၂၀၂၅ ဖေဖော်ဝါရီ ၂၀
ချောင်းဦးမြို့ပေါ်တွင် စစ်ကြောင်းထိုးနိုင်ခြေရှိသော ရန်သူ့လှုပ်ရှားမှု့များရှိနေကာ ဓါးစာခံဖမ်းဆီးနိုင်ခြေရှိပါသဖြင့် ချောင်းဦးမြို့ပေါ်နှင့် ချောင်းဦးမြို့နယ်အတွင်းရှိ စစ်ကောင်စီ အထိုင်စခန်းများအနီး လုံးဝ မသွားကြရန် မေတ္တာရပ်ခံ အသိပေးအပ်ပါသည်။
ထို့အပြင် လက်နက်ကြီး၊ လေကြောင်း နှင့် စစ်ကြောင်းထိုးခြင်း အစရှိသော ရန်သူ့လှုပ်ရှားမှု့အခြေအနေကို အမြဲနားစွင့်ကာ ရှောင်ရှားကြရန် အသိပေးနှိုးဆော်အပ်သည်။ ရန်သူ့လှုပ်ရှားမှု့ သတင်းများကို ချောင်းဦး ပကဖ သတင်းနှင့် ဆက်သွယ်ရေး (ရန်ရှင်း) ၏ ရေဒီယိုအသံလိုင်းမှသော်လည်းကောင်း ၊ ကျေးရွာ ပကဖ ရဲဘော်များထံများသော်လည်းကောင်း အချိန်နှင့် တပြေးညီ သိရှိနိုင်ပါသည်။