I made this channel because she leave me @imadethischannel_b Channel on Telegram

I made this channel because she leave me

@imadethischannel_b


I Made This Channel Because She Left Me (English)

Have you ever experienced heartbreak and the need to express yourself to the world? Look no further than the Telegram channel, 'I Made This Channel Because She Left Me.' This channel, created by the user 'imadethischannel_b,' serves as a platform for individuals to share their feelings, stories, and experiences after a breakup. Whether you are looking to vent, seek advice, or simply connect with others who understand what you are going through, this channel is the perfect place for you.

Who is it for? This channel is for anyone who has gone through a breakup and is looking for a supportive community to lean on. It is a safe space where you can share your emotions without judgment and receive comfort from others who have been in similar situations.

What is it? 'I Made This Channel Because She Left Me' is a channel dedicated to providing a virtual shoulder to cry on for those who are dealing with heartbreak. Through shared stories, words of encouragement, and a sense of solidarity, this channel aims to help individuals heal and move forward after a difficult breakup.

Join 'I Made This Channel Because She Left Me' today and discover a community that understands what you are going through. Let your voice be heard, find support, and take the first step towards healing.

I made this channel because she leave me

08 Jan, 14:02


တစောင်းကြီးလည်နေတဲ့
ကမ္ဘာပေါ်မှာ
ဖြောင့်ဖြောင့်တန်းတန်း သွားဖို့ဆိုတာ
ခက်ပါလိမ့်မယ် ။

-ဂန္ဓမာ

I made this channel because she leave me

06 Jan, 13:49


သူငယ်ချင်းဟောင်းလို့လောကမှာမရှိဘူး၊သူငယ်ချင်းတစ်ခါဖြစ်ရင်ဘယ်တော့မှမဟောင်းဘူး၊

အဲ......ချစ်သူဟောင်းဆိုတာတော့
လောကမှာရှိတယ်။
-တက္ကသိုလ်ဘုန်းနိုင်

I made this channel because she leave me

01 Jan, 14:17


ဒသဟာ မင်းသားတစ်ပါးပါပဲ
ရာမ ဆိုတဲ့လူ ပေါ်မလာခင်အထိပေါ့ ။

-ဂန္ဓမာ

I made this channel because she leave me

01 Jan, 13:20


ဒီနှစ်ရော
ဘယ်လိုပွင့်ဖက်တွေ
မဝေခင်က ကြွေဦးမလဲ

-ခန့်ထည်

I made this channel because she leave me

30 Dec, 14:29


ပြန်မလာတော့ဘူးဆိုတာ သေချာရဲ့လား
တယောက်တည်း နေသားကျဖို့ ကြိုးစားရမလား
ဒါမှမဟုတ် တယောက်ယောက်ကို
ရှာဖွေလိုက်ရတော့မလား
ဒီနှစ်တွေကိုယ်မပျော်ဘူးကွယ်
စောင့်ရမယ်မှန်းမသိ မစောင့်ရမယ်မှန်းမသိ
လွဲခဲ့တဲ့ရထားတွေလဲ များခဲ့ပြီ ။

-ချာန်း

I made this channel because she leave me

29 Dec, 19:58


ဒီရထားပြီးလျှင်
ရထားမရှိတော့။ ။

-အောင်ချိမ့်

I made this channel because she leave me

28 Dec, 15:07


မေ့ဖို့ကြိုးစားနေတာ ဦးနှောက်ဖြစ်ပြီး
မေ့ဖို့ခက်နေတာဟာ နှလုံးသားဖြစ်တယ်။

-သိန်းမောင်

I made this channel because she leave me

21 Dec, 08:11


မင်းအပြုံးတစ်ပွင့်နဲ့ နေမ၀င်အင်ပါယာ
ဘယ်ဟာယူမလဲမေးရင်တောင်
ဒုတိယအရာကို ငြင်းပါမယ်။

-တာရာမင်းဝေ

I made this channel because she leave me

17 Dec, 14:54


ဒီတခေါက် ဆောင်းဝင်လာပုံဟာ
တကယ့်ဖြေးဖြေး အေးအေးလေး

ဒီလိုမနက်ခင်းစောစောတွေမှာ
နည်းနည်းလွမ်းရပြီး
မွန်းတည့်ချိန်တွေဆို
ရှင်းရှင်းလင်းလင်းပျောက်သွားတယ်

မင်းလိုလို နှင်းလိုလိုနဲ့....။

-နွေသစ်ငြိမ်း

I made this channel because she leave me

17 Dec, 01:59


မပျော်ရပါဘူးကွာ
ငိုခဲ့ရတယ်
မင်းတို့ပြောပြောနေတဲ့ ချစ်ခြင်းမေတ္တာတွေကလေ။

-ဘုန်းမင်းနွေ

I made this channel because she leave me

15 Dec, 08:47


ခန္ဓာအရည်ပြားထဲ စိုက်ဝင်သွားသော
အရာကို ဆူးဟုခေါ်လျှင်

"နှလုံးသား"မှာ စိုက်ဝင်သွားသောအရာကို
မည်ကဲ့သို အမည်တပ်မည်နည်း။

-သိုးဆောင်း

I made this channel because she leave me

14 Dec, 05:43


တချို့က
အမှတ်တရဟောင်းတွေ
ပြန်သတိရနေချိန်

တချို့က
အမှတ်တရသစ်တွေ
အတူဖန်တီးနေကြတယ် ။

-ဂန္ဓမာ

I made this channel because she leave me

13 Dec, 07:28


လူတွေကြားထဲရှိနေရင်တောင်
လူတွေကြားထဲရှိနေတယ်လို့
မခံစားရတော့တဲ့ အခြေအနေတစ်ခု
ငါရခဲ့ပါတယ် ။

-ဂန္ဓမာ

I made this channel because she leave me

11 Dec, 11:17


အချစ်နဲ့စစ်ကို မကစားကောင်းဘူး
လူကြီးမင်းတို့ရဲ့
တစ်ခုက အသက်တွေဆုံးရှုံးနိုင်တယ်
တစ်ခုက ဘဝပါ ဆုံးရှုံးနိုင်တယ်။

-ဘယ်လာခင်

I made this channel because she leave me

10 Dec, 16:32


ငါ့မှာ
ပြေးစရာ မြေရှိခဲ့တယ် ။
ခိုစရာ အမိုးရှိခဲ့တယ် ။

လောက ကတော့
ဆိုးမြဲအတိုင်း ဆိုးနေမှာပဲ ။

အချစ်ခံနေရလို့သာ ...
မကောင်းဆိုးဝါး မဖြစ်ခဲ့တာပါ ဘေဘီရယ် ။

-မြကျေး

I made this channel because she leave me

09 Dec, 15:34


ခင်ဖုန်းသက်ဝေရေ
ခွင့်လွှတ်နိုင်ရင် ကျေအေးစေချင်တယ် ။

ရှေ့ကိုသွားနေတဲ့ ရထားမှာ
နောက်ပြန် ထိုင်စီးရင်း
ဝေးကွာခြင်းဆိုတာကို ပိုနားလည်လာရတယ် ။

မေနဲ့ဩဂုတ်မှာ
အရင်လေတွေ တိုက်ရင်
အရင်ပန်းတွေပဲ ပွင့်ကြဦးမှာပါ ။

ပုံပြင်မစခင် ပုံပြင်လေးထဲမှာ
ကောင်းကင် ဘာအရောင်လဲဆိုတာ
မှတ်မိနေသေးရင်
ကျွန်တော့်ကို မမေ့သေးဘူးဆိုတာ
ကိုယ့်ဘာသာ ယုံကြည်လိုက်ပါ့မယ် ။

-သန်းတင့်

I made this channel because she leave me

09 Dec, 01:34


ဘုရားမရှိခိုးတာက အစ
ဘာကိုမှ မယုံကြည်တော့တာ အဆုံး
လူမုန်းများတာ အကုန်လုပ်တယ်။

-ကြည်ဇော်အေး

I made this channel because she leave me

08 Dec, 07:47


စစ်သားကြီးလဲ မလုပ်ရဲ
ကဗျာဆရာမလဲ မဖြစ်ခဲ့
ကျားဆိုးပေါတဲ့ တောင်ရိုးတွေပေါ်
မျှစ်ချိုးလိုက်ခွင့်လဲ မရခဲ့။
ချစ်ခြင်းမေတ္တာရဲ့ ငြင်းပယ်ခံရတဲ့
အမျိုးသမီးငယ်ပါ အကိုရယ်
နေရစ်ဖို့ကလွဲ
ဘာများတတ်နိုင်မှာမို့လို့လဲ...။

-ဘယ်လာခင်

I made this channel because she leave me

07 Dec, 15:20


တစ်ဖက်တည်းချည်နှောင်နေရမဲ့ မေတ္တာမျိုးတွေကို
ဘယ်တော့မှ မလိုချင်နဲ့။ ချစ်ခြင်းမေတ္တာရဲ့ အစိတ်အပိုင်းတွေမှာ
ပူလောင်နာကျင်ရခြင်းနဲ့ ပျော်ရွှင်ကြည်နူးရခြင်းတွေပါတယ်။

ရွေးချယ်မှုကို ကိုယ်ကပဲလုပ်ရမှာ.....

တစ်စုံတစ်ယောက်ကို ချစ်တော့မယ်ဆိုရင်
ချစ်ခြင်းမေတ္တာတွေထပ်တူကျပြီး
ကိုယ့်ကိုပျော်ရွှင်စေတဲ့သူကိုပဲ ရွေးချယ်။

ဒါဆို ချစ်ခြင်းမေတ္တာဟာ ပျော်ရွှင်စရာကောင်းတဲ့
အရပ်ဒေသတစ်ခုဆိုတာ နားလည်သွားလိမ့်မယ်။
-𝑇𝑟𝑖𝑠𝑡𝑎𝑛 𝑃𝑦𝑛𝑒

I made this channel because she leave me

07 Dec, 10:19


ပျော်နေစေချင်တာ စေတနာဖြစ်ပြီး
မင်းပျော်တာကိုပဲ မြင်ချင်နေတာက
ချစ်ခြင်းမေတ္တာဖြစ်ပါတယ်။

မနေ့က ချစ်ခဲ့တယ်
ဒီနေ့ ချစ်တယ်
မနက်ဖြန်တွေမှာ ဆက်ချစ်နေဦးမယ် ဒီလောက်ပါပဲ။

-လင်းညီ

I made this channel because she leave me

05 Dec, 14:58


ခေတ်ကြီးထဲ ငါတို့နာခဲ့တာ
တရားတွေမဟုတ်ဘူး
ဘ၀တွေ ။

-ညို့၀န်းနွယ်

I made this channel because she leave me

05 Dec, 07:41


ပြန်မလိုချင်တော့ဘူး ပြောပြီး
ပြန်လာမလား စောင့်မျှော်နေတတ်တဲ့
မိုးတိမ်ဟာ ကိုယ်ပဲ။

-လင်းညီ

I made this channel because she leave me

05 Dec, 00:17


မြက်ရိတ်သမားကို ​ကြောက်လန့်ပြီး
ပြန်မထွက်တဲ့မြက် မြင်ဖူးလား...။

အများကြီးမလိုဘူး....
မြက်ပင်လေးလောက်ရဲရင့် ရင်ရပြီ...။

-တာရာမင်းဝေ

I made this channel because she leave me

03 Dec, 14:22


စိတ်တအားမပူပါနဲ့
မနက်ဖြန်မှာ
ငါတို့မရှိတော့တာလည်း ဖြစ်နိုင်ပါတယ် ။

-ဂန္ဓမာ

I made this channel because she leave me

03 Dec, 14:20


ဝေးသွားရင် ဘယ်လိုလုပ်မလဲတဲ့
ကျွန်တော်ကတော့ သေရလိမ့်မယ်လို့
ပြန်ဖြေခဲ့တယ်
တကယ်ဝေးသွားတော့
ကျွန်တော် တကယ်မသေတာကို
ပြောပြောပြီး သူရယ်တယ်

ကျွန်တော်ကတော့ လိုက်မရယ်နိုင်ပါဘူး
ဘယ်သူက ကိုယ့်စိတ်အသေကို စိတ်မှာပွေ့ထားပြီး
လိုက်ပျော်နိုင်ပါ့မလဲ။

-လင်းညီ

I made this channel because she leave me

02 Dec, 15:34


မချစ်ဘူးလို့ပဲ လိမ်လို့ရခဲ့တယ်
သတိရခြင်းကိုတော့ လိမ်လို့မရခဲ့ဘူး ။

-ဂန္ဓမာ

I made this channel because she leave me

02 Dec, 14:33


ချစ်လျက်နဲ့ဝေးကြတယ်လို့
ကြားတော့ ပြုံးမိတယ်
တကယ်တော့ ချစ်လျက်နဲ့ဝေးတယ်ဆိုတာမျိုးမရှိပါဘူး
စိတ်ရင်းမှန်နဲ့သာ နီးချင်ကြရိုးဆို
ထောင်သောင်းမကသော နည်းလမ်းတွေနဲ့
နီးစပ်အောင်ကြိုးစားလို့ရတာပါပဲ
တယောက်ယောက်ကလက်လျှော့လိုက်လို့ပဲဖြစ်မှာပါ
တနည်းအားဖြင့် အဲ့တယောက်ယောက်က
မချစ်တော့လို့ပဲ ဖြစ်ပါလိမ့်မယ် .. ။

-ချာန်း

I made this channel because she leave me

24 Nov, 09:50


လွမ်းနေလဲ လှမ်းမခေါ်ရဲဘူး အချစ်ရေ၊
မင်းရော ကိုယ်ရော သိခဲ့ပါတယ်။
အဲ့ဒီနေ့မှာ အားလုံး ပြီးဆုံးသွားခဲ့တယ် ဆိုတာ

-tarmhyuunge

I made this channel because she leave me

22 Nov, 17:45


ပွဲတော်တွေဟာလည်း
ပျော်စရာမကောင်းတော့ပါဘူး။
တို့ခေါင်းပေါ်မှာ
ကောင်းကင်ကြီးဟာ
လွတ်လွတ်လပ်လပ်မှ မဟုတ်တာ။

- မောင်ချောနွယ်

I made this channel because she leave me

20 Nov, 15:34


နေရာတကျပြန်ထားခဲ့ရတဲ့
ချစ်ခြင်းမေတ္တာတွေပါပဲ။

ကိုယ်မတတ်နိုင်တဲ့ အရာတွေအတွက်
စိတ်မကောင်းဖြစ်ပိုင်ခွင့်မရှိခဲ့။

-ဂန္ဓမာ

I made this channel because she leave me

18 Nov, 15:20


မင်းရွေးတဲ့လက်ကိုမြဲအောင်တွဲပြီး
တခြားကမ္ဘာကိုပဲ မျက်နှာမူပါ
ကျွန်တော်က ရပါတယ်
နောင်တတွေ ဒဏ်ရာတွေ။

-တစ်မိုးအောက်

I made this channel because she leave me

18 Nov, 10:06


တစ်ယောက်ယောက်ကို ယူကျုံးမရချစ်ခဲ့ပြီး
တုံ့ပြန်မှုမရခဲ့သူ
နာကျင်ခဲ့သူ
အပြစ်ဖြစ်ခဲ့သူပါ။

- အောင်ချိမ့်

I made this channel because she leave me

11 Nov, 10:57


ကျနော်တို့လည်း သိပ်အများကြီး
မျှော်လင့်မထားခဲ့ကြပါဘူး
ကိုယ့်ကိုချစ်ပြီး ကိုယ်ကချစ်ရတဲ့
တစ်စုံတစ်ယောက်ကိုပဲ လိုချင်ခဲ့ကြတာပါ
ကျနော်တို့ မတန်မဆကြီးလည်း
မတောင်းဆိုခဲ့ကြပါဘူး
အဲ့ဒီလောက်လေးပဲ ရချင်ခဲ့ကြတာပဲ
ဒါပေမဲ့ အဲ့ဒီလောက်ကလေးကိုပဲ မရနိုင်ခဲ့ကြဘူး။

-မိုးနေ့

I made this channel because she leave me

08 Nov, 18:56


တစ်ယောက်ဟာ အခြားတစ်ယောက်နဲ့
သက်ဝင်နေရင်
ကိုယ်က မငြိတွယ်မိအောင်နေရမယ်
အတင်းတိုးမဝင်ရဘူးတဲ့
ချစ်ခြင်းမေတ္တာမှာလည်း ယဉ်ကျေးမှုရှိရတယ် ။

-ရိပ်ငြိမ်

I made this channel because she leave me

08 Nov, 08:45


တစ်ခါတလေ စိတ်ပင်ပန်းမှုက
တော်တော်လေး ပြင်းထန်တယ်နော်
သီချင်းတွေလည်း မတိုးတော့ဘူး
စကားပြောဖော်လည်း မထိရောက်တော့ဘူး
အရာရာကနေ ခွဲထွက်ပြီး
တစ်ယောက်တည်း ‌ခွေနေဖို့ပဲ ရွေးချယ်ချင်တော့တာ။

-Lionel Sn

I made this channel because she leave me

03 Nov, 12:59


ချစ်ခြင်းမေတ္တာဆိုတာ
အသွားအပြန်ရှိတယ်ဆိုလည်း
ကိုယ်‌တစ်ယောက်တည်းသွားပြီး
ကိုယ်တစ်ယောက်တည်း ပြန်ခဲ့ရတာမျိုးပဲ ဖြစ်မှာပါ။

- မယ်စိမ်းလန်း

I made this channel because she leave me

28 Oct, 08:10


တလောကလုံးနဲ့ တယောက် လဲပြီး ရွေးခဲ့တယ်
တလောကလုံးကို ဆုံးရှုံးလိုက်ရတာပဲ အဖက်တင်တယ်။

-ဇင်း

I made this channel because she leave me

24 Oct, 07:38


ကျွန်တော်လေ ကိုယ်မတတ်နိုင်တာ သေချာပြီဆိုရင်
ဝမ်းမနည်းတော့ဘူး
စိတ်မကောင်းလည်း မဖြစ်တော့ဘူး။

-မြကျေး
_ အလွမ်းစာ

I made this channel because she leave me

23 Oct, 17:52


စောင့်နေတာကိုတောင်မသိဘဲ
ပြန်မလာတဲ့သူနဲ့
ပြန်မလာမှာကို သိသိနဲ့
စောင့်နေတဲ့သူ ဘယ်သူလွန်လဲ

အချစ်ရေ
တွေ့စကနေ အခုဝေးပြီးတဲ့အထိ
အားလုံးက ကိုယ့်အမှားချည်းပါပဲ။

-လင်းညီ

I made this channel because she leave me

23 Oct, 05:42


တစ်ယောက်တည်းပြေးကာ
ဒုတိယရသူများရှိပါသည်။

-အောင်ချိမ့်

I made this channel because she leave me

22 Oct, 12:03


အကြိမ်ကြိမ် ခွင့်လွှတ်တတ်တဲ့လူတွေ
စွန့်လွှတ်တတ်သွားတဲ့အချိန်မှာ
မင်းဘာမှရှာတွေ့မှာ မဟုတ်တော့ဘူး အချစ်ရဲ့
အရမ်းကြောက်စရာကောင်းတယ်။

-ရိပ်ငြိမ်

I made this channel because she leave me

20 Oct, 15:04


စစ်ကြီးပြီးသွားတော့ တစ်ဖက်နဲ့တစ်ဖက်နိုင်ငံသူရဲကောင်းတွေကိုယ်စီရကြတယ်။
ဒါပေမယ့်. . . . .အသေ။
- ဇာတိ

I made this channel because she leave me

16 Oct, 17:18


လွမ်းနေလဲ လှမ်းမခေါ်ရဲဘူး အချစ်ရေ၊
မင်းရော ကိုယ်ရော သိခဲ့ပါတယ်။
အဲ့ဒီနေ့မှာ အားလုံး ပြီးဆုံးသွားခဲ့တယ် ဆိုတာ

-tarmhyuunge

I made this channel because she leave me

15 Oct, 12:04


တစောင်းကြီးလည်နေတဲ့
ကမ္ဘာပေါ်မှာ
ဖြောင့်ဖြောင့်တန်းတန်း သွားဖို့ဆိုတာ
ခက်ပါလိမ့်မယ် ။

-ဂန္ဓမာ

I made this channel because she leave me

14 Oct, 15:04


"ထားခဲ့ရင်
နေခဲ့ရမှာပေါ့ကွာ"

-စောကြည်ဖြူ

I made this channel because she leave me

14 Oct, 14:31


မင်းမျက်နှာကို မတွေ့ရတဲ့နေ့ဟာ
လမ်းမှားတော့တာပဲ။
မင်းကနေနိုင်တယ်
ချစ်တာကိုချစ်တယ်လို့ ဖွင့်မပြောဘူး
အသေခံတယ်...။

-စိုင်းဝင်းမြင့်

I made this channel because she leave me

13 Oct, 16:10


သိပ်ချစ်တယ်လို့ပြောခဲ့တဲ့သူတွေမှာလဲ
နောက်ထပ်သိပ်ချစ်ရမယ့်သူတွေရှိလာလိမ့်မယ်လို့
ကျွန်တော်ဘယ်ထင်ထားခဲ့မလဲ။

-ဂန္ဓမာ

I made this channel because she leave me

11 Oct, 14:11


မိုးပျံပူဖောင်းက လက်ကလွတ်သွားတာနဲ့
ဟိုးအဝေးကြီးကို မြင့်တက်သွားပြီး
ကိုယ်နဲ့ ဝေးရာကို တဖြည်းဖြည်းရောက်သွားမှာ
အဲ့လိုပဲ .. နှလုံးသားဆိုတာလည်း
ချစ်မိပြီဆိုရင် ကိုယ်က ဖမ်းထားလို့မရတော့ဘူး ။

🎥 နှလုံးသားစီရင်ခန်း

I made this channel because she leave me

11 Oct, 06:18


"တွေ့ဆုံခြင်းတွေအတွက် ကျေးဇူးတင်ရ
ခွဲခွာခြင်းများကိုလည်း မငြင်းဆိုရ ။ "

-ဂန္ဓမာ

I made this channel because she leave me

03 Oct, 16:17


နေရာတကျ ပြန်ထားခဲ့ရတဲ့
ချစ်ခြင်းမေတ္တာတွေပါပဲ

ကို့ယ်မတက်နိုင်တဲ့အရာတွေ အတွက်
စိတ်မကောင်းဖြစ်ပိုင်ခွင့် မရှိခဲ့။

- ဂန္ဓာ

I made this channel because she leave me

03 Oct, 14:30


ဘဝမှာ မလုပ်သင့်တာ နှစ်ခုပဲရှိတယ်
အတွေးလွန်ခြင်း နဲ့ အချစ်လွန်ခြင်း

-Flexx

I made this channel because she leave me

29 Sep, 14:18


ဘယ်သူ့ကို ဘယ်သူကမှ
နှုတ်ဆက်စရာမလိုပဲ

မင်းရော ကိုယ်ပါ
အိပ်လို့ပျော်ပြီဆိုရင်

ကိုယ်တို့ဝေးသွားတာ
သေချာပြီ။

- နွေသစ်ငြိမ်း

I made this channel because she leave me

26 Sep, 15:54


ခက်တော့လည်းခက်သားလား...
အချစ်ဆိုတာမျိုးက
ခန္ဓာကိုပူလောင်စေတဲ့ ရာဂမီးတွေနဲ့
လုံးလုံးမပတ်သက်ကြောင်း
အချစ်ကို
တလေးတစားတန်ဖိုးထားသူ
တချို့တလေကပဲ
သိနိုင်ကြတာလေ

-အကြင်သူသည်
-သိုးဆောင်း

I made this channel because she leave me

25 Sep, 13:57


ဒီလို သမုဒယ လမ်းမြောင်သွယ်သွယ်မှာ
ကိလေသာ ခလုတ်ကန်သင်း တိုက်မိပြီး သောက
ဆိုတဲ့ အပွန်းအပဲ့ဒဏ်ရာကလေးတွေနဲ့ တက္ကသိုလ်
ရောက်လာတတ်တယ်၊ ဒဏ်ရာလေး မကျက်ခင်
တော့ နည်းနည်းစပ်ဖျင်းစပ်ဖျင်းနဲ့ပေါ့ကွာ၊
ဒါကို `လွမ်းတယ်’ လို့ မြန်မာလို ခေါ်ကြတယ်။

-နွေကန္တာဦး

I made this channel because she leave me

20 Sep, 14:39


တချို့မိန်းမတွေဟာ
သူတို့ကို တကယ်ချစ်မြတ်နိုးတန်ဖိုးထားတတ်တဲ့
ယောက်ျားတွေနဲ့ မတန်သလို
တချို့ယောက်ျားတွေဟာလည်း
သူတို့အပေါ် အရာရာ အနွံတာခံ တွယ်တာနေတတ်တဲ့
မိန်းမတွေနဲ့ မတန်ဘူး
မွဲချင်တဲ့ခွေး ပြာပုံတိုးပြောရမလား
သူတို့ကို စောက်ရေးမလုပ်
စောက်ဖက်မလုပ်ပဲ နိုင်စီးတတ်တဲ့ သူတွေနဲ့ပဲ
တန်တယ်
ဒါကို ခင်ဗျား အသက်အရွယ်အပိုင်းအခြားတစ်ခု(သို့)
အတွေ့အကြုံ တွေ ကျင်လည်ပြီးမှ သိမှာ
တကယ်လို့များ ခင်ဗျားဘဝမှာတော့
ချစ်ခြင်းမေတ္တာဟာ လူတိုင်းနဲ့ တန်တယ်လို့ပဲ
ထင်မြင်နေသေးရင်
ခင်ဗျားက တော်တော်ကံကောင်းတဲ့လူပဲဗျ

- လင်းမာအို

I made this channel because she leave me

19 Sep, 15:46


ကမ္ဘာသာ
ဖြည်းဖြည်းလေး လည်ခဲ့ရင်
မင်းအနားမှာ အချိန်ကြာကြာရှိခဲ့ဦးမှာ ။

-ဂန္ဓမာ

I made this channel because she leave me

16 Sep, 15:52


ကိုယ့်ကိုထားခဲ့နိုင်သူရဲ့ ရင်ထဲမှာလည်း
အဲ့ဒီလိုထားခဲ့ချင်တဲ့
အကြောင်းတစ်ခုခုတော့ ရှိနေမှာပဲ

ကျွန်တော် သူ့ကိုခွင့်လွှတ်တယ်။

- နွေသစ်ငြိမ်း