ကျွန်မ ကိုရီးယားကို စိတ်ဝင်စားပုံက ထူးခြားတယ်လို့ပဲ ဆိုနိုင်မလား
အိပ်မက်တွေ၊ ပန်းတိုင်တွေ မရှိသေးတဲ့ အလယ်တန်းကျောင်းသူလေး တစ်ယောက် သူငယ်ချင်းရဲ့ စိတ်ကူးယဉ် ဇာတ်လမ်းလေးထဲ နစ်မြောခဲ့တယ်။
ကိုရီးယားရောက်ရင် အချိန်ပိုင်းလုပ်လုပ်ပြီး ကျောင်းတက်မယ်ဆိုတဲ့ စကားလေးတစ်ခွန်းက ယနေ့ ကျွန်မရဲ့ ဖြစ်တည်မှုကြီး တစ်ခုလုံး ဖြစ်လာစေခဲ့ပါတယ်။
10တန်း ဖြေပြီးချိန်မှာ သူငယ်ချင်းတွေနဲ့ ပျော်ပျော်ပါးပါး မနေခဲ့ဘဲ ကိုရီးယားစာကို စလုပ်ခဲ့တယ်။
တစ်ချို့တွေ တားလည်း ကိုယ့်လုပ်ရပ်အတွက် နောင်တ မရဘဲ ကျေနပ်ခဲ့တယ်။
2021မှာ စပြီး စာစ သင်ခဲ့ရတဲ့ တပည့်လေးတွေတောင် အခုချိန် ဆရာတွေ ပြန်ဖြစ်နေကြပြန်တော့လည်း ပီတိဖြာရတာပေါ့
ကျွန်မရဲ့ လေ့လာမှု ခရီးစဉ်ကြီးက အခုဆို 6နှစ်ကျော် 7နှစ်တာ ကာလတစ်ခုကို ရောက်ခဲ့ပြီ
ယခုချိန်မှာ စာသင်ခြင်းက ကျွန်မကို အရင်လို မပျော်ရွှင်စေတော့ သလိုပါပဲ
ကျွန်မကိုယ်တိုင်ကိုက ကျွန်မရဲ့ ဘဝလမ်းကြောင်းကို ရွေးချယ်လိုက်လို့များလားပေါ့
ကျွန်မ နောက်ဆုံး စာသင်ချိန်ပြီးဆုံးသွားချိန်မှာ ကျွန်မရဲ့ ကိုရီးယားစာ ဆရာမ ဘဝကို နိဂုံးချုပိရမလားလို့ အခါခါ တွေးမိပါရဲ့
အမှန်တိုင်းဆို ကျောင်းသား/သူတွေနဲ့ တွေ့နေရချိန်တွေမှာ ကျွန်မ တကယ့်ကို ပျော်ရွှင်ခဲ့ရပါတယ်။
ပျော်ရွှင်ဖွယ် အခိုက်တန့်တွေက ရေလို့ မကုန်နိုင်အောင် ကျွန်မ နှလုံးသားထဲ စွဲကျန်နေပါတယ်။
တစ်နေ့နေ့ တစ်ချိန်ချိန်မှာ ကျွန်မရဲ့ ကျောင်းသားလေးတွေနဲ့ ပြန်ဆုံချင်ပါသေးတယ်။
ဒီနှစ်တွေမှာ လေ့လာရင်း ရှင်းပြရင်း သင်ကြားရငနဲ့ ကျွန်မရဲ့ 7နှစ်တာ ကာလများက တန်ဖိုးရှိခဲ့ရပါတယိ။
ကျွန်မ ကျေးဇူးအတင်ချင်ဆုံးကတော့ ကျွန်မဘဝမှာ ပထမဆုံး သင်ခဲ့ရတဲ့ အတန်းမှ ကျောင်းသား/သူတွေပါပဲ။
သူတို့က ကျွန်မကို ယုံကြည်ပေးခဲ့တယ်။
တကယ် ကျေးဇူးတင်သလို၊ အမြဲလည်း သတိရပါတယ်။
ကျွန်မရဲ့ 5နှစ်တာ ဆရာမ ဘဝကတော့ chapter တစ်ခန်း ရပ်တန့်သွားပါပြီ။
သို့ပေမယ့် ကိုရီးယားစကား ပြောတဲ့ အချိန်တိုင်းဟာ ကျွန်မအတွက် အဓိပ္ပါယ်ရှိသလို ဂုဏ်ယူရဆုံး အချိန်တွေပါပဲ။
ဆက်လက်ပြီး ရည်မှန်းချက် ပန်းတိုင်အတွက် ကြိုးစားလျက်....
May...
은 선생님