Hae yeol's Library (@eunhaeyeol61) के नवीनतम पोस्ट टेलीग्राम पर

Hae yeol's Library टेलीग्राम पोस्ट

Hae yeol's Library
This library is for students who are learning the Korean language and can easily find korean books.
1,467 सदस्य
347 तस्वीरें
5 वीडियो
अंतिम अपडेट 10.03.2025 23:16

समान चैनल

Pyae Phone - GYS 📚
7,467 सदस्य
Hangul 🇰🇷
5,269 सदस्य
Yonsei Korean Vocabulary
1,371 सदस्य

Hae yeol's Library द्वारा टेलीग्राम पर साझा की गई नवीनतम सामग्री

Hae yeol's Library

21 Feb, 17:03

317

The life as a Korean teacher

ကျွန်မ ကိုရီးယားကို စိတ်ဝင်စားပုံက ထူးခြားတယ်လို့ပဲ ဆိုနိုင်မလား

အိပ်မက်တွေ၊ ပန်းတိုင်တွေ မရှိသေးတဲ့ အလယ်တန်းကျောင်းသူလေး တစ်ယောက် သူငယ်ချင်းရဲ့ စိတ်ကူးယဉ် ဇာတ်လမ်းလေးထဲ နစ်မြောခဲ့တယ်။

ကိုရီးယားရောက်ရင် အချိန်ပိုင်းလုပ်လုပ်ပြီး ကျောင်းတက်မယ်ဆိုတဲ့ စကားလေးတစ်ခွန်းက ယနေ့ ကျွန်မရဲ့ ဖြစ်တည်မှုကြီး တစ်ခုလုံး ဖြစ်လာ‌စေခဲ့ပါတယ်။

10တန်း ဖြေပြီးချိန်မှာ သူငယ်ချင်းတွေနဲ့ ပျော်ပျော်ပါးပါး မနေခဲ့ဘဲ ကိုရီးယားစာကို စလုပ်ခဲ့တယ်။
တစ်ချို့တွေ တားလည်း ကိုယ့်လုပ်ရပ်အတွက် နောင်တ မရဘဲ ကျေနပ်ခဲ့တယ်။

2021မှာ စပြီး စာစ သင်ခဲ့ရတဲ့ တပည့်လေးတွေတောင် အခုချိန် ဆရာတွေ ပြန်ဖြစ်နေကြပြန်တော့လည်း ပီတိဖြာရတာပေါ့

ကျွန်မရဲ့ လေ့လာမှု ခရီးစဉ်ကြီးက အခုဆို 6နှစ်‌ကျော် 7နှစ်တာ ကာလတစ်ခုကို ရောက်ခဲ့ပြီ

ယခုချိန်မှာ စာသင်ခြင်းက ကျွန်မကို အရင်လို မပျော်ရွှင်စေတော့ သလိုပါပဲ

ကျွန်မကိုယ်တိုင်ကိုက ကျွန်မရဲ့ ဘဝလမ်းကြောင်းကို ရွေးချယ်လိုက်လို့များလားပေါ့

ကျွန်မ နောက်ဆုံး စာသင်ချိန်ပြီးဆုံးသွားချိန်မှာ ကျွန်မရဲ့ ကိုရီးယားစာ ဆရာမ ဘဝကို နိဂုံးချုပိရမလားလို့ အခါခါ တွေးမိပါရဲ့

အမှန်တိုင်းဆို ကျောင်းသား/သူ‌တွေနဲ့ တွေ့နေရချိန်တွေမှာ ကျွန်မ တကယ့်ကို ပျော်ရွှင်ခဲ့ရပါတယ်။

ပျော်ရွှင်ဖွယ် အခိုက်တန့်တွေက ရေလို့ မကုန်နိုင်အောင် ကျွန်မ နှလုံးသားထဲ စွဲကျန်နေပါတယ်။

တစ်နေ့နေ့ တစ်ချိန်ချိန်မှာ ကျွန်မရဲ့ ကျောင်းသားလေးတွေနဲ့ ပြန်ဆုံချင်ပါသေးတယ်။

ဒီနှစ်တွေမှာ လေ့လာရင်း ရှင်းပြရင်း သင်ကြားရငနဲ့ ကျွန်မရဲ့ 7နှစ်တာ ကာလများက တန်ဖိုးရှိခဲ့ရပါတယိ။

ကျွန်မ ကျေးဇူးအတင်ချင်ဆုံးကတော့ ကျွန်မဘဝမှာ ပထမဆုံး သင်ခဲ့ရတဲ့ အတန်းမှ ကျောင်းသား/သူတွေပါပဲ။
သူတို့က ကျွန်မကို ယုံကြည်ပေးခဲ့တယ်။

တကယ် ကျေးဇူးတင်သလို၊ အမြဲလည်း သတိရပါတယ်။

ကျွန်မရဲ့ 5နှစ်တာ ဆရာမ ဘဝကတော့ chapter တစ်ခန်း ရပ်တန့်သွားပါပြီ။

သို့ပေမယ့် ကိုရီးယားစကား ပြောတဲ့ အချိန်တိုင်းဟာ ကျွန်မအတွက် အဓိပ္ပါယ်ရှိသလို ဂုဏ်ယူရဆုံး အချိန်တွေပါပဲ။

ဆက်လက်ပြီး ရည်မှန်းချက် ပန်းတိုင်အတွက် ကြိုးစားလျက်....

May...
은 선생님
Hae yeol's Library

21 Feb, 17:03

279

#May #해열의_일기장
Hae yeol's Library

08 Feb, 16:49

528

တိရစ္ဆာန်ရုံသို့ အလည်တစ်ခေါက်...



ခေါင်းစဉ် မြင်ရုံနဲ့ တစ်ချို့ကတော့ ပျော်ရွှင်စရာ အကြောင်းတွေ ပြောမယ်ထင်ပါလိမ့်မယ်။
မေ တိရစ္ဆာန်ရုံကို မရောက်တာ 10စုနှစ် တစ်ခု‌လောက်ရှိပါပြီ။ အခု ပြန်ရောက်သွားတော့ အများကြီး ပြောင်းလဲသွားတာ တွေ့ရတယ်။ အရင်ကနဲ့ မတူအောင်ကို ပြောင်းလဲသွားခဲ့တယ်။ သို့ပေမယ့် မပြောင်းလဲတာတော့ အဲ့ထဲက တိရစ္ဆာန်လေးတွေပေါ့။

ဖျံပေါက်စလေးတွေ၊ သမင်ပေါက်စလေးတွေရှိတယ်။ ကလေးတွေအတွက်တော့ စိတ်လှုပ်ရှားစရာမြင်ကွင်းဆိုပေမယ့် မေကတော့ တစ်‌ယောက်တည်း တစ်ချိန်လုံး အတွေးတွေနဲ့ ဆူညံ့နေခဲ့တယ်။

တိရစ္ဆာန်ရုံမှာပဲ မွေးပြီး ကြီးလာတဲ့ တိရစ္ဆာန်လေးတွေအတွက် အဲ့တာက သူတို့ရဲ့ ဘဝပဲ‌လေ။ သမင်ကြီး တစ်ကောင် ခုန်ရင် လွတ်နိုင်တဲ့ အုတ်တံတိုင်းလေး နောက်က ဘဝကနေ သူတို့ ရုန်း မထွက်နိုင်ကြဘူး။

လောကကြီးက ပျံသန်းခွင့်ပေးထားတဲ့ ငှက်တွေလည်း ပျံနိုင်ရဲ့သားနဲ့ ပျံသန်းခွင့် မရနိုင်ရှာဘူး။
ငှက်တစ်ကောင်က ပျံသန်းနိုင်ဖို့ ကြိုးစားနေပေမယ့် တစ်ကောင်က မြေမှာ ဝပ်နေတယ်။

အုပ်စုလိုက် နေတတ်တဲ့ ကုလားအုတ်ကြီးလည်း တစ်ကောင်တည်း မြေမှာ လဲလျောင်းနေတယ်။ အဲ့အချိန်မှာ သူ့ဘေးနားကို ကျီးကန်းတစ်ကောင် ရောက်လာပါ‌လေရော။
မေ တွေးမိတာက အဲ့ ကျီးကန်းက ကုလားအုတ်ကို အဖော်လာပြု‌ပေးနေတာလား? ဒါမှမဟုတ် သူ့ မိတ်ဆွေတွေ အကြောင်းမေးနေတာလား?

တစ်ချို့ နေရာတွေမှာ လူတွေ ပြုံနေကြမယ့် တစ်ချို့ နေရာတွေမှာတော့ အမေ့ခံ တိရစ္ဆာန်လေးတွေရှိတယိ။

အစားတောင်းနေတဲ့ သမင်လေးတွေကို ကန်စွန်းရွက်လေး ဝယ်ကျွေးလိုက်ပါဦးဆိုတဲ့ အန်တီကြီး အသံကိုလည်း ကြားယောင်မိတယ်။

တိရစ္ဆာန်ရုံက‌‌တော့ ကျယ်ပါတယ်။ အတော့်ကို ကျယ်ပါတယ်။ ဒါပေမယ့် သူတို့လေးတွေကတော့......


May....
Hae yeol's Library

08 Feb, 16:48

422

#May #해열의_일기장
Hae yeol's Library

21 Jan, 12:57

643

세종 읽기

#Sejong
Hae yeol's Library

21 Jan, 12:55

560

세종 쓰기

#Sejong
Hae yeol's Library

21 Jan, 12:33

463

Culture Korean

#Sejong
Hae yeol's Library

21 Jan, 12:32

470

K wave

#Sejong
Hae yeol's Library

21 Jan, 12:32

456

Korean Conversation

#Sejong
Hae yeol's Library

21 Jan, 12:31

465

여행 한국어

#Sejong