#infinitygroup
Infinity Group Telegram Posts
ကန့်ဘလူမြို့နယ်နှင့်ကျွန်းလှမြို့နယ်တွင်း သတင်းများဖော်ပြနေသော လွတ်လပ်သည့် ပြည်သူ့ကွန်ယက်သတင်းချန်နယ်လ်
သတင်းပေးပို့ရန်နှင့်စုံစမ်းမေးမြန်းရန် –
ကိုအနန္တ @iggp21
ကိုရွှေကြာ @shwekyarinfinitygroup
ရင်ငြိမ်းမိုး @iggp23
ကိုဉာဏ်ဇင် @nzigp

2,916 Subscribers
565 Photos
23 Videos
Last Updated 01.03.2025 04:40
Similar Channels
![Forward Channel [RANGOON] Forward Channel [RANGOON]](https://cdn1.discovertelegram.com/avatar/1733/1733891116.jpg)
6,348 Subscribers

2,422 Subscribers

2,119 Subscribers
The latest content shared by Infinity Group on Telegram
၁၆.၁၂.၂၀၂၄ ရက်နေ့က ကန့်ဘလူမြောက်ခြမ်း မန်ကျည်းကုန်းရွာတိုက်ပွဲအတွင်း သေဆုံးခဲ့သော ပျူစောထီး ၁၁ ဦး၏ရုပ်အလောင်းများအား သက်ဆိုင်ရာကျေးရွာအသီးသီးတွင် ယနေ့(၁၈.၁၂.၂၀၂၄)သင်္ဂြိုလ်မည်။
#infinitygroup
#infinitygroup
လက်နက်ကြီးအန္တရာယ် သတိပြုရန်
နိုဝင်ဘာ ၇ ၊ ၂၀၂၄
ကန့်ဘလူမြို့နယ်အနောက်ခြမ်း ကံရိုးအုပ်စု ယင်းသာရွာ၌ ဟောင်ဝှစ်ဇာလက်နက်ကြီးအထိုင်ချကာ တန့်ဆည်မြို့အနီးဝန်းကျင်သို့ ပစ်ခတ်လျက်ရှိပါသည်။
လက်နက်ကြီးအထိုင်ချထားသောရွာမှ ဦးတည်ပစ်ခတ်ရာအရပ်ရှိ ၁၅ မိုင်အတွင်းမှ တန့်ဆည်မြို့နယ်တွင်းကျေးရွာနေပြည်သူများ သတိပြုနေထိုင်သင့်ပါတယ်ခင်ဗျာ။

ကန့်ဘလူ၊ကျွန်းလှနဲ့ကောလင်းနယ် လေကြောင်းအန္တရာယ် အထူးသတိပြုစေလို
စက်တင်ဘာ ၃၀ ၊ ၂၀၂၄
ဒီရက်ပိုင်း ကျနော်တို့ ကန့်ဘလူနယ်နဲ့ ကောလင်းနယ်ထဲကို တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ စစ်ရေးပစ်မှတ်မဟုတ်တဲ့ နေရာတွေကို စစ်ကောင်စီက ဗျူဟာမြောက်အစီအစဥ်တရပ်အနေနဲ့ လေကြောင်းကနေ ပစ်ခတ်နေပါတယ်။
စက်တင်ဘာ ၂၉ ရက်နေ့မှာတင် ကန့်ဘလူနယ်ထဲက ပင်းတည်းရွာ၊မန်ကျည်းကုန်း(မြောက်)ရွာက တောရကျောင်း နဲ့ ကောလင်းနယ် ပေတပင် ရွာသစ်ရွာကို ဂျက်တိုက်လေယာဥ်တွေအသုံးပြုကာ လေကြောင်းတိုက်ခိုက်ခဲ့ပါတယ်။
ဒီနေ့ စက်တင်ဘာလ ၃၀ ရက်နေ့မှာလည်း ကောလင်းနယ် ဥက္ကံရွာကို ဂျက်တိုက်လေယာဥ် ၂ စီးနဲ့ လေကြောင်းတိုက်ခိုက်မှုပြုလုပ်ထားကြောင်း သိရပါတယ်ခင်ဗျာ။
စက်တင်ဘာလ ၂၉ ရက်နေ့ကလည်း ကန့်ဘလူမြောက်ခြမ်း၊ကျွန်းလှနယ်နဲ့ကောလင်းမြို့နယ်အစပ်ကို တနေကုန်နီးပါး Y12 စစ်ထောက်ပို့လေယာဥ်ပျံဝဲထားခဲ့ကြောင်း သိရပါတယ်။Y12 စစ်ထောက်ပို့လေယာဥ်ပျံဝဲခဲ့သော ဧရိယာအတွင်းနေပြည်သူများ လေကြောင်းအန္တရာယ် အထူးသတိပြုနေထိုင်ကြပါခင်ဗျာ။

အရပ်သားပြည်သူနဲ့မိမိတို့လုံခြုံရေး NUG တာဝန်ခံတွေ အလေးထားပြုမူနေထိုင်သင့်
စက်တင်ဘာ ၂၆ ၊ ၂၀၂၄
တိုတိုတုတ်တုတ်ပြောချင်ပါတယ်။အရပ်သားပြည်သူတွေနဲ့မိမိတို့ကိုယ်တိုင်ရဲ့လုံခြုံရေးအားကောင်းဖို့ဆိုရင် NUGတာဝန်ခံတွေအနေနဲ့ အသွားအလာ၊အနေအထိုင်ကို အလေးထားပြုမူဆောင်ရွက်သင့်ပါတယ်။ဒီနေရာမှာ မျက်စိဆံပင်မွှေးစူးစရာကိစ္စရပ်တခုကို ရှင်းရှင်းလင်းလင်းပဲ တည့်တည့်ပြောချင်တာပါ။
NUGတာဝန်ခံတွေထဲမှာ လက်ရှိဖြစ်ပေါ်နေတဲ့စစ်ရေး၊နိုင်ငံရေးနဲ့ပတ်သက်လို့ အများပြည်သူအကျိုးအတွက် အမြော်အမြင်ရှိရှိနဲ့ ဆင်ဆင်ခြင်ခြင်နေထိုင်တဲ့ပုဂ္ဂိုလ်တွေရှိနေပေမယ့် တချို့ ဆယ်လီရူးရောဂါဖြစ်နေပုံရတယ်လို့ထင်တယ်။ဒီလောက်ဆက်သွယ်ရေးခက်ခဲနေတဲ့ကာလမှာ တခုခုဆို ဖေ့စ်ဘုတ်ပေါ်တင်လိုက်ရမှ၊ဖေ့စ်ဘုတ်ပေါ် တက်ယွလိုက်ရမှ အာသာပြေတဲ့အုပ်စုကိုပြောချင်တာပါ။
ဥပမာဆိုကြပါစို့ ကိုယ်တိုင်က စစ်ဘက်ရေးရာမှာ မြို့နယ်တာဝန်ခံတယောက်ဖြစ်နေချိန် ကိုယ်ဘာလုပ်နေလဲဆိုတာအများသိစေဖို့ ကိုယ်ရောက်တဲ့နေရာကို မှတ်တမ်းရယူပြီး ဖေ့စ်ဘုတ်ပေါ်တင်တာ၊ကိုယ်သွားလေရာခရီး ချော့မွေ့ခြင်း ဒါမှမဟုတ် အခက်အခဲဖြစ်ခြင်းကို အများသိစေဖို့ ဖေ့စ်ဘုတ်မှာ မျှဝေပြတာ ဒါတွေဟာ အပိုကိစ္စရပ်တွေပါ။
တော်လှန်ရေးသမားတယောက်ဟာ အခက်အခဲတွေကိုအမြဲလိုလို ကြုံရတယ်ဆိုတာ ဦးနှောက်ရှိတဲ့လူတိုင်း သိနိုင်တာမို့ ဒါမျိုးတွေကို အွန်လိုင်းမှာမျှဝေတာမျိုး လုပ်ပြဖို့တောင်မသင့်ဘူးလို့ ကျနော်ကတော့မြင်တယ်။မဟုတ်ရင် ရန်သူက ခင်ဗျားတို့လိုစစ်ရေးတာဝန်ခံတွေ ဘယ်နေရာသွားတယ်၊ဘာလုပ်တယ်၊ဘယ်လိုသက်ရောက်မှုရှိလာနိုင်တယ်ဆိုတာမျိုး တွက်ဆနိုင်တာမို့ သတိပြုဆင်ခြင်သင့်ပါတယ်။
နောက်ဥပမာတရပ်အနေနဲ့ ကိုယ်တိုင်က ကျန်းမာရေးတာဝန်ခံ၊ပညာရေးတာဝန်ခံ၊ဆက်သွယ်ရေးတာဝန်ခံ၊အမျိုးသမီး၊လူငယ်နဲ့ကလေးသူငယ်အရေးဆောင်ရွက်နေတဲ့တာဝန်ခံ သို့မဟုတ် လူ့အခွင့်အရေးတာဝန်ခံတယောက်ဖြစ်နေပါလျက် သေနတ်ကြီးတကားကားလွယ်ပြီး အလှပုံရိုက်တင်တာမျိုး၊ နောက် ကိုယ်ရောက်ရှိနေတဲ့ ရုံးစိုက်ရာနေရာ၊စစ်ရှောင်စခန်းနေရာတွေ၊စာသင်ကျောင်းတွေက ကိုယ့်ရဲ့လုပ်ဆောက်ချက်တွေကို ဖေ့စ်ဘုတ်မှာ ချပြတယ်ဆိုတာတွေဟာ လုံးဝမအပ်စပ်ဘူးလို့မြင်တယ်။
ကိုယ်၌က လက်နက်ကိုင်ထားတဲ့အရပ်အဝန်းကမဟုတ်လို့ သေနတ်ကိုင်ပြီးအွန်လိုင်းပေါ်တင်လိုက်တယ်ဆိုတာမျိုးဟာ အထက်ကရေးရာတာဝန်ခံတွေရဲ့ နေထိုင်ရမယ့်ပုံစံမဟုတ်ဘူးလို့မြင်မိတယ်။နောက် ကိုယ့်ရဲ့ Activity တွေကို ဖေ့စ်ဘုတ်မှာချပြတာမျိုးတွေဟာ ကြည့်ရတဲ့လူတွေသိလည်းဘာမှမထူးတဲ့အပြင် မိမိရောက်ရှိတဲ့နေရာကအစ အန္တရာယ်ရှိတယ်လို့မြင်တယ်။ဒါတောင် ကျနော်ပြောတဲ့အထဲ လက်ဖက်ရည်ဆိုင်၊ဘီယာဆိုင်လိုနေရာမျိုးတွေမပါသေးဘူးနော်။
တခြားပေးစရာဥပမာတွေလည်း အများသားပဲကျန်သေးတာမို့ ရေးရင်လည်းကုန်နိုင်မယ်မထင်ပါ။တော်လှန်ရေးကာလမှာ စိတ်ထွက်ပေါက်တခုအနေနဲ့ ဖေ့စ်ဘုတ်လို ဆိုရှယ်ပလက်ဖောင်းမှာ ကဗျာတို စာတိုလိုမျိုးပိုစ့်တွေတင်တာ၊အချင်းချင်းစကြ,နောက်ကြတာဟာ အပြစ်ပြောစရာမဟုတ်ပေမယ့် တာဝန်ခံလုပ်နေတဲ့ခင်ဗျားတို့လိုလူတွေအနေနဲ့ လုံခြုံရေးစည်းမပေါက်စေဖို့ မိမိတို့ရဲ့ Activity တွေကို အွန်လိုင်းပလက်ဖောင်းတွေမှာ ပေါပေါပဲပဲတင်လိုက်တာမျိုးဟာ လုံးဝမသင့်ဘူးလို့မြင်မိတာအမှန်ပဲ။
ဒီလိုဆို လူ့ဂွစာအုပ်စုက ပြောလာမှာတခုရှိတယ်။ဒို့ ဒီလိုလုပ်နေတာကို အများသိအောင်ပြမှ အများရဲ့ယုံကြည်မှုကိုရနိုင်မယ်လို့ ပြောလာနိုင်တယ်။တကယ်တမ်းကမဆိုင်ဘူး။ခင်ဗျားတို့တကယ်အလုပ်လုပ်တယ်မလုပ်ဘူးဆိုတာကို ခင်ဗျားတို့ကတိုက်ရိုက်ချပြမှ ဖေ့စ်ဘုတ်ပေါ်ကလူတွေကအသိအမှတ်ပြုတာမျိုးမဟုတ်ဘူး။
ခင်ဗျားသာ တကယ်အလုပ်မလုပ်တဲ့လူဆို ဖေ့စ်ဘုတ်မှာ ခင်ဗျားတို့ဘာတင်တင် လူတွေက Like တချက် အားနာနာနဲ့ပေးရင်ပေးသွားမယ်၊စိတ်ထဲမှာတော့ ခင်ဗျားကို မျက်စိဆံပင်မွှေးစူးစရာလူလို့ မြင်လာမယ်။ခင်ဗျားသာ တကယ်အလုပ်လုပ်တယ်ဆို ခင်ဗျားတို့နဲ့အနီးစပ်ဆုံး အမှန်တကယ်မြေပြင်မှာရှိတဲ့ ပြည်သူတွေကနေတဆင့် အဲ့ဒီဖေ့စ်ဘုတ်သုံးနေတဲ့လူတွေဆီ အလိုလိုပြန့်သွားမှာဖြစ်တယ်။
ဒီလိုမှမဟုတ်ပဲ ကိုယ်သွားလေရာနေရာ၊ရောက်လေရာအရပ်၊လုပ်နေတဲ့ Activity တိုင်း ဖေ့စ်ဘုတ်ပေါ်တင်နေသေးတယ်ဆို တာဝန်ခံတယောက်ဖြစ်တဲ့ခင်ဗျားဟာ ဖေ့စ်ဘုတ်ဆယ်လီရူးရောဂါကျွမ်းနေပြီလို့ ဆိုရမှာဖြစ်တယ်။တော်လှန်ရေးမှာ ခြေသံလုံသည်ထက်လုံဖို့ သတိပြုဆင်ခြင်နိုင်ပါစေခင်ဗျာ။
ကိုအနန္တရေးသည်

ကန့်ဘလူနယ် ပြည်သူ့ပေးစာကဏ္ဍ (၁/၂၀၂၄)
စက်တင်ဘာ ၂၁ ၊ ၂၀၂၄
Admin တို့ရေ ကန့်ဘလူခရိုင်ရဲ့ ဆက်သွယ်ရေး ကဏ္ဍနဲ့ ပက်သက်ပီး ပြည်သူသိအောင်ပြောစေချင်တာလေးတွေရှိပါတယ်။ပြည်သူတွေ ဆက်သွယ်ရေး အဆင်ပြေဖို့အတွက် star link ကို အသုံးပြုခွင့်ပေးနေပါပီ။
ကန့်ဘလူခရိုင်မှာလည်း နီးစပ်ရာ ကာကွယ်ရေးအဖွဲ့တွေကို မေးကြည့်မိပါတယ်။ဒီကိစ္စတွေဟာ သူတို့နဲ့ လုံးဝမသက်ဆိုင်ပါဘူးလို့ ငြင်းချက်ထုတ်ထားတာကိုလည်း ကြားမိပါတယ်။
တကယ်ဆိုရင် MOCIT သို့မဟုတ် ပအဖ ဆက်သွယ်ရေးတာဝန်ခံတွေက တာဝန်ယူပီး သို့မဟုတ် စီးပွားရေးလုပ်ငန်းရှင်များနဲ့ ညှီနှိုင်းပီး ဆောင်ရွက်ပေးရမှာဖြစ်တယ်လို့ မြင်မိပါတယ်။သို့ပေမယ့်လည်း ထိုသူတွေက စစ်ရေးသတင်းပေါက်ကြားမှာကိုအကြောင်းပြပီး ခေါင်းရှောင်နေတယ်လို့ မြင်မိပါတယ်။
တကယ့်အရေးကြီး စစ်ဆင်ရေးရဲ့ သတင်းပေါက်ကြားမှုဟာ ပြည်သူဆီက မဟုတ်ဘဲ အတွင်းလူကြောင့်လို့ဘဲ ကျနော်မြင်မိပါတယ်။ဆက်သွယ်ရေး အဆင်မပြေတဲ့ အတွက်ကြောင့်မို့ လူငယ်တွေရဲ့ အသိပညာဖွံ့ဖြိုးရေး ၊ လုပ်ငန်းများရဲ့ နှောင့်နှေးမှုတွေ ဖြစ်စေတယ်လို့ ကျနော်မြင်မိပါတယ်။
တကယ်တော့ အင်တာနက်ဆိုတာ အပျော်သက်သက်အတွက် မဟုတ်ဘူးဆိုတာ ကျနော်တို့အားလုံး သိထားကျပီးသားပါ။ အင်တာနက် Network ကျယ်ပြန့်လာခြင်းနဲ့အမျှ ပြည်သူရဲ့ စီးပွားရေး၊ ပညာရေး ၊ ကျန်းမာရေးတို့လည်း ပိုပီးကျယ်ပြန့်တယ်ဆို မြင်မိပါတယ်။
ပြည်သူတွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးတစ်ခုဘဲမဟုတ်လားဗျာ။ဒါကို ဟိုအကြောင်းပြ ဒီအကြောင်းပြနဲ့ ပြည်သူ့အတွက် အခွင့်အရေးမပေးဘူးဆိုတာ ပြည်သူကို မျက်စိပိတ် နားပိတ်ထားချင်တဲ့ သဘောမျိုးများဖြစ်မနေဘူးလား။ပြည်သူရဲ့ အခွင့်အရေးကို ချိုးဖောက်နေတယ်လို့ ခံစားမိပါတယ်။
တစ်ခါတုန်းက ဝန်ကြီးဌာန အစည်းအဝေးတစ်ခုကို online ကနေတက်ရောက်တဲ့ ZOOM meeting တစ်ခုမှာ ပြောသံကြားလိုက်ပါတယ် ။ဒါတွေက ပြည်သူကို အသုံးပြုခွင့်ပေးကို ပေးရမှာပါတဲ့။ ဒါကိုမှ ခရိုင်တာဝန်ခံတွေက စစ်ရေးကို လွှဲချပီး ပြည်သူကို မျက်စိပိတ် နားပိတ်ထားနေတာ စိတ်မကောင်းဖြစ်မိပါတယ်ဗျာ။
မှတ်ချက်။ ။အထက်ပါစာသားအားလုံးသည် Infinity Group ၏ အာဘော် လုံးဝမဟုတ်ဘဲ ပြည်သူတဦးမှ ပေးပို့လာသည့် ပြည်သူ့ပေးစာစစ်စစ်သာဖြစ်ပါသည်။
သူပေးပို့လာသည့်စာအရ အခြားသောမြို့နယ်များလို ကန့်ဘလူမြို့နယ်အတွင်းရှိပြည်သူများကို အင်တာနက်ကွန်ယက် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနိုင်စေချင်သည့် အကြောင်းအရာဖြစ်ကြောင်း ကျနော်တို့ Admin Team မှ နားလည်မိပါသည်။

သဖန်းဆိပ်ဆည်အောက်ပိုင်းနေပြည်သူများ သိရှိရန်
စက်တင်ဘာ ၁၅ ၊ ၂၀၂၄
ဒီရက်ပိုင်း မြန်မာနိုင်ငံအောက်ပိုင်းဒေသတွေမှာ မိုးကြီးရေလျှံတာ၊မြို့ရွာတွေရေကြီးနစ်မြုပ်တာ၊လူအသေအပျောက်များတာ စတဲ့သတင်းတွေကြောင့် သဖန်းဆိပ်ဆည်အောက်ပိုင်း အထူးသဖြင့် မူးမြစ်ကမ်းဘေးနေထိုင်သူတွေကြားမှာ သဖန်းဆိပ်ဆည်ကနေ ရေတွေဒလဟောဖောက်ချနေတယ်ဆိုတဲ့ သတင်းမှားတွေပျံ့နေပီလို့ ပြန်ကြားရပါတယ်။
လက်ရှိ ကျနော်တို့စုံစမ်းသိရှိရသမျှအချက်အလက်တွေ၊သဖန်းဆိပ်ဆည်နဲ့ကင်းတပ်ဆည်အနီးနေထိုင်တဲ့ ဒေသခံတွေရဲ့ပြောကြားချက်တွေအရ သဖန်းဆိပ်ဆည်ကနေ ရေတွေဒလဟောဖောက်ချနေတာမရှိသေးသလို သဖန်းဆိပ်ဆည်ထဲမှာလည်း စိုးရိမ်ရေမှတ်ကျော်တာမရှိသေးပါ။လက်ရှိအချိန်ထိ သဖန်းဆိပ်ဆည်ရဲ့ ပင်မရေလွှဲပေါက်ကနေ ပုံမှန်အနေအထားအတိုင်း ရေလွှတ်ထားတာပဲရှိပါသေးတယ်။
သဖန်းဆိပ်ဆည်ရဲ့အောက်ဖက်က ကင်းတပ်ဆည်မှာတော့ ရွာဘင်းချောင်းရေစီးဝင်တာ၊သဖန်းဆိပ်ဆည်ပင်မရေလွှဲပေါက်ကလွှတ်ထားတဲ့ မူးမြစ်ရေတိုးလာတာကြောင့် ဆည်ထဲရေပြည့်နေပြီး Emergency Spillway (အရေးပေါ် ရေလွှတ်ပေါက်) ကနေ ရေလျှံနေပါတယ်။ဒါကြောင့်မို့ ဒီရက်ပိုင်းမှာ ပုံမှန်မိုးတွင်းကာလများလိုပဲ မူးမြစ်ရေအနည်းငယ်တိုးလာနိုင်ပါတယ်။
ဒီရက်ပိုင်းနေရာအနှံ့မိုးများတာ၊ချောင်းရေနဲ့မူးမြစ်ရေတိုးလာတာ စတာတွေကြောင့် သဖန်းဆိပ်ဆည်နဲ့ကင်းတပ်ဆည်ကြားက ပုံမှန်ရေတက်နေကျ ကုန်းမြင့်ပိုင်းတွေထိ ရေတက်နေတာကလွဲလို့ ဆည်နှစ်ခုအောက်ပိုင်းက မူးမြစ်ကမ်းဘေးကျေးရွာများနဲ့ကင်းတပ်‐ရွှေဘိုမူးဘောင်ဘေးကျေးရွာများ ရေဘေးအန္တရာယ် စိုးရိမ်စရာအခြေအနေမရှိပါခင်ဗျာ။
ဓါတ်ပုံကတော့ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် အောက်တိုဘာလတုန်းက ကင်းတပ်ဆည် Emergency spillway မှ ရေလျှံနေတဲ့အခြေအနေဖြစ်ပါတယ်

ယောကျ်ားတိုင်း အသက်အရွယ်ခြွင်းချက်မရှိ စစ်မှုထမ်းရတော့မည့်အန္တရာယ်
ဩဂုတ် ၂၆ ၊ ၂၀၂၄
ပီးခဲ့တဲ့ရက်ပိုင်းက " ပြည်သူ့လုံခြုံရေးစနစ် " ဆိုတဲ့ အကြောင်းပြချက်နဲ့ စစ်ခေါင်းဆောင်က မြို့ပေါ်မှာရှိတဲ့ရပ်ကွက်တွေမှာ အသက် ၃၅ နှစ်ကနေ ၆၀ ကြားရှိတဲ့ အမျိုးသားတွေကို ကင်းစောင့်ရမယ်လို့ အမိန့်ထုတ်ပြန်ထားပါတယ်။
ဒီမတိုင်ခင်ကလည်း အသက် ၁၈ ကနေ ၃၅ နှစ်ကြားအရွယ် လူငယ်၊လူလက်ပိုင်းတွေကို " ပြည်သူ့စစ်မှုထမ်းဥပဒေ " ပြဌာန်းပီး ယောကျ်ား၊မိန်းမ မရွေး စစ်မှုထမ်းဖို့ ဥပဒေ ပြဌာန်းထားပါတယ်။
တနိုင်ငံလုံး စစ်ရေးအရှိန်ပြင်းထန်ချိန် အကြီးအကျယ်စစ်ရှုံးနေတဲ့ စစ်အုပ်စုဟာ ဘယ်သူသဘောတူတူမတူတူ နိုင်ငံရေးအရ အောက်ကြို့ပီးစေ့စပ်ညှိနှိုင်းရေးလမ်းစဥ်ကိုတောင် မရွေးချယ်တော့ပဲ တိုင်းပြည်တခုလုံး ပျက်စီးရာပျက်စီးတဲ့လမ်းစဥ်ကိုရွေးချယ်ပီး အသေထွက်ထွက်ဖို့ပြင်ဆင်နေတဲ့အခြေအနေပါ။
ဒီတော့ အရင်ကလည်း စစ်မှုထမ်းဥပဒေပြဌာန်းပီး အသက် ၁၈–၃၅ နှစ်ကြားအရွယ်တွေကို စစ်မှုထမ်းခိုင်းသလို အခုလည်း အသက် ၃၅–၆၀ နှစ်ကြားအရွယ်တွေကို ပြည်သူ့လုံခြုံရေးအကြောင်းပြပီး စစ်မှုထမ်းခိုင်းတာကြောင့် အရွယ်ရောက်ပီးသူ အသက် ၁၈ နှစ်ကနေ သေခါနီး ၆၀ အရွယ်ကြားက ယောကျ်ားတိုင်း စစ်မှုထမ်းရတော့မှာပါ။
ရပ်ကွက်ထဲမှာ ကင်းစောင့်ရုံတင်မကပဲ အခန့်မသင့်ရင် ရှေ့တန်းစစ်မျက်နှာပြင်အထိ ပို့ခံရမယ့်အန္တရာယ်တွင်းထဲကို မြန်မာပြည်တွင်းက လူငယ်၊လူလက်၊လူကြီးပိုင်း အမျိုးသားတွေအကုန် မကြာခင်မှာ ကျရောက်တော့မှာဖြစ်တာမို့ စစ်ကောင်စီတပ်ကို ပြတ်ပြတ်သားသား ဆန့်ကျင်တော်လှန်တဲ့လမ်းစဥ်ကိုသာ ရွေးချယ်ကြဖို့ တိုက်တွန်းနှိုးဆော်လိုက်ရပါတယ်။

စစ်ကောင်စီ၏ ရိက္ခာပို့စစ်ကြောင်းဝင်လာစဥ် ကန့်ဘလူမြောက်ခြမ်းမှ ဒေသခံ ၃ ဦးသတ်ဖြတ်ခံရကာ ၁ ဦးပျောက်ဆုံးနေ
ဩဂုတ် ၂၅ ၊ ၂၀၂၄
ကန့်ဘလူမြို့နယ်မြောက်ခြမ်း ချပ်သင်းစံပြရွာ၏ အရှေ့ဘက် ၁ မိုင်ခွဲကွာဝေးသော ဦးကင်းကြည်ရွာအား ယနေ့မနက်အစောပိုင်းက အင်အား ၇၀ ခန့်ပါသော စစ်ကောင်စီ၏ရိက္ခာပို့စစ်ကြောင်းဝင်ရောက်လာစဥ် ဒေသခံ ၃ ဦး ဖမ်းဆီးသတ်ဖြတ်ခံရကာ ၁ ဦး ပျောက်ဆုံးနေကြောင်း သိရသည်။
ယနေ့ ဩဂုတ်လ ၂၅ ရက်မနက်အစောပိုင်း၌ ချပ်သင်းစံပြရွာမှ ဦးကင်းကြည်ရွာသို့ စစ်ကောင်စီစစ်ကြောင်းဝင်ရောက်လာစဥ် အသက် ၃၀ ဝန်းကျင်အရွယ် ကိုလှိုင်မင်း၊ကိုနိုင်မင်းတို့နှင့်အတူ အသက် ၂၇ နှစ်အရွယ် ကိုဇင်ကိုဦးတို့ ၃ ဦးမှာ လည်လှီးသတ်ဖြတ်ခံခဲ့ရကာ အသက် ၅၀ အရွယ် ဦးမောင်ငွေမှာ ပျောက်ဆုံးနေကြောင်း သိရသည်။
စစ်ကောင်စီပူးပေါင်းစစ်ကြောင်းသည် ဩဂုတ်လ တတိယအပတ်မှစတင်ကာ ကန့်ဘလူမြို့နယ်မြောက်ခြမ်းရှိ စစ်ကောင်စီနှင့်ပျူစောထီးများ ပူးပေါင်းအထိုင်ချထားသော ချပ်ကြီးရွာနှင့်ချပ်သင်းရွာတို့ဘက်သို့ ရိက္ခာပို့ရင်း စစ်ကြောင်းထိုးနေခဲ့ခြင်းဖြစ်ကာ စစ်ကြောင်းထိုးလှုပ်ရှားနေသည်မှာ ၁ ပတ်ကျော်ကြာမြင့်နေပြီဖြစ်သည်။
စစ်ကောင်စီစစ်ကြောင်းဝင်ရောက်နေစဥ်အတောအတွင်း ကန့်ဘလူမြောက်ခြမ်းရှိ အခြားကျေးရွာများမှ ဖမ်းဆီးခံအရပ်သားပြည်သူအချို့လည်းရှိနေသေးကာ အရေအတွက်ကိုမူ တိတိကျကျမသိရသေးပေ။
ယနေ့မနက်အစောပိုင်းက ဦးကင်းကြည်ရွာသို့ဝင်ရောက်လာသော စစ်ကောင်စီစစ်ကြောင်းသည် နေ့လည် ၃း၀၀ အချိန်ခန့်၌ ရွာထဲရှိ နေအိမ် ၅ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကာ ပြည်သူပိုင် သုံးဘီးဆိုင်ကယ် ၁ စီးအပါအဝင် ဆိုင်ကယ် ၁၅ စီးနှင့်စားနပ်ရိက္ခာများကိုလည်း ခိုးယူသွားခဲ့သေးသည်။