီး လူဦးရေအကန့်အသတ်ရှိတာကြောင့် အောက်ပါဖောင်ကို ဖြည့်၍အမြန်ဆုံးလျှောက်ထားဖို့ ဖိတ်ခေါ်လိုက်ပါတယ်နော်။ 🤍

(📌ပြင်ဆင်ချက် - ချီးကျူး*)

🖇️Application Form: https://forms.gle/gLKPrsQuxaKa4pYQ6

📌Jamʾ al-Qur’ān အတန်း၏ အသေးစိတ်အကြောင်းအရာများကို အောက်ပါ link တွင် ကြည့်ရှုနိုင်ပါတယ်ရှင့်။

🖇️Link: https://www.facebook.com/share/v/18DaXDMT3s/?mibextid=wwXIfr

“ဖတ်မှတ်လေ့လာ သုံးသပ်ပါ၊ အစ္စလာမ့်အသိပညာ” ~ ISLAMIC INSTITUTE OF BURMA 🌙

#masterclass #class #quranpreservation #quranicclass #arabic #islamknowledge #muslim #myanmar #islamicinstituteofburma #iib #burma

Islamic Institute of Burma

22 Dec, 14:18


📣 Jamʿ al-Qurʾān Class Scholarship Announcement!

🚨IIB မှ “Jamʿ al-Qur’ān: ကုရ်အာန်၏ သမိုင်းကြောင်း” အတန်း အတွက် Scholarship ၅ ဆု ချီးမြှင့်ပေးသွားပါမည်။🚨

📌IIB ကနေပထမဆုံးဖွင့်မယ့် Jam’ al-Qur’ān အတန်းအတွက် ပညာသင်ဆုအနေနဲ့ သင်တန်းသား ၃၈ ယောက်ထဲမှ ၅ယောက်ကို အခမဲ့ တက်ရောက်ခွင့်ပေးသွားမှာဖြစ်ကြောင်း သတင်းကောင်းလေးပါးချင်ပါတယ်ရှင့်။ 🎉

📜 ဒီအတန်းမှ အကြောင်းအရာများက ဘာသာရေးရှုထောင့်အရ အစ္စလာမ်ဘာသာဝင်များအားလုံးသိထားအပ်တဲ့ ပညာရပ်မျိုးတစ်ခုဖြစ်တဲ့အပြင် အခမဲ့ပညာသင်ဆုပေးမယ့်အစီစဉ်လည်းရှိနေတော့ ငွေရေးကြေးရေး စိတ်ပူစရာမလိုဘဲ စိတ်ဝင်စားတယ်ဆို အခုပဲစုံစမ်းမေးမြန်း အပ်နှံဖို့ဖိတ်ခေါ်လိုက်ပါတယ်ရှင့်။

Scholarship ရယူလိုသူများအနေဖြင့် အောက်ပါ Form ကို ဖြည့်ပြီးစာရင်းပေးသွင်းနိုင်ပါတယ်နော်။

🖇️Application Form: https://forms.gle/gLKPrsQuxaKa4pYQ6

📅 Scholarship ရလဒ်များကို ဇန်နဝါရီ ၉ ရက် ၂၀၂၅ မှာ IIB ရဲ့ Facebook page ကနေထုတ်ပြန်ကြေညာပေးသွားမှာ ဖြစ်ပါတယ်

👉 Jam’ al-Qur’ān Class ရဲ့ အသေးစိတ်

အချက်အလက်များကို အောက်ပါ link မှကြည့်ရှုနိုင်ပါတယ်ရှင့်

🖇️ Link: https://www.facebook.com/share/v/18DaXDMT3s/?mibextid=wwXIfr

“ဖတ်မှတ်လေ့လာ သုံးသပ်ပါ၊ အစ္စလာမ့်အသိပညာ” ~ ISLAMIC INSTITUTE OF BURMA 🌙

#masterclass #class #quranpreservation #quranicclass #arabic #islamknowledge #muslim #myanmar #islamicinstituteofburma #iib #burma

Islamic Institute of Burma

20 Dec, 13:07


🚨 Jamʿ al-Qur’ān: ကုရ်အာန်၏သမိုင်းကြောင်း Application Form Out Now!

💌ချစ်ရတဲ့ စာဖတ်ပရိတ်သတ်များအားလုံးအတွက် သတင်းကောင်းလေးတစ်ခုပါးချင်ပါတယ်ရှင်။

🖇️Application Form: https://forms.gle/s2UVJ2m5vVZcsVCW6

📖 ယနေ့မှစပြီး IIB ရဲ့ MasterClass တစ်ခုဖြစ်တဲ့ “Jamʿ al-Qur’ān: ကုရ်အာန်၏သမိုင်းကြောင်း” အတန်းလေးကို အထက်ဖော်ပြပါ ဝင်ခွင့်ဖောင်လေးဖြည့်ပြီး လျှောက်ထားလို့ရနိုင်ပြီဆိုတဲ့အကြောင်းနှင့်

🎥 အတန်းရဲ့အဓိကအကြောင်းအရာတွေ အပြင် အသေးစိတ် အချက်လက်တွေကိုပါ သိရှိနိုင်မယ့် အောက်ပါ ဗီဒီယိုလေးကိုလည်း ဖောင်မဖြည့်ခင်ကြည့်ပြီး လေ့လာဖို့ တိုက်တွန်းချင်ပါတယ်ရှင်။ 💕

💡 ဒီသင်တန်းလေးမှာတော့ ကုရ်အာန်ကျမ်းမြတ်ကို ခေတ်အဆက်ဆက် ထိန်းသိမ်းလာပုံ သမိုင်းကြောင်း၊ ကျမ်းစာရဲ့ မူလလက်ရေးစာမူ ရေးသားခဲ့ပုံ နှင့် qirāʾāt (ဖတ်နည်းမူကွဲပုံ) အကြောင်းတို့ နှင့် ပတ်သက်တဲ့ သင်ခန်းစာတွေကို အဓိကထား သင်ပြပေးသွားမှာ ဖြစ်ပါတယ်။

သင်တန်းအကြောင်းအရာ အသေးစိတ်ကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။🔻🔻

📆 သင်တန်းရက် - ဇန်နဝါရီလ ၁၇၊၁၈၊၁၉ နှင့် ၂၇၊၂၈၊၂၉ ရက်နေ့ (၆ရက်တိတိ)။
သင်တန်းအချိန် - ည ၇နာရီ မှ ၉ နာရီအထိ။
📍သင်တန်းနေရာ - Zoom Meeting။
🧾 သင်တန်ကြေး - ၂၈,၀၀၀ ကျပ်။

❗️မှတ်ချက် - အသက် ၁၇နှစ်ပြည့်ပြီးသူ နှင့် ကုရ်အာန်ကို မှန်မှန်ကန်ကန်ရွတ်ဖတ်တတ်သူ ဖြစ်ဖို့ လိုအပ်ပါတယ်။

“ဖတ်မှတ်လေ့လာ သုံးသပ်ပါ၊ အစ္စလာမ့်အသိပညာ” ~ ISLAMIC INSTITUTE OF BURMA 🌙

Video Link🔗: https://youtu.be/ld8Eqood8ik?si=8Z37hdTN7Ww8U90M

#masterclass #class #quranpreservation #quranicclass #arabic #islamknowledge #muslim #myanmar #islamicinstituteofburma #iib #burma

Islamic Institute of Burma

20 Dec, 11:59


တမန်တော့်မိန့်ခွန်းတော်များ၏ အလင်္ကာမြှောက်မှု အဆင့်အတန်း

📌မှန်ကန်ခိုင်လုံတဲ့ တမန်တော့်မိန်ခွန်းတော် အတို၊ အရှည်တွေ အားလုံတို့ဟာ အဓိပ္ပာယ်အရ၊ ဖွဲ့ထုံးအရ၊ ခြုံငုံကျစ်လစ်မှုအရ၊ အတွေးအခေါ်အရ၊ ဟန်အရ လူလုပ်ရှင်းလင်းချက်များ၊ လူလုပ်အလင်္ကာများအားလုံးအနက် အမြင့်ဆုံးမှာ တည်တဲ့ သရဖူ ဖြစ်တယ်။ အဲသည့်ထဲမှာ အနှစ်ချုပ်စကားတွေ၊ အမြော်အမြင် ရတနာတွေ၊ အသိပညာရဲ့ဓမ္မစစ်တရားတွေ၊ ဥပဒေပြဌာန်းချက် ဆိုင်ရာအလှတရားတွေ၊ လမ်းညွှန်ချက်ရဲ့ အံသြမှင်သက်ဖွယ်ရာတွေ၊ ဥပမာတွေရဲ့ ဆန်းကျယ်မှုတွေ၊ ခိုင်းနှိုင်းမှုရဲ့ ပြိုင်စံရှားမှုတွေ ပါဝင်တယ်။ သည်လိုပါဝင်မှုဟာ သစ်ကိုင်းအရှင်တွေထဲမှာ အသက်ရှင်ခြင်း သရုပ်ဖြစ်တဲ့အရည်ဟာ စီးသွေနေသလို စကားတွေထဲမှာ စီးသွေနေတဲ့ဝိဉာဥ်ကို ဖန်ဆင်းပေးတဲ့ ပြေပြစ်လွယ်ကူမှု၊ နှစ်လိုချိုမြမှု၊ ထိမိ သက်ဝင်မှုတွေနဲ့ ထုံမွမ်း ထားတယ်။ လူ့သမိုင်းတစ်လျှောက်မှာ သည်လိုမျိုး စကားအရာမှာ ကြွယ်လွန်း၊ အမြော်အမြင်အရမှာ ကျယ်ဝန်းတဲ့ ပြည့်စုံ ကုံလုံမှုဟာ ဘယ်သုခမိန်၊ ဘယ်စာဆိုပညာရှိမှာမှ မရှိဖူးဘူး။

တမန်တော်မြတ်(ဆွ) ၏ရွှေနုတ်တော်ကျ ပုလဲလုံးများအကြောင်း အရဗ်စာပေအနုပညာရှင် ဂျာဟိဇွ်၏ပုံဖော်ချက်

📌“ ထိုစကားတော်များသည် စကားလုံးအရေအတွက် နည်းသည်။ အဓိပ္ပာယ် ပေါကြွယ်ဝသည်။ လုပ်ပြောမှု ကင်းသည်။ ထွင်ပြောမှု ရှင်းသည်။ သဘာဝအတိုင်း စီးဆင်းသည်။ ဖြန့်ရမည့်နေရာတွင် ပြေပြစ်ချောမောနေအောင် ဖြန့်ခင်းထားသည်။ တိုတိုတုတ်တုတ်ပြောရမည့် နေရာတွင် အပိုအလို မရှိအောင် တိုတိုနှင့် ထိမိလှသည်။ စိမ်းသက်သည့် အသစ်အဆန်းကို ရှောင်သည်။ စျေးစကား၊ ဗန်းစကားကို ကွင်းသည်။ ကိုယ်တော်သည် မိမိရရှိသည့် အမြော် အမြင် အမွေအနှစ်အနက်မှသာ ပြောသည်။ အမှားကင်း မှတ်ကျောက်တင်ခံရပြီးသား၊ ဝဟီထောက်ခံချက်ရပြီးသား၊ ဖန်ဆင်းရှင်ခွင့် ပြုချက်ရပြီးသား စကားကိုသာ ပြောသည်။

📌သည်စကားတွေအပေါ် အရှင်မြတ်က အချစ်တွေ ထုံမွမ်းပြီးသား ဖြစ်သည်။ လက်ခံပြီးသား ဖြစ်သည်။ စကားလုံအရေအတွက် နည်းနည်းနှင့် ကြေညက်စွာ နားလည်နိုင်ခြင်း၊ ချိုမြမှုနှင့် ခန်းနားထည်ဝါ သြဇာကြီးခြင်း တို့ဖြင့် ထိုအရှင်က စီခြယ်ပေးထားသည်။ တမန်တော်မြတ် (ဆွ)သည် အဲသည့်စကားတို့ကို ပြန်ပြောဖို့ မလို၊ ပြန်စစ်ဖို့ မလိုခြင်းနှင့် အတူ ပြောသည့် စကားတွင် စကားလုံး အကျအကျန် မရှိ။ နုတ်ချော်ခြင်း မရှိ။ အားနည်းယိုင်နဲ့ခြင်း မရှိ။ ကိုယ်တော်မြတ်ကို ချေပနိုင်သူ ပြိုင်ဘက်၊ ယှဥ်နိုင်သူ တရား‌ဟောဆရာ တစ်ယောက်မျှ မရှိ။ ရှည်လျား လှသည့်မိန့် ခွန်းတွေကို တိုတောင်းထိမိလှသည့် ဝါကျတို့ဖြင့် ချွေသည်။ ပြိုင်ဘက်ကို သူနားလည်သော စကားဖြင့် အနိုင်ယူသည်။ အမှန်တရားကိုသာ အထောက်အထားပေသည်။ အနိုင်ကို အမှန်တရားနှင့်သာ ပိုင်းသည်။ လှည့်ဖြားဉာဏ်များခြင်းတပ်ကို စစ်ကူမခေါ်။ စကားကို ကစားခြင်း ဗျူဟာ သုံး၍မပြော။

📌စောင်းချိတ်ပြောဆိုခြင်း မပြု၊ နှိမ့်ချ ဝေဖန်ခြင်း မပြု။ နှေးနှေးကွေးကွေး မပြောဆို။ မြန်မြန်ဆန်ဆန် ပြောဆိုခြင်းလဲ မပြု။ အတင်းချဲ့ကား၍လဲ မပြော။ အတင်း ချုံ့ကျင်း၍လဲ မဆို။ လူတို့သည် တမန်တော်မြတ်(ဆွ)၏ ရွှေနုတ်တော်ကျ ပုလဲလုံးများထက် ပိုမို၍ အကျိုးပြုမှုအရာမှာ ကမ္ဘာကုန် ကျယ်သော၊ စကားအရာမှာ မှန်ကန်သော၊ ချင့်ချိန်မှုအရာမှာ အလယ်လတ်ကျ တရားမျှတသော၊ စကားဟန် လှပ‌သေသပ်သော၊ ရည်ရွယ်ချက် မွန်မြတ်သော၊ နေရာ အထားအသို ပြေပြစ်ညီညာသော၊ ထွက်ရ၊ ဖတ်ရ လွယ်ကူသော၊ အဓိပ္ပာယ် ပြောင်မြောက်သော၊ ဆိုလိုချက် ရှင်းလင်းသော စကားကို ကြားဖူးကြလိမ့်မည် မဟုတ်ပေ။”[1]

သည်နေ့ခေတ်၏ အစ္စလာမ်နှင့် အရဗ် စာပေအနုပညာရှင် မွတ်စ်သွဖာ ဆွာဒိက် ရာဖီအီ၏ ပုံဖော်ချက်

📌အသင့်အနေနှင့် မှန်ကန်ခိုင်လုံသည့် တမန်တော်မြတ် (ဆွ)၏ စကားတော်များကို ဘာသာဗေဒနှင့် အလင်္ကာဗေဒရှု့ထောင့်အရ လေ့လာကြည့်ပါ။ ဘာသာဗေဒရှု့ထောင့်မှာ အသင် သည်လို တွေ့ရပါမည်။ စကားလုံး ထိမိသည်။ အထားအသို အထိုင်အချ ခိုင်မာ ကျစ်လစ်သည်။ အဖွဲ့အနွဲ့ ပြေပြစ်ချောမောသည်။ စကားလုံးတွေဖွဲ့သည်မှုမှာ အစိတ်အပိုင်းတွေ သင့်တင့် လျောက်ပတ်သည်။ ဝါကျတွေ ထည်ဝါခန့်ငြားသည်။ စကားလုံးနှင့် အဓိပ္ပာယ် အချိတ်အဆက် မိသည်။ စကားလုံးချင်း ပေါင်းစပ်မှု၊ ဖွဲ့သည်မှု ကွင်းဆက်မိသည်။ ထို့နောက် အဲသည့်ထဲမှာ ရှုပ်ထွေးသည့်စာလုံး တစ်လုံးမျှ မရှိ။ အဓိပ္ပာယ် ရှင်းလင်းစရာလိုသည့် စကားလုံး တစ်လုံးမျှ မရှိ။ ရှေ့နောက်မကိုက်ညီသည့် စာလုံး တစ်လုံမျှ မရှိ။ စကားလုံးတစ်လုံး သုံးပြီးနောက် အဲသည့်စာလုံးထက် တခြားစာလုံးက အဓိပ္ပာယ်အရ ပိုနေရာကျတာ အသုံးအနှုန်းမှာ ပိုအထာကျနေတာမျိုး တစ်လုံးမျှမရှိဘူး။

Islamic Institute of Burma

20 Dec, 11:59


📌ထိုနောက် အလင်္ကာဗေဒမှာ အသင် သည်လို တွေ့ရမည်။ တင်ပြပုံ သေသပ်လှပသည်။ ဝါကျ ရှင်းလင်း တိကျသည်။ အကျယ် ရှင်းချက် ထင်းလင်းသည်။ စည်းဘောင် ထင်ရှားသည်။ ပုံဖော်မှု ကြေညက်သည်။ ကိုင်တွယ်ပုံ ပြော့ပြောင်း ကျယ်ဝန်းသည်။ ညွှန်ပြမှု ထူးခြားဆန်းကျယ်သည်။ အပေါ်ယံစိမ်းသက်ပြီး အတွင်းပိုင်း နက်နဲ သိမ်မွေ့သည်။ ရှင်းချက် ညက်ညောသည်။ အသင် အဲသည့်ထဲမှာ အပြောင်းအလဲ၊ အလုပ် အထွင် တစ်ခုမျှ တွေ့ရမည် မဟုတ်။ အရှုပ်အထွေး၊ အမှားအယွင်း၊ ရှု့ထောင့်များအနက် ရှု့ထောင့်တစ်ခုခုမှာ ချိနဲ့မှု တစ်စုံတစ်ရာ၊ အားနည်မှုကြောင့် အထောက်အကူတစ်ခုခု၊ ကျဉ်းမြောင်းမှုကြောင့် အပြန့်အဆန့် တစ်ခုခုလိုအပ်ခြင်း စသည့် ပြစ်ချက်တစ်ခုကိုမျှ အသင်တွေ့ရမည်မဟုတ်ပေ။”[2]

ဘာသာဗေဒနှင့် စာပေအနုပညာရှင် မဟ်မူးဒ် မုဟမ္မဒ် ရှာကိရ်၏ ပုံဖော်ချက်

📌“သည်နေ့ခေတ်မှာ အတွေးအခေါ် အပြန့်ကျယ်ခြင်းနှင့် ရိုးရှင်းခြင်း၊ ထိုနောက် အဲသည့်အတွေးအခေါ်ထဲမှာ မြင့်မားသည့် ဒဿနကို သပ်ရှိုထည့်ခြင်း၊ စကြဝဠာမှာ သက်ဝင်လှုပ်ရှားနေသည့် ဓမ္မစစ်တရား၏ အနက်ပိုင်းထဲသို့ ဒဿနအမြင်သည် အထိုင်ကျသွားခြင်းတို့သည် ခေတ်သစ် ထိပ်သီး စာပေအနုပညာရှင်တို့ ထူးချွန်သည့် အမှတ်သရုပ် ဖြစ်သည်။ သည်ဒီဇိုင်းကို အရဗီစာပေမှာ ကဗျာဆရာအနည်းစုသာ သိခဲ့သည်။ အရဗ်ကဗျာဆရာများ၏ ကဗျာအနည်းစုမှာသာ တွေ့ရသည်။ အရဗီ ဘာသာစကားတွင် သည်ဒီဇိုင်းကို သဘာဝလွန် ဖြစ်သည့် အရာ (၂) ခုမှာသာ တွေ့ရသည်။ တစ်ခုက ကုရ်အာန်၊ နောက်တစ်ခုက မှန်ကန်ခိုင်လုံသည့် ဟဒီးစ် ဖြစ်သည်။ အာရဗီ စာပေတွင် ထိုစာပေ (၂) ခုမှာသာ အတွေးအခါ်သည် မိမိ၏နက်ရှိုင်းကျယ်ပြန့်မှု၊ အဖွဲ့အနွဲ့၊ စကားလုံးရွေးချယ်မှု၊ ထို့နောက် စည်းဝါးကိုက် ဓမ္မစစ်သဘောတရားများအားလုံးကို ဖော်ကျူးသည့် အဓိပ္ပါယ်များ ခြုံငုံပါဝင်ခြင်း၊ ထို့နောက် သူ၏စာလုံးတွေ၊ စကားလုံးတွေမှာ ညို့ငင်ဖမ်းစားနိုင်သည့် ရပ်ဝန်းရှိ ဝိဉာဥ် ဆွတ်ပျံ့ဖွယ် လေပြေ လေညင်းမွေးကလေးကို ပက်ဖျန်းထားခြင်း စသည်တို့ဖြင့် အထွတ်အထိတ်ကို ရောက်ရှိနေသည်။

📌ထိုအရာများ အားလုံး၏ အထက်တွင် ဟန်ဆောင်မှုကင်းသည့် ရိုးရှင်းမှု၊ နူးညံ့သိမ်မွေ့မှု၊ အဓိပ္ပာယ်တွေအားလုံးကြားမှာ အချင်းချင်း ဆက်စပ်မှု၊ ရင်းနှီးကျွမ်းဝင်မှု၊ ဖော့ဖယောင်းလို ပျော့ပြောင်းမှုတွေ ထုံမွမ်းနေသည်။ ကျွန်ုပ်တို့ သည်လို ပြောနိုင်သည်။ “သည်အရာ တစ်ခုလုံးသည် စည်းစိမ်ခံစားမှုနှင့် ဇိမ်ကျမှုတွင် သုခဘုံ၏လေနုအေးကလေးနှယ် ရှိသည့် ခံစားမှုကို ပေးသည်။ နှလုံးသား၏ အကြိတ်များကို စိခနဲ၊ ရှခနဲ ခွဲပေးသည့် ထက်ညှိသော ခွဲစိတ်ဓားသွားကလေး တစ်ချက်နှယ် လူကို သက်သာရာရစေသည်၊ နှလုံးသား၏ အနှိုင်ရှိုင်းဆုံးထဲထိ လှုပ်ခတ်စေသည့် သံစဥ်လေး တစ်ဖြတ်နှယ် လူကို ဟတ်ထိစေသည်။ အလျှံညီညီ တောက်လောင်နေသည့်၊ လောင်မြိုက်နေသည့် မီးနှယ် စိတ်ကို ရုန်းထစေသည်။ တက်ကြွနိုးကြားစေသည်။ အဲသည့် အရာမှ တွေးခေါ်ပေါက်မြောက်သည့် လူသားအဆောက်အအုံ ဖြစ်ထွန်းလာပြီး ကမ္ဘာမြေ၏ သွေးကြောများကို ကိုင်လှုပ်ပစ်သည့် မြေငလျင်ကြမ်း လှုပ်ခတ်မှုမျိုးဖြင့် လူသားကို အမြစ်မှ ကိုင်လှုပ်ပစ်သည်။

📌ထို့ကြောင့် ကုရ်အာန်သည် သဘာဝကို လွန်သည်။ ကုရ်အာန်သည် သဘာဝကို ကျော်သည်။ ကုရ်အာန်သည် သဘာဝကို စိန်ခေါ်သည်။ ထိုကျမ်းကို အမှားသည် ဘယ်အရပ်ကမျှ လာ‌ရောက် မတိုက်ခိုက်နိုင်ပေ။ ထိုနည်းအတိုင်းပင် တမန်တော်မြတ် (ဆွ) ၏ မှန်ကန်ခိုင်လုံသည့် နုတ်ပြောစကားတော် များသည် လူလုပ်ရှင်းလင်းချက်များ၊ လူလုပ်အလင်္ကာများ အားလုံးအနက် လူတို့ ဦးကျိုး‌အောင် မောကြည့်တောင် မမှီနိုင်သည့် အမြင့်ဆုံးမှာ တည်သည့် သရဖူ ဖြစ်သည်။”

📕Reference

[1] အလ်ဗယားန် ဝသ်သက်ဗ်ယီးန်ကျမ်း အတွဲ ၂ စာ ၁၄-၁၅
[2] အဲအ်ဂျားဇွလ် ကုရ်အာန် စာ ၄၂၂-၄၂၄
[3] မိဖ်သာဟု ကုနူးဇိစ် စွန္နဟ်စာအုပ်ပါ ရှိုက်ခ် မဟ်မူးဒ် မုဟမ္မဒ် ရှာကိရ်၏အဖွင့်နိဒါန်းမှ

🖊️Contributed by Zayyar Min Htet

#prophet #hadidth #sayings #quran #khutbah #islamicinstituteofburma #iib

Islamic Institute of Burma

17 Dec, 14:32


📖 “Jamʾ al-Qur’ān : ကုရ်အာန်၏သမိုင်းကြောင်း” အတန်းလေးကို တက်ရောက်ခဲ့ဖူးတဲ့ ကျောင်းသားကျောင်းသူတွေက ဘယ်လိုတွေပြောထားကြသလဲ

🔖ယနေ့မှာတော့ IIB ရဲ့ member လည်းဖြစ်၊ Qur’ān Preservation အတန်းရဲ့ ကျောင်းသူဟောင်းလည်းဖြစ်တဲ့ Alina Firdous ရဲ့ အတန်းနှင့်ပတ်သက်တဲ့ အတွေ့အကြုံလေးကို ယခုလိုပဲမျှဝေပေးထားပါတယ်ရှင်။👩‍🎓

📖 Alina Firdous လိုပဲ ကုရ်အာန်ထိန်းသိမ်းမှုရဲ့ စံနှုန်းများကို နက်နဲစွာနားလည်ပြီး ကုရ်အာန်နှင့် ပတ်သက်တဲ့ ဗဟုသုတကို မြှင့်တင်ချင်တယ်ဆိုရင်တော့ IIB မှ မကြာမီတင်ဆက်မည့် Jamʾ al-Qur’ān : ကုရ်အာန်၏သမိုင်းကြောင်း (Masterclass) အတန်းလေးကို တက်ရောက်နိုင်ပါတယ်။ ❤️

အသေးစိတ်ကိုတော့ အောက်ပါ link တွင်ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်ရှင်။👇🏼

(ပြင်ဆင်ချက် - လေ့လာသင်ယူရခဲ့တဲ့ အတွက်*)
🔗 Post Link:

https://www.facebook.com/share/p/18HsMrJ6YZ/?mibextid=WC7FNe

“ဖတ်မှတ်လေ့လာ သုံးသပ်ပါ၊ အစ္စလာမ့်အသိပညာ” ~ ISLAMIC INSTITUTE OF BURMA 🌙

#masterclass #class #quranpreservation #quranicclass #arabic #islamknowledge #muslim #myanmar #islamicinstituteofburma #iib

Islamic Institute of Burma

14 Dec, 13:23


🤩📚 IIB ကနေ ပထမဆုံးအကြိမ် သင်ပြပေးသွားမည့် “Jamʿ al-Qurʾān: ကုရ်အာန်၏သမိုင်းကြောင်း (Level 1)” သင်တန်းလေးနဲ့ အားလုံးကို မိတ်ဆက်ပေးချင်ပါတယ်။

🧑🏻‍💻 ဒီသင်တန်းလေးကိုတော့ IIB ရဲ့ ဥက္ကဌ နှင့် တည်ထောင်သူတစ်ဦးဖြစ်တဲ့ Huzaifah Islam-Khan ကနေ အဓိကတာဝန်ယူသင်ကြားပေးသွားမှာဖြစ်ပါတယ်။ Huzaifah ဟာဆိုရင်တော့ အစ္စလာမ့်သမိုင်းပညာရပ် နှင့် အကီဒဟ်ပညာရပ်ကို အထူးပြု၍ ဒဿနိကဗေဒပညာရပ် (Philosophy) ဖြင့် BA နှင့် MA ဘွဲ့များကို ရရှိထားပြီး အစ္စလာမ့် ပညာရပ်များစွာတွင် အိဂျာဇသ်များကိုလည်း ရရှိထားပါတယ်။ ဒါ့အပြင် City University of New York မှာ ဒဿနိကဗေဒဘာသာရပ် (Philosophy) ကို သင်ကြားပေးသည့် Professor အဖြစ် လည်းကောင်း၊ The Islamic Seminary of America မှာလည်း အကီဒဟ်၊ ကုရ်အာန် နှင့် ဟဒီးဆ် ပညာရပ်များအပါအဝင် အစ္စလာမ့်သိပ္ပံဆိုင်ရာ အဆင့်မြင့်ဘာသာရပ် များကို သင်ကြားပေးနေသည့် လက်ထောက်ဆရာအဖြစ်လည်းကောင်း တာဝန်ထမ်း‌ဆောင်လျက်ရှိပါတယ်။

💡 ဒီသင်တန်းလေးမှာတော့ ကုရ်အာန်ကျမ်းမြတ်ကို ခေတ်အဆက်ဆက် ထိန်းသိမ်းလာပုံ သမိုင်းကြောင်း၊ ကျမ်းစာရဲ့ မူလလက်ရေးစာမူ ရေးသားခဲ့ပုံ နှင့် qirāʾāt (ဖတ်နည်းမူကွဲပုံ) အကြောင်းတို့ နှင့် ပတ်သက်တဲ့ သင်ခန်းစာတွေကို အဓိကထား သင်ပြပေးသွားမှာ ဖြစ်ပါတယ်။

🍀 ဒါ့အပြင်အတန်းကို ပြီးမြောက်သည်အထိ တက်ပြီးသူတိုင်းကို Certificate များလည်း ပေးအပ်သွားမှာဖြစ်တဲ့အတွက် အိမ်မှာနေရင်း အွန်လိုင်းမှတစ်ဆင့် အစ္စလာမ့်အသိပညာတွေကို သင်ယူဆည်းပူးချင်သူတွေအတွက်တော့ လုံးဝလက်မလွှတ်သင့်တဲ့ အတန်းလေးတစ်ခုဖြစ်ပါတယ်။

🌟 ဒါကြောင့်မို့ IIB ရဲ့ ချစ်လှစွာသော စာဖတ်ပရိသတ်ကြီးတို့အနေနှင့်လည်း တက်ရောက်ဖို့ စိတ်ဝင်စားတယ်ဆိုရင်တော့ ဒီဇင်ဘာလ (၁၉)ရက်နေ့မှာ ကြေညာပေးသွားမည့် ဝင်ခွင့်ဖောင်လေးကို ဖြည့်ပြီး အတူပါဝင်နိုင်ပါတယ်နော်။ 🎉

သင်တန်းအကြောင်းအရာ အသေးစိတ်ကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။🔻🔻

📆 သင်တန်းရက် - ဇန်နဝါရီလ ၁၇၊၁၈၊၁၉ နှင့် ၂၇၊၂၈၊၂၉ ရက်နေ့ (၆ရက်တိတိ)။
သင်တန်းအချိန် - ည ၇နာရီ မှ ၉ နာရီအထိ။
📍သင်တန်းနေရာ - Zoom Meeting။
🧾 သင်တန်ကြေး - ၂၈,၀၀၀ ကျပ်။

❗️မှတ်ချက် - အသက် ၁၇နှစ်ပြည့်ပြီးသူ နှင့် ကုရ်အာန်ကို မှန်မှန်ကန်ကန် ရွတ်ဖတ်တတ်သူ ဖြစ်ဖို့ လိုအပ်ပါတယ်။

“ဖတ်မှတ်လေ့လာ သုံးသပ်ပါ၊ အစ္စလာမ့်အသိပညာ” ~ ISLAMIC INSTITUTE OF BURMA 🌙

#masterclass #class #quranpreservation #quranicclass #arabic #islamknowledge #muslim #myanmar #islamicinstituteofburma #iib

Islamic Institute of Burma

13 Dec, 14:24


တမန်တော်မြတ် နှင့် စစ်သုံ့ပန်း

📌ဗဒရ်စစ်ပွဲမှာ ဖမ်းမိသည့် သုံ့ပန်းများကို သေဒဏ်ပေးရန် သာဝက အုမရ်(ရသွေ့)က တမန်တော်မုဟမ္မဒ်(ဆွ)ကို အကြံပေးခဲ့တယ်။ သာဝက အဘူဗက္ကရ်(ရသွေ့)ကတော့ လျော်ကြေးယူ၍ ပြန်လွှတ်ပေးသင့်ကြောင်း အကြံပေးခဲ့တယ်။

📌တမန်တော်(ဆွ)က အဘူဗက္ကရ်(ရသွေ့)ရဲ့ အကြံပြုချက်ကို သဘောတူခဲ့တယ်။ သုံ့ပန်းတွေထဲမှာ ငွေကြေးတတ်နိုင်တဲ့ လူတွေဆီကနေ လျော်ကြေးယူ၍ ပြန်လွှတ်ပေးခဲ့တယ်။ ‌လျောကြေးမပေးနိုင်တဲ့ လူတွေအတွက်ကျတော့ သုံ့ပန်းတစ်ဦးလျှင် ကလေးငယ် (၁၀)ယောက်အား အရေးအဖတ်ပညာသင်ပေးဖို့ အမိန့်ပေးခဲ့ပါတယ်။ ဒါက ငွေကြေးမဟုတ်တဲ့ လျော်ကြေးတစ်မျိုးဖြစ်ပါတယ်။

📕Reference
- ကမ္ဘာ့တမန်တော် နှင့် ကြယ်ကြီးလေးပွင့်၊ အလ်ဟာဂျ်မောင်လာနာ ဦးအုန်းသောင်

🖊️Contributed by Sitt Hmu Naing (Vice-President)

Islamic Institute of Burma

13 Dec, 14:24


‘’ရှီရီအဟ်’’ ဘာလဲ၊ ဘယ်လဲ မိတ်ဆက်စာ..

’’ရှရီအဟ်’’ လို့ ပြောလိုက်တဲ့အခါ စာဖတ်သူအနေနဲ့ ဘာကိုများ အရင် ‌ပြေးမြင်မိပါသလဲ ❔️

❗️အမျိုးသမီးတွေကို ဖိနှိပ်တာတွေ၊ ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို ဖြတ်တောက်ပြီးအပြစ်ပေးတာတွေ စတဲ့ ကြားနေကျမဟုတ်တမ်းရားအသုံးအနှုန်းတွေကိုသာ အများစုက ပြေးမြင်တတ်ကြပါတယ်။ ဒါပေမဲ့ ဒါတွေဟာ တကယ့်ရှရီအဟ်ရဲ့ အဓိပ္ပါယ်စစ်နဲ့ သူ့ရဲ့အင်္ဂါရပ်အမှန်တွေရော ဟုတ်ပါရဲ့လား။

----> ရှရီအဟ်အဓိပ္ပါယ်

☪️ အရဗီလို "လမ်း" သို့မဟုတ် “ရေစီးလမ်း” ဟု အဓိပ္ပါယ်ရတဲ့ “ရှရီအဟ်” ဆိုတာဟာ ဘာသာတရားဆိုင်ရာကျင့်ထုံးတွေတွေသာမက လောကီရေးရာကျင့်ကြံနေထိုင်ပုံဥပေဒစည်းမျဥ်းတွေကို ခေါ်ပါတယ်။ ဒီတော့ရှရီအဟ်ဆိုတာမှာ အလ္လာဟ်အရှင့်နဲ့သက်ဆိုင်တဲ့အခွင့်အရေးဝတ္တရားတွေနဲ့ လူသားတွေနဲ့သက်ဆိုင်တဲ့အခွင့်ဝတ္တရားတွေဆိုပြီး အဓိကနယ်ပယ်ကြီး(၂)ခုရှိတယ်လို့ ဆိုနိုင်ပါတယ်။ ရှီရီအဟ်ဟာ ဝတ်ပြုဆောက်တည်ပုံတွေကစလို့ လောကီစီးပွားရှာဖွေပုံအထိ လူတဦးရဲ့ဘဝကဏ္ဍတိုင်းကို လမ်းညွှန်သင်ကြားပေးပါတယ်။ ဒီသင်ကြားချက်တွေဟာ အစ္စလာမ်ဘာသာဝင်တွေတင်မက လူသားထုတရပ်လုံးလျှောက်လှမ်းရာ အလ္လာဟ်အရှင်မြတ် ချမှတ်ပေးထားသော သင်ကြားမှုတွေဖြစ်ကြပြီးလူသားထုတရပ်လုံးအတွက် ကိုယ်ကျင့်တရားဆိုင်ရာ လမ်းညွှန်မှုတွေလဲဖြစ်ကြသလို အလ္လာဟ်အရှင်မြတ်နဲ့ပိုမိုနီးကပ်လာစေတဲ့ ထုံးတမ်းများလည်းဖြစ်ကြပါတယ်။

☪️ တမန်တော် မုဟမ္မဒ််် ﷺ မှ လူသားများထံသို့ လွန်ခဲ့သော နှစ်ပေါင်း 1400 ခန့်မှ စတင်ကာ ခေတ်အဆက်ဆက် ပြဌာန်းလာတဲ့ဤအခြေခံမူများနှင့် လမ်းညွှန်ချက်များကို အစ္စလာမ်ဘာသာ၀င်တွေဟာ မိမိတို့ရဲ့ဘ၀လမ်းညွှန်တွေအဖြစ် အလေးထားလိုက်နာဆောင်ရွက်ကြရပါတယ်။ ရှရီအဟ်တွင် လူသားတို့အတွက် နာမ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာအမူအကျင့်များအတွက် လမ်းညွှန်ချက်များပါ၀င်ပါတယ်။

⚠️ ဒီမှာတစ်ခုသတိထားရမယ့် အရမ်းအရေးကြီးတဲ့အချက်က ရှရီအဟ်နဲ့ လက်ရှိကမ္ဘာမှာကျင့်သုံးနေကြတဲ့ အစ္စလာမ့်ဥပဒေဟာ မတူဘူးဆိုတာပါဘဲ။ ဒီအချက်ကို အစ္စလာမ်ဘာသာ၀င်များပါ ရောထွေးနေကြတာပါ။ ရှရီအဟ်ဟာ တရားရေးစနစ်မဟုတ်ဘဲ ကိုယ်ကျင့်တရားဆိုင်ရာ ဘာသာရေးလမ်းညွှန်သာဖြစ်ပါတယ်။

✅️ အလွယ်ရှင်းပြရရင် ရှရီအဟ်ဆိုတာက အလ္လာဟ်အရှင်မြတ်ထံမှ တိုက်ရိုက်ကျတဲ့ အခြေခံလမ်းညွှန်ချက်များဖြစ်ပြီး အမြဲတသွေမတိမ်းရှိနေမယ့်အပြင် အားနည်းချက်မရှိဘဲ ပြည့်စုံနေမှာပါ။ တဖက်က လက်ရှိအစ္စလာမ့်ဥပဒေကတော့ ရှရီအဟ်အပေါ် မူတည်ပြီး လက်ရှိ အစ္စလာမ်နိုင်ငံအများစုမှာ အသုံးပြုနေတဲ့ ဥပဒေတွေဖြစ်ပါတယ်။ ဒီဥပဒေတွေဟာ နိုင်ငံတစ်နိုင်ငံနှင့်တစ်နိုင်ငံ သုံးစွဲပုံခြင်း ကွာခြားသလို လိုက်နာတဲ့လမ်းစဉ်များ (မဇ်ဟဘ်) အပေါ်မူတည်ပြီးလည်း ကွဲပြားနိုင်ပါတယ်။ ဒီဥဒေတွေဟာ လူ‌သားတွေက ပြန်လည်ထုတ်နှုတ်ထားတဲ့ဥပဒေတွေမို့ အားနည်းချက်အနည်းအများလည်း ရှိနေမှာပါ။

-----> ရှရီအဟ်ဟာ အမျိုးသမီးတွေကို ဖိနှိပ်သလား?

⚪️ ရှရီအဟ်အရ အမျိုးသားနှင့်အမျိုးသမီးများအပေါ် ပေးဆောင်ထားသည့် အခွင့်အရေးနှင့် တာ၀န်များ မတူညီသော်လည်း ကိုယ်ကျင့်တရားဆိုင်ရာ ကဏ္ဍများတွင်အကျိုးရပုံခြင်းကတော့ အလ္လာဟ်အရှင်မြတ်ရှေ့ထံ တူညီနေမှာပါ။ ‌‌နောက်ပြီး ရှရီအဟ်ဟာ အခုလက်ရှိကမ္ဘာအရပ်ရပ်၌ ထွန်းကားနေသော လူ့ယဉ်ကျေးမှုများထက်အရင်ပင် အမျိုးသမီးများကို ကာကွယ်ပြီး အခွင့်အရေးများ၊ အချို့ကဏ္ဍများတွင် အမျိုးသားများထက်ပင် ပိုသာသော အခွင့်အရေးများကို ပေးထားပါတယ်။

----> ခန္ဓာကိုယ်အစိတ်အပိုင်းများကို ဖြတ်ပြီးအပြစ်ပေးသလား?

⚪️ ဒီအရာကတော့ အစ္စလာမ့်ပြစ်မှုဆိုင်ရာဥ‌ပဒေ‌တွေထဲက Hudud ဆိုတဲ့ အခန်းကဏ္ဍမှာ ပါ၀င်ပါတယ်။ ဒီကဏ္ဍဟာ ရှရီအဟ်ရဲ့ Fiqh အခန်းကဏ္ဍထဲက အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ ဒီကဏ္ဍမှာ အပြစ်သားကို အပြစ်ပေးရာတွင် ကျောက်တုံးဖြင့် မသေမချင်းပစ်ပေါက်ခြင်း၊ ကိုယ်လက်အင်္ဂါများ ဖြတ်တောက်အပြစ်ပေးခြင်း၊ ကြိမ်ဒဏ်အပြစ်ပေးခြင်းများပါ၀င်ပါတယ်။ ဒါပေမဲ့ ခိုးမှု၊ မုဒိမ်းမှု နှင့် အခြားကြီးမားသောပြစ်မှုတွေ ကျူးလွန်ရုံအပြင် အခြေအနေပေါင်း ၆၀ ကျော်နှင့် ပြည့်စုံမှသာလျှင် အပြစ်ပေးနိင်ပါတယ်။ ဥပမာအခြေအနေတစ်ခုမှာ ခိုးသူဟာ အခြားတစ်ယောက်က အတင်းအကြပ်ခိုင်း၍ ခိုးတာမျိုးဆိုလျှင် အပြစ်ပေး၍မရနိုင်ပါ။

ဒါတွေကတော့ လူတွေအကြား အနည်းနဲ့အများဆိုသလို နားလည်မှုလွဲနေတဲ့ ရှရီအဟ်အကြောင်းကို ဝေမျှပေးခြင်းဖြစ်ပါတယ်။

📖Reference: Yaqeen Institute (https://yaqeeninstitute.org/what-islam-says-about/shariah#what-is-sharia)

✏️ Contributor: Nyi Nyi Han

Islamic Institute of Burma

09 Dec, 13:57


🎉 IIB ကနေ IIB members တွေအတွက် သီးသန့် သင်ကြားပေးခဲ့တဲ့ “ကုရ်အာန်ကို ထိန်းသိမ်းခြင်းသမိုင်းစဉ်အကြောင်း - Qu’ranic Preservation” ဆိုတဲ့ အတန်းလေး ပြီးဆုံးသွားပါပြီရှင့်။ 🥳

🌟 ဒီအတန်းလေးကိုတော့ IIB ရဲ့ Founder တစ်ဦးဖြစ်တဲ့ Huzaifah Islam-Khan ကနေ members တွေအတွက် တစ်ချိန်ကို ၂နာရီနဲ့ စုစုပေါင်း ၄ ရက်တာ အထိ သင်ကြားပေးခဲ့ပါတယ်။

😻 တတ်ရောက်ပေးခဲ့ကြတဲ့ သင်တန်းသား တစ်ဦးတစ်ယောက်ချင်းစီရဲ့ စိတ်ဝင်တစားရှိမှုနှင့် တက်တက်ကြွကြွ ပါဝင်ခဲ့မှုတို့ကြောင့်ပဲ အချိန်တိုအတွင်းမှာ အခုလိုမျိုး ထိရောက်စွာ သင်ကြားပေးနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

🔎 ဒါဆိုရင် IIB ရဲ့ ချစ်လှစွာသော စာဖတ်ပရိသတ်ကြီးတို့အနေနှင့်ရော……

🔖 အခုလို အချိန်တိုအတွင်းမှာ အကျိုးရှိပြီး ဗဟုသုတရဖွယ် အတန်းမျိုးကို သင်ယူနိုင်မယ်ဆိုရင် စိတ်ဝင်စားကြပါသလား?

🔖 ဒီခေါင်းစဉ်အောက်ကနေ ဘယ်လိုအကြောင်းအရာ၊ ဘယ်လို အစ္စလာမ့်အသိပညာမျိုးတွေကို လေ့လာချင်ကြပါသလဲ?

💌 အောက်မှာ comment လေးတွေရေးပြီး ဖြေပေးခဲ့ကြဦးနော်။

“ဖတ်မှတ်လေ့လာ သုံးသပ်ပါ၊ အစ္စလာမ့်အသိပညာ” ~ ISLAMIC INSTITUTE OF BURMA 🌙

#class #quranpreservation #quranicclass #arabic #islamknowledge #muslim #myanmar #islamicinstituteofburma #iib

Islamic Institute of Burma

09 Dec, 13:55


✴️ကုရ်အာန်မှာအတိအလင်းလာရှိထားတဲ့ ပြည့်ဝတဲ့မွတ်စ်လင်မ်တစ်ဦးရဲ့ ဝိသေသအချင်းလက္ခဏာများ

إِنَّ ٱلۡمُسۡلِمِينَ وَٱلۡمُسۡلِمَٰتِ وَٱلۡمُؤۡمِنِينَ وَٱلۡمُؤۡمِنَٰتِ وَٱلۡقَٰنِتِينَ وَٱلۡقَٰنِتَٰتِ وَٱلصَّٰدِقِينَ وَٱلصَّٰدِقَٰتِ وَٱلصَّٰبِرِينَ وَٱلصَّٰبِرَٰتِ وَٱلۡخَٰشِعِينَ وَٱلۡخَٰشِعَٰتِ وَٱلۡمُتَصَدِّقِينَ وَٱلۡمُتَصَدِّقَٰتِ وَٱلصَّٰٓئِمِينَ وَٱلصَّٰٓئِمَٰتِ وَٱلۡحَٰفِظِينَ فُرُوجَهُمۡ وَٱلۡحَٰفِظَٰتِ

وَٱلذَّٰكِرِينَ ٱللَّهَ كَثِيرٗا وَٱلذَّٰكِرَٰتِ أَعَدَّ ٱللَّهُ لَهُم مَّغۡفِرَةٗ وَأَجۡرًا عَظِيمٗا
سورة الأحزاب - آية ٣٥

ပြည့်ဝတဲ့မွတ်စ်လင်မ်တစ်ယောက်ရဲ့အချင်းလက္ခဏာတွေကို ဖော်ပြပါကုရ်အာန်အာယသ်တွင် အလ္လာဟ်အရှင်ကိုယ်တော်တိုင် ဝိသေသတပ်ပေးတော်မူထားသည်မှာ -

ٱلۡمُسۡلِمِينَ وَٱلۡمُسۡلِمَٰتِ - မွတ်စ်လင်မ်အမျိုးသားများနှင့် မွတ်စ်လင်မ်အမျိုးသမီးများ၊

(သတ်မှတ်ထားသောအမိန့်များကိုလိုက်နာဆောင်ရွက်သူများ)

ٱلۡمُؤۡمِنِينَ وَٱلۡمُؤۡمِنَٰت - မုအ်မင်န်အမျိုးသားများနှင့် မုအ်မင်န်အမျိုးသမီးများ၊

(အရှင်မြတ်ကို စိတ်နှလုံးအတွင်းမှလှိုက်လှိုက်လှဲလှဲယုံကြည်သူများ)

ٱلۡقَٰنِتِينَ وَٱلۡقَٰنِتَٰتِ - အမိန့်နာခံသူအမျိုးသားများနှင့် အမိန့်နာခံသည့်အမျိုးသမီးများ၊

(ချမှတ်ပြဌာန်းထားသည့် တရားတော်လာအမိန့်ပညတ်ချက်များကို စွဲမြဲစွာနာခံကြသူများ)

ٱلصَّٰدِقِينَ وَٱلصَّٰدِقَٰت - မှန်ကန်သောအမျိုးသားများနှင့် မှန်ကန်သောအမျိုးသမီးများ၊

(စကားပြောဆိုရာတွင်လည်းကောင်း၊ လုပ်ဆောင်ချက်များတွင်လည်းကောင်း မှန်ကန်စွာပြောဆိုဆောင်ရွက်ကြသူများ)

ٱلصَّٰبِرِينَ وَٱلصَّٰبِرَٰتِ - သည်းခံခန္တီတရားထားသူ အမျိုးသား၊ အမျိုးသမီးများ၊

(ကြုံကြိုက်လာရသောကိစ္စရပ်တိုင်းဟာ အလ္လာဟ်အရှင်မြတ်သတ်မှတ်ထားခြင်းဖြစ်သည်ကို သိနားလည်လက်ခံကြသူများ)

ٱلۡخَٰشِعِينَ وَٱلۡخَٰشِعَٰتِ - အကြောက်တရားထားသူ အမျိုးသား၊ အမျိုးသမီးများ၊

(မည်သည့်အခြေအနေတွင်မဆို အလ္လာဟ်အရှင်မြတ်အပေါ်အကြောက်တရားထားကြသူများ)

ٱلۡمُتَصَدِّقِينَ وَٱلۡمُتَصَدِّقَٰتِ - အလှူဒါနပြုသူ အမျိုးသား၊ အမျိုးသမီးများ၊

(လိုအပ်ချက်ရှိသူများအပေါ် မိမိတတ်နိုင်သည့်ပုံစံဖြင့် ကောင်းမှုဒါနပြုကြသူများ)

ٱلصَّٰٓئِمِينَ وَٱلصَّٰٓئِمَٰتِ - ရိုဇာဥပုသ်စောင့်ထိန်းသူ အမျိုးသား၊ အမျိုးသမီးများ၊

(စားခြင်း၊ သောက်ခြင်း၊ မကောင်းမှုများမှရှောင်ကြဉ်ပြီး ရိုဇာစောင့်ထိန်းကြသူများ)

ٱلۡحَٰفِظِينَ فُرُوجَهُمۡ وَٱلۡحَٰفِظَٰتِ - မိမိ၏အရှက်အင်္ဂါကိုထိန်းသိမ်းသူ အမျိုးသား၊ အမျိုးသမီးများ၊

(ကာမေသုမိစ္ဆာစာရကံမှရှောင်ကြဉ်ပြီး မိမိကာအိန္ဒြေကိုထိန်းသိမ်းကြသူများ)

ٱلذَّٰكِرِينَ ٱللَّهَ كَثِيرٗا وَٱلذَّٰكِرَٰتِ - အလ္လာဟ်အရှင်မြတ်ကိုများစွာတသကြသူ အမျိုးသား၊ အမျိုးသမီးများ၊

(မိမိနေ့စဉ်လှုပ်ရှားရုန်းကန်ရသည့်အခြေအနေအားလုံးတွင် အရှင်မြတ်ကိုသတိရတသကြသူများ)

စတဲ့အရည်အသွေးများကို ပိုင်ဆိုင်ထားတဲ့သူတွေအတွက် အလ္လာဟ်အရှင်မြတ်ဘက်မှ လွတ်ငြိမ်းချမ်းသာခွင့်နှင့် ကြီးကျယ်လှတဲ့အကျိုးစဝါးဗ်တွေကိုချီးမြှင့်ရန် အသင့်ပြင်တော်မူထားတော်မူကြောင်းကိုလည်း တပါတည်းအာယသ်တော်အတွင်းမှာပဲ (أَعَدَّ ٱللَّهُ لَهُم مَّغۡفِرَةٗ وَأَجۡرًا عَظِيمٗا) ဟု အရှင်မြတ်ကိုယ်တော်တိုင် အတည်ပြုထားတော်မူပါတယ်။

✴️အထက်ပါကုရ်အာန်အာယသ်ကနေ မီးမောင်းထိုးပြနေတဲ့ ပြည့်ဝတဲ့မွတ်စ်လင်မ်တစ်ဦးရဲ့အရည်အသွေးတွေကို မိမိအမှန်တကယ်ပိုင်ဆိုင်ထားပြီလားဆိုတာကို ကိုယ့်ကိုယ်ကိုဆန်းစစ်ရမယ့်အချိန်ရောက်ရှိလာပြီပဲဖြစ်ပါတယ်။

📌Reference - تفسير ابن كثير

🖋️Content Contributed by - Khatt Pann Nwe (Contributor)

#muslim #characteristics #islam #teachings #deen #islamicinstituteofburma #iib

Islamic Institute of Burma

08 Dec, 14:01


ယခုလ(၁၂လပိုင်း၊ ၁၉၉၂)တွင် ဘာသာရေးအစွန်းရောက်များက မဂိုဧကရာဇ် ဘာဘူရ်ခေတ်က ဘဘ်ရီဗလီကြီးကို တိုက်ခိုက် ဖြိုချပစ်ခဲ့သည်။ ထိုအချိန်က ဒီတိုက်ခိုက်မှုထဲမှာ အိန္ဒိယ၏ လက်ရှိ အာဏာရပါတီBJPထဲက လူတချို့လည်း ပါဝင်သည်။ တိုက်ခိုက်သူတို့ရဲ့ ရည်ရွယ်ချက်က ဒီနေရာမှာ ဟိိန္ဒူဘုရားကျောင်းတည်ဆောက်ချင်တာ ဖြစ်သည်။

📌၁၉၉၂မှာ အိန္ဒိယ၏ဘာဘရီဗလီ အဖျက်ခံရတဲ့ သတင်းကို The Hinduသတင်းစာတွင် တွေ့ရစဥ်။ (ရက်စွဲ - ၁၉၉၂ခုနှစ် ၊ ဒီဇင်ဘာ ၇ရက်)

Islamic Institute of Burma

07 Dec, 11:49


🔔 Hiring : Part-time HR Manager !

🙋ကိုယ်ဟာ people skill ရှိသူတစ်ယောက်ဖြစ်ပါသလား?

📑လူတွေနဲ့ စကားပြောရတာကြိုက်တယ်…..သူတို့တွေရဲ့အလုပ်တွေကို စီမံခန့်ခွဲရတာကြိုက်တယ်…..တစ်ဦးနှင့်တစ်ဦ်းကြား အလုပ်တွေအဆင်ပြေအောင်ညှိရတာကြိုက်တယ်ဆိုရင်တော့….🤔

👉 IIB ကအခုဖွင့်ထားတဲ့ part-time HR Manager position ကိုလျှောက်ဖို့အသင့်တော်ဆုံးပါပဲ 🤩

🌟ဒီ position လေးကို စိတ်ဝင်စားတယ်ဆိုရင်တော့ အောက်ပါ link တွင် အသေးစိတ် ဝင်ကြည့်ပြီး လျှောက်ထားနိုင်ပါတယ်

🔗 Link: https://forms.gle/LApM5dNHF5ixaHCe8

‼️Application Deadline: 31st December 2024

“ဖတ်မှတ်လေ့လာ သုံးသပ်ပါ၊ အစ္စလာမ့်အသိပညာ” ~ ISLAMIC INSTITUTE OF BURMA 🌙

#jobvacancy #humanresources #manager #hrmanager #iib #jobposting #job #volunteering #parttimejob #islamicinstituteofburma

Islamic Institute of Burma

04 Dec, 14:18


မီးတောင်ချော် ကျောက်နက် နှင့် ပြုလုပ်ထားသည့် သေဆုံးသူရဲ့အုတ်ဂူမှတ်တိုင်

📝အွစ်မန်း (အဆင်မ်၏သား) သည် ရာဂျဗ်လ ၂၀ ရက်နေ့ ဟီဂျရီ ၄၇၃တွင် အလ္လာဟ်ရှင်မြတ်၏ အမိန့်တော်ခံယူကြောင်းရေးသားထားသည်။

📌ဤအုတ်ဂူမှတ်တိုင်ကို ၁၀၈၀ခုနှစ်တွင် မီးတောင်ချော် ကျောက်နက်ကို အသုံးပြု ထုလုပ်ထားပြီး ယခုအခါ အေသင်မြို့ရှိ အစ္စလာမ့်အနုပညာ ပြတိုက် တွင်ပြသထားပါသည်။

✍️Content posted by Syed Saleh Noor (Contributor)

#thomb #islamichistory #history #islam #islamicinstituteofburma #iib

Islamic Institute of Burma

02 Dec, 13:37


📖ကျမ်းတော်မြတ်ရဲ့နေရာအသီးသီးမှာ အလ္လာဟ်အရှင်မြတ်က ကျမ်းတော်မြတ်ကို ကုရ်အာန်ဆိုသည့်အမည်အစား အခြားသောအမည်အဖြစ်လည်း မိန့်မြွက်ထားပါတယ်။ ထိုအမည်များကတော့

၁။ اَلۡكِتَابُ (အလျကီသားဗျ)

၂။ اَلۡفُرۡقَانُ (အလ်ဖုရ်ကားန်)

၃။ اَلتَّنۡزِيۡلُ (အသ္သန်ဇီးလ်)

၄။ اَلذِّكۡرُ (အဇ္ဇိက်ရ်) စသည်တို့ပဲဖြစ်ပါတယ်။

📕Reference

سورة الٵنبياء سورة الفرقان سورة الشعراء سورة الحجر

✍️Content Contributed by Khatt Pann

Islamic Institute of Burma

01 Dec, 14:22


🌟အိမာမ်ဟစန်အလ်ဘန္နားအ်၏ မှာတမ်းချက်ဆယ်ခု

၁ ဘယ်လိုအခြေနေမျိုးမှာဖြစ်ဖြစ် အဇာန်သံကြားတာနဲ့ ဆွလားဟ်ဝတ်ပြုဖို့ထရပ်လိုက်ပါ။

၂ - ကုရ်အာန်ဖတ်ပါ၊နားထောင်ပါ၊အရှင်မြတ်အားတမ်းတသတိရပါ။ ကိုယ့်အချိန်ရဲ့ဘယ်အစိတ်အပိုင်းကိုမဆို အချည်းနီးလုပ်ရပ်တွေမှာ မကုန်ဆုံးပါစေနဲ့။

၃ - ဖဆွီးဟ် (ဂန္တဝင်အရဗီ) ကိုပြောနိုင်အောင်ကြိုးစားပါ။ ဒါကအစ္စလာမ်ရဲ့အမှတ်သညာဖြစ်ပါတယ်။

၄ - ဘယ်ကိစ္စမှာမဆို အလွန်အကျွံအငြင်းအခုံလုပ်ခြင်းကနေရှောင်ပါ။ ဒါက ဘာအကျိုးမှာပေးမှာမဟုတ်ပါ။

၅ - များစွာရယ်မောခြင်းမှရှောင်ကျဥ်ပါ။ အရှင်နှင့်ဆက်သွယ်ထားသောနှလုံးသားဟာ တည်ငြိမ်ပြီးသိက္ခာရှိပါတယ်။

၆ - စလိုက် နောက်လိုက်တွေလုပ်မနေပါနဲ့။အွမ္မသ်အတွက် ဂျေဟားဒ်လုပ်သူဟာ ကြိုးစားမှုအားထုတ်ခြင်းကလွဲရင် ကျန်တာမသိပါဘူး။

၇ - မိမိစကားပြောနေသူအား အသံမကျယ်မိပါစေနှင့်။ အသံကျယ်ခြင်းကြောင့် မောက်မာသလိုဖြစ်စေပြီး နားထောင်သူအဖို့အခက်တွေ့စေပါတယ်။

၈ - တစ်ဦးခြင်း၏အတင်းပြောခြင်းနှင့်ဌာနများအားတိုက်ခိုက်ခြင်းမှရှောင်ကျဥ်ပါ။ ကောင်းသောစကားမှအပ တခြားမပြောပါနှင့်။

၉ - မိမိညီနှောင်များနှင့်တွေ့ဆုံသည့်အခါ အပြည့်အဝမိတ်ဆက်ပါ။ ကျွန်ုပ်တို့ဒအ်ဝသ်၏ အုတ်မြစ်သည် အချင်းချင်း ချစ်ခင် ရင်းနှီးခြင်းဖြစ်တယ်။

၁၀ - အရေးကြီးလုပ်ဆောင်ရမည့်အရာများသည် အများအပြားရှိပြီး အချိန်ကနည်းပါတယ်။ တခြားသောသူများအား အချိန်အားမှန်ကန်စွာအသုံးချနိုင်ရန် ကူညီမှုပြုပါ။ မိမိအလုပ်ရှိသည့်အခါ အလျှင်အမြန်လုပ်ဆောင်ပါ။

📕Reference
- الوصايا العشر للامام الشهيد حسن البنا

🖋️Content Contributed by Naung Lwin

Islamic Institute of Burma

01 Dec, 12:11


📖အော်တိုမန်ခေတ် ကုရ်အာန်လက်ရေးစာမူ

ဒီကုရ်အာန်စာမျက်နှာသည် အေဒီ ၁၅၂၀က ဖြစ်ပြီး ရှေးတူရကီဘာသာပြန်လည်း ပါဝင်သည်။

(📕Source: Lost Islamic History)

Islamic Institute of Burma

24 Nov, 14:09


သိပ္ပံကို သုံးပြီး ကုရ်အာန်ကို နားလည်ဖို့ ကြိုးစားတာဟာ မှန်ပါ့မလား။ | Dr. Sohaib Saeed

🌌 ဒီဘက်ခေတ် မွတ်စလင်မ်အများအပြား သိပ္ပံတွေ့ရှိချက်များကို အ‌ခြေခံပြီး ကုရ်အာန်ကို နားလည်ဖို့ ကြိုးစားကြတယ်။ ကုရ်အာန်ထဲက အံ့ဖွယ်များကို သိပ္ပံဘာသာရပ်နှင့် ချိတ်ဆက်လာကြတယ်။

ဒီလို သိပ္ပံချိတ်ဆက် နားလည်တာက ဘယ်လောက်ထိ ခိုင်မာသလဲ။ သိပ္ပံကို အသုံးပြုပြီး ကုရ်အာန်ကျမ်းကို နားလည်တာဟာ ကုရ်အာန်ရဲ့အဓိက ရည်ရွယ်ချက်နဲ့ ဆန့်ကျင်နေသလား။ မခိုင်မာတဲ့ အချက်အလက်တွေသုံးပြီး ကုရ်အာန်က မှန်ကြောင်း သက်သေပြလို့ရလား။ ကုရ်အာန်ထဲက အံ့ဖွယ်အချက်အလက်တွေကို ဘယ်လိုနားလည်ရမလဲ။ အထက်ပါအကြောင်းအရာများအပါအဝင် တခြားဆက်စပ်သောအ‌ကြောင်းတွေကို Shaykh Dr. Sohaib Saeedက သေချာရှင်းပြထားတယ်။

Credit: Karima Foundation (https://www.youtube.com/@KarimaFoundation)
🖋 Translated by: Ruwaida

Full Video on Facebook
https://www.facebook.com/share/r/1AwQXMsTnB/?mibextid=UalRPS

Islamic Institute of Burma

23 Nov, 14:01


Shaykh Dr. Sohaib Saeed က ဘယ်သူလဲ။

📌ရှိုက်ခ်ဒေါက်တာ Sohaib Saeedသည် ယူကေနိုင်ငံကဖြစ်ပြီး Ibn Ashur Centre for Quranic Studies၏ တည်ထောင်သူ နှင့် ဒါရိုက်တာဖြစ်သည်။ ‌ရှိုက်ခ်သည် အလ်အဇ်ဟရ်(အီဂျစ်)တက္ကသိုလ်တွင် Tafsirနှင့်Quranic Studies BAဘွဲ့ရရှိခဲ့ပြီး Edinburghတက္ကသိုလ်တွင် Philosophyဘာသာရပ်ကို MScဘွဲ့ရရှိခဲ့သည်။ SOAS Londonတက္ကသိုလ်တွင် နာမည်ကြီးပညာရှင် M.A.S. Abdel Haleem၏ ကြီးကြပ်မှုအောက်တွင် ကုရ်အာန်ဆိုင်ရာဘာသာရပ်နှင့် ပတ်သက်ပြီး PhDဘွဲ့အား အောင်မြင်စွာ ရရှိခဲ့သည်။

📌ရှိုက်ခ်သည် ကုရ်အာန်ကို အထူးပြု၍ လေ့လာမှုများစွာကို ဆောင်ရွက်လျက်ရှိပြီး တချို့ကျောင်းတွေ၊ တက္ကသိုလ်‌တွေမှာ စာသင်ဖူးသည့် အတွေ့အကြုံရှိသည်။

✍️Content Contributed by Sitt Hmu Naing(Vice-President)

Islamic Institute of Burma

22 Nov, 14:28


☪️ တမန်တော်မြတ်အတ္ထုပ္ပတိ (အပိုင်း ၄၁) - ဗဒရ်စစ်ပွဲ အပိုင်း (၆)| Dr. Yasir Qadhi

⚔️ ဗဒရ်စစ်ပွဲကနေ ဖမ်းဆီးရမိခဲ့တဲ့ သုံ့ပန်းတွေရဲ့ ဇာတ်ကြောင်းဆင့်ပြန်ချက်တွေကိုပြောပြထားပြီးတော့ ဆင့်ပြန်ချက်တစ်ခုချင်းဆီကနေ ရရှိနိုင်မဲ့ သင်ခန်းစာတွေကို Dr. Yasir Qadhi က ကောက်နုတ်ပြီးတော့ တင်ပြပေးထားပါတယ်။

Credit: Dr. Yasir Qadhi YouTube Channel (https://www.youtube.com/@YasirQadhi)

🖋 Translated by: Ruwaida


Full Video on Facebook

🔗https://www.facebook.com/share/r/19DFzbfQaX/?mibextid=UalRPS

Islamic Institute of Burma

21 Nov, 13:26


🌳အာဖဂန်နစ္စတန်ရှိ မဂိုဧကရာဇ်ဘာဘူရ် တည်ထားခဲ့သည့် ၁၆ရာစုခေတ် ဥယျာဉ်ခြံ

(📷Credit: @Bagh_eBabur - X)

✍️Posted by Sitt Hmu Naing (Vice-President)

#buburgarden #afghanistan #16thcentury #garden #islamicinstituteofburma #iib

Islamic Institute of Burma

21 Nov, 13:23


🏴󠁧󠁢󠁳󠁣󠁴󠁿စကော်တလန်သား ဒေးဗစ် (၁၇၉၆-၁၈၆၅) ရေးဆွဲခဲ့သည့် ပါလက်စတိုင်း ပန်းချီကားများ။

✍️Content posted by Syed Saleh Noor (Contributor)

🇵🇸 ပါလက်စတိုင်း ပန်းချီကားများ။

#palestine #palestinehistory #islamichistory #painting #art #islamicinstituteofburma #iib

Islamic Institute of Burma

20 Nov, 13:55


🔔Hiring alert: A part-time secretary position!!!!

👨‍💼အိမ်မှာနေရင်း IIB နဲ့ပူးပေါင်းအလုပ်လုပ်ကိုင်ပြီး HR skills နဲ့ management skills တွေတိုးတက်ချင်ပါသလား?

☪️အစ္စလာမ့်အသိပညာ‌ဖြန့်‌ဝေမှုတွေကို တစ်ဖက်တစ်လှမ်းက အထောက်ကူပေးချင်ပါသလား?

👉 ဒါဆိုရင်တော့ IIB ကအခုဖွင့်ထားတဲ့ part-time Secretary position ကိုလျှောက်ဖို့အသင့်တော်ဆုံးပါပဲ 🤩
👉အဓိက လုပ်ဆောင်ရမှာတွေကတော့ IIB အဖွဲ့အစည်းအတွင်း လိုအပ်သောအစည်းဝေးများစီမံခန့်ခွဲခြင်း‌နှင့် သက်ဆိုင်ရာဌာနများနှင့်အဖွဲ့ဝင်များအကြားဆက်သွယ်မှုများတို့ကို စနစ်တကျဖြစ်စေဖို့ ကူညီရမှာပဲဖြစ်ပါတယ်🗂️

ဒီ positionလေးကို စိတ်ဝင်စားရင်တော့ အသေးစိတ်ကို ဒီ link ထဲမှာ ဝင်ရောက်ကြည့်ရှုပြီး လျှောက်ထားနိုင်ပါတယ်ရှင်👇

⛓️‍💥Link: https://forms.gle/KTJgwDkAqg3SHFrc8

❗️Application Deadline: November 30, 2024

“ဖတ်မှတ်လေ့လာ သုံးသပ်ပါ၊ အစ္စလာမ်အသိပညာ” ~ ISLAMIC INSTITUTE OF BURMA 🌙
#jobvacancy #iib #jobposting #job #volunteering #parttime

Islamic Institute of Burma

19 Nov, 14:25


🗺️အေဒီ၇၅၀၊ အွမ်မေယာဒ်အင်ပါယာ၏မြေပုံ

မုအာဝိယဟ်(ရသွေ့)ဦးဆောင်သော အာရဗ်အွမ်မိုင်ယာမျိုးနွယ်စုတို့ တည်ထောင်ခဲ့သည့် အွမ်မေယာဒ်အင်ပါယာသည် ကမ္ဘာ့သမိုင်း၏ ပထမဦးဆုံး မွတ်စလင်မ်မင်းဆက် ဖြစ်သည်။ ဤအင်ပါယာသည် စပိန် မှ အိန္ဒိယတိုက်ငယ်အထိ ကျယ်ဝန်းခဲ့ပြီး ကာလသက်တမ်းအားဖြင့် နှစ်ပေါင်း(၁၀၀)တောင် မပြည့်ပါဘူး။ မြို့တော်သည် ဆီးရီးယားရှိ Damasucsတွင် အခြေပြုပြီး ကမ္ဘာ့အကြီးဆုံးအင်ပါယာစာရင်းတွင် တစ်ခုအပါအဝင်အဖြစ် မှတ်တမ်းတင်ခြင်းခံခဲ့ရသည်။

📌အင်ပါယာပျက်သုဉ်းပြီးနောက် အွမ်မေယာဒ်တော်ဝင်မင်းသားတစ်ပါးသည် စပိန်သို့ထွက်ပြေးကာ ထိုဒေသတွင် အွမ်မေယာဒ်ပြည်ကို တည်ထောင်၍ မင်းဆက်ကို ဆက်လက်ရှင်သန်စေခဲ့သည်။

(📕Reference - Britannica)

📷 - Renovatio: The Journal of Zaytuna College

✍️ Content Contributed by Sitt Hmu Naing(Vice-President)

#umayyadempire #map #islamichistory #islamicinstituteofburma #iib

Islamic Institute of Burma

18 Nov, 14:12


မာလီအင်ပါယာ နှင့် ဘုရင်မန်ဆာမူစာ

📌အစ္စလာမ့်သမိုင်းအကြောင်း တင်ပြရင် လူအများစုက အနောက်အာဖရိကဒေသ ကို မေ့နေတတ်ကြပါတယ်။ အစ္စလာမ်ဘာသာရေး ပညာရပ်ဟာ မာလီရဲ့ Timbuktuမြို့မှာ အကြီးအကျယ်ထွန်းကားခဲ့တယ်။ ဘယ်လောက်အထိ အဆင့်မြင့်ခဲ့သလဲဆိုရင် တချို့ မွတ်စလင်မ်တွေဟာ Timbuktuမှာ ပညာသင်ဖို့ အရည်အချင်းမပြည့်ခဲ့လို့ တခြားဒေသမှာ အတန်းပြန်တက်ခဲ့ရတဲ့ အဖြစ်မျိုးတွေတောင် ရှိခဲ့ဖူးတယ်။

📌အစ္စလာမ်ထွန်းကားခြင်းကြောင့် နိုင်ငံခြားသားမွတ်စလင်မ်တွေကိုပင် ဆွဲဆောင်နိုင်ခဲ့တယ်။ အစ္စလာမ်ဟာ မာလီကို ကုန်သည်တွေ မှ တဆင့် ပျံ့နှံ့ခဲ့တယ်။ ဒီမွတ်စလင်မ်အင်ပါယာဟာ ကုန်သွယ်ရေးတစ်ခုတည်း အားကောင်းတာမျိုးတော့ မဟုတ်ဘူး။ ရွှေလည်း အင်မတန်ထွက်တာကြောင့် အရမ်းချမ်းသာခဲ့တယ်။ မာလီဘုရင် မန်ဆာမူစာ ဟာ လူသားသမိုင်းတွင် အချမ်းအသာဆုံးလူဖြစ်ခဲ့ပြီး ဘာသာရေးကိုင်းရှိုင်းသူ တစ်ဦးလည်း ဖြစ်တယ်။ ချမ်းသာကြွယ်ဝမှုကြောင့် ဗလီတွေ စာကြည့်တ်ိုက်တွေ တည်ဆောက်ခဲ့တယ်

📌ဆား ၊ ရွှေ ၊ ဆင်စွယ် ၊ ကြေးနီ နှင့် တခြားအရာများစွာ အရောင်းအဝယ်လုပ်တာကို သိရသည်။ မာလီအင်ပါယာဟာ အေဒီ ၁၂၄၀ မှ ၁၆၀ဝ ဝန်ကျင်း အထိ ရှိခဲ့ပြီး ၁၄၆၀ဝန်ကျင်းကာလတွေမှာ ပြည်တွင်းစစ်တွေကြောင့် အာဏာကျဆင်းခဲ့ရတယ်။

မန်ဆာမူစာ နှင့် ၎င်းရဲ့ စိတ်ဝင်စားစရာကောင်းသော ဟာဂ်ျခရီးစဥ်အကြောင်းကို အနည်းအငယ်တင်ပြပါရစေ။

📌 အထက်ပါတင်ပြခဲ့သည့်အတိုင်း မာလီအင်ပါယာ(Mali Empire)ရဲ့ဘုရင်မန်ဆာမူစာ(၁၃၁၂-၁၃၇၇)ကို TIMEက လူသားသမိုင်းတွင်အချမ်းသာဆုံးလူဟုသတ်မှတ်ထားသည်။ ဘာသာရေးကိုင်းရှိုင်းတဲ့မွတ်စလင်တစ်ယောက်ဖြစ်သည့် ဘုရင်သည် ဟာဂ်ျ(Hajj)ခရီးစဉ်ကို ၁၃၂၄ခုနှစ်မှာ စတင်ပါတော့တယ်။

📌ခရီးစဉ်မှာအလုပ်သမား၁၂,၀၀၀ (တစ်ဦးချင်း ရွှေ၄ပေါင်နှင့်ပိုးထည်များ၀တ်ဆင်ထားတယ်။) ပါ၀င်သည်။ ကုလားအုတ်အကောင်၈၀က တစ်ကောင်ဆီမှာ ရွှေဖုန် ပေါင်၅၀ -၃၀၀၀န်ကျင်းပါ၀င်တယ်။ လမ်းပေါ်မှာတွေ့တဲ့မရှိဆင်းရဲသားများကို လှူဒါန်းခဲ့တယ်။ ခရီးစဉ်က အင်မတန်ကိုမော်ကွန်းတင်လောက်ပါတယ်။ ဘာကြောင့်လဲဆိုတော့တိုင်းတပါးမှယူဆောင်လာတဲ့ ထူးခြားဆန်းကြယ်တဲ့အကောင်တွေ နှင့် လူတွေအတူလိုက်ပါလာလို့ပါ။ မြင်သူငေးရတာအမှန်ပါပဲ။

📌ဘုရင်ကြီး Meccaမြို့ကိုမသွားခင် အီဂျစ်ရောက်တော့ မြို့တော်Cairoက မာမ်လုခ် ဆူလ်တန်(ဘုရင်) ကိုတွေ့ဖို့ငြင်းဆန်ခဲ့သည်။ အကြောင်းရင်းကတော့ဒီလိုပါ။ ရိုးရာအရ ဆူလ်တန်ကိုဦးချရပါတယ်။ ဘုရင်မူဆာကတော့ အလ္လာဟ်ကိုဘဲ ဦးချပါတယ်လို့ဆိုပါတယ်။ အီဂျစ်ကိုအုပ်ချူပ်တဲ့ မာမ်လုခ်(Mamluk) အစိုးရရဲ့အရာရှိတွေကိုယ်တိုင် ဘုရင်မူဆာဟာ ကုရ်အာန်ကျမ်းကိုကောင်းစွာသိရှိပြီးတော့ ဝတ်ပြုချိန်အလွန်တိကျတယ်လို့၀န်ခံထားပါသည်။ မာမ်လုခ်တွေကိုအထင်ကြီးစေခဲ့ပါတယ်။

📌 အီဂျစ်မှာရှိတဲ့ အစိုးရ၀န်ထမ်းတွေ၊ဆင်းရဲသားတွေနဲ့ပညာရှင်တွေကိုရွှေတွေလွန်စွာလှူဒါန်းခဲ့တာကြောင့် အီဂျစ်ရွှေစျေးကွက်မှာစျေးတွေကျပြီး နိုင်ငံရဲ့စီးပွားရေးကို နှစ်ပေါင်းမျာစွာထိခိုက်ခဲ့ပါတယ်။ ယခုလိုလှူဒါန်းပုံကိုကြည့်ရင် ဘုရင်မူဆာကို TIMEကနံပါတ်တစ် အချမ်းသာဆုံးအဖြစ်သမိုင်းတွင်သတ်မှတ်ခဲ့တာဟာသိပ်မဆန်းလှပါဘူး။

📕Reference(ကိုးကား)

- Ancient History Encyclopedia
- The World History by Holt Social Studies
- TIME Magazine
- Lost Islamic History by Firas Alkhateeb

✍️Content Contributed by Sitt Hmu Naing(Vice-President)

#maliempire #map #traderoute #islamichistory #islamicinstituteofburma #iib

Islamic Institute of Burma

11 Nov, 13:08


Hiring: Part-Time Talent Acquisition Specialist❗️

👏🏼Talent Acquisition Specialist တစ်ယောက် အနေနဲ့ IIB ရဲ့ အရေးပါတဲ့ ကဏ္ဍတစ်ခုမှာ တာဝန် ထမ်းဆောင်ဖို့ စိတ်ဝင်စားပါသလား

🫱🏼‍🫲🏽HR Team နဲ့ အတူလက်တွဲ၍ Hiring Process မှာပါဝင်တဲ့ အလုပ်ခေါ်စာ၊ လျှောက်လွှာ၊ အင်တာဗျုး စတာတွေ အတွက်စီစဉ်ပြီး candidate တွေနဲ့ communicate လုပ်ရတာ၊ new member တွေ onboarding process မှာ ပါဝင်ကူညီပေးရတာ တွေကို လုပ်ဆောင်ရမှာ ဖြစ်ပါတယ်ရှင် 💪🏼

💼စိတ်ဝင်စားတယ်ဆိုရင်တော့ အောက်က link လေးကနေ အသေးစိတ်ဝင်ကြည့်လေ့လာပြီးလျှောက်ထားနိုင်ပါတယ်နော်😉

🔗 Link: https://forms.gle/H8cMCmjwvnG6Avm99

‼️Application Deadline: 30th Nov 2024

“ဖတ်မှတ်လေ့လာ သုံးသပ်ပါ၊ အစ္စလာမ့်အသိပညာ” ~ ISLAMIC INSTITUTE OF BURMA 🌙

#jobvacancy #iib #jobposting #job #volunteering #parttime

Islamic Institute of Burma

10 Nov, 13:16


ဒလာအေလုလ် ခိုင်ရားသ်

📝 ၁၈၁၆ ခုနှစ်မှာရေးသားခဲ့သည့် ဒလာအေလုလ် ခိုင်ရားသ် အမည်ရှိစာအုပ်ပါ။ စာအုပ်ကို သစ်‌ဆေးဖြင့် လှပခိုင်ခန့်စွာ ချုပ်လုပ်ထားပြီး ယခုအခါ အမေရိကန်နိုင်ငံ၊ ယေးလ်တက္ကသိုလ် ပြတိုက်ထဲတွင် ပြသထားပါသည်။

📖 ဤစာအုပ်တွင် ကိုယ်တော်မြတ် ﷺ ကို ချီးမွမ်းသည့် ကဗျာများ၊ စလာဝသ်များကို ရေးသာထားပြီး စတင်ရေးသားခဲ့သူမှာ ၁၅ ရာစုမှမော်ရိုကိုနိုင်ငံသား နာမည်ကျော် ဆူဖီပညာရှင် ရှိခ်မိုဟမ္မဒ် အလ်ဂျဇူလီ ဖြစ်သည်။ယခုအချိန်ထိ အာဖရိက၊ အာရှ နှင့် အာရဗ်နိုင်ငံအများအပြားတွင် ဤစာအုပ်ကို ရွတ်ဖတ်လေ့ရှိကြပြီး ကုရ်အာန်ကျမ်းတော်မြတ်ပြီးလျှင် အစ္စလာမ့်ကမ္ဘာ ဒုတိယအများဆုံး ရိုက်နှိပ်ရသည့် စာအုပ်လည်းဖြစ်သည်။

📖 Source - Dalail Al Khayrat

✍️ Content posted by Syed Saleh Noor (Contributor)

#DalailAlKhayrat #Salawat #BlessingsOnTheProphet #IslamicPrayers #spiritualreflections #islamicinstituteofburma #iib

Islamic Institute of Burma

09 Nov, 14:17


အနောက်အာဖရိက၏ သူတော်စင်ပညာရှင် အွစ်မာန်ဒန်ဖူဒီယို ပြုစုခဲ့သည့် ကျမ်း

📕ဤကျမ်း - "Usul al-Adl" သည် ခေါင်းဆောင်၊ ဘုရင် နှင့် အစိုးရလူကြီးများ တရားမျှတစွာအုပ်ချုပ်ရန်အတွက် အခြေခံကျသော အချက်များကို ရေးသားတင်ပြထားသည့် ကျမ်းဖြစ်သည်။ ကျမ်းရှင်သည် အစ္စလာမ်ဘာသာရေးပညာရှင်ဖြစ်ပြီး အေဒီ၁၈၀၄၊ အနောက်အာဖရိကအရပ်တွင် ဆိုကိုတိုခိလာဖသ် နိုင်ငံတော်အား တည်ထောင်ခဲ့သည်။ အွစ်မာန်သည် ဒေသအတွင်းရှိ မွတ်စလင်မ်များကို ဘာသာရေးအရ နိုးကြားမှုများပြုလုပ်ကာ မွတ်စလင်မ်များကို ဖိနှိပ်ခဲ့သည့် ဘုရင်များကို တိုက်ခိုက်ခဲ့သည်။

📌မွတ်စလင်မ်ထုကို စည်းရုံးနိုင်ပြီး မင်းဆိုးမင်းညစ်များကို တော်လှန်ကာ တည်ထောင်ခဲ့သည့် ဆိုကိုတိုခိလာဖသ်သည် ၁၈၀၄ မှ ၁၉၀၃ခုနှစ်အထိ ရှင်သန်ခဲ့ပါသည်။

📷 - Usul al-Adlကျမ်း၏ လက်ရေးစာမူ

📕Reference

- Sacred Footsteps

✍️Content Contributed by Sitt Hmu Naing(Vice-President)

#westafricanart #africanheritage #westafricanculture #folioart #africanhistory #islamicinstituteofburma #iib

Islamic Institute of Burma

07 Nov, 13:03


အစ္စလာမ်ဟာ ဖိုဝါဒီကြီးစိုးတဲ့သာသနာလား

ဒီမေးခွန်းအတွက် ကုရ်အာန်မှာ အလ္လာဟ်အရှင်မြတ်ကိုယ်တော်တိုင်အဖြေပေးပြီးသားဖြစ်ပါတယ်။

يَا أَيُّهَا النَّاسُ إِنَّا خَلَقْنَاكُم مِّن ذَكَرٍ وَأُنثَىٰ وَجَعَلْنَاكُمْ شُعُوبًا وَقَبَائِلَ لِتَعَارَفُوا ۚ إِنَّ أَكْرَمَكُمْ عِندَ اللَّهِ أَتْقَاكُمْ ۚ إِنَّ اللَّهَ عَلِيمٌ خَبِيرٌ


📌အကြင်လူသားအပေါင်းတို့… ငါအရှင်မြတ်သည် အသင်တို့ကို အမျိုးသားနှင့်အမျိုးသမီး (အာဒမ် အလိုင်ဟစ္စလာမ် နှင့် ဟဝါ အလိုင်ဟစ္စလာမ်) တို့မှတဆင့် ဖန်ဆင်းတော်မူခဲ့သည်။ ထို့နောက် ငါအရှင်မြတ်သည် အသင်တို့တစ်ဦးနှင့်တစ်ဦးအချင်းချင်းသိရှိကြစေရန်အလို့ငှာ အသင်တို့ကို အုပ်စုများနှင့်မျိုးနွယ်စုများအဖြစ်ပြုလုပ်တော်မူခဲ့သည်။ မုချ အလ္လာဟ်အရှင်မြတ်ထံတွင် အသင်တို့အနက်အမွန်မြတ်ဆုံးပုဂ္ဂိုလ်မှာ (ထိုအရှင်ကို) အကြောက်တရားအထားဆုံးသူသာဖြစ်သည်။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အကြွင်းမဲ့သိတော်မူသောအရှင်၊ သတင်းအလုံးစုံကိုသိရှိတော်မူသောအရှင်ဖြစ်၏။

📖ဤကုရ်အာန်အာယသ်မှတဆင့် အစ္စလာမ်သာသနာသည် အမျိုးသမီးများကိုဖိနှိပ်ထားသော၊ ဖိုဝါဒီကြီးစိုးသည့် သာသနာမဟုတ်ကြောင်း၊ မွေးရာပါဖိုမဖြစ်တည်မှုကြောင့် လူတစ်ဦးသည် အခြားလူတစ်ဦးထက် သာပိုမွန်မြတ်မှုမရှိကြောင်း နှင့် လူသားများအနက် အမွန်မြတ်ဆုံးသူမှာ အခြေအနေတိုင်းတွင် အရှင်မြတ်အပေါ်အကြောက်တရားထားပြီး အရှင်မြတ်ချမှတ်ထားသောအမိန့်များကို မိမိနှလုံးသားမှလက်ခံလိုက်နာဆောင်ရွက်သူသာဖြစ်ကြောင်း ထင်ရှားသည်။

📕Reference

سورة الحجرات ـ الآية ١٣

تفسير البغوى

✍️Content Contributed by Khatt Pann

#quran #islamicknowledge #femalerightsinislam #misunderstandings #islamicinstituteofburma #iib

Islamic Institute of Burma

06 Nov, 13:05


“အစ္စလာမ်သာသနာကို မနာလိုမုန်းတီးသော အချို့ပုဂ္ဂိုလ်များက တမန်တော်မြတ်သည် ဆွဟာဗဟ်သာဝကကြီးများအား လုယက်တိုက်ခိုက်ရန် သင်ကြားပေးခဲ့သည်ဟု မဟုတ်မလျား စွပ်စွဲရေးသားပြောဆိုကြ၏။ ယင်းသို့ပြောဆိုရေးသားခြင်းမှာ မလိုမုန်းတီးမှု၊ မိုက်မဲမှုကြောင့်သာဖြစ်ပေသည်။ အဘယ်ကြောင့်ဆိုသော် အစ္စလာမ်သာသနာတွင် လုယက်တိုက်ခိုက်ခြင်းသည် အလွန်ကြီးလေးသော အပြစ်ဖြစ်သည်။ မည်သည့်အရေးတော်၌မျှ သာဝကကြီးများက လုယက်တိုက်ခိုက်ခဲ့ကြသည်ဟူ၍ အလျင်းမရှိပေ။”

– အထင်ကရမြန်မာအစ္စလာမ့်ပညာရှင် ဃာဇီမုဟမ္မဒ်ဟာရှင်မ် မှ ဗဒရ်စစ်ပွဲမတိုင်မီ မွတ်စလင်မ်တွေကို ဖိနှိပ်ခဲ့တဲ့ ကုရိုင်းရှ်တွေရဲ့ကုန်ယာဉ်တန်းကို တမန်တော်မှ စီနင်းရန် အမိန့်ပေးခဲ့မှုနဲ့ပတ်သက်ပြီး ချေပခဲ့ပုံ

📕Source

- ဃာဇီမုဟမ္မဒ်ဟာရှင်မ်၊ တမန်တော်မြတ်

✍️Posted by Sitt Hmu Naing (Vice-President)

#gazihashim #caravanraiding #myanmarmuslimscholar #islaminmyanmar #prophet #companions

Islamic Institute of Burma

04 Nov, 13:37


🗺️ဒါကတော့Satelliteမပေါ်ခင် ၁၈၀၃ခုနှစ်ကအော်တိုမန်အစိုးရထုတ်ဝေခဲ့တဲ့ မွတ်စလင်မ်ကမ္ဘာရဲ့ပထမဦးဆုံးခေတ်သစ် ကမ္ဘာ့မြေပုံစာအုပ်ပါ။

📕မွတ်စလင်မ်ကမ္ဘာမှာ တခြားမြေပုံတွေအသီးသီးရှိခဲ့ပေမဲ့ ဒီCedid Atlasဆိုတဲ့စာအုပ်ကို ဥရောပအရင်းအမြစ်အချက်အလက်များကို အခြေခံပြီး ထုတ်ဝေခဲ့တာဖြစ်ပါတယ်။ ယခုပုံကတော့ Cedid Atlasထဲက အာဖရိကတိုက် ဖြစ်ပါတယ်။

(📷 - Cedid Atlas)

🖋️Posted by Sitt Hmu Naing(Vice-President)

#cedidatlas #europe #islamichistory #map #islamicinstituteofburma #iib

Islamic Institute of Burma

03 Nov, 14:18


https://youtu.be/PMQIacRiYGo?si=y6JqtEop7mOEPCaA

Islamic Institute of Burma

02 Nov, 13:29


🌟IIB မှ မကြာခင်ကထွက်ရှိထားတဲ့ “အခြေခံ အစ္စလာမ့်သမိုင်း” စာအုပ်မှ စိတ်ဝင်စားစရာကောင်းတဲ့ အကြောင်းအရာအချို့ကို တင်ပြပေးချင်ပါတယ်။

📌အုမရ်(رضي الله عنه ) ရွေးချယ်ပေးခဲ့သော ဆွဟာဗာကြီး (၆) ပါးအနက် အွစ်မားန်(رضي الله عنه ) သည် တတိယမြောက် ခလီဖာအဖြစ် ရွေးချယ်တင်မြှောက်ခံရသည်။ ချမ်းသာကြွယ်ဝပြီး သဒ္ဒါတရားထက်သန်သော အွစ်မားန် ( رضي الله عنه) သည် တမန်တော်မြတ် (ﷺ) ၏သမက်တော်တစ်ဦးဖြစ်သည်။
📌သာသနာ့အကျိုးအတွက် မိမိ၏ ငွေကြေးဥစ္စာများစွာကို သုံးစွဲခဲ့သူဖြစ်သည်။ အွစ်မားန် ( رضي الله عنه) ၏ အုပ်ချုပ်မှုကာလတွင် အစ္စလာမ့်စစ်တပ်သည် အာမေးနီယား၊ ခိုရာစာန်၊ ကာမန်၊ အဇာဘိုင်ဂျန်၊ အလ်ဆာ့စ် စသည့်ဒေသများနှင့် ဆိုက်ပရက်စ်ကျွန်းတို့ကို အောင်နိုင်ခဲ့သည်။
📌ခလီဖာကြီးအွစ်မားန် ( رضي الله عنه) လက်ထက်တွင် ပထမဆုံးအစ္စလာမ့်ရေတပ် တည်ထောင်ခဲ့သည်။

ခုလိုစိတ်ဝင်စားစရာကောင်းတဲ့ အစ္စလာမ့်သမိုင်းဖြစ်ရပ်များကို ပိုမိုသိရှိလေ့လာနိုင်ရန်အတွက်”အခြေခံ အစ္စလာမ့်သမိုင်း” စာအုပ်ကို IIB ၏ message box မှတစ်ဆင့် ဆက်သွယ်ဝယ်ယူနိုင်ပါပြီ။

စာအုပ်အရေအတွက် အနည်းငယ်ပဲ in-stock ရှိတာကြောင့် အခုပဲမှာယူလိုက်ပါနော် 💗

🏷️ အခြေခံ အစ္စလာမ့်သမိုင်း စာအုပ် - ၈၅၀၀ ကျပ်/တစ်အုပ် (Delivery feesအား သီးသန့်ပေးဆောင်ရမည်။)

📲 စာအုပ်ဝယ်ယူလိုပါက IIB ၏ Facebook Messengerတွင် မိမိ၏ နာမည်၊လိပ်စာ၊ ဖုန်းနံပါတ်ကိုပေး၍ ဆက်သွယ်ဝယ်ယူနိုင်ပါတယ်။

🚚 ရန်ကုန်မြို့အတွင်း နှင့် အခြားမြို့များကို ငွေကြိုရှင်းစနစ်ဖြင့် ပို့ပေးမှာပဲဖြစ်ပါတယ်။

#iib #islamic #history #bookforsale #burma

Islamic Institute of Burma

02 Nov, 05:54


ရှေးဦး‌ အမေရိကန်မွတ်စလင်မ်များ

📌၁၆၀၇ခုနှစ်၊ Virginiaကုမ္ပဏီက Jamestownကိုလိုနီမတည်ထောင်ခင် မွတ်စလင်မ်တွေဟာ ရာစုနှစ်တစ်ခုစော၍ အမေရိကားကို ရောက်ရှိနေပါပြီ။ မွတ်စလင်မ်တွေဟာ ပရိုတက်စတင့်ခရစ်ယာန်တွေထက် စော၍ အမေရိကန်မြေပေါ်မှာ အခြေချခဲ့ရုံတင်မက ပရိုတက်စတင့်အယူဝါဒ မပေါ်ခင်ကတည်းက မြောက်အမေရိကားမှာ ရှိနေပါပြီ။ ဒီအချက်က လူသိနည်းသည့် အချက်ဖြစ်ပါသည်။

📌သမိုင်းအထောက်အထားတချို့အရ အနောက်အာဖရိက က မွတ်စလင်မ်တွေသည် ၁၅၀၃ခုနှစ်လောက်ကတည်းက အမေရိကားကို ရောက်ရှိနေပါပြီ။ ၁၅၂၇ခုနှစ်တွင် မွစ်တဖွာဇိမိုရ်ရီသည် မော်ရိုကိုကနေ မြောက်အမေရိကားတိုက်ရှိ Floridaသို့ ကျွန်အဖြစ် အတင်းအဓမ္မပို့ဆောင်ခြင်း ခံခဲ့ရသည်။ ၁၇၃၁တွင် ဗြိတိသျှတို့ဖမ်းဆီး ကျွန်ပြုခဲ့သည့် အနောက်အာဖရိက က ပညာတတ်မွတ်စလင်မ်တစ်ဦးဖြစ်သည့် Ayuba Suleyman Dialloကို Marylandက ကျွန်ပိုင်ရှင်တစ်ဦးထံ ရောင်းစားခဲ့သည်။

📌၁၅၈၃ခုနှစ်တွင် New Spain၏Copala(ယနေ့ခေတ်Mexico)တွင် နေထိုင်နေသည့် Francisco Lopez Africanoသည် အာရဗီဘာသာစကားဖြင့် ညအချိန်တွင် ဝတ်ပြုနေတာကို တွေ့ရှိသွားသည်ဟု သိရသည်။ အစ္စလာမ်ဘာသာကို အမေရိကားရှိ စပိန်ကိုလိုနီတွင် တိုးတိုးတိတ်တိတ်ကျင့်သုံးခဲ့ရသည်။

📌၁၇၉၁ Georgiaသတင်းစာကြေညာတွင် ထွက်ပြေးသွားတဲ့ ကျွန်တစ်ဦး၏နာမည်ကို “Jeffary (သို့) အိဘရာဟင်မ်”ဟု ဖော်ပြထားသည်။ မူရင်းအာရဗီနာမည်ရှိသည့် အာဖရိကတိုက်က မွတ်စလင်မ်ကျွန်တွေကို နာမည်ပြောင်းပစ်သည့် သာဓကတွေ ရှိခဲ့သည်။ ၁၉ရာစု Georgiaတရားရုံးမှတ်တမ်းတချို့မှာ မွတ်စလင်မ်တချို့ပေးလေ့ရှိသည့် အာရဗီနာမည်တွေကို တွေ့ရသည်။

📌အမေရိကန်ကျွန်စနစ်တွင် မွတ်စလင်မ်တွေရှိခဲ့သည်ဟု ကျွန်တော်တို့ ကောင်းကောင်းကောက်ချက်ချနိုင်ပါသည်။ ဒါတွေကို လေ့လာကြည့်ရင် အစ္စလာမ်ဘာသာသည် အမေရိကန်ပြည်ထောင်စုမတည်ထောင်ခင် ကိုလိုနီခေတ်ကတည်းက ဒီဒေသမှာ ရှိနေခဲ့တာကို သိရပါသည်။

📷 - ဗြိတိသျှလက်အောက်ရှိ Jamestownကိုလိုနီ (ယနေ့ခေတ် Virginiaပြည်နယ်တွင် ရှိသည်။)

📕Reference

– သမိုင်းပညာရှင် Sam Haselbyရေးသားတဲ့ Muslims of early Americaဆောင်းပါး

– Britannica

– Lost Islamic History

✍️Content Contributed by Sitt Hmu Naing(Vice-President)

#muslimsinamerica #earlyamericanmuslims #islamichistory #religion #history #islamicinstituteofburma #iib

Islamic Institute of Burma

31 Oct, 13:04


အသင်သိပါသလား။ Do you know?

📌မွတ်စလင်မ်စစ်တပ်က ပါရှန်း Sasanidအင်ပါယာကို အေဒီ ၆၅၁မှာ အဆုံးသတ်လိုက်နိုင်ပေမဲ့ ပါရှန်လူမျိုးအများစုဟာ အစ္စလာမ်ဘာသာကို မျိုးဆက်ပေါင်းများစွာကြာမြင့်ပြီးနောက်မှ ကူးပြောင်းလက်ခံခဲ့ကြသည်။

📌 အေဒီ၇၀၀ပြည့်နှစ်များ၏ အချိန်ကာလတစ်ခုတွင် မွတ်စလင်မ်အွမ်မေယာဒ် အင်ပါယာရဲ့ လူဦးရေ (၁၀%)သာလျင် အစ္စ လာမ်ဘာသာဝင်များ ဖြစ်ကြသည်ဟု ခန့်မှန်းထားပြီး ကျန်(၉၀%)မှာ ဘာသာခြားများဖြစ်နေသည်။

📕Reference(ကိုးကား)

- Al-Khalili, Jim. The House of Wisdom: How Arabic science saved ancient knowledge and gave us the renaissance
- Alkhateeb, Firas. Lost Islamic History: Reclaiming Muslim cilvilisation from the past

✍️Content Contributed by Sitt Hmu Naing(Vice-President)

#sasanidempire #islaminpersia #spreadofislam #islamichistory #islamicinstituteofburma #iib

Islamic Institute of Burma

29 Oct, 13:02


ပြည်သူတို့ကို ဦးစားပေးခြင်း ရိုးရာ

📌အစောပိုင်း အော်တိုမန်အင်ပါယာခေတ်တွင် ဘုရင်က ပြည်သူလူထုရဲ့ ပြဿနာများ နှင့် တိုင်ကြားချက်များကို ကိုယ်တိုင်နားထောင်လေ့ရှိသည်။

📌အော်တိုမန်ဘုရင် ပထမမြောက် Bayezidရဲ့ အီဂျစ်နွယ်ဖွား သမားတော် Shams al-Dinရဲ့ အဆိုအရ ဘုရင်က မနက်အစောပိုင်းတွင် ဆိုဖာခုံအမြင့်ပေါ်မှာထိုင်၍ ပြည်သူတွေထဲမှာ တိုင်ကြားစရာရှိတဲ့ မည်သူမဆို သူရှေ့မှောက်သို့ ကိုယ်တိုင်လာရောက်တင်ပြနိုင်ပါသည်။ ထိုကဲ့သို့ တိုင်ကြားလာသည့် ကိစ္စရပ်များကို ချက်ချင်းဆိုသလို စီရင်ဆုံးဖြတ်ပေးသည်။ ပြည်သူတွေရဲ့ နှစ်နာမှုများကို ထိုဘုရင်က ကိုယ်တိုင်နားထောင်၍ ဖြေရှင်းပေးလေ့ရှိသည်။

📌အော်တိုမန်ဘုရင်တချို့သည် ပြည်သူလူထုရဲ့အခက်အခဲများကို နားထောင်ပေးပြီး စီရင်ဆုံးဖြတ်ရတာကို သူတို့အတွက် အရေးပါသည့်ရိုးရာဓလေ့တစ်ခုအဖြစ် ရှုမြင်ကြသည်။

📕Reference
- The Ottoman Empire: The Classical Age by Halil Inalcik

📷 - အော်တိုမန်ဘုရင် ပထမမြောက် Bayezid(၁၃၆၀-၁၄၀၃)

(✍️Content Created by Sitt Hmu Naing)

Islamic Institute of Burma

28 Oct, 13:48


🏷️ 📚 “အခြေခံ အစ္စလာမ့်သမိုင်း” စာအုပ်ကို IIBမှာ ဝယ်ယူနိုင်ပါပြီ 💙

ဒီစာအုပ်ကို ဘယ်သူရေးထားတာလဲ။

✍️ စာရေးသားသူကတော့ IIB တွင် သမိုင်းအကြောင်းအရာများရေးသားလျက်ရှိသည့် Content Contributorအဖြစ်တာဝန်ထမ်းဆောင်နေသူ ဆရာMuhammad Imranပဲဖြစ်ပါတယ်။

🕌 ဆရာ 𝗜𝗺𝗿𝗮𝗮𝗻သည် ဂျာမေအသွလ်ကောင်စရ် (မြစ်ငယ်) အစ္စလာမ့်သာသနာရေးပညာသင်ဌာနကနေ မော်လဝီဘွဲ့ရရှိခဲ့တယ်။ မန္တလေးမြို့ရှိ မဒ်ရဆာအဗူဗက်ရ်အစ္စလာမီယာကျောင်းမှာ အရဗီစာပေ၊ အစ္စလာမ့်သမိုင်း နှင့် အခြားသောအစ္စလာမ့်ရေးရာကဏ္ဍအသီးသီးကို သင်ကြားပေးနေတဲ့ဆရာအဖြစ်တာဝန်ထမ်းဆောင်နေပါတယ်။

ဒီစာအုပ်မှာ ဘာအကြောင်းတွေပါသလဲ

📝 ဒီစာအုပ်ထဲမှာ တမန်တ်ောမြတ်ခေတ်ကနေ ခေတ်အဆက်ဆက် အစ္စလာမ့်ကမ္ဘာမှာပေါ်ပေါက်ခဲ့တဲ့ အင်ပါယာတွေကို အခြေခံပြီးရေးထားတဲ့အပြင် အင်ပါယာတွေပေါ်ပေါက်လာပုံ၊ အင်ပါယာခေတ်မှာဖြစ်ခဲ့တဲ့အခြေအနေအသီးသီး အစရှိသဖြင့် ရေးသားပြုစုထားတာဖြစ်ပါတယ်။

ဒီစာအုပ်ကို ဘယ်သူတွေဖတ်သင့်လဲ

📖အစ္စလာမ့်သမိုင်းအကြောင်း ဘာမှမသိထားဘူးဆိုရင်တောင် ဒီစာအုပ်လေးကိုဖတ်ကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်။

💗 IIB ရဲ့စာဖတ်ပရိသတ်တွေရဲ့တောင်းဆိုမှုကြောင့် ရောင်းချပေးခြင်းဖြစ်ပါ၍ စာအုပ်အရေအတွက် အနည်းငယ်ပဲ in-stock ရှိတာကြောင့် အခုပဲမှာယူလိုက်ပါနော် 💗

🏷️ အခြေခံ အစ္စလာမ့်သမိုင်း စာအုပ် - ၈၅၀၀ ကျပ်/တစ်အုပ် (Delivery feesအား သီးသန့်ပေးဆောင်ရမည်။)

📲 စာအုပ်ဝယ်ယူလိုပါက IIB ၏ Facebook Messengerတွင် မိမိ၏ နာမည်၊လိပ်စာ၊ ဖုန်းနံပါတ်ကိုပေး၍ ဆက်သွယ်ဝယ်ယူနိုင်ပါတယ်။

🚚 ရန်ကုန်မြို့အတွင်း နှင့် အခြားမြို့များကို ငွေကြိုရှင်းစနစ်ဖြင့် ပို့ပေးမှာပဲဖြစ်ပါတယ်။

#iib #islamic #history #bookforsale #burma