Dernières publications de Islamic Institute of Burma (@islamiciburma) sur Telegram

Publications du canal Islamic Institute of Burma

Islamic Institute of Burma
Islamic Institute of Burma အဖွဲ့အစည်းသည် မြန်မာဘာသာစကားဖြင့် အစ္စလာမ့်ပညာရပ်များကို အလွယ်တကူလေ့လာစေနိုင်ဖို့ ရည်ရွယ်ထားတဲ့ non-profit အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။
2,273 abonnés
783 photos
6 vidéos
Dernière mise à jour 01.03.2025 09:17

Le dernier contenu partagé par Islamic Institute of Burma sur Telegram


🔔 Fiqh al-Siyām အတန်းလေးဟာ ယနေ့ ဖေဖော်ဝါရီလ ၁၄ ရက်နေ့ မှာ စတင်တော့မှာ ဖြစ်တဲ့အကြောင်း အားလုံးကို အသိပေး ကြေညာချင်ပါတယ်ရှင့်။

👩🏻‍🎓 ဒါ့ပြင် အတန်းဝင်ခွင့်ရရှိသူများအနေနှင့်လည်း အတန်းဝင်ကြေးများကို ယနေ့ ည၆နာရီ အချိန်ထိ နောက်ဆုံးထား ပေးသွင်းပြီး တက်ရောက်နိုင်ပါတယ်နော် 🤍

🎉 Fiqh al-Siyām အတန်းဝင်ခွင့်လျှောက်ထားသူများကို email မှတဆင့် ရလဒ်များ ကြေညာထားပြီး ဖြစ်တာကြောင့် email လေးစစ်ကြည့်ဖို့လည်း မမေ့နဲ့ဦးနော်❗️

သင်တန်းအကြောင်းအရာ အသေးစိတ်ကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်🔻🔻

📅 သင်တန်းရက် - ဖေဖော်ဝါရီ - ၁၄၊၁၅၊၁၆ နှင့် ၂၁၊၂၂၊၂၃ ရက်နေ့။
သင်တန်းအချိန် - ည ၇နာရီ မှ ၉ နာရီအထိ။
📍သင်တန်းနေရာ - Zoom Meeting။
🧾သင်တန်ကြေး - ၃,၅၀၀၀ ကျပ်။

“ဖတ်မှတ်လေ့လာ သုံးသပ်ပါ၊ အစ္စလာမ့်အသိပညာ” ~ ISLAMIC INSTITUTE OF BURMA 🌙

#masterclass #class #fiqhalsiyam #fasting #arabic #islamknowledge #muslim #myanmar #islamicinstituteofburma #iib #burma

ရှဗ်ဗေဗရာသ်ည.....

🌌ရှာအ်ဗာန် (၁၅)ရက်နေ့နဲ့ ပတ်သက်ပြီး လူအုပ်စုတချို့ အစွန်းရောက်ကြတာကို တွေ့ရတယ်။ အုပ်စု(၁)စုကတော့ ဗိဒ်အဟ် လုပ်ရပ်တွေကို မြောက်များစွာ တီထွင်လုပ်ဆောင်ကြပြီး သူတို့နဲ့ ဆန့်ကျင်ဘက်အုပ်စုကတော့ ဒီညမှာ အပိုဆောင်း၍ ဝတ်ပြုတာတွေ(နဖိလ်ဆွလာသ်)ကိုပါ ဗိဒ်အဟ်လို့ သတ်မှတ်လိုက်ကြတယ်။

📌အမှန်တရားက အစွန်းရောက်မှုနှစ်ဖက်ရဲ့ အလယ်မှာ တည်ရှိပါတယ်။ သေချာတာတစ်ခုကတော့ ရှာအ်ဗာန် (၁၅) ရက်နေ့ညသည် နှစ်တစ်နှစ်ရဲ့ အမြတ်ဆုံးညလုံးဝ မဟုတ်ပါဘူး။ ဒီညမှာ သီးသန့်လုပ်ဆောင်ရမယ့် ဘာသာရေးကျင့်သုံးမှုတွေနဲ့ ပတ်သက်ပြီး ခိုင်မာတဲ့ ဟဒီးစ်ဆင့်ပြန်ချက်များ မရှိပါ။ သို့ပေမဲ့ ဒါနဲ့ပတ်သက်ပြီး အားနည်းတဲ့ ဟဒီးစ်တချို့ရှိပါတယ်။ ကျွန်တော်တို့ သာသနာ့ပညာရှင်အများစုဟာ အပိုဆောင်၍ လုပ်ရတဲ့ ဘာသာရေးကျင့်စဉ်/လုပ်ဆောင်ချက်များကို ထိုအားနည်းတဲ့ ဟဒီးစ်များကို အသုံးပြုပြီး လုပ်ဆောင်တာကို လက်ခံထားတယ်။

📌မဇ်ဟဗ် (၄) ခုစလုံးရဲ့ အယူအဆရော၊ အစ္စလာမ့်ပညာရှင်အများစုရဲ့ ရပ်တည်ချက်ဟာ ဒီကိစ္စမှာ ရှင်းလင်းပြတ်သားပါတယ်။ ဒီညမှာ အပိုဆောင်း၍ ဝတ်ပြုတာတွေကို လုပ်ဆောင်ခြင်းဟာ မွန်မြတ်တယ်လို့ ယူဆထားကြတယ်။ ဒီပညာရှင်အများစုရဲ့အယူအဆရ ဒီညမှာ စုပေါင်းဝတ်ပြုတာတွေ လုပ်ဆောင်ဖို့ တိုက်တွန်းထားသလို တချို့ပညာရှင်တွေကတော့ တစ်ကိုယ်တည်း သီးသန့်ဝတ်ပြုပြီး စုပေါင်းဝတ်ပြုတာကို ရှောင်ဖို့ တိုက်တွန်းထားတယ်။

🌷ရှိုက်ခ်ခုလ်အစ္စလာမ် အိဗ်နုသိုင်မီယာ ကတော့..

လူတစ်ဦးဟာ တစ်ညလုံးကို သီးသန့်နေ၍ ဝတ်ပြုခဲ့သည်ရှိသော်၊ (သို့) စုပေါင်းဝတ်ပြုခြင်းမှာ ပါဝင်ဝတ်ပြုခဲ့သည်ရှိသော်၊ ဒါက ချီးမွမ်းထိုက်စရာလုပ်ရပ်ဖြစ်တယ်။ သို့ပေမဲ့ ဗလီမှာ rak'at အရည်အတွက်ကို ကိုယ်တိုင်သတ်မှတ်ပြီး ဝတ်ပြုတာမျိုး စူရဟ်တစ်ပုဒ်ကို အရည်အတွက် ဘယ်လောက်ဆိုပြီး သတ်မှတ်ပြီး ရွတ်ဆိုတာတွေကတော့ ဗိဒ်အဟ်တရားသစ်တီထွင်မှုဖြစ်တယ်လို့ မိန့်ဆိုထားတယ်။
(Majmū al-Fatawa, vol 23, p. 131-2.)

📌ဒီညမှာ တစ်ကိုယ်တည်း သီးသန့် ဇိကရ်လုပ်တာတွေ၊ အပိုဆောင်း၍ ဝတ်ပြုတာတွေကို မလုပ်ဖို့ မပြောသင့်ပါဘူး။ ပြီးတော့ ဒီညဟာ လိုင်ယ္လသုလ်ကဒရ်ညထက် ပိုမြတ်တယ်လို့ ယူဆတဲ့လူတွေရဲ့ အမှားကို ညှင်သာစွာ ပြုပြင်ပေးရပါမယ်။ အားနည်းတဲ့ ဟဒီးစ်တွေကို မလိုက်နာသင့်ဘူးလို့ ယူဆတဲ့လူတွေအနေနဲ့လည်း သူတို့ရဲ့အမြင်ကို ဆက်ပြီးလက်ခံထားလို့ရပါတယ်။ သို့ပေမဲ့ ဒီအမြင်ဟာ ပညာရှင်များအကြားတွင် လူနည်းစုအမြင်သာ ဖြစ်ပြီး ပညာရှင်အများစုကတော့ ဒါနဲ့ ဆန့်ကျင်ဘက် ဖြစ်ပါတယ်။

📌ကိုယ့်အမြင်ပေါ်မှာ ကိုယ်ရပ်တည်တာ ပြဿနာမရှိပါဘူး။ သို့သော် တစ်ချိန်ထဲမှာပဲ တခြားပညာရှင်များရဲ့အမြင်ကိုလည် လေးစားမှု ထားပေးကြဖို့လိုပါတယ်။

(📕မူရင်းရေးသားသူ - Dr. Yasir Qadhi)

🖋️ Translated by Sitt Hmu Naing

Edited by Zayyar Min Htet

🌷သဟဂ်ျဂျွဒ် Series လာပြီနော်…

🚨 Feburary (၁၅) ရက်နေ့မှစတင်ပြီး ကျနော်တို့ဟာ Video အပိုင်း (၆) ပိုင်းပါဝင်တဲ့ သဟဂျ်ဂျွဒ် Series ကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ ယခု Series ဟာ Yaqeen Institute မှဖြစ်ပြီး Dr.Tamara Gray က သဟဂျ်ဂျွဒ်အကြောင်းကို အပိုင်းလိုက် အသေးစိတ်တင်ပြထားပါတယ်။

🤔Dr. Tamara Gray က ဘယ်သူလဲ။

📌ဒေါက်တာ Tamara Gray ဟာ အစ္စလာမ့်ပညာရှင်တစ်ဦးဖြစ်ပြီး ပညာ‌ ရေးနယ်ပယ်မှာ (၂၅) နှစ်ကျော် အတွေ့အကြုံရှိသူတစ်ဉီးဖြစ်တယ်။ University of St. Thomas in St. Paul, MN မှ the Leadership, Policy and Administration program ဆိုင်ရာ doctorate ဘွဲ့ကို ရရှိထားပြီး လက်ရှိမှာတော့ Yaqeen Institute မှာ Senior Fellow အဖြစ် တာဝန်ထမ်းဆောင်လျက်ရှိတယ်။


သဟဂျ်ဂျွဒ်အကြောင်း အနည်းငယ်မိတ်ဆက်ရရင်

သဟဂျ်ဂျွဒ်၏ ဖွင့်ဆိုချက်

📌အဘိဓာန်မှာ သဟဂျ်ဂျွဒ်ဆိုတာ (ဂျဟဒ) ပုဒ်က‌နေလာတယ်။ အဓိပ္ပာယ်က အိပ်စက်ပြီး‌နောက် တဖန်ပြန်လည် နိုးကြားခြင်းဖြစ်တယ်။

ဝေါဟာရ အဓိပ္ပာယ်က‌‌တော့ အိပ်စက်ပြီးနောက် အလ္လာဟ်အရှင်မြတ်နဲ့ နီးကပ်ဖို့ ရည်စူးပြီး ပြန်လည်နိုးကြားကာ (ဆွလာဟ်) ဝတ်ပြုတည်‌‌‌ဆောက်ခြင်း ဖြစ်တယ်။

သဟဂျ်ဂျွဒ်၏ အမိန့်

📌သဟဂျ်ဂျွဒ်ရဲ့အမိန့်က ပြုလုပ်ပါက ပိုကောင်းသော (စွန္နဟ်) ဖြစ်တယ်။ တမန်တော်မြတ် (ဆွ) အပေါ်မှာ‌တော့ သဟဂျ်ဂျွဒ်ဟာ အရေးကြီး တာဝန်တစ်ရပ်ဖြစ်ခဲ့တယ်။ အလ္လာဟ်အရှင်မြတ်က တမန်တော်မြတ်(ဆွ) ကို သည်လို အမိန့်ပေးတော်မူခဲ့တယ်။

“ထို့ပြင် အသင်သည် ည၌ (သဟဂျ်ဂျွဒ်စွလာဟ်) ကိုလည်း အသင့်အတွက် ထပ်တိုးအဖြစ် ဆောက်တည်ပါ။ ကုရ်အာန် (၁၇:၇၉)

သဟဂျ်ဂျွဒ်၏ အချိန်

📌သဟဂျ်ဂျွဒ်ရဲ့အချိန်က အိရှာပြီးတဲ့အချိန်ကနေ (ဖဂျ်ရ် )အချိန် မဝင်ခင်အထိဖြစ်တယ်။ အမြတ်ဆုံးအချိန်ကတော့ ညရဲ့ ‌နောက်ဆုံး သုံးပုံတစ်ပုံ ဖြစ်တယ်။ အ‌ကြောင်းက အဲသည့်အချိန်မှာ အရှင်မြတ်က တောင်းဆုတော်တွေလက်ခံကြောင်း၊ လွတ်ငြိမ်းချမ်းသာခွင့်ပေးကြောင်းတွေ ကြေငြာတော်မူတဲ့အတွက်ကြောင့် ဖြစ်တယ်။ (ဘုခါရီနှင့် မွတ်စ်လင်မ်ကျမ်း)

သဟဂျ်ဂျွဒ်၏ ထွတ်မြတ်မှုနှင့်အကျိုးထူးများ

- အရှင်မြတ်နဲ့နီးကပ်နိုင်ပြီး သနားကြင်နာမှုကို ဆွတ်ခူးနိုင်ခြင်း
- (ကေယာမဟ်) ကမ္ဘာ့တရားခွင်နေ့တွင် အဆင့်တန်း မြင့်မြင့်ရရှိနိုင်ခြင်း
- တောင်ဆုတွေလက်ခံခြင်းခံရပြီး ခွင့်လွတ်ချမ်းသာခွင့်ကို ဆွတ်ခူးနိုင်ခြင်း
- ကိုယ်ရောစိတ်ပါ‌အေးချမ်းပြီး (အီမာန်) ယုံကြည်မှုတိုးမြင့်လာခြင်း စသည်တို့ပဲဖြစ်ပါတယ်။

🖋️Contributed by Sitt Hmu Naing & Zayar Min Htet

#iib #islam #deen #tahajjud #burmesemuslims

📚 Fiqh Al-Siyam Course Overview 👨‍🏫

ဒီသင်တန်းမှာ သင်ယူရမယ့် အဓိကအကြောင်းအရာများ -

• ဖန်ဆင်းရှင်၏ ဥပဒေပြဌာန်းချက်ထဲမှ (ဆွိယာမ်) ဥပုသ် စောင့်ထိန်းခြင်းဆိုင်ရာ အမိန့်တော်
• ဆွိယာမ် ဟူသည် အဘယ်နည်း?
• ဆွိယာမ်၏ ဖွင့်ဆိုချက်
• ဆွိယာမ် စောင့်ထိန်းခိုင်းရခြင်း၏ အမြော်အမြင် နှင့် လျှို့ဝှက်ချက်များ
• ရမသွာန်လ၏ ဆွိယာမ် အကြောင်း
• လပြဿနာ
• ဘယ်သူတ်ို့ အပေါ် ဆွိယာမ် တာဝန်ရှိသလဲ?
• ဆွိယာမ် တာဝန်မှ ကင်းလွတ်ခွင့် ရသူများ
• ဆွိယာမ်၏ ထောက်တိုင်များ
• ဆွိယာမ် ပျက်စေသော အရာများနှင့် မပျက်စေသော အရာများ
• ဆွိယာမ် စောင့်ထိန်းသူတို့ ဆောင်ရွက်သင့်သော အချက်များ
• နဖိလ် ဆွိယာမ်များ
• ဟရာမ် ဆွိယာမ် နှင့် မက္ကရူဟ် ဆွိယာမ်များ
• အိအ်သိကားဖ်အကြောင်း
စတဲ့ အကြောင်းအရာများနှင့် ပတ်သက်ပြီး သင်ကြားပေးသွားမှာ ဖြစ်ပါတယ်ရှင်

🌙ဒီသင်တန်းက ရိုဇာနှင့်ပတ်သက်သော စည်းမျဉ်းများ၊ ဗဟုတုတများ၊ ဆောင်ရန်ရှောင်ရန်နည်းလမ်းများကို နက်ရှိုင်းစွာ သင်ကြားပေးသွားမှာဖြစ်လို့ အသင့်ရဲ့ ရိုဇာကျင့်ကြံမှုကို ပိုမိုအကျိုးရှိစေမှာပါနော်👏🏼

Limited Spots Available
နေရာအကန့်အသတ်ရှိတဲ့အတွက် အမြန်ဆုံး စာရင်းပေးသွင်းလိုက်ပါဦးနော်🤍

🔗လျှောက်ထားရန်လင့်ခ်: https://docs.google.com/forms/d/e/1FAIpQLSehPpDUY6c3iDRP_73l20pbzbYqnxxxBUT-3Ch5olyY_M3pZw/viewform?usp=header

Session 1: Weekend
📅ဖေဖော်ဝါရီ - ၁၄၊၁၅၊၁၆ နှင့် ၂၁၊၂၂၊၂၃ ရက်နေ့

Session 2: Weekday
📅ဖေဖော်ဝါရီ - ၁၈၊၁၉၊၂၀ နှင့် ၂၅၊၂၆၊၂၇ ရက်နေ့
သင်တန်းအချိန် - ည ၇နာရီ မှ ၉ နာရီအထိ။
📍သင်တန်းနေရာ - Zoom Meeting။
🧾သင်တန်ကြေး - ၃,၅၀၀၀ ကျပ်။

“ဖတ်မှတ်လေ့လာ သုံးသပ်ပါ၊ အစ္စလာမ့်အသိပညာ” ~ ISLAMIC INSTITUTE OF BURMA 🌙

#masterclass #class #arabic #islamknowledge #muslim #myanmar #islamicinstituteofburma #iib

☪️ တမန်တော်မြတ်အတ္ထုပ္ပတ္တိ (အပိုင်း ၄၈) - အိုဟူဒ် စစ်ပွဲ အပိုင်း (၃) ဟမ်ဇဟ်သခင် ရှဟီးဒ်ဖြစ်ခြင်း | Dr. Yasir Qadhi

⚔️ အိုဟူဒ်စစ်ပွဲမှာ တမန်တော်မြတ်(ﷺ) ချစ်မြတ်နိုးရတဲ့ ဦးလေးဖြစ်သူ ဟမ်ဇဟ်သခင်လည်း ရှဟီးဒ်ဖြစ်ခဲ့ရပါတယ်။ ဟမ်ဇဟ်သခင်ရဲ့ ဝမ်းနည်းဖွယ် ရှဟီးဒ်ဖြစ်စဉ်နဲ့အတူ အခြားဆွဟာဗဟ်ကြီးတွေရဲ့ အိုဟူဒ်စစ်ပွဲမှာ ကြေကွဲဖွယ် ရှဟီးဒ်ဖြစ်စဉ်များကို ဒီနေ့အပိုင်းမှာ သိရှိရမှာဖြစ်ပါတယ်။

Credit: Dr. Yasir Qadhi YouTube Channel (https://www.youtube.com/@YasirQadhi)

🖋 Translated by: Ruwaida

#yasirqadhi #islamicinstituteofburma #islam #muhammad #prophetmuhammad #sirah #myanmarmuslim #myanmar #burma #muslim #myanmarnews

Link: https://youtu.be/g0JpVeoky1M?si=orGlIuBusnIKPc1B

အမှန်တရား၏ အင်အား

📌မြို့ဝန်ရဲ့မိန်းမက “တခါးတွေကို အခိုင်အမာ ပိတ်ထား”လိုက်တယ်။ ကုရ်အာန်ကသုံးထားတဲ့ ( غلّقت ) “တံခါးပိတ်ခြင်း” ဆိုတဲ့ပုဒ်မှာ “အခိုင်အမာ” ဆိုတဲ့ လေးနက်မှုနဲ့ သာပိုမှုပြ အနက်တွေ ပါဝင်နေပါတယ်။ သည်လိုတံခါး အခိုင်အမာပိတ်ထားကြောင်းကို မြို့ဝန်မိန်းမက ယူစွတ်ဖ်နဗီကို “လာပါ။ အသင့်အတွက် အဆင်သင့်ပါ”လို့ ခေါ်တဲ့ အချိန်မှာ ပြောခဲ့ပြီးသားဖြစ်တယ်။ သို့ပေမယ့် ရှေ့စာပိုဒ်မှာ အလ္လာဟ် အရှင်မြတ်က “ ထို့နောက် ထိုသူတို့နှစ်ဦးသည် တံခါးပေါက်ဆီသို့ သူ့ထက်ငါအလျင် ပြေးသွားခဲ့ကြသည်” လို့ပြောပြထားတယ်။

📌ဒီမှာ ယူစွတ်ဖ် နဗီဟာ တံခါး‌တွေ အထပ်ထပ် ပိတ်ထားတာကို အတိအကျ သိနေတာတောင် ဘာ့ကြောင့် တံခါးဆီ ပြေးသွားတာလဲ ဆိုတာကို စဉ်စားကြည့်ရင် အဖြေကရှင်းတယ်။ ‏ယူစွတ်ဖ်နဗီက အကြောင်းခံကို အသုံးချပြီး ကျန်တဲ့ကိစ္စ အလ္လာဟ် အရှင့်မြတ်လက်ကို အပြီး ဝကွက်အပ်လိုက်တာ။ ဒီအထိကရှင်းတယ်။ ဒါပေမယ့် ဒီဖြစ်စဉ်မှာ ထူးဆန်းတဲ့ အခင်းအကျင်းက တံခါးကို ကိုယ်တိုင် အထပ်ထပ် ပိတ်ထားပြီး အစောင့်တွေချထားတဲ့ မြို့ဝန် မိန်းမက တံခါးဆီ ဘာကြောင့်ပြေးသွားရတာလဲ ဆိုတာပါပဲ။

📌အဖြေကဘာလဲဆိုတော့ အမှန်တရားဘက်တော်သားတွေဟာ အလ္လာဟ်အရှင့်အပေါ် အပြည့်အဝ ယုံကြည်အားကိုးလိုက်တဲ့အခါ အမှားဘက်တော်သားတွေရဲ့ စိတ်ထဲ တိုးဝင်လာတဲ့ ကြောက်ရွံ့တုန်လှုပ်စိတ်ကြောင့်ပါပဲ။

📌ဒါ့ကြောင့် သူမက တံခါးဆီ အမောတကော ပြေးလာတာ။ လမ်းမှားက ဒီလိုပါပဲ။ သူ့မှာ ဘယ်လောက်ပဲ ခိုင်မာအာကောင်းတဲ့ အကြောင်းခံတွေ တသီကြီးရှိနေပါစေ၊ သူ့ဘက်မှာ ချိန်ခွင်လျှာစီးနေပါစေ ဘာအကြောင်းခံမှ ဆုပ်မိကိုင်မိစရာမရှိတဲ့ အမှန်တရားက လှုပ်ရှားလိုက်တဲ့အခါ အမှားဟာ ခြောက်ခြား သွားရတယ်။ တုန်လှုပ်သွားရတယ်။ အလ္လာဟ်အရှင်မြတ်ကလည်း မိန့်ထားတယ်မလား?

သို့သာမက ငါအရှင်မြတ်သည် အမှန်ကို အမှားအပေါ် ပစ်ပေါက်တော်မူသည်။ ထိုအခါ ထိုအမှန်တရားသည် အမှား၏ ဦးနှောက်ကို ထုတ်ပစ်လိုက်သည်။ ထိုအခါ ယင်းအမှားသည် ရုတ်တရက် ပျောက်ပျက်သွားပေသည်။ ကုရ်အာန် (၂၁:၁၈)

✍🏻Contributed by Zayar Min Htet

ကုရ်အာန်၏ ပထမဆုံးကျရောက်ခဲ့သော အမိန့်တော်

اقْرَأْ بِاسْمِ رَبِّكَ الَّذِي خَلَقَ۞خَلَقَ الإِنسَانَ مِن عَلَقٍ۞اقْرَأْ وَرَبُّكَ الأَكْرَمُ۞ الَّذِي عَلَّمَ بِالْقَلَمِ.۞عَلَّمَ
۞ الإِنسَانَ مَا لَمْ يَعْلَم

၁။ (အိုနဗီတမန်တော်) အသင်သည် မိမိအရှင်မြတ်၏ နာမည်တော်ဖြင့် (အစပြု၍) ဖတ်ပါလေ။

၂။ ထိုအရှင်မြတ်သည် လူသားကိုသွေးခဲဖြင့် ဖန်‌ဆင်းတော်မူခဲ့သည်။

၃။ (အိုနဗီတမန်တော်) အသင် ဖတ်ရွတ်ပါလေ။ စင်စစ် အသင့်ကို ဖန်ဆင်းတော်မူသော အရှင်မြတ်သည် အလွန်ရက်ရောစွာ ပေးကမ်းချီးမြှင့်တော်မူသော အရှင်မြတ်ပင်ဖြစ်သည်။

၄။ အကြင်အရှင်မြတ်သည် ကလောင်ဖြင့် သင်ကြားပေးတော်မူခဲ့၏။

၅။ ထိုအရှင်မြတ်သည်လူသားတို့အား ၎င်းတို့ မသိသောအရာများကိုသင်ကြားပေးတော်မူ၏။

တမန်တော်မြတ်(ဆွ) ထံကို ကျရောက်ခဲ့တဲ့ ကုရ်အာန်ကျမ်းတော်မြတ်ရဲ့ အမိန့်တော်တွေထဲက အလ္လာဟ်အရှင်မြတ် ပထမဦးဆုံး ချပေးခဲ့တဲ့အမိန့်က “အသင်ရွတ်ဖတ်ပါလေ” ဆိုတဲ့ စာပိုဒ်ဖြစ်ပါတယ်။ အဲ့တာကို ထောက်ရှုစဉ်းစားကြည့်ရင် အစ္စလာမ်သာသနာက ပညာရေးကို အထူးအလေးပေးကြောင်းနဲ့ ရှေ့တန်းတင်ထား‌ကြောင်းတွေကို သတိမူမိပါလိမ့်မယ်။
ပညာကသာလျှင် လူသားကို အမှောင်ထဲမှာ အလင်းဆောင်ပေးပြီး၊ အမှားကနေ အမှန်ကို ရှာပေးမယ့် တန်ဖိုးမဖြတ်နိုင်တဲ့အရာ ဖြစ်ပါတယ်။ လောကမှာရှိနေတဲ့ အမျိုးမျိုးသော ပညာတွေထဲကမှ နှစ်ဘဝ၊ နှစ်ဌာနအတွက် အကျိုးပြုပြီး လွဲမှားချွတ်ချော်မှု အဖုံဖုံတွေကနေ ကယ်ဆယ်ပေးနိုင်မယ့် ပညာက သာသနာ့ အသိပညာ ဖြစ်ပါတယ်။ သာ့သနာအသိပညာကို သင်ယူဖို့ကလည်း လူတိုင်းတွက် အသက်သွေးကြောတမျှ ‌အရေးကြီးလှပါတယ်။

နေ့စဉ်ပြုမူနေတဲ့ ကိစ္စသေးသေးလေးတွေကနေစလို့ ရောင်းခြင်း၊ ဝယ်ခြင်းတွေသာမက စစ်တိုက်ခြင်း၊ အုပ်ချုပ်ခြင်းပါမကျန် အရာရာဟာ တတ်မြောက်အောင် အရင်သင်ယူရပြီး‌တော့ စဉ်ဆက်မပြတ်လုပ်‌ဆောင်ရင်းက‌နေတိုးတက်‌တဲ့ အဆင့်ကို ရောက်လာပါတယ်။ အဲ့ဒီလိုပဲ ကျွန်ုပ်တို့ငယ်စဉ်မှာ ခဝပ်ဆည်းကပ်မှုတွေပြုနိုင်ဖို့ မိဘတွေက အခြေခံသာ့သနာ့ပညာကို အတတ်နိုင်ဆုံး ပေးဆပ်ပြီးသင်ကြားပေးခဲ့ကြပါတယ်။ ဒါပေမယ့် အဲ့ဒီ ပညာတွေဟာ ပြန်လည်မွမ်းမံခြင်း၊ ထပ်မံဖြည့်စွက်ဆည်းပူးခြင်း မပြုဘဲ တစ်သက်လုံး ထာဒီတိုင်း ထားလိုက်လို့မရပါဘူး။ ဒီလောက်နဲ့လည်း မလုံလောက်နိုင်ပါဘူး။

အဲ့တာကြောင့် (ဒီန်း) သာသနာ့ပညာကို နေရာဒေသမရွေး၊ အသက်အရွယ်တိုင်းမှာ စဉ်ဆက်မပြတ် လေ့လာနေဖို့လိုအပ်‌ပါတယ်။ ဒါတင်ပဲလားဆို မဟုတ်သေးပါဘူး။ တတ်သိထားသမျှ ( အိလ်မ်) အသိပညာတွေအပေါ်မှာလည်း လက်တွေ့လုပ်ဆောင်ဖို့ တာဝန်ကျန်ပါသေးတယ်။ မှားယွင်းမှာစိုးရိမ်လို့ အမှန်ကိုပါ ရှာဖွေလေ့လာမှု မပြုခြင်းဟာလည်း မှန်ကန်တဲ့ရွေးချယ်မှု တစ်ခုမဟုတ်ပါဘူး။ ဒါကြောင့် (ရှိုင်သွာန်) မိစ္ဆာက ဖြားယောင်းထားတဲ့ အတွေးဆိုးတွေကနေရုန်းထွက်ပြီး အစ္စလာမ့် ချစ်စိတ်ကို ရင်ဝယ်ပိုက်ရင်း (အိလ်မ်) သာသနာ့အသိပညာကို သင်ယူလေ့လာကြဖို့ကို IIB ကနေတိုက်တွန်းလိုက်ပါတယ်။

🔴Reference - ကုရ်အာန်အလင်းပြကျမ်း

✍🏻Contributed by Myat Thu Zar Lwin

#quran #teachings #islam #prophet #muslims

🤔အွမ္မုဆုလိုင်းမ် (ဝါ) ရူ‌မိုင်ယ်ဆွာအ် ဗင်န်သိ မိလ်ဟာန် က ဘယ်သူလဲ။

🎗️တမန်တော်မြတ်(ဆွ) ခေတ်အခါသမယက အမြော်အမြင်ကြီးတဲ့ ဆွဟာဗီယဟ် အမျိုးသမီးတွေထဲက မဒီနဟ်မြို့နေ အန်ဆွာရီတွေထဲမှာ ပထမဆုံး အစ္စလာမ်လက်ခံခဲ့တဲ့ အွမ္မုဆုလိုင်းမ် (ဝါ) ရူ‌မိုင်ယ်ဆွာအ် ဗင်န်သိ မိလ်ဟာန် (رضي الله عنها) သခင်မက တစ်ယောက်အပါအဝင်ဖြစ်ပါတယ်။

📒 သူမရဲ့ပထမအိမ်‌ထောင်က မာလိက် အိဗ်နူ နဒွရ် နဲ့ဖြစ်ခဲ့တယ်။ အဲ့ဒီနောက် ကိုယ်တော်မြတ်(ﷺ) ရဲ့ အနီးအပါးမှာ ဆယ်နှစ်ကျော် အလုပ်အကျွးပြုစုခဲ့တဲ့ ဟဇရသ် အနတ်စ် အဗ်နု မာလိက် (رضي الله عنه) ကို သခင်မဟာ အဲ့ဒီအိမ်ထောင်နဲ့ မွေးဖွားခဲ့တယ်။ သခင်မအစ္စလာမ်ကို လက်ခံလိုက်တဲ့အချိန်မှာတော့ ခင်ပွန်းက ဒေါသဖြစ်ပြီးတော့ အိမ်ကနေထွက်သွားခဲ့တယ်။ သိပ်မကြာခင်မှာပဲ ရောက်ရှိလာတဲ့ “ခင်ပွန်းဖြစ်သူဟာ ရန်သူလက်ထဲ အသက်ဆုံးသွားပြီ” ဆိုတဲ့ သတင်းဟာ သူမကို ငယ်ငယ်ရွယ်ရွယ်နဲ့ မုဆိုးမ ဖြစ်စေခဲ့ပါတယ်။

📕သခင်မက သူမရဲ့ဘဝကို သားတော် အနတ်စ်အား ပြုစုစောင့်ရှောက်ဖို့ ပုံအပ်ထားခဲ့တယ်။ ပြီးတော့ သားတော်ကို ကိုယ်တော်မြတ် (ﷺ) အနီးပါးမှာ ဝတ်ကြီး ဝတ်ငယ် ပြုစုစေရင်း ပညာသင်ကြားစေခဲ့ပါတယ်။ ဒါကြောင့်ပဲ ဟဇရသ် အနတ်စ် ‌အိဗ်နု မာလိက်(رضي الله عنه)က ဟဒီးဆ်တော်ပေါင်း (၂၂၀၀) ကျော် ဆင့်ပြန်ခဲ့တဲ့ ဆွဟာဗဟ်ကြီး တစ်ပါးဖြစ်လာခဲ့တယ်။

📗အွမ္မုဆုလိုင်းမ် သခင်မကို ဗနူ နဂ်ျဂျာရ် မျိုးနွယ်ဝင်၊ မဒီနဟ်မြို့ရဲ့ မြို့မျက်နှာဖုံးတစ်ယောက်ဖြစ်သူ၊ ချမ်းသာပြီး ပညာရည်ပြည့်စုံတဲ့အပြင် ဖြောင့်မတ်သူဖြစ်တဲ့ အဘူသွလ်ဟာက အလွယ်တကူလက်ခံပေးမယ့် မျှော်လင့်ချက်နဲ့ လက်ထပ်ဖို့ ကမ်းလှမ်းလိုက်တယ်။ ဒါပေမယ့် သခင်မက အဘူသွလ်ဟာကို “အသင်ဟာ မြေထဲမှာပေါက်တဲ့သစ်တွေကနေ ထုဆစ်ထားတဲ့အရာကို ကိုးကွယ်နေတာဖြစ်ကြောင်း၊ မိမိနဲ့ နေကာပြုလိုက အစ္စလာမ်ကိုလက်ခံဖို့လိုကြောင်း” ပြောရင်း ကမ်းလှမ်းချက်ကိုငြင်းဆိုခဲ့တယ်။ အဘူသွလ်ဟာက “သခင်မဟာ ‌‌‌‌ရွှေ၊ ငွေတွေကို လိုလားလို့ ငြင်းဆိုတယ်” လို့အထင်ရောက်ပြီး “ အဝါရောင်သတ္တု(ရွှေ)ရော၊ အဖြူရောင်သတ္တု(ငွေ)ရော အသင်မလို‌ချင်သလောက် မဟရ်တင်ပါ့မယ်”လို့ ထပ်မံကမ်းလှမ်းတယ်။ အဲ့ဒီအခါမှာ အွမ္မဆူလိုင်းမ်သခင်မက “အသင်သာအစ္စလာမ်ကို လက်ခံမယ်ဆိုရင် ရွှေရော၊ ငွေရော မပါဘဲနဲ့ ဒီနိကာဟ်ကို ကျွန်မလက်ခံမှာပါ” လို့ဖြေကြားလိုက်တယ်။

📘ဒါကြောင့် ဗနူနဂ်ျဂျာရ် မျိုးနွယ်ဝင် ဟဇရသ် အဘူသွလ်ဟာ (رضي الله عنه) က အစ္စလာမ်သာသနာကို လက်ခံခဲ့ပြီး သခင်မကို လက်ထပ်ခဲ့တယ်။ ပြီးတော့သခင်ဟာ အစ္စလာမ်လက်ခံပြီးတဲ့နောက် စစ်ပွဲတိုင်းလိုလိုမှာ ပါဝင်ခဲ့ပြီး ကိုယ်တော့်အနီးအပါးက သစ္စာခံ ဆွဟာဗဟ် တစ်ပါး ဖြစ်လာခဲ့တယ်။ အဲ့တာတွေအပြင် နမာဇ်ဖတ်နေစဉ်မှာ ကျေးငှက်တစ်ကောင်ကြောင့် အာရုံပျက်မိလို့ ဉယျာဉ်ခြံကြီး တစ်ခုလုံးကို ကိုယ်‌တော်မြတ် (ﷺ) လက်ထဲ အပ်နှံလှူဒါန်းလိုက်တဲ့ထိ သာသနာ့ရဲ့အချစ်၊ အနှစ်တွေနှလုံးသားထဲဝင်ရောက်ခဲ့တာဟာ အမျိုးသမီး တစ်ယောက်ရဲ့ အမြော်အမြင်ကြီးစွာ ရွေးချယ်မှုကနေစတင်တာလို့ ပြောမယ်ဆိုလည်း မမှားပါဘူး။

🔴References

- Companions of the Prophet 1,Hikayat E Sahaba

🖋️Contributed by Myat Thu Zar Lwin

#muslimah #womeninislam #history #morality #islamicinstituteofburma #iib

ပြန်ချုပ်ရရင်တော့ တမန်တော်မြတ်ရဲ့ ဟဒီးစ်‌ဝောာ်တွေကို တမန်တော်မြတ် ကွယ်လွန်ပြီး ရာစုနှစ် နှစ်ခု ကြာမှ ထပြုစုကြတာတို့၊ အိမာမ် ဘုခါရီက ထရေးတာတို့ ပြောနေတဲ့သူတွေဟာ အသိဉာဏ် သူငယ်နာစွဲနေတဲ့သူတွေ၊ အသိဉာဏ်အရွယ်မရောက်သေးသူတွေ၊ အစ္စလာမ့် အမွေအနှစ်သမိုင်းကို နားကန်း တစ်လုံးမှ မသိသူတွေ သာ ဖြစ်တာ ရှင်းရှင်းလင်းလင်း သိရပါပြီ။

ဒီဟဒီးစ်ရေးသားမှု သမိုင်း မှတ်တမ်းကို တကူးတက ဖော်ပြရတာက

၁။ တမန်တော့် ဟဒီးစ်တော်တွေကို နှုတ်တိုက် ထိန်းသိမ်း မှုနဲ့အတူ အရေးအသားနဲ့ပါ မှတ်တမ်းတင်ခြင်း စနစ်တ ကျပြုစုခြင်းဟာ အစ္စလာမ့်ခေတ်ဦးကတည်းက တန်းတူရှိလာတာ

၂။ ရေးသားမှတ်တမ်းတင်ခြင်း အစဉ်အလာဟာ ဘယ်ခေတ်မှာမှ ပြတ်တောက်သွားတာ မရှိခဲ့တဲ့ တရစပ် ကြိုး
ပမ်းမှုကြီးဖြစ်တာ

၃။ ဒီသမိုင်းမှတ်တိုင်ဟာ ခေတ်ဝါဒီ‌စွတ်စွဲနေသလို အိမာမ် ဘုခါရီက သူ့ခေတ်မှထရေးတာ၊ ထထွင်တာ မဟုတ်ဘဲ အိမာမ်ဘုခါရီ ဟဒီးစ်ပညာမသင်ကြားခင် ရှေးကတည်း က ဒီမှတ်တမ်း‌တွေဟာ ပျံ့နှံ့နေ၊ လက်လည်နေ၊ တိုး တက်နေ၊ လူလားမြောက်နေတာ

၄။ နောက်ပိုင်းကျမှ အီမာမ်ဘုခါရီနဲ့ သူ့ခေတ် တတိယ မျိုးဆက်က အိမာမ်ကြီးတွေက ဟဒီးစ်တွေကို စပြီး မှတ် တမ်းတင်ကြတာမဟုတ်ဘဲ အရေးနယ်ပယ်ပိုတိုးချဲ့တာ၊ တမန်တော့်ဆီတိုက်ရိုက်ရောက်ပြီး တိကျမှန်ကန်တဲ့ ဟဒီးစ်တွေကို ရွေးနုတ်တာ၊ အခန်းတွေကို စမတ် ကျကျခွဲတာ၊ စနစ်တကျ စုစည်းကျမ်းပြုတာ၊ အခန်း ခေါင်းစဉ်ဆိုင်ရာ ‌ဉပဒေသတွေထုတ်နုတ်တာနဲ့ တခြား‌သောခေတ်နဲ့အညီ ကျမ်းပြုလုပ်ငန်းအင်္ဂါရပ်တွေ တပ်ဆင်ခဲ့ ကြတာတွေ လုပ်ခဲ့ကြတာ စတာတွေကို လေးလေး နက်နက် သိစေချင်လို့ဖြစ်တယ်။

အထက်ပါစာရင်းကို တင်ပြခြင်းကနေ အကျိုးရလဒ် အနှစ်ချုပ်

တမန်တော်မြတ်ရဲ့ ဆွန္နဟ်တွေကို ရေးသားမှတ်တမ်းတင် တာက ဆွဟာဟ်တွေလက်ထပ် ကတည်းက စတင်ခဲ့ တယ်။ ခေတ်တိုင်းမှာ ကျမ်းတွေထဲက မှတ်တမ်းတွေကို နှုတ်တိုက်ဆင့်ပြန်ခြင်းနဲ့အတူ ရှေ့လူတွေက နောက်လူ တွေဆီ လက်ဆင့်ကမ်းခဲ့တယ်။ ဒီလိုနဲ့ ဟဒီးစ်တွေကို နှုတ်တိုက်၊ ကျမ်းတိုက် ဆင့်ပြန်ချက်တွေ ကနေ ကဏ္ဍစုံ လင်စွာ ကျကျနနစုစည်းခဲ့ကြတဲ့ ဟစ်ဂ်ျရီ ၃ ရာစုနှစ် ပညာရှင်တွေဖြစ်တဲ့ အိမာမ် ဘုခါရီ၊ အိမာမ် မွတ်စ်လင်မ်၊ အိမာမ် သစ်ရ်မီဇီ၊ အိမာမ် အဘူဒါဝူးဒ်တို့ ခေတ်ထိ ရောက်လာခဲ့တာ ဖြစ်တယ်။ ဒီလိုနဲ့ ကျနော်တို့လက်ထဲ ရောက်ရှိလာတာဖြစ်တယ်။

တကယ်လို့ သုတေသီတစ်ယောက်က အိမာမ်ဘုခါရီ၊ အိမာမ်မွတ်စ်လင်မ်၊ အိမာမ် အဘူဒါဝူးဒ်၊ အိမာမ် သရ်မီဇီ နဲ့ သူတို့ခေတ်ပြိုင် ပညာရှင်တွေရဲ့ ကျမ်းတွေကို လေ့လာ ကြည့်ရင် အဲဒီကျမ်း‌တွေရဲ့ တင်ပြချက် အားလုံးဟာ ဟဒီးစ်‌ ရေးသားပြုစုခြင်း စာရင်း မှတ်တမ်းမှာ ‌ ဖော်ပြထား တဲ့ ရှေးပညာရှင်အဆက်ဆက်ရဲ့ ကျမ်းဂန်တွေ၊ ဟဒီးစ် မှတ်တမ်းတွေ၊ စာအုပ်စာပေတွေမှာ ကုန်ကြမ်းအဖြစ် ရှိနှင့်ပြီးသားဖြစ်တာ တွေ့ရလိမ့်မယ်။ အဲဒီရှေးပညာရှင် တွေက စာမူတွေကို ကျက်မှတ်ရုံ၊ ရေးသားမှတ်တမ်း တင်ရုံပဲ လုပ်ခဲ့ကြတာ မဟုတ်ဘူး။ ကျက်မှတ်ပြီး နှုတ်တိုက်ဖြန့်ချိခြင်းကိုပါ အားသွန်ခွန်စိုက် အကောင် အထည်ဖော်ခဲ့ ကြတာဖြစ်တယ်။ အဲဒါနဲ့အတူ ရေးသား မှတ်တမ်းတင်ခြင်းကို ပိုပြီး တိကျအောင်နဲ့ ကျက်မှတ် ရတာအဆင်ပြေအောင် တွဲသုံးခဲ့ကြတာ ဖြစ်တယ်။

အဖြေထုတ်ရရင် တမန်တော့်ဟဒီးစ်တွေကို မှတ်တမ်း တင်ရေးသားခြင်းက နှစ်ပေါင်း ၂၀၀၊ ရာစု နှစ် ၂ခု ကြာမှ စတာလို့ပြောတဲ့သူဟာ အသိဉာဏ်အရွယ်မရောက် သေးသူ ပညာမတတ်ဘဲ စိတ်ထင်ရာပြောသူသာဖြစ်တယ်။

အိမာမ် ဘုခါရီ သူ့ရဲ့ ဆွဟီးဟ်ကျမ်းကို မပြုစုခင် အရင်က နေထိုင်ရှင်သန်ခဲ့ကြတဲ့ ပညာရှင်တွေရဲ့ စိစစ်ပုံနှိပ်ပြီးသား ဟဒီးစ် ကျမ်းအစုံစုံ၊ စာအုပ်အဖုံဖုံဟာ ကျွန်ုပ်တို့လက်ထဲမှာ ရှိပြီးသားဖြစ်တယ်။

တကယ်လို့ တစ်ယောက်ယောက်ကများ ဟဒီးစ်နဲ့၊ ဟဒီးစ်ပညာရပ်ရဲ့ ကျမ်းတွေကို လေ့လာကြည့်ရင် ဆောင်းပါးပါ အကြောင်းအရာတွေက ပင်လယ်ရေထဲက ရေတစ် ပေါက်စာသာ ရှိတာတွေ့ရလိမ့်မယ်။ “အသိပညာကို အ ရေးအသားနဲ့ မှတ်တမ်းတင်ထိန်းသိမ်းခြင်း” အစဉ်အလာ ဟာ ရှေး ဆွဟာဗာတွေ၊ သာ‌ဗီအီးန်တွေ လက်ထက်က တည်းက ရေပန်းစားနေပြီဖြစ်တယ်။

အဲဒီ‌ခေတ် စာ‌ရေးခြင်း အစဉ်အလာအ‌ကြောင်း ‌အသေး စိတ် လေ့လာချင်ရင်တော့ အိမာမ် အိဗ်နု အဗ်ဒုဘ်ဗက်ရ်ရဲ့ “ဂျမိအု ဗယားနစ်လ် အိလ်မိ ဝဖက်သ်ွလိဟီး” ကျမ်းနဲ့ အိမားမ် အလ်ခသွီးဗ် အလ်ဘက်ဂ်ဒါဒီရဲ့ သက်ကယီးဒုလ် အိလ်မ် ကျမ်းတွေကို လေ့လာကြည့်ပါ။

الهامش
مدونة للباحث الإسلامي شريف محمد جابر

✍🏻Contributed by ဇေယျာမင်းထက်

#hadidth #imam #bukhari #sunnah #prophet #islam #history

ရှဟီးဒ် အလီစာကြည့်တိုက် လက်ရေးမူ ၅၃၉

၈။ သာဗီအီ အဘူဇ်ဇုဘိုင်းရ်ရဲ့ ဆွဟီဖာကျမ်း။ နောက်မှာ ဒီကျမ်းကို အဘူရှ် ရှိုက်ခ် အလ်အဆ်ွဖဟာနီက စုစည်းခဲ့ တယ်။
( ကြည့် ဇွာဟီရီ ယာ စာကြည့်တိုက် လက်ရေးမူ ပေါင်းချူပ် ၃/၅၃ )

စာရှည်သွားမှာ‌ကြောင့် ကျမ်းပြုခဲ့၊ မှတ်တမ်းတင် ရေး သားခဲ့ကြတဲ့ သာဗီအီးန်တွေနဲ့ သာဗီအွတ် သ္သာဗီအီးန် တွေကို အတိုချုံ့ပြီး ဖော်ပြလိုက်ပါမယ်။ သူတို့က ဇုဘိုင်းရ် အိဗ်နု အဒီ့ယ်၊ အဘူရှ် ရှုအရားအ် အဒ္ဒါရီမီ၊ အိုင်ယ်ယူးဗ် အစ်စက်ခ်သယာနီ၊ ယူနွတ်စ် အိဗ်နုအိုဗိုင်းဒ်၊ ဆွဟဗာကြီး အဘူမူဆာ အလ်အရှ်အရီရဲ့မြေးတော် အဘူဘွရ်ဒဟ်၊ ဟိရှားမ် အိဗ်နု အွရ်ဝါဟ် အိဗ်နုဇုဗိုင်းရ်၊ ဟုမိုင်းဒ် အသ်ွသွဝီးလ်၊ ဇိုယ်ဒ် အိဗ်နု အဘီအုနိုင်ယ်စာဟ်၊ အဗ်ဒွလ္လာဟ် အိဗ်နု အုမရ် အိဗ်နု ဟဖ်ဆ်ွ အိဗ်နု အာဆွင်မ် တို့ဖြစ်ကြတယ်။

ပြီးတော့ အဗ္ဗာစီယာခေတ်ရောက်လာတော့ ပိုပြီးလက်ရာ မြောက်မြောက်၊ စနစ်ကျကျနဲ့ စာရေးသားပြုစုတဲ့ ခေတ်တစ်ခု စလာတယ်။ အဲဒီခေတ် ကျမ်းတစ်ချို့ကို ဖော်ပြရရင်

၁။ အိဗ်နု ဂျုရိုင်းယ်ဂ်ျ ( ဟ ၈၀/ ၁၅၀) ရဲ့ ကိသာဗုစ် စုနက်န် ဝက်သ် သက်ဖ်စီးရ်

၂။ မုစန်နာ အိဗျနု အဗျဒှလ်လာဟျ (ဟ ၁၅၀) ရဲ့ အလျအဟာဒီးစျကမျြး

၃။ စအီးဒ် အိဗ်နု အဘီ အရူဗဟ် (ဟ ၇၀/ ၁၅၆) ရဲ့ဟဒီးစ်ကျမ်း။ သူက ဟဒီးစ်ကျမ်းကို ပထမဆုံး အခန်းဖွဲ့ ခေါင်းစဉ်တပ် ပြုစုခဲ့သူဖြစ်တယ်။ သူက ကိသာဘုလ် မနာစိက်က်ကျမ်းကို ကသာဒဟ်ထံကနေ ဆင့်ပြန် ခဲ့တယ်။ သူက သက်ဖ်စီရ်ကျမ်းလည်း ပြုစုခဲ့တယ်။

၄။ ရှုအ်ဗဟ် အိဗ်နုလ် ဟက်ဂ်ျဂျားဂ်ျ (ဟ ၈၂/ ၁၆၀) ရဲ့ဟဒီးစ်ကျမ်း။ သူက ဘဆွရာမြို့မှာ ဟဒီးစ်ကျမ်းကို ပထမဆုံး အခန်းဖွဲ့ပြုစုခဲ့သူ ဖြစ်တယ်။ သူက ဟဒီးစ်ပညာရှင်တွေရဲ့ ဘဝအခြေ‌အနေအကြောင်း သီး သန့်ပညာရပ်တစ်ခုအဖြစ် တင်ဆက်ခဲ့တယ်။

၅။ မုဂျာအဟ် အိဗ်နုဇ်ဇုဘိုင်းရ် ရဲ့ဟဒီးစ်မှတ်တမ်း။
ကြည့် ဇွာဟီရီယာစာတိုက် လက်ရေးမူပေါင်းချုပ် ၄/၃၅

၆။ အိဗ်ရာဟီးမ် အိဗ်နု သုဟ်မားန် အဘူစအီးဒ် အလ်ခုရာစာနီ ( ဟ ၁၆၃ ကွန်လွန်) သူက ကျမ်းစာအများ အပြားရေးခဲ့တယ်။

၇။ ဖုလိုင်းဟ် အိဗ်နု ဆုလိုင်ယ်မာန် (ဟ ၁၆၈ ကွယ်လွန်) သူ့ဟဒီးစ် မှတ်တမ်းတချို့က ဇွာဟီရီယာစာကြည့်တိုက် မှာတွေ့နိုင်တယ်။

၈။ အရ်ရဗီးအ် အိဗ်နု ဟဘီးဘ် အလ်ဖရာဟီဒီး ( ဟ ၁၁၀ ကွယ်လွန်) ရဲ့ ကိသာဗုလ် အာစားရ်ကျမ်း၊
(ကြည့် ကိုင်ရို စာကြည့်တိုက်)

၉။ ကုလ်စူးမ် အိဗ်နု မုဟမ္မဒ် အဘ်ဟလ်ဘီး ( ဟ ၂ ရာစု‌ နောင်းပိုင်း ကွယ်လွန်) ရဲ့ ဆွဟီဖာကျမ်း
ကြည့် ရှဟီးဒ်အလီ လက်ရေးမူ ၅၃၉

၁၀။ ဂျိုဝိုင်ယ်ရီယား အိဗ်နု အက်စ်မားအ် အလ်ဘဆွရီ ( ဟ ၁၇၃ ကွယ်လွန်) ရဲ့ ဆွဟီဖာကျမ်း
ကြည့် ရှဟီးဒ်အလီ လက်ရေးမူ ၅၃၉

၁၁။ မာလီကီယာ မဇ်ဟဗ်ရဲ့ အိမာမ် မာလိက် အိဗ်နု အနက်စ် ( ဟ ၁၇၉/ ၉၃) ရဲ့ ကမ္ဘာကျော် မုအသ်ွသွာအ် ကျမ်း

၁၂။ မအ်မရ် အိဗ်နု ရာရှိဒ် အလ်ဘဆွရီ အလ်ကူဖီ (ဟ ၁၅၃/၉၅) ရဲ့ ဂျာမေ့အ်ကျမ်း

၁၃။ စွဖ်ယားန် အက်စ်စောင်ဝ်ရီ (ဟ ၅၇/၁၆၁ ) ရဲ့ဟဒီးစ်တော်များ

၁၄။ အဗ်ဒွလ္လာဟ် အိဗ်နု လဟီအာဟ် (ဟ ၉၇/ ၁၅၄) ရဲ့ ဆွဟီဖာကျမ်း၊ အဲဒီကျမ်းစာကို Heidelberg ရှိ ကျူစာထဲမှာ သိမ်းဆည်း ထားဆဲ ဖြစ်တယ်။

၁၅။ အိစ်မာအီးလ် အိဗ်နု ဂျအ်ဖက်ရ် (ဟ ၁၃၀/၁၈၀) ရဲ့ ဟဒီးစ်မှတ်တမ်း။ Kuiperli ၄၂၈မှာ လက်ရေးမှုရှိတယ်။

၁၆။ အဗ်ဒွလ္လာဟ် အိဗ်နု မုဘာရက် (ဟ ၁၁၈/ ၁၈၁) ရဲ့ ကိသာဗုဇ် ဇုဟ်ဒိ ဝက်ရ် ရကားအိက်ကျမ်း၊ အလ်ဂျိဟားဒ်ကျမ်း၊ အလ်မွစ်နက်ဒ်ကျမ်း၊ ကိသာဗုလ် ဘက်ရ်ရိဝက်ဆ်ွဆွိလဟ်ကျမ်း၊ ဒီကျမ်းတွေရဲ့ လက်ရေးမူ တွေက ကမ္ဘာအနံ့ပျံ့နှံ့နေပြီး အားလုံးနီးပါး ပုံနှိပ်ထား ပြီးဖြစ်တယ်။

၁၇။ အိဗ်ရာဟီးမ်အိဗ်နု စအက်ဒ် (ဟ ၁၀၈/၁၈၂/၁၈၃)ရဲ့ ဟဒီးစ်လက်ရေးမူ။
ကြည့် ဇွာဟီရီယာ စာကြည့်တိုက် ဟဒီးစ်လက်ရေးမူ ၁၅၅၈

၁၈။ ဟနဖီ မဇ်ဟဗ်ရဲ့ အိမာမ် အဘူဟနီဖာ သခင်ကြီးရဲ့ တပည့်ကျော် အိမာမ် အလ်ကာသွီ အဘူယူစွတ်ဖ် (ဟ ၁၁၃/၁၈၂) ရဲ့ ကိသာဗုလ်အာစားရ်ကျမ်း

၁၉။ အဟ်မက်ဒ် အိဗ်နု ဟဗီး‌ဗ် အရှ်ရှုဂျာအီ အရှ်ရှိုင်ယ်ဘာနီ ရဲ့ (ဟ ၁၈၄) မှာ ပြုစုခဲ့တဲ့ အမာလီကျမ်း။
ကြည့် ဇွာဟီရီယာစာကြည့်တိုက် လက်ရေးမူပေါင်းချုပ် ၅/၆၂

စာသိပ်ရှည်သွားမှာကြောင့် အဲဒီခေတ်ဟဒီးစ်နယ်ပယ်က ကျမ်းရှင်တွေကို အတိုချုပ်ဖော်ပြလိုက်ပါတယ်။ မုဟမ္မဒ် အိဗ်နု ဖုသွိုင်းလ် (ဟ ၁၉၅ ကွယ်လွန်) စွတ်ဖ်ယားန် အိဗ်နု အုယိုင်ယ်နာ (ဟ၁၀၇ ၁၉၆) ဝကီးအ် အိဗ်နုလ် ဂျရ်ရားဟ် (ဟ ၁၂၉/၁၉၇) စသဖြင့် နောက်အများကြီးကျန်သေး တယ်။

ဒီမှတ်တမ်းကို ဖော်ပြထားတဲ့ ဆောင်းပါးရှင်က ဒီလိုရေး တယ်။

“ ကျနော် ဒီစားရင်းရဲ့ နာမည်အများစုကို ဖုအားဒ် စေ့ဇ်ကင်န်ရဲ့ تاريخ التراث العربي (အရဗ်အမွေ အနှစ်သမိုင်း) စာအုပ် အတွဲ ၁၊ အပိုင်း ၁ က ဟဒီးစ် အခန်းကို အခြေခံပြီးရေးထားတာ ဖြစ်တယ်။ အိမာမ် ဘုခါရီ မ‌မွေးခင်က အဲဒီခေတ် ကျမ်းရှင်တွေနဲ့ ကျမ်း‌တွေအကြောင်းနဲ့ ဖုအားဒ် စေ့ဇ်ကင်န်ရဲ့ ကျမ်းကိုးတွေအကြောင်း ဆက်သိချင်သေးရင် تاريخ التراث العربي စာအုပ်ကို လေ့လာ ကြည့်ပါ။