ကမ္ဘာက အမှိုက်သရိုက်တွေ နေထိုင်ဖို့မသင့်လောက်တဲ့အထိ ဆိုးရွားတဲ့အခြေအနေမျိုးဖြစ်လာတယ်….ဒီအခြေအနေကိုကျော်လွှားဖို့ သိပ္ပံပညာရှင်တစ်ယောက်ဟာ 𝐔𝐓𝐒လို့ခေါ်တဲ့ အာကာသဇုန်တစ်ခုဖန်တီးပြီး သီခြားကမ္ဘာတစ်ခုတည်ဆောက်ပြီးတော့ နေထိုင်ကြတယ်….အဲ့ဒီနေရာမှာ ထယ်ဟိုခေါင်းဆောင်တဲ့ အဖွဲ့ငယ်လေးတစ်ဖွဲ့ရှိတယ်..သူတို့ကတော့ စွန့်ပစ်ပစ္စည်းတွေအာကာသထဲမှာလိုက်ကောက်ပြီး ဈေးကောင်းကောင်းနဲ့ ပြန်ရောင်းလေ့ရှိတဲ့အဖွဲ့ပေါ့…..ဆန်တို့ သဘာဝအသီးအနှံတို့ဆိုတာ သိပ်ကိုဈေးကောင်းရတဲ့ပစ္စည်းတွေ… တစ်ရက်စွန့်ပစ္စည်းတွေလိုက်ရှာနေတုန်း မမျှော်လင့်ဘဲ ကလေးလေးတစ်ယောက်ကိုတွေ့တယ်… ပုံမှန်ဆို 𝐔𝐓𝐒က ရဲတွေကိုအပ်လိုက်သင့်ပေမဲ့ ထယ်ဟိုတို့အဖွဲ့ဟာ ဒီကလေးမလေးကို သံယော်ဇဉ်တွယ်မိတာနဲ့တိတ်တဆိတ်ထိန်းသိမ်းထားမိတယ်… အဲ့ဒီလို သူတို့နဲ့အတူခေါ်ထားလိုက်ခြင်းကပဲ ပြဿနာမျိုးစုံကိုလက်ယတ်ခေါ်လိုက်သလိုဖြစ်သွားတော့တာပါပဲ…. ဒီကလေးမလေးဟာ ဘယ်ကြောင့်အန္တရယ်များတာလဲ…သူ့ကို ဘယ်လိုရန်သူတွေကများလိုချင်နေတာလဲ… ထယ်ဟိုတို့အဖွဲ့ကရော ကလေးမလေးကိုကယ်နိုင်ပါ့မလား…သူတို့အသက်အန္တရယ်တွေကိုရော ကာကွယ်နိုင်ပါ့မလားဆိုတာကိုတော့ ခံစားကြည့်လိုက်ပါဦး