Dernières publications de 🌻 Ŝharing Poerty 🌻 (@i_miss_you2022) sur Telegram

Publications du canal 🌻 Ŝharing Poerty 🌻

Le dernier contenu partagé par 🌻 Ŝharing Poerty 🌻 sur Telegram


ကိုယ်တိုင်စီးမေးတဲ့ ဖိနပ်လေးတစ်စုံနဲ့
ကိုယ်မဟုတ်တဲ့
တခြားအမျိုးသားနဲ့ မင်းက အချစ်ခရီးတွေလွန်သွားတယ်

~ ခန့်ထည် ~

သက်ဓာတ်လေး သို့

ကမ္ဘာကြီး ကျန်းမာရေး ချူချာလာတာ
ကလေးလေး စိတ်ကောက်လို့ပါ

မင်းနူတ်ခမ်းက ပြုံးမနေခြင်းဟာ
ဘယ်ပန်းမှ မပွင့်တော့ သလိုပါပဲ ကလေးလေးရယ်

အရာအားလုံး လူကြီး မှားတယ်ပဲထားလိုက်ပါကွယ်

ဆံပင်ကောက်ရင်ကောက်
ဆံမကောက်ရင် လူကြီးကို စိတ်ကောက်
နူတ်ခမ်းနီ ဆိုးရင်ဆိုး
နူတ်ခမ်းနီ မဆိုးရင် လူကြီးကိုစိတ်ဆိုးလို့

နတ်သမီးတွေက
စိတ်ဆိုးစိတ်ကောက်လုပ်ကြလို့လား ကလေးရယ်
ဒီလိုမေးတော့ ပြုံးရှာတယ်

အပြုံးဟာ လူတိုင်းနဲ့တည့်တာမို့
လူကြီးကို ပြုံးပြပါဦး ကလေးရယ်
ပိုက်ဆံပေးဝယ်စရာ မလိုတဲ့အရာထဲ
ကလေးအပြုံးဟာ သိပ်ကိုအရေးပါလွန်းတယ်

ကလေးလေး စိတ်ကောက်နေတယ်တဲ့
စိတ်ကို ဖြောင့်အောင် ဘာနဲ့ဆွဲဆန့်ပေးရမလဲ
ကလေးလေးပြောပါ

အချစ်တွေနဲ့လား အလွမ်းတွေနဲ့လား
မြတ်နိုးမှုကို တလေးတစားပြပေးရမှာလား

ကလေးရဲ့ လက်သီးဆုပ်ဖြူဖြူလေး
လူကြီး ရင်ဘတ်ပေါ် ကျရောက်ချိန်တွေဟာ
ဘဝရဲ့အဓိပ္ပါယ်များလားတွေးရင်း
ကလေးအပြုံးနဲ့ လူလုပ်နေတဲ့ကောင်ဆိုတော့
သဘာဝတရားကြီး ကျန်းမာဝပြောမယ်ထင်နေမိတာ
ဘိုင်အိုဂျက်စင့်လဲ နံပတ်နှစ်ဖြစ်သွားတယ် ကလေးလေးရဲ့

ကိုက်ခဲပျောက်ဆေးသောက်စရာ မလိုပဲ
ကလေးလေး နူတ်က ချစ်တယ်စကားနဲ့
ခေါင်းကိုက်ပျောက်လာတယ်

ဘယ်ဆေးဆိုင်မှာမှမေး ဝယ်စရာမလိုတဲ့ဆေးလေးပေါ့
ဒီလိုပြောရင်
ပိုတယ်လို့ မပြောကြေး

လူကြီးကို စကားပြန်ပြောပါကွယ်
ဝင်မလာတဲ့ စာလွှာတွေကို
ကြည့်နေရခြင်းဟာ ရင်တခုလုံးပြိုသလိုလို
အပင်တခုလုံးသေသလိုလို သက်ဓာတ်လေးလိုနေသလို
တခုခု လိုအပ်နေသလိုပါပဲ ကလေးရယ်

ကလေးလေး စိတ်ဆိုးတဲ့ အခုလိုနေ့တွေဆို
စိမ်းလန်းတဲ့တောတွေ မျိုးတုံးလာသလို
စီးနေသောမြစ်တွေ ပြောင်းပြန်စီးဆင်းနေသလို
ကောင်းကင်ကြီးဟာ အရင်လိုမပြာတော့ သလို
အရာရာဟာ လူကြီးအတွက် အဓိပ္ပါယ်မဲ့နေတာ ကလေးလေးရဲ့

လူကြီးလို့
ချွဲချွဲနွဲ့နွဲ့ခေါ်သံလေး ကြားပါ့စေ
ကပ်ချွဲမလေး ကပ်လို့ ပလီပါဦးကွယ်

ကလေးလေး စိတ်ဆိုးရင်
ဟောဒီကောင်လေ
ဟောဒီကောင်ကြီးပေါ့...
မကျည်းကိုးဖြာနဲ့ချော့မဲ့ လူကြီးပါကွယ်

မလာရှမ်းကောလား ကြက်ကြော်လား
ဘာဘယ်သီးလား ဒူးရင်းရေခဲမုန့်လား
ကော်ဖီအေးလား

ကလေးပြုံးလေးကြည့်ပြီး
ဖျားချင်သလို ကလေးအနမ်းနဲ့ ကိုယ်ပူကျချင်သော
လူကြီးပါကွယ်

စု သဘော စု သဘော
လို့ပြောတဲ့ ခုနှစ်နှစ်လုံးလုံးကို
မနေ့တနေ့ကလိုထင်တဲ့ သီပေါမင်းလိုကောင်မို့

လူကြီး ကတော့ ကလေး သဘော
ကလေး သဘော လို့ပြောပြီး
လူကြီး တစ်ကိုယ်စာ နိုင်ငံမှာတော့
ကလေး သဘော ကလေး ဆန္ဒတွေပေါ့

စိုင်းစိုင်း ရဲ့သီချင်းထဲကလို
နှစ်လေးငါးခြောက်ဆယ်
အဲဒီလို ခရီးရှည်ကြီးကို
သစ္စာဆိုတဲ့ ဖိနပ်ကြီးစီးပြီး သွားချင်တယ်

ပန်းခင်းလမ်းလဲ အတူတူ
ခရောင်းလမ်းလဲ အတူတူ

နိဗ္ဗာန်ကို မှန်းလို့သေရတာထပ်
ကလေးအပြုံးကို ငေးလို လူကြီးက
သေချင်တယ်ဆိုတဲ့အကြောင်း
အဖိုးကြီး အဘွားကြီးဖြစ်တဲ့အထိ ရွတ်ဆိုပြဖူးချင်တာ

ဘားသွား ကလပ်တက်တာကနေ
ဘုရားသွားကျောင်းတက်ထိ

နှစ်လွှာပေါင်းမှ စွယ်တော်ရွက်လို
အရိုးတံတစ်ခုထဲက ပဲ့ထွက်လာတဲ့
ပါရမီဖြည့်ဆည်းခြင်းမျိုးနဲ့ ကလေးကို ချစ်တယ်

စိတ်ဆိုး စိတ်ကောက်နေခြင်းကို
အနမ်းနဲ့ချောမယ် ပြောတော့
ကလေးပါးက ရှက်သွေးဖြာတယ်

လူကြီးက ပြောရင်းနမ်းမယ်
နမ်းရင်းပြောမယ်
ကလေးပါးပြင်က သနပ်ခါး
လူကြီးကြောင့် ပျက်ရတော့မယ်

အေးစက်နေတဲ့ လက်ကလေးကို
လူကြီးက ဆုပ်ကိုင်လို့

အချစ်ဦးနဲ့ လွဲခဲ့ရသလို
အဆုံးလဲ ဆုံးရှုံးခဲ့ရသော လူကြီးဟာ
အခုနောက်ဆုံး အချစ်မှာ
မလွဲပါရစေနဲ့လို့ ပြောပြီး
အနမ်းများနဲ့ ခမ်းနားစေသော
ပစ္စုပ္ပန်ခရီးကို သစ္စာဆိုတဲ့ ဖိနပ်အကြီးကြီး စီးပြီးသွားကြတာပေါ့ကွယ်

ချစ်ခြင်းမေတ္တာအရင်းခံတဲ့ အနမ်းမြစ်ရဲ့
တမံကို လူကြီးကဆောက်လုပ်ထားပြီး

နှစ်လေားငါးခြောက်ဆယ် အထိ
အဘိုးကြီး အဘွားကြီး ဖြစ်တဲ့အချိန်ထိ
ဂစ်တာတီး သီချင်းဆိုချော့သိပ့်တာဖြစ်ဖြစ်
ကဗျာရွတ်ကာ အနမ်းနဲ့ချော့သိပ်ပြီး
အဘွားကြီးဖြစ်သွားတဲ့အထိ ရွတ်ဆိုပြဖူးချင်တယ်

ချစ်သောရေ
ဆူးချွန်လေးရေ
ဘဒ္ဒကမ္ဘာမှာ မင်းကိုပဲချစ်ပါတယ်ကွယ်

ကလေးလေးရေ Good night ပါကွယ်...
အိပ်မက်တွေအကောင်းစားကြီးမက်ပါစေ
သက်တော်ရာကျော်ရှည်ပါစေ
အသက်ရှင်သရွှေ့ချစ်ပါရစေ
ဖြူဖြူစင်စင် ပျော်ရွှင်ပါစေ....။

#ခန့်ထည်

ခေါ်ခွင့်မရတဲ့ နံပတ်ကို
နိမ့်မိပေမဲ့ မဆက်ဝံ့တာက
လောက ငရဲပါပဲ

မပြန်တဲ့စာလွှာတွေနဲ့
see မပြတဲ့ စာတွေကို
တစ်ဖက်သတ်ပို့ နေရတာလဲ
နိဗ္ဗာန်ပါပဲ

ကိုယ့်အတွက်နေရာမရှိတဲ့
wall ထဲကို ဝင်ကြည့်ရတာလဲ
ချစ်ခြင်းမေတ္တာပါပဲ...

~ ခန့်ထည် ~

တွဲဖူးတဲ့ လက်ကလေးလဲ
တခြားသူလက်ကို တွဲခဲ့ပြီ

ပြောဖူးတဲ့ စကားတွေကိုလဲ
နောက်တစ်ယောက်နဲ့ ပြောနေမှာပေါ့

ကောင်မလေးရေ
နောက်လူရင်ခွင်မှာ လိမ်လိမ်မာမာလေးနေတာပဲ
ငါမြင်ချင်ပါတယ်


~ ခန့်ထည် ~

ဗုံးခိုကျင်းထဲက အသက်ရူသံဟာ
သူတို့အတွက်တော့ သေမင်းနဲ့
တိပ်တိုက်ရင်ဆိုင်နေရသလိုပါပဲ

ဘားတက် ကလပ်တက်သူတွေက
အနာဂတ်ပျောက်တဲ့အကြောင်း အော်ပြောကြတော့

ကျွန်တော်က ပြာပုံတွေကို
လက်ညိုးထိုးပြီး ဒါရွာ ဒါစာသင်ကျောင်း
တကယ်ရှိခဲ့တယ်လို့ ရှင်းသာပြချင်တော့တယ်

စိတ်လဲ မပျော်
အိပ်လို့လဲ မပျော်တော့တဲ့

သေသူက အသက်ရူရပ်ပြီး
ရှင်သူတွေ အသက်ရူကြပ်တဲ့
ကာလထဲ ကုန်စျေးနူန်းက
လည်ကိုလှီးဖြတ်နေတယ်

ဒါဟာ
ခေတ်ပျက်ထဲမှာ သားသတ်သမားတွေပေါလာတယ် ဆိုတာပေါ့

ယောက်ဖရေ
မင်းတို့ရော ငါတို့ရော
သတိကြီးကြီးထားကြတာပေါ့ကွာ

#ခန့်ထည်

ကိုယ်စပြောမှ ပြန်ပြောတဲ့
ဆက်ဆံရေးဟာ တကယ်ရှိတယ်

စိတ်ကူးပေါက်မှ လာပေးပေး
ပေးချင်လို့ပဲ ပေးပေး
မင်းပေးတာဆို တန်ဖိုးထားပါတယ်

စကားတွေတောင် လာမပြောဘူးလို့ မထင်လိုက်နဲ့နော်
အလိုက်သိစွာနေလိုက်တာပါ

မင်းလဲ မင်းဆိုင်သူနဲ့ မင်း

ဝင်လာပါလို့လဲ မခေါ်တော့ဘူး
လာမှာဘာလို့လည်း မမျှော်တော့ဘူး

မင်းနဲ့ပတ်သက်ရင်ဘာဆိုဘာမှ မမျှော်တော့ဘူး

ခပ်ဝေးဝေးကငေး
ခပ်ဆွေးဆွေးလေးပဲ ချစ်နေတော့မယ်

#ခန့်ထည်

ကိုယ့် ရင်ဘတ်နဲ့ ပျိုးထားပြီး
နှလုံးသားပေါ် ပွင့်မလာတဲ့
ပန်းလေးပါပဲ...

တခုပဲ
မဝေခင်က ကြွေမှာဆိုးတယ်

#ခန့်ထည်

အခုတလော သိပ်မထူးဆန်းပါဘူး အိပ်မက်တွေက
မက်နေကျ အိပ်မက်ထဲ မင်းပါလာတဲ့နေ့ဆို
လိုတာထပ်ပိုပြီး ထူးဆန်းသွားပါတယ်

#ခန့်ထည်

ချစ်မိတဲ့ စိတ်နဲ့ မျှားလိုက်တာပါပဲ
သတိတရစိတ်နဲ့ နာကျင်မှုပဲရခဲ့ပါတယ်ယပြီးတော့
ခပ်ဝေးဝေးက ငေးခဲ့ပါတယ်

#ခန့်ထည်

ပြောပေးကြပါဦး

လမ်းကြုံပါးရမလား
လူကြုံနဲ့ပါးရမလား
သတိတရစိတ်ကို စာတွေဆီရမလား
သီချင်းလေးနဲ့ သက်သေပြုလို့ ဆိုပြရမလား

ဒီလို အတွေးတွေနဲ့ပဲ
ဝေးသထက် ဝေးသွားတယ်
မရောက်တဲ့မေတ္တာတွေနဲ့
အပြန်မရှိတဲ့ စာလွှာတွေထဲ
မကြွေတဲ့ ကြယ်လေးကိုမှ
စောင့်မျှော်နေတက်သော ဒီလူပဲရူးပါတယ်

အမှာပဲ သူမ ကိုပါးပေးပါ
သတိရခြင်းကို ပါဆယ်ထုပ်လို့
အစဥ်အမြဲပို့ခဲ့ပါတယ်

မရောက်ခင်က နှင်လွတ်တယ်ဆိုရင်လဲရပါတယ်

မင်းမချစ်တာ သိပါတယ်

အေး

ငါကတော့ ချစ်တယ်

သိပ်ချစ်တယ်

အရမ်းချစ်တယ်

သိမ်းချစ်နေမယ်

အင်း သူမ ကိုသာ ပြောပေးကြပါဗျာ

ပြောပေးကြပါ....

~ ခန့်ထည် ~