Dernières publications de ကျန်းမာရေးဆိုင်ရာ ဗဟုသုတများ (@health260874) sur Telegram

Publications du canal ကျန်းမာရေးဆိုင်ရာ ဗဟုသုတများ

ကျန်းမာရေးဆိုင်ရာ ဗဟုသုတများ
အာရောဂျံ ပရမံ လာဘံ
11,538 abonnés
77 photos
5 vidéos
Dernière mise à jour 10.03.2025 00:48

Le dernier contenu partagé par ကျန်းမာရေးဆိုင်ရာ ဗဟုသုတများ sur Telegram

ကျန်းမာရေးဆိုင်ရာ ဗဟုသုတများ

28 Oct, 07:59

50,441

ကြက်သွန်နီရဲ့ အသုံးဝင်ပုံ

🧅 ကြက်သွန်နီကို အစိမ်းစားခြင်းဖြင့် ဆီးချုပ်ရောဂါပျောက်ကင်း၍ ဆီးရွှင်ခြင်း
🧅 ကြက်သွန်နီစေ့ကို ထောင်းစားပါက အားတိုးစေခြင်း
🧅 ကလေးဆီးချုပ်လျှင် မီးဖုတ်ထားသောကြက်သွန်နီကိုခွဲ၍ ဆီးအိမ်ပေါ်၌ ပူပူနွေးနွေးကပ်ပေးပါက ပျောက်ကင်းခြင်း
🧅 ကလေးဝမ်းဗိုက်နာပါက ကြက်သွန်နီရည် အနည်းငယ်ကိုတိုက်ကျွေးလျှင် ပျောက်ကင်းခြင်း
🧅 သကြားနှင့်ကြက်သွန်နီအရည်ညှစ်၍ ရှာလပတ်ရည်လုပ်သောက်ပါက ဆီးပူရောဂါ၊ ဝမ်းရောဂါပျောက်ကင်းခြင်း
🧅 ကြက်သွန်နီလတ်ဆတ်ညှစ်၍ ကြွေဇွန်းတဝက် သကြားအနည်းငယ်ထည့်ပြီး တနေ့တကြိမ်သောက်ပါက သွေးပါသော လိပ်ခေါင်းရောဂါသက်သာခြင်း
🧅 ကြက်မျက်သင့်သောရောဂါဖြစ်ပါက ကြက်သွန်နီအရည်တွင် ဆား အနည်းငယ်ထည့်၍ မျက်စဉ်းခပ်ပေးခြင်း
🧅 ကြက်သွန်နီမီးဖုတ်ပြီး အရည်နွေးနွေးကို နားထဲထည့်ပါက နားကိုက်ရောဂါပျောက်ကင်းခြင်း
🧅 ကြက်သွန်နီကိုအရည်ညှစ်၍ နားထဲတစ်နေ့သုံးကြိမ်ထည့်ပေးပါက နားပြည်ယိုရောဂါပျောက်ကင်းခြင်း
🧅 ကင်းမြီးကောက်စသောအဆိပ်ရှိသတ္တဝါကိုက်ခံရပါက ကြက်သွန်နီကို ဓားနှင့်လှီး၍ အစေးထွက်လာလျှင် ထိပ်ကိုကွမ်းစားထုံးသုတ်ကာ ကိုက်ခံရသည့်နေရာ၌ ၎င်းထိပ်ဖြင့်ပွတ်ခြင်း၊ အရည်ညှစ်၍သုတ်လိမ်းခြင်းဖြင့် အဆိပ်မတက်နိုင်တော့ပါ။
(Health Digest Journal)
ကျန်းမာရေးဆိုင်ရာ ဗဟုသုတများ

28 Oct, 07:50

41,040

ရေချိုးခန်းထဲမှာ ဒီအလေ့အကျင့်တွေ ကျင့်ကြံပါ
===========================

အခုခေတ် မြို့ကြီးပြကြီးတွေက တိုက်ခန်းတွေမှာ နေရာအခက်အခဲကြောင့်ပဲဖြစ်ဖြစ် ရေချိုးခန်းနဲ့ အိမ်သာ တွဲဆောက်လာကြသလို၊ ချမ်းသာတဲ့မိသားစုတွေမှာလည်း အိပ်ခန်းတွေထဲမှာ ရေချိုးခန်း၊ အိမ်သာတွဲလျှက်ထည့်သွင်း တည်ဆောက်လာကြပါတယ်။ ဒီလို ရေချိုးခန်းနဲ့ အိမ်သာတွဲဆောက်ထားတဲ့အိမ်တွေအနေနဲ့ လိုက်နာကျင့်ကြံသင့်တဲ့ အလေ့အကျင့်ကောင်းများကို ဖော်ပြပေးလိုက်ပါတယ်။

Crd #gutidentity.com
(Health Digest Journal)
ကျန်းမာရေးဆိုင်ရာ ဗဟုသုတများ

28 Oct, 07:50

33,177

နှာစေ၊ ချောင်းဆိုးလျှင် ပိုးမွှားတွေ ဘယ်လောက်ဝေးဝေးအထိ ရောက်သွားသလဲ
==========================
(Health Digest Journal)
ကျန်းမာရေးဆိုင်ရာ ဗဟုသုတများ

28 Oct, 07:49

31,376

မကြာခဏ ဖျားနာတတ်သူများ လိုက်နာရမဲ့အရာများ
================================

🔸အအေးမိဖျားနာခြင်းဟာ ရှောင်ရှားလို့မရပါဘူး။ လူရယ်လို့ ဖြစ်လာရင် မဖျားနာတဲ့သူဆိုတာ မရှိပါဘူး။ ဒါပေမဲ့ ခဏခဏ အအေးမိဖျားနာခြင်းမဖြစ်အောင်တော့ ကာကွယ်ရှောင်ရှားနိုင်ပါတယ်။

🔸ခဏခဏ ဖျားနာခြင်းကို ရှောင်ရှားရန်အတွက် လိုက်နာစရာနည်းလမ်းအချို့ကတော့......

Ref: #Washington Post
(Health Digest Journal)
ကျန်းမာရေးဆိုင်ရာ ဗဟုသုတများ

28 Oct, 07:48

27,765

အသည်းစားရင် အန္တရာယ်ရှိလား?
========================

🙊 လူအများစုက တိရစ္ဆာန် အမဲအသည်း၊ ဝက်အသည်းတို့ကို စားသုံးဖို့ ငြင်းဆိုလေ့ရှိကြပါတယ်။ ဒါဟာ အသည်းဟာ ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို ထိန်းသိမ်းထားတဲ့ အင်္ဂါတစ်ခုဖြစ်တယ်လို့ ယုံကြည်နေလေ့ရှိကြလို့ပါ။

👍🏻 အမှန်တကယ်က အသည်းဟာ အဆိပ်အတောက်တွေကို ဓာတ်ပြယ်စေခြင်းဖြစ်ပြီး သိမ်းဆည်းထားခြင်းမဟုတ်ပါဘူး။

👍🏻 အရေးကြီးတဲ့ ဗီတာမင်များဖြစ်တဲ့ ဗီတာမင် A, D, E, K, B12 နဲ့ ဖောလစ်အက်စစ်ကဲ့သို့ အာဟာရဓာတ်များကို သိမ်းဆည်းပေးတဲ့ အရေးကြီးနေရာတစ်ခု ဖြစ်ပါတယ်။

👍🏻 အသည်းမှာ ခန္ဓာကိုယ်ရဲ့အဆိပ်အတောက်များကို စွန့်ထုတ်ရာမှာ ကူညီပေးတဲ့ သံဓာတ်နဲ့ ကော့ပါးကဲ့သို့သတ္တုဓာတ်များလည်း ရှိနေပါတယ်။

👍🏻 ထိုအာဟာရဓာတ်တွေဟာ ကျန်းမာသောမျက်လုံး၊ အရေပြားတို့ ပိုင်ဆိုင်နိုင်ဖို့ အထောက်အကူ ဖြစ်စေပါတယ်။

👍🏻 သွေးနီဥတွေကို ထုတ်လုပ်ဖို့၊ ခန္ဓာကိုယ်ခုခံအားကို မြှင့်တင်ပေးဖို့ အရေးကြီးပါတယ်။

👌🏻 ဈေးကွက်စီးပွားရေးအရ အသားတိုးဆေး၊ ဟော်မုန်းများမကျွေးထားတဲ့ တိရစ္ဆာန်များရဲ့ အတွင်းကလီစာကို စားသုံးပါက အန္တရာယ်ကင်းနိုင်ပါတယ်။

Ref:#Health.com
(Health Digest Journal)
ကျန်းမာရေးဆိုင်ရာ ဗဟုသုတများ

28 Oct, 07:47

22,618

ပုံမှန်ကလေးတစ်ယောက်ရဲ့ ဖွံ့ဖြိုးတိုးတက်မှုအဆင့်ဆင့်
==============================

ပုံမှန်ကလေးတစ်ယောက်အနေနဲ့ သူ့လနဲ့သူ လှုပ်ရှားနေရမှာပါ။ တစ်ချို့ကလေးတွေကတော့ ဖွံ့ဖြိုးမှုနောက်ကျပေမဲ့ ပြဿနာမရှိပါဘူး။ တစ်ချို့ကလေးတွေကတော့ ပြဿနာရှိတတ်ပါတယ်။

ဒါကြောင့် ကိုယ့်ကလေးဖွံ့ဖြိုးမှု နောက်ကျမကျ ဒီပုံလေးနဲ့ စစ်ကြည့်လိုက်ပါ။
(Health Digest Journal)
ကျန်းမာရေးဆိုင်ရာ ဗဟုသုတများ

28 Oct, 07:47

22,215

ဇက်ကျောတက်ရင် ဒီလိုလုပ်ကြည့်
========================

ကိုယ့်ရဲ့ ကိုယ်နေဟန်ထားက တစ်သမတ်တည်းနေတာတောင် ဂရုမစိုက်နိုင်ဘဲ အလုပ်တွေသည်းကြီးမည်းကြီး လုပ်နေရင်တော့ ကြာရင် ဇက်ကျောတွေ တောင့်တင်းလာမှာပါ။ အဲ့ဒီအခါ တချို့က အကြောတက်သက်သာစေတဲ့ ဆေးဝါးတွေ သောက်သုံးရတဲ့အဆင့်ထိ ရောက်သွားပါတယ်။ ဆေးဝါးတွေဆိုတာ ကြာကြာသောက်ရင် ဘေးထွက်ဆိုးကျိုးတွေရလာနိုင်တာမို့ အခုဖော်ပြမဲ့ လေ့ကျင့်ခန်းတွေကို လုပ်ကြည့်လိုက်ပါ။
(Health Digest Journal)
ကျန်းမာရေးဆိုင်ရာ ဗဟုသုတများ

28 Oct, 07:46

19,797

သင့်ကလေးကို လက်ကိုင်ဖုန်းပေးသုံးရင် ဒါတွေသတိထား
================================

လေ့လာချက်များစွာအရ လက်ကိုင်ဖုန်းတွေက ဓာတ်ရောင်ခြည်နှင့် ကင်ဆာရောဂါဖြစ်ပွားမှုနဲ့ ဆက်နွယ်မှုရှိကြောင်း ပြသနိုင်ခဲ့ပြီးဖြစ်ပါတယ်။
👶🏻 ယခုတစ်ဖန် ဆွီဒင်နိုင်ငံမှ လေ့လာချက်တစ်ခုအရ ကလေးဘဝကတည်းက ဖုန်းပေးသုံးပါက ဦးနှောက်ကင်ဆာ ပိုဖြစ်နိုင်ခြေရှိတယ်လို့ ဆိုပါတယ်။
👶🏻 ဘာဖြစ်လို့လဲဆိုတော့ ကလေးဆိုတာ မျက်နှာနဲ့ ကပ်ကပ်ပြီးပြောတော့ ဒီရောဂါပိုဖြစ်လွယ်ရတာဖြစ်ပါတယ်။
👶🏻 ကင်ဆာအထူးကုဆရာဝန်ကြီးတစ်ဦးရဲ့ ပြောကြားချက်အရ အသက် (၂ဝ) အောက်အရွယ်ကစပြီး ဖုန်းကိုင်ခဲ့တဲ့သူတွေမှာ ဦးနှောက်ကင်ဆာပိုဖြစ်တာ တွေ့ရတယ်လို့ဆိုပါတယ်။
👶🏻 အသက်ငယ်ချိန်၊ ဦးခွံရိုးကောင်းစွာမဆက်သေးချိန်မှာ ဖုန်းရဲ့ဓာတ်ရောင်ခြည်များဟာ ပါးလွှာတဲ့ ဦးခွံရိုးအား ဖြတ်ပြီးဝင်နိုင်လို့ ပိုပြီးဆိုးဝါးစေတာဖြစ်တယ်လို့ ဆိုပါတယ်။ ဖုန်းပြောတဲ့အခါ.........
👌🏻 လေ့လာချက်တွေအရ ဖုန်းကို လက်နဲ့ကိုင်ပြီး မျက်နှာနဲ့ကပ်ခေါ်စရာမလိုဘဲ နားကြပ်နဲ့ပြောတာဟာ ဓာတ်ရောင်ခြည်သင့်တာ သက်သာစေပါ တယ်။
👌🏻ဖုန်းပြောတဲ့အခါ အကြာကြီးမပြောဘူး။
👌🏻 ခဏခဏ မပြောဘူးဆိုရင်တော့ ကြောက်စရာမလိုပါဘူးတဲ့။
Ref: #News Asia
(Health Digest Journal)
ကျန်းမာရေးဆိုင်ရာ ဗဟုသုတများ

28 Oct, 07:44

18,166

ခံတွင်းအနံ့ဆိုးကို ဒီနည်းလမ်းများနဲ့ ဖြေရှင်းကြည့်
==========================

ခံတွင်းအနံ့ဆိုးကို မည်သူမဆို၊ မည်သည့်အချိန်မှာမဆို ခံစားရနိုင်ပါတယ်။ ခံတွင်းအနံ့ဆိုးကင်းအောင် ထိန်းသိမ်းရမဲ့ နည်းလမ်းများကတော့......
(Health Digest Journal)
ကျန်းမာရေးဆိုင်ရာ ဗဟုသုတများ

28 Oct, 07:43

17,462

ကိုယ်နေဟန်ထားပျက်ယွင်းနေရင် ဒါလေးလုပ်ကြည့်ပါ
==========================

တစ်ချို့သူတွေမှာ ခန္ဓာကိုယ်နေဟန်ထားက ပျက်ယွင်းသွားကြပါတယ်။ ဒါဟာ ကိုယ်နေဟန်ထား ပုံစံတစ်ခုတည်းကို နေ့စဉ်ရက်ဆက်အကြာကြီး နေခဲ့မိလို့ဖြစ်ပါတယ်။ စတင်ပျက်ယွင်းစဉ်မှာ သတိမထားမိပေမဲ့ တခြားသူတွေအတွက် ကြည့်ရဆိုးတဲ့ အနေအထားရောက်မှ သတိထားမိလာပါလိမ့်မယ်။

ဥပမာ-ခါးနည်းနည်း ကုန်းသွားတာ၊ လက်ပြင်ကုန်းနေတာ၊ ခေါင်းက အောက်ဘက်နည်းနည်းစိုက်ကျနေတာမျိုးပါ။ အဲလိုဖြစ်လာရင် အခုဖော်ပြမဲ့ လေ့ကျင့်ခန်းတွေကို ပြုလုပ်ပေးပါ။
(Health Digest Journal)