Chinese BL Novels 📖💑

@chineseblnovelsreviews


For bl novels lovers (ဖတ်ဖူးတဲ့novelတွေထဲကကောင်းရာများကိုပြန်လည်ဝေမျှပေးထားပါသည်)

Review Channel : https://t.me/chineseblnovelsreviews

Song and Other : https://t.me/chineseblnovelsdlas

Chat Box : https://t.me/+x2zu-9GQbnk3NTY1

Chinese BL Novels 📖💑

01 May, 16:25


KOD ,ပြန်တင်နေပါတယ်

https://www.wattpad.com/story/368123731?utm_source=android&utm_medium=link&utm_content=story_info&wp_page=story_details_button&wp_uname=Little_lanlan

Chinese BL Novels 📖💑

12 Jan, 14:48


Sha Po Lang ( Stars Of Chaos ) ပြန်တင်နေပါတယ်

ဘာသာပြန်သူက အစကနေ သေချာပြန်လုပ်ပေးနေတာမလို့ စိတ်ရှည်ပါ ၊ မလောပါနဲ့
PDF file လိုမျိုးတောင်းပြီး ဘာသာပြန်သူရဲ့ စေတနာကိုလည်း မစော်ကားပါနဲ့

ဖတ်ချင်တဲ့သူတွေက အခုထဲကဖတ်ပါ ထပ်ပျက်သွားရင် ဘယ်သူမှတာဝန်မယူ

https://www.wattpad.com/story/357079422?utm_source=android&utm_medium=link&utm_content=story_info&wp_page=story_details_button&wp_uname=Little_lanlan&wp_originator=3y4w9iKMqrtB3FDCA996zyxHm3ght60K3bHiJK6PvVPlB5JYy1UpWbub5UpTHcN4iu8mSV6oufBR%2FjHRKdasaCK5pPrXlEcIDbq2w%2B%2BOYWr09J%2BKpvRTR17OJEFofv0j

Chinese BL Novels 📖💑

10 Oct, 13:59


Novel 📚

📌 Chinese : https://www.chongya.com/series/f6e4e15a2eaa4b9b88420b97d4c879c0

📌 English : https://www.novelupdates.com/series/have-you-ever-met-such-a-cold-author/comment-page-2/

📌 Myanmar ( Complete ) : https://www.wattpad.com/1305842073

Manhua 📗📘

🔖 Chinese : https://www.manmanapp.com/comic-1404701.html

E tran ရော ၊ မြန်မာပြန်ပါမရှိပါ ❌

Audio Drama 🎙

🔗 Official (mao er) : https://m.missevan.com/drama/24958

Official မှာတင် အစအဆုံး free နားထောင်လို့ရပါတယ်

Chinese BL Novels 📖💑

10 Oct, 13:59


အပေါ် 3 ပုံက Audio Drama ကထုတ်ပေးတဲ့ official ပုံ

အောက်က 2 ပုံက Manhua ကပုံ

နောက်ဆုံးပုံကကျ လုလျန်ကွမ်းတစ်ယောက် သူ့ရဲ့နတ်ဘုရားကို စိတ်ကူးထဲမြင်ယောင်နေတာ 😂

လုလျန်ကွမ်းက တကယ့်ကို fanboy စစ်စစ် ၊ သူ့နတ်ဘုရားကို အသေအလဲ support လုပ်တဲ့သူ

ထန်ချူရဲ့ Fan club ခေါင်းဆောင် 🥹

ဒီဝတ္ထုမှာလေ စာပေလောကအကြောင်း တော်တော်နှံ့စပ်တယ်၊ ဝတ္ထုကို ဇာတ်လမ်း ( LA ) ပြန်ရိုက်တဲ့ အကြောင်းတွေပါ သေချာရေးထားတာ

Chinese BL Novels 📖💑

10 Oct, 13:50


စာဖတ်သူလောကရဲ့ အခြေအနေတွေကို သိပြီးသွားပြီဆိုတော့ ဒီတစ်ခေါက် စာရေးသူလောကဆီ တစ်လှည့်သွားကြမယ်

… Author x Reader …

အွန်လိုင်းစာပေလောကရဲ့ နတ်ဘုရားလို့တင်စားရတဲ့ ထန်ချူက တစ်ကယ်တော့ လူတွေနဲ့ထိတွေ့ဆက်ဆံရမှာကြောက်တဲ့ အိမ်တွင်းပုန်းတစ်ယောက်ပါ။ စာအရေးအသားကောင်းပြီး ပရိတ်သတ်ပေါင်းထောင်သောင်းချီရှိပေမဲ့ ဘယ်သူနဲ့မှလည်း စကားမပြောဘူး

အို .. ဖျန့်ယွီလို့ခေါ်တဲ့ ဖန်တစ်ယောက်နဲ့တော့ ၇ နှစ်လုံးစကားပြောဖြစ်ခဲ့ကြတယ်။ အမေရိကားမှာနေတဲ့ ထန်ချူက တရုတ်ကိုပြန်လာဖို့ အကြောင်းဖန်လာတဲ့အချိန် သူ့ရဲ့ဖန်ဖြစ်တဲ့ ဖျန့်ယွီနဲ့တွေ့ဖို့ချိန်းလိုက်တယ်

ထန်ချူထင်လိုက်တာက ဖျန့်ယွီက စာဖတ်ရတာကြိုက်တဲ့ မိန်းမငယ်လေးပေါ့။ အဲ့ဒါနဲ့ လက်ဆောင်အဖြစ် နှုတ်ခမ်းနီဘူးဝယ်သွားရော။
ဟိုလည်းကျ ဖျန့်ယွီက ယောကျ်ားလေးဖြစ်နေတာလည်းသိရော နှုတ်ခမ်းနီဘူးကို ဖွက်တော့တာပဲ 😆

ဖျန့်ယွီဆိုတာ နာမည်ဝှက်တစ်ခုပဲ သူ့ရဲ့တကယ့်နာမည်က လုလျန်ကွမ်း။
သုန့်လင်မြို့ရဲ့ ထိပ်တန်းတက္ကသိုလ် ၊ ထိပ်တန်းအဆောင်ရဲ့ကျောင်းသား

နည်းနည်းလေကန်ကုန်ဦးမယ်။ အဲ့ထိပ်တန်းအဆောင်ဆိုတာ တစ်နိုင်ငံလုံးမှာရှိတဲ့ ဉာဏ်ကြီးရှင်ကျောင်းသားတွေကို စုထာတဲ့နေရာ။ လုံးဝမာစတာဘရိန်းတွေကွာ .. ကျောင်းသားဦးရေကလည်း ဆယ်ကျော်ပဲရှိတယ်။

လုလျန်ကွမ်းက အဲ့အဆောင်မှာနေရတဲ့ကျောင်းသား။ ထန်ချူကလည်း တကယ်တော့ အဲ့အဆောင်မှာနေရဖို့ ကမ်းလှမ်းချက်ရထားတဲ့သူ ဒါပေမဲ့ ရင်နာစရာအကြောင်းအချို့ကြောင့် တက်ခွင့်မရခဲ့ဘူး😔

ဒီဝတ္ထုမှာဆိုရင် တရုတ်အွန်လိုင်းစာပေလောကရဲ့ လုပ်ရိုးလုပ်စဉ်၊ သဘောတရားတွေကို သေချာဖတ်ရှုရမှာ။ စာရေးဆရာအချင်းချင်း ယှဉ်ပြိုင်မှုတွေ ၊ ခိုးကူးမှုတွေဆိုတာလည်း နှံ့နှံ့စပ်စပ်ပဲ

ဒါကိုဖတ်ပြီးသွားတာနဲ့ အခုကိုယ်တွေဖတ်နေတဲ့ danmei author တွေရဲ့ လောကကြီးကရော ဒါမျိုးပါလားဆိုပြီး ကွက်ကွက်ကွင်းကွင်းမြင်သွားပါလိမ့်မယ် ✌️

အွန်လိုင်းစာပေလောကမှာ နှစ်ခြမ်းခွဲထားတယ် အမျိုးသားဖတ်စာပေနဲ့ အမျိုးသမီးဖတ်စာပေ ( အမျိုးသားဖတ်ကြတော့ သိုင်းဝတ္ထုတို့ ၊ ကျင့်စဉ်တွဲတွေ ဘာညာ ၊ အမျိုးသမီးဖတ်ကြတော့ အချစ်ဝတ္ထုဘာညာပေါ့ )

အမျိုးသားဖတ်စာပေရဲ့ နတ်ဘုရား ကျူချုန်းရှန်း ( ထန်ချူ ) နဲ့ အမျိုးသမီးဖတ်စာပေရဲ့ နတ်ဘုရား ဟယ်ကွမ်းထုံချန် ( လုလျန်ကွမ်း )

ကျူချုန်းရှန်းရဲ့ အမာခံပရိတ်သတ်က ဖျန့်ယွီဖြစ်ပြီး ဟယ်ကွမ်းထုံချန်ရဲ့ အမာခံပရိတ်သတ်က ချိုချဉ်ကြော် ( ထန်ချူ)
တကယ်တော့ သူတို့နှစ်ယောက်လုံးက စာရေးသူတွေဖြစ်ပြီး အချင်းချင်းရဲ့ top ဖန်တွေဖြစ်နေကြတာတဲ့လေ 🤣🤣

စာရေးဆရာနှစ်ယောက်ချိန်းတွေ့တဲ့အခါ ဘာလုပ်တယ်လို့ထင်လဲ ?? update ပေးဖို့အတွက် စာအတူထိုင်ရေးပါတယ် 🥲🥲

ဇာတ်လမ်းအသွားအလာက ငြိမ့်ငြိမ့်လေးဆိုပေမဲ့ ဓားတွေကတော့ အတန်အသင့်ထက်ပါတယ် ထန်ချူရဲ့ငယ်ဘဝက တော်တော်လေးဝမ်းနည်းဖို့ကောင်းတာ
ဒါပေမဲ့ ထန်ချူမှာ နေရောင်ခြည်လေး လုလျန်ကွမ်းရှိတာမလို့ အရာအားလုံးကိုဖြတ်ကျော်နိုင်ပါလိမ့်မယ်

ပြီးတော့ ဒီ novel မှာ side cp လေးလည်းရှိတယ်။ သူတို့ရဲ့ story လေးကလည်း တအားစိတ်ဝင်စားဖို့ကောင်းတယ်ရယ်။ side cp အတွက် အပိုင်းသိပ်မပါပေမဲ့ ကိုယ်ကတော့ ဝတ္ထုသပ်သပ်တောင်ထွက်စေချင်သေးတာ။
side cp ကလည်း ထိပ်တန်းအဆောင်ကပဲဆိုတော့ နှစ်ယောက်လုံးဆရာကြီးတွေ။

ဘာပဲဖြစ်ဖြစ် ဖတ်ရတာအရမ်းကိုတန်တဲ့ဝတ္ထုတစ်ခုပါ။ အပိုင်းက ၆၀ ကျော်ပဲဆိုတော့ တော်တော်တိုတယ် ကိုယ်တော့အများကြီးဖတ်ချင်သေးတယ် ...

Chinese BL Novels 📖💑

10 Oct, 13:44


Name : Have You Ever Met Such a Cold Author 你可曾見過如此高冷的作者

Author : Shou Chu 首初

Genre : #Drama #Mature #Psychological #Romance #Slice_of_Life #Yaoi

Novel Status : 60 chapters + 12 extras

MC / Shou : Tang Cu

ML / Gong : Lu Lianguang

#YoungerGong #Uni_Life #Entertainment_Circle

Chinese BL Novels 📖💑

06 Oct, 16:43


Novel 📚

📌 Chinese : https://www.jjwxc.net/onebook.php?novelid=4004322

📌 English : https://www.novelupdates.com/series/lovely-allergen/

📌 Myanmar Tran (Complete) : https://www.wattpad.com/1092918762


Manhua 📗📘

🔖 English :
https://manhuahot.com/manga/lovely-allergen/

manhua မြန်မာပြန်က နှစ်ခုရှိပါတယ်

🔖 Myan Tran 1 : https://t.me/Lovelyallergenmmtranslation

🔖 Myan Tran 2 : https://t.me/lovelyallergenmmtrans


Audio Drama

🖇 Official (mao er ) :
https://www.missevan.com/mdrama/45209

🖇 Youtube :

🖇 Audio Drama Short Clips
: https://t.me/chineseblnovelsdlas/420

🖇 AD Theme Song (mmsub) : https://www.youtube.com/watch?v=eED7h-LdyWU

* ပုံကတော့ ဟီးဟီး 😁
btw မျက်မှန်နဲ့ ကိုကိုစုန့်ယွီက လူကိုသေစေနိုင်တယ် 🫠

Chinese BL Novels 📖💑

06 Oct, 16:40


ပထမ ၂ ပုံက Audio Drama Cover

နောက် ၃ ပုံက Manhua ထဲက ကိုကိုနဲ့ လဲ့လဲ့
သေးသေးလေးတွေကအစ အရမ်းချစ်ဖို့ကောင်း 🥺

နောက်ဆံုး ၃ ပုံက physical book မှာပါလာတဲ့ gift arts တွေပါ

လဲ့လဲ့က ကပြားမလို့ ဆံပင်ကအစ အနောက်တို်င်းဆန်ဆန်လေး

ကိုကိုစုန့်ယွီကတော့ အားကိုးချင်စရာကြီးပေါ့ 😭

တစ်ခြားပုံတွေကို cmt မှာကြည့်ပါ

Chinese BL Novels 📖💑

06 Oct, 16:33


Murmansk ဆိုတာ ဘယ်နေရာလဲ ??
Murmansk ဆိုတာ အာတိတ်စက်ဝိုင်းထဲက ရေခဲမရှိတဲ့ တစ်ခုထဲသောမြို့လေ

နှစ်ဖက်မိဘတွေက သည်းသည်းလှုပ်ချစ်ခံရတဲ့သူ ၊ သူငယ်ချင်းတွေ အကုန်လုံးက ခင်မင်ရင်းနှီးခံရတဲ့သူ ၊ ခွေးလေးကြောင်းလေးတွေဆီက အချစ်ခံရတဲ့သူ ၊ တစ်ခြားသူတွေရှေ့မှာအေးတိအေးစက်နေတဲ့ ရေခဲတုံးချစ်ရသူဆီက အနွေးထွေးဆုံးချစ်ခြင်းရတဲ့သူ

အဲ့လိုလူမျိုးကို မတွေ့ဖူးသေးဘူးဆိုရင် အခုမိတ်ဆက်ပေးပါရစေ။ ထိုလူသားက “ယွဲ့ကျစ်ရှီ” တဲ့

ယွဲ့ကျစ်ရှီနာမည်က ယွဲ့ (乐) နဲ့ ခွိုက်လဲ့ - ပျော်ရွှင်ခြင်းဆိုတဲ့ လဲ့ (乐) က စာလုံးအတူတူပဲမလို့ ဒီဝတ္ထုမှာ ယွဲ့ကျစ်ရှီကို လူတိုင်းက လဲ့လဲ့ဆိုပြီးခေါ်ကြပါတယ်

ယွဲ့ကျစ်ရှီရဲ့ မိဘနှစ်ပါးက သူ့အသက် ၃ နှစ်မှာ ကွယ်လွယ်သွားတာမလို့ ယွဲ့ကျစ်ရှီက မိဘတွေရဲ့သူငယ်ချင်းအိမ်ကိုရောက်လာခဲ့တယ်။ ယွဲ့ကျစ်ရှီက ကပြားလေး … အဲ့ဒါကြောင့်မလို့ တရုတ်စကားမပြောတတ်ဘူး။ သူ့ဘဝမှာ ပထမဆုံးပြောတဲ့စကားက “ကိုကို” တဲ့

စုန့်ယွီက နာမည်ခံအရ ယွဲ့ကျစ်ရှီရဲ့အကိုဖြစ်လာတယ်။ စကားပြောနည်းတဲ့ အေးတိအေးစက်ရေခဲတုံး… ကျောင်းရဲ့အချောဆုံးကျောင်းသား ( ကျောင်းမြက်ကလေး )

လဲ့လဲ့ကလေ တအားကိုမှ ချစ်ဖို့ကောင်းတာ … အပေါ်မှာပြောခဲ့သလို တစ်အိမ်လုံးရဲ့အချစ်တော် ၊ သူငယ်ချင်းတွေရဲ့ အချစ်တော်လေး … ဟုတ်တာပေါ့ သူ့ကိုကိုရဲ့ နှစ်ယောက်မရှိတဲ့ အချစ်တော်လေးဆိုလည်းဟုတ်တယ်

လူတစ်ကိုယ်လုံးက အကြည်ဓာတ်တွေလွှမ်းခြုံနေပြီး ဘာမဆို အလိုလိုက်ပေးချင်မိလောက်တဲ့သူမျိုး။ လိမ္မာပြီး နာခံတတ်တဲ့ကောင်လေး

လဲ့လဲ့အတွက် အရေးအကြီးဆုံး / ပထမဦးစားပေးအရာက သူ့ကိုကိုပါ။ သူ့ကိုကိုနားမှာ ယောင်လည်လည်ကပ်နေမယ် ၊ ကိုကိုသွားလေရာကို တကောက်ကောက်လိုက်မယ် ၊ ကိုကိုလုပ်သမျှကို ချီးကျူးပြီး ၊ ကိုကို့စကားကိုပဲ နားထောင်တဲ့ ကလေးလေး။ ကိုကို့မျက်နှာ တစ်ကမ္ဘာ ...

စုန့်ယွီကလည်း ရေခဲတုံးဆိုပေမယ့် လဲ့လဲ့ကိုတော့ တအားအလိုလိုက်တယ်။ အရိပ်တကြည့်ကြည့် အသေးစိတ်ဂရုစိုက်ပြီး ဖြေစည်းပေးတတ်တဲ့သူ။ လဲ့လဲ့အပေါ်မှာ နူးနူးညံ့ညံ့နဲ့ အချိုသာဆုံးစကားတွေကို ဆိုပေးတတ်တဲ့သူ

ညီအကိုဆိုပေမဲ့ သွေးအရင်းမဟုတ်တော့ အရိုးတုဆန်ဆန်ပါပဲ

school life , uni life မလို့ ကျောင်းသား ၊ လူငယ်ဘဝရဲ့ ပျိုမြစ်ခြင်းတွေ အပြည့်အဝခံစားရမယ့် ဝတ္ထုလေးပါ။ ပြီးတော့ ကျစ်ချူလောင်ရှီးရဲ့ အကွန့်အညွှတ်ရေးသားဟန်တွေကလည်း မျက်လုံးထဲကွက်ကွက်ကွင်းကွင်း မြင်ယောင်လာစေတဲ့အထိ အရမ်းကို အသက်ဝင်ပြီး လှပပါတယ်။

ပြီးတော့ အဟမ်း … ကားကလည်း စီးရတာ ရှယ်ငြိမ့်ပါတယ်။ ဒီဝတ္ထုရဲ့ကားကိုစီးပြီးသွားရင် တစ်ခြားဘယ်ကားမှ မတိုးနိုင်တော့တဲ့အထိပါ 🫣🫠

တစ်ခုသတိပေးချင်တာက Strong Shou မဟုတ်ပါဘူးနော်။ လဲ့လဲ့က နုနုရွရွလေးမလို့ ပျော့တိပျော့ဖက် Shou မျိုးမကြိုက်ရင် လှည့်သွားလိုက်ပါ

ဝတ္ထုတစ်ပုဒ်လုံးက positive vibe အပြည့်နဲ့ ရင်ထဲတစိမ့်စိမ့်ကြည်နူးမိစေလောက်တဲ့ ဝတ္ထုမျိုးပါ။ အစားအသောက်တွေကလည်း ရှယ်ပလန်ပေါများပြီး အသေးစိတ်ရေးထားတာကြောင့် ညဘက်မဖတ်ပါနဲ့ 🥲

LA က ကျစ်ချူလောင်ရှီးရေးတဲ့ ၄ ပုဒ်မြောက်ဝတ္ထုဖြစ်ပြီးတော့ တစ်ခြား novel အားလုံးနဲ့ share universe ပါ။ ကျစ်ချူရဲ့ပထမမြောက်ဝတ္ထုထဲက MC နဲ့ ML ကလည်း ဒီထဲမှာ 2nd cp အနေနဲ့ပြန်ပါလာဦးမှာ ^ ^

နောက်ဆုံးမှာ ဒီ novel လေးရဲ့ နာမည်ကို တစ်ချက်ရှင်းပြပေးမယ်။ စုန့်ယွီရဲ့ ဘဝမှာ အရာရာကို အစီအစဉ်တကျ အကောင်းဆုံးထိန်းချုပ်ဆောင်ရွက်နိုင်တယ် ။ ဒါပေမဲ့ ယွဲ့ကျစ်ရှီနဲ့ပတ်သက်လာရင်တော့ အားလုံးက စည်းချက်လွတ်သွားတတ်တယ်။ စုန့်ယွီအတွက်တော့ ယွဲ့ကျစ်ရှီက ထိန်းချုပ်ထားလို့မရတဲ့ ချစ်စရာ ဓာတ်မတည့်မှုလေးပါပဲ 🥺🥺

Murmansk (ယွဲ့ကျစ်ရှီ) ဆိုတာ အာတိတ်စက်ဝိုင်း ( စုန်ယွီ) ထဲက ရေခဲမရှိတဲ့ တစ်ခုထဲသော မြို့လေးပါ 💓

1,609

subscribers

325

photos

6

videos
Best Similar Channel